Penchant
Ep _ 5
ကိုရှင်း ကို မြင်တော့ အနည်းငယ် လန့်သွားပြီး အူကြောင်ကြောင်ဖြင့် ငေးကြည့်နေမိသည် ။ အသားရည်တွေ အနည်းငယ် နေလောင်သွားသည်က လွဲလို့ မပြောင်းမလဲ ။
ရှပ်အင်္ကျီ လက်ရှည်ကို တံတောင်ဆစ်နား အထိ ခေါက်ထားပြီး ကြယ်သီးများကို အပြည့်တပ်ထားသည် ။ ဂျူတီကုတ် အဖြူရောင်ကို လက်မှာ ကိုင်ထားပြီး တခြား လက်တစ်ဖက်တွင်တော့ Laptop အိတ်ကို ကိုင်ထားသည် ။
ကျွန်တော်က ဆိုင်တံခါးဝမှာ ငေးကြည့်နေမိတော့ ကိုရှင်းက ပြုံးပြပြီး ဘေးသို့ ကပ်ပေးသည် ။ ကျွန်တော်လည်း ရှက်ပြီး ခပ်မြန်မြန် ပြေးထွက်လာခဲ့သည် ။
"မှိုင်းညှို့သွင် ! ဘာလို့ အဲ့လိုကြီး ရပ်ကြည့်နေတာလဲ သွားပါပြီ ရှက်စရာကြီး"
မျက်နှာတွေ ပူလာလို့ မျက်နှာကို လက်ဖြင့် အုပ်ပြီး လမ်းလျှောက်ရင်း ငရဲနှင့် တည့်တည့်တိုးသည် ။
"နေပါဦး ဒီရုပ်က ဘာဖြစ်လာတာလဲ "
"ဟင် ငရဲ ! "
"ပြောပါဦး ဒီဖြီးနေတဲ့ မျက်နှာကြီး အကြောင်း "
ငရဲပြောတော့မှ ကျွန်တော် ရယ်နေမိမှန်း သိတော့သည် ။ မျက်နှာကို အစွမ်းကုန် ပြန်တည်လိုက်သော်လည်း မရ ။ ရင်ထဲမှာ လှိုက်ပြီး ပျော်လွန်းလို့ မျက်နှာပိုးက သတ်မရ ။
"အဟမ်း ဘာမှမဖြစ်ဘူး "
"ငါရောက်လာပြီးကတည်းက ဒီလောက်ထိ ပြုံးဖြီးနေတာ ဒါပထမဆုံးနော် "
"မင်း စိတ်ထင်လို့ပါ "
"မှိုင်း မင်းဘယ်သူနဲ့ တွေ့လာတာလဲ "
"ငရဲရာ မရစ်နဲ့ ပြန်မယ်လေ နောက်ကျနေပြီ"
"အေးပါ အေးပါ လက်ပူးလက်ကြပ် မိလို့ကတော့နော် ...ဟင်းဟင်း "
ခြိမ်းခြောက်နေသံက ကြောက်စရာကြီး ။
》》》》》》》》》》
"ဒါက ဘယ်လဲ "
"လန့်လိုက်တာ ငရဲရာ "
"Breakfast သွားစားမလို့ "
"ကျောင်း သွားအပ်ရဦးမယ်လေ "
"အေးဆေးပေါ့ အပြန်မှ အပ်မယ် "
ကိုရှင်း ပြန်ရောက်နေပြီဆိုတော့ ကျွန်တော် ထပ်တွေ့ချင်သည်လေ ။ မနေ့ကလည်း ဆိုင်ထဲက ထွက်လာပြီးမှ တွေ့တော့ ပြန်ဝင်လို့ မကောင်းတာနဲ့ ခဏလေးသာ တွေ့လိုက်ရသည် ။
"သွားပြီ တာ့တာ "
"ခဏ "
ငရဲ က လူကို မသင်္ကာသလိုလို ဘာလိုလိုဖြင့် တစ်ချက်ကြည့်ပြီး ပြောသည် ။
"ငါလည်း လိုက်မယ် "
"ဘာလို့လဲ "
"ဗိုက်ဆာလို့လေ "
"သဘော လိုက်ချင်လိုက် မလိုက်ချင်နေ "
ဒီကောင် သက်သက် လိုက်ရှုပ်ချင်နေတာ သိသော်လည်း တားမရ ။ တားရင် ပိုဆိုးမှာ အသိသာကြီး ။
Penchant ထဲဝင် လိုက်သည်နှင့် မှန်နံရံ ဘေးက စားပွဲတွင် ထိုင်နေသော လူကြီး ။
ကိုရှင်းက laptop ကို အာရုံစိုက်နေပြီး keyboard ပေါ်တွင် သွယ်လျပြီး ရှည်လျားသည့် လက်ချောင်းများက "တတောက်တောက်" ဖြင့် ပြေးလွှား လှုပ်ရှား နေသည်။
"အင်း ဆိုင်လေးက မဆိုးပါဘူး "
ငရဲ တစ်ယောက် ဒီဆိုင်ကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သဖြင့် အကဲခတ် လေ့လာနေလေသည် ။
"အကို ထောပတ်သီး ဖျော်ရည်လား "
ကျွန်တော့်ကို တွေ့တော့ စားပွဲထိုးလေးက ပြေးလာသည် ။
"ဟုတ်တယ် ပြီးတော့ sandwich ၃ ခု "
"ဟုတ်ကဲ့ "
ငရဲကတော့ ဆိုင်ကို လိုက်ပြီး စပ်စုနေတာ မပြီးနိုင်တော့ ။
"ဟေ့ကောင် ငရဲ ! ဘာစားမှာလဲ "
"ကော်ဖီ တစ်ခွက် "
စားပွဲထိုးလေး ထွက်သွားတော့မှ ငရဲက ခပ်ပြုံးပြုံးဖြင့် ပြောသည် ။
"မဆိုးဘူးကွ ငါတို့လည်း ကျောင်းပြီးရင် ဒီလို ဆိုင်လေး ဖွင့်ရအောင်လေ "
"မင်းနဲ့တော့ မဖွင့်ချင်ဘူး "
ရှုံ့မဲ့သွားသော ဒင်းမျက်နှာကို လျစ်လျူရှုပြီး စာအုပ်စင်သို့ ဦးတည်လိုက်သည် ။ မမျှော်လင့်ဘဲ တွေ့လိုက်ရသည့် ကျွန်တော့် စာအုပ်များကြောင့် အံ့အားသင့်သွားသည် ။
ကျွန်တော့် စာအုပ်များက သိပ်ပြီး နာမည်ကြီးသည် မဟုတ် ။ ကြိုးစားနေဆဲ စာရေးဆရာပေါက်စလေးမို့ လူသိလည်း နည်းသည် ။ ခုလို စာအုပ်စင်လေးမှာ မြင်လိုက်ရတော့ ရင်ထဲ လှိုက်ကနဲ ကြည်နူး သွားသည် ။ ဝမ်းသာလွန်းလို့ မျက်ရည်တွေပါ ဝဲတက်လာသည် ။
"ကြာလိုက်တာ "
"စာအုပ်စင်မှာ ငါ့စာအုပ်လေးတွေ တွေခဲ့တယ် သိလား ငရဲ "
"အံမယ် မင်းစာအုပ်ကို ဖတ်မယ့်သူ ရှိသေးတယ်လား "
"Shit ! "
အဆဲခံရလည်း ငရဲတို့က မမှုပေ ။ ကျွန်တော် မှာထားသည့် sandwich တောင် ယူစားနေလိုက်သေးသည် ။ ထပ်ပြီး ဆဲရမှာကို စိတ်ကုန်လွန်းလို့ ကျွန်တော့် အာရုံကို ကိုရှင်း ဆီသာ ပို့ထားလိုက်သည် ။
ငေးကြည့် နေရသည်ကိုက ကြည်နူးဖို့ ကောင်းသည် ။
"ဘာတွေ ပြုံးနေတာလဲ မှိုင်း "
"ဟင် မဟုတ်ပါဘူး ကျောင်းဖွင့်တော့မှာမို့ ပျော်လို့ပါ "
"Fresher welcome မှာ ဂျုနီယာလေးတွေ ငေးရမယ် ဟင်းဟင်း "
"မင်းက တစ်သက်လုံး စွံမယ့်ကောင်လည်း မဟုတ်ဘူး "
"မင်းရော ဘာထူးလဲ "
"ငါက တစ်ယောက်တည်း အေးဆေး နေချင်လို့ပါ "
"ကြိုက်မယ့် သူမရှိတာကို ရည်းစား မထားချင်လို့ပါ ဆိုပြီး ခပ်တည်တည်နဲ့ လျှောက်ပြောမနေနဲ့ "
"လဒ ! "
ဖျော်ရည်လေး သောက်ရင်း ကိုရှင်း ဆီ အာရုံပြန်လွှဲလိုက်သည် ။ အပြင်ဖက် နေရောင်ခြည်က မှန်ကို ဖောက်ထွင်းပြီး ကိုရှင်းရဲ့ မျက်နှာပေါ်သို့ ဖြာကျနေသည် ။
နေ ခနေသော မျက်ဝန်းက အညိုရောင်လေး သန်းနေပြီး သိပ်ကို လှပသည် ။
Laptop ကို ပိတ်လိုက်ပြီး မျက်ခုံးနှစ်ခုကို လက်ညှိုးနှင့် လက်မသုံးကာ ဖိကိုင်ထားသည် ။ မျက်ရိုးတွေ ကိုက်သွားဟန် တူသည် ။ နောက်တော့ ကော်ဖီခွက်ကို မယူပြီး နှုတ်ခမ်းဝသို့ တေ့လိုက်သည် ။
"ဘာလို့ အဲ့လူကြီးကို လိုက်ကြည့်နေတာလဲ မှိုင်း "
"ကြည့်ချင်လို့ ကြည့်တာ "
ဒီတစ်ခါတော့ အရိုးရှင်းဆုံးနှင့် အမှန်ကန်ဆုံး အဖြေ ဖြစ်လိမ့်မည် ။
ကိုရှင်းရဲ့ အမူအယာ အသေးစိတ်ကို လိုက်ပြီး ငေးကြည့်နေရတာက ကြည်နူးဖို့ကောင်းသည် ။
》》》》》》》》
ဖြည်းဖြည်းချင်း သွားကြတာပေါ့ 💜