ေႁခြ (ခြွေ) (Completed)

By shanemann622

1.3M 131K 4.3K

သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ... More

Author
part 2(Z+U)
part 3(Z+U)
part 4(Z+U)
part 5(Z+U)
part 6(Z+U)
part 7(Z+U)
part 8(Z+U)
part 9 (Z+U)
part 10(z+u)
part 11(Z+U)
part 12 (Z+ U)
part 13(Z+U)
part 14(z+u)
part 15(z+u)
part 16(Z+U)
part 17(z+u)
part 18(z+u)
Part 19(Z+U)
part 20 (Z+ U)
part 21(Z+U)
part 22(Z+U)
part 23(z+u)
part 24(Z+U)
part 25(Z+U)
part 25(2)[Z+U]
part 26(Z+U)
part 27(z+u)
part 28(Z+U)
part 29(Z+U)
part 30(Z+U)
part 31(z+u)
part 32(z+u)
part 33(z+u)
part 34(z+u)
part 35(z+u)
part 36(z+u)
part 37(z+u)
part 38(z+u)
part 39(z+u)
part 40(z+u)
part 41(z+u)
part 42(z+u)
part 43(z+u)
part 44/A(z+u)
part 44/B(z+u)
part 45(z+u)
part 46(z+u)
part 47(z+u)
part 48(z+u)
part 49(z+u)
part 50(z+u)
part 51(z+u)
Final (z+u)
Extra 1(z+u)
Extra 2(z+u)
Extra 3(z+u)
Extra 4(z+u)
Extra End(z+u)
ေက်းဇူးတင္လႊာ(ေက်းဇူးတင္လႊာ)
Book Detail
အနူးအညွှန့်တောင်းပန်ခြင်း
special extra 1
special extra 2

part 1(Z+U)

65.7K 3.6K 116
By shanemann622

ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕လယ္ေခါင္တြင္း ညေနအပိုင္း အခ်ိန္တြင္ ကားမ်ား ျပည့္က်ပ္လ်က္႐ွိသည္။ ႐ုံးဆင္းခ်ိန္ျဖစ္၍ ကား႐ႈပ္႐ႈပ္ လူ႐ႈပ္႐ႈပ္၌ ရန္ကုန္ၿမိဳ႕ႀကီးသည္ ဆူညံ႕လ်က္႐ွ္ိသည္။ ကားဟြန္းသံမ်ား ေစ်းသည္မ်ား၏ ဝမ္းေရးအတြက္႐ွာေဖြေနရသည့္ အသံမ်ားျဖင့္ ပတ္ဝန္းက်င္ တစ္ခြင္ လူ႔ဘဝ ေပါင္းစုံကို ျမင္ေတြ႔ႏိုင္သည္။ ကားဂ်ိဳကားၾကားထဲတြင္ မိမိတို႔၏ စားဝတ္ေနေရးအတြက္ ေရသန္႔ေရာင္း ပန္းေရာင္း ကြမ္းယာေရာင္း အခ်ဥ္ေပါင္းေရာင္း စသည့္ အလုပ္မ်ားကို အသက္အနၱာရယ္ကိုပင္ ဂ႐ုမထားဘဲ မိမိတို႔ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနၾကသူအမ်ားျပားကို ေတြ႕ႏိုင္သည္။ ႐ုံးဆင္းခ်ိန္ျဖစ္၍ ရန္ကုန္ၿမိဳ႕၏ထုံးစံအတိုင္း ကားမ်ား ပိတ္သည့္အားေလ်ွာ္စြာ မီးပိြဳင့္မ်ား၌ ကားမ်ား စီတန္းကာ ျပည့္က်ပ္ေနသည္။ အိမ္စီးကား အနက္ေရာင္ေလးေပၚမွ ကေလးငယ္ေလးသည္ ကားျပတင္းေပါက္ကို ေငးရင္း အေမျဖစ္သူ ရင္ခြင္ထဲ၌ ေရခဲမုန္႔စားေနသည္။

" ဒီေန႔မွ ကားေတြ အရမ္းပိတ္ေနတာပဲေနာ္ ကို "

ကေလးငယ္၏မိခင္ျဖစ္သူ ေဒၚဝင့္ဝါထည္ သည္ ေဘးက driver ခုံတြင္ ထိုင္ေနေသာ ခင္ပြန္းျဖစ္သူ ဦးမင္းထင္ အား ေခါင္းေလးေစာင္းကာ လွည့္ေျပာသည္။

" ႐ုံးဆင္းခ်ိန္မို႔ပါ ဝါရယ္ ၅နာရီေလာက္ဆ္ို ကားေတြက ဒီလိုပဲ ။ဒါနဲ႔  ေဖ့သားေလးေမ်ာက္ေလး ၿငိမ္လွခ်ည္လားကြ "

ဦးမင္းထင္သည္ ဇနီးရင္ခြင္ထဲ၌ ေရမုန္႔စားေနေသာ သားငယ္ကို ျပံဳးကာ ေမးေတာ့ ကေလးငယ္သည္ ဘာမ်ွျပန္မေျပာဘဲ ကားအျပင္ဘက္ တစ္ေနရာသို႔ စိတ္ဝင္တစား ေငးၾကည့္ေနသည္။ ေဒၚဝင့္ဝါထည္ က သားငယ္၏ ေခါင္းေလးကို ပြတ္သပ္ကာ သူမ သားငယ္ေလးအား ျမတ္ႏိုးစြာ ျပံဳးၾကည့္လိုက္သည္။

" ေမ်ာက္ေလးက တစ္ေနကုန္ေဆာ့ၿပီး ပင္ပန္းသြားၿပီထင္ပါ့ ကိုေရအသံေတာင္မထြက္ႏိုင္ေတာ့ဘူး သူ႔ဆရာမကလည္းတိုင္လိုက္ေသးတယ္ မႈိင္းရိပ္ထင္ေလးက သိပ္အေဆာ့သန္တာပဲတဲ့ေလ "

" ဟားဟား ဝါရယ္ သားကအခုမွ မူႀကိဳကေလးပဲ႐ွိေသးတာ ေဆာ့မွာေပါ့ ေဆာ့ပါေစ "

သူမရင္ခြင္ထဲမွ သားရိပ္ထင္၏ ပါးေဖာင္းေဖာင္းေလးကို ဆြဲလိုက္ကာ ရယ္၏ ေျပာေသာ ဦးမင္းထင္ကို ေဒၚဝင့္ဝါထည္က မ်က္ေစာင္ ႏုႏုေလးထိုးလိုက္သည္။

" ဘုတ္!!! ဘုတ္! ! ! "

ရိပ္ထင္ေလးႏွင့္ ဝင့္ဝါထည္တို႔ဘက္႐ွိ ကား တံခါးကို ပုတ္သံၾကားလိုက္ရသျဖင့္ သားမိႏွစ္ေယာက္သည္ လန္႔သြားသကဲ့သို႔ ဦးမင္းထင္သည္လည္း လွည့္ၾကည့္လာသည္။ ေဒၚဝင့္ဝါထည္သည္ တံခါးေအာက္သို႔ ငုံ႕ၾကည့္လိုက္ေသာ္ သူမသားအရြယ္ေလာက္ခန္႔႐ွိေသာ ကေလးတစ္ေယာက္သည္ လက္ဝါးေလးျဖန့္ကာ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားျဖင့္ ေမာ့ၾကည့္ၿပီး ပိုက္ဆံေတာင္းေနသည္။ ေဘာင္းဘီအႏြမ္း အစုတ္ျပဲေလးႏွင့္ စြတ္က်ယ္ဂ်ိဳင္းျပတ္ ေပစုတ္စုတ္ကို ဝတ္ထားၿပီး ဆံပင္မ်ားမွာ ဖြာလန္စုတ္ေနသည္။ မ်က္ႏွာဝိုင္းဝိုင္းေလးႏွင့္ ပါးေဖာင္းေဖာင္းေလးမ်ားက မ်က္ႏွာေပၚက ေခ်းမ်ားႏွင့္ ဖုန္မ်ားေပေနသည့္ မ်က္ႏွာေလးကို ဖုံးကြယ္မသြားႏိုင္။ ကေလးေလးသည္ ညစ္ေပစုတ္ပ်က္ေနေသာ္လည္း ခ်စ္စရာေကာင္းေနေပသည္။ သူမသည္ မ်က္လုံးအဝင္းသားျဖင့္ ထိုကေလးငယ္သား ၾကည့္ၿပီး

" ဟယ္ ကေလး ကားၾကားထဲမွာကြယ္ ကားေတြဘာေတြ တိုက္သြားမွာျဖင့္ ဒီေသးေသးေလးကို ကားႀကီးေတြဆို ဘယ္လိုျမင္မွာလဲ တိုက္သြားမွာျဖင့္ "

ေဒၚဝင့္ဝါထည္သည္ ပါးစပ္ကေျပာလည္းေျပာ လက္က သူမပိုက္ဆံအိတ္ထဲႏႈိုက္ကာ တစ္ေထာင္တန္တစ္ရြက္ ထိုကေလး၏ လက္ထဲသို႔ လ်င္ျမတ္စြာ ထည့္လိုက္ေလသည္။ မီးပိြဳင့္ကလည္း စိမ္းကာနီးျဖစ္၍ သူမမွာ ရင္တစ္ထိပ္ထိပ္ ။ ထိုအခါ ပိုက္ဆံရသြားေသာ ကေလးေလးသည္ ပိုက္ဆံကို ယူကာ ျပံဳးေပ်ာ္သြားၿပီး လွည့္ အထြက္ ။

" ေနအုံး!! "

စူးခနဲ႔ေအာ္လိုက္ေသာ အသံေလးေၾကာင့္ ထိုကေလးငယ္သည္ ေ႐ွ႕ဆက္သြားမည့္ေျခလွမ္းမ်ား ရပ္တန္႔သြားကာ ကားေပၚမွ အသံပိုင္႐ွင္ ရိပ္ထင္ေလးအား မ်က္ႏွာငယ္ျဖင့္ ျပန္ၾကည့္ေလသည္။ ကေလးငယ္ထင္သည္မွာ သူရထားသည့္ ပိုက္ဆံ ျပန္ေတာင္းေတာ့မယ္ဟု ထင္သြားပုံရသည္။

" ေရာ့ "

ကားတံခါး ထဲမွ ထြက္လာသည့္ လက္ေသးေသးေလးေတြကို ကေလးငယ္က ေငးကာၾကည့္ေနသည္။

" ယူေလ မင္း စားဖို႔ "

လက္ထဲမွ ေရခဲမုန္႔ဘူးေလးကို လႈပ္ကာေျပာေတာ့ ထိုကေလးငယ္သည္ လ်င္ျမန္စြာပင္ ယူလိုက္ကာ သြားေလးေပၚသြားသည္အထိ ရိပ္ထင္ကို ရယ္ျပ၍ လ်စ္ခနဲပင္ ကားဂ်ိဳကားၾကားထဲမွ တစ္ဖက္ ပလက္ေဖာင္းေပၚသို႔ ေျပးသြားေလသည္။ ဤသည္ကို ေဒၚဝင့္ဝါထည္က ၾကည့္ကာ ရင္တထိပ္ထိပ္ျဖင့္ ။ ဦးမင္းထင္က မီးပိြဳင့္စိမ္းေနၿပီျဖစ္၍ စက္သက္ထားသည့္ ကားကိုႏိႈးကာ ျပန္ေမာင္းထြက္ေတာ့သည္။ ရိပ္ထင္ေလးသည္ ထိုကေလးငယ္ေလးအား အျမင္အာ႐ုံမွ ေပ်ာက္ကြယ္သြားသည္အထိ ၾကည့္ကာ မိခင္၏ ရင္ခြင္ထဲသို႔ ေခါင္းတိုးၿပီး အိပ္လိုက္သည္။

" လူေတြမ်ား အံ႔ျသလိုက္တာ ကိုရယ္ ကေလးေသးေသးေလးကိုမ်ား ကားၾကားထဲမွာ ေတာင္းစားခိုင္းရတယ္လို႔ သူ႔မိဘေတြက လူမဆန္လိုက္တာ ဝါ ခုနကၾကည့္လိုက္တာေလ ဟိုဘက္ကားလမ္းမွာ အေမျဖစ္တဲ့မိန္းမထင္တယ္ ေအးရာေအးေၾကာင္း ထမင္းထိုင္စားေနတယ္ေလ "

"တစ္ခ်ိဳ႕က်ေတာ့လည္း မိဘမဲ့ ကေလးေတြ ေပ်ာက္သြားတဲ့ ကေလးေတြကိုေခၚၿပီး ခိုင္းစားၾကတာ ဝါရဲ႕ ၊ အခုလို မီးပိြဳင့္ေတြ ကုန္းတံတားေအာက္ေတြမွာဆို အခုလို လူမမယ္ကေလးငယ္ေတြ ခိုင္းစားၿပီး ပိုက္ဆံေတာင္းခိုင္းၾကတာ အမ်ားႀကီး "

ခင္ပြန္းျဖစ္သူ၏ စကားကိုနားေထာင္ျပီး ေဒၚဝင့္ဝါထည္တစ္ေယာက္ စိတ္ခံစားလြယ္သူျဖစ္သည့္အတြက္ ရင္ထဲနင့္ခနဲ စိတ္မေကာင္းျဖစ္ရင္း ေဒါသထြက္ရသည္။

" လူမဆန္တဲ့ဟာေတြလည္း ႐ွိေသးတာပဲေနာ္ "

ပင့္သက္ခ်ကာ မိမိရင္ခြင္ထဲ၌ အိပ္ေပ်ာ္ေနသည့္ သားငယ္ကို ၾကည့္၍ ျပံဳးလိုက္သည္။ အခုလို ဘဝမ်ိဳးမွာ ေနထိုင္ရတာ မိမိကံေကာင္းလြန္းလွပါသည္။

.................................

" ဟဲ့ေကာင္ ဒီေလာက္တစ္ေနကုန္ ေတာင္းတာေတာင္ နင္က ဒီေလာက္ပဲရရလား ဟမ္ ေစာက္သုံးကို မက်ဘူး ေစာက္ထမင္းက်ေတာ့ မ်ိဳတတ္သလား ဟဲ့ "

တဲစုတ္ ေလးထဲ၌ ေအာ္ဟစ္ေနေသာ မိန္းမႀကီး သည္ ေ႐ွ႕တြင္ ထိုင္ကာ ထမင္းဟူေသာ ဗိုက္ဝ႐ုံသာ စားရသည္ ထမင္းျဖဴကို ေရႏွင့္ စားေနသည့္ ၁၂ႏွစ္အရြယ္ ေကာင္ေလးအား မာန္မဲေျပာေနရင္း ထမင္းငုံ႕စားေနသည့္ ေကာင္ေလး၏ ေခါင္းကို ခြပ္ခနဲေခါက္ခ်လိုက္သည္။

" က်ေနာ္လည္း ေတာင္းတာပဲ အေမရယ္ "

ေကာင္ေလးသည္ မ်က္ႏွာငယ္ျဖင့္ ရပ္မတ္ရပ္ေနေသာ ထိုမိန္းမႀကီးကို ေမာ့ၾကည့္ကာ ေျပာသည္။ ထို မိန္းမႀကီးသည္ မ်က္ႏွာက္ို မဲ့ရြဲ႔ကာ

" နင္ေစာက္သုံးမက်ရင္ မက်ဘူးေပါ့ ဟို ၄ႏွစ္ေက်ာ္ေက်ာ္ ကေလးေတာင္ တစ္ေန႔ကို တစ္ေသာင္းခြဲေလာက္႐ွာႏိုင္တယ္ဟဲ့ ေနအုံး အဲ့ေကာင္ေလး ဘယ္ေရာက္သြားလဲ နင္တို႔လည္း ျမန္ျမန္စားၾက ေတာင္းလို႔ရတဲ့ ပိုက္ဆံေတြလည္း ဘတ္ထားမယ္ မက်န္နဲ႔ေနာ္ ဟင္းဟင္း တစ္သက္လုံး ထမင္းမစားႏိုင္ဘဲဖစ္သြားမယ္ "

ထမိန္တိုတိုျဖင့္ ခါးေထာက္ကာ လက္တစ္ဖက္၌ ပိုက္ဆံမ်ားကိုကိုင္ထားသည့္ မိန္းမၾကမ္းႀကီးကို ၾကည့္ကာ တဲစုတ္ထဲ၌ ကေလး၆ေယာက္သည္ ေၾကာက္ရြံ႕စြာ ေခါင္းၿငိမ့္၍ ႂကြတ္ႂကြတ္အိတ္ထဲက ထမင္းကို ဝမ္းဝ႐ုံ အသန္သဲ ငုံ႕စားၾကေတာ့သည္။ တဲစုတ္၏ တစ္ဖက္႐ွိ သစ္ပင္ႀကီးေျခရင္းတြင္ ကေလးငယ္တစ္ေယာက္သည္ ထိုင္ရင္း ဖြတ္ထားေသာ အရည္ေပ်ာ္က်ေနသည့္ စေတာ္ဘယ္ရီေရခဲမုန္႔ေလးကို ခိုးေၾကာင္ခိုးဝွက္ျဖင့္ ထုတ္ယူကာ ဟိုၾကည့္ဒီၾကည့္ျဖင့္ ေရခဲမုန္႔ေလးကို အားရပါးရ စားေတာ့သည္။ တစ္ေနကုန္ ဘာမွမစားရေသး၍ ဗိုက္ထဲသို႔ ေရခဲမုန္႔ အရည္မ်ား ဝင္သြားမွ သက္ျပင္းေသးေသးေလးခ်ကာ သစ္ပင္ႀကီးကိုမွီ၍ မ်က္လုံး ဝိုင္းေလးမ်ား ေမွးဆင္းသြားေတာ့သည္....။

ေအာ္ဟစ္ ဆူညံသံမ်ားသည္ အိပ္ေနသည့္ ကေလး၏ နားသို႔ဝင္ေရာက္လာတာေၾကာင့္ ကေလးငယ္သည္ အိပ္ခ်င္မူးတူးျဖင့္ မ်က္လုံးေလးမ်ားကိုပြတ္ကာ ထလိုက္သည္။ တအီးအီးေအာ္သံသည္ တဲစုတ္၏ ေဘး ပလစ္စတစ္ အစုတ္ျဖင့္ မိုးထားေသာ ေနရာေထာင့္မွအသံထြက္လာသည္။ မွိန္ျပျပလင္းေနေသာ ဖေယာင္းတိုင္ မီး၏ အလင္းေရာင္ကို ထိုေနရာမွျမင္လိုက္ရသည္မို႔ ကေလးငယ္သည္ စူးစမ္းလိုစိတ္ေလးျဖင့္ ျဖည္းျဖည္းခ်င္း ထိုေနရာသို႔ တိုးသြားသည္။ အေမွာင္ရိပ္ႀကီးစိုးေနေသာ ညဥ့္နက္ သန္းေခါင္ယံအခ်ိန္တြင္ တစ္အိမ္ထဲ႐ွိေသာ ထိုတဲစုတ္ေဘးတြင္ မီးမွိန္မွိန္သာ လင္းေနသည္။ အေပါက္ငယ္ေလးျဖစ္ေနေသာ ပလက္စတစ္ အကာမွ အထဲသို႔ေခ်ာင္းၾကည့္လိုက္ေသာ္..............ထိုကေလး၏ မ်က္လုံးအိမ္သည္ ျပဴးက်ယ္သြားကာ ပါးစပ္ေလးဟသြားသည္။

" အီးးးး ဟင္းးးး ဟင္းးးး "

ေျမျပင္၌ လဲေလ်ာင္ေနေသာ ေကာင္ေလး၏ ပါးစပ္ထဲသို႔ အဝတ္စကိုထိုးထည့္ထားကာ ထိုေကာင္ေလး၏ လက္ေမာင္းမ်ားကို မိန္းမႀကီးသည္ ကိုင္ခ်ဳပ္ထားၿပီး ထိုမိန္းမႀကီး၏ ေယာက်္ားျဖစ္သည္မွာ ေကာင္ေလး၏ ေျခေထာက္မ်ားကို တုတ္ျဖင့္ ႐ိုက္ခ်ိဳးေနသည္။ နာက်င္စြာ ေအာ္ဟစ္ေနေပမဲ့လည္း မ်က္ရည္မ်ားၾကား ေအာ္ေနေပမဲ့လည္း ပါးစပ္ထဲစို႔ပိတ္ထားေသာ အဝတ္ေၾကာင့္ ဝူးဝါးဟာ အသံထြက္ႏိုင္သည္။

" ၿငိမ္ၿငိမ္ေနစမ္း ဟဲ့ေကာင္ နင္ေစာက္သုံးမက်လို႔ ငါတို႔အခုလို လုပ္ရတာ နင္သာ ေစာက္သုံးက်က်ေတာင္းစားရင္ ငါတို႔ အခုလို အကုသိုလ္ အလုပ္ေတြလုပ္စရာမလိုဘူး ၿငိမ္ေနစမ္း "

ေသြးမ်ား ထြက္လာသည္အထိ ေျခေခ်ာင္းမ်ားကို ႐ိုက္ခ်ိဳးၿပီးေနာက္ ေကာင္ေလးကို ေဘးသို႔ ပစ္လိုက္သည္မွာ တိရစာၦန္တစ္ေကာင္ႏွယ္။ ထို႔ေနာက္ ေဘးမွ ႀကိဳးတုတ္ထားၿပီး တဆက္ဆက္တုန္ရီေနေသာ ေကာင္ေလးတစ္ေယာက္သည္ အသန္ထန္စြာ ငိုရင္း ထိုျဖစ္ရပ္ႀကီးကို ၾကည့္ကာ ေသးေတြေတာင္ ထြက္က်ေနသည္။

" ေဟ်ာင့္ လာစမ္း မင္း အလွည့္ "

"မလုပ္ပါနဲ႔ မလုပ္ပါနဲ႔ ဗ်ာ မလုပ္ပါနဲ႔ ေတာင္းပန္ပါတယ္ မလုပ္ပါနဲ႔ "

တုတ္ေႏွာင္ထားသည့္ ႀကိဳးခ်ည္ထားေသာ လက္ႏွစ္ဖက္ျဖင့္ လက္အုပ္ခ်ီကာ ေတာင္းပန္ေနေသာ ေကာင္ေလးကို ေယာက်္ားႀကီးသည္ အတင္းဆြဲေဆာင့္ ေခၚသည္။ အျပင္မွာ ေခ်ာင္းၾကည့္ေနေသာ ကေလးငယ္က မ်က္ရည္ အဝိုင္းသားျဖင့္ တုန္ရီကာ သူ႔ပါးစပ္ေလးကို ႏွစ္ဖက္ျဖင့္ တင္းၾကပ္စြာ အသံမထြက္မိေအာင္ ထိပိတ္ထားသည္။

" ဝုတ္...... ဝုတ္.....ဝုတ္.... ဝုတ္....."

ဟိန္းထြက္လာသည့္ ေခြးေဟာင္သံေၾကာင့္ ကေလးငယ္သည္ တုန္တက္သြားကာ လန္႔ၿပီး ဖင္ထိုင္ရက္ေလးလွဲက်သြားသည္ ။ အထဲမွ ထို လင္မယားသည္လညး္ အသံမ်ားၾကားသျဖင့္ ရပ္တန္႔သြားကာ အျပင္ဘက္ကို လွည့္ၾကည့္လိုက္သည္ ။

" ေယာက်္ား အျပင္မွာ အသံၾကားတယ္ ဘယ္သူလဲမသိဘူး သြားၾကည့္လိုက္ မိရင္ ေခၚလာခဲ့ "

ထိုမိန္းမႀကီး ၏ အသံေၾကာင့္ ကေလးငယ္သည္ လွဲက်ေနရာမွ အသဲသန္ ကုန္းထကာ ေျပးေတာ့သည္။

" ေဟ့ ဘယ္သူလဲ "

"ေဟ့ေကာင္ ရပ္စမ္း "

တဲမွ ထြက္လာေသာ လူႀကီးသည္ ေျပးေနေသာ ကေလး၏ အရိပ္ေယာင္ေတြ႔ေသာ္ ေျပးလိုက္ေတာ့သည္။ ကေလးငယ္သည္ အေနာက္မွ ေဒါသတႀကီး လိုက္လာသည့္ ေယာက်္ား ႏွင့္ အသံေၾကာင့္ ေရာက္မိေရာက္ကာ ေျခဗလာျဖင့္ အတင္းေျပးေတာ့သည္။ ေနာက္သို႔ လွည့္မၾကည့္ ေ႐ွ႕ကိုသာ စူးစိုက္၍ ေျပးေနသည္။ ေျခဦးတည့္ရာသို႔ ေတာ္ေတာ္ေဝးေဝးေျပးရင္း ဂိတ္တံခါးပိတ္ထားေသာ အိမ္ယာဝန္းထဲသို႔ ေဘးက ခ်ံဳေပါက္မ်ားၾကားက တိုးဝင္ရင္း ထို အထဲသို႔ ေရာက္ရန္သာ အတင္းတိုးဝင္ေနမိသည္။ေခြးတိုးေပါက္မွ အထဲသို႔ ေရာက္ေသာ္ ထိုကေလးငယ္သည္ ေျပးလႊားရင္း အိမ္တစ္အိမ္၏ ျခံေ႐ွ႕တြင္ ေမ့လဲသြားေတာ့သည္။

...........................

1/11/2019
3259 words


Unicode





ရန်ကုန်မြို့၏ မြို့လယ်ခေါင်တွင်း ညနေအပိုင်း အချိန်တွင် ကားများ ပြည့်ကျပ်လျက်ရှိသည်။ ရုံးဆင်းချိန်ဖြစ်၍ ကားရှုပ်ရှုပ် လူရှုပ်ရှုပ်၌ ရန်ကုန်မြို့ကြီးသည် ဆူညံ့လျက်ရှိသည်။ ကားဟွန်းသံများ ဈေးသည်များ၏ ဝမ်းရေးအတွက်ရှာဖွေနေရသည့် အသံများဖြင့် ပတ်ဝန်းကျင် တစ်ခွင် လူ့ဘဝ ပေါင်းစုံကို မြင်တွေ့နိုင်သည်။ ကားဂျိုကားကြားထဲတွင် မိမိတို့၏ စားဝတ်နေရေးအတွက် ရေသန့်ရောင်း ပန်းရောင်း ကွမ်းယာရောင်း အချဉ်ပေါင်းရောင်း စသည့် အလုပ်များကို အသက်အန္တာရယ်ကိုပင် ဂရုမထားဘဲ မိမိတို့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြသူအများပြားကို တွေ့နိုင်သည်။ ရုံးဆင်းချိန်ဖြစ်၍ ရန်ကုန်မြို့၏ထုံးစံအတိုင်း ကားများ ပိတ်သည့်အားလျှော်စွာ မီးပွိုင့်များ၌ ကားများ စီတန်းကာ ပြည့်ကျပ်နေသည်။ အိမ်စီးကား အနက်ရောင်လေးပေါ်မှ ကလေးငယ်လေးသည် ကားပြတင်းပေါက်ကို ငေးရင်း အမေဖြစ်သူ ရင်ခွင်ထဲ၌ ရေခဲမုန့်စားနေသည်။

" ဒီနေ့မှ ကားတွေ အရမ်းပိတ်နေတာပဲနော် ကို "

ကလေးငယ်၏မိခင်ဖြစ်သူ ဒေါ်ဝင့်ဝါထည် သည် ဘေးက driver ခုံတွင် ထိုင်နေသော ခင်ပွန်းဖြစ်သူ ဦးမင်းထင် အား ခေါင်းလေးစောင်းကာ လှည့်ပြောသည်။

" ရုံးဆင်းချိန်မို့ပါ ဝါရယ် ၅နာရီလောက်ဆို ကားတွေက ဒီလိုပဲ ။ဒါနဲ့  ဖေ့သားလေးမျောက်လေး ငြိမ်လှချည်လားကွ "

ဦးမင်းထင်သည် ဇနီးရင်ခွင်ထဲ၌ ရေမုန့်စားနေသော သားငယ်ကို ပြုံးကာ မေးတော့ ကလေးငယ်သည် ဘာမျှပြန်မပြောဘဲ ကားအပြင်ဘက် တစ်နေရာသို့ စိတ်ဝင်တစား ငေးကြည့်နေသည်။ ဒေါ်ဝင့်ဝါထည် က သားငယ်၏ ခေါင်းလေးကို ပွတ်သပ်ကာ သူမ သားငယ်လေးအား မြတ်နိုးစွာ ပြုံးကြည့်လိုက်သည်။

" မျောက်လေးက တစ်နေကုန်ဆော့ပြီး ပင်ပန်းသွားပြီထင်ပါ့ ကိုရေအသံတောင်မထွက်နိုင်တော့ဘူး သူ့ဆရာမကလည်းတိုင်လိုက်သေးတယ် မှိုင်းရိပ်ထင်လေးက သိပ်အဆော့သန်တာပဲတဲ့လေ "

" ဟားဟား ဝါရယ် သားကအခုမှ မူကြိုကလေးပဲရှိသေးတာ ဆော့မှာပေါ့ ဆော့ပါစေ "

သူမရင်ခွင်ထဲမှ သားရိပ်ထင်၏ ပါးဖောင်းဖောင်းလေးကို ဆွဲလိုက်ကာ ရယ်၏ ပြောသော ဦးမင်းထင်ကို ဒေါ်ဝင့်ဝါထည်က မျက်စောင် နုနုလေးထိုးလိုက်သည်။

" ဘုတ်!!! ဘုတ်! ! ! "

ရိပ်ထင်လေးနှင့် ဝင့်ဝါထည်တို့ဘက်ရှိ ကား တံခါးကို ပုတ်သံကြားလိုက်ရသဖြင့် သားမိနှစ်ယောက်သည် လန့်သွားသကဲ့သို့ ဦးမင်းထင်သည်လည်း လှည့်ကြည့်လာသည်။ ဒေါ်ဝင့်ဝါထည်သည် တံခါးအောက်သို့ ငုံ့ကြည့်လိုက်သော် သူမသားအရွယ်လောက်ခန့်ရှိသော ကလေးတစ်ယောက်သည် လက်ဝါးလေးဖြန့်ကာ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မော့ကြည့်ပြီး ပိုက်ဆံတောင်းနေသည်။ ဘောင်းဘီအနွမ်း အစုတ်ပြဲလေးနှင့် စွတ်ကျယ်ဂျိုင်းပြတ် ပေစုတ်စုတ်ကို ဝတ်ထားပြီး ဆံပင်များမှာ ဖွာလန်စုတ်နေသည်။ မျက်နှာဝိုင်းဝိုင်းလေးနှင့် ပါးဖောင်းဖောင်းလေးများက မျက်နှာပေါ်က ချေးများနှင့် ဖုန်များပေနေသည့် မျက်နှာလေးကို ဖုံးကွယ်မသွားနိုင်။ ကလေးလေးသည် ညစ်ပေစုတ်ပျက်နေသော်လည်း ချစ်စရာကောင်းနေပေသည်။ သူမသည် မျက်လုံးအဝင်းသားဖြင့် ထိုကလေးငယ်သား ကြည့်ပြီး

" ဟယ် ကလေး ကားကြားထဲမှာကွယ် ကားတွေဘာတွေ တိုက်သွားမှာဖြင့် ဒီသေးသေးလေးကို ကားကြီးတွေဆို ဘယ်လိုမြင်မှာလဲ တိုက်သွားမှာဖြင့် "

ဒေါ်ဝင့်ဝါထည်သည် ပါးစပ်ကပြောလည်းပြော လက်က သူမပိုက်ဆံအိတ်ထဲနှိုက်ကာ တစ်ထောင်တန်တစ်ရွက် ထိုကလေး၏ လက်ထဲသို့ လျင်မြတ်စွာ ထည့်လိုက်လေသည်။ မီးပွိုင့်ကလည်း စိမ်းကာနီးဖြစ်၍ သူမမှာ ရင်တစ်ထိပ်ထိပ် ။ ထိုအခါ ပိုက်ဆံရသွားသော ကလေးလေးသည် ပိုက်ဆံကို ယူကာ ပြုံးပျော်သွားပြီး လှည့် အထွက် ။

" နေအုံး!! "

စူးခနဲ့အော်လိုက်သော အသံလေးကြောင့် ထိုကလေးငယ်သည် ရှေ့ဆက်သွားမည့်ခြေလှမ်းများ ရပ်တန့်သွားကာ ကားပေါ်မှ အသံပိုင်ရှင် ရိပ်ထင်လေးအား မျက်နှာငယ်ဖြင့် ပြန်ကြည့်လေသည်။ ကလေးငယ်ထင်သည်မှာ သူရထားသည့် ပိုက်ဆံ ပြန်တောင်းတော့မယ်ဟု ထင်သွားပုံရသည်။

" ရော့ "

ကားတံခါး ထဲမှ ထွက်လာသည့် လက်သေးသေးလေးတွေကို ကလေးငယ်က ငေးကာကြည့်နေသည်။

" ယူလေ မင်း စားဖို့ "

လက်ထဲမှ ရေခဲမုန့်ဘူးလေးကို လှုပ်ကာပြောတော့ ထိုကလေးငယ်သည် လျင်မြန်စွာပင် ယူလိုက်ကာ သွားလေးပေါ်သွားသည်အထိ ရိပ်ထင်ကို ရယ်ပြ၍ လျစ်ခနဲပင် ကားဂျိုကားကြားထဲမှ တစ်ဖက် ပလက်ဖောင်းပေါ်သို့ ပြေးသွားလေသည်။ ဤသည်ကို ဒေါ်ဝင့်ဝါထည်က ကြည့်ကာ ရင်တထိပ်ထိပ်ဖြင့် ။ ဦးမင်းထင်က မီးပွိုင့်စိမ်းနေပြီဖြစ်၍ စက်သက်ထားသည့် ကားကိုနှိုးကာ ပြန်မောင်းထွက်တော့သည်။ ရိပ်ထင်လေးသည် ထိုကလေးငယ်လေးအား အမြင်အာရုံမှ ပျောက်ကွယ်သွားသည်အထိ ကြည့်ကာ မိခင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးပြီး အိပ်လိုက်သည်။

" လူတွေများ အံ့သြလိုက်တာ ကိုရယ် ကလေးသေးသေးလေးကိုများ ကားကြားထဲမှာ တောင်းစားခိုင်းရတယ်လို့ သူ့မိဘတွေက လူမဆန်လိုက်တာ ဝါ ခုနကကြည့်လိုက်တာလေ ဟိုဘက်ကားလမ်းမှာ အမေဖြစ်တဲ့မိန်းမထင်တယ် အေးရာအေးကြောင်း ထမင်းထိုင်စားနေတယ်လေ "

"တစ်ချို့ကျတော့လည်း မိဘမဲ့ ကလေးတွေ ပျောက်သွားတဲ့ ကလေးတွေကိုခေါ်ပြီး ခိုင်းစားကြတာ ဝါရဲ့ ၊ အခုလို မီးပွိုင့်တွေ ကုန်းတံတားအောက်တွေမှာဆို အခုလို လူမမယ်ကလေးငယ်တွေ ခိုင်းစားပြီး ပိုက်ဆံတောင်းခိုင်းကြတာ အများကြီး "

ခင်ပွန်းဖြစ်သူ၏ စကားကိုနားထောင်ပြီး ဒေါ်ဝင့်ဝါထည်တစ်ယောက် စိတ်ခံစားလွယ်သူဖြစ်သည့်အတွက် ရင်ထဲနင့်ခနဲ စိတ်မကောင်းဖြစ်ရင်း ဒေါသထွက်ရသည်။

" လူမဆန်တဲ့ဟာတွေလည်း ရှိသေးတာပဲနော် "

ပင့်သက်ချကာ မိမိရင်ခွင်ထဲ၌ အိပ်ပျော်နေသည့် သားငယ်ကို ကြည့်၍ ပြုံးလိုက်သည်။ အခုလို ဘဝမျိုးမှာ နေထိုင်ရတာ မိမိကံကောင်းလွန်းလှပါသည်။

.................................

" ဟဲ့ကောင် ဒီလောက်တစ်နေကုန် တောင်းတာတောင် နင်က ဒီလောက်ပဲရရလား ဟမ် စောက်သုံးကို မကျဘူး စောက်ထမင်းကျတော့ မျိုတတ်သလား ဟဲ့ "

တဲစုတ် လေးထဲ၌ အော်ဟစ်နေသော မိန်းမကြီး သည် ရှေ့တွင် ထိုင်ကာ ထမင်းဟူသော ဗိုက်ဝရုံသာ စားရသည် ထမင်းဖြူကို ရေနှင့် စားနေသည့် ၁၂နှစ်အရွယ် ကောင်လေးအား မာန်မဲပြောနေရင်း ထမင်းငုံ့စားနေသည့် ကောင်လေး၏ ခေါင်းကို ခွပ်ခနဲခေါက်ချလိုက်သည်။

" ကျနော်လည်း တောင်းတာပဲ အမေရယ် "

ကောင်လေးသည် မျက်နှာငယ်ဖြင့် ရပ်မတ်ရပ်နေသော ထိုမိန်းမကြီးကို မော့ကြည့်ကာ ပြောသည်။ ထို မိန်းမကြီးသည် မျက်နှာကို မဲ့ရွဲ့ကာ

" နင်စောက်သုံးမကျရင် မကျဘူးပေါ့ ဟို ၄နှစ်ကျော်ကျော် ကလေးတောင် တစ်နေ့ကို တစ်သောင်းခွဲလောက်ရှာနိုင်တယ်ဟဲ့ နေအုံး အဲ့ကောင်လေး ဘယ်ရောက်သွားလဲ နင်တို့လည်း မြန်မြန်စားကြ တောင်းလို့ရတဲ့ ပိုက်ဆံတွေလည်း ဘတ်ထားမယ် မကျန်နဲ့နော် ဟင်းဟင်း တစ်သက်လုံး ထမင်းမစားနိုင်ဘဲဖစ်သွားမယ် "

ထမိန်တိုတိုဖြင့် ခါးထောက်ကာ လက်တစ်ဖက်၌ ပိုက်ဆံများကိုကိုင်ထားသည့် မိန်းမကြမ်းကြီးကို ကြည့်ကာ တဲစုတ်ထဲ၌ ကလေး၆ယောက်သည် ကြောက်ရွံ့စွာ ခေါင်းငြိမ့်၍ ကြွတ်ကြွတ်အိတ်ထဲက ထမင်းကို ဝမ်းဝရုံ အသန်သဲ ငုံ့စားကြတော့သည်။ တဲစုတ်၏ တစ်ဖက်ရှိ သစ်ပင်ကြီးခြေရင်းတွင် ကလေးငယ်တစ်ယောက်သည် ထိုင်ရင်း ဖွတ်ထားသော အရည်ပျော်ကျနေသည့် စတော်ဘယ်ရီရေခဲမုန့်လေးကို ခိုးကြောင်ခိုးဝှက်ဖြင့် ထုတ်ယူကာ ဟိုကြည့်ဒီကြည့်ဖြင့် ရေခဲမုန့်လေးကို အားရပါးရ စားတော့သည်။ တစ်နေကုန် ဘာမှမစားရသေး၍ ဗိုက်ထဲသို့ ရေခဲမုန့် အရည်များ ဝင်သွားမှ သက်ပြင်းသေးသေးလေးချကာ သစ်ပင်ကြီးကိုမှီ၍ မျက်လုံး ဝိုင်းလေးများ မှေးဆင်းသွားတော့သည်....။

အော်ဟစ် ဆူညံသံများသည် အိပ်နေသည့် ကလေး၏ နားသို့ဝင်ရောက်လာတာကြောင့် ကလေးငယ်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးလေးများကိုပွတ်ကာ ထလိုက်သည်။ တအီးအီးအော်သံသည် တဲစုတ်၏ ဘေး ပလစ်စတစ် အစုတ်ဖြင့် မိုးထားသော နေရာထောင့်မှအသံထွက်လာသည်။ မှိန်ပြပြလင်းနေသော ဖယောင်းတိုင် မီး၏ အလင်းရောင်ကို ထိုနေရာမှမြင်လိုက်ရသည်မို့ ကလေးငယ်သည် စူးစမ်းလိုစိတ်လေးဖြင့် ဖြည်းဖြည်းချင်း ထိုနေရာသို့ တိုးသွားသည်။ အမှောင်ရိပ်ကြီးစိုးနေသော ညဥ့်နက် သန်းခေါင်ယံအချိန်တွင် တစ်အိမ်ထဲရှိသော ထိုတဲစုတ်ဘေးတွင် မီးမှိန်မှိန်သာ လင်းနေသည်။ အပေါက်ငယ်လေးဖြစ်နေသော ပလက်စတစ် အကာမှ အထဲသို့ချောင်းကြည့်လိုက်သော်..............ထိုကလေး၏ မျက်လုံးအိမ်သည် ပြူးကျယ်သွားကာ ပါးစပ်လေးဟသွားသည်။

" အီးးးး ဟင်းးးး ဟင်းးးး "

မြေပြင်၌ လဲလျောင်နေသော ကောင်လေး၏ ပါးစပ်ထဲသို့ အဝတ်စကိုထိုးထည့်ထားကာ ထိုကောင်လေး၏ လက်မောင်းများကို မိန်းမကြီးသည် ကိုင်ချုပ်ထားပြီး ထိုမိန်းမကြီး၏ ယောကျ်ားဖြစ်သည်မှာ ကောင်လေး၏ ခြေထောက်များကို တုတ်ဖြင့် ရိုက်ချိုးနေသည်။ နာကျင်စွာ အော်ဟစ်နေပေမဲ့လည်း မျက်ရည်များကြား အော်နေပေမဲ့လည်း ပါးစပ်ထဲစို့ပိတ်ထားသော အဝတ်ကြောင့် ဝူးဝါးဟာ အသံထွက်နိုင်သည်။

" ငြိမ်ငြိမ်နေစမ်း ဟဲ့ကောင် နင်စောက်သုံးမကျလို့ ငါတို့အခုလို လုပ်ရတာ နင်သာ စောက်သုံးကျကျတောင်းစားရင် ငါတို့ အခုလို အကုသိုလ် အလုပ်တွေလုပ်စရာမလိုဘူး ငြိမ်နေစမ်း "

သွေးများ ထွက်လာသည်အထိ ခြေချောင်းများကို ရိုက်ချိုးပြီးနောက် ကောင်လေးကို ဘေးသို့ ပစ်လိုက်သည်မှာ တိရစ္ဆာန်တစ်ကောင်နှယ်။ ထို့နောက် ဘေးမှ ကြိုးတုတ်ထားပြီး တဆက်ဆက်တုန်ရီနေသော ကောင်လေးတစ်ယောက်သည် အသန်ထန်စွာ ငိုရင်း ထိုဖြစ်ရပ်ကြီးကို ကြည့်ကာ သေးတွေတောင် ထွက်ကျနေသည်။

" ဟျောင့် လာစမ်း မင်း အလှည့် "

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဗျာ မလုပ်ပါနဲ့ တောင်းပန်ပါတယ် မလုပ်ပါနဲ့ "

တုတ်နှောင်ထားသည့် ကြိုးချည်ထားသော လက်နှစ်ဖက်ဖြင့် လက်အုပ်ချီကာ တောင်းပန်နေသော ကောင်လေးကို ယောကျ်ားကြီးသည် အတင်းဆွဲဆောင့် ခေါ်သည်။ အပြင်မှာ ချောင်းကြည့်နေသော ကလေးငယ်က မျက်ရည် အဝိုင်းသားဖြင့် တုန်ရီကာ သူ့ပါးစပ်လေးကို နှစ်ဖက်ဖြင့် တင်းကြပ်စွာ အသံမထွက်မိအောင် ထိပိတ်ထားသည်။

" ဝုတ်...... ဝုတ်.....ဝုတ်.... ဝုတ်....."

ဟိန်းထွက်လာသည့် ခွေးဟောင်သံကြောင့် ကလေးငယ်သည် တုန်တက်သွားကာ လန့်ပြီး ဖင်ထိုင်ရက်လေးလှဲကျသွားသည် ။ အထဲမှ ထို လင်မယားသည်လည်း အသံများကြားသဖြင့် ရပ်တန့်သွားကာ အပြင်ဘက်ကို လှည့်ကြည့်လိုက်သည် ။

" ယောကျ်ား အပြင်မှာ အသံကြားတယ် ဘယ်သူလဲမသိဘူး သွားကြည့်လိုက် မိရင် ခေါ်လာခဲ့ "

ထိုမိန်းမကြီး ၏ အသံကြောင့် ကလေးငယ်သည် လှဲကျနေရာမှ အသဲသန် ကုန်းထကာ ပြေးတော့သည်။

" ဟေ့ ဘယ်သူလဲ "

"ဟေ့ကောင် ရပ်စမ်း "

တဲမှ ထွက်လာသော လူကြီးသည် ပြေးနေသော ကလေး၏ အရိပ်ယောင်တွေ့သော် ပြေးလိုက်တော့သည်။ ကလေးငယ်သည် အနောက်မှ ဒေါသတကြီး လိုက်လာသည့် ယောကျ်ား နှင့် အသံကြောင့် ရောက်မိရောက်ကာ ခြေဗလာဖြင့် အတင်းပြေးတော့သည်။ နောက်သို့ လှည့်မကြည့် ရှေ့ကိုသာ စူးစိုက်၍ ပြေးနေသည်။ ခြေဦးတည့်ရာသို့ တော်တော်ဝေးဝေးပြေးရင်း ဂိတ်တံခါးပိတ်ထားသော အိမ်ယာဝန်းထဲသို့ ဘေးက ချုံပေါက်များကြားက တိုးဝင်ရင်း ထို အထဲသို့ ရောက်ရန်သာ အတင်းတိုးဝင်နေမိသည်။ခွေးတိုးပေါက်မှ အထဲသို့ ရောက်သော် ထိုကလေးငယ်သည် ပြေးလွှားရင်း အိမ်တစ်အိမ်၏ ခြံရှေ့တွင် မေ့လဲသွားတော့သည်။

...........................































Continue Reading

You'll Also Like

332K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
676K 41.8K 46
ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလဲသြားေသာအခါ သုတေက်ာ္ဆိုတဲ့ ခပ္ဆိုးဆိုးေက...
1.4K 81 7
Love Story😻💘 BL💐🌟🌈 Both uni&zawgyi