#For Zawgyi
သူ ေရခ်ိဳးၿပီး ျပန္လာေတာ့ အသာက ဝတ္စံုျပည့္ျဖစ္ေနေလၿပီ ။
" ဘယ္လိုလဲ အသာ ၊ ကိုယ္ဝယ္ေပးထားတာေတြ အဆင္ေျပရဲ႕လား "
" ေျပတယ္ အကို ၊ ေဘာင္းဘီက နည္းနည္းေလး ေခ်ာင္ခ်င္သလို ျဖစ္ေနတာ ၊ ခါးပတ္နဲ႔ဝတ္လိုက္ေတာ့ အိုေခသြားတယ္ ၊ အကိုက ကၽြန္ေတာ့္အႀကိဳက္ေတြကို သိေနတာပဲ "
သူဝယ္ေပးထားတဲ့ ခ်ည္သားရွပ္အျဖဴေလးနဲ႔ ကာကီေရာင္ေဘာင္းဘီေလးမွာ အသာႏွင့္ အေတာ္ပင္ လိုက္ဖက္လွသည္ ။
" ကိုယ္အဝတ္အစားလဲၿပီးတာနဲ႔ ျပန္ၾကမယ္ေနာ္ အသာ ၊ ရန္ကုန္ျပန္ေရာက္ဖို႔ကလည္း ကားေမာင္းခ်ိန္ ယူရဦးမွာဆိုေတာ့ေလ "
" ဟုတ္ အကို "
ကားေမာင္းထြက္လာၿပီး မၾကာခင္ ထိုကေလးက အိပ္ေပ်ာ္သြားေလေတာ့သည္ ။ အင္းေပါ့...မနက္အေစာႀကီးထၿပီး တစ္ေနကုန္ သြားလာထားရေတာ့ ပင္ပန္းရွာမွာေပါ့ ။ ခဏေနရင္လည္း လုပ္စရာအစီအစဥ္ေတြက ရွိေသးတာမို႔ အနားယူတဲ့သေဘာနဲ႔ ဒီလို ခဏတျဖဳတ္ အိပ္ေပ်ာ္သြားတာလည္း ေကာင္းပါသည္ ။
ကားက အင္းစိန္ကို ေက်ာ္လာေတာ့မွ ထိုကေလးက အင္း....အဲ ႏွင့္ ႏိုးလာ၏ ။
" ဟာ ကၽြန္ေတာ္ အိပ္ေပ်ာ္သြားတာပဲ ၊ အကို႔ကို အားနာလိုက္တာ "
" ရပါတယ္ အသာရယ္ "
" အကိုက ရပါတယ္ဆိုေပမယ့္ ကၽြန္ေတာ္က ဘယ္ေကာင္းမလဲ ၊ အကို႔မွာ ကၽြန္ေတာ့္ေမြးေန႔ကို အကုန္လည္း လိုက္လုပ္ေပးရေသးတယ္ ၊ အခုက် ကားေမာင္းေနတဲ့ အကို႔ကို ေဘးမွာထားၿပီး ကၽြန္ေတာ္က အိပ္ေပ်ာ္သြားမိတာ ဘယ္ေလာက္ ဆိုးဝါးလိုက္သလဲ "
" ေအာ္...ကာယကံရွင္ကိုယ္က ေက်နပ္ေနတာပဲကို အသာရယ္ "
" ဂြီ... "
" ဟင္...အသာ ဗိုက္ဆာေနၿပီလား "
" ဟီး...ဟုတ္တယ္ ဆာၿပီ "
" ခဏပဲ ေစာင့္ေနာ္ ၊ ေရာက္ေတာ့မွာ "
" အကိုက အခု ဘယ္ကိုေမာင္းေနတာလဲ "
" လင္းလင္းေမြးေန႔လုပ္ခဲ့တဲ့ဆိုင္ကိုေလ "
" ေအာ...အဲ့ဆိုင္မွာ ညစာစားမလို႔လား "
" အင္းေပါ့...အသာက ဝယ္ေကၽြးမွာလား "
" ေကၽြးမွာေပါ့ ၊ ကၽြန္ေတာ့္အတြက္ တစ္ေနကုန္ ဒုကၡခံေပးထားတဲ့ အကို႔ကို ရွယ္ေကၽြးမွာ ၊ အဲ့ဒီက Chef က လက္ရာ အရမ္းေကာင္းတာ အကိုရ ၊ ကၽြန္ေတာ္နဲ႔လည္း ခင္ေနတာ ၊ အကိုစားခ်င္တာကို ေကာင္းေကာင္းေလး ခ်က္ခိုင္းေပးမယ္ "
တက္တက္ႂကြႂကြေျပာေနတဲ့ အသာ့ ပံုစံေလးကို ခ်စ္လိုက္တာေလ ။ တျဖည္းျဖည္းနဲ႔ ဒီကေလးေလးအေပၚ အဆံုးရႈံးမခံႏိုင္တဲ့ စိတ္ေတြက တစ္ေန႔တစ္ျခား ႀကီးထြားလာေနသည္ ။
ပတ္ဝန္းက်င္ရိုက္ခတ္မႈဒဏ္ေတြကို ဒီကေလးအေပၚသက္ေရာက္လာမွာစိုးလို႔သာ သူ႔မွာ ၿမိဳသိပ္ေနရတာ ။ တစ္ခါတစ္ခါ ထိုကေလးေလးလက္ကိုဆြဲၿပီး ဘယ္သူမွ မေတြ႔ႏိုင္တဲ့ အေဝးဆံုးေနရာတစ္ခုကို ထြက္ေျပးသြားလိုက္ခ်င္မိတဲ့အထိ သူ႔စိတ္ေတြက မိုက္မဲခ်င္ေနသည္ ။
ကၽြတ္...မဟုတ္တာေတြ မေတြးစမ္းနဲ႔ ဆက္ေစရာ ။
သူတို႕ကားေလး စားေသာက္ဆိုင္ေရွ႕မွာ ရပ္လိုက္ေတာ့...
" အံမယ္ ဒီေန႔ဆိုင္က လူရွင္းေနပါလား ၊ ကၽြန္ေတာ္တို႔ ေအးေအးေဆးေဆး စားလို႔ရၿပီ အကို ၊ မိုက္တယ္ "
ဆိုင္ရဲ႕အေဆာက္အဦးရွိရာသို႔ ေက်ာက္စရစ္ခဲေလးေတြနဲ႔ စီထားတဲ့ လမ္းေလးအတိုင္း ေလ်ွာက္လာၾကရင္း အသာက
" ဆိုင္က အျပင္အဆင္ေတြ ေျပာင္းေနပါလား ၊ အရင္က ဒီလမ္းေလးမွာ ဒီလို မီးပံုးေလးေတြ မရွိဘူး အကိုရဲ႕ "
" ဟုတ္လား "
" ဟုတ္တယ္ ၊ ဟင္...ဒါေလးေတြက ဘာကဒ္ေလးေတြပါလိမ့္ "
ေလ်ွာက္လမ္းရဲ႕ အမိုးကေန ႀကိဳးေလးေတြနဲ႔ တြဲေလာင္းဆြဲခ်ထားေသာ ကဒ္ေလးေတြထဲက တစ္ခုကို အသာက စိတ္ဝင္စားဟန္ႏွင့္ ဆြဲယူၾကည့္လိုက္ၿပီးေနာက္
" ဟာ....ဟာ အကို႔ ဒါ...ဒါက "
အံ့ၾသတႀကီး ျဖစ္ေနတဲ့ ကေလးငယ္အား သူ ျပံဳး၍ပင္ ၾကည့္ေနမိေတာ့သည္ ။
*********
" ဟာ....ဟာ အကို႔ ဒါ...ဒါက "
ႀကိဳးေလးေတြႏွင့္ တြဲေလာင္းဆြဲထားတဲ့ ကဒ္ေလးေတြကို တစ္ခုစီ ယူၾကည့္ရင္း သူ႕မွာ တစ္ကိုယ္လံုး တုန္ရင္လာသလို ။
အားလံုးဟာ သူ ငယ္စဥ္ကေလးဘဝမွ အခုအရြယ္ထိ သူ႔ရဲ႕ ဓာတ္ပံုေတြခ်ည္းသာ ။
" အသာဆိုတဲ့ ကေလးေလးတစ္ေယာက္ရဲ႕ ၂၄ ႏွစ္တာအတြင္း ႀကီးျပင္းလာပံု အဆင့္ဆင့္ေပါ့ သေဘာက်လား အသာ "
သူ႔မွာ တဆတ္ဆတ္တုန္ေနေသာ လက္ျဖင့္ ကဒ္ေလးေတြကို ကိုင္ၾကည့္ေနရင္းက အံ့ၾသရလြန္း၍ အကို႔အား စကားပင္ မျပန္ႏိုင္ ။ အကိုက တုန္ရင္ေနေသာ သူ႔လက္ေတြကို လာေရာက္အုပ္ကိုင္ရင္း
" ေဟာဗ်ာ...လက္ဖ်ားေတြေတာင္ ေအးစက္လို႔ ၊ Relax Relax ကေလးေလး ၊ အရမ္း စိတ္လႈပ္ရွားသြားတယ္ထင္တယ္ ဟုတ္လား ၊ လာ လာ ေရသြားေသာက္ရေအာင္ "
အကိုဆြဲေခၚရာေနာက္ကို လိုက္ခဲ့ၿပီး ဆိုင္တံခါးကို တြန္းဖြင့္ဝင္လိုက္ခ်ိန္
" Happy Birthday ထင္းထင္သာ "
ရုတ္တရက္ ၾကားလိုက္ရေသာ ေမြးေန႔ဆုေတာင္းသံေတြနဲ႔အတူ သူ႔ေခါင္းေပၚမွာ လက္လက္လက္လက္ အမႈန္ေတြပါ က်လာသည္ ။
ထို႔ေနာက္ သူ႔အား ေျပးဖက္လာသည္က ဗညား ။ သူ႔မွာေတာ့ ဆြံ႔အ,မင္သက္ရ, လြန္း၍ လူက ေက်ာက္ရုပ္ႀကီးလို ျဖစ္ေနမိသည္ ။
" Happy Bithday ဖိုးထင္ ၊ မင္းဘဲႀကီးက လံုးဝအေႂကြဇယားေတြ လုပ္ျပသြားတာေနာ္ ေဟ့ေရာင္ "
သူ႔ကို ဖက္ထားရင္းက နားနားကပ္ကာ ခပ္တိုးတိုးေျပာလာတဲ့ ဗညားေၾကာင့္ အကိုၾကားသြားမွာကို စိုးထိတ္စြာ
" ေဟ့ေကာင္ ေတာ္စမ္း ၊ မင္း ဘာေတြေလ်ွာက္ေျပာေနတာလဲ "
သူေဟာက္လိုက္ေတာ့မွသာ ဗညားက မ်က္ႏွာပိုးသတ္ၿပီး ၿငိမ္သြားသည္ ။ ဒါေတာင္ ရုပ္က စပ္ၿဖဲၿဖဲ ျဖစ္ခ်င္ေနတုန္း ။
ထိုစဥ္ သူ႔လက္ကို လာဆြဲသည့္ လက္တစ္ဖက္ေၾကာင့္ လွည့္ၾကည့္မိေတာ့
" ဟာ မမ "
" ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစ ငါ့ေမာင္ေလး သာသာ "
" မမက ဘယ္ကေန ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ "
" ကိုယ္ေခၚထားတာ အသာ ၊ လင္းလင္းကိုေရာ ဗညားနဲ႔အသာ့ဆိုင္က ဝန္ထမ္းေတြေရာ မင္းသီဟတို႔ေရာ အကုန္လံုးကို ေခၚထားတာ "
" ဗ်ာ....!!! "
ခုနက စိတ္လႈပ္ရွားလြန္း၍ ဘယ္သူ႔ကိုမွ မျမင္မိ ။ အခုမွ သူ႔ပတ္ပတ္လည္က အကုန္လံုးကို လူစံုတက္စံု ေတြ႔ေတာ့သည္ ။
ၾကည့္ဦး...ဆိုင္က Chef ေတြေရာ ဝန္ထမ္းေတြေရာ ေခါင္းေပၚမွာ birthday cap ကိုယ္စီနဲ႔ ။
သူၾကည္နူးစြာ ရယ္ခ်လိုက္မိေတာ့သည္ ။
အကိုရာ.....။
အသာ ေတြ႔ရမယ့္သူေတြ ရွိေသးတယ္ ဟုဆိုကာ အကိုက ဆြဲေခၚေလေတာ့ အကို႔ေနာက္ ပါရသည္ပဲေပါ့ ။
စားပြဲဝိုင္းတစ္ခုဆီ အေရာက္မွာ ေတြ႔လိုက္ရတဲ့သူေတြက ဘြားဘြား ေဖေဖ ေမေမ အန္တီခင္နဲ႔ အကို႔ေမေမအျပင္ သူမသိတဲ့ ဦးေလးႀကီးတစ္ေယာက္ကိုပါ ေတြ႔လိုက္ရသည္ ။ သူမျမင္ဖူးတဲ့ ဒီဦးေလးႀကီးဟာ အကို႔ေဖေဖမ်ားလား ။
သူ႔မွာေတာ့ အံ့ၾသၿပီးရင္း အံ့ၾသရင္း....ဆြံ႕အၿပီးရင္း ဆြံ႕အရင္းပါပဲ ။
အကိုက အားလံုးၾကားေအာင္ လက္ခုပ္လွမ္းတီးလိုက္ရင္း
" ကဲ...ကဲ အားလံုးပဲ ေမြးေန႔ရွင္ေရာက္ၿပီဆိုေတာ့ ေမြးေန႔ပြဲေလး စ,လိုက္ရေအာင္ "
အကိုေျပာၿပီးသည္ႏွင့္ Chef ဦးေလးႀကီးက BD cake အႀကီးႀကီးတစ္လံုးကို ယူခ်လာေတာ့သည္ ။ ဖေယာင္းတိုင္ေတြပါ အဆင္သင့္ထြန္းထားေသာ cake မွာ လွလြန္းသျဖင့္ ခြဲရက္စရာေတာင္မရွိ ။
Cake ရဲ႕ အျဖဴေရာင္ cream ေတြေပၚမွာ Strawberry jam ေတြလို အနီေရာင္ အသဲပံုေတြက ျပန္႔ႀကဲလ်က္ ။
" ဒီ cake က အသာ့အတြက္ ေမြးေန႔လက္ေဆာင္အေနနဲ႔ Chef ဦးေလးႀကီး ကိုယ္တိုင္ဖုတ္ေပးထားတာ "
အကို႔စကားဆံုးေတာ့ မမေမမြန္က
" Cake design ကေတာ့ နင့္ idea မဟုတ္လား ဆက္ေစ "
အကိုက ၿပံဳးစိစိျဖင့္ ေခါင္းျငိမ့္ျပေတာ့ သူ႔မွာ ထပ္တစ္ခါ အံ့ၾသရျပန္ေလသည္ ။ ဒီေလာက္ကို အေသးစိတ္ စဥ္းစားေပးခဲ့တာလား အကိုရယ္ ။
" ကဲ ကဲ BD song ဆိုၿပီး ေမြးေန႔ရွင္က ဖေယာင္းတိုင္မႈတ္မယ္ "
Chef ဦးေလးႀကီးရဲ႕ ေလာေဆာ္မႈအဆံုးမွာ သူ႔အတြက္ ေမြးေန႔သီခ်င္းက လြင့္ပ်ံလာခဲ့သည္
Happy birthday to you 🎶
Happy birthday to you 🎶
Happy birthday dear Htinn Htin Thar...🎂
Happy birthday to you 🎶
သူ ဖေယာင္းတိုင္ မမႈတ္ခင္ ေတာင္းဆုတစ္ခုကို နင့္နင့္နဲနဲ ျပဳမိပါသည္ ။
ေမြးေန႔တိုင္း ေမြးေန႔တိုင္းကို အခုလိုပဲ အကိုနဲ႔ အတူတူျဖတ္ေက်ာ္ခြင့္ ရပါေစ.....
ထို႔ေနာက္ အကိုက လူႀကီးဝိုင္းမွာ ထိုင္ေနေသာ သူမျမင္ဖူးသည့္ ဦးေလးႀကီးဆီ ေခၚသြားရင္း
" ဦးေမာင္ ဒါ ကၽြန္ေတာ္ေျပာတဲ့ ကေလး ၊ အသာ ဒါ အာရုဏ္ဦး စာေပထုတ္လုပ္ေရးရဲ႕ ပိုင္ရွင္ ဦးေမာင္ေမာင္ခန္႔ တဲ့ "
" ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္ အန္ကယ္ "
" အသာ့ရဲ႕ ' အိပ္မက္၏အလြန္' ဆိုတဲ့ ဝတၳဳရွည္ကို ထုတ္ေပးမယ့္ သူေပါ့ "
" ဗ်ာ.....!!!!!!!! "
" အံ့ၾသသြားလား အသာ ၊ ဒါ ကိုယ့္ရဲ႕ ဒီေန႔အတြက္ အသာ့ကို ေပးတဲ့ ေနာက္ဆံုးလက္ေဆာင္ပါ "
"အကိုရာ....ဘာလို႔ ဘာလို႔ ဒီေလာက္ထိေတာင္ "
ဘာဆက္ေျပာရမွန္းမသိေတာ့စြာ စကားကို ရပ္ပစ္လိုက္မိေတာ့သည္ ။ ဘယ္လိုစကားလံုးေတြသံုးမွ အကို႔ေပးဆပ္မႈေတြကို မွီေအာင္ေျပာႏိုင္မွာလဲ ။
ကၽြန္ေတာ့္မွာ လံုေလာက္ေအာင္ ေျပာစရာစကား မရွိေတာ့ပါ ။
********
၂၄ ႏွစ္ျပည့္တဲ႔ ကၽြန္ေတာ့္ရဲ႕ ဒီေမြးေန႔ပြဲေလးဟာ အကို႔ေၾကာင့္ အမွတ္တရေတြ အမ်ားႀကီးနဲ႔ ျပည့္စံုတဲ့ မေမ့ႏိုင္စရာ ပြဲေလးတစ္ခု ျဖစ္ခဲ့ပါသည္ ။
ျဖတ္သန္းခဲ့တဲ့ ၂၄ ႏွစ္တာကာလမွာ....
မိသားစုစံုစံုလင္လင္ အတူရွိခြင့္ရတဲ့ ပထမဆံုးေမြးေန႔ ....
ပြဲေလးတစ္ခု က်င္းပျဖစ္တဲ့ ပထမဆံုးေမြးေန႔ ....
ကိုယ့္နာမည္နဲ႔ BD cake ကို ပိုင္ဆိုင္ခြင့္ရတဲ့ ပထမဆံုးေမြးေန႔ ....
Surprise ဆိုတာေတြကို လက္ခံ႐ွိခဲ့တဲ့ ပထမဆံုးေမြးေန႔ ....
ခ်စ္ရသူနဲ႔အတူတူ ျဖတ္သန္းခြင့္ ရရွိခဲ့တဲ့ ပထမဆံုးေမြးေန႔ ....
ကိုယ့္ဝါသနာကို အရင္းခံၿပီး ႀကိဳးစားခဲ့တဲ့ အရာတစ္ခုကို အသိအမွတ္ျပဳခံရတဲ့ ပထမဆံုးေမြးေန႔ ....
ဤကဲ့သို႔ ပထမဆံုးဆိုတာေတြကို ျဖစ္တည္ေစတဲ့ ဖန္တီးရွင္ဟာ သူခ်စ္ရတဲ့ အကိုျဖစ္ေနျခင္းကလည္း သူ႔အတြက္ေတာ့ မဆံုးႏိုင္တဲ့ ပီတိေတြကို ျဖစ္ေပၚေစပါသည္ ။
အကိုဟာ သူ႔အတြက္ေတာ့ ေမ်ွာ္ေငးၾကည့္ေနရတဲ့ လမင္းႀကီးသက္သက္ မဟုတ္ေတာ့ဘဲ အေမွာင္ထဲမွာ စမ္းတဝါးဝါးနဲ႔ လမ္းေပ်ာက္ေနတဲ့ သူ႕ကို ေဖးကူလမ္းျပေပးရာ အလင္းေရာင္ရွင္လည္း ျဖစ္ခဲ့ပါသည္ ။
စာေပထုတ္လုပ္ေရးပိုင္ရွင္ ဦးေမာင္ေမာင္ခန္႔ရဲ႕ ေမာင္ရင့္အေရးအသားေတြကို ဦးက တကယ္သေဘာက်တယ္ ၊ ဖတ္ရသေလာက္ စာအုပ္တိုင္းကို သေဘာက်ေပမယ့္ ' အိပ္မက္၏အလြန္' ကိုေတာ့ ဦးအေနနဲ႔ စိတ္တိုင္းအက်ဆံုးပဲ ၊ ဝါသနာရွင္ဆိုတာမ်ိဳးထက္ Professional လက္ရာတစ္ခုလို႔ ခံစားရေစတဲ့အတြက္ ဦးက ဒီစာအုပ္ကို ထုတ္ဖို႔ ဆံုးျဖတ္လိုက္တာ...ဆိုတဲ့ စကားေတြကို နားေထာင္ေနရတဲ့အခ်ိန္မွာ အကိုဟာ ကာယကံရွင္ သူ႔ထက္ပင္ ဂုဏ္ယူဟန္ေပါက္ေနေသးသည္ ။
ဤနည္းျဖင့္ အကိုက မိသားစု အသိုင္းအဝိုင္းတစ္ခုလံုးေရွ႕မွာ ကၽြန္ေတာ့္တန္ဖိုးကို ျမွင့္တင္ေပးခဲ့ပါေလသည္ ။
• • • • • • • • • • • • • • • • • • • • • • • • • • • •
______________________________
#For Unicode
သူ ရေချိုးပြီး ပြန်လာတော့ အသာက ဝတ်စုံပြည့်ဖြစ်နေလေပြီ ။
" ဘယ်လိုလဲ အသာ ၊ ကိုယ်ဝယ်ပေးထားတာတွေ အဆင်ပြေရဲ့လား "
" ပြေတယ် အကို ၊ ဘောင်းဘီက နည်းနည်းလေး ချောင်ချင်သလို ဖြစ်နေတာ ၊ ခါးပတ်နဲ့ဝတ်လိုက်တော့ အိုခေသွားတယ် ၊ အကိုက ကျွန်တော့်အကြိုက်တွေကို သိနေတာပဲ "
သူဝယ်ပေးထားတဲ့ ချည်သားရှပ်အဖြူလေးနဲ့ ကာကီရောင်ဘောင်းဘီလေးမှာ အသာနှင့် အတော်ပင် လိုက်ဖက်လှသည် ။
" ကိုယ်အဝတ်အစားလဲပြီးတာနဲ့ ပြန်ကြမယ်နော် အသာ ၊ ရန်ကုန်ပြန်ရောက်ဖို့ကလည်း ကားမောင်းချိန် ယူရဦးမှာဆိုတော့လေ "
" ဟုတ် အကို "
ကားမောင်းထွက်လာပြီး မကြာခင် ထိုကလေးက အိပ်ပျော်သွားလေတော့သည် ။ အင်းပေါ့...မနက်အစောကြီးထပြီး တစ်နေကုန် သွားလာထားရတော့ ပင်ပန်းရှာမှာပေါ့ ။ ခဏနေရင်လည်း လုပ်စရာအစီအစဉ်တွေက ရှိသေးတာမို့ အနားယူတဲ့သဘောနဲ့ ဒီလို ခဏတဖြုတ် အိပ်ပျော်သွားတာလည်း ကောင်းပါသည် ။
ကားက အင်းစိန်ကို ကျော်လာတော့မှ ထိုကလေးက အင်း....အဲ နှင့် နိုးလာ၏ ။
" ဟာ ကျွန်တော် အိပ်ပျော်သွားတာပဲ ၊ အကို့ကို အားနာလိုက်တာ "
" ရပါတယ် အသာရယ် "
" အကိုက ရပါတယ်ဆိုပေမယ့် ကျွန်တော်က ဘယ်ကောင်းမလဲ ၊ အကို့မှာ ကျွန်တော့်မွေးနေ့ကို အကုန်လည်း လိုက်လုပ်ပေးရသေးတယ် ၊ အခုကျ ကားမောင်းနေတဲ့ အကို့ကို ဘေးမှာထားပြီး ကျွန်တော်က အိပ်ပျော်သွားမိတာ ဘယ်လောက် ဆိုးဝါးလိုက်သလဲ "
" အော်...ကာယကံရှင်ကိုယ်က ကျေနပ်နေတာပဲကို အသာရယ် "
" ဂွီ... "
" ဟင်...အသာ ဗိုက်ဆာနေပြီလား "
" ဟီး...ဟုတ်တယ် ဆာပြီ "
" ခဏပဲ စောင့်နော် ၊ ရောက်တော့မှာ "
" အကိုက အခု ဘယ်ကိုမောင်းနေတာလဲ "
" လင်းလင်းမွေးနေ့လုပ်ခဲ့တဲ့ဆိုင်ကိုလေ "
" အော...အဲ့ဆိုင်မှာ ညစာစားမလို့လား "
" အင်းပေါ့...အသာက ဝယ်ကျွေးမှာလား "
" ကျွေးမှာပေါ့ ၊ ကျွန်တော့်အတွက် တစ်နေကုန် ဒုက္ခခံပေးထားတဲ့ အကို့ကို ရှယ်ကျွေးမှာ ၊ အဲ့ဒီက Chef က လက်ရာ အရမ်းကောင်းတာ အကိုရ ၊ ကျွန်တော်နဲ့လည်း ခင်နေတာ ၊ အကိုစားချင်တာကို ကောင်းကောင်းလေး ချက်ခိုင်းပေးမယ် "
တက်တက်ကြွကြွပြောနေတဲ့ အသာ့ ပုံစံလေးကို ချစ်လိုက်တာလေ ။ တဖြည်းဖြည်းနဲ့ ဒီကလေးလေးအပေါ် အဆုံးရှုံးမခံနိုင်တဲ့ စိတ်တွေက တစ်နေ့တစ်ခြား ကြီးထွားလာနေသည် ။
ပတ်ဝန်းကျင်ရိုက်ခတ်မှုဒဏ်တွေကို ဒီကလေးအပေါ်သက်ရောက်လာမှာစိုးလို့သာ သူ့မှာ မြိုသိပ်နေရတာ ။ တစ်ခါတစ်ခါ ထိုကလေးလေးလက်ကိုဆွဲပြီး ဘယ်သူမှ မတွေ့နိုင်တဲ့ အဝေးဆုံးနေရာတစ်ခုကို ထွက်ပြေးသွားလိုက်ချင်မိတဲ့အထိ သူ့စိတ်တွေက မိုက်မဲချင်နေသည် ။
ကျွတ်...မဟုတ်တာတွေ မတွေးစမ်းနဲ့ ဆက်စေရာ ။
သူတို့ကားလေး စားသောက်ဆိုင်ရှေ့မှာ ရပ်လိုက်တော့...
" အံမယ် ဒီနေ့ဆိုင်က လူရှင်းနေပါလား ၊ ကျွန်တော်တို့ အေးအေးဆေးဆေး စားလို့ရပြီ အကို ၊ မိုက်တယ် "
ဆိုင်ရဲ့အဆောက်အဦးရှိရာသို့ ကျောက်စရစ်ခဲလေးတွေနဲ့ စီထားတဲ့ လမ်းလေးအတိုင်း လျှောက်လာကြရင်း အသာက
" ဆိုင်က အပြင်အဆင်တွေ ပြောင်းနေပါလား ၊ အရင်က ဒီလမ်းလေးမှာ ဒီလို မီးပုံးလေးတွေ မရှိဘူး အကိုရဲ့ "
" ဟုတ်လား "
" ဟုတ်တယ် ၊ ဟင်...ဒါလေးတွေက ဘာကဒ်လေးတွေပါလိမ့် "
လျှောက်လမ်းရဲ့ အမိုးကနေ ကြိုးလေးတွေနဲ့ တွဲလောင်းဆွဲချထားသော ကဒ်လေးတွေထဲက တစ်ခုကို အသာက စိတ်ဝင်စားဟန်နှင့် ဆွဲယူကြည့်လိုက်ပြီးနောက်
" ဟာ....ဟာ အကို့ ဒါ...ဒါက "
အံ့သြတကြီး ဖြစ်နေတဲ့ ကလေးငယ်အား သူ ပြုံး၍ပင် ကြည့်နေမိတော့သည် ။
*********
" ဟာ....ဟာ အကို့ ဒါ...ဒါက "
ကြိုးလေးတွေနှင့် တွဲလောင်းဆွဲထားတဲ့ ကဒ်လေးတွေကို တစ်ခုစီ ယူကြည့်ရင်း သူ့မှာ တစ်ကိုယ်လုံး တုန်ရင်လာသလို ။
အားလုံးဟာ သူ ငယ်စဉ်ကလေးဘဝမှ အခုအရွယ်ထိ သူ့ရဲ့ ဓာတ်ပုံတွေချည်းသာ ။
" အသာဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ ၂၄ နှစ်တာအတွင်း ကြီးပြင်းလာပုံ အဆင့်ဆင့်ပေါ့ သဘောကျလား အသာ "
သူ့မှာ တဆတ်ဆတ်တုန်နေသော လက်ဖြင့် ကဒ်လေးတွေကို ကိုင်ကြည့်နေရင်းက အံ့သြရလွန်း၍ အကို့အား စကားပင် မပြန်နိုင် ။ အကိုက တုန်ရင်နေသော သူ့လက်တွေကို လာရောက်အုပ်ကိုင်ရင်း
" ဟောဗျာ...လက်ဖျားတွေတောင် အေးစက်လို့ ၊ Relax Relax ကလေးလေး ၊ အရမ်း စိတ်လှုပ်ရှားသွားတယ်ထင်တယ် ဟုတ်လား ၊ လာ လာ ရေသွားသောက်ရအောင် "
အကိုဆွဲခေါ်ရာနောက်ကို လိုက်ခဲ့ပြီး ဆိုင်တံခါးကို တွန်းဖွင့်ဝင်လိုက်ချိန်
" Happy Birthday ထင်းထင်သာ "
ရုတ်တရက် ကြားလိုက်ရသော မွေးနေ့ဆုတောင်းသံတွေနဲ့အတူ သူ့ခေါင်းပေါ်မှာ လက်လက်လက်လက် အမှုန်တွေပါ ကျလာသည် ။
ထို့နောက် သူ့အား ပြေးဖက်လာသည်က ဗညား ။ သူ့မှာတော့ ဆွံ့အ,မင်သက်ရ, လွန်း၍ လူက ကျောက်ရုပ်ကြီးလို ဖြစ်နေမိသည် ။
" Happy Bithday ဖိုးထင် ၊ မင်းဘဲကြီးက လုံးဝအကြွေဇယားတွေ လုပ်ပြသွားတာနော် ဟေ့ရောင် "
သူ့ကို ဖက်ထားရင်းက နားနားကပ်ကာ ခပ်တိုးတိုးပြောလာတဲ့ ဗညားကြောင့် အကိုကြားသွားမှာကို စိုးထိတ်စွာ
" ဟေ့ကောင် တော်စမ်း ၊ မင်း ဘာတွေလျှောက်ပြောနေတာလဲ "
သူဟောက်လိုက်တော့မှသာ ဗညားက မျက်နှာပိုးသတ်ပြီး ငြိမ်သွားသည် ။ ဒါတောင် ရုပ်က စပ်ဖြဲဖြဲ ဖြစ်ချင်နေတုန်း ။
ထိုစဉ် သူ့လက်ကို လာဆွဲသည့် လက်တစ်ဖက်ကြောင့် လှည့်ကြည့်မိတော့
" ဟာ မမ "
" မွေးနေ့မှာ ပျော်ရွှင်ပါစေ ငါ့မောင်လေး သာသာ "
" မမက ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "
" ကိုယ်ခေါ်ထားတာ အသာ ၊ လင်းလင်းကိုရော ဗညားနဲ့အသာ့ဆိုင်က ဝန်ထမ်းတွေရော မင်းသီဟတို့ရော အကုန်လုံးကို ခေါ်ထားတာ "
" ဗျာ....!!! "
ခုနက စိတ်လှုပ်ရှားလွန်း၍ ဘယ်သူ့ကိုမှ မမြင်မိ ။ အခုမှ သူ့ပတ်ပတ်လည်က အကုန်လုံးကို လူစုံတက်စုံ တွေ့တော့သည် ။
ကြည့်ဦး...ဆိုင်က Chef တွေရော ဝန်ထမ်းတွေရော ခေါင်းပေါ်မှာ birthday cap ကိုယ်စီနဲ့ ။
သူကြည်နူးစွာ ရယ်ချလိုက်မိတော့သည် ။
အကိုရာ.....။
အသာ တွေ့ရမယ့်သူတွေ ရှိသေးတယ် ဟုဆိုကာ အကိုက ဆွဲခေါ်လေတော့ အကို့နောက် ပါရသည်ပဲပေါ့ ။
စားပွဲဝိုင်းတစ်ခုဆီ အရောက်မှာ တွေ့လိုက်ရတဲ့သူတွေက ဘွားဘွား ဖေဖေ မေမေ အန်တီခင်နဲ့ အကို့မေမေအပြင် သူမသိတဲ့ ဦးလေးကြီးတစ်ယောက်ကိုပါ တွေ့လိုက်ရသည် ။ သူမမြင်ဖူးတဲ့ ဒီဦးလေးကြီးဟာ အကို့ဖေဖေများလား ။
သူ့မှာတော့ အံ့သြပြီးရင်း အံ့သြရင်း....ဆွံ့အပြီးရင်း ဆွံ့အရင်းပါပဲ ။
အကိုက အားလုံးကြားအောင် လက်ခုပ်လှမ်းတီးလိုက်ရင်း
" ကဲ...ကဲ အားလုံးပဲ မွေးနေ့ရှင်ရောက်ပြီဆိုတော့ မွေးနေ့ပွဲလေး စ,လိုက်ရအောင် "
အကိုပြောပြီးသည်နှင့် Chef ဦးလေးကြီးက BD cake အကြီးကြီးတစ်လုံးကို ယူချလာတော့သည် ။ ဖယောင်းတိုင်တွေပါ အဆင်သင့်ထွန်းထားသော cake မှာ လှလွန်းသဖြင့် ခွဲရက်စရာတောင်မရှိ ။
Cake ရဲ့ အဖြူရောင် cream တွေပေါ်မှာ Strawberry jam တွေလို အနီရောင် အသဲပုံတွေက ပြန့်ကြဲလျက် ။
" ဒီ cake က အသာ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ Chef ဦးလေးကြီး ကိုယ်တိုင်ဖုတ်ပေးထားတာ "
အကို့စကားဆုံးတော့ မမမေမွန်က
" Cake design ကတော့ နင့် idea မဟုတ်လား ဆက်စေ "
အကိုက ပြုံးစိစိဖြင့် ခေါင်းငြိမ့်ပြတော့ သူ့မှာ ထပ်တစ်ခါ အံ့သြရပြန်လေသည် ။ ဒီလောက်ကို အသေးစိတ် စဉ်းစားပေးခဲ့တာလား အကိုရယ် ။
" ကဲ ကဲ BD song ဆိုပြီး မွေးနေ့ရှင်က ဖယောင်းတိုင်မှုတ်မယ် "
Chef ဦးလေးကြီးရဲ့ လောဆော်မှုအဆုံးမှာ သူ့အတွက် မွေးနေ့သီချင်းက လွင့်ပျံလာခဲ့သည်
Happy birthday to you 🎶
Happy birthday to you 🎶
Happy birthday dear Htinn Htin Thar...🎂
Happy birthday to you 🎶
သူ ဖယောင်းတိုင် မမှုတ်ခင် တောင်းဆုတစ်ခုကို နင့်နင့်နဲနဲ ပြုမိပါသည် ။
မွေးနေ့တိုင်း မွေးနေ့တိုင်းကို အခုလိုပဲ အကိုနဲ့ အတူတူဖြတ်ကျော်ခွင့် ရပါစေ.....
ထို့နောက် အကိုက လူကြီးဝိုင်းမှာ ထိုင်နေသော သူမမြင်ဖူးသည့် ဦးလေးကြီးဆီ ခေါ်သွားရင်း
" ဦးမောင် ဒါ ကျွန်တော်ပြောတဲ့ ကလေး ၊ အသာ ဒါ အာရုဏ်ဦး စာပေထုတ်လုပ်ရေးရဲ့ ပိုင်ရှင် ဦးမောင်မောင်ခန့် တဲ့ "
" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ် "
" အသာ့ရဲ့ ' အိပ်မက်၏အလွန်' ဆိုတဲ့ ဝတ္ထုရှည်ကို ထုတ်ပေးမယ့် သူပေါ့ "
" ဗျာ.....!!!!!!!! "
" အံ့သြသွားလား အသာ ၊ ဒါ ကိုယ့်ရဲ့ ဒီနေ့အတွက် အသာ့ကို ပေးတဲ့ နောက်ဆုံးလက်ဆောင်ပါ "
"အကိုရာ....ဘာလို့ ဘာလို့ ဒီလောက်ထိတောင် "
ဘာဆက်ပြောရမှန်းမသိတော့စွာ စကားကို ရပ်ပစ်လိုက်မိတော့သည် ။ ဘယ်လိုစကားလုံးတွေသုံးမှ အကို့ပေးဆပ်မှုတွေကို မှီအောင်ပြောနိုင်မှာလဲ ။
ကျွန်တော့်မှာ လုံလောက်အောင် ပြောစရာစကား မရှိတော့ပါ ။
********
၂၄ နှစ်ပြည့်တဲ့ ကျွန်တော့်ရဲ့ ဒီမွေးနေ့ပွဲလေးဟာ အကို့ကြောင့် အမှတ်တရတွေ အများကြီးနဲ့ ပြည့်စုံတဲ့ မမေ့နိုင်စရာ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါသည် ။
ဖြတ်သန်းခဲ့တဲ့ ၂၄ နှစ်တာကာလမှာ....
မိသားစုစုံစုံလင်လင် အတူရှိခွင့်ရတဲ့ ပထမဆုံးမွေးနေ့ ....
ပွဲလေးတစ်ခု ကျင်းပဖြစ်တဲ့ ပထမဆုံးမွေးနေ့ ....
ကိုယ့်နာမည်နဲ့ BD cake ကို ပိုင်ဆိုင်ခွင့်ရတဲ့ ပထမဆုံးမွေးနေ့ ....
Surprise ဆိုတာတွေကို လက်ခံရှိခဲ့တဲ့ ပထမဆုံးမွေးနေ့ ....
ချစ်ရသူနဲ့အတူတူ ဖြတ်သန်းခွင့် ရရှိခဲ့တဲ့ ပထမဆုံးမွေးနေ့ ....
ကိုယ့်ဝါသနာကို အရင်းခံပြီး ကြိုးစားခဲ့တဲ့ အရာတစ်ခုကို အသိအမှတ်ပြုခံရတဲ့ ပထမဆုံးမွေးနေ့ ....
ဤကဲ့သို့ ပထမဆုံးဆိုတာတွေကို ဖြစ်တည်စေတဲ့ ဖန်တီးရှင်ဟာ သူချစ်ရတဲ့ အကိုဖြစ်နေခြင်းကလည်း သူ့အတွက်တော့ မဆုံးနိုင်တဲ့ ပီတိတွေကို ဖြစ်ပေါ်စေပါသည် ။
အကိုဟာ သူ့အတွက်တော့ မျှော်ငေးကြည့်နေရတဲ့ လမင်းကြီးသက်သက် မဟုတ်တော့ဘဲ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေတဲ့ သူ့ကို ဖေးကူလမ်းပြပေးရာ အလင်းရောင်ရှင်လည်း ဖြစ်ခဲ့ပါသည် ။
စာပေထုတ်လုပ်ရေးပိုင်ရှင် ဦးမောင်မောင်ခန့်ရဲ့ မောင်ရင့်အရေးအသားတွေကို ဦးက တကယ်သဘောကျတယ် ၊ ဖတ်ရသလောက် စာအုပ်တိုင်းကို သဘောကျပေမယ့် ' အိပ်မက်၏အလွန်' ကိုတော့ ဦးအနေနဲ့ စိတ်တိုင်းအကျဆုံးပဲ ၊ ဝါသနာရှင်ဆိုတာမျိုးထက် Professional လက်ရာတစ်ခုလို့ ခံစားရစေတဲ့အတွက် ဦးက ဒီစာအုပ်ကို ထုတ်ဖို့ ဆုံးဖြတ်လိုက်တာ...ဆိုတဲ့ စကားတွေကို နားထောင်နေရတဲ့အချိန်မှာ အကိုဟာ ကာယကံရှင် သူ့ထက်ပင် ဂုဏ်ယူဟန်ပေါက်နေသေးသည် ။
ဤနည်းဖြင့် အကိုက မိသားစု အသိုင်းအဝိုင်းတစ်ခုလုံးရှေ့မှာ ကျွန်တော့်တန်ဖိုးကို မြှင့်တင်ပေးခဲ့ပါလေသည် ။
• • • • • • • • • • • • • • • • • • • • • • • • • • • •