#For Zawgyi
ဘုရားကအျပန္ ဒင္ဆမ္းဝင္စားၾကၿပီးေတာ့ အကိုက ကားကို ျပည္လမ္းအတိုင္း ေမာင္းလာခဲ့သည္မွာ ေထာက္ၾကံ႕နားပင္ ေရာက္လာခဲ့သည္ ။
" အကို႔ ဘယ္ကိုသြားေနတာလဲဟင္ "
" ဘာလဲ...အသာ့ကို ျပန္ေပးဆြဲလာတယ္ ထင္လို႔လား "
" အာ...အကိုကလဲ ၊ မဟုတ္တာေတြ ၊ အေဝးႀကီးေမာင္းလာလို႔ ဒီလိုပဲ ေမးၾကည့္မိတာပါ "
အကိုသာ ျပန္ေပးဆြဲလို႔ကေတာ့ သူက ပိုေတာင္ႀကိဳက္ပါေသးတယ္ဟုေတာ့ မေျပာျဖစ္လိုက္ပါ ။
" ေမွာ္ဘီကို သြားေနတာ ၊ အသာ့ကို ေခၚသြားခ်င္တဲ့ ေနရာေလးတစ္ခု ရွိလို႔ "
ေနာက္ထပ္ နာရီဝက္ေလာက္ ေမာင္းလာအၿပီးမွာ လမ္းမႀကီးေပၚကတစ္ဆင့္ လမ္းသြယ္တစ္ခုထဲသို႔ ခ်ိဳးေကြ႕လာခဲ့သည္ ။ ပတ္ဝန္းက်င္က ရန္ကုန္အေငြ႕အသက္ႏွင့္ ျခားနားစြာ သစ္ပင္ႀကီးငယ္တို႔ျဖင့္ စိမ္းစိမ္းစိုစို တိတ္တိတ္ဆိတ္ဆိတ္ရွိလွ၏ ။
သူ႕စိတ္ေတြပင္ ေအးခ်မ္းသြားသလို ။
ျခံဝင္းတစ္ခုထဲက သစ္ပင္ရိပ္ေအာက္မွာ ကားကိုထိုးရပ္လိုက္ၿပီး အကိုက
" ေရာက္ၿပီ အသာ "
သူလည္း ကားတံခါးကိုဖြင့္ကာဆင္းလိုက္ၿပီး
" ဒါ ဘယ္ေနရာလဲ အကို ? "
သူ႔မွာ ေမးလို႔မွမဆံုးေသး ခပ္လွမ္းလွမ္း အေဆာက္အဦးတစ္ခုထဲမွ ေျပးထြက္လာေသာ ကေလးတစ္စုဟာ အကို႔နားမွာ ပတ္ခ်ာလည္လွည့္လ်က္ ။ သူ႔ကိုလည္း စူးစမ္းသလိုႏွင့္ မဝံ့မရဲၾကည့္ေနတဲ့ ကေလးတစ္ခ်ိဳ႕လည္း ရွိေသးရဲ႕ ။
" လာ အသာ "
ကေလးတစ္သိုက္ဝန္းရံလ်က္ အကိုကေတာ့ ေရွ႕မွ သြားႏွင့္ေလသည္ ။ သူလည္း အူေၾကာင္ေၾကာင္ျဖင့္ ေနာက္က လိုက္ခဲ့ရေတာ့၏ ။
အကိုဝင္သြားသည့္ အေဆာက္အဦးငယ္ထဲသို႔ သူပါလိုက္ဝင္မိေတာ့ ခုနက အကို႔နားမွာ ဝိုင္းေနတဲ့ ကေလးတစ္စုေရာ ေနာက္ထပ္ကေလးေတြေရာဟာ စီတန္းထားတဲ့ ခံုတန္းရွည္ေတြမွာ စနစ္တက် ထိုင္ေနၾကသည္ ။ သူတို႔ေရွ႕ စားပြဲေပၚမွာက ပံုစံခြက္ႏွင့္ထည့္ထားေသာ ထမင္းနဲ႔ဟင္းမ်ား ။
အကိုက ဦးေလးႀကီးတစ္ေယာက္ႏွင့္ ရပ္ၿပီး စကားေျပာေနသျဖင့္ သူလည္း ဟိုဟိုဒီဒီအကဲခတ္ေနရင္း အခန္းရဲ႕ေရွ႕တည့္တည့္မွာ ရွိတဲ့ ေက်ာက္သင္ပုန္းေပၚမွ စာလံုးတစ္ခ်ိဳ႕ကို ျမင္မိလိုက္ခ်ိန္မွာ သူ႕ကမ႓ာဟာ ေခတၱခဏ ရပ္တန္႔သြားသလို ။
" ခိုလႈံရာ မိဘမဲ့ကေလးေစာင့္ေရွာက္ေရး ေဂဟာအတြက္ တစ္ေန႔စာ အာဟာရကို ေမြးေန႔ရွင္ ထင္းထင္သာမွ ဒါနျပဳ လွဴဒါန္းပါသည္ ။ "
ဆိုေသာ စာသားေလးဟာ ၾကည္ႏူးစိတ္ႏွင့္ ဝဲတက္လာေသာ သူ႔ မ်က္ရည္မ်ားၾကားမွာ မႈန္ဝါးသြားေလသည္ ။
အကို႔ရဲ႕ Surprise ေတြက ဒီေန႔အဖို႔ ၿပီးဦးမွာလားဗ်ာ ။ အံ့ၾသရ , ႀကည္ႏူးရ , ပီတိျဖစ္ရ , ရင္ခုန္ရနဲ႔ ဒီလူရဲ႕ စိတ္ကလည္း ေျမာ့ေျမာ့ပဲ က်န္ပါေတာ့တယ္ အကိုေရ ။
စကားေျပာလို႔ၿပီးသြားပံုရတဲ့ အကိုက ခပ္ေတာင့္ေတာင့္ရပ္ေနမိတဲ့ သူ႔အနားကို ေလ်ွာက္လာရင္း
" ဒါ ကိုယ့္ရဲ႕ ဒုတိယ ေမြးေန႔လက္ေဆာင္ပါ အသာ "
သူ႕မွာ စိတ္လႈပ္ရွားလြန္း၍ ဘာမွေတာင္ တုန္႔ျပန္ၿပီး မေျပာႏိုင္ ။ မင္သက္မိတယ္ ဆိုတာ ဒီလို ခံစားမႈမ်ိဳးကို ေျပာတာေနမွာ ။
ထိုအခ်ိန္မွာပဲ ကေလးေတြရဲ႕ ' ေမြးေန႔ရွင္ အကိုႀကီး က်န္းမာပါေစ ခ်မ္းသာပါေစ ' ဟူေသာ ဆုေတာင္းသံကို အၾကားမွာ လူက မ်က္ရည္ေပါက္ေပါက္က်ေလသည္ ။
အကိုက သူ႕ပခံုးေလးကို ခပ္ဖြဖြဖက္ရင္း
" ကိုယ္က အသာ့ကို ေပ်ာ္ေစခ်င္လို႔ လုပ္ေပးတာေလကြာ ၊ ခုေတာ့ ငိုေအာင္လုပ္မိသလို ျဖစ္ေနၿပီ "
" ကၽြန္ေတာ္...ကၽြန္ေတာ္ ေပ်ာ္လြန္းလို႔ မ်က္ရည္က်မိတာပါ ၊ ငိုတာ မဟုတ္ပါဘူး အကို ၊ အကို႕ကိုလည္း တကယ္ကို ေက်းဇူးတင္ပါတယ္ ၊ ကၽြန္ေတာ့္အတြက္ ဒီလို အဓိပၸါယ္ရွိတဲ့ ေမြးေန႔ေလးတစ္ခုအျဖစ္ ဖန္တီးေပးလို႔ "
" ေက်းဇူးတင္စရာ မလိုပါဘူး အသာရယ္ ၊ ကိုယ့္ေၾကာင့္ အသာေပ်ာ္တယ္ဆိုရင္ပဲ ကိုယ့္အတြက္က ျပည့္စံုေနပါၿပီ "
သူ႕ကို ငံု႕ၾကည့္လာတဲ့ အကို႔အၿပံဳးေအာက္မွာ အခါခါေသဆံုးရပါသည္ ။
" ဒီေဂဟာေလးကို အကိုက လာေနက်လား "
" အင္း...မင္းသီဟတို႔က ဒီမွာ ေဆးကုသိုလ္အၿမဲယူထားတာဆိုေတာ့ ကိုယ္လည္း သူတို႔နဲ႔အတူ မၾကာမၾကာ ေရာက္ျဖစ္တယ္ေလ ၊ အဲ့ဒါေၾကာင့္ ဒီက ကေလးေတြနဲ႔ေတာင္ ရင္းႏွီးေနၿပီ "
" အကို လာတဲ့အခါတိုင္း ကၽြန္ေတာ့္ကို ေခၚပါေနာ္ "
" အသာ လိုက္ခ်င္ရင္ ကိုယ္က ေခၚမွာေပါ့ "
" ဆရာတို႔ညီအကို ကေလးေတြနဲ႔တူတူ တစ္ခါတည္း ထမင္းသံုးေဆာင္ၾကပါလား "
ခုနက အကိုႏွင့္စကားေျပာေနေသာ ဦးေလးႀကီးက ေျပာေတာ့ အကိုကပါ
" စားၾကမလား အသာ ၊ ဒီေန႔ ကိုယ္ ဟင္းေကာင္းေကာင္း ခ်က္ခိုင္းထားတာ ၊ သီးစံုပဲကုလားဟင္းရယ္ ဝက္သားနီခ်က္ရယ္ ငါးပိေၾကာ္ရယ္ အသာ စားခ်င္လား "
" အကိုေရာ စားမွာလား "
" အသာစားရင္ ကိုယ္ကပါ လိုက္စားမွာေပါ့ "
အကို႔အမူအရာဟာ သူဘာလုပ္လုပ္ ေနာက္ကေန အကုန္လိုက္ၿပီး ျဖည့္ဆည္းေပးခ်င္တဲ့ အကိုႀကီးတစ္ေယာက္ႏွယ္ ။
" ဒါဆို စားၾကမယ္ "
ကေလးေတြနဲ႔အတူတူ စ,ရင္း ေနာက္ရင္း စားရလို႔ပဲလား စိတ္ကကို ေပ်ာ္ေနလို႕ပဲလား မသိ ။ စားေကာင္းေကာင္းနဲ႔ စားလိုက္သည္မွာ ထမင္းႏွစ္ပန္းကန္ဟာ မည္သို႔မည္ပံု ကုန္သြားသည္ မသိလိုက္ေခ် ။ ဗိုက္အင့္လာမွသာ စားတာ ေတာ္ေတာ္မ်ားသြားမွန္း သတိျပဳမိေတာ့သည္ ။
အကိုကေတာ့ သူအမ်ားႀကီးစားလိုက္တာကို သေဘာက်သလို ၿပံဳးၾကည့္ေနျပန္တာမို႕ သူ႔မွာ ရွက္ကိုးရွက္ကန္း ။
" လာ လာ အစားပုတ္ကေလး ၊ လမ္းေလးဘာေလး ထ,ေလ်ွာက္ရေအာင္ ၊ ေတာ္ၾကာ အစာမေၾကဘဲေနမယ္ "
" ဟာဗ်ာ အကိုကလဲ "
အကို ကမ္းေပးတဲ့လက္ကို ဆြဲကိုင္အားျပဳရင္း အင့္ေနတဲ့ဗိုက္ကို မနည္းသယ္ကာ ထ,ရသည္ ။ ျခံဝန္းထဲ ေလ်ွာက္မိၾကသည္အထိ အကိုက သူ႔ကို ေစာင္းငဲ့ၾကည့္ကာ ျပံဳးစိစိ ျဖစ္ေနတုန္းပင္ ။
" ေတာ္ေတာ္ စားေကာင္းသြားတယ္ေပါ့ ၊ ဟုတ္လား အသာ "
" အဟီး...ဟင္းေကာင္းလို႔နဲ႔တူတယ္ "
" အင္း...ဒီေန႔ေတာ့ ကေလးေတြကို ဟင္းေကာင္းေကာင္းနဲ႔ စားေစခ်င္လို႔ ေသေသခ်ာခ်ာ ခ်က္ခိုင္းထားတာ ၊ ပံုမွန္ဆို အၿမဲတမ္း ဒီလို ဟင္းမေကာင္းဘူးေလ ၊ အဲ့ဒါေၾကာင့္ အလွဴရွင္ရွိတဲ့ ဒီလိုရက္မ်ိဳးဆိုရင္ ကေလးေတြက သိပ္ေပ်ာ္ၾကတာ "
" တစ္လတစ္ခါေလာက္ေတာ့ ဒီလိုေလး လာလွဴခ်င္တယ္ အကိုရယ္ ၊ သူတို႔ေလးေတြ ခုလို အားရပါးရ စားေနၾကတာ ျမင္ေတာ့ စိတ္ထဲမွာ တကယ္ပီတိျဖစ္ရတယ္ "
" အသာ လွဴခ်င္တယ္ဆိုရင္ လွဴၾကမယ္ေလ ၊ ကိုယ္လိုက္ပို႔ေပးမွာေပါ့ "
" တကယ္ေနာ္ တကယ္ေနာ္ အကို ! "
အကိုက သူ႔ေခါင္းက ဆံပင္ေတြကို ဆြဲဖြပစ္ရင္း
" တကယ္ပါဗ်ား "
********
ကိုယ့္ေၾကာင့္ ဒီကေလး ေပ်ာ္ေနတာကို ၾကည့္ရင္း သူ႔မွာ ပီတိက တစိမ့္စိမ့္ ။ ဘဝတစ္ေလ်ွာက္လံုး ဒီလိုေလးပဲ အၿမဲတမ္း ျဖည့္ဆည္းေပးခြင့္ ရသြားခ်င္ပါတယ္ ကေလးငယ္ ။
ခပ္လွမ္းလွမ္းက ခံုတန္းလ်ားေလးမွာထိုင္ကာ ကေလးတစ္သိုက္နဲ႔ ရယ္ကာေမာကာ ရွိေနတဲ့ အသာ့ကို လွမ္းၾကည့္ေနရင္း သူကပါ လိုက္ၿပံဳးမိေနတဲ့ အျဖစ္ ။
ခဏၾကာေတာ့ အသာက သူ႔ဆီေျပးလာရင္း
" အကို႔ ကေလးေတြက ေဘာလံုးကန္ၾကမလို႔တဲ့ ၊ အဲ့ဒါ ကၽြန္ေတာ္လည္း ဝင္ကန္ခ်င္လို႔ "
" ကန္ေလ အသာရဲ႕ "
သူခြင့္ျပဳေတာ့လည္း ရပ္ေနရာမွ မသြားေသးဘဲ အသာက ေတာင္ကုတ္ေျမာက္ကုတ္ႏွင့္ အီလည္လည္ရုပ္ေလး လုပ္ေနၿပီး
" ဟိုကေလးေတြက သူတို႔ထဲမွာ ကၽြန္ေတာ္က လူႀကီးဆိုေတာ့ ကၽြန္ေတာ္ တစ္ဖက္အသင္းမွာ ပါလိုက္ရင္ က်န္တဲ့အသင္းက လူမမ်ွပဲ ေနမွာေပါ့တဲ့ "
ခုထိလည္း အသာဆိုလိုခ်င္တာကို သူ႔မွာ သေဘာမေပါက္မိေသး ။ ခပ္လွမ္းလွမ္းက ကေလးတစ္စုဟာလည္း သူတို႔ထံ လည္တဆန္႔ဆန္႔ျဖင့္ လွမ္းၾကည့္ေနေသးသည္ ။ ဘာေတြတုန္း.... ။
" အင္း အဲ့ဒီေတာ့?? "
" အဲ့ဒီေတာ့....အဲ့ဒီေတာ့ေလ ဟိုဘက္ဒီဘက္ လူမ်ွသြားေအာင္ အကိုပါ ဝင္ကန္ပါလားလို႔ အဟီး "
ျမတ္စြာဘုရား.... ။ ဆက္ေစဓနတို႔ေတာ့ အက်ိဳးနည္းၿပီ ။ ေက်ာခ်မွ ဓါးျမမွန္းသိ ဆိုတာ ဒါမ်ိဳးကို ေျပာတာေနမွာ ။ တစ္သက္လံုးက တည္တည္ၾကည္ၾကည္ ေနလာခဲ့သမ်ွ ဒင္းေလးနဲ႔ေတြ႔မွ ကိုယ့္မွာ Image ေပ်ာက္ရမယ့္အျဖစ္ ။
ဒင္းေလးကလည္း ေမ်ွာ္တလင့္လင့္ မ်က္လံုးမ်ားနဲ႔ သူ႔အားေငးၾကည့္ေနေလေတာ့.....
Image ဆိုတာလည္း ေပ်ာက္ကာမွသာ ေပ်ာက္ေရာပဲ ။ ကိုယ့္ကေလး စိတ္ခ်မ္းသာေအာင္ ျဖည့္ဆည္းေပးရမွာက ေဟာဒီက ကိုကိုဆက္ေစရဲ႕တာဝန္လို႔ပဲ မွတ္ယူပါတယ္ေလ ။
" ကဲ ကဲ လာ... သြားကန္ၾကမယ္ "
" အားးး ဒါမွ ကၽြန္ေတာ့္အကို ၊ ခ်စ္လိုက္တာ ဟီးဟီး "
ဒီေကာင္ေလး ေျပာပံုနဲ႔ေတာ့ သူ႔ခမ်ာ ေဘာလံုးမကန္ရခင္ကို ရင္အခုန္လြန္ၿပီး ေသသြားႏိုင္ဖြယ္ရွိသည္ ။
ေဘာလံုးကန္ၾကရင္း ဒီကေလး ငယ္ငယ္တုန္းကလည္း အခုလိုပဲ သူကေလးအလိုက် ေဘာလံုးလိုက္ကန္ေပးခဲ့ရတာကို သတိရမိ၏ ။
ကေလးငယ္ရဲ႕ဆႏၵေတြကို ငယ္စဥ္ကတည္းက ျဖည့္ဆည္းေပးခဲ့တယ္ ။ အခုလည္း ျဖည့္ဆည္းေပးေနမိတယ္ ။ ေနာင္ကိုလည္း ဒီလိုပဲ ျဖည့္ဆည္းေပးသြားခ်င္ပါတယ္ ကေလးငယ္ရယ္..... ။
ေဘာလံုးကန္ၿပီးေနာက္မွာေတာ့ ႏွစ္ေယာက္လံုးဟာ မဲသဲေပတူးေနၾကၿပီ ။
" ကၽြန္ေတာ္ ေရခ်ိဳးခ်င္လိုက္တာ အကိုရာ "
" ခ်ိဳးရမွာေပါ့ အသာရဲ႕ ၊ ဒီေလာက္ ညစ္ပတ္ေနၿပီဟာကို "
" ဒါေပမယ့္ ေရခ်ိဳးၿပီးရင္ ဒီအဝတ္အစားႀကီးေတြပဲ ျပန္ဝတ္ရမွာကို စိတ္ညစ္လို႔ "
" ကိုယ့္မွာ ပါတယ္ေလ "
" အကိုက ပါေပမယ့္ ကၽြန္ေတာ္မွ မပါတာ "
" အသာ့အတြက္ပါ ပါတယ္ေျပာတာ "
" ဟင္ ဘယ္လိုလုပ္ၿပီး...??? "
" ညေနက်ရင္ သြားရမယ့္ေနရာ ရွိေသးတယ္ ၊ အဲ့ဒီအခါ ဒီလို ပုဆိုးေတြဘာေတြနဲ႔ မသြားခ်င္လို႔ အသာ့အတြက္ အက်ႌတစ္စံုဝယ္ထည့္လာခဲ့တာ "
" ေဘာင္းဘီေရာလား "
" အင္း အသာဝတ္ေလ့ရွိတဲ့ ေဘာင္းဘီရွည္မ်ိဳးပဲ "
" အကိုက ကၽြန္ေတာ္ ဝတ္ေနက် Size ကို သိလို႔လား ၊ Will-power ေတြ ဘာေတြေတာ့ လာမေျပာနဲ႔ေနာ္...ဟြန္း "
ဟင္...အခု ဒီကေလးေလးက သူ႕ကို မ်က္ေစာင္းထိုးသလို လုပ္လိုက္တာလား ။ ဟာကြာ...ဘာေလးမွန္းလည္း မသိဘူး ။ အသည္းယားလို႔ ေသေတာ့မွာပဲ ။
" ခန္႔မွန္းၿပီး ဝယ္လာတာေပါ့ ၊ နည္းနည္းေခ်ာင္ေနရင္လည္း သည္းခံၿပီး ခါးပတ္ေလးနဲ႔ တြဲဝတ္ေပး ၊ ဟုတ္ၿပီလား ဂ်ီေကာင္ေလး "
ထိုအခါက်မွသာ ကိုယ္ေတာ္ေလးက ၿပံဳးစိစိနဲ႔ ေခါင္းျငိမ့္ျပလာသည္ ။
ေရခ်ိဳးေတာ့လည္း ဒီမွာက ေရခ်ိဳးခန္းေတြ ဘာေတြ သီးသန္႔မရွိ ။ အုတ္ကန္အႀကီးႀကီးမွာ စုခ်ိဳးရတာ ျဖစ္သည္ ။
အသာက ေအးေဆးစြာ ခ်ိဳးေနေပမယ့္ သူ႔မွာ မေအးေဆးႏိုင္ ။ အေပၚပိုင္း အဝတ္ဗလာနဲ႔ ထိုကေလးခႏၶာကိုယ္ကို ရဲရဲမၾကည့္ရဲသျဖင့္ သူ႔မွာ အနားမကပ္ဘဲ ေရွာင္ဖယ္ဖယ္ လုပ္ေနရတဲ့ဘဝ ။
သူလည္းေယာက္်ား ငါလည္းေယာက္်ားပဲ ဘာျဖစ္လဲ ဆိုတဲ့ စိတ္မ်ိဳး မထားႏိုင္ဘဲ ထိုကေလးအေပၚ မ်က္ႏွာပူသလိုႀကီးပဲ ခံစားေနရသည္ ။
" အကို႔ ေရမခ်ိဳးဘဲ ဘာလုပ္ေနတာလဲ "
အသာက အုတ္ကန္ထဲမွ ေရေတြကို တဗြမ္းဗြမ္းေလာင္းကာ ခ်ိဳးေနရင္း လွမ္းေမးေတာ့ ကိုယ့္ဝမ္းနာ ကိုယ္သာသိ ျဖစ္ေနတဲ့သူ႔မွာ မနည္းအိေျႏၵဆည္ရင္း
" အသာပဲ အရင္ခ်ိဳး ၊ ၿပီးရင္ အဝတ္ေတြ လဲထားႏွင့္ ၊ အက်ႌေတြက ဟိုခံုေပၚမွာ တင္ထားတယ္ ၊ ကိုယ္ၿပီးမွ လိုက္ခဲ့မယ္ေနာ္ "
အသာထြက္သြားေတာ့မွသာ သူ႔မွာ စိတ္ေျဖာင့္လက္ေျဖာင့္ ေရခ်ိဳးႏိုင္ေတာ့သည္ ။
ေအာ္....ဒုကၡ ဒုကၡ ။
ဆက္ေစဓနဆိုသည္မွာလည္း ဒီကေလးနဲ႔ေတြ႔မွ ေပါက္ကရေတြကို ျဖစ္ေနေတာ့တာပဲ ။ အေတြးနဲ႔အတူ ေက်ေက်နပ္နပ္ၿပီး ၿပံဳးမိရေသးသည္ ။
တစ္စံုတစ္ေယာက္ရဲ႕အေၾကာင္းကို ေတြးလိုက္ရံုနဲ႔ ျပံဳးမိသြားတယ္ဆိုတာမ်ိဳးက မင္းနဲ႔မွ ၾကံဳဖူးတာပါ ကေလးငယ္ရယ္..... ။
• • • • • • • • • • • • • • • • • • • • • • • • • • • •
_______________________________
#For Unicode
ဘုရားကအပြန် ဒင်ဆမ်းဝင်စားကြပြီးတော့ အကိုက ကားကို ပြည်လမ်းအတိုင်း မောင်းလာခဲ့သည်မှာ ထောက်ကြံ့နားပင် ရောက်လာခဲ့သည် ။
" အကို့ ဘယ်ကိုသွားနေတာလဲဟင် "
" ဘာလဲ...အသာ့ကို ပြန်ပေးဆွဲလာတယ် ထင်လို့လား "
" အာ...အကိုကလဲ ၊ မဟုတ်တာတွေ ၊ အဝေးကြီးမောင်းလာလို့ ဒီလိုပဲ မေးကြည့်မိတာပါ "
အကိုသာ ပြန်ပေးဆွဲလို့ကတော့ သူက ပိုတောင်ကြိုက်ပါသေးတယ်ဟုတော့ မပြောဖြစ်လိုက်ပါ ။
" မှော်ဘီကို သွားနေတာ ၊ အသာ့ကို ခေါ်သွားချင်တဲ့ နေရာလေးတစ်ခု ရှိလို့ "
နောက်ထပ် နာရီဝက်လောက် မောင်းလာအပြီးမှာ လမ်းမကြီးပေါ်ကတစ်ဆင့် လမ်းသွယ်တစ်ခုထဲသို့ ချိုးကွေ့လာခဲ့သည် ။ ပတ်ဝန်းကျင်က ရန်ကုန်အငွေ့အသက်နှင့် ခြားနားစွာ သစ်ပင်ကြီးငယ်တို့ဖြင့် စိမ်းစိမ်းစိုစို တိတ်တိတ်ဆိတ်ဆိတ်ရှိလှ၏ ။
သူ့စိတ်တွေပင် အေးချမ်းသွားသလို ။
ခြံဝင်းတစ်ခုထဲက သစ်ပင်ရိပ်အောက်မှာ ကားကိုထိုးရပ်လိုက်ပြီး အကိုက
" ရောက်ပြီ အသာ "
သူလည်း ကားတံခါးကိုဖွင့်ကာဆင်းလိုက်ပြီး
" ဒါ ဘယ်နေရာလဲ အကို ? "
သူ့မှာ မေးလို့မှမဆုံးသေး ခပ်လှမ်းလှမ်း အဆောက်အဦးတစ်ခုထဲမှ ပြေးထွက်လာသော ကလေးတစ်စုဟာ အကို့နားမှာ ပတ်ချာလည်လှည့်လျက် ။ သူ့ကိုလည်း စူးစမ်းသလိုနှင့် မဝံ့မရဲကြည့်နေတဲ့ ကလေးတစ်ချို့လည်း ရှိသေးရဲ့ ။
" လာ အသာ "
ကလေးတစ်သိုက်ဝန်းရံလျက် အကိုကတော့ ရှေ့မှ သွားနှင့်လေသည် ။ သူလည်း အူကြောင်ကြောင်ဖြင့် နောက်က လိုက်ခဲ့ရတော့၏ ။
အကိုဝင်သွားသည့် အဆောက်အဦးငယ်ထဲသို့ သူပါလိုက်ဝင်မိတော့ ခုနက အကို့နားမှာ ဝိုင်းနေတဲ့ ကလေးတစ်စုရော နောက်ထပ်ကလေးတွေရောဟာ စီတန်းထားတဲ့ ခုံတန်းရှည်တွေမှာ စနစ်တကျ ထိုင်နေကြသည် ။ သူတို့ရှေ့ စားပွဲပေါ်မှာက ပုံစံခွက်နှင့်ထည့်ထားသော ထမင်းနဲ့ဟင်းများ ။
အကိုက ဦးလေးကြီးတစ်ယောက်နှင့် ရပ်ပြီး စကားပြောနေသဖြင့် သူလည်း ဟိုဟိုဒီဒီအကဲခတ်နေရင်း အခန်းရဲ့ရှေ့တည့်တည့်မှာ ရှိတဲ့ ကျောက်သင်ပုန်းပေါ်မှ စာလုံးတစ်ချို့ကို မြင်မိလိုက်ချိန်မှာ သူ့ကမ႓ာဟာ ခေတ္တခဏ ရပ်တန့်သွားသလို ။
" ခိုလှုံရာ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာအတွက် တစ်နေ့စာ အာဟာရကို မွေးနေ့ရှင် ထင်းထင်သာမှ ဒါနပြု လှူဒါန်းပါသည် ။ "
ဆိုသော စာသားလေးဟာ ကြည်နူးစိတ်နှင့် ဝဲတက်လာသော သူ့ မျက်ရည်များကြားမှာ မှုန်ဝါးသွားလေသည် ။
အကို့ရဲ့ Surprise တွေက ဒီနေ့အဖို့ ပြီးဦးမှာလားဗျာ ။ အံ့သြရ , ကြည်နူးရ , ပီတိဖြစ်ရ , ရင်ခုန်ရနဲ့ ဒီလူရဲ့ စိတ်ကလည်း မြော့မြော့ပဲ ကျန်ပါတော့တယ် အကိုရေ ။
စကားပြောလို့ပြီးသွားပုံရတဲ့ အကိုက ခပ်တောင့်တောင့်ရပ်နေမိတဲ့ သူ့အနားကို လျှောက်လာရင်း
" ဒါ ကိုယ့်ရဲ့ ဒုတိယ မွေးနေ့လက်ဆောင်ပါ အသာ "
သူ့မှာ စိတ်လှုပ်ရှားလွန်း၍ ဘာမှတောင် တုန့်ပြန်ပြီး မပြောနိုင် ။ မင်သက်မိတယ် ဆိုတာ ဒီလို ခံစားမှုမျိုးကို ပြောတာနေမှာ ။
ထိုအချိန်မှာပဲ ကလေးတွေရဲ့ ' မွေးနေ့ရှင် အကိုကြီး ကျန်းမာပါစေ ချမ်းသာပါစေ ' ဟူသော ဆုတောင်းသံကို အကြားမှာ လူက မျက်ရည်ပေါက်ပေါက်ကျလေသည် ။
အကိုက သူ့ပခုံးလေးကို ခပ်ဖွဖွဖက်ရင်း
" ကိုယ်က အသာ့ကို ပျော်စေချင်လို့ လုပ်ပေးတာလေကွာ ၊ ခုတော့ ငိုအောင်လုပ်မိသလို ဖြစ်နေပြီ "
" ကျွန်တော်...ကျွန်တော် ပျော်လွန်းလို့ မျက်ရည်ကျမိတာပါ ၊ ငိုတာ မဟုတ်ပါဘူး အကို ၊ အကို့ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ် ၊ ကျွန်တော့်အတွက် ဒီလို အဓိပ္ပါယ်ရှိတဲ့ မွေးနေ့လေးတစ်ခုအဖြစ် ဖန်တီးပေးလို့ "
" ကျေးဇူးတင်စရာ မလိုပါဘူး အသာရယ် ၊ ကိုယ့်ကြောင့် အသာပျော်တယ်ဆိုရင်ပဲ ကိုယ့်အတွက်က ပြည့်စုံနေပါပြီ "
သူ့ကို ငုံ့ကြည့်လာတဲ့ အကို့အပြုံးအောက်မှာ အခါခါသေဆုံးရပါသည် ။
" ဒီဂေဟာလေးကို အကိုက လာနေကျလား "
" အင်း...မင်းသီဟတို့က ဒီမှာ ဆေးကုသိုလ်အမြဲယူထားတာဆိုတော့ ကိုယ်လည်း သူတို့နဲ့အတူ မကြာမကြာ ရောက်ဖြစ်တယ်လေ ၊ အဲ့ဒါကြောင့် ဒီက ကလေးတွေနဲ့တောင် ရင်းနှီးနေပြီ "
" အကို လာတဲ့အခါတိုင်း ကျွန်တော့်ကို ခေါ်ပါနော် "
" အသာ လိုက်ချင်ရင် ကိုယ်က ခေါ်မှာပေါ့ "
" ဆရာတို့ညီအကို ကလေးတွေနဲ့တူတူ တစ်ခါတည်း ထမင်းသုံးဆောင်ကြပါလား "
ခုနက အကိုနှင့်စကားပြောနေသော ဦးလေးကြီးက ပြောတော့ အကိုကပါ
" စားကြမလား အသာ ၊ ဒီနေ့ ကိုယ် ဟင်းကောင်းကောင်း ချက်ခိုင်းထားတာ ၊ သီးစုံပဲကုလားဟင်းရယ် ဝက်သားနီချက်ရယ် ငါးပိကြော်ရယ် အသာ စားချင်လား "
" အကိုရော စားမှာလား "
" အသာစားရင် ကိုယ်ကပါ လိုက်စားမှာပေါ့ "
အကို့အမူအရာဟာ သူဘာလုပ်လုပ် နောက်ကနေ အကုန်လိုက်ပြီး ဖြည့်ဆည်းပေးချင်တဲ့ အကိုကြီးတစ်ယောက်နှယ် ။
" ဒါဆို စားကြမယ် "
ကလေးတွေနဲ့အတူတူ စ,ရင်း နောက်ရင်း စားရလို့ပဲလား စိတ်ကကို ပျော်နေလို့ပဲလား မသိ ။ စားကောင်းကောင်းနဲ့ စားလိုက်သည်မှာ ထမင်းနှစ်ပန်းကန်ဟာ မည်သို့မည်ပုံ ကုန်သွားသည် မသိလိုက်ချေ ။ ဗိုက်အင့်လာမှသာ စားတာ တော်တော်များသွားမှန်း သတိပြုမိတော့သည် ။
အကိုကတော့ သူအများကြီးစားလိုက်တာကို သဘောကျသလို ပြုံးကြည့်နေပြန်တာမို့ သူ့မှာ ရှက်ကိုးရှက်ကန်း ။
" လာ လာ အစားပုတ်ကလေး ၊ လမ်းလေးဘာလေး ထ,လျှောက်ရအောင် ၊ တော်ကြာ အစာမကြေဘဲနေမယ် "
" ဟာဗျာ အကိုကလဲ "
အကို ကမ်းပေးတဲ့လက်ကို ဆွဲကိုင်အားပြုရင်း အင့်နေတဲ့ဗိုက်ကို မနည်းသယ်ကာ ထ,ရသည် ။ ခြံဝန်းထဲ လျှောက်မိကြသည်အထိ အကိုက သူ့ကို စောင်းငဲ့ကြည့်ကာ ပြုံးစိစိ ဖြစ်နေတုန်းပင် ။
" တော်တော် စားကောင်းသွားတယ်ပေါ့ ၊ ဟုတ်လား အသာ "
" အဟီး...ဟင်းကောင်းလို့နဲ့တူတယ် "
" အင်း...ဒီနေ့တော့ ကလေးတွေကို ဟင်းကောင်းကောင်းနဲ့ စားစေချင်လို့ သေသေချာချာ ချက်ခိုင်းထားတာ ၊ ပုံမှန်ဆို အမြဲတမ်း ဒီလို ဟင်းမကောင်းဘူးလေ ၊ အဲ့ဒါကြောင့် အလှူရှင်ရှိတဲ့ ဒီလိုရက်မျိုးဆိုရင် ကလေးတွေက သိပ်ပျော်ကြတာ "
" တစ်လတစ်ခါလောက်တော့ ဒီလိုလေး လာလှူချင်တယ် အကိုရယ် ၊ သူတို့လေးတွေ ခုလို အားရပါးရ စားနေကြတာ မြင်တော့ စိတ်ထဲမှာ တကယ်ပီတိဖြစ်ရတယ် "
" အသာ လှူချင်တယ်ဆိုရင် လှူကြမယ်လေ ၊ ကိုယ်လိုက်ပို့ပေးမှာပေါ့ "
" တကယ်နော် တကယ်နော် အကို ! "
အကိုက သူ့ခေါင်းက ဆံပင်တွေကို ဆွဲဖွပစ်ရင်း
" တကယ်ပါဗျား "
********
ကိုယ့်ကြောင့် ဒီကလေး ပျော်နေတာကို ကြည့်ရင်း သူ့မှာ ပီတိက တစိမ့်စိမ့် ။ ဘဝတစ်လျှောက်လုံး ဒီလိုလေးပဲ အမြဲတမ်း ဖြည့်ဆည်းပေးခွင့် ရသွားချင်ပါတယ် ကလေးငယ် ။
ခပ်လှမ်းလှမ်းက ခုံတန်းလျားလေးမှာထိုင်ကာ ကလေးတစ်သိုက်နဲ့ ရယ်ကာမောကာ ရှိနေတဲ့ အသာ့ကို လှမ်းကြည့်နေရင်း သူကပါ လိုက်ပြုံးမိနေတဲ့ အဖြစ် ။
ခဏကြာတော့ အသာက သူ့ဆီပြေးလာရင်း
" အကို့ ကလေးတွေက ဘောလုံးကန်ကြမလို့တဲ့ ၊ အဲ့ဒါ ကျွန်တော်လည်း ဝင်ကန်ချင်လို့ "
" ကန်လေ အသာရဲ့ "
သူခွင့်ပြုတော့လည်း ရပ်နေရာမှ မသွားသေးဘဲ အသာက တောင်ကုတ်မြောက်ကုတ်နှင့် အီလည်လည်ရုပ်လေး လုပ်နေပြီး
" ဟိုကလေးတွေက သူတို့ထဲမှာ ကျွန်တော်က လူကြီးဆိုတော့ ကျွန်တော် တစ်ဖက်အသင်းမှာ ပါလိုက်ရင် ကျန်တဲ့အသင်းက လူမမျှပဲ နေမှာပေါ့တဲ့ "
ခုထိလည်း အသာဆိုလိုချင်တာကို သူ့မှာ သဘောမပေါက်မိသေး ။ ခပ်လှမ်းလှမ်းက ကလေးတစ်စုဟာလည်း သူတို့ထံ လည်တဆန့်ဆန့်ဖြင့် လှမ်းကြည့်နေသေးသည် ။ ဘာတွေတုန်း.... ။
" အင်း အဲ့ဒီတော့?? "
" အဲ့ဒီတော့....အဲ့ဒီတော့လေ ဟိုဘက်ဒီဘက် လူမျှသွားအောင် အကိုပါ ဝင်ကန်ပါလားလို့ အဟီး "
မြတ်စွာဘုရား.... ။ ဆက်စေဓနတို့တော့ အကျိုးနည်းပြီ ။ ကျောချမှ ဓါးမြမှန်းသိ ဆိုတာ ဒါမျိုးကို ပြောတာနေမှာ ။ တစ်သက်လုံးက တည်တည်ကြည်ကြည် နေလာခဲ့သမျှ ဒင်းလေးနဲ့တွေ့မှ ကိုယ့်မှာ Image ပျောက်ရမယ့်အဖြစ် ။
ဒင်းလေးကလည်း မျှော်တလင့်လင့် မျက်လုံးများနဲ့ သူ့အားငေးကြည့်နေလေတော့.....
Image ဆိုတာလည်း ပျောက်ကာမှသာ ပျောက်ရောပဲ ။ ကိုယ့်ကလေး စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမှာက ဟောဒီက ကိုကိုဆက်စေရဲ့တာဝန်လို့ပဲ မှတ်ယူပါတယ်လေ ။
" ကဲ ကဲ လာ... သွားကန်ကြမယ် "
" အားးး ဒါမှ ကျွန်တော့်အကို ၊ ချစ်လိုက်တာ ဟီးဟီး "
ဒီကောင်လေး ပြောပုံနဲ့တော့ သူ့ခမျာ ဘောလုံးမကန်ရခင်ကို ရင်အခုန်လွန်ပြီး သေသွားနိုင်ဖွယ်ရှိသည် ။
ဘောလုံးကန်ကြရင်း ဒီကလေး ငယ်ငယ်တုန်းကလည်း အခုလိုပဲ သူကလေးအလိုကျ ဘောလုံးလိုက်ကန်ပေးခဲ့ရတာကို သတိရမိ၏ ။
ကလေးငယ်ရဲ့ဆန္ဒတွေကို ငယ်စဉ်ကတည်းက ဖြည့်ဆည်းပေးခဲ့တယ် ။ အခုလည်း ဖြည့်ဆည်းပေးနေမိတယ် ။ နောင်ကိုလည်း ဒီလိုပဲ ဖြည့်ဆည်းပေးသွားချင်ပါတယ် ကလေးငယ်ရယ်..... ။
ဘောလုံးကန်ပြီးနောက်မှာတော့ နှစ်ယောက်လုံးဟာ မဲသဲပေတူးနေကြပြီ ။
" ကျွန်တော် ရေချိုးချင်လိုက်တာ အကိုရာ "
" ချိုးရမှာပေါ့ အသာရဲ့ ၊ ဒီလောက် ညစ်ပတ်နေပြီဟာကို "
" ဒါပေမယ့် ရေချိုးပြီးရင် ဒီအဝတ်အစားကြီးတွေပဲ ပြန်ဝတ်ရမှာကို စိတ်ညစ်လို့ "
" ကိုယ့်မှာ ပါတယ်လေ "
" အကိုက ပါပေမယ့် ကျွန်တော်မှ မပါတာ "
" အသာ့အတွက်ပါ ပါတယ်ပြောတာ "
" ဟင် ဘယ်လိုလုပ်ပြီး...??? "
" ညနေကျရင် သွားရမယ့်နေရာ ရှိသေးတယ် ၊ အဲ့ဒီအခါ ဒီလို ပုဆိုးတွေဘာတွေနဲ့ မသွားချင်လို့ အသာ့အတွက် အကျႌတစ်စုံဝယ်ထည့်လာခဲ့တာ "
" ဘောင်းဘီရောလား "
" အင်း အသာဝတ်လေ့ရှိတဲ့ ဘောင်းဘီရှည်မျိုးပဲ "
" အကိုက ကျွန်တော် ဝတ်နေကျ Size ကို သိလို့လား ၊ Will-power တွေ ဘာတွေတော့ လာမပြောနဲ့နော်...ဟွန်း "
ဟင်...အခု ဒီကလေးလေးက သူ့ကို မျက်စောင်းထိုးသလို လုပ်လိုက်တာလား ။ ဟာကွာ...ဘာလေးမှန်းလည်း မသိဘူး ။ အသည်းယားလို့ သေတော့မှာပဲ ။
" ခန့်မှန်းပြီး ဝယ်လာတာပေါ့ ၊ နည်းနည်းချောင်နေရင်လည်း သည်းခံပြီး ခါးပတ်လေးနဲ့ တွဲဝတ်ပေး ၊ ဟုတ်ပြီလား ဂျီကောင်လေး "
ထိုအခါကျမှသာ ကိုယ်တော်လေးက ပြုံးစိစိနဲ့ ခေါင်းငြိမ့်ပြလာသည် ။
ရေချိုးတော့လည်း ဒီမှာက ရေချိုးခန်းတွေ ဘာတွေ သီးသန့်မရှိ ။ အုတ်ကန်အကြီးကြီးမှာ စုချိုးရတာ ဖြစ်သည် ။
အသာက အေးဆေးစွာ ချိုးနေပေမယ့် သူ့မှာ မအေးဆေးနိုင် ။ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ထိုကလေးခန္ဓာကိုယ်ကို ရဲရဲမကြည့်ရဲသဖြင့် သူ့မှာ အနားမကပ်ဘဲ ရှောင်ဖယ်ဖယ် လုပ်နေရတဲ့ဘဝ ။
သူလည်းယောက်ျား ငါလည်းယောက်ျားပဲ ဘာဖြစ်လဲ ဆိုတဲ့ စိတ်မျိုး မထားနိုင်ဘဲ ထိုကလေးအပေါ် မျက်နှာပူသလိုကြီးပဲ ခံစားနေရသည် ။
" အကို့ ရေမချိုးဘဲ ဘာလုပ်နေတာလဲ "
အသာက အုတ်ကန်ထဲမှ ရေတွေကို တဗွမ်းဗွမ်းလောင်းကာ ချိုးနေရင်း လှမ်းမေးတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဖြစ်နေတဲ့သူ့မှာ မနည်းအိန္ဒြေဆည်ရင်း
" အသာပဲ အရင်ချိုး ၊ ပြီးရင် အဝတ်တွေ လဲထားနှင့် ၊ အကျႌတွေက ဟိုခုံပေါ်မှာ တင်ထားတယ် ၊ ကိုယ်ပြီးမှ လိုက်ခဲ့မယ်နော် "
အသာထွက်သွားတော့မှသာ သူ့မှာ စိတ်ဖြောင့်လက်ဖြောင့် ရေချိုးနိုင်တော့သည် ။
အော်....ဒုက္ခ ဒုက္ခ ။
ဆက်စေဓနဆိုသည်မှာလည်း ဒီကလေးနဲ့တွေ့မှ ပေါက်ကရတွေကို ဖြစ်နေတော့တာပဲ ။ အတွေးနဲ့အတူ ကျေကျေနပ်နပ်ပြီး ပြုံးမိရသေးသည် ။
တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးလိုက်ရုံနဲ့ ပြုံးမိသွားတယ်ဆိုတာမျိုးက မင်းနဲ့မှ ကြုံဖူးတာပါ ကလေးငယ်ရယ်..... ။
• • • • • • • • • • • • • • • • • • • • • • • • • • • •