လမင်းမျှော်သူ ( လမင္းေမွ်ာ္သူ...

By PhyuLayy1

1.1M 116K 7.9K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ ( Zawgyi + Unicode )
အပိုင္း - ၂၀ ( Zawgyi + Unicode )
အပိုင္း - ၂၁ ( Zawgyi + Unicode )
အပိုင္း - ၂၂ ( Zawgyi + Unicode )
အပိုင္း - ၂၃ ( Zawgyi + Unicode )
အပိုင္း - ၂၄ ( Zawgyi + Unicode )
အပိုင္း - ၂၅ ( Zawgyi + Unicode )
အပိုင္း - ၂၆ ( Zawgyi + Unicode )
အပိုင္း - ၂၇ ( Zawgyi + Unicode )
အပိုင္း - ၂၈ ( Zawgyi + Unicode )
အပိုင္း - ၂၉ ( Zawgyi + Unicode )
အပိုင္း - ၃၀ ( Zawgyi + Unicode )
အပိုင္း - ၃၁ (Zawgyi + Unicode )
အပိုင္း - ၃၂ ( Zawgyi + Unicode )
အပိုင္း - ၃၃ ( Zawgyi + Unicode )
အပိုင္း - ၃၄ ( Zawgyi + Unicode )
အပိုင္း - ၃၅ ( Zawgyi + Unicode )
အပိုင္း - ၃၆ ( Zawgyi + Unicode )
အပိုင္း - ၃၇ ( Zawgyi + Unicode )
အပိုင္း - ၃၈ ( Zawgyi + Unicode )
အပိုင္း - ၃၉ ( Zawgyi + Unicode )
အပိုင္း - ၄၀ Final ( Zawgyi + Unicode )
ေက်းဇူးတင္လႊာ ( ကျေးဇူးတင်လွှာ )
Extra - 1 ( Zawgyi + Unicode )
ေၾကာ္ျငာ (ကြော်ငြာ)
Extra - 2 (Married Life)
Extra - 3 (Married life)
Book Announcement
Author's Announcement
Extra (Final)

အပိုင္း - ၁၂ (Zawgyi + Unicode)

20.9K 2.7K 187
By PhyuLayy1

#For Zawgyi

ဒီေန႔က လင္းထင္ျဖာရဲ႕ ၂၅ ႏွစ္ျပည့္ ေမြးေန႔ ။

ဆက္ေစက ေမြးေန႔ေတြဘာေတြ သြားရတာ သိပ္ဝါသနာပါသူမဟုတ္ ။ ဒီလို ညပြဲဆိုရင္ ပိုဆိုးသည္ ။ လူမ်ားမ်ားနဲ႔ ရႈပ္ရႈပ္ေထြးေထြး ၿပံဳးျပရယ္ျပရျခင္းအေပၚ သူ စိတ္ရႈပ္၏ ။ ဒါေၾကာင့္ ဒီလိုပြဲေတြဆိုရင္ အတတ္ႏိုင္ဆံုး ေရွာင္ခဲ့ေပမယ့္ ယခု လင္းလင္းရဲ႕ပြဲကေတာ့ ဘြားဘြားကိုယ္တိုင္ လွမ္းဖိတ္တာမို႔ မလာမျဖစ္လာခဲ့ရသည္ ။ ငယ္စဥ္ကလည္း သူတို႔မိသားစုအေပၚမွာ ဘြားဘြားၾကည့္ရႈေစာင့္ေရွာက္ခဲ့ဖူးတာေတြ ရွိသျဖင့္ ဘြားဘြား စိတ္အေနွာက္အယွက္ျဖစ္ေစတဲ့ကိစၥမ်ိဳးကို သူ မလုပ္လိုပါ ။ ေမေမကလည္း ထိုကဲ့သို႔ပင္ ဆႏၵရွိသည္ ။

ပြဲက ည ၆ နာရီ စ,တာ ဆိုေပမယ့္ သူေရာက္ေတာ့ ၇ နာရီထိုးေနၿပီျဖစ္သျဖင့္ လူလည္း ေတာ္ေတာ္စံုေနၾကၿပီ ။ ပြဲထဲမွာ ဟိုဟိုဒီဒီ လိုက္ႏႈတ္ဆက္ေနတဲ့ ေမြးေန႔ရွင္ လင္းလင္းကေတာ့ အလွႀကီး လွေန၏ ။

သူလည္း ထိပ္ဆံုးစားပြဲဝိုင္းမွာ ထိုင္ေနတဲ့ ဘြားဘြား နဲ႔ အန္ကယ္တို႔ဆီသို႔ အရင္ဆံုး သြားႏႈတ္ဆက္ရသည္ ။

" ေဟာ ငါ့ေျမး ေဒါက္တာႀကီး ေရာက္လာၿပီလား "

" ဟုတ္ ဘြားဘြား "

" လင္းလင္းနဲ႔ေရာ ေတြ႕ၿပီးပလား "

" ဝင္လာတုန္းကေတာ့ လွမ္းေတြ႕လိုက္တယ္ ဘြားဘြား ၊ လင္းလင္းက ဧည့္သည္ေတြကို ဧည့္ခံရင္း အလုပ္ရႈပ္ေနတာေတြ႕လိုု႔ ကၽြန္ေတာ္ ဘြားဘြားတို႔ဆီပဲ အရင္လာလိုက္တာ "

ထိုစဥ္မွာပဲ လင္းလင္းက သူတို႔နားေရာက္လာၿပီး

" ကိုဆက္ ဘယ္တုန္းက ေရာက္ ? "

" ခုေလးမွ ေရာက္တာ လင္းလင္း ၊ Happy Birthday ေနာ္ ၊ ေရာ့...ဒီမွာ လင္းလင္းအတြက္ BD present "

" Thanks ကိုဆက္ "

" လင္းလင္း ညည္းအကိုကို ေခၚသြားၿပီး ေနရာစီစဥ္ေပးလိုက္ဦး ၊ ေသခ်ာလည္း ဂရုစိုက္လိုက္ ၾကားလား "

" ဟုတ္ကဲ့ပါ ဘြားဘြားရဲ႕ ၊ ကိုယ့္ဘြားဘြားရဲ႕ VIP ဧည့္သည္ႀကီးကို လင္းက ထူးထူးရွယ္ ဂရုစိုက္မွာပါ "

" သား ဆက္ေစ လင္းလင္းနဲ႔ လိုက္သြား "

သူ လင္းလင္းနဲ႔အတူ လိုက္လာရင္း

" ငါ့ကို လူရွင္းတဲ့ေနရာပဲ ရွာေပးေနာ္ လင္းလင္း "

" အမေလး စိတ္ခ် စိတ္ခ် ၊ ကိုဆက္အေၾကာင္း လင္းသိတာေပါ့ "

ပြဲက စားေသာက္ဆိုင္ႀကီးတစ္ဆိုင္ရဲ႕ ၿခံဝန္းျမက္ခင္းျပင္မွာ လုပ္ထားတာမို႔ ၿခံေထာင့္ခပ္က်က် သစ္ပင္ေအာက္က ဝိုင္းကို သူ႔အား ေခၚလာေပးရင္း

" ဒီမွာဆိုရင္ ကိုဆက္တစ္ေယာက္တည္း ေအးေဆးထိုင္လို႔ရတယ္ ၊ အဆင္ေျပတယ္ဟုတ္ ? "

" ေအး ေျပတယ္ "

" အစားအေသာက္က buffet စနစ္နဲ႔ဆိုေတာ့ ဗိုက္ဆာရင္ ကိုဆက္ဘာသာ ႀကိဳက္တာယူစားေနာ္ ၊ တစ္ခုခုလိုအပ္တယ္ဆိုရင္ waiter ေလးေတြကေန လင္းကို ေခၚခိုင္းလိုက္ "

" ေအးပါ...ရတယ္ ရတယ္ ၊ ဒါနဲ႔ အသာေရာ မေတြ႕ပါလား "

" ဟယ္ ဟုတ္ပါ့ ၊ ဒီေကာင္ေလး ဘယ္ေရာက္သြားပါလိမ့္ ၊ အစပိုင္းက ဧည့္သည္ေတြကို ေနရာခ် ဘာညာ သူ ကူေပးေနေသးတယ္ ၊ ေအာ သိၿပီ ၊ လူရႈပ္တဲ့ဒဏ္မခံႏိုင္လို႔ ေခါင္မိုးထပ္ေပၚ သြားေနတယ္ထင္တယ္ "

" ေခါင္မိုးထပ္ဆိုတာ ဒီဆိုင္အေပၚမွာလား "

" ဟုတ္တယ္ ကိုဆက္ ၊ ဟိုးက အေဆာက္အဦးေဘးေလွကားကေန တက္သြားရင္ ရတယ္ ၊ စားၿပီးလို႔ ကိုဆက္ ပ်င္းေနရင္ လိုက္သြားေလ "

" အင္းပါ ၊ ကဲ သြား သြား ၊ ဧည့္သည္ေတြက ေရႊမင္းသမီးကို ေမ်ွာ္ေနေတာ့မယ္ "

လူရႈပ္ရႈပ္ၾကား စားခ်င္စိတ္လည္း မရွိတာႏွင့္ လင္းလင္းညႊန္ျပခဲ့သည့္ ေခါင္မိုးထပ္သို႔သာ တက္ခဲ့လိုက္ေတာ့သည္ ။

ေခါင္မိုးထပ္ေပၚေရာက္ေတာ့ ခံုေတြဘာေတြႏွင့္ အလွဆင္ထားမယ္လို႔ ထင္ထားမိသမ်ွ တစ္ျခားစီ ျဖစ္ေန၏ ။ ပတ္ခ်ာလည္ ပြတ္လံုးလက္ရန္းေတြႏွင့္ ကာထားေသာ အမိုးမရွိသည့္ ေခါင္မိုးထပ္က တစ္ထပ္လံုး ရွင္းလင္းေနသည္မွာ ပစၥည္းလည္း မရွိ လူလည္း မရွိေပ ။ မီးကလည္း ထြန္းမထား ။ ပြဲခင္းထဲက မီးေရာင္ေၾကာင့္သာ ေမွာင္မဲမေနျခင္း ျဖစ္သည္ ။

အသာ့ကို ေတြ႕ရဖို႔ ေမ်ွာ္လင့္ခ်က္နဲ႔ တက္လာခဲ့မိသမ်ွ အေမာေတာင္ ဆို႔ခ်င္သြားသည္ ။ အသာ့ဆီ ဖုန္းဆက္ၿပီးပဲ ဘယ္မွာရွိေနလဲ လွမ္းေမးရင္ ေကာင္းမလား ။ အကယ္၍ ဖုန္းဆက္လိုက္လို႔ အသာက ျပန္သြားၿပီဆိုရင္ေရာ.....။ သူ႔မွာ အေတြးေတြနဲ႔ ေယာက္ယက္ခတ္ေနခ်ိန္

" အကို "

အသာ့ ေခၚသံေၾကာင့္ ဝမ္းသာအားရ ေမာ့ၾကည့္မိေတာ့ ခိုအိမ္ကဲ့သို႔ အေဆာက္အဦးေလး၏ အမိုးေပၚမွာ ေျခတြဲေလာင္းခ်ရင္း ထိုင္ေနတာကို ေတြ႕လိုက္ရသည္ ။

" ကိုယ္ အသာ့ကို လိုက္ရွာေနတာ "

" ဒီမွာ လာထိုင္မလား အကို "

" အင္း လာမယ္ "

အသာ့ကို ေတြ႕လိုက္ခ်ိန္ ျဖစ္ေပၚလာတဲ့ ဝမ္းသာသြားစိတ္ကို သူ႔ဟာသူပင္ ျပန္အံ့ၾသရသည္ ။ မေတြ႕တာၾကာေနတဲ့ သူေတြလည္း မဟုတ္ပါပဲေလ ။

နံရံမွာ ကပ္ေထာင္ထားသည့္ သံေလွကားေလးအတိုင္း တက္ခဲ့ၿပီး အသာ့ေဘးနား ထိုင္ခ်ေတာ့

" အကို ဘယ္တုန္းက ေရာက္တာလဲ "

" ခုနေလးကမွ "

" ဟင္ ပြဲထဲမွာ မေနဘူးလား ၊ စားေရာ စားၿပီလား "

" ကိုယ္က လူရႈပ္ရႈပ္နဲ႔ဆို ေနလည္း မေနတတ္ဘူး ၊ စားလည္း မစားတတ္ဘူး "

" ဟင္ ဒါဆို ဗိုက္ဆာေနမွာေပါ့ အကိုရ ၊ ကၽြန္ေတာ္ တစ္ခုခု သြားယူေပးမယ္ေလ "

" ဟင့္အင္း မယူနဲ႔ ၊ ဒီမွာပဲ ထိုင္ေန "

အသာက ခဏၿငိမ္သြားၿပီး ခုနက ေမွာင္ေမွာင္နဲ႔မို႔ သူသတိမထားမိသည့္ ေဘးနားက ပန္းကန္တစ္ခ်ပ္ကို ထိုးျပရင္း

" ဒါ...စားမလား ၊ ကၽြန္ေတာ္ ခုနေလးကပဲ Kitchen ထဲဝင္ၿပီး ၾကက္ဥေၾကာ္လာခဲ့တာ ထမင္းျဖဴနဲ႔ ၊ အကို စားတတ္ရင္ စား "

" အသာစားဖို႔ လုပ္ထားတာမဟုတ္လား "

" ရတယ္ ၊ ကၽြန္ေတာ္က မဆာပါဘူး ၊ အကိုပဲ စားလိုက္ "

ကိုယ္တိုင္ပဲ စားဖို႔ တကူးတကေတာင္ လုပ္လာၿပီးမွ မဆာဘူးရယ္လို႔ပဲ ရွိမလား ။ ဒီကေလးကေတာ့... ။

" တူတူစားမလား ? "

" ဗ်ာ.... "

အံ့ၾသတႀကီး ဝိုင္းစက္သြားတဲ့ မ်က္လံုးေတြကို ၾကည့္ရင္း ရယ္ခ်င္စိတ္နဲ႔အတူ ခ်စ္စႏိုးျဖစ္ရသည္ ။

" တူတူစားမယ္လို႔ "

" အာ...ပန္းကန္က တစ္ခ်ပ္တည္းေလ ၊ ဇြန္း ဇြန္းကလည္း တစ္ေခ်ာင္းတည္းဟာကို "

" ဘာလဲ...အသာက ရြံလို႔လား "

ပန္းကန္ထဲမွ ထမင္းနဲ႔ၾကက္ဥေၾကာ္အနည္းငယ္ကို ယူစားလိုက္ရင္း ေမးမိေတာ့

" အဲ...အဲ့လို မဟုတ္ "

" ဒါျဖင့္ အသာလည္း စား ေရာ့... "

ဇြန္းကို ႏႈတ္ခမ္းနားထိုးေပးရင္း ခြံ႕ေတာ့ ေခါင္းကို အနည္းငယ္ယိမ္းကာ ဇြန္းကို သူ႔လက္ႏွင့္ေျပာင္းယူၿပီးမွ စားသည္ ။ ဒီကေလး ငယ္ငယ္တုန္းကေတာ့ သူခြံ႕ေကၽြးသမ်ွကို ပါးေဖာင္းေအာင္စားခဲ့ၿပီး ခုက်မွ လက္ေပါက္ကပ္ေနလိုက္တာ ။ အဲ့ဒီတုန္းက တလႈပ္လႈပ္နဲ႔ ဝါးေနတဲ့ ပါးေဖာင္းေဖာင္းေလးေတြကို သူ အသည္းတယားယားႏွင့္ အားရပါးရ နမ္းရႈိက္ခဲ့တာ ျပန္သတိရမိေတာ့ လူက ထူထူပူပူႀကီး ျဖစ္လာသည္ ။

ေနပါဦး...ရာသီဥတုက ခ်က္ခ်င္းႀကီး ပူလာတာလား ။

တစ္ေယာက္တစ္လွည့္ခပ္စားေသာ ထမင္းတစ္ပန္းကန္ဟာလည္း ခဏအတြင္းမွာတင္ တက္တက္စင္ ေျပာင္ေလ၏ ။ ဘာမွမထူးျခားသည့္ ၾကက္ဥေၾကာ္ကလည္း အသာ့လက္ရာမို႔ပဲ ပိုစားေကာင္းေစတာလား ။

ကေလးဘဝမွာ အသာေလးကို ထမင္းခြံ႕ရင္း တူတူစားခဲ့ဖူးတာကလြဲလို႔ တစ္ျခား ဘယ္သူနဲ႔မွ ယခုလို ထမင္းတစ္ပန္းကန္တည္း တူတူမစားဖူးတာကို ေတြးမိသည္ ။

ကေလးဘဝတုန္းကလည္း တစ္ပန္းကန္တည္းစားခဲ့သူဟာ အသာပဲ ျဖစ္ခဲ့သလို ယခု ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးမွ တစ္ပန္းကန္တည္း တူတူျပန္စားမိသူဟာလည္း အသာပဲျဖစ္ေနခဲ့သတဲ့လား ။

ဒီပြဲကို လာစဥ္တုန္းက ခဏေနၿပီးျပန္မယ္လို႔ ေတြးထားခဲ့ေပမယ့္ ခုေတာ့လည္း မျပန္ခ်င္ေတာ့ျပန္ ။ အင္း လူ႕စိတ္ဆိုလည္း ဆန္းက်ယ္သား ။

" အသာ ဒီေနရာကို ဘယ္လိုသိတာလဲ "

" ဒီဆိုင္က ဘြားဘြားမိတ္ေဆြအရင္းအခ်ာတစ္ေယာက္ရဲ႕ ဆိုင္ေလ ၊ ငယ္ငယ္ကတည္းကေန ခုခ်ိန္ထိ မမရဲ႕ ေမြးေန႔ပြဲမွန္သမ်ွ ဒီဆိုင္မွာပဲ အၿမဲလုပ္ခဲ့တာ ၊ အဲ့လိုလုပ္တိုင္း လူရႈပ္ရင္ မေနတတ္တဲ့ ကၽြန္ေတာ္က ေနလို႔အဆင္ေျပမယ့္ ေခ်ာင္တစ္ေခ်ာင္ကို ရွာရင္း ဒီေနရာကို ေတြ႔ခဲ့တာပဲ ၊ အဲ့ေတာ့ မမ ေမြးေန႔လုပ္တဲ့အခါတိုင္း ကူစရာရွိတာ ကူၿပီးတာနဲ႔ ဒီေပၚပဲ လာေနျဖစ္ေတာ့တာ "

" ဒီေနရာေလးကို ကိုယ္တကယ္သေဘာက်တယ္ "

" ကၽြန္ေတာ္ေရာပဲ ၊ ေကာင္းကင္မွာ သာေနတဲ့ လမင္းႀကီးကို အေမွာင္ထဲကေန ေငးၾကည့္ရတာ ကၽြန္ေတာ့္အတြက္ေတာ့ ဘာနဲ႔မွ လဲလို႔မရတဲ့ ခံစားမႈပဲ ၊ ကၽြန္ေတာ္ အဲ့လိုေငးၾကည့္ေနတာကိုလည္း ဘယ္သူကမွ မျမင္ႏိုင္ဘူးေလ "

တစ္ခါတစ္ခါ ဒီကေလးရဲ႕ ခံစားခ်က္ေတြကို သူလိုက္မမီ ။ မင္းရင္ထဲမွာ ဘယ္လိုခံစားခ်က္ေတြမ်ား ကိန္းေအာင္းေနသလဲ ကေလးငယ္ရယ္ ။

" အသာကေရာ ေမြးေန႔ပြဲေတြ ဘာေတြ မလုပ္ဘူးလား "

" မလုပ္ပါဘူး အကိုရာ ၊ ကၽြန္ေတာ္ ဝါသနာလည္း မပါပါဘူး "

" ငယ္ငယ္ကတည္းက တစ္ခါမွ မလုပ္ဖူးဘူးလား "

" ဟင့္အင္း မလုပ္ဖူးဘူး ၊ ေမြးေန႔နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ့္ဘဝမွာ ဘာမွ ထူးထူးျခားျခား မရွိခဲ့ဖူးဘူး ၊ မရွိဆို ကိုယ့္နာမည္နဲ႔ ေမြးေန႔ကိတ္ေတာင္ ဒီအရြယ္အထိ တစ္ခါမွ မျမင္ဖူးဘူး ၊ ေဖေဖ နဲ႔ ေမေမကလည္း အလုပ္မအားၾကဘူးကိုး အကိုရဲ႕ ၊ ကၽြန္ေတာ့္ကိုေတာ့ ေမြးေန႔တိုင္း လိုအပ္တဲ့ ပစၥည္းတစ္ခုခု လက္ေဆာင္ဝယ္ေပးပါတယ္ "

" လင္းလင္းကိုက်ေတာ့ ေမြးေန႔လုပ္ေပးတယ္ေပါ့ "

" ဒါကလည္း ေဖေဖနဲ႔ေမေမ လုပ္တာမဟုတ္ပါဘူး ၊ ဘြားဘြားကပဲ အကုန္စီစဥ္ၿပီး လုပ္ေပးတာ ၊ ၿပီးေတာ့ လူအမ်ားႀကီးကို ဖိတ္ၿပီး ေမြးေန႔လုပ္တယ္ဆိုတာ ေမြးေန႔ရွင္ကိုယ္တိုင္ကလည္း ဂုဏ္ယူစရာ အရည္အခ်င္းေတြနဲ႔ ျပည့္စံုမွ ပြဲကလည္း တင့္တယ္မွာေပါ့ အကိုရ ၊ လာတဲ့ဧည့္သည္ေတြက ေမြးေန႔ရွင္ကို အေရးတယူျပဳၿပီး ဆယ္တန္းေအာင္ၿပီလား , ေက်ာင္းၿပီးၿပီလား , ဘာအလုပ္လုပ္ေနလဲ စသျဖင့္ အရြယ္နဲ႔ လိုက္ဖက္တဲ့ ေမးခြန္းမ်ိဳးေတြ ေမးၾကမွာပဲေလ ၊ အဲ့ဒီအခါ ကၽြန္ေတာ့္လိုေကာင္က ေမြးေန႔ရွင္ ျဖစ္ေနလို႔ကေတာ့ ဘြားဘြားတို႔ပဲ ကိုယ့္အထုပ္ကိုယ္ေျဖသလိုျဖစ္ၿပီး အရွက္ရမွာ ၊ မမက်ေတာ့ ကၽြန္ေတာ့္လို မဟုတ္ဘူးေလ ၊ ဘယ္ေနရာမွာျဖစ္ျဖစ္ ပြဲလည္တင့္တာကိုး "

သူေမးသမ်ွကို ေခါင္းငံု႔ကာ ခပ္တိုးတိုးေျဖေနေသာ ထိုကေလးငယ္ကို ၾကည့္ရင္း သူ႔ရင္ထဲ ဘယ္ေနရာက နာလို႔နာမွန္းမသိ နာလာသည္ ။ အသိုင္းအဝိုင္းေကာင္းမွာ ေမြးဖြားလာခဲ့ရက္နဲ႔မ်ား ဒီလိုပံုစံ ဒီလိုခံစားခ်က္ေတြနဲ႔ ႀကီးျပင္းလာရသလား ကေလးငယ္ရယ္ ။

" ဒါျဖင့္ အသာ့ေမြးေန႔ေတြကို ဘယ္လိုျဖတ္သန္းတတ္သလဲ "

" ငယ္ငယ္တုန္းကေတာ့ ဒီလိုပဲ ၿပီးၿပီးေပ်ာက္ေပ်ာက္ေပါ့ ၊ သိတတ္တဲ့အရြယ္ေရာက္ေတာ့ ကၽြန္ေတာ္တတ္နိုင္တဲ့ေငြေလးနဲ႔ ေဖေဖနဲ႔ေမေမကို ကန္ေတာ့တယ္ ၊ ဘြားဘြားကေတာ့ ကၽြန္ေတာ္တို႔နဲ႔တူတူမေနဘဲ သပ္သပ္ေနတာဆိုေတာ့ အဲ့လို မကန္ေတာ့ျဖစ္ဘူးေပါ့ ၊ အိမ္သြားရင္လည္း ႀကိဳက္မွာမဟုတ္ေတာ့ေလ ၊ အဟင္း...ၿပီးေတာ့ ကၽြန္ေတာ္တစ္ေယာက္တည္းပဲ ဘုရားတက္တယ္ ၊ ကၽြန္ေတာ့္ေမြးေန႔ ျဖတ္သန္းပံုက အဲ့ဒါပါပဲ "

ေျပာေနရင္းက ဘာမွမျဖစ္သလို ဟန္ေဆာင္ရယ္ျပလိုက္ေသးသည္ ။ သို႕ေသာ္လည္း ေနာက္ဆံုးမွာ တိုးဖြတိမ္ဝင္သြားသည့္ သူ႔အသံကိုကား သူ ဖံုးဖိလိုက္နိုင္ဟန္မတူေပ ။

အနည္းငယ္ တုန္ရီသလိုျဖစ္ေနေသာ ကေလးငယ္ရဲ႕လက္တစ္ဖက္ကို ဆြဲယူရင္း သူ႔လက္ေတြၾကား ေထြးဆုပ္ထားေပးေတာ့ အရည္ၾကည္တစ္ခ်ိဳ႕ ရစ္သိုင္းေနတဲ့ မ်က္ဝန္းအစံုနဲ႔ ကေလးငယ္က သူ႔ကို ေမာ့ၾကည့္လာတယ္ ။

" ဒီႏွစ္ အသာ့ေမြးေန႔က်ရင္ ကိုယ္က အသာနဲ႔တူတူရွိေနေပးမွာမို႔ ေပ်ာ္စရာေကာင္းတဲ့ ေမြးေန႔ေလးတစ္ခု ျဖစ္ေစရမယ္လို႔ ကိုယ္ ကတိေပးတယ္ အသာ "

ၿပံဳးသြားတဲ့ ကေလးငယ္ေၾကာင့္ သူ႔ကတိစကားဟာ ထိုကေလးငယ္အတြက္ အပိုေတာ့ မျဖစ္ေစဘူးဆိုတာ သိလိုက္ရ၍ သူ ေက်နပ္သြားမိသည္ ။

စိတ္ခ်ပါ ကေလးငယ္ ။ မင္းရဲ႕ သိမ္ငယ္မႈေတြ , အထီးက်န္မႈေတြ , မဝံ့မရဲ ျဖစ္မႈေတြကို ဒီအကိုက အကုန္ဖယ္ရွားပစ္မွာမို႔ ကိုယ့္လက္ကိုသာ ယံုယံုၾကည္ၾကည္ ဆြဲကိုင္ၿပီး လိုက္ခဲ့ေပးပါ ။

အေတြးနဲ႔အတူ ေထြးဆုပ္ထားမိတဲ့ ကေလးငယ္ရဲ႕လက္ကိုလည္း ျပန္လႊတ္မေပးမိဘဲ ထိုအတိုင္းသာ ဆက္လက္ဆုပ္ကိုင္ထားမိေလသည္ ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

______________________________
#For Unicode

ဒီနေ့က လင်းထင်ဖြာရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ ။

ဆက်စေက မွေးနေ့တွေဘာတွေ သွားရတာ သိပ်ဝါသနာပါသူမဟုတ် ။ ဒီလို ညပွဲဆိုရင် ပိုဆိုးသည် ။ လူများများနဲ့ ရှုပ်ရှုပ်ထွေးထွေး ပြုံးပြရယ်ပြရခြင်းအပေါ် သူ စိတ်ရှုပ်၏ ။ ဒါကြောင့် ဒီလိုပွဲတွေဆိုရင် အတတ်နိုင်ဆုံး ရှောင်ခဲ့ပေမယ့် ယခု လင်းလင်းရဲ့ပွဲကတော့ ဘွားဘွားကိုယ်တိုင် လှမ်းဖိတ်တာမို့ မလာမဖြစ်လာခဲ့ရသည် ။ ငယ်စဉ်ကလည်း သူတို့မိသားစုအပေါ်မှာ ဘွားဘွားကြည့်ရှုစောင့်ရှောက်ခဲ့ဖူးတာတွေ ရှိသဖြင့် ဘွားဘွား စိတ်အနှောက်အယှက်ဖြစ်စေတဲ့ကိစ္စမျိုးကို သူ မလုပ်လိုပါ ။ မေမေကလည်း ထိုကဲ့သို့ပင် ဆန္ဒရှိသည် ။

ပွဲက ည ၆ နာရီ စ,တာ ဆိုပေမယ့် သူရောက်တော့ ၇ နာရီထိုးနေပြီဖြစ်သဖြင့် လူလည်း တော်တော်စုံနေကြပြီ ။ ပွဲထဲမှာ ဟိုဟိုဒီဒီ လိုက်နှုတ်ဆက်နေတဲ့ မွေးနေ့ရှင် လင်းလင်းကတော့ အလှကြီး လှနေ၏ ။

သူလည်း ထိပ်ဆုံးစားပွဲဝိုင်းမှာ ထိုင်နေတဲ့ ဘွားဘွား နဲ့ အန်ကယ်တို့ဆီသို့ အရင်ဆုံး သွားနှုတ်ဆက်ရသည် ။

" ဟော ငါ့မြေး ဒေါက်တာကြီး ရောက်လာပြီလား "

" ဟုတ် ဘွားဘွား "

" လင်းလင်းနဲ့ရော တွေ့ပြီးပလား "

" ဝင်လာတုန်းကတော့ လှမ်းတွေ့လိုက်တယ် ဘွားဘွား ၊ လင်းလင်းက ဧည့်သည်တွေကို ဧည့်ခံရင်း အလုပ်ရှုပ်နေတာတွေ့လိုု့ ကျွန်တော် ဘွားဘွားတို့ဆီပဲ အရင်လာလိုက်တာ "

ထိုစဉ်မှာပဲ လင်းလင်းက သူတို့နားရောက်လာပြီး

" ကိုဆက် ဘယ်တုန်းက ရောက် ? "

" ခုလေးမှ ရောက်တာ လင်းလင်း ၊ Happy Birthday နော် ၊ ရော့...ဒီမှာ လင်းလင်းအတွက် BD present "

" Thanks ကိုဆက် "

" လင်းလင်း ညည်းအကိုကို ခေါ်သွားပြီး နေရာစီစဉ်ပေးလိုက်ဦး ၊ သေချာလည်း ဂရုစိုက်လိုက် ကြားလား "

" ဟုတ်ကဲ့ပါ ဘွားဘွားရဲ့ ၊ ကိုယ့်ဘွားဘွားရဲ့ VIP ဧည့်သည်ကြီးကို လင်းက ထူးထူးရှယ် ဂရုစိုက်မှာပါ "

" သား ဆက်စေ လင်းလင်းနဲ့ လိုက်သွား "

သူ လင်းလင်းနဲ့အတူ လိုက်လာရင်း

" ငါ့ကို လူရှင်းတဲ့နေရာပဲ ရှာပေးနော် လင်းလင်း "

" အမလေး စိတ်ချ စိတ်ချ ၊ ကိုဆက်အကြောင်း လင်းသိတာပေါ့ "

ပွဲက စားသောက်ဆိုင်ကြီးတစ်ဆိုင်ရဲ့ ခြံဝန်းမြက်ခင်းပြင်မှာ လုပ်ထားတာမို့ ခြံထောင့်ခပ်ကျကျ သစ်ပင်အောက်က ဝိုင်းကို သူ့အား ခေါ်လာပေးရင်း

" ဒီမှာဆိုရင် ကိုဆက်တစ်ယောက်တည်း အေးဆေးထိုင်လို့ရတယ် ၊ အဆင်ပြေတယ်ဟုတ် ? "

" အေး ပြေတယ် "

" အစားအသောက်က buffet စနစ်နဲ့ဆိုတော့ ဗိုက်ဆာရင် ကိုဆက်ဘာသာ ကြိုက်တာယူစားနော် ၊ တစ်ခုခုလိုအပ်တယ်ဆိုရင် waiter လေးတွေကနေ လင်းကို ခေါ်ခိုင်းလိုက် "

" အေးပါ...ရတယ် ရတယ် ၊ ဒါနဲ့ အသာရော မတွေ့ပါလား "

" ဟယ် ဟုတ်ပါ့ ၊ ဒီကောင်လေး ဘယ်ရောက်သွားပါလိမ့် ၊ အစပိုင်းက ဧည့်သည်တွေကို နေရာချ ဘာညာ သူ ကူပေးနေသေးတယ် ၊ အော သိပြီ ၊ လူရှုပ်တဲ့ဒဏ်မခံနိုင်လို့ ခေါင်မိုးထပ်ပေါ် သွားနေတယ်ထင်တယ် "

" ခေါင်မိုးထပ်ဆိုတာ ဒီဆိုင်အပေါ်မှာလား "

" ဟုတ်တယ် ကိုဆက် ၊ ဟိုးက အဆောက်အဦးဘေးလှေကားကနေ တက်သွားရင် ရတယ် ၊ စားပြီးလို့ ကိုဆက် ပျင်းနေရင် လိုက်သွားလေ "

" အင်းပါ ၊ ကဲ သွား သွား ၊ ဧည့်သည်တွေက ရွှေမင်းသမီးကို မျှော်နေတော့မယ် "

လူရှုပ်ရှုပ်ကြား စားချင်စိတ်လည်း မရှိတာနှင့် လင်းလင်းညွှန်ပြခဲ့သည့် ခေါင်မိုးထပ်သို့သာ တက်ခဲ့လိုက်တော့သည် ။

ခေါင်မိုးထပ်ပေါ်ရောက်တော့ ခုံတွေဘာတွေနှင့် အလှဆင်ထားမယ်လို့ ထင်ထားမိသမျှ တစ်ခြားစီ ဖြစ်နေ၏ ။ ပတ်ချာလည် ပွတ်လုံးလက်ရန်းတွေနှင့် ကာထားသော အမိုးမရှိသည့် ခေါင်မိုးထပ်က တစ်ထပ်လုံး ရှင်းလင်းနေသည်မှာ ပစ္စည်းလည်း မရှိ လူလည်း မရှိပေ ။ မီးကလည်း ထွန်းမထား ။ ပွဲခင်းထဲက မီးရောင်ကြောင့်သာ မှောင်မဲမနေခြင်း ဖြစ်သည် ။

အသာ့ကို တွေ့ရဖို့ မျှော်လင့်ချက်နဲ့ တက်လာခဲ့မိသမျှ အမောတောင် ဆို့ချင်သွားသည် ။ အသာ့ဆီ ဖုန်းဆက်ပြီးပဲ ဘယ်မှာရှိနေလဲ လှမ်းမေးရင် ကောင်းမလား ။ အကယ်၍ ဖုန်းဆက်လိုက်လို့ အသာက ပြန်သွားပြီဆိုရင်ရော.....။ သူ့မှာ အတွေးတွေနဲ့ ယောက်ယက်ခတ်နေချိန်

" အကို "

အသာ့ ခေါ်သံကြောင့် ဝမ်းသာအားရ မော့ကြည့်မိတော့ ခိုအိမ်ကဲ့သို့ အဆောက်အဦးလေး၏ အမိုးပေါ်မှာ ခြေတွဲလောင်းချရင်း ထိုင်နေတာကို တွေ့လိုက်ရသည် ။

" ကိုယ် အသာ့ကို လိုက်ရှာနေတာ "

" ဒီမှာ လာထိုင်မလား အကို "

" အင်း လာမယ် "

အသာ့ကို တွေ့လိုက်ချိန် ဖြစ်ပေါ်လာတဲ့ ဝမ်းသာသွားစိတ်ကို သူ့ဟာသူပင် ပြန်အံ့သြရသည် ။ မတွေ့တာကြာနေတဲ့ သူတွေလည်း မဟုတ်ပါပဲလေ ။

နံရံမှာ ကပ်ထောင်ထားသည့် သံလှေကားလေးအတိုင်း တက်ခဲ့ပြီး အသာ့ဘေးနား ထိုင်ချတော့

" အကို ဘယ်တုန်းက ရောက်တာလဲ "

" ခုနလေးကမှ "

" ဟင် ပွဲထဲမှာ မနေဘူးလား ၊ စားရော စားပြီလား "

" ကိုယ်က လူရှုပ်ရှုပ်နဲ့ဆို နေလည်း မနေတတ်ဘူး ၊ စားလည်း မစားတတ်ဘူး "

" ဟင် ဒါဆို ဗိုက်ဆာနေမှာပေါ့ အကိုရ ၊ ကျွန်တော် တစ်ခုခု သွားယူပေးမယ်လေ "

" ဟင့်အင်း မယူနဲ့ ၊ ဒီမှာပဲ ထိုင်နေ "

အသာက ခဏငြိမ်သွားပြီး ခုနက မှောင်မှောင်နဲ့မို့ သူသတိမထားမိသည့် ဘေးနားက ပန်းကန်တစ်ချပ်ကို ထိုးပြရင်း

" ဒါ...စားမလား ၊ ကျွန်တော် ခုနလေးကပဲ Kitchen ထဲဝင်ပြီး ကြက်ဥကြော်လာခဲ့တာ ထမင်းဖြူနဲ့ ၊ အကို စားတတ်ရင် စား "

" အသာစားဖို့ လုပ်ထားတာမဟုတ်လား "

" ရတယ် ၊ ကျွန်တော်က မဆာပါဘူး ၊ အကိုပဲ စားလိုက် "

ကိုယ်တိုင်ပဲ စားဖို့ တကူးတကတောင် လုပ်လာပြီးမှ မဆာဘူးရယ်လို့ပဲ ရှိမလား ။ ဒီကလေးကတော့... ။

" တူတူစားမလား ? "

" ဗျာ.... "

အံ့သြတကြီး ဝိုင်းစက်သွားတဲ့ မျက်လုံးတွေကို ကြည့်ရင်း ရယ်ချင်စိတ်နဲ့အတူ ချစ်စနိုးဖြစ်ရသည် ။

" တူတူစားမယ်လို့ "

" အာ...ပန်းကန်က တစ်ချပ်တည်းလေ ၊ ဇွန်း ဇွန်းကလည်း တစ်ချောင်းတည်းဟာကို "

" ဘာလဲ...အသာက ရွံလို့လား "

ပန်းကန်ထဲမှ ထမင်းနဲ့ကြက်ဥကြော်အနည်းငယ်ကို ယူစားလိုက်ရင်း မေးမိတော့

" အဲ...အဲ့လို မဟုတ် "

" ဒါဖြင့် အသာလည်း စား ရော့... "

ဇွန်းကို နှုတ်ခမ်းနားထိုးပေးရင်း ခွံ့တော့ ခေါင်းကို အနည်းငယ်ယိမ်းကာ ဇွန်းကို သူ့လက်နှင့်ပြောင်းယူပြီးမှ စားသည် ။ ဒီကလေး ငယ်ငယ်တုန်းကတော့ သူခွံ့ကျွေးသမျှကို ပါးဖောင်းအောင်စားခဲ့ပြီး ခုကျမှ လက်ပေါက်ကပ်နေလိုက်တာ ။ အဲ့ဒီတုန်းက တလှုပ်လှုပ်နဲ့ ဝါးနေတဲ့ ပါးဖောင်းဖောင်းလေးတွေကို သူ အသည်းတယားယားနှင့် အားရပါးရ နမ်းရှိုက်ခဲ့တာ ပြန်သတိရမိတော့ လူက ထူထူပူပူကြီး ဖြစ်လာသည် ။

နေပါဦး...ရာသီဥတုက ချက်ချင်းကြီး ပူလာတာလား ။

တစ်ယောက်တစ်လှည့်ခပ်စားသော ထမင်းတစ်ပန်းကန်ဟာလည်း ခဏအတွင်းမှာတင် တက်တက်စင် ပြောင်လေ၏ ။ ဘာမှမထူးခြားသည့် ကြက်ဥကြော်ကလည်း အသာ့လက်ရာမို့ပဲ ပိုစားကောင်းစေတာလား ။

ကလေးဘဝမှာ အသာလေးကို ထမင်းခွံ့ရင်း တူတူစားခဲ့ဖူးတာကလွဲလို့ တစ်ခြား ဘယ်သူနဲ့မှ ယခုလို ထမင်းတစ်ပန်းကန်တည်း တူတူမစားဖူးတာကို တွေးမိသည် ။

ကလေးဘဝတုန်းကလည်း တစ်ပန်းကန်တည်းစားခဲ့သူဟာ အသာပဲ ဖြစ်ခဲ့သလို ယခု နှစ်ပေါင်းများစွာ ကြာပြီးမှ တစ်ပန်းကန်တည်း တူတူပြန်စားမိသူဟာလည်း အသာပဲဖြစ်နေခဲ့သတဲ့လား ။

ဒီပွဲကို လာစဉ်တုန်းက ခဏနေပြီးပြန်မယ်လို့ တွေးထားခဲ့ပေမယ့် ခုတော့လည်း မပြန်ချင်တော့ပြန် ။ အင်း လူ့စိတ်ဆိုလည်း ဆန်းကျယ်သား ။

" အသာ ဒီနေရာကို ဘယ်လိုသိတာလဲ "

" ဒီဆိုင်က ဘွားဘွားမိတ်ဆွေအရင်းအချာတစ်ယောက်ရဲ့ ဆိုင်လေ ၊ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ မမရဲ့ မွေးနေ့ပွဲမှန်သမျှ ဒီဆိုင်မှာပဲ အမြဲလုပ်ခဲ့တာ ၊ အဲ့လိုလုပ်တိုင်း လူရှုပ်ရင် မနေတတ်တဲ့ ကျွန်တော်က နေလို့အဆင်ပြေမယ့် ချောင်တစ်ချောင်ကို ရှာရင်း ဒီနေရာကို တွေ့ခဲ့တာပဲ ၊ အဲ့တော့ မမ မွေးနေ့လုပ်တဲ့အခါတိုင်း ကူစရာရှိတာ ကူပြီးတာနဲ့ ဒီပေါ်ပဲ လာနေဖြစ်တော့တာ "

" ဒီနေရာလေးကို ကိုယ်တကယ်သဘောကျတယ် "

" ကျွန်တော်ရောပဲ ၊ ကောင်းကင်မှာ သာနေတဲ့ လမင်းကြီးကို အမှောင်ထဲကနေ ငေးကြည့်ရတာ ကျွန်တော့်အတွက်တော့ ဘာနဲ့မှ လဲလို့မရတဲ့ ခံစားမှုပဲ ၊ ကျွန်တော် အဲ့လိုငေးကြည့်နေတာကိုလည်း ဘယ်သူကမှ မမြင်နိုင်ဘူးလေ "

တစ်ခါတစ်ခါ ဒီကလေးရဲ့ ခံစားချက်တွေကို သူလိုက်မမီ ။ မင်းရင်ထဲမှာ ဘယ်လိုခံစားချက်တွေများ ကိန်းအောင်းနေသလဲ ကလေးငယ်ရယ် ။

" အသာကရော မွေးနေ့ပွဲတွေ ဘာတွေ မလုပ်ဘူးလား "

" မလုပ်ပါဘူး အကိုရာ ၊ ကျွန်တော် ဝါသနာလည်း မပါပါဘူး "

" ငယ်ငယ်ကတည်းက တစ်ခါမှ မလုပ်ဖူးဘူးလား "

" ဟင့်အင်း မလုပ်ဖူးဘူး ၊ မွေးနေ့နဲ့ ပတ်သက်ပြီး ကျွန်တော့်ဘဝမှာ ဘာမှ ထူးထူးခြားခြား မရှိခဲ့ဖူးဘူး ၊ မရှိဆို ကိုယ့်နာမည်နဲ့ မွေးနေ့ကိတ်တောင် ဒီအရွယ်အထိ တစ်ခါမှ မမြင်ဖူးဘူး ၊ ဖေဖေ နဲ့ မေမေကလည်း အလုပ်မအားကြဘူးကိုး အကိုရဲ့ ၊ ကျွန်တော့်ကိုတော့ မွေးနေ့တိုင်း လိုအပ်တဲ့ ပစ္စည်းတစ်ခုခု လက်ဆောင်ဝယ်ပေးပါတယ် "

" လင်းလင်းကိုကျတော့ မွေးနေ့လုပ်ပေးတယ်ပေါ့ "

" ဒါကလည်း ဖေဖေနဲ့မေမေ လုပ်တာမဟုတ်ပါဘူး ၊ ဘွားဘွားကပဲ အကုန်စီစဉ်ပြီး လုပ်ပေးတာ ၊ ပြီးတော့ လူအများကြီးကို ဖိတ်ပြီး မွေးနေ့လုပ်တယ်ဆိုတာ မွေးနေ့ရှင်ကိုယ်တိုင်ကလည်း ဂုဏ်ယူစရာ အရည်အချင်းတွေနဲ့ ပြည့်စုံမှ ပွဲကလည်း တင့်တယ်မှာပေါ့ အကိုရ ၊ လာတဲ့ဧည့်သည်တွေက မွေးနေ့ရှင်ကို အရေးတယူပြုပြီး ဆယ်တန်းအောင်ပြီလား , ကျောင်းပြီးပြီလား , ဘာအလုပ်လုပ်နေလဲ စသဖြင့် အရွယ်နဲ့ လိုက်ဖက်တဲ့ မေးခွန်းမျိုးတွေ မေးကြမှာပဲလေ ၊ အဲ့ဒီအခါ ကျွန်တော့်လိုကောင်က မွေးနေ့ရှင် ဖြစ်နေလို့ကတော့ ဘွားဘွားတို့ပဲ ကိုယ့်အထုပ်ကိုယ်ဖြေသလိုဖြစ်ပြီး အရှက်ရမှာ ၊ မမကျတော့ ကျွန်တော့်လို မဟုတ်ဘူးလေ ၊ ဘယ်နေရာမှာဖြစ်ဖြစ် ပွဲလည်တင့်တာကိုး "

သူမေးသမျှကို ခေါင်းငုံ့ကာ ခပ်တိုးတိုးဖြေနေသော ထိုကလေးငယ်ကို ကြည့်ရင်း သူ့ရင်ထဲ ဘယ်နေရာက နာလို့နာမှန်းမသိ နာလာသည် ။ အသိုင်းအဝိုင်းကောင်းမှာ မွေးဖွားလာခဲ့ရက်နဲ့များ ဒီလိုပုံစံ ဒီလိုခံစားချက်တွေနဲ့ ကြီးပြင်းလာရသလား ကလေးငယ်ရယ် ။

" ဒါဖြင့် အသာ့မွေးနေ့တွေကို ဘယ်လိုဖြတ်သန်းတတ်သလဲ "

" ငယ်ငယ်တုန်းကတော့ ဒီလိုပဲ ပြီးပြီးပျောက်ပျောက်ပေါ့ ၊ သိတတ်တဲ့အရွယ်ရောက်တော့ ကျွန်တော်တတ်နိုင်တဲ့ငွေလေးနဲ့ ဖေဖေနဲ့မေမေကို ကန်တော့တယ် ၊ ဘွားဘွားကတော့ ကျွန်တော်တို့နဲ့တူတူမနေဘဲ သပ်သပ်နေတာဆိုတော့ အဲ့လို မကန်တော့ဖြစ်ဘူးပေါ့ ၊ အိမ်သွားရင်လည်း ကြိုက်မှာမဟုတ်တော့လေ ၊ အဟင်း...ပြီးတော့ ကျွန်တော်တစ်ယောက်တည်းပဲ ဘုရားတက်တယ် ၊ ကျွန်တော့်မွေးနေ့ ဖြတ်သန်းပုံက အဲ့ဒါပါပဲ "

ပြောနေရင်းက ဘာမှမဖြစ်သလို ဟန်ဆောင်ရယ်ပြလိုက်သေးသည် ။ သို့သော်လည်း နောက်ဆုံးမှာ တိုးဖွတိမ်ဝင်သွားသည့် သူ့အသံကိုကား သူ ဖုံးဖိလိုက်နိုင်ဟန်မတူပေ ။

အနည်းငယ် တုန်ရီသလိုဖြစ်နေသော ကလေးငယ်ရဲ့လက်တစ်ဖက်ကို ဆွဲယူရင်း သူ့လက်တွေကြား ထွေးဆုပ်ထားပေးတော့ အရည်ကြည်တစ်ချို့ ရစ်သိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ ကလေးငယ်က သူ့ကို မော့ကြည့်လာတယ် ။

" ဒီနှစ် အသာ့မွေးနေ့ကျရင် ကိုယ်က အသာနဲ့တူတူရှိနေပေးမှာမို့ ပျော်စရာကောင်းတဲ့ မွေးနေ့လေးတစ်ခု ဖြစ်စေရမယ်လို့ ကိုယ် ကတိပေးတယ် အသာ "

ပြုံးသွားတဲ့ ကလေးငယ်ကြောင့် သူ့ကတိစကားဟာ ထိုကလေးငယ်အတွက် အပိုတော့ မဖြစ်စေဘူးဆိုတာ သိလိုက်ရ၍ သူ ကျေနပ်သွားမိသည် ။

စိတ်ချပါ ကလေးငယ် ။ မင်းရဲ့ သိမ်ငယ်မှုတွေ , အထီးကျန်မှုတွေ , မဝံ့မရဲ ဖြစ်မှုတွေကို ဒီအကိုက အကုန်ဖယ်ရှားပစ်မှာမို့ ကိုယ့်လက်ကိုသာ ယုံယုံကြည်ကြည် ဆွဲကိုင်ပြီး လိုက်ခဲ့ပေးပါ ။

အတွေးနဲ့အတူ ထွေးဆုပ်ထားမိတဲ့ ကလေးငယ်ရဲ့လက်ကိုလည်း ပြန်လွှတ်မပေးမိဘဲ ထိုအတိုင်းသာ ဆက်လက်ဆုပ်ကိုင်ထားမိလေသည် ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

Continue Reading

You'll Also Like

37.2K 2.3K 29
မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျ...
30K 1.7K 43
ဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date...
402K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
1.4M 104K 43
(Unicode + Zawgyi) (Unicode below) ​ေတဇာပိုင္​ × သက္​တန္​႔လင္​း ​ငယ္​ရြယ္​တဲ့အခ်ိန္​မွာ အခ်စ္​ကိုစ​ေတြ႕ခဲ့တယ္​။ အရြယ္​နဲ႔မလိုက္​​ေအာင္​ အခ​်စ္​လမ္​းခ...