လမင်းမျှော်သူ ( လမင္းေမွ်ာ္သူ...

By PhyuLayy1

1.1M 116K 7.9K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ ( Zawgyi + Unicode )
အပိုင္း - ၂၀ ( Zawgyi + Unicode )
အပိုင္း - ၂၁ ( Zawgyi + Unicode )
အပိုင္း - ၂၂ ( Zawgyi + Unicode )
အပိုင္း - ၂၃ ( Zawgyi + Unicode )
အပိုင္း - ၂၄ ( Zawgyi + Unicode )
အပိုင္း - ၂၅ ( Zawgyi + Unicode )
အပိုင္း - ၂၆ ( Zawgyi + Unicode )
အပိုင္း - ၂၇ ( Zawgyi + Unicode )
အပိုင္း - ၂၈ ( Zawgyi + Unicode )
အပိုင္း - ၂၉ ( Zawgyi + Unicode )
အပိုင္း - ၃၀ ( Zawgyi + Unicode )
အပိုင္း - ၃၁ (Zawgyi + Unicode )
အပိုင္း - ၃၂ ( Zawgyi + Unicode )
အပိုင္း - ၃၃ ( Zawgyi + Unicode )
အပိုင္း - ၃၄ ( Zawgyi + Unicode )
အပိုင္း - ၃၅ ( Zawgyi + Unicode )
အပိုင္း - ၃၆ ( Zawgyi + Unicode )
အပိုင္း - ၃၇ ( Zawgyi + Unicode )
အပိုင္း - ၃၈ ( Zawgyi + Unicode )
အပိုင္း - ၃၉ ( Zawgyi + Unicode )
အပိုင္း - ၄၀ Final ( Zawgyi + Unicode )
ေက်းဇူးတင္လႊာ ( ကျေးဇူးတင်လွှာ )
Extra - 1 ( Zawgyi + Unicode )
ေၾကာ္ျငာ (ကြော်ငြာ)
Extra - 2 (Married Life)
Extra - 3 (Married life)
Book Announcement
Author's Announcement
Extra (Final)

အပိုင္း - ၈ (Zawgyi + Unicode)

22.8K 2.7K 160
By PhyuLayy1

#For Zawgyi

အကို႔ေမေမျပန္မလာခင္ထိ အကို႔ထံ ေန႔တိုင္း မပ်က္မကြက္ ထမင္းခ်ိဳင့္ ပို႔ေပးျဖစ္ခဲ့သည္ ။ ထိုအျပဳအမူမ်ားကို အရင္းျပဳ၍ အကိုႏွင့္သူ႔ၾကားမွ စိမ္းသက္မႈအလႊာပါးကလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္စျပဳလာေလျပီ ။

ယခင္ ခပ္စိမ္းစိမ္းေနသည္ဆိုတာလည္း အကို႔ဘက္က မဟုတ္ပါ ။ အကိုက စေတြ႔စဥ္ကတည္းက သူ႔အေပၚမွာ တရင္းတႏွီး ဆက္ဆံေပးခဲ့ပါသည္ ။ သူကသာ မရိုးမသား ကိုယ့္အငံု႔စိတ္နဲ႔ကိုယ္မို႔ လိပ္ျပာမသန္႔သလို ခံစားမိျပီး အကိုနဲ႔ ခပ္ခြာခြာေနျဖစ္ခဲ့ျခင္းသာ ။

ခုေတာ့လည္း သူ႔မွာ အဆိုေတာ္ ထက္ေနၾကည္ဧ။္သီခ်င္းအတိုင္း ' ေနာက္ဆုတ္ဖို႔ႀကိဳးစားရင္း ေရွ႕တိုးမိ ' ဆိုသလို ျဖစ္ေနရတဲ့ဘဝ ။

ေဆးခန္းမွာ လူရွင္းတဲ့အခ်ိန္ေတြဆိုရင္ အကိုက အရင္လို လူနာစမ္းသပ္ခန္းထဲမွာပဲ မေနေတာ့ဘဲ သူနဲ႔အတူ ေရာက္တတ္ရာရာ စကားေတြ လာေျပာေနတတ္သည္ ။

အရင္ဆို အကိုကလည္း အခန္းထဲမွာပဲ တကုပ္ကုပ္နွင့္ ေနသလို သူကလည္း စာအုပ္တစ္အုပ္နွင့္သာ အခ်ိန္ကုန္ျဖစ္ခဲ့သည္ ။ အခုေတာ့ သူနဲ႔အကို႔ၾကားက အေျခအေနေတြက အရင္ထက္စာရင္ အမ်ားႀကီး ေႏြးေထြးလာသည္ဟု ေျပာရမည္ ။

သူ႔အျဖစ္က တျဖည္းျဖည္းနွင့္ ေနျမင့္ေလ အရူးရင့္ေလ ဆိုသလို ျဖစ္ျဖစ္လာေနမွန္း သိေနေသာ္လည္း ထိုအျဖစ္အေပၚမွာ ကိုယ္တိုင္က သာယာေနမိျပီး ရုန္းမထြက္ခ်င္ေတာ့ျပန္ ။

အရင္က အကိုနွင့္ ခပ္ခြာခြာေနမယ္ဆိုတဲ့ စိတ္ကူးကလည္း အခုခ်ိန္မွာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ။ ဒီလိုသာဆက္သြားေနရင္ တစ္ခ်ိန္မွာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာမယ္မွန္း သိေနေပမယ့္လည္း သူ႔စိတ္ကို သူမထိန္းနိုင္ေပ ။ လတ္တေလာ အေျခအေနေလးမွာ ေမြ႕ေပ်ာ္ေနမိဧ။္ ။

တစ္ခါတစ္ခါက်ေတာ့လည္း ေသမင္းခံတြင္းဝကို တျဖည္းျဖည္း တိုးသြားေနရသလို ကိုယ့္ကိုယ္ကို ခံစားရသည္ ။

" အသာ...ျမိဳ႕ထဲက Yangon Book Plaza မွာ စာအုပ္ေရာင္းပြဲေတာ္ရွိတယ္ ၊ မနက္ျဖန္ ကိုယ္လည္း duty off ဆိုေတာ့ အတူတူသြားၾကမလား "

" သြားမယ္ေလ အကို "

" အသာ့ဆိုင္ကေရာ ထားခဲ့လို႔ အဆင္ေျပရဲ႕လား "

" ေျပတယ္ အကို ၊ အခုေနာက္ပိုင္း ဗညားညီမေလးပါ ကူျပီးထိုင္ေပးလို႔ ကၽြန္ေတာ္ေရာ ဗညားေရာ ဆိုင္လစ္လို႔ ရေနတယ္ ၊ သူက မိန္းကေလးဆိုေတာ့ ကၽြန္ေတာ္တို႔ထက္ ဆိုင္ပိုၿမဲတယ္ေလ "

" ဗညားနဲ႔အသာက ေတာ္ေတာ္ခင္ၾကတာလား "

" ခင္တာေပါ့ အကိုရ ၊ ကၽြန္ေတာ္တို႔ ကိုးတန္းကတည္းက ခုခ်ိန္ထိ ေတာက္ေလ်ွာက္တြဲလာၾကတာေလ ၊ သူကကၽြန္ေတာ့္ထက္စာရင္ အေပါင္းအသင္း နည္းနည္းပိုမ်ားေပမယ့္ ကၽြန္ေတာ္ကေတာ့ သူတစ္ေယာက္တည္းနဲ႔ပဲ ေပါင္းျဖစ္တာ ၊ ဆိုးတိုင္ပင္ ေကာင္းတိုင္ပင္ေပါ့ အကိုရာ "

" တစ္ခါေလာက္ေတာ့ အသာတို႔ဆိုင္ကို လာလည္ဦးမယ္ ၊ အသာ့သူငယ္ခ်င္း ဗညားနဲ႔လည္း ဆံုရေအာင္ေလ "

" ဟုတ္ လာခဲ့ေလ အကို ၊ ကၽြန္ေတာ္တို႔ဆိုင္နားမွာ မုန္႔ဆိုင္ေကာင္းေကာင္းေတြ ရွိတယ္ ၊ အကိုလာရင္ ဝယ္ေကၽြးမယ္ "

" ဟားဟား ေအးပါကြာ ၊ ဒါဆို မနက္ျဖန္ စာအုပ္ေရာင္းပြဲေတာ္ သြားျဖစ္တယ္ေနာ္ "

" ဟုတ္ အကို ၊ မနက္ ၁၀ နာရီေလာက္ ကၽြန္ေတာ္ အကို႔အိမ္ကို လာေခၚလိုက္မယ္ေလ ၊ ကၽြန္ေတာ့္ကားနဲ႔ပဲ သြားၾကတာေပါ့ "

" Ok အသာ "

*********************

သူ အကို႔ျခံေရွ႕ေရာက္ေတာ့ အကိုက အဆင္သင့္ထြက္ေစာင့္ေနတာ ေတြ႕ရသည္ ။ ပံုမွန္ဆို ကတၲီပါဖိနပ္တို႔ Leather shoe တို႔ႏွင့္သာ ေတြ႕ရတတ္သည့္ အကိုက ဒီေန႔ေတာ့ ဝတ္ထားေသာ ဂ်င္းေဘာင္းဘီႏွင့္လိုက္ဖက္ေအာင္ Sneaker စီးထားပံုရသည္ ။ ပုဆိုးတစ္လဲ style pant တစ္လဲနဲ႔ အၿမဲ gentleman ဆန္ဆန္ဝတ္ေလ့ရွိေသာ အကိုက ယခုလို V - shape T-shirt တို႔ ဂ်င္းေဘာင္းဘီတို႔ႏွင့္ဆိုေတာ့ တစ္မ်ိဳးအျမင္ဆန္းၿပီး လူငယ္ဆန္စြာ ၾကည့္ေကာင္းေနသည္ ။ ေခါင္းလိမ္းဆီတစ္မ်ိဳးျဖင့္ အၿမဲသပ္ရပ္ေနတတ္သည့္ ဆံပင္ေတြကလည္း ခုေတာ့ ခပ္ဖြာဖြာနဲ႔ နဖူးေပၚ ဝဲက်လို႔ ။

အသက္ ၃၀ ဝန္းက်င္ ေယာက္်ားတစ္ေယာက္ဟာ ဒီေလာက္ေတာင္ ၾကည့္ေကာင္းတတ္သတဲ့လား ။

သူနဲ႔မ်ားေတာ့ အေသြးအေမြးက တစ္ျခားစီပင္ ။

" အကိုက ဘာလို႔ ဒီေလာက္ၾကည့္ေကာင္းေနရတာလဲ "

ကိုယ့္ကိုယ္ကို အားမလိုအားမရျဖစ္ေနရင္း ႏႈတ္ကလည္း မထိန္းနိုင္စြာ လႊတ္ခနဲထြက္သြားေတာ့ အကိုက Seat belt ပတ္ေနရင္းမွ အံ့ၾသသလို ၾကည့္လာသည္ ။

" ဟမ္ ဘယ္လို အသာ? "

ေသေရာ ။ အကို႔ကို ငါ ဘာေတြေလ်ွာက္ေျပာလိုက္မိတာလဲ ။ သြားပါၿပီကြာ ။ ရွက္စရာေကာင္းလိုက္တာ...။

" ဟို....ဟိုဟာ ကၽြန္ေတာ္က ရုပ္ဆိုးၿပီး အကိုက အရမ္းေခ်ာေနေတာ့ လမ္းမွာေတြ႕သမ်ွေကာင္မေလးေတြက အကို႔ကိုပဲ ဝိုင္းငမ္းၾကမွာ ေတြးမိလို႔ပါ ၊ အဟဲ... "

ရွက္ရွက္နဲ႔ေျပာမိေျပာရာ ေျပာေနေသာ ကၽြန္ေတာ့္ကို အကိုက မ်က္ေမွာင္ကုပ္ကာ ၾကည့္ရင္း

" ေနစမ္းပါဦး ၊ အသာ့ကို ရုပ္ဆိုးတယ္လို႔ ဘယ္သူက ေျပာတာလဲ "

" ဘြားဘြားေလ "

" ကၽြတ္...မဟုတ္တာကြာ "

လႊတ္ခနဲ ေျပာထြက္လိုက္ျပီးမွ ဘြားဘြားအေပၚ အကို အျမင္ေစာင္းသြားမွာစိုးသည့္စိတ္နဲ႔

" ဘြားဘြားေျပာမွ မဟုတ္ပါဘူး ၊ အိမ္မွာလည္း မွန္ရွိေနတာပဲဟာ ၊ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္လည္း သိတာေပါ့ အကိုရ "

" မဟုတ္ေသးပါဘူး အသာရာ "

" ဟုတ္တာေပါ့ အကိုရ ၊ ကၽြန္ေတာ့္အမဆို ဘယ္ေလာက္လွလဲ ၊ ကၽြန္ေတာ္နဲ႔ဆို တစ္စက္မွေတာင္ မတူဘူး ၊ ၿပီးေတာ့ ကၽြန္ေတာ္ သူငယ္တန္းစ,တက္တုန္းကေလ ေမေမက ဆရာမေတြကို ဒုတိယတန္းမွာ တက္ေနတဲ့ လင္းထင္ျဖာရဲ႕ေမာင္ေလးပါဆိုျပီး မိတ္ဆက္ေတာ့ ဆရာမေတြက ' ေအာ...ဝမ္းကြဲေတြလား ' ဆိုၿပီးေမးခဲ့တာကို ကၽြန္ေတာ္ ခုထိ မွတ္မိေနေသးတယ္ ၊ ေနာက္ၿပီး ကၽြန္ေတာ္ေမြးတာကို မသိလိုက္တဲ့ ေဖေဖ့မိတ္ေဆြေဟာင္းတစ္ေယာက္နဲ႔ ျပန္ဆံုေတာ့ ေဖေဖက ကၽြန္ေတာ္တို႔ေမာင္နွမကို သားနဲ႔သမီးေလဆိုၿပီးလည္းေျပာေရာ ကၽြန္ေတာ့္ကို အကဲခတ္သလိုၾကည့္ေနတဲ့ အဲ့ဒီဦးေလးႀကီးရဲ႕ မ်က္လံုးေတြကို ကၽြန္ေတာ္ မေမ့ဘူး ၊ ကၽြန္ေတာ္လည္း အခန္းထဲဝင္သြားေရာ ေဖေဖ့ကို ေမးလိုက္တာက အငယ္ေလးက ေမြးစားထားတာလား တဲ့ "

ေပါ့ေပါ့ပါးပါးပံုစံေလးနဲ႔ ၿပံဳးရယ္ရင္း ေျပာေနေပမယ့္ ဒီကေလးရင္ထဲက ဝမ္းနည္းရိပ္ကို သူ႔မ်က္လံုးေလးေတြကတစ္ဆင့္ ျမင္ေနရေတာ့ ဆက္ေစစိတ္ထဲမွာ ေတာ္ေတာ္ကို ထိထိခိုက္ခိုက္ ျဖစ္မိသည္ ။

သူ႔အျမင္မွာေတာ့ အသာေလးက သူ႔အမ လင္းလင္းေလာက္ မေခ်ာေပမယ့္ ရုပ္ဆိုးေနတာမ်ိဳးေတာ့ျဖင့္ မဟုတ္ပါ ။ ျဖဴတဲ့ဘက္ကို မႏြယ္သည့္ ပံုမွန္အသားအရည္ ၊ သူ႔ေလာက္ေတာ့ အရပ္မရွည္ေပမယ့္လို႔ ေယာက္်ားေလးတစ္ေယာက္အေနနဲ႔ ရွိသင့္ရွိထိုက္တဲ့ အရပ္အေမာင္းနဲ႔ လိုက္ဖက္တဲ့ ပါးပါးလ်ားလ်ား ခႏၶာကိုယ္ ။ ေယာက္်ားေလးတစ္ေယာက္က ဒီေလာက္ဆို ၾကည့္ေကာင္းေနၿပီပဲလို႔ သူကေတာ့ ျမင္သည္ ။

ေနာက္ၿပီး သူမ်ားေတြမွာ မရွိသည့္ အၾကည္ဓာတ္တစ္မ်ိဳးေလးကို အသာ့မ်က္နွာျပင္မွာ အၿမဲေတြ႕ရသည္ ။ အထူးသျဖင့္ အသာ့မ်က္လံုးေတြ...။ ထိုမ်က္လံုးေလးေတြမွာ ဘယ္လိုအဆိပ္အေတာက္ကိုမွ မေတြ႕ရဘဲ အၿမဲျဖဴစင္ေနပံုေလးက တကယ့္ကို ႏွစ္လိုစရာ ေကာင္းလွသည္ ။

" ကိုယ့္မ်က္လံုးထဲေတာ့ အသာက ခ်စ္စရာေကာင္းျပီး ၾကည့္ေကာင္းေနတာပဲ "

အသာတစ္ေယာက္ အကို႔စကားေၾကာင့္ ေယာင္ယမ္းၿပီး ဘရိတ္နင္းမိမလိုေတာင္ ျဖစ္သြားရသည္ ။

ေနာက္ေနတာလားဆိုၿပီး အံ့ၾသစိတ္နဲ႔ အကို႔ကို လွည့္ၾကည့္မိေတာ့ သူ႔ကို ခပ္ၿပံဳးၿပံဳးၾကည့္ေနသည့္ အကို႔ထံမွာ ေလွာင္ေျပာင္ရိပ္ကို အလ်င္းမေတြ႕ရ ။ ၾကည္ၾကည္လင္လင္ပင္ ၿပံဳးျပေနသည္ ။

အားးးးး.....ကၽြန္ေတာ့္ကို ေသေအာင္မ်ား သတ္ေနတာလား အကိုရာ..... ။

*********************

Yangon Book Plaza ေရာက္ေတာ့ သူေရာ အကိုပါ စာအုပ္ပံုေတြၾကားမွာ တက္ညီလက္ညီ ေရြးၾကေတာ့သည္ ။ ေကာင္းနိုးရာရာ စာအုပ္ေလးေတြေတြ႕လိုက္ ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ၿပီး တိုင္ပင္လိုက္နွင့္ ေပ်ာ္စရာေကာင္းသည့္ ဤအခ်ိန္ခဏကို ရပ္တန္႔ထားလိုက္ခ်င္မိသည္အထိ သူ႔မွာ ၾကည္နူးရသည္ ။

ခ်စ္သူနွင့္အတူသာျဖစ္ပါက ဘာရယ္မဟုတ္သည့္ ယခုလို သာမာန္ကိစၥေလးေတြကလည္း တခမ္းတနားျဖစ္ေနတတ္သည္ပဲ ။

အရင္တုန္းကေတာ့ စာအုပ္ေတြထဲမွာ အခ်စ္နဲ႔ပက္သတ္ၿပီး ဖြဲ႕တာေတြကို နည္းနည္းမ်ား ပိုမေနဘူးလားဟု ေတြးခဲ့ဖူးေပမယ့္ အခု ကိုယ္တိုင္လည္း ခ်စ္တတ္သြားေရာ ထိုအညႊန္းအဖြြဲ႕ေတြကို နည္းေသးတယ္ ဟုေတာင္ ထင္မိလာသည္ ။

ဒါေၾကာင့္လည္း ျဖဴျဖဴေက်ာ္သိန္းက ' အခ်စ္က ညွိဳ႕ယူေစခိုင္း စြမ္းနိုင္တယ္...အရာရာ အခ်စ္နဲ႔ေတြ႕လာရင္ ေျပာင္းလဲ ' လို႔ ဆိုထားတာ ေနမွာ ။

တိုးရင္းေဝွ႔ရင္းနဲ႔ စာအုပ္ေတြ ေတာ္ေတာ္မ်ားမ်ား ဝယ္ၿပီးခ်ိန္မွာ လူေတြလည္း ေတာ္ေတာ္ကို ဖတ္ဖတ္ေမာသြားသည္ ။

" နီးစပ္ရာ shopping mall တစ္ခုခုကို သြားၾကမလား အသာ ၊ အေအးေလးဘာေလး ေသာက္ရေအာင္ေလ "

" ေကာင္းတယ္ အကို ၊ ကၽြန္ေတာ္က ဗိုက္လည္း နည္းနည္းဆာေနၿပီ "

" ေအး ကိုယ္ေရာပဲ "

သူ႔အေျပာကို အကိုက ၿပံဳးစိစိႏွင့္ ေထာက္ခံလာေတာ့ နွစ္ေယာက္သား တိုင္ပင္မထားပဲ ရယ္မိၾကဧ။္ ။

အင္း...ၾကည္နူးရျပန္သည္ေလ ။

စားေသာက္ၿပီးတဲ့အခ်ိန္ အကိုကလည္း ျပန္ဖို႔စကားမစသျဖင့္ ပတ္ဝန္းက်င္က သြားလာေနတဲ့လူမ်ားကို ၾကည့္ရင္း ေရာက္တတ္ရာရာ ေျပာမိၾကသည္ ။

" ကိုယ္ ဒီလိုေနရာမ်ိဳးေတြကို မေရာက္တာ ေတာ္ေတာ္ၾကာၿပီ "

" ဟင္ ဘာလို႔လဲ အကိုရ ၊ မအားလို႔လား "

" အင္း မအားတာေရာ ၊ အတူတူသြားဖို႔ အေဖာ္မရွိတာေရာေပါ့ ၊ ဒီလိုေနရာေတြဆိုတာကလည္း အေဖာ္ေလးနဲ႔လာမွ ၊ မဟုတ္ရင္ ေၾကာင္စီစီျဖစ္ေနမွာ "

" အကို႔မွာ သူငယ္ခ်င္း မိတ္ေဆြေတြ မရွိဘူးလား "

" ရွိေတာ့ရွိတာေပါ့ ၊ ဒါေပမယ့္ သူတို႔ေတြက ကိုယ့္လိုလူလြတ္မဟုတ္ၾကေတာ့ ဒီအတြက္ အခ်ိန္မေပးနိုင္ၾကဘူးေလ ၊ မိသားစုေရး သားေရးသမီးေရးေတြနဲ႔ ရႈပ္ေနၾကတာမ်ားတယ္ ၊ အဲ့ေတာ့ ကိုယ္လည္း အားတဲ့ရက္ေတြဆိုရင္ ေမေမခိုင္းတာရွိရင္လုပ္ေပး ၊ အဲ့လိုမရွိရင္ အိမ္တြင္းေအာင္းၿပီး စာဖတ္ အေခြၾကည့္ ၊ ဒီလိုပဲ ေနျဖစ္ေတာ့တာ ၊ ၾကာေတာ့ ကိုယ့္ကိုယ္ကိုေတာင္ အဘိုးႀကီးနဲ႔တူလာသလို ခံစားရတယ္ ဟားဟားးး "

" ေနာက္ဆို အကိုသြားခ်င္တာရွိရင္ ကၽြန္ေတာ္ အေဖာ္လိုက္ေပးမယ္ေလ "

" အင္း ဒါလည္း အသာ ရည္းစားမရေသးလို႔ ဒီလိုေျပာနိုင္တာပါကြာ ၊ ရည္းစားသာ ရသြားၾကည့္ ေမာင္အသာကေလးတို႔ ေဆးခန္းေတာင္ လာကူနိုင္ပါေတာ့မလားပဲ "

" အဲ့ဒါေတာ့ အကို စိတ္ခ် ၊ အဲ့လိုကိစၥေတြ ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ဘူး "

ၾကည္ၾကည္ေတာက္ေတာက္ အသာ့မ်က္လံုးေလးေတြက မႈိင္းသြားကာ ခပ္ေလးေလး ေျပာခ်လိုက္ပံုက တေလးတနက္ပံုစံမ်ိဳးနွင့္မို႔ သူ႔စိတ္ထဲ စိတ္ပူသလိုပင္ ျဖစ္သြားရသည္ ။

ဒီကေလး အသည္းမ်ား ကြဲထားေလသလား ။ ေမးလိုက္ဖို႔ေတာ့ အႀကီးတစ္ေယာက္အေနနွင့္ မေကာင္းဘူးထင္သည္ ။ ၿပီးေတာ့ သူနဲ႔အသာ့ၾကားမွ ဆက္ဆံေရးကေရာ ဒီလို တစ္ေယာက္နဲ႔တစ္ေယာက္ နွလံုးသားေရးရာကိစၥေတြကို ရင္ဖြင့္ေဆြးေႏြးရေလာက္ေအာင္ ရင္းနွီးၿပီလား မရင္းနွီးေသးဘူးဆိုတာ သူလည္း မေဝခြဲႏိုင္ ။

ဒါေပမယ့္လည္း ဒီကေလးရဲ႕ကိစၥအလံုးစံုကို သူသိခ်င္ေနမိတာေတာ့ ေသခ်ာသည္ ။ သူဘယ္တုန္းကမ်ား သူတစ္ပါးအေရးကိစၥေတြကို ဒီေလာက္ စိတ္ဝင္စားတတ္သြားတာပါလိမ့္ ။ ညီအရင္းျဖစ္သူ ဆက္ေနရဲ႕ အေၾကာင္းေတြကိုေတာင္ သိပ္ၿပီး စိတ္မဝင္စားတတ္တဲ့ သူကေလ ။

အင္း...အသာက သူ ငယ္ငယ္ကတည္းက ထိန္းခဲ့ရတဲ့ သံေယာဇဥ္ရွိတဲ့ ကေလးမို႔ သူ ဒီလို စိတ္ပူမိတာ ျဖစ္မွာပါ ။ ဟုတ္ပါတယ္ ။ အဲ့လိုပဲ ေနမွာပါ ...... ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

_______________________________
#For Unicode

အကို့မေမေပြန်မလာခင်ထိ အကို့ထံ နေ့တိုင်း မပျက်မကွက် ထမင်းချိုင့် ပို့ပေးဖြစ်ခဲ့သည် ။ ထိုအပြုအမူများကို အရင်းပြု၍ အကိုနှင့်သူ့ကြားမှ စိမ်းသက်မှုအလွှာပါးကလည်း တဖြည်းဖြည်း ပျောက်ကွယ်စပြုလာလေပြီ ။

ယခင် ခပ်စိမ်းစိမ်းနေသည်ဆိုတာလည်း အကို့ဘက်က မဟုတ်ပါ ။ အကိုက စတွေ့စဉ်ကတည်းက သူ့အပေါ်မှာ တရင်းတနှီး ဆက်ဆံပေးခဲ့ပါသည် ။ သူကသာ မရိုးမသား ကိုယ့်အငုံ့စိတ်နဲ့ကိုယ်မို့ လိပ်ပြာမသန့်သလို ခံစားမိပြီး အကိုနဲ့ ခပ်ခွာခွာနေဖြစ်ခဲ့ခြင်းသာ ။

ခုတော့လည်း သူ့မှာ အဆိုတော် ထက်နေကြည်ဧ။်သီချင်းအတိုင်း ' နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိ ' ဆိုသလို ဖြစ်နေရတဲ့ဘဝ ။

ဆေးခန်းမှာ လူရှင်းတဲ့အချိန်တွေဆိုရင် အကိုက အရင်လို လူနာစမ်းသပ်ခန်းထဲမှာပဲ မနေတော့ဘဲ သူနဲ့အတူ ရောက်တတ်ရာရာ စကားတွေ လာပြောနေတတ်သည် ။

အရင်ဆို အကိုကလည်း အခန်းထဲမှာပဲ တကုပ်ကုပ်နှင့် နေသလို သူကလည်း စာအုပ်တစ်အုပ်နှင့်သာ အချိန်ကုန်ဖြစ်ခဲ့သည် ။ အခုတော့ သူနဲ့အကို့ကြားက အခြေအနေတွေက အရင်ထက်စာရင် အများကြီး နွေးထွေးလာသည်ဟု ပြောရမည် ။

သူ့အဖြစ်က တဖြည်းဖြည်းနှင့် နေမြင့်လေ အရူးရင့်လေ ဆိုသလို ဖြစ်ဖြစ်လာနေမှန်း သိနေသော်လည်း ထိုအဖြစ်အပေါ်မှာ ကိုယ်တိုင်က သာယာနေမိပြီး ရုန်းမထွက်ချင်တော့ပြန် ။

အရင်က အကိုနှင့် ခပ်ခွာခွာနေမယ်ဆိုတဲ့ စိတ်ကူးကလည်း အခုချိန်မှာ ကြက်ပျောက်ငှက်ပျောက် ။ ဒီလိုသာဆက်သွားနေရင် တစ်ချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်မှန်း သိနေပေမယ့်လည်း သူ့စိတ်ကို သူမထိန်းနိုင်ပေ ။ လတ်တလော အခြေအနေလေးမှာ မွေ့ပျော်နေမိဧ။် ။

တစ်ခါတစ်ခါကျတော့လည်း သေမင်းခံတွင်းဝကို တဖြည်းဖြည်း တိုးသွားနေရသလို ကိုယ့်ကိုယ်ကို ခံစားရသည် ။

" အသာ...မြို့ထဲက Yangon Book Plaza မှာ စာအုပ်ရောင်းပွဲတော်ရှိတယ် ၊ မနက်ဖြန် ကိုယ်လည်း duty off ဆိုတော့ အတူတူသွားကြမလား "

" သွားမယ်လေ အကို "

" အသာ့ဆိုင်ကရော ထားခဲ့လို့ အဆင်ပြေရဲ့လား "

" ပြေတယ် အကို ၊ အခုနောက်ပိုင်း ဗညားညီမလေးပါ ကူပြီးထိုင်ပေးလို့ ကျွန်တော်ရော ဗညားရော ဆိုင်လစ်လို့ ရနေတယ် ၊ သူက မိန်းကလေးဆိုတော့ ကျွန်တော်တို့ထက် ဆိုင်ပိုမြဲတယ်လေ "

" ဗညားနဲ့အသာက တော်တော်ခင်ကြတာလား "

" ခင်တာပေါ့ အကိုရ ၊ ကျွန်တော်တို့ ကိုးတန်းကတည်းက ခုချိန်ထိ တောက်လျှောက်တွဲလာကြတာလေ ၊ သူကကျွန်တော့်ထက်စာရင် အပေါင်းအသင်း နည်းနည်းပိုများပေမယ့် ကျွန်တော်ကတော့ သူတစ်ယောက်တည်းနဲ့ပဲ ပေါင်းဖြစ်တာ ၊ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့ အကိုရာ "

" တစ်ခါလောက်တော့ အသာတို့ဆိုင်ကို လာလည်ဦးမယ် ၊ အသာ့သူငယ်ချင်း ဗညားနဲ့လည်း ဆုံရအောင်လေ "

" ဟုတ် လာခဲ့လေ အကို ၊ ကျွန်တော်တို့ဆိုင်နားမှာ မုန့်ဆိုင်ကောင်းကောင်းတွေ ရှိတယ် ၊ အကိုလာရင် ဝယ်ကျွေးမယ် "

" ဟားဟား အေးပါကွာ ၊ ဒါဆို မနက်ဖြန် စာအုပ်ရောင်းပွဲတော် သွားဖြစ်တယ်နော် "

" ဟုတ် အကို ၊ မနက် ၁၀ နာရီလောက် ကျွန်တော် အကို့အိမ်ကို လာခေါ်လိုက်မယ်လေ ၊ ကျွန်တော့်ကားနဲ့ပဲ သွားကြတာပေါ့ "

" Ok အသာ "

*********************

သူ အကို့ခြံရှေ့ရောက်တော့ အကိုက အဆင်သင့်ထွက်စောင့်နေတာ တွေ့ရသည် ။ ပုံမှန်ဆို ကတ္တီပါဖိနပ်တို့ Leather shoe တို့နှင့်သာ တွေ့ရတတ်သည့် အကိုက ဒီနေ့တော့ ဝတ်ထားသော ဂျင်းဘောင်းဘီနှင့်လိုက်ဖက်အောင် Sneaker စီးထားပုံရသည် ။ ပုဆိုးတစ်လဲ style pant တစ်လဲနဲ့ အမြဲ gentleman ဆန်ဆန်ဝတ်လေ့ရှိသော အကိုက ယခုလို V - shape T-shirt တို့ ဂျင်းဘောင်းဘီတို့နှင့်ဆိုတော့ တစ်မျိုးအမြင်ဆန်းပြီး လူငယ်ဆန်စွာ ကြည့်ကောင်းနေသည် ။ ခေါင်းလိမ်းဆီတစ်မျိုးဖြင့် အမြဲသပ်ရပ်နေတတ်သည့် ဆံပင်တွေကလည်း ခုတော့ ခပ်ဖွာဖွာနဲ့ နဖူးပေါ် ဝဲကျလို့ ။

အသက် ၃၀ ဝန်းကျင် ယောက်ျားတစ်ယောက်ဟာ ဒီလောက်တောင် ကြည့်ကောင်းတတ်သတဲ့လား ။

သူနဲ့များတော့ အသွေးအမွေးက တစ်ခြားစီပင် ။

" အကိုက ဘာလို့ ဒီလောက်ကြည့်ကောင်းနေရတာလဲ "

ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေရင်း နှုတ်ကလည်း မထိန်းနိုင်စွာ လွှတ်ခနဲထွက်သွားတော့ အကိုက Seat belt ပတ်နေရင်းမှ အံ့သြသလို ကြည့်လာသည် ။

" ဟမ် ဘယ်လို အသာ? "

သေရော ။ အကို့ကို ငါ ဘာတွေလျှောက်ပြောလိုက်မိတာလဲ ။ သွားပါပြီကွာ ။ ရှက်စရာကောင်းလိုက်တာ...။

" ဟို....ဟိုဟာ ကျွန်တော်က ရုပ်ဆိုးပြီး အကိုက အရမ်းချောနေတော့ လမ်းမှာတွေ့သမျှကောင်မလေးတွေက အကို့ကိုပဲ ဝိုင်းငမ်းကြမှာ တွေးမိလို့ပါ ၊ အဟဲ... "

ရှက်ရှက်နဲ့ပြောမိပြောရာ ပြောနေသော ကျွန်တော့်ကို အကိုက မျက်မှောင်ကုပ်ကာ ကြည့်ရင်း

" နေစမ်းပါဦး ၊ အသာ့ကို ရုပ်ဆိုးတယ်လို့ ဘယ်သူက ပြောတာလဲ "

" ဘွားဘွားလေ "

" ကျွတ်...မဟုတ်တာကွာ "

လွှတ်ခနဲ ပြောထွက်လိုက်ပြီးမှ ဘွားဘွားအပေါ် အကို အမြင်စောင်းသွားမှာစိုးသည့်စိတ်နဲ့

" ဘွားဘွားပြောမှ မဟုတ်ပါဘူး ၊ အိမ်မှာလည်း မှန်ရှိနေတာပဲဟာ ၊ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သိတာပေါ့ အကိုရ "

" မဟုတ်သေးပါဘူး အသာရာ "

" ဟုတ်တာပေါ့ အကိုရ ၊ ကျွန်တော့်အမဆို ဘယ်လောက်လှလဲ ၊ ကျွန်တော်နဲ့ဆို တစ်စက်မှတောင် မတူဘူး ၊ ပြီးတော့ ကျွန်တော် သူငယ်တန်းစ,တက်တုန်းကလေ မေမေက ဆရာမတွေကို ဒုတိယတန်းမှာ တက်နေတဲ့ လင်းထင်ဖြာရဲ့မောင်လေးပါဆိုပြီး မိတ်ဆက်တော့ ဆရာမတွေက ' အော...ဝမ်းကွဲတွေလား ' ဆိုပြီးမေးခဲ့တာကို ကျွန်တော် ခုထိ မှတ်မိနေသေးတယ် ၊ နောက်ပြီး ကျွန်တော်မွေးတာကို မသိလိုက်တဲ့ ဖေဖေ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်ဆုံတော့ ဖေဖေက ကျွန်တော်တို့မောင်နှမကို သားနဲ့သမီးလေဆိုပြီးလည်းပြောရော ကျွန်တော့်ကို အကဲခတ်သလိုကြည့်နေတဲ့ အဲ့ဒီဦးလေးကြီးရဲ့ မျက်လုံးတွေကို ကျွန်တော် မမေ့ဘူး ၊ ကျွန်တော်လည်း အခန်းထဲဝင်သွားရော ဖေဖေ့ကို မေးလိုက်တာက အငယ်လေးက မွေးစားထားတာလား တဲ့ "

ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ပြုံးရယ်ရင်း ပြောနေပေမယ့် ဒီကလေးရင်ထဲက ဝမ်းနည်းရိပ်ကို သူ့မျက်လုံးလေးတွေကတစ်ဆင့် မြင်နေရတော့ ဆက်စေစိတ်ထဲမှာ တော်တော်ကို ထိထိခိုက်ခိုက် ဖြစ်မိသည် ။

သူ့အမြင်မှာတော့ အသာလေးက သူ့အမ လင်းလင်းလောက် မချောပေမယ့် ရုပ်ဆိုးနေတာမျိုးတော့ဖြင့် မဟုတ်ပါ ။ ဖြူတဲ့ဘက်ကို မနွယ်သည့် ပုံမှန်အသားအရည် ၊ သူ့လောက်တော့ အရပ်မရှည်ပေမယ့်လို့ ယောက်ျားလေးတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ ပါးပါးလျားလျား ခန္ဓာကိုယ် ။ ယောက်ျားလေးတစ်ယောက်က ဒီလောက်ဆို ကြည့်ကောင်းနေပြီပဲလို့ သူကတော့ မြင်သည် ။

နောက်ပြီး သူများတွေမှာ မရှိသည့် အကြည်ဓာတ်တစ်မျိုးလေးကို အသာ့မျက်နှာပြင်မှာ အမြဲတွေ့ရသည် ။ အထူးသဖြင့် အသာ့မျက်လုံးတွေ...။ ထိုမျက်လုံးလေးတွေမှာ ဘယ်လိုအဆိပ်အတောက်ကိုမှ မတွေ့ရဘဲ အမြဲဖြူစင်နေပုံလေးက တကယ့်ကို နှစ်လိုစရာ ကောင်းလှသည် ။

" ကိုယ့်မျက်လုံးထဲတော့ အသာက ချစ်စရာကောင်းပြီး ကြည့်ကောင်းနေတာပဲ "

အသာတစ်ယောက် အကို့စကားကြောင့် ယောင်ယမ်းပြီး ဘရိတ်နင်းမိမလိုတောင် ဖြစ်သွားရသည် ။

နောက်နေတာလားဆိုပြီး အံ့သြစိတ်နဲ့ အကို့ကို လှည့်ကြည့်မိတော့ သူ့ကို ခပ်ပြုံးပြုံးကြည့်နေသည့် အကို့ထံမှာ လှောင်ပြောင်ရိပ်ကို အလျင်းမတွေ့ရ ။ ကြည်ကြည်လင်လင်ပင် ပြုံးပြနေသည် ။

အားးးးး.....ကျွန်တော့်ကို သေအောင်များ သတ်နေတာလား အကိုရာ..... ။

*********************

Yangon Book Plaza ရောက်တော့ သူရော အကိုပါ စာအုပ်ပုံတွေကြားမှာ တက်ညီလက်ညီ ရွေးကြတော့သည် ။ ကောင်းနိုးရာရာ စာအုပ်လေးတွေတွေ့လိုက် နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တိုင်ပင်လိုက်နှင့် ပျော်စရာကောင်းသည့် ဤအချိန်ခဏကို ရပ်တန့်ထားလိုက်ချင်မိသည်အထိ သူ့မှာ ကြည်နူးရသည် ။

ချစ်သူနှင့်အတူသာဖြစ်ပါက ဘာရယ်မဟုတ်သည့် ယခုလို သာမာန်ကိစ္စလေးတွေကလည်း တခမ်းတနားဖြစ်နေတတ်သည်ပဲ ။

အရင်တုန်းကတော့ စာအုပ်တွေထဲမှာ အချစ်နဲ့ပက်သတ်ပြီး ဖွဲ့တာတွေကို နည်းနည်းများ ပိုမနေဘူးလားဟု တွေးခဲ့ဖူးပေမယ့် အခု ကိုယ်တိုင်လည်း ချစ်တတ်သွားရော ထိုအညွှန်းအဖွွဲ့တွေကို နည်းသေးတယ် ဟုတောင် ထင်မိလာသည် ။

ဒါကြောင့်လည်း ဖြူဖြူကျော်သိန်းက ' အချစ်က ညှို့ယူစေခိုင်း စွမ်းနိုင်တယ်...အရာရာ အချစ်နဲ့တွေ့လာရင် ပြောင်းလဲ ' လို့ ဆိုထားတာ နေမှာ ။

တိုးရင်းဝှေ့ရင်းနဲ့ စာအုပ်တွေ တော်တော်များများ ဝယ်ပြီးချိန်မှာ လူတွေလည်း တော်တော်ကို ဖတ်ဖတ်မောသွားသည် ။

" နီးစပ်ရာ shopping mall တစ်ခုခုကို သွားကြမလား အသာ ၊ အအေးလေးဘာလေး သောက်ရအောင်လေ "

" ကောင်းတယ် အကို ၊ ကျွန်တော်က ဗိုက်လည်း နည်းနည်းဆာနေပြီ "

" အေး ကိုယ်ရောပဲ "

သူ့အပြောကို အကိုက ပြုံးစိစိနှင့် ထောက်ခံလာတော့ နှစ်ယောက်သား တိုင်ပင်မထားပဲ ရယ်မိကြဧ။် ။

အင်း...ကြည်နူးရပြန်သည်လေ ။

စားသောက်ပြီးတဲ့အချိန် အကိုကလည်း ပြန်ဖို့စကားမစသဖြင့် ပတ်ဝန်းကျင်က သွားလာနေတဲ့လူများကို ကြည့်ရင်း ရောက်တတ်ရာရာ ပြောမိကြသည် ။

" ကိုယ် ဒီလိုနေရာမျိုးတွေကို မရောက်တာ တော်တော်ကြာပြီ "

" ဟင် ဘာလို့လဲ အကိုရ ၊ မအားလို့လား "

" အင်း မအားတာရော ၊ အတူတူသွားဖို့ အဖော်မရှိတာရောပေါ့ ၊ ဒီလိုနေရာတွေဆိုတာကလည်း အဖော်လေးနဲ့လာမှ ၊ မဟုတ်ရင် ကြောင်စီစီဖြစ်နေမှာ "

" အကို့မှာ သူငယ်ချင်း မိတ်ဆွေတွေ မရှိဘူးလား "

" ရှိတော့ရှိတာပေါ့ ၊ ဒါပေမယ့် သူတို့တွေက ကိုယ့်လိုလူလွတ်မဟုတ်ကြတော့ ဒီအတွက် အချိန်မပေးနိုင်ကြဘူးလေ ၊ မိသားစုရေး သားရေးသမီးရေးတွေနဲ့ ရှုပ်နေကြတာများတယ် ၊ အဲ့တော့ ကိုယ်လည်း အားတဲ့ရက်တွေဆိုရင် မေမေခိုင်းတာရှိရင်လုပ်ပေး ၊ အဲ့လိုမရှိရင် အိမ်တွင်းအောင်းပြီး စာဖတ် အခွေကြည့် ၊ ဒီလိုပဲ နေဖြစ်တော့တာ ၊ ကြာတော့ ကိုယ့်ကိုယ်ကိုတောင် အဘိုးကြီးနဲ့တူလာသလို ခံစားရတယ် ဟားဟားးး "

" နောက်ဆို အကိုသွားချင်တာရှိရင် ကျွန်တော် အဖော်လိုက်ပေးမယ်လေ "

" အင်း ဒါလည်း အသာ ရည်းစားမရသေးလို့ ဒီလိုပြောနိုင်တာပါကွာ ၊ ရည်းစားသာ ရသွားကြည့် မောင်အသာကလေးတို့ ဆေးခန်းတောင် လာကူနိုင်ပါတော့မလားပဲ "

" အဲ့ဒါတော့ အကို စိတ်ချ ၊ အဲ့လိုကိစ္စတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး "

ကြည်ကြည်တောက်တောက် အသာ့မျက်လုံးလေးတွေက မှိုင်းသွားကာ ခပ်လေးလေး ပြောချလိုက်ပုံက တလေးတနက်ပုံစံမျိုးနှင့်မို့ သူ့စိတ်ထဲ စိတ်ပူသလိုပင် ဖြစ်သွားရသည် ။

ဒီကလေး အသည်းများ ကွဲထားလေသလား ။ မေးလိုက်ဖို့တော့ အကြီးတစ်ယောက်အနေနှင့် မကောင်းဘူးထင်သည် ။ ပြီးတော့ သူနဲ့အသာ့ကြားမှ ဆက်ဆံရေးကရော ဒီလို တစ်ယောက်နဲ့တစ်ယောက် နှလုံးသားရေးရာကိစ္စတွေကို ရင်ဖွင့်ဆွေးနွေးရလောက်အောင် ရင်းနှီးပြီလား မရင်းနှီးသေးဘူးဆိုတာ သူလည်း မဝေခွဲနိုင် ။

ဒါပေမယ့်လည်း ဒီကလေးရဲ့ကိစ္စအလုံးစုံကို သူသိချင်နေမိတာတော့ သေချာသည် ။ သူဘယ်တုန်းကများ သူတစ်ပါးအရေးကိစ္စတွေကို ဒီလောက် စိတ်ဝင်စားတတ်သွားတာပါလိမ့် ။ ညီအရင်းဖြစ်သူ ဆက်နေရဲ့ အကြောင်းတွေကိုတောင် သိပ်ပြီး စိတ်မဝင်စားတတ်တဲ့ သူကလေ ။

အင်း...အသာက သူ ငယ်ငယ်ကတည်းက ထိန်းခဲ့ရတဲ့ သံယောဇဉ်ရှိတဲ့ ကလေးမို့ သူ ဒီလို စိတ်ပူမိတာ ဖြစ်မှာပါ ။ ဟုတ်ပါတယ် ။ အဲ့လိုပဲ နေမှာပါ ...... ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

Continue Reading

You'll Also Like

326K 26.2K 29
Mini Story Uni Life Style Sweet Romance
197K 14.3K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
53.5K 4.3K 24
❦{Own Creation}❦ Unicode+Zawgyi ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ မောင့်ရဲ့နိဗ္ဗာန်ဘုံဟာ သက်လျာပါကွယ်။ AN-စိတ်ကူးယဉ်ရေးသားမှုဖြစ်ပြီး၊ထိုခေတ်ထိုအခါ နှင့်မက...
37.2K 2.3K 29
မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျ...