Zawgyi
ဒီရှေ့ကိုရောက်နေရတာလည်း မိုးချုပ်နေပြီဟာကို.."
ချီရှန်းက ကော်ဖီဆိုင်ရှေ့တွင်ရပ်နေသော
ဝမ်းသာအားရဖြင့်
အန်းလုက ချီရှန်း၏ အကျီင်္ီစအား
"အင်း...သူများဟာ
အန်းလုက ချီရှန်း၏ အကျီင်္ီစအား
သေချာစွာ လေ့လာကြည့်ရှုနေရင်း
ခေါင်းမော့ကာလာသည်။
"အမ်...ပြောသေးလား...
မသိလိုက်ဘူး..."
"အင်းပါ..ဒါနဲ့မှောင်မဲနေတာကို
အမှောင်ကြောက်တတ်ပေမဲ့
"အင်း....."
ဘယ်သူမှမရှိလို့..."
"ဘာကိုလည်း....."
အန်းလုရှေ့သို့အနည်းငယ်ကိုင်းလိုက်ပြီး
နှိမ့်ချလိုက်သည်။
အန်းလုက ထိုအခါမှ
ဆုပေးမယ်...."
တခဏအကြာ အန်းလုက
ပြုံးလေသည်။
အန်းလုက သူ၏လက်ထဲတွင်
"အဲ့တာက ဘာကြီးလည်း..."
ချီရှန်းက သူ၏ လက်အား
အမြန်ကွယ်လိုက်သည်။
ပြောပြမယ်...သွားရအောင်..."
"ဘာကြီးလည်းလို့....."
အိမ်ပြန်ရာလမ်းသို့ဦးတည်လျက်
အိမ်ပြန်ရအောင်လို့......"
အန်းလုကမူ နှုတ်ခမ်း ကြီးထော်လျက်
ဆူပုတ်နေတော့သည်။
.........................................
"အိမ်ထဲဝင်တော့....."
"ပြပါဆို....."
အန်းလုက ရုတ်တရက်ပင်
မ်ုးပေါ်သို့မြှောက်လိုက်သည်။
"လူလည်လေး...."
ထောက်နေသည့်အပြင်
အန်းလုက လက်တဖက်အား
အသာအနမ်းပေးလိုက်သည်။
"အကျင့်ယုတ်တယ်....."
ကျန်လက်တဖက်က
အန်းလု၏ မေးစေ့လေးအား
"ပြောဖူးပါတယ်...ကိုယ်က
....................................
ထိုင်နေကြရင်း
သေချာကြည့်နေကြသည်။
အန်းလုကအတော်ကြာမှ
...............................
တကယ်ကို ငယ်ငယ်လေးပဲ..."
ကြည့်နေသည်။
ရှီးယန်ရှေ့ရှိစားပွဲတွင် ချလိုက်ပြီး
သူကလည်း ရှီးယန်ရှေ့ရီ ထိုင်ခုံအလွတ်တွင်
ဝင်ထိုင်လိုက်သည်။
"မေးစရာလေးရှိလို့........"
မတ်စေလိုက်သည်။
နေရာလေးပေါ့........."
"အင်း......."
"ရပါတယ်........"
.....................................
"ယွမ် ၃ထောင်ပါ......"
"ရှန်းရှန်း........"
ဆိုင်ထဲသို့ဖွင့်ကာဝင်လာသော
မည်မျှပင် ကြာညောင်းနေပါစေ ဤသည်က
ရောက်လာလိုက်ပြီး
ဘာသောက်ကြမှာလည်း...."
"ဟုတ်ကဲ့........"
"မမြင်ဖူးလိုက်တာ........"
.ပြန်ရုတ် လိုက်သည်။
"ဟားဟားဟားဟား..... "
အန်းလုက ရီလျက်ပင်
ထောင့်တနေရာရှိ ခုံအနားသို့လျောက်သွားတော့သည်။
...........................
"မှာထားတာတွေရပြီ...."
ချီရှန်းက မှာထားသော
ခရီးထွက်ကြမလို့....."
လုပ်ပြနေသည်။
"ဘာတွေလုပ်ပြနေတာလည်း...
သေချင်လို့လား....."
သဘောကျစွာပြုံးသည်။
"ငါမင်းကို သတ်မှာနော်......"
"မှန်တယ်......"
ပြောလေသည်။
"စနေတာပါ........."
"ဟားဟားဟားဟားဟားဟား..... "
အန်းလုက ဝမ်းသာအားရ
ဥပမာ...ဟို...."
အန်းလုက ပြုံးလျက်
ဟုတ်...တယ်...မလား..."
မေးလေသည်။
ထိုအခါမှ အန်းလုကပြန်လွှတ်ပေးလိုက်သည်။
ရိပ်မိတာတော့ကြာပါပြီ နည်းနည်း စဉ်းစားနေရသေးတ်ာလေ ယောက်ျားလေး အချင်းချင်းဆိုတော့
ချီရှန်းကဖြေလေသည်။
"သေချာတာသူပေါ့...."
"ဗျာ........"
ပိုအဆင်ပြေလိမ့်မည်။
"အန်းလု.. မင်းအမေက
ခွင့်ယူလို့ရပါ့မလား...."
အရမ်းအလုပ်ရှုပ်နေလွန်းတယ်...."
"အေး...."
ရှီးယန်က ဆိုင်အတွင်းသို့
ရှီးယန်က အသံကြားရာကိုလှည့်ကြည့်သည်။
မျက်မှောင်ကြုပ်လိုက်ပြီး မှ ချက်ချင်းပင်
ချီရှန်းက ထိုင်နေရာမှ ထလိုက်ပြီး
ရှီးယန်က ချီရှန်း ရှေ့ဘက်နားတွင်. ဝင်ထိုင်လိုက်သည်။
"အန်းလု....ကိုယ့်သူဌေး....လေ...
ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ........ "
ခေါင်းငုံ့ကာနှုတ်ဆက်ကြသည်။
ရှီးယန်က ပြုံးရွှင်လျက်ပင်
"အားလုံးပဲ ....မင်္ဂလာပါ.....
ခင်မင်ပေးလို့ရပါတယ်...."
"ဟုတ်ကဲ့ပါ....."
စားပွဲပေါ်ရှိ တစ်ရှုးဘူးထဲမှ တစ်ရှုးတရွက်ကို
ယူလိုက်ပြီး အန်းလုနှုတ်ခမ်းအား.သုတ်ပေးလိုက်သည်။
"ပေနေပြီ....."
အမြန်ပင်တစ်ရှုးစကို ဆွဲယူပြီးမိမိဘာသာ
ဆက်သုတ်နေလိုက်သည်။
ရှီးယန်ကဆိုသည်။
ခေါင်းညိမ့်ကာပြသည်။
"ရပါတယ်...... မလုပ်နဲ့....
ကားပါ တယ်မလား...."
"ဟုတ်...ပါတယ်အကို...."
"ဒါဆို...အကို အန်းလုကို
"ဟုတ်ကဲ့ပါ...အကို...."
ရှေ့မှဦးဆောင်၍ ထွက်လာခဲ့လိုက်သည်။
ကြည့်နေသည်။
တင်ကာထားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
မျှော်နေသူတွေကို တကယ်အားနာပါ၏။
Unicode
"အန်းလု....ဘယ်လိုဖြစ်ပြီး
ဒီရေှ့ကိုရောက်နေရတာလည်း မိုးချုပ်နေပြီဟာကို.."
ချီရှန်းက ကော်ဖီဆိုင်ရေှ့တွင်ရပ်နေသော
အန်းလုဆီသို့အမြန်ပင်ရောက်လာခဲ့သည်။
အန်းလုက ချီရှန်းအားမြင်တော့
ဝမ်းသာအားရဖြင့်
"ရှန်းရှန်း ပြန်မလာသေးလို့လေ
မိုးအတော်ချုပ်နေပြီကို
အဲ့တာကြောင့် ဒီကို လာကြည့်လိုက်တာ.......
ဘာလို့နောက်ကျနေတာလည်း... ပြီးတော့
အံမယ် suitတွေဘာတွေနဲ့...."
အန်းလုက ချီရှန်း၏ အကျီႌစအား
သေချာစွာကိုင်ကြည့်ပြီးအကဲခတ်နေသည်။
"အင်း...သူများဟာ
မနက်ဖြန်ပြန်ပေးရမှာ..အလုပ်ကသူဌေးက
ကိစ္စရှိလို့အကူအညီတောင်းတာနဲ့ လိုက်သွားပေးလိုက်တာ ကိုယ်မနေ့ညကပြောပြတယ်လေ.."
အန်းလုက ချီရှန်း၏ အကျီႌစအား
သေချာစွာ လေ့လာကြည့်ရွုနေရင်း
ခေါင်းမော့ကာလာသည်။
"အမ်...ပြောသေးလား...
မသိလိုက်ဘူး..."
"အင်းပါ..ဒါနဲ့မေှာင်မဲနေတာကို
ဘယ်လိုဖြစ်ပြီး ရောက်လာရတာလည်း"
"မပူပါနဲ့... လမ်းမီးတွေလင်းနေသေးတာပဲ
အမေှာင်ကြောက်တတ်ပေမဲ့
မီးရောင်လေးနည်းနည်း ရှိရင်တော့မကြောက်ပါဘူး."
"အင်း....."
ချီရှန်းက ခေါင်းညိမ့်သည်။အန်းလုက
"ဒါဆို ပြန်ရအောင်လေ...အိမ်မှာ
ဘယ်သူမှမရှိလို့..."
"ခနလေး..ကိုယ်ဒီနေ့အလုပ်ကြိုးစားခဲ့တာ.
ကိုယ့်ကို ဆုလေးဘာလေးမပေးချင်ဘူးလား...."
"ဘာကိုလည်း....."
ချီရှန်းက ခန္တာကိုယ်အား
အန်းလုရေှ့သို့အနည်းငယ်ကိုင်းလိုက်ပြီး
သူ၏ခေါင်းအား အန်းလု ရင်ဘက်နားအထိ
နှိမ့်ချလိုက်သည်။
အန်းလုက ထိုအခါမှ
သဘောပေါက်သွားကာ ရီလျက်
"ရှန်းရှန်းက ကလေးကျနေတာပဲ...အင်းပါ
ဆုပေးမယ်...."
အန်းလုကချီရှန်း၏ ခေါင်းလေးအား.
အသာပုတ်ပေးနေလိုက်သည်။
"တော်လိုက်ထာ တော်လိုက်ထာ..."
တခဏအကြာ အန်းလုက
လက်ပြန်ရုတ်လိုက်တော့မှ
ချီရှန်းက ကိုယ်ကိုပြန်တည့်မတ်လိုက်ပြီး
ပြုံးလေသည်။
အန်းလုက သူ၏လက်ထဲတွင်
ကိုင်ကာထားသော Phoneမှ အလင်းရောင်ဖြင့်
ချီရှန်း၏ လက်ထဲတွင်ရှိသော
ပစ္စည်းအား ကြည့်လိုက်သည်။
"အဲ့တာက ဘာကြီးလည်း..."
ချီရှန်းက သူ၏ လက်အား
နောက်ကျောဘက်တွင်ထားလိုက်ပြီး
အမြန်ကွယ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး...နောက်ကျမှ
ပြောပြမယ်...သွားရအောင်..."
"ဘာကြီးလည်းလို့....."
ချီရှန်းက အန်းလုပုခုံးနှစ်ဖက်အား.
တဖက်တချက်စီကိုင်လိုက်ပြီး ဆွဲလှည့်လိုက်သည်။
အိမ်ပြန်ရာလမ်းသိူ့ဦးတည်လျက်
"ဘာမှမဟုတ်ဘူးလို့....နောက်ကျနေပြီ
အိမ်ပြန်ရအောင်လို့......"
အန်းလုကမူ နွုတ်ခမ်း ကြီးထော်လျက်
ဆူပုတ်နေတော့သည်။
.........................................
"အိမ်ထဲဝင်တော့....."
"ပြပါဆို....."
အန်းလုက ရုတ်တရက်ပင်
ချီရှန်းလက်ထဲမှ ထိုစာလိပ်အား
လှမ်းယူရန်ပြင်လိုက်သည်။
ချီရှန်းကလည်း အလျင်အမြန်ပင်
ထိုစာလိပ်ကိုင်ထားသောလက်အား
မ်ုးပေါ်သို့မြေှာက်လိုက်သည်။
"လူလည်လေး...."
အန်းလုက ခြေဖျားအား မီးကုန်ယမ်းကုန်
ထောက်နေသည့်အပြင်
လက်ကပါ ချီရှန်း၏လက်ထဲရှိ
စာလိပ်အား မှီရန်ကြိုးစားနေသည်။
သို့သော် သူ၏လက်ဆုံးရာသည်က
ချီရှန်း၏ တံထောင်ဆစ်နားပင်မရောက်ချေ။
အန်းလုက လက်တဖက်အား
ချီရှန်း၏ ရင်ဘတ်ကို ကိုင်ကာအားပြုထားသည်။
ခြေဖျားကမူ ထောက်လိုက်ပြန်ချလိုက်ဖြင့်
ချီရှန်းက ခေါင်းကို ငုံ့ကာ သူ့မေးစေ့နှင့်
ထိလုနီးနီး ဖြစ်နေသော အန်းလု ခေါင်းအား
ကြည့်ပြီးနောက် ဆံနွယ်ပွပွလေးများအား
အသာအနမ်းပေးလိုက်သည်။
အန်းလုကထိုအခါမှ ရှက်သွားပြီး
လက်ကိုပြန်ချလိုက်သည်။
"အကျင့်ယုတ်တယ်....."
ချီရှန်းက သူ၏စာလိပ်အား
နောက်ကျောဘက်တွင်ပြန်ထားလိုက်ရင်း
ကျန်လက်တဖက်က
အန်းလု၏ မေးစေ့လေးအား
အသာလှမ်းကိုင်လိုက်သည်။
"ပြောဖူးပါတယ်...ကိုယ်က
လူယုတ်မာပါလို့........သွား...အိမ်ထဲဝင်တော့..."
အန်းလုက ချီရှန်းအား မျက်စောင်း
တချက်ထိုးကာ အိမ်ထဲသို့ပြေးဝင်သွားတော့သည်။
....................................
"အန်းလု...စာမေးပွဲပြီးရင်
ငါတို့ခရီးလေးဘာလေးထွက်ရအောင်ကွာ..."
နေ့လည်ကျောင်းဆင်းချိန်တခဏတွင်
အန်းလုတို့သူငယ်ချင်းတသိုက် ကျောင်းအားကစားကွင်း ထောင့်တနေရာရှိ ခုံတန်းလျားတွင်
ထိုင်နေကြရင်း
ရုတ်တရက်ပင်လွမ့်သောက်က စကားစလိုက်သည်။
ကျန်နှစ်ယောက်ကလည်း ခေါင်းညိမ့်လေသည်။
"ဘယ်သွားမလို့လည်း...ဆောင်းဝင်ရင်
အကုန်လူံးက အေးလာတော့မှာ....လေ..."
"အေး..မစဉ်းစားရသေးဘူး ဒါပေမဲ့
ငါကရှန်ဟိုင်းကို မကြာခင်သွားရတော့မှာလေ
ဒီအတော့အတွင်းတော့ မင်းတို့်နဲ့
ပျော်ချင်တာပေါ့....ဆောင်းဦးကိုပဲ
သွားလို့ကောင်းမဲ့နေရာလေး ရှာကြည့်လိုက်ပါလား..."
အန်းလုက သူ၏မေးစေ့ကိုပွတ်လျက်
"အင်း....သွားလို့ကောင်းမဲ့နေရာ......"
အန်းလုစဉ်းစားနေသည်ကို
လွမ့်သောက်နှင့်အခြားနှစ်ယောက်က
သေချာကြည့်နေကြသည်။
အန်းလုကအတော်ကြာမှ
"အား...ငါစဉ်းစားလို့မရဘူး..."
"သေစမ်းပါ....အဲ့တာကိုများ
အကြာကြီးတွေးပြနေသေးတယ်....
မင်းအမေကိုမေးကြည့်ပါလား သွားလို့ကောင်းမဲ့နေရာ
လေးဘာလေး အဒေါ်ကခရီးတွေထွက်နေကြဆိုတော့
နေရာတော်တော်များများသူသိမှာပဲ....
သွားရင်အဒေါ့်ပါခေါ်ခဲ့လိုက်လေ.........."
အန်းလုကလည်းသဘောတူလိုက်သည်။
"အေး...ငါမေးကြည့်လိုက်မယ်...."
...............................
"ချီအန်းလု.... အသက်က ၁၉နှစ်
အထက်တန်း တတိယနှစ်......ဟမ့်
တကယ်ကို ငယ်ငယ်လေးပဲ..."
ရှီးယန်က သူ၏ driver စုံစမ်းပေးသော
အန်းလု၏ ကိုယ်ရေးအချက်အလက်အား
ကြည့်နေသည်။
လက်ထဲရှိ စာရွက်အား စားပွဲပေါ်တွင်
ပြန်ချလိုက်ပြီး နောက်
ချီရှန်းအား တချက်လှမ်းကြည့်လိုက်ပြီး
ရှီးယန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"အကိုက ဒီလိုပုံစံမျိုး ကြိုက်တာလား...."
ရှီးယန် စိုက်ကြည့်နေသည်ကို
ချီရှန်းက သိသဖြင့် တချက်ပြန်ကြည့်လိုက်သည်။
ပြီးမှ ချီရှန်းက ဖျော်ပြီးသော
ကော်ဖီခွက်အား ကိုင်လျက်သူ့ထံရောက်လာသည်။
ရှီးယန်က အမြန်ပင် အန်းလုကိုယ်ရေးအကျဉ်းစာရွက်အား သူ့အနောက်ဘက်ရှိ
အိတ်အတွင်းသို့ အမြန်ထည့်ကာဖွက်လိုက်သည်။
ချီရှန်းကကော်ဖီခွက်အား
ရှီးယန်ရေှ့ရှိစားပွဲတွင် ချလိုက်ပြီး
သူကလည်း ရှီးယန်ရေှ့ရီ ထိုင်ခုံအလွတ်တွင်
ဝင်ထိုင်လိုက်သည်။
"မေးစရာလေးရှိလို့........"
ရှီးယန်က ပျင်းရိပျင်းတွဲပုံစံဖြင့်ထိုင်နေရင်းမှ
ချီရှန်း အသံကြောင့် သူ၏ကိုယ်ခန္တာကို
မတ်စေလိုက်သည်။
"ဟုတ်...မေးပါ...အကိုချီရှန်း....... "
ချီရှန်းကသူ၏လက်နှစ်ဖက်ကို
စားပွဲပေါ်တင်လိုက်ရင်း
"ဒီနားတစ်ဝိုက်ကလေ အပြင်အဆင်လှတဲ့
စားသောက်ဆိုင်လေးဘာလေးမသိ ဘူးလား......
ကောင်းလည်းကောင်းလောက်မဲ့
နေရာလေးပေါ့........."
ရှီးယန်ကစဉ်းစားနေဟန်ပေါ်သည်။
သူက သူ၏မေးစေ့ကိုပွတ်လျက်
"ဒါနဲ့အကိုက ဘာလုပ်ချင်လို့လည်း
ကျွန်တော့ကို ညစာလိုက်ကျွေးမလို့လား..."
ချီရှန်းက တည်ငြိမ်စွာဆိုသည်။
"မင်းကိုနောက်ကြုံတော့မှပဲ
ကျွေးပါမယ်....အခုက တခြားကိစ္စရှိလို့...."
ရှီးယန်က လက်ခုပ်တီးလျက်
"ဒါဆို ကတိနော်...နောက်တခါကျွန်တော့ကို
ညစာလိုက်ကျွေးရမယ်နော်.... "
"အင်း......."
"အော်...ဒါနဲ့ ခနနေရင် ကျွန်တော်
အပြင်သွားမလို့ ညနေလောက်တော့ပြန်ရောက်
ဖြစ်လိမ့်မယ်...ကျွန်တော်ပြန်လာမှ ပြန်နော်..."
"ရပါတယ်........"
.....................................
"ယွမ် ၃ထောင်ပါ......"
ချီရှန်းက လာရောက်ဝယ်ယူသော
Customerအား ချလန်ကို လက်ဆင့်ကမ်းပေးနေသည်။
"ရှန်းရှန်း........"
ဆိုင်ထဲသိူ့ဖွင့်ကာဝင်လာသော
"ကျွီ" ဟူသည့်တံခါးသံနှင့်အတူ ထိုအသံသည်က
မိမိအတွက် ပျော်စရာအငွေ့အသက်တွေ
ကိုယူဆောင်လာပေးသည့်နှယ်။
မည်မှျပင် ကြာညောင်းနေပါစေ ဤသည်က
သူ့အတွက်တော့အမြဲတမ်းသစ်လွင်နေဆဲ။
ချီရှန်း၏မျက်ဝန်းက အရောင်လဲ့ကာလာသည်။
အမြန်ပင် တံခါးပေါက်ကို လှမ်းကြည့်မိတော့
ဤသည်က အမှန်တကယ် အန်းလုပင်။
နောက်တွင်သူ၏သူငယ်ချင်းတို့ပါ ပါလာသည်။
အန်းလုက ချီရှန်းရှိရာ ကောက်တာနားသို့
ရောက်လာလိုက်ပြီး
"ရှန်းရှန်း...ကော်ဖီလာသောက်တာ...."
အန်းလုက ချီရှန်းအား လက်ယပ်ကာ
နီးကပ်စေရန် ခေါ်လိုက်သည်။
ပြီးနောက် သူက တိုးတိုးဆိုလေ၏။
"ပြီးတော့.....တိုင်ပင်စရာရှိလို့လေ...."
"အင်း...အဲ့တာဆို...ကိုယ့်ကို
ဟိုခုံမှာစောင့်နေလေ....ကိုယ် coffeeဖျော်ပေးမယ်...
ဘာသောက်ကြမှာလည်း...."
နောက်က အန်းလုသူငယ်ချင်းများက
ပြုံ းစိစိလုပ်နေကြသည်။
ပြီးမှ သူတို့ကတယောက်တမျိုးအော်ကြသည်။
"ကျွန်တော်က Cappuccino
ကျွန်တော်နဲ့ သူု Espresso.... "
အန်းလုက ပြန်ပြောပြလေသည်။
"သူတို့က အဲ့တာသောက်မှာ
ကျွန်တော့ကိုက milk tea ပေး နော်....."
"အင်း....စကားသွားပြောနှင့်နော်...."
"ဟုတ်ကဲ့........"
အန်းလုကထိုသို့ဖြေလိုက်တော့
နောက်ရှိ လွမ့်သောက်က ထအော်လေသည်။
"မမြင်ဖူးလိုက်တာ........"
အန်းလုက လွမ့်သောက် ခေါင်းအား
တချက်ရိုက်ချလိုက်ပြီး
"ဘာဖြစ်လည်း..မင်းမနာလိုတာမလား..."
လွမ့်သောက်က ပြန်ရိုက်ရန်ပြင်လိုက်စဉ်
သူ၏အကြည့်က ချီရှန်းဆီသို့ရောက်မိသွားသည်။
ချီရှန်းကသူ့အား ကြည့်နေလေ၏။
အမူအရာကမူအေးစိမ့်လျက်။
လွမ့်သောက် ချက်ချင်းပင် သူ၏လက်အား
.ပြန်ရုတ် လိုက်သည်။
"အကြွေးမှတ်ထား.....အန်းလုကောင်...".
"ဟားဟားဟားဟား..... "
အန်းလုက ရီလျက်ပင်
ထောင့်တနေရာရှိ ခုံအနားသိူ့လျောက်သွားတော့သည်။
...........................
"မှာထားတာတွေရပြီ...."
ချီရှန်းက မှာထားသော
ကော်ဖီခွက်လေးများကို အသီးသီးနေရာချပေးလိုက်ပြီး
ဘေးရှိ ခုံအလွတ်တစ်လုံးကို ဆွဲယူကာ
အန်းလုဘေးနားတွင်ထားလိုက်ပြီး သူပါဝင်ထိုင်လေသည်။
အန်းလုက ချီရှန်းဘက်လှည့်လိုက်ပြီး
"ရှန်းရှန်း...ကျွန်တော်တို့်
ခရီးထွက်ကြမလို့....."
"ခရီးထွက်မလို့လား...မကြာခင်
အေးလာတော့မှာ အန်းလုတို့ကဘယ်ကို
သွားချင်ကြတာမလို့လည်း...."
အန်းလု၏ သူငယ်ချင်းသုံးယောက်က
ချီရှန်းတို့အား ကြည့်လိုက်ပြီး
"အကို...ကျွန်တော်တို့ သိသွားပါပြီ
အကိုနဲ့အန်းလုက.....ဒီလို...ဒီလို....."
တုံ့ဖူက ကျန်စကားကိုဆက်မပြောပဲ
သူ၏လက်ညိုးထိပ်နှစ်ချောင်းကို ထိကပ်လိုက်ခွာလိုက်
လုပ်ပြနေသည်။
အန်းလုက ထိုလက်အားဖြတ်ရိုက်ချလိုက်ပြီး
"ဘာတွေလုပ်ပြနေတာလည်း...
သေချင်လို့လား....."
ချီရှန်းက ဤတစ်ခါတွင်မူ
သဘောကျစွာပြုံးသည်။
လွမ့်သောက်က အန်းလုအား
"မင်းအားကိုးရှိတိုင်း......"
"မင်းတို့တောင်ရှိလို့လား...."
"စွာလိုက်တာ...မိန်းမကြီးကျလို့....
အာ..မဟုတ်ဘူး....အဘွားကြီး.....အဘွားကြီးအန်းလု..."
အန်းလုက မတ်တပ်ကောက်ရပ်လိုက်ပြီး.
လွမ့်သောက်အား အော်လေသည်။
"ငါမင်းကို သတ်မှာနော်......"
"မှန်တယ်......"
အန်းလုက အော်ဟစ်နေစဉ်သူ့ဘေးမှ
စကားသံကြောင့် အားလုံးကတိတ်ဆိတ်သွားပြီး
ထိုအသံလာရာကို ကြည့်လိုက်ကြသည်။
ချီရှန်းကအကုန်လုံးသူ့အား
ကြောင်ကြည့်နေကြသဖြင့် ထပ်မံ၍
ပြောလေသည်။
"မှန်တယ်လို့....အန်းလုကအဘွားကြီးဆိုတာ
ပြီးတော့ ဆောင်းရာသီဆို ပိုဆိုးသေးတယ်......... "
ဤစကားကို ချီရှန်းကအလွန်တည်ငြိမ်စွာပြောသည်။
လုံးဝပင်စနောက်သည့်မျက်နှာထားမျိုးမဟုတ်။
ထို့ကြောင့် ကျန်သူများက ရီပေးရမလား
ဘာလုပ်ရမလား သေချာမသိပဲ
လမ်းပျောက်နေကြသည်မှာအမှန်ပင်။
လေထုကအတော်ကြာငြိမ်နေသည့်အတွက်
ချီရှန်းက ပြောလိုက်သည်။
"စနေတာပါ........."
"ဟားဟားဟားဟားဟားဟား..... "
ထိုအခါမှ အားလုံးက ရီလေတော့သည်။
အန်းလုက သူ့နေရာတွင်ပြန်ထိုင်လိုက်ပြီး
ချီရှန်းကိုကြည့်ကာ အံ့သြနေသည်။
ပြီးမှ သူက တစ်ခုခုကိုသတိရမိသွားသလိုဖြင့်
"အာ...ရှန်းရှန်း.... ကျွန်တော်တို့
ဟိုမှာတုန်းကသွားခဲ့တဲ့နေရာလေ အခုရှိလောက်အုန်းမလား ရှန်းရှန်းမွေးနေ့လေ...."
"မရှိလောက်တော့ဘူး ထင်တယ်..."
"အင်းလေ...ဒီလောက်ကြာနေပြီပဲဟာ
အဲ့တုန်းက တကယ်ပျော်ဖို့ကောင်းခဲ့တာ...
ရှန်းရှန်း ဟင်းချက်ကျွေးတာလေ..."
အန်းလုက ဝမ်းသာအားရ
စားပွဲကိုလက်နှစ်ဖက်ဖြင့် ရိုက်ကာ သူ၏
သူငယ်ချင်းများကို ပြောလေသည်။
"မင်းတို့သိလား...ရှန်းရှန်းရဲ့ ဟင်းချက်လက်ရာကလေ
တကယ်ညံ့တာ သူလေ ကြက်သွန်နီတွေကို
အလုံးလိုက်ပစ်ထည့်တာဟင်းထဲကို...သိလားပြီးတော့.."
"အဟမ်း....ကိုယ့်ယောက်ျားရဲ့
အားနည်းချက်ကို လျောက်မဖွရဘူးလေ
ကျန်တဲ့နေရာတွေမှာ ဒီလောက်တော်တဲ့ဟာ
ဥပမာ...ဟို...."
ချီရှန်းက ဆက်ပြောရန်ကျန်နေစဉ်မှာပင်
အန်းလုက ချီရှန်း ၏ ပါးစပ်အား
.သူ၏လက်ဖြင့်အတင်းပိတ်လေတော့သည်။
အန်းလု၏သူငယ်ချင်းများကမူ ပါးစပ်အဟောင်းသားဖြင့် ။
အန်းလုက ပြုံးလျက်
"သန့်ရှင်းရေး...သန့်ရှင်းရေးပါ.....
ဟုတ်...တယ်...မလား..."
အန်းလုက ချီရှန်းအား အံကြိတ်လျက်
မေးလေသည်။
ချီရှန်းက ပါးစပ်အုပ်ခံထားရသောကြောင့်
အန်းလုကို ကြည့်ကာ ခေါင်းညိမိ့ပြသည်။
ထိုအခါမှ အန်းလုကပြန်လွွတ်ပေးလိုက်သည်။
လွမ့်သောက်က သူ၏ကော်ဖီအား.
တစ်ငုံသောက်လိုက်ပြီး အန်းလုတို့ကိုမေးသည်။
"အကိုချီရှန်း နဲ့အန်းလုက ကြိုက်တာဘယ်လောက်
ကြာပြီလည်း ကျွန်တော်တို့်က
တနေ့ကမှသိရတာ ဒါတောင်သူပြောလို့
ရိပ်မိတာတော့ကြာပါပြီ နည်းနည်း စဉ်းစားနေရသေးတာ်လေ ယောက်ျားလေး အချင်းချင်းဆိုတော့
မဖြစ်နိုင်လောက်ပါဘူးလေဆိုပြီး...."
ချီရှန်းကဖြေလေသည်။
"၄နှစ်.....အန်းလုနဲ့ တရားဝင်ချစ်သူဖြစ်တာက.."
တုံ့ဖူကဝင်ယောင်ပြန်သည်။
"ဘယ်သူက..အရင်ကြိုက်တာလည်း..."
အန်းလုက ဂုဏ်ယူစွာပြောသည်။
"သေချာတာသူပေါ့...."
"ဟုတ်တယ်...အကိုက အရင်ကြိုက်တာ
သူ့ကိုမှ မရရင်အကိုသေတော့မှာမလို့........"
"ဗျာ........"
သုံးယောက်သား အသံကျယ်ကြီးဖြင့်ပင်
အန်းလုကမူ ကြိတ်ရီနေလေ၏။
ချီရှန်းက အပိုစကားမပြောတတ်သည့်အပြင်
ပြတ်သားလွန့်သည့်လူတစ်ဦးဖြစ်သည့်အတွက်
အန်းလုအတွက်အဆန်းသော်လည်း
ကျန်သုံးယောက်မှာ အံသြစရာများကဆက်တိုက်ပင်။
ဤမျှလောက်လည်း ရင်းရင်းနှီးနှီးစကား.
မပြောဖူးသောကြောင့်လည်းဖြစ်ချေမည်။
အတော်ကြာ စကားပြောကြရင်း
ခရီးထွက်ရန်နေရာကိုပါ စဉ်းစားဖြစ်ကြသည်။
တောတောင်ဘက်တနေရာကိုသွားရင်
ပိုအဆင်ပြေလိမ့်မည်။
ပထမဆုံးနှင်းကျရန်လည်း သိပ်မလိုတော့သည့်အတွက် ပေကျင်းနှင့်သိပ်မဝေးသော
ရွာတစ်ရွာသို့ အလည်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
"အန်းလု.. မင်းအမေက
ခွင့်ယူလို့ရပါ့မလား...."
"ငါမေးကြည့်လိုက်မယ်..... အခုတလော
အရမ်းအလုပ်ရွုပ်နေလွန်းတယ်...."
"အေး...."
"အကိုချီရှန်း..... ကျွန်တော်..သတင်း..."
ရှီးယန်က ဆိုင်အတွင်းသိူ့
အလောတကြီးဝင်လာလိုက်သည်။
သူက ကောင်တာနေရာသို့ကြည့်လိုက်သော်လည်း
.ချီရှန်းအား မတွေ့ရချေ။
ချီရှန်းက အန်းလုဘေးတွင်
ထိုင်နေလျက်ပင် ရှီးယန်ကို လက်ပြလိုက်သည်။
"ရှီးယန်....ကျွန်တော်ဒီမှာပါ....."
ရှီးယန်က အသံကြားရာကိူလှည့်ကြည့်သည်။
အန်းလုက သူ၏ကော်ဖီခွက်အား
လက်နှစ်ဖက်ဖြင့်ကိုင်၍ သောက်နေသည်။
ရှီးယန်က ချီရှန်းဘေးရှိ အန်းလုကိုမြင်တော့
မျက်မေှာင်ကြုပ်လိုက်ပြီး မှ ချက်ချင်းပင်
ပြုံးကာ ချီရှန်းတို့အနားသို့လာလေသည်။
"အကိုချီရှန်း ရဲ့....ဧည့်သည့်တွေရောက်နေတာလား..."
ချီရှန်းက ထိုင်နေရာမှ ထလို်က်ပြီး
ဘေးရှိ ထိုင်ခုံအလွတ်တလုံးကို ထပ်ဆွဲလိုက်ပြီး
ရှီးယန်အတွက်နေရာပေးလိုက်သည်။
ရှီးယန်က ချီရှန်း ရေှ့ဘက်နားတွင်. ဝင်ထိုင်လိုက်သည်။
"အန်းလု....ကိုယ့်သူဌေး....လေ...
သူက အကို့ထက် ၂နှစ်ငယ်တယ်......"
အန်းလုက သူ့ခွက်ကိုအမြန်ချလိုက်ပြီး
ခေါင်းငုံ့ကာ နွုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ........ "
ရှီးယန် ဘေးရှိအန်းလု၏သူငယ်ချင်းများကလည်း
ခေါင်းငုံ့ကာနွုတ်ဆက်ကြသည်။
ရှီးယန်က ပြုံးရွွင်လျက်ပင်
"အားလုံးပဲ ....မင်္ဂလာပါ.....
အကို့ကိုလည်းအကိုချီရှန်းကိုခင်သလို
ခင်မင်ပေးလို့ရပါတယ်...."
"ဟုတ်ကဲ့ပါ....."
ချီရှန်းက အန်းလုအားကြည့်၍
စားပွဲပေါ်ရှိ တစ်ရွုးဘူးထဲမှ တစ်ရွုးတရွက်ကို
ယူလိုက်ပြီး အန်းလုနွုတ်ခမ်းအား.သုတ်ပေးလိုက်သည်။
"ပေနေပြီ....."
အန်းလုက သူစိမ်းရှိသဖြင့်
အမြန်ပင်တစ်ရွုးစကို ဆွဲယူပြီးမိမိဘာသာ
ဆက်သုတ်နေလိုက်သည်။
ချီရှန်းကအန်းလုအကြောင်းသိသောကြောင့်
သူ့လက်ကိုပြန်ရုတ်လိုက်ပြီး
"ရှီးယန်..... ဒါက အကို့ ချစ်သူ....အန်းလုပါ.
သူကကျောင်းတတ်နေတာ...သူတို့သုံးယောက်က
အန်းလုရဲ့ သူငယ်ချင်းတွေ...."
ရှီးယန်ကဆိုသည်။
"တွေ့ရတာဝမ်းသာပါတယ်....အားလုံးပဲ..."
အန်းလုနှင့် ကျန်သုံးယောက်က
ခေါင်းညိမ့်ကာပြသည်။
တခဏနေတော့ ချီရှန်းက နေရာမှထလိုက်ပြီး.
"ရှီးယန် ဒါဆို အကိုပြန်လိုက်တော့မယ်....
ကော်ဖီဖိုးတွေကို အကို့ရဲ့ လစာထဲမှတ်ပေးလိုက်နော်....."
"အာ..မဟုတ်တာ...ကျွန်တော်တိုက်တယ်လို့ပဲ
မှတ်လိုက်တာပေါ့ ခင်မင်တဲ့အနေနဲ့......."
ချီရှန်းက အန်းလုလက်ကိုကိုင်လိုက်ပြီး
"ရပါတယ်...... မလုပ်နဲ့....
အန်းလု ပြန်ရအောင်....လွမ့်သောက်တို့က
ကားပါ တယ်မလား...."
လွမ့်သောက်တို့က အမြန်ထလိုက်ပြီး
"ဟုတ်...ပါတယ်အကို...."
"ဒါဆို...အကို အန်းလုကို
ခေါ်သွားပြီ....ကိုယ့်ဘာသာပြန်လိုက်တော့နော်..."
"ဟုတ်ကဲ့ပါ...အကို...."
ချီရှန်းက အန်းလုလက်ကိုဆွဲ၍
ရေှ့မှဦးဆောင်၍ ထွက်လာခဲ့လိုက်သည်။
နောက်မှ လွမ့်သောက်တို့က ပါလာသည်။
ရှီးယန်ကနေရာတွင်ပင် ဆက်ထိုင်နေရင်း
အန်းလုတို့ ထွက်သွားသည်ကို
ကြည့်နေသည်။
သူက လက်နှစ်ဖက်ကို ပိုက်လျက်
သူ၏ ခြေထောက်တဖက်အား နောက်တဖက်ပေါ်
တင်ကာထားသည်။
"ခက်ခဲတဲ့အရာတွေကမှ ယူလို့ကောင်းတာ
ရှီးယန်ဆိုတဲ့ ကျွန်တော်ကလည်း
ကိုယ်လိုချင်တာကို ရအောင်ယူတတ်တဲ့အမျိုးအစားပဲ
လီချီရှန်းဆိုတဲ့ ဘုရင်တောင် သူမြတ်နိုးတဲ့သူကို
မရရအောင်လုပ်ယူခဲ့သေးတာပဲလေ
မဟုတ်ဘူးလား..... ကျွန်တော်လည်း ရအောင်ယူနိုင်ရမှာပေါ့.......
နာမည်တူနေတဲ့အကိုချီရှန်းအတွက်တော့
ကျွန်တော်က ရှင်ဘုရင်လီချီရှန်း ပဲ......... ....."
~~~~~~~~~~~~~~~~~~~~~~~~~~
လေးရက်ကြာရေးရတာပါ မအားတာရော
ပျင်းနေတာရော အစုံစုံကြောင့်ပါ
မျေှာ်နေသူတွေကို တကယ်အားနာပါ၏။