#For Zawgyi
သူ ျခံျပင္သို႔ ေျပးထြက္ခဲ့မိသည္မွာ ဖိနပ္ပင္မပါ ။ မနက္ ၅ နာရီသာ ရွိေသးတာမို႔ ပတ္ဝန္းက်င္က ေမွာင္ေနေသး၏ ။
အကိုက ကားေနာက္ဖံုးကို ဖြင့္ကာ ထိုင္ေနၿပီး သူတို႔ျခံတံခါးဝတည့္တည့္မွာ Happy Birthday Athar ဆိုသည့္ စာလံုးေတြကို ေရာင္စံု အေမႊးတံုး ဖေယာင္းတိုင္ေလးေတြနဲ႔ ပံုေဖာ္ထားသည္ ။
ထိုစာတန္းေလးကို ၾကည့္ရင္း သူ႔မွာ ေပ်ာ္လြန္း၍ လူက ကတုန္ကရင္ပင္ ျဖစ္လာရသည္ ။ အကိုက အနားကို ေလ်ွာက္လာေတာ့ အကို႔အား သတိလက္လြတ္ ဖက္လိုက္မိသည္အထိ လူက စိတ္နဲ႔လူနဲ႔ မကပ္သလို ျဖစ္ေန၏ ။
" ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစ...အသာ "
အကိုက သူ႔အား ျပန္ဖက္ထားေပးရာမွ ပခံုးေလးကို ဖြဖြပုတ္ရင္း ဆုေတာင္းေပးေလေတာ့ ညက ဝမ္းနည္းဓာတ္ခံနဲ႔ေပါင္းၿပီး အင့္ခနဲ ရႈိက္ကာ ငိုမိေတာ့သည္ ။
" ေဟာ ဒီကေလးေလး ငိုေနတာလား "
အကိုက သူ႔မ်က္ရည္တို႔ကို သုတ္ေပးျပန္ေတာ့ မ်က္ရည္ၾကားမွ ၾကည္ႏူးစြာ ၿပံဳးမိရျပန္သည္ ။
" ေမြးေန႔ရွင္ကလည္းကြာ...ငိုလိုက္ ရယ္လိုက္နဲ႔ ေပသလူးေနေရာပဲ ၊ မ်က္ႏွာလည္း မသစ္ရေသးဘူး မဟုတ္လား "
အကိုေျပာမွ သူ႔မွာ ရွက္ကိုးရွက္ကန္းျဖစ္ရရင္း
" မ်က္ႏွာျပန္သြားသစ္ဦးမယ္ဗ်ာ "
" ခုမွေတာ့ သစ္မေနပါနဲ႔ေတာ့ ကိုယ္ေတာ္ေလးရယ္ ၊ ေနာက္မွပဲ သစ္ပါ ၊ အခုေတာ့ ကိုယ္ယူလာတဲ့ ပဏာမလက္ေဆာင္ေလးကို အရင္လက္ခံပါဦး "
" ပဏာမလက္ေဆာင္ဆိုေတာ့ ေနာက္ထပ္လက္ေဆာင္ေတြ ရွိေသးတာလား "
" ဒါေပါ့...ဒါေပါ့ ဆက္လက္ရႈစားပါရန္ ေပါ့ "
အကိုဆြဲေခၚရာ ေနာက္ဖံုးဖြင့္ထားသည့္ ကားဆီသို႔ေရာက္ေတာ့ ေတြ႔လိုက္ရသည္က ေရႊေရာင္ Park paper နဲ႔ထုပ္ထားၿပီး ဖဲႀကိဳးပါ အက်အနစည္းထားသည့္ ေလးေထာင့္ လက္ေဆာင္ဘူးႀကီး ။ ဆိုဒ္က ခါးေစာင္းေလာက္ထိ ျမင့္သည္ ။
" ဘာလက္ေဆာင္မို႔လို႔ ဒီေလာက္ အထုပ္ႀကီးက ႀကီးေနတာလဲဟင္ အကို "
" ဖြင့္ၾကည့္ေပါ့ အသာရဲ႕ "
သူ႔မွာ ဖြင့္ေဖာက္လိုက္ရမွာကိုပင္ ႏွေျမာေနေသးသည္ ။ အကိုနဲ႔ပတ္သက္ရင္ သူ႔ႏွလံုးသားက အဲ့လိုႏုတာပါ ။
" ေအာ....ေနဦး ၊ ဒီလက္ေဆာင္နဲ႔အသာ့ကို ဓာတ္ပံုရိုက္ထားဦးမယ္ ၊ အမွတ္တရေပါ့ "
ေတာ္ရံု ဓာတ္ပံုရိုက္ေလ့မရွိတဲ့ သူဟာလည္း အကိုခ်ိန္ထားတဲ့ ကင္မရာေရွ႕မွာ ၿပံဳးလို႔ေပါ့ေလ ။
" ကဲ ေမြးေန႔ရွင္က ဖြင့္ၾကည့္ပါေတာ့ခင္ဗ်ာ "
စည္းထားတဲ့ ဖဲႀကိဳးတို႔ကို ျဖည္ၿပီး ဖြင့္လိုက္ေတာ့ လက္ေဆာင္ဘူးထဲမွာ အျပည့္ေနရာယူထားသည္က စာအုပ္ေတြ....
" စာအုပ္ေတြ အမ်ားႀကီးပဲ "
" အင္း အသာ့အတြက္ အသံုးဝင္မယ့္ လက္ေဆာင္မ်ိဳးပဲ ေပးခ်င္တာမို႔လို႔ ၊ ၿပီးေတာ့ ဒီစာအုပ္ေတြက နာမည္ႀကီး စာေရးဆရာ အစံုရဲ႕ Masterpiece လက္ရာေတြကို ကိုယ္လက္လွမ္းမွီသေလာက္ လိုက္ရွာဝယ္ထားတာ "
သူ မ်က္ရည္က ဝဲလာျပန္သည္ ။
" ေတာ္ၿပီ ေတာ္ၿပီ ၊ ေမြးေန႔ရွင္က ထပ္ငိုမယ္ မႀကံနဲ႔ေတာ့ ၊ ေရသြားခ်ိဳး ၊ ၿပီးရင္ ေရႊတိဂံုဘုရားတက္ၾကမယ္ "
သူ႔မွာ ၾကည္ႏူးစိတ္ႏွင့္ က်လာကာနီးမ်က္ရည္ေတြကို မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ကာ သိမ္းရသည္ ။
" အကိုက ဒီေန႔ အလုပ္မသြားဘူးလား "
" ခြင့္ယူထားတယ္ ၊ အသာ့ေမြးေန႔မွာ တစ္ေန႔လံုး အတူတူရွိေပးခ်င္လို႔ "
အကိုရာ.......။
" ကိုယ္ ဒီကပဲ ေစာင့္ေနမယ္ ၊ အသာ ေရခ်ိဳးျပင္ဆင္ၿပီးရင္ ျပန္ဆင္းလာခဲ့ေလ....ေနာ္ "
" ဒီမွာ ေစာင့္လို႔ အဆင္ေျပရဲ႕လား ၊ ကၽြန္ေတာ့္အခန္းမွာ လိုက္ေစာင့္မလား "
" ရတယ္ ရတယ္ ၊ ကိုယ္အဆင္ေျပတာမို႔လို႔ အသာက ေအးေအးေဆးေဆးသာ လုပ္ ၊ ဟုတ္ၿပီလား "
**********
ျခံထဲကို ခပ္သုတ္သုတ္ျပန္ဝင္သြားေသာ ကေလးငယ္ကို ၾကည့္ရင္း သူ႔မွာ ၿပံဳးမိရေသးသည္ ။ ညဝတ္အက်ႌဝမ္းဆက္ေလးႏွင့္အသာဟာ တကယ့္ကို ကေလးေလးအတိုင္းပင္ ။ အသာ့ကို ထိုပံုစံႏွင့္ ယခုမွ စ,ျမင္ဖူးသည့္အတြက္ သူ႔မွာ အသည္းတယားယား ။ အိပ္ရာႏိုးကာစမို႔ မ်က္ႏွာအစ္အစ္ မ်က္လံုးပိတ္ပိတ္ေလးျဖစ္ေနတဲ့ ထိုကေလးကို ၾကည့္ရင္း အသည္းယားစြာ ဖ်စ္ညွစ္ေမႊ႕ယမ္းပစ္လိုက္ခ်င္စိတ္ကို မနည္းထိန္းေနရသည္ ။
ထိုအေကာင္ေပါက္ေလးကို စိတ္ရွိလက္ရွိသာ လုပ္လိုက္ရလို႔ကေတာ့ကြာ ။
ေတာ္ၿပီ....ေတာ္ၿပီ ဆက္ေစ....မင္းရဲ႕ေပါက္ကရအေတြးေတြကို အခု ရပ္လိုက္ေတာ့ ။
သူ႔မွာေတာ့ အသာ့အေပၚ သူ႕ရဲ႕ခ်စ္တဲ့စိတ္ ေရကာတာ မက်ိဳးေအာင္ မနည္းထိန္းေနရသည့္ အေျခအေနမွာ ဒီကေလးက မေၾကာက္မလန္႔ အခန္းထဲေတာင္ လိုက္ေစာင့္ဖို႔ ေခၚေနေသးသည္ ။
ဒင္းေလးက မသိေပမယ့္လည္း ကိုယ္ကေတာ့ ကိုယ့္အေၾကာင္းကိုယ္သိစြာ ကားထဲမွာ ထိုင္ေစာင့္ဖို႔ကိုပဲ ေရြးခ်ယ္ရသည္ေပါ့ ။
ဖြင့္ေျပာခြင့္မရွိသည့္ အခ်စ္တစ္ခုကို ရင္ထဲမွာ ထည့္ထားရတဲ့ ဒုကၡဟာ သူ႕အတြက္ေတာ့ တကယ့္ကို ႀကီးမားလွပါသည္ ။
ေရွ႕ေလ်ွာက္မွာလည္း သူ႔အခ်စ္ေတြကို ဒီကေလးေလး မသိေအာင္ ဘယ္ေလာက္ထိ ဖံုးကြယ္ရဦးမယ္ မသိ ။
တစ္သက္လံုးလား....
တစ္ဘဝလံုးလား....
သူတကယ္ပဲ ဒီအခ်စ္ေတြကို တစ္သက္လံုး ၿမိဳသိပ္သြားႏိုင္ပါ့မလား ။ အကယ္၍ သူ႔ဘက္က မၿမိဳသိပ္ႏိုင္ေတာ့တဲ့အဆံုး ဒီကေလးေလး သိသြားခဲ့ၿပီး သူ႔အနားက ထြက္ေျပးသြားခဲ့ရင္ေရာ သူ ခံႏိုင္ရည္ တကယ္ရွိပါ့မလား ။
အသက္ ၃၀ အရြယ္ထိ ဘယ္သူ႔အတြက္နဲ႔မွ ဒီေလာက္အထိ မခံစားဖူးတဲ့ သူဟာ ဒီကေလးေလးအတြက္နဲ႔ တကယ္ကို ရူးရေတာ့မွာပါ ။
ဒီရက္ပိုင္းေတြမွာလည္း ဒီေန႔အတြက္ ႀကိဳတင္ၿပီး Plan ေတြဆြဲရ , စာအုပ္ေတြ ပတ္ရွာရ , စီစဥ္စရာရွိတာေတြ စီစဥ္ရနဲ႔မို႔ ကေလးငယ္အား ပစ္ထားမိသလို ျဖစ္ခဲ့ျခင္းအေပၚ ဒီကေလး ဝမ္းနည္းေနမွန္းလည္း သူသိပါသည္ ။
ေမြးေန႔ေရာက္မွသာ အံ့ၾသေပ်ာ္ရႊင္ေစၿပီး မေမ့ႏိုင္တဲ့ အမွတ္တရတစ္ခု ျဖစ္ေစခ်င္ခဲ့တာမို႔သာ သူ႔အစီအစဥ္ေတြကို အသာ့အား ႀကိဳမေျပာျပျဖစ္ခဲ့တာပါ ။
ဒီၾကားထဲမွာ ဝမ္းနည္းခဲ့ရမႈေတြအတြက္ အခုေမြးေန႔ေလးမွာ အတိုးခ်ၿပီးေတာ့သာ ေပ်ာ္ပါ ကေလးငယ္ ။
ကိုယ္က မင္းေလး ၿပံဳးေနရင္ကို အလိုလိုလိုက္ၿပီး ေပ်ာ္ေနတတ္ၿပီမို႔ မင္းေလးက ၿပံဳးၿပီးေနေပးဖို႔သာ အေရးႀကီးပါတယ္ ။
အဲ့ဒီအၿပံဳးေတြ ျဖစ္လာဖို႔ ကိုယ္က အရာရာေပးဆပ္ၿပီး ဖန္တီးေပးသြားမွာပါ ။
***********
ကိုယ့္ေမြးေန႔မနက္ေစာေစာမွာ ခ်စ္တဲ့သူနဲ႔တူတူ ဘုရားတက္ရျခင္းဟာ ဘာနဲ႔မွႏႈိင္းယွဥ္ျပလို႔မရတဲ့ ၾကည္ႏူးမႈတစ္ခုပါပဲ ။
သူ႕ေဘးမွာ ယွဥ္ၿပီးေလ်ွာက္ေနတဲ့ အကို႔ကို ေမာ့ေငးရင္း ၾကည့္ခြင့္ရေနတာကိုက သူ႔အတြက္ေတာ့ ေမြးေန႔မွာ ဘုရားေပးတဲ့ လက္ေဆာင္ပင္ ။
ေယာပုဆိုးအနက္ႏွင့္ အက်ႌအျဖဴေရာင္ဝတ္ထားတဲ့ အကိုဟာ သူ႕အတြက္ေတာ့ အခန္႔ညားဆံုးဆိုတဲ့ အသြင္ကို ေဆာင္ေနပါ၏ ။
ဘုရားရွိခိုး ေရသပၸါယ္ၿပီးတဲ့ေနာက္ စေနေထာင့္က ဇရပ္ေလးမွာပင္ ထိုင္မိၾကသည္ ။
" ဘုရားကျပန္ရင္ မနက္စာကို ရွင္ေစာပုလမ္းထဲက Oriental House မွာ ဝင္စားၾကမလား အသာ "
" ေကာင္းသားပဲ အကို ၊ ကၽြန္ေတာ္က ဒင္ဆမ္းႀကိဳက္တယ္ "
" အိုေခ စားၿပီးမွ တစ္ေနရာကို ထပ္သြားၾကတာေပါ့ "
" ဘယ္သြားမွာလဲ အကို "
" ေရာက္ေတာ့ သိမွာေပါ့ကြာ "
ၿပံဳးၿပီးေျပာေနတဲ့ အကို႔ကို ၾကည့္ရင္း အေတြးတစ္ခုက ေခါင္းထဲဝင္လာသည္ ။
" အကို႔ညီေလးကိုေရာ အကို အရမ္းခ်စ္တာပဲလားဟင္ "
" အင္း ခ်စ္ပါတယ္ ၊ အသာက ဘာလို႔ေမးတာလဲ "
" ေအာ္...ကၽြန္ေတာ့္ကိုေတာင္ အကိုက ဒီေလာက္ဂရုစိုက္ေပးေနတာဆိုေတာ့ အကို႔ညီေလးကိုဆိုရင္ ဘယ္ေလာက္ခ်စ္ၿပီး ဘယ္ေလာက္မ်ား ဂရုစိုက္လိုက္မလဲလို႔ ေတြးမိလို႔ပါ "
" အမွန္အတိုင္းေျပာရရင္ ဆက္ေနကို ခ်စ္ေပမယ့္ ဒီလို ဂရုစိုက္ေပးတာမ်ိဳးေတာ့ သိပ္မရွိဘူး အသာရဲ႕ "
" ဟင္ ဘာလို႔လဲ "
" အင္း ဒီလိုပါပဲ ၊ သူကလည္း ကိုယ္ တကူးတက ဂရုစိုက္ေပးဖို႔ သိပ္ၿပီး လိုအပ္တဲ့သူ မဟုတ္တာလည္း ပါမွာေပါ့ "
" သူက ဒီကို အကိုတို႔နဲ႔တူတူ ျပန္လိုက္မလာဘူးလားဟင္ "
" အင္း မလာဘူး ၊ သူက ကေလးဘဝကတည္းက စင္ကာပူကိုေရာက္ၿပီး ဟိုမွာပဲ ေက်ာင္းတက္တာေတြ ဘာေတြ လုပ္ခဲ့ေတာ့ ဒီျမန္မာႏိုင္ငံကို သိပ္ၿပီး သံေယာဇဥ္တြယ္တာေတြ ဘာေတြ မရွိဘူးေပါ့ ၊ ကိုယ္တို႔မိသားစုလိုက္ ေျပာင္းသြားတုန္းက အသာေတာင္ ေက်ာင္းစ,တက္တဲ့အရြယ္ပဲ ရွိေသးတာေလ ၊ ကိုယ္ကသာ အထက္တန္းကိုလည္း ဒီမွာပဲ ျပန္တက္ၿပီး ေဆးေက်ာင္းကိုလည္း ဒီကေနပဲ ဆက္တက္ျဖစ္သြားတာ ၊ ေနာက္ပိုင္း ေဖေဖနဲ႔ေမေမ လမ္းခြဲၾကေတာ့လည္း ေမေမက ဒီကိုျပန္လာခဲ့ေပမယ့္ ဆက္ေနကေတာ့ လိုက္မလာခဲ့ဘူး "
" အကိုကေရာ သူ႔ကို ဘာမွမေျပာဘူးလား "
" မေျပာပါဘူး ၊ ဒါ သူ႔ေရြးခ်ယ္ခြင့္ပဲ ၊ ၿပီးေတာ့ ဆက္ေနက နည္းနည္းလည္း ေခါင္းမာၿပီး သူလုပ္ခ်င္ရာ လုပ္တတ္တဲ့သူမ်ိဳး ၊ ကိုယ္နဲ႔က ညီအကိုဆိုေပမယ့္ သိပ္ၿပီး Type မတူဘူး "
" အကို႔ေမေမကေတာ့ သူ႔သားေလးကို လြမ္းမွာပဲေနာ္ "
" အင္းေပါ့...လြမ္းမွာေပါ့ ၊ ကိုယ္ အထက္တန္းေက်ာင္းသားဘဝမွာ ကိုယ့္အေဒၚတစ္ေယာက္က က်န္းမာေရးခ်ဴခ်ာလာေတာ့ သူနဲ႔အတူအေဖာ္အျဖစ္ေနဖို႔ ကိုယ္ဒီကို ျပန္လာခဲ့ရတာ ၊ အဲ့ဒီ အေဒၚက အပ်ိဳႀကီးဆိုေတာ့ ေစာင့္ေရွာက္မယ့္သူ မရွိလို႔ေလ ၊ ကိုယ္ ေဆးေက်ာင္းၿပီးတဲ့ႏွစ္မွာပဲ အဲ့ဒီ အေဒၚလည္း ဆံုးသြားတယ္ ၊ ကိုယ္လည္း ဒီမွာ ေနသားက်ေနၿပီဆိုေတာ့ စင္ကာပူကို မျပန္ျဖစ္ေတာ့ဘူး ၊ အဲ့ေတာ့ ကိုယ့္ေမေမက ကိုယ္နဲ႔ထက္ ဆက္ေနနဲ႔ေနခဲ့ရခ်ိန္က ပိုမ်ားေတာ့ သံေယာဇဥ္လည္း ပိုႀကီးတယ္ ၊ ခုလို ခြဲေနရတဲ့အခါ ပိုၿပီးခံစားရမွာေပါ့ ၊ ကိုယ့္ကိုေတာ့ ဖြင့္မေျပာေပမယ့္ ေမေမခံစားေနရမယ္ဆိုတာ ကိုယ္သိတယ္ "
" ကၽြန္ေတာ္ စိတ္မေကာင္းလိုက္တာ "
" ကဲ ေတာ္ၿပီ ေတာ္ၿပီ ၊ ေမြးေန႔ရွင္ဆိုတာ ေပ်ာ္ေပ်ာ္ေနရမွာ ၊ အဲ့ဒါေတြ လိုက္ေတြးမေနနဲ႔ ၊ ဒါနဲ႔ ေနပါဦး ၊ ဘာစိတ္ကူးေပါက္ၿပီး ကိုယ့္ကို ဒီအေၾကာင္းေတြ လာေမးေနတာတုန္း "
" အကိုနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို အခုထက္ပိုၿပီး သိခ်င္လို႔ပါ ၊ ကၽြန္ေတာ္ လက္လွမ္းမမွီခဲ့တဲ့ အကို႔ရဲ႕အတိတ္ကို ကၽြန္ေတာ္ အၿမဲသိခ်င္ေနခဲ့တာ "
စိတ္ထဲရွိတဲ့အတိုင္း ေျပာလိုက္မိၿပီးမွ အကိုမ်ား တစ္မ်ိဳးထင္သြားမလားရယ္လို႔ စိုးရိမ္သြားမိေပမယ့္ အကိုကေတာ့ ကၽြန္ေတာ့္ကို ၿပံဳးၿပီး ၾကည့္ေနခဲ့ေလသည္ ။
• • • • • • • • • • • • • • • • • • • • • • • • • • • •
_______________________________
#For Unicode
သူ ခြံပြင်သို့ ပြေးထွက်ခဲ့မိသည်မှာ ဖိနပ်ပင်မပါ ။ မနက် ၅ နာရီသာ ရှိသေးတာမို့ ပတ်ဝန်းကျင်က မှောင်နေသေး၏ ။
အကိုက ကားနောက်ဖုံးကို ဖွင့်ကာ ထိုင်နေပြီး သူတို့ခြံတံခါးဝတည့်တည့်မှာ Happy Birthday Athar ဆိုသည့် စာလုံးတွေကို ရောင်စုံ အမွှေးတုံး ဖယောင်းတိုင်လေးတွေနဲ့ ပုံဖော်ထားသည် ။
ထိုစာတန်းလေးကို ကြည့်ရင်း သူ့မှာ ပျော်လွန်း၍ လူက ကတုန်ကရင်ပင် ဖြစ်လာရသည် ။ အကိုက အနားကို လျှောက်လာတော့ အကို့အား သတိလက်လွတ် ဖက်လိုက်မိသည်အထိ လူက စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်နေ၏ ။
" မွေးနေ့မှာ ပျော်ရွှင်ပါစေ...အသာ "
အကိုက သူ့အား ပြန်ဖက်ထားပေးရာမှ ပခုံးလေးကို ဖွဖွပုတ်ရင်း ဆုတောင်းပေးလေတော့ ညက ဝမ်းနည်းဓာတ်ခံနဲ့ပေါင်းပြီး အင့်ခနဲ ရှိုက်ကာ ငိုမိတော့သည် ။
" ဟော ဒီကလေးလေး ငိုနေတာလား "
အကိုက သူ့မျက်ရည်တို့ကို သုတ်ပေးပြန်တော့ မျက်ရည်ကြားမှ ကြည်နူးစွာ ပြုံးမိရပြန်သည် ။
" မွေးနေ့ရှင်ကလည်းကွာ...ငိုလိုက် ရယ်လိုက်နဲ့ ပေသလူးနေရောပဲ ၊ မျက်နှာလည်း မသစ်ရသေးဘူး မဟုတ်လား "
အကိုပြောမှ သူ့မှာ ရှက်ကိုးရှက်ကန်းဖြစ်ရရင်း
" မျက်နှာပြန်သွားသစ်ဦးမယ်ဗျာ "
" ခုမှတော့ သစ်မနေပါနဲ့တော့ ကိုယ်တော်လေးရယ် ၊ နောက်မှပဲ သစ်ပါ ၊ အခုတော့ ကိုယ်ယူလာတဲ့ ပဏာမလက်ဆောင်လေးကို အရင်လက်ခံပါဦး "
" ပဏာမလက်ဆောင်ဆိုတော့ နောက်ထပ်လက်ဆောင်တွေ ရှိသေးတာလား "
" ဒါပေါ့...ဒါပေါ့ ဆက်လက်ရှုစားပါရန် ပေါ့ "
အကိုဆွဲခေါ်ရာ နောက်ဖုံးဖွင့်ထားသည့် ကားဆီသို့ရောက်တော့ တွေ့လိုက်ရသည်က ရွှေရောင် Park paper နဲ့ထုပ်ထားပြီး ဖဲကြိုးပါ အကျအနစည်းထားသည့် လေးထောင့် လက်ဆောင်ဘူးကြီး ။ ဆိုဒ်က ခါးစောင်းလောက်ထိ မြင့်သည် ။
" ဘာလက်ဆောင်မို့လို့ ဒီလောက် အထုပ်ကြီးက ကြီးနေတာလဲဟင် အကို "
" ဖွင့်ကြည့်ပေါ့ အသာရဲ့ "
သူ့မှာ ဖွင့်ဖောက်လိုက်ရမှာကိုပင် နှမြောနေသေးသည် ။ အကိုနဲ့ပတ်သက်ရင် သူ့နှလုံးသားက အဲ့လိုနုတာပါ ။
" အော....နေဦး ၊ ဒီလက်ဆောင်နဲ့အသာ့ကို ဓာတ်ပုံရိုက်ထားဦးမယ် ၊ အမှတ်တရပေါ့ "
တော်ရုံ ဓာတ်ပုံရိုက်လေ့မရှိတဲ့ သူဟာလည်း အကိုချိန်ထားတဲ့ ကင်မရာရှေ့မှာ ပြုံးလို့ပေါ့လေ ။
" ကဲ မွေးနေ့ရှင်က ဖွင့်ကြည့်ပါတော့ခင်ဗျာ "
စည်းထားတဲ့ ဖဲကြိုးတို့ကို ဖြည်ပြီး ဖွင့်လိုက်တော့ လက်ဆောင်ဘူးထဲမှာ အပြည့်နေရာယူထားသည်က စာအုပ်တွေ....
" စာအုပ်တွေ အများကြီးပဲ "
" အင်း အသာ့အတွက် အသုံးဝင်မယ့် လက်ဆောင်မျိုးပဲ ပေးချင်တာမို့လို့ ၊ ပြီးတော့ ဒီစာအုပ်တွေက နာမည်ကြီး စာရေးဆရာ အစုံရဲ့ Masterpiece လက်ရာတွေကို ကိုယ်လက်လှမ်းမှီသလောက် လိုက်ရှာဝယ်ထားတာ "
သူ မျက်ရည်က ဝဲလာပြန်သည် ။
" တော်ပြီ တော်ပြီ ၊ မွေးနေ့ရှင်က ထပ်ငိုမယ် မကြံနဲ့တော့ ၊ ရေသွားချိုး ၊ ပြီးရင် ရွှေတိဂုံဘုရားတက်ကြမယ် "
သူ့မှာ ကြည်နူးစိတ်နှင့် ကျလာကာနီးမျက်ရည်တွေကို မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သိမ်းရသည် ။
" အကိုက ဒီနေ့ အလုပ်မသွားဘူးလား "
" ခွင့်ယူထားတယ် ၊ အသာ့မွေးနေ့မှာ တစ်နေ့လုံး အတူတူရှိပေးချင်လို့ "
အကိုရာ.......။
" ကိုယ် ဒီကပဲ စောင့်နေမယ် ၊ အသာ ရေချိုးပြင်ဆင်ပြီးရင် ပြန်ဆင်းလာခဲ့လေ....နော် "
" ဒီမှာ စောင့်လို့ အဆင်ပြေရဲ့လား ၊ ကျွန်တော့်အခန်းမှာ လိုက်စောင့်မလား "
" ရတယ် ရတယ် ၊ ကိုယ်အဆင်ပြေတာမို့လို့ အသာက အေးအေးဆေးဆေးသာ လုပ် ၊ ဟုတ်ပြီလား "
**********
ခြံထဲကို ခပ်သုတ်သုတ်ပြန်ဝင်သွားသော ကလေးငယ်ကို ကြည့်ရင်း သူ့မှာ ပြုံးမိရသေးသည် ။ ညဝတ်အကျႌဝမ်းဆက်လေးနှင့်အသာဟာ တကယ့်ကို ကလေးလေးအတိုင်းပင် ။ အသာ့ကို ထိုပုံစံနှင့် ယခုမှ စ,မြင်ဖူးသည့်အတွက် သူ့မှာ အသည်းတယားယား ။ အိပ်ရာနိုးကာစမို့ မျက်နှာအစ်အစ် မျက်လုံးပိတ်ပိတ်လေးဖြစ်နေတဲ့ ထိုကလေးကို ကြည့်ရင်း အသည်းယားစွာ ဖျစ်ညှစ်မွှေ့ယမ်းပစ်လိုက်ချင်စိတ်ကို မနည်းထိန်းနေရသည် ။
ထိုအကောင်ပေါက်လေးကို စိတ်ရှိလက်ရှိသာ လုပ်လိုက်ရလို့ကတော့ကွာ ။
တော်ပြီ....တော်ပြီ ဆက်စေ....မင်းရဲ့ပေါက်ကရအတွေးတွေကို အခု ရပ်လိုက်တော့ ။
သူ့မှာတော့ အသာ့အပေါ် သူ့ရဲ့ချစ်တဲ့စိတ် ရေကာတာ မကျိုးအောင် မနည်းထိန်းနေရသည့် အခြေအနေမှာ ဒီကလေးက မကြောက်မလန့် အခန်းထဲတောင် လိုက်စောင့်ဖို့ ခေါ်နေသေးသည် ။
ဒင်းလေးက မသိပေမယ့်လည်း ကိုယ်ကတော့ ကိုယ့်အကြောင်းကိုယ်သိစွာ ကားထဲမှာ ထိုင်စောင့်ဖို့ကိုပဲ ရွေးချယ်ရသည်ပေါ့ ။
ဖွင့်ပြောခွင့်မရှိသည့် အချစ်တစ်ခုကို ရင်ထဲမှာ ထည့်ထားရတဲ့ ဒုက္ခဟာ သူ့အတွက်တော့ တကယ့်ကို ကြီးမားလှပါသည် ။
ရှေ့လျှောက်မှာလည်း သူ့အချစ်တွေကို ဒီကလေးလေး မသိအောင် ဘယ်လောက်ထိ ဖုံးကွယ်ရဦးမယ် မသိ ။
တစ်သက်လုံးလား....
တစ်ဘဝလုံးလား....
သူတကယ်ပဲ ဒီအချစ်တွေကို တစ်သက်လုံး မြိုသိပ်သွားနိုင်ပါ့မလား ။ အကယ်၍ သူ့ဘက်က မမြိုသိပ်နိုင်တော့တဲ့အဆုံး ဒီကလေးလေး သိသွားခဲ့ပြီး သူ့အနားက ထွက်ပြေးသွားခဲ့ရင်ရော သူ ခံနိုင်ရည် တကယ်ရှိပါ့မလား ။
အသက် ၃၀ အရွယ်ထိ ဘယ်သူ့အတွက်နဲ့မှ ဒီလောက်အထိ မခံစားဖူးတဲ့ သူဟာ ဒီကလေးလေးအတွက်နဲ့ တကယ်ကို ရူးရတော့မှာပါ ။
ဒီရက်ပိုင်းတွေမှာလည်း ဒီနေ့အတွက် ကြိုတင်ပြီး Plan တွေဆွဲရ , စာအုပ်တွေ ပတ်ရှာရ , စီစဉ်စရာရှိတာတွေ စီစဉ်ရနဲ့မို့ ကလေးငယ်အား ပစ်ထားမိသလို ဖြစ်ခဲ့ခြင်းအပေါ် ဒီကလေး ဝမ်းနည်းနေမှန်းလည်း သူသိပါသည် ။
မွေးနေ့ရောက်မှသာ အံ့သြပျော်ရွှင်စေပြီး မမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်စေချင်ခဲ့တာမို့သာ သူ့အစီအစဉ်တွေကို အသာ့အား ကြိုမပြောပြဖြစ်ခဲ့တာပါ ။
ဒီကြားထဲမှာ ဝမ်းနည်းခဲ့ရမှုတွေအတွက် အခုမွေးနေ့လေးမှာ အတိုးချပြီးတော့သာ ပျော်ပါ ကလေးငယ် ။
ကိုယ်က မင်းလေး ပြုံးနေရင်ကို အလိုလိုလိုက်ပြီး ပျော်နေတတ်ပြီမို့ မင်းလေးက ပြုံးပြီးနေပေးဖို့သာ အရေးကြီးပါတယ် ။
အဲ့ဒီအပြုံးတွေ ဖြစ်လာဖို့ ကိုယ်က အရာရာပေးဆပ်ပြီး ဖန်တီးပေးသွားမှာပါ ။
***********
ကိုယ့်မွေးနေ့မနက်စောစောမှာ ချစ်တဲ့သူနဲ့တူတူ ဘုရားတက်ရခြင်းဟာ ဘာနဲ့မှနှိုင်းယှဉ်ပြလို့မရတဲ့ ကြည်နူးမှုတစ်ခုပါပဲ ။
သူ့ဘေးမှာ ယှဉ်ပြီးလျှောက်နေတဲ့ အကို့ကို မော့ငေးရင်း ကြည့်ခွင့်ရနေတာကိုက သူ့အတွက်တော့ မွေးနေ့မှာ ဘုရားပေးတဲ့ လက်ဆောင်ပင် ။
ယောပုဆိုးအနက်နှင့် အကျႌအဖြူရောင်ဝတ်ထားတဲ့ အကိုဟာ သူ့အတွက်တော့ အခန့်ညားဆုံးဆိုတဲ့ အသွင်ကို ဆောင်နေပါ၏ ။
ဘုရားရှိခိုး ရေသပ္ပါယ်ပြီးတဲ့နောက် စနေထောင့်က ဇရပ်လေးမှာပင် ထိုင်မိကြသည် ။
" ဘုရားကပြန်ရင် မနက်စာကို ရှင်စောပုလမ်းထဲက Oriental House မှာ ဝင်စားကြမလား အသာ "
" ကောင်းသားပဲ အကို ၊ ကျွန်တော်က ဒင်ဆမ်းကြိုက်တယ် "
" အိုခေ စားပြီးမှ တစ်နေရာကို ထပ်သွားကြတာပေါ့ "
" ဘယ်သွားမှာလဲ အကို "
" ရောက်တော့ သိမှာပေါ့ကွာ "
ပြုံးပြီးပြောနေတဲ့ အကို့ကို ကြည့်ရင်း အတွေးတစ်ခုက ခေါင်းထဲဝင်လာသည် ။
" အကို့ညီလေးကိုရော အကို အရမ်းချစ်တာပဲလားဟင် "
" အင်း ချစ်ပါတယ် ၊ အသာက ဘာလို့မေးတာလဲ "
" အော်...ကျွန်တော့်ကိုတောင် အကိုက ဒီလောက်ဂရုစိုက်ပေးနေတာဆိုတော့ အကို့ညီလေးကိုဆိုရင် ဘယ်လောက်ချစ်ပြီး ဘယ်လောက်များ ဂရုစိုက်လိုက်မလဲလို့ တွေးမိလို့ပါ "
" အမှန်အတိုင်းပြောရရင် ဆက်နေကို ချစ်ပေမယ့် ဒီလို ဂရုစိုက်ပေးတာမျိုးတော့ သိပ်မရှိဘူး အသာရဲ့ "
" ဟင် ဘာလို့လဲ "
" အင်း ဒီလိုပါပဲ ၊ သူကလည်း ကိုယ် တကူးတက ဂရုစိုက်ပေးဖို့ သိပ်ပြီး လိုအပ်တဲ့သူ မဟုတ်တာလည်း ပါမှာပေါ့ "
" သူက ဒီကို အကိုတို့နဲ့တူတူ ပြန်လိုက်မလာဘူးလားဟင် "
" အင်း မလာဘူး ၊ သူက ကလေးဘဝကတည်းက စင်ကာပူကိုရောက်ပြီး ဟိုမှာပဲ ကျောင်းတက်တာတွေ ဘာတွေ လုပ်ခဲ့တော့ ဒီမြန်မာနိုင်ငံကို သိပ်ပြီး သံယောဇဉ်တွယ်တာတွေ ဘာတွေ မရှိဘူးပေါ့ ၊ ကိုယ်တို့မိသားစုလိုက် ပြောင်းသွားတုန်းက အသာတောင် ကျောင်းစ,တက်တဲ့အရွယ်ပဲ ရှိသေးတာလေ ၊ ကိုယ်ကသာ အထက်တန်းကိုလည်း ဒီမှာပဲ ပြန်တက်ပြီး ဆေးကျောင်းကိုလည်း ဒီကနေပဲ ဆက်တက်ဖြစ်သွားတာ ၊ နောက်ပိုင်း ဖေဖေနဲ့မေမေ လမ်းခွဲကြတော့လည်း မေမေက ဒီကိုပြန်လာခဲ့ပေမယ့် ဆက်နေကတော့ လိုက်မလာခဲ့ဘူး "
" အကိုကရော သူ့ကို ဘာမှမပြောဘူးလား "
" မပြောပါဘူး ၊ ဒါ သူ့ရွေးချယ်ခွင့်ပဲ ၊ ပြီးတော့ ဆက်နေက နည်းနည်းလည်း ခေါင်းမာပြီး သူလုပ်ချင်ရာ လုပ်တတ်တဲ့သူမျိုး ၊ ကိုယ်နဲ့က ညီအကိုဆိုပေမယ့် သိပ်ပြီး Type မတူဘူး "
" အကို့မေမေကတော့ သူ့သားလေးကို လွမ်းမှာပဲနော် "
" အင်းပေါ့...လွမ်းမှာပေါ့ ၊ ကိုယ် အထက်တန်းကျောင်းသားဘဝမှာ ကိုယ့်အဒေါ်တစ်ယောက်က ကျန်းမာရေးချူချာလာတော့ သူနဲ့အတူအဖော်အဖြစ်နေဖို့ ကိုယ်ဒီကို ပြန်လာခဲ့ရတာ ၊ အဲ့ဒီ အဒေါ်က အပျိုကြီးဆိုတော့ စောင့်ရှောက်မယ့်သူ မရှိလို့လေ ၊ ကိုယ် ဆေးကျောင်းပြီးတဲ့နှစ်မှာပဲ အဲ့ဒီ အဒေါ်လည်း ဆုံးသွားတယ် ၊ ကိုယ်လည်း ဒီမှာ နေသားကျနေပြီဆိုတော့ စင်ကာပူကို မပြန်ဖြစ်တော့ဘူး ၊ အဲ့တော့ ကိုယ့်မေမေက ကိုယ်နဲ့ထက် ဆက်နေနဲ့နေခဲ့ရချိန်က ပိုများတော့ သံယောဇဉ်လည်း ပိုကြီးတယ် ၊ ခုလို ခွဲနေရတဲ့အခါ ပိုပြီးခံစားရမှာပေါ့ ၊ ကိုယ့်ကိုတော့ ဖွင့်မပြောပေမယ့် မေမေခံစားနေရမယ်ဆိုတာ ကိုယ်သိတယ် "
" ကျွန်တော် စိတ်မကောင်းလိုက်တာ "
" ကဲ တော်ပြီ တော်ပြီ ၊ မွေးနေ့ရှင်ဆိုတာ ပျော်ပျော်နေရမှာ ၊ အဲ့ဒါတွေ လိုက်တွေးမနေနဲ့ ၊ ဒါနဲ့ နေပါဦး ၊ ဘာစိတ်ကူးပေါက်ပြီး ကိုယ့်ကို ဒီအကြောင်းတွေ လာမေးနေတာတုန်း "
" အကိုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အခုထက်ပိုပြီး သိချင်လို့ပါ ၊ ကျွန်တော် လက်လှမ်းမမှီခဲ့တဲ့ အကို့ရဲ့အတိတ်ကို ကျွန်တော် အမြဲသိချင်နေခဲ့တာ "
စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်မိပြီးမှ အကိုများ တစ်မျိုးထင်သွားမလားရယ်လို့ စိုးရိမ်သွားမိပေမယ့် အကိုကတော့ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေခဲ့လေသည် ။
• • • • • • • • • • • • • • • • • • • • • • • • • • • •