Give and Take

Bởi oohsehunkuco

406K 56.4K 3.9K

Overprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020) Xem Thêm

၁ (Zawgyi + Unicode)
၂ (Zawgyi + Unicode)
၃ (Zawgyi + Unicode)
၄ (Zawgyi + Unicode)
၅ (Zawgyi + Unicode)
၆ (Zawgyi + Unicode)
၇ (Zawgyi + Unicode)
၈ (Zawgyi + Unicode)
၉ (Zawgyi + Unicode)
၁၀ (Zawgyi + Unicode)
၁၁ (Zawgyi + Unicode)
၁၂ (Zawgyi + Unicode)
၁၃ (Zawgyi + Unicode)
၁၄ (Zawgyi + Unicode)
၁၅ (Zawgyi + Unicode)
၁၆ (Zawgyi + Unicode)
၁၇ (Zawgyi + Unicode)
၁၈ (Zawgyi + Unicode)
၁၉ (Zawgyi + Unicode)
၂၀ (Zawgyi + Unicode)
၂၁ (Zawgyi + Unicode)
၂၂ (Zawgyi + Unicode)
၂၃ (Zawgyi + Unicode)
၂၄ (Zawgyi + Unicode)
၂၅ (Zawgyi + Unicode)
၂၆ (Zawgyi + Unicode)
၂၇ (Zawgyi + Unicode)
၂၈ (Zawgyi + Unicode)
၂၉ (Zawgyi + Unicode)
၃၁ (Zawgyi + Unicode)
၃၂ (Zawgyi + Unicode)
၃၃ (Zawgyi + Unicode)
၃၄ (Zawgyi + Unicode)
၃၅ (Zawgyi + Unicode)
၃၆ (Zawgyi + Unicode)
၃၇ (ဇာတ်သိမ်း) (Zawgyi + Unicode)

၃၀ (Zawgyi + Unicode)

8.9K 1.5K 96
Bởi oohsehunkuco

Unicode

"Sehun ကားပြန်လှည့်နော်"

ချက်ချင်းပဲ ထငိုတော့မယောင် မျက်နှာငယ်လေးနဲ့ပြောနေသည့် Han ကို Sehun မကြည့်မိအောင် ထိန်းထားရသည်။ ကြည့်လိုက်မိရင် စိတ်ကပျော့သွားတော့မှာ.. Han ပြောသလိုပဲ ကားပြန်လှည့်ပေးမိမှာ။

မရဘူး။

ဒီတစ်ခါတော့ အလျှော့မပေးတော့ဘူး။

"Sehunnnn"

သံရှည်ဆွဲခေါ်နေသည့် Han ကြောင့် Sehun စိတ်တင်းထားသမျှက အရည်ပျော်ကျလာရသည်။ ဒုက္ခပါပဲ။

"Sehun လို့"

ဒီကောင်လေးနဲ့တော့ ခက်နေပါပြီ။ အဝေးပြေးလမ်းမပေါ်တောင် မရောက်သေးခင်မှာ Sehun တစ်ထစ်လျှော့ပြီး ကားခဏရပ်လိုက်ရသည်။

"Han ကွာ.. ခိုးပြေးလာတာပါဆိုမှ ဘာလို့ ပြန်ပို့ရမှာလဲ"

Luhan ဘက်ကို လှည့်ပြီး Sehun ဆူပူလိုက်တော့ နဂိုထဲကမှ သေးသေးလေးပဲရှိသည့် မျက်နှာလေးက ပိုပြီးတောင် ငယ်ကျသွားသည်။ အဲ့ဒါတွေ သူ မခံနိုင်မှန်းသိလို့ Han သက်သက်ဉာဏ်များနေတာ သူသိသည်။

"Sehun ကလည်း.. ကျွန်တော်က တကယ်လက်ထပ်မှာပါဆိုနေ"

"ဒါပေမဲ့ စောင့်ပါဦးဆို.. ကိုယ်က မစောင့်နိုင်တော့ဘူး"

"Sehun ကလည်း"

ကျေးဇူးပြုပြီး အဲ့အသံလေးနဲ့ မပြောပါနဲ့လား။ အသည်းကို တတိတိလာကုတ်နေသလိုပဲ။ Sehun နားပိတ်ထားလို့လည်းမရ။

နောက်ဆုံးတော့ Baekhyun ပြောသလိုပဲ လုပ်ရတော့မည်ထင်သည်။ သကောင့်သားလေးက သူ Han ကို ခိုးပြေးမယ်လို့ပြောတုန်းကဆို ရယ်လိုက်တာ ခွက်ထိုးခွက်လန်ပင်။ ပြီးတော့ ပြောသေးသည်။

"ကိုကိုကတော့ လမ်းတဝက်မှာတင် ပြန်လှည့်ရလိမ့်မယ်" တဲ့။

အဲ့တုန်းကတော့ သူတော်တော်စိတ်ဆိုးခဲ့တာ။  ဒါပေမဲ့ တကယ်တမ်းကျတော့လည်း Han အလိုမရှိတာကို ဇွတ်တိုးမလုပ်ချင်ပါ။ မတတ်နိုင်ဘူး။ ကိုယ်က အမြတ်တနိုး တန်ဖိုးထားချင်တာကိုး..။

"တစ်ပတ်အတွင်း ကိုယ့်ကိုလက်ထပ်မယ်ဆိုရင်တော့ အိမ်ပြန်ပို့ပေးမယ်.. ဒါပေမဲ့ ကိုယ်ပါ အမေတို့နဲ့ ဝင်တွေ့ပြီး စကားပြောဦးမှာ"

"တစ်ပတ်က မမြန်ဘူးလား.. ဟို.. ခန်းမအတွက် ဘွတ်ကင်တို့.. ဖိတ်စာတို့.. အဝတ်အစားတွေဘာတွေ"

ဖြစ်နိုင်သမျှဆင်ခြေတွေ လျှောက်စဥ်းစားကာ လက်တစ်ချောင်းချင်းချိုးပြီး ရေတွက်နေတဲ့ကောင်လေးကိုကြည့်ရင်း Sehun ကြိတ်ပြုံးမိသည်။ အိမ်နေရင်းအင်္ကျီ ပေတိပေစုတ်လေးနဲ့ သူ့ကောင်လေးက ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတော့တာပဲ။

"နောက်ပြီး ဟို ပန်းအလှဆင်တာ ဘာညာလည်းရှိသေးတယ်လေ.. ဒီလပိုင်းက မင်္ဂလာပွဲတွေ များတယ်တဲ့"

ကြည့်ပါဦး။ ပြောချင်တာတွေကို လျှောက်ပြောနေတာ.. မင်္ဂလာပွဲတွေ များလား၊ နည်းလား သူလည်းသိတာမဟုတ်ပဲနဲ့။

"ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ အမြန်ဆုံးလက်ထပ်မယ်လို့ ကတိပေးမှ အိမ်ပြန်ပို့ပေးမှာ.. မဟုတ်ရင်တော့ ကိုယ်က တကယ်ခိုးပြေးပြီ"

ပြောပြောဆိုဆိုနဲ့ Sehun ကားစက်ပြန်နှိုးလိုက်တော့ Luhan မှာ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့။ နောက်တော့ စူပုတ်ပုတ်နဲ့ Sehun လက်မောင်းကို ဖြန်းခနဲ တစ်ချက်လှမ်းရိုက်သည်။

"ထပ်မယ်လို့"

"ဘာထပ်မှာလဲ"

"လက်ထပ်မှာ.. Sehun ကိုလက်ထပ်မှာ.. အမြန်ဆုံးကို လက်ထပ်မှာ.. ရပြီလား"

စကားတစ်ခွန်းပြောလိုက် တစ်ခါရိုက်လိုက်နဲ့ Sehun လက်မောင်းတစ်လျှောက်လည်း အီစိမ့်သွားရသည်။ ဒါပေမဲ့ ကြားချင်နေတဲ့အဖြေကို ကြားလိုက်ရတော့ စိတ်ချမ်းသာသွားတာအမှန်။

"ကိုယ့်ကို တာဝန်ယူမှာ သေချာတယ်နော်"

Sehun ရွှတ်နောက်နောက်နဲ့ လှမ်းစလိုက်တော့ Han က မျက်စောင်းလှမ်းထိုးသည်။

"တာဝန်ယူရမှာ ခင်ဗျားကြီးမဟုတ်ဘူးလား"

"ဟုတ်လား ကိုယ်က တာဝန်ယူစရာတွေလုပ်ထားတယ်ပေါ့"

"Oh Sehun!"

"အိုခေ အိုခေ.. အိမ်ပြန်ပို့ပေးပြီနော်"

မျက်နှာလေးရဲပြီး တကယ်ရှက်သွားတဲ့ Han ကို သူထပ်မစတော့ပဲ ကားပြန်ကွေ့ရသည်။

"ဆယ်နာရီထိုးနေပြီ.. Sehun မြန်မြန်မောင်း"

"ကားပိတ်နေတာကို Han ကလည်း"

ဒါတောင် မကျေမနပ်နဲ့ တစ်ခုခုပြန်ပြောဖို့ပြင်လိုက်သေးပေမဲ့ တန်းစီနေတဲ့ကားတွေကြောင့် Han ငြိမ်ကျသွားသည်။ တမင်သက်သက် ညစ်ပြီး လမ်းကြောပိတ်တဲ့ဘက်က ပတ်မောင်းနေတာကိုတော့ Sehun မပြောမိပါ။

"Sehun ရေ.. ကျော်တက်လိုက်လို့ရနေတာကို"

"အန္တရာယ်များတယ် Han ရဲ့"

တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်။ ကားပိတ်နေတာတော့ မှန်ပေမဲ့  Sehun ကိုယ်တိုင်ကိုက လိပ်နှုန်းနဲ့မောင်းနေတာ။ ကိုယ်ကသာ ကျော်မတက်တာ၊ ကြားထဲကို ဖြတ်ဝင်တဲ့ကားတွေကိုကျတော့လည်း အသာတကြည်လမ်းကြောပေးလိုက်သေး။

"၁၁ နာရီထိုးလို့မှ အိမ်ပြန်မရောက်ရင် ပြောထားသမျှ အကုန်ပြန်ရုတ်သိမ်းမှာနော် Sehun.. ညစ်ကျယ်ကျယ်လုပ်မနေနဲ့"

ဒီတစ်ခါတော့ တကယ်ရာဇသံဖြစ်သည်။ Luhan တော်တော်စိတ်ဆိုးနေပြီ။ မှုန်ကုပ်နေတဲ့မျက်နှာလေးက မီးရောင်မှိန်မှိန်အောက်မှာတောင် ချစ်ဖို့ကောင်းနေသည်။

ဪ.. ဒါလေးကို လက်ထပ်ရဖို့အရေး သူ့မှာ လူကြမ်းဖြစ်လိုက် မင်းသားဖြစ်လိုက်နဲ့ အမျိုးစုံပါပဲ။

_________________________

အမှန်ဆို နားကြားကိရိယာဆိုတာကို သူ မတပ်ချင်ဘူး။ ဆရာဝန်က သူနဲ့အဆင်ပြေမဲ့အမျိုးအစားကို ရွေးပေးလိုက်ပေမဲ့ Chanyeol ကိုယ်တိုင်ကိုက အဲ့လိုမျိုးတပ်ပြီးမှ လူကောင်းပကတိလို ခံစားရမှာမျိုးကို မဖြစ်ချင်တာ။

ဒါပေမဲ့ မတပ်ချင်လွန်းတဲ့ အဲ့နားကြားကိရိယာကိုတပ်ပြီး Luhan ကို ဖုန်းဆက်နေရသည်။ ဘယ်တုန်းကတည်းက အိမ်ကထွက်သွားမှန်းမသိသည့်ကောင်လေးက ည ၁၂ နာရီထိုးခါနီးအထိ အိမ်ကိုပြန်ရောက်မလာဘူးမို့။

အဲ့ဒါကလည်း သူ Luhan အခန်းကို သွားကြည့်မိလို့သာ သိတာ။ အမေတို့တောင် Luhan အိမ်မှာမရှိတာ သိပုံမရ။

"သိပ်စိတ်မပူပါနဲ့ သားရယ်"

"အမေကလည်း ခေတ်ကြီးကကောင်းတာမဟုတ်ဘူး"

"Chanyeol ရယ် ထိုင်စမ်းပါဦး.. အခု ဘယ်လိုနေလဲ သေချာကြားရလား"

အမေ့ကို Chanyeol မျက်စောင်းတောင်ထိုးမိတော့မလိုပဲ။ Luhan တစ်ယောက်လုံး ပျောက်နေတာကို အမေတို့က စိတ်မပူပဲ သူ့နားကြားကိရိယာအကြောင်း မေးနေသည်။

"ဟမ် ဘယ်လိုနေလဲလို့"

"ထင်ထားတာထက် ပိုအဆင်ပြေတယ်.."

"အသံတွေရော သေချာကြားရလား"

"ကြားရပါတယ်ဆိုမှ အမေကလည်း.."

"ပြန်လာပါပြီ"

ကိရိယာကနေတစ်ဆင့် နားထဲတိုးဝင်လာတဲ့အသံသေးသေးလေးကြောင့် Chanyeol ကမန်းကတန်း အိမ်ရှေ့ကိုထွက်ကြည့်မိသည်။

"Luhan! ဘယ်တွေ..."

Luhan အိမ်ပြန်ရောက်ပါပြီ။ ဒါပေမဲ့ မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်ကလည်း ပါသေး၏။ အချိုးမပြေတဲ့ဧည့်သည်က Chanyeol ကို ပေစောင်းစောင်းနဲ့ကြည့်နေသေးသည်။ ဒီတစ်ခဏမှာတော့ Chanyeol က သူ့ကိုယ်သူအပြစ်တင်တာတွေကို မတွေးမိပဲ Luhan ကိုသာ ဆွဲဆောင့်ဖွက်ထားပစ်ချင်တော့တာ။

"ဧည့်သည်ကို အထဲဝင်ခိုင်းလိုက်လေ သားကြီး.. အိမ်ပေါက်ဝမှာ ပိတ်ရပ်မနေနဲ့"

Chanyeol စိတ်တိုတိုနဲ့ အဖေ့ကို လှည့်ကြည့်မိသည်။ ဒီဧည့်သည်က အိမ်ထဲကို တစ်ခါပေးဝင်လိုက်ရင် ပြန်မထွက်တော့မဲ့ဧည့်သည်ဆိုတာကို သိသားနဲ့ အမေတို့က အရမ်းကိုစေတနာသဒ္ဓါတရားတွေ ထက်သန်နေတာများ။

"ကိုကြီး ဟိုဟာတပ်ထားတာလား.. အဆင်ပြေလား.. သေချာကြားရလား.. အဆင်မပြေရင် ဆရာ့ကို ကျွန်တော်ပြန်ပြောပြီး အသစ်တစ်ခုရွေးခိုင်းလိုက်မယ်လေ"

"ရတယ် အဆင်ပြေတယ်.. လာ အထဲကို"

Luhan လက်ကောက်ဝတ်ကို ဖျတ်ခနဲဆွဲ၍ အိမ်ထဲခေါ်သွားတဲ့ Chanyeol ကြောင့် Sehun အောင့်သက်သက်တော့ဖြစ်သွားတာအမှန်။ လူကြီးတွေရှေ့မှာ ရန်စကားမပြောချင်လို့သာ သည်းခံလိုက်ခြင်းပင်။

"အထဲဝင်လေ သား.. Chanyeol ကို စိတ်ထဲမထားနေနဲ့"

အမေ့စကားကြောင့် Chanyeol မျက်မှောင်ကုတ်သွားရသည်။

"ငါ့ကို စိတ်ထဲထားနေရင် ဒီအထိတောင်ရောက်လာမှာမဟုတ်တဲ့ကောင်ကိုများ"

တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လိုက်တာပေမဲ့ ဆိုဖာတစ်ခုံတည်းမှာ ဘေးချင်းကပ်လျက်ထိုင်နေသည့် Luhan က ကြားသည်။

"ကိုကြီးကလည်း.."

"မင်းငြိမ်ငြိမ်နေစမ်း.. ညကြီးမိုးချုပ် မပြောမဆိုနဲ့ဘယ်တွေသွားနေမှန်းကိုမသိဘူး"

"မေမေတို့ သိတာပဲကို"

Chanyeol မှာ ပါးစပ်အဟောင်းသား။ ဒါဆို သူတစ်ယောက်ပဲ မသိတာလား။ သူ မသိပဲ သေမတတ် စိတ်ပူနေတာကို အမေတို့က မသိချင်ယောင်ဆောင်ပြီးထိုင်ကြည့်နေတာလား။ အဲ့ဒါကြောင့် အိမ်ပြန်မရောက်သေးတဲ့သားထက် နားကြားကိရိယာက ပိုစိတ်ဝင်စားဖို့ကောင်းနေတာကိုး..

ရုတ်တရက်ကြီး ဘာလို့တစ်အိမ်သားလုံးက Oh Sehun ဘက်ရောက်သွားတာလဲ.. Chanyeol လုပ်ခဲ့တဲ့အမှားတွေရှိတာမှန်ပေမဲ့ Luhan ကို သူစိမ်းလက်ထဲ အဲ့လိုလွယ်လွယ်ပဲပေးရက်ကြတာလား။

"ကျွန်တော် ရုတ်တရက်ကြီး မိုးချုပ်မှရောက်လာရတာ မရိုမသေဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ"

မျက်နှာချင်းဆိုင်က ဆိုဖာမှာ စထိုင်ထိုင်ချင်း ယဥ်ကျေးပြနေတဲ့ Sehun ကို Chanyeol ဆွဲထိုးချင်လာသည်။ နှုတ်က ချိုသာပြနေပေမဲ့ မျက်လုံးကတော့ Luhan ဆီမှာပဲ ဝေ့နေပြီးတော့များ..။ Luhan ကို Chanyeol ဘေးမှာဆွဲခေါ်ထိုင်ခိုင်းထားလို့သာ တော်တော့သည်။

Oh Sehun နဲ့ ဘေးချင်းယှဥ်လျက်များ ထိုင်ခိုင်းလိုက်ရင်ဖြင့် သူ မျက်စိနောက်လို့ဆုံးမှာမဟုတ်တော့ဘူး။

"တခြားကိစ္စတော့မဟုတ်ဘူး.. အန်တီတို့နဲ့ မင်္ဂလာကိစ္စ ဆွေးနွေးချင်လို့ပါ"

Chanyeol မျက်လုံးတွေ ဝိုင်းခနဲ။ ဘာတွေလဲ?

နားကြားကိရိယာက ပျက်သွားတာလား။ ဘယ်လို ပေါက်တတ်ကရ အ​ခြေအမြစ်မရှိတဲ့စကားတွေ ကြားနေရတာလဲ။ တအံ့တသြနဲ့ Luhan ကို လှမ်းကြည့်မိတော့လည်း သွားအဖြီးသားနဲ့ သူ့ကို မျက်နှာချိုသွေးပြနေသည့် Luhan ကိုတွေ့ရသည်။

ဘာလဲ.. ဒီအခြေအနေက ဘာလဲ။

"လူကြီးချင်းပြောရမဲ့ကိစ္စဆိုပေမဲ့ ကျွန်တော် နောက်ရက်အထိမစောင့်နိုင်တော့လို့ Han ဆီက ခွင့်ပြုချက်ရရချင်း လာပြောရတာပါ"

ဘာ!

Luhan ရဲ့ခွင့်ပြုချက်နဲ့ မင်္ဂလာကိစ္စဆွေးနွေးမယ်လို့ပြောတာလား။ တစ်ယောက်တည်း ဆောက်တည်ရာမရဖြစ်နေတဲ့ Chanyeol ရဲ့လက်ကို Luhan က ခပ်ဖွဖွဆုပ်ကိုင်လာသည်။

ငယ်ငယ်က မျက်လုံးလှလှလေးတွေကို လူတွေချီးကျုးကြတိုင်း သူ့မျက်လုံးတွေလှရတဲ့အကြောင်းရင်းက ကောင်းကင်ပေါ်ကကြယ်တွေကို ကိုကြီးက ခူးပြီး သူ့မျက်လုံးထဲထည့်ပေးထားတာမို့လို့ ဟု ပြန်ဖြေတတ်သည့်ကလေးလေးက အခုတော့ ထိုမျက်ဝန်းလှလှတွေနဲ့ သူ့ကိုတောင်းပန်တိုးလျှိုးနေသည်။

ထိုမျက်ဝန်းလှလှတွေနဲ့ သူစိမ်းတစ်ယောက်ကိုငေးကြည့်နေသည်။ တကယ့်ကို အတောက်ပဆုံး..

ရုတ်တရက်ကြီး သူ ရင်ထဲမှာ ဟာခနဲ။

သူ အခု Luhan ကိုချုပ်ချယ်ချင်နေရအောင် သူက အစ်ကိုကောင်းတစ်ယောက်ရော ဖြစ်ခဲ့လို့လား..။

"အရင်ဆုံး တကယ့်နှစ်ဖက်မိဘတွေ့ဆုံပွဲကို အရင်လုပ်ကြတာပေါ့"

အမေ့စကားဆုံးတော့ သူ့လက်ကို ကိုင်ထားတဲ့ Luhan လက်လေးကို သူဆွဲယူကြည့်မိသည်။ နောက်တော့ Sehun လက်ချောင်းတွေဆီကို တစ်လှည့် အကြည့်ရောက်၏။

သူကတော့ အစ်ကိုမို့လို့ လက်ဖဝါးနုနုပေါ်က ပွန်းပဲ့ဒဏ်ရာလေးကအစ စိုးရိမ်မိပေမဲ့ Luhan ကတော့ Oh Sehun နဲ့ဆင်တူလက်စွပ်လေး ပျောက်သွားမှာကို ပိုစိုးရိမ်မလား။

Oh Sehun နဲ့ဆိုရင် ဒီအပြုံးတွေ ပိုတောက်ပမှာမလား။

Oh Sehun နဲ့ဆိုရင် ဒီမျက်ဝန်းတွေ ပိုလင်းလက်မှာမလား။

Oh Sehun နဲ့ဆိုရင် Luhan ရဲ့မျက်ရည်တွေကို ထပ်မမြင်ရလောက်တော့ဘူးမလား။

Oh Sehun နဲ့ဆိုရင်လေ?

"Chanyeol?"

"ငိုတာမဟုတ်ဘူး ဖုန်ဝင်သွားတာ"

အမေ့အသံကြားတာနဲ့ ပါးပေါ်က မျက်ရည်စကို တစ်ခါတည်းပွတ်သုတ်ပစ်ရင်း ဆင်ခြေတစ်ခုကိုပါ လိုလိုမည်မည် ပေးပစ်လိုက်သည်။ ယုံတာ မယုံတာ သူတို့အပိုင်း။

"သန့်စင်ခန်းခဏသွားဦးမယ်"

မင်္ဂလာကိစ္စဆွေးနွေးနေသည့်ကြားကနေ အဲ့အကြောင်းပြချက်နဲ့ ထထွက်လာရတာ လူကြားမကောင်းပေမဲ့ သူ အဲ့နေရာမှာ ဆက်ထိုင်မနေချင်တော့ဘူး။ တစ်ခုချင်းပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေထဲမှာ သူနဲ့ Luhan ချည်းပဲ။

ကျောင်းရှေ့က အရုပ်ဆိုင်မှာ Luhan ပူဆာလို့ ဝယ်ပေးခဲ့တဲ့စက်ရုပ်ကလေး။ အဖေ့ကုမ္ပဏီနားက မုန့်ဆိုင်မှာ Luhan အမြဲမှာစားတတ်သည့်ကိတ်မုန့်လေး။ သူတို့ညီအစ်ကိုနှစ်ယောက် ငယ်ငယ်က မကြာခဏ ဘောလုံးကန်ခဲ့ဖူးသည့် ကွင်းကြီးကိုတောင် မရောက်ဖြစ်တာကြာပြီ။

အချိန်တွေက ရပ်တန့်မနေဘူး။

Luhan က ရင်ခွင်ပိုက်ကလေးငယ်မှ မဟုတ်တော့ပဲလေ။

သူ့လက်ကိုဆွဲပြီး ကျောင်းခန်းထဲဝင်ခဲ့တဲ့ကလေးက သိပ်မကြာမီကာလမှာတော့ အဖေ့လက်ကိုဆွဲပြီး မင်္ဂလာခန်းမထဲဝင်တော့မည်။ သူသတ်ပစ်ချင်လောက်အောင် မုန်းခဲ့တဲ့ကောင်ကတော့ ထိုကလေးရဲ့သက်ဆိုင်သူဖြစ်သွားတော့မည်။

သူကရော?

အင်း.. သူကတော့ ဒီအတိုင်း ပရိသတ်ထဲက လူတစ်ယောက်ပဲ။ မိသားစုလို့ နာမည်တပ်ထားတဲ့ စားပွဲခုံဝိုင်းကနေ လက်ခုပ်တီးပေးရမဲ့သူတစ်ယောက်ပေါ့..

အဲ့အချိန်ကျရင် မျက်ရည်တွေဝဲနေမလားမသိပေမဲ့ အကျယ်ဆုံးဖြစ်အောင် လက်ခုပ်တီးပေးဖို့တော့ သူဆုံးဖြတ်ထားသည်။ ဒါမှ Luhan ပျော်မှာ။

"သန့်စင်ခန်းက ဒီနေရာကိုး.. အင်းပေါ့.. လေကောင်းလေသန့်ရတာပေါ့"

ပြတင်းပေါက်နားမှာ ရပ်နေရင်းမှ နားကြားပြင်းကတ်စရာကောင်းသည့်အသံတစ်ခုက Chanyeol နားထဲ တိုးဝင်လာသည်။ လှည့်ကြည့်လိုက်တော့ မဲ့ပြုံးတစ်ခုနဲ့ ထိုကောင်က နံရံကိုမှီလျက် လက်ပိုက်ထား၏။ ဘယ်တုန်းကတည်းက ရောက်နေသလဲတော့ သူမသိပါ။

"ငါ-"

Sehun စကားဆက်မပြောခင် Chanyeol နားကြားကိရိယာကို ဆွဲဖြုတ်လိုက်သည်။ ဘာမှကြားမနေရတာလည်း ခပ်ကောင်းကောင်း။ အနည်းဆုံးတော့ နားကြားကိရိယာဖြုတ်လိုက်ရင် ဒီကောင့်ရဲ့ ကျက်သရေမရှိတဲ့အသံကို ကြားမနေရတော့ဘူး။

"မင်းအသံကို ကြားနေရတာ မင်္ဂလာမရှိလို့ ငါပြောတာပဲ မင်းနားထောင်"

Sehun က သူလုပ်လိုက်တဲ့အပြုအမူကို မကျေမနပ်ဖြစ်သွားတဲ့ပုံပေါ်ပေမဲ့ မျက်ခုံးတန်းတန်းနှစ်ဖက် စုကုတ်ပြီး မှုန်တေနေတာကလွဲရင် ဘာမှပြန်မတုန့်ပြန်တာမို့ Chanyeol ဆက်ပြောလိုက်သည်။

"Luhan... မျက်ရည်ကျတဲ့နေ့ မင်းသေနေ့ပဲ.. ငါ့လက်ချက်နဲ့ မသေချင်ရင်... Luhan ကို သေချာစောင့်ရှောက်"

Sehun မျက်နှာပေါ်က မျက်ခုံးတန်းတန်းတွေ ပြေကျသွားသည်။ နောက်ဆက်ဖြစ်မဲ့ မျက်နှာအမူအရာကို Chanyeol မမြင်ချင်တော့တာနဲ့ လှည့်ထွက်လာခဲ့မိ၏။

Luhan ကိုချစ်လို့ အလျှော့ပေးလိုက်တာပေမဲ့ ဒီကောင်နဲ့တော့ ငြိမ်းချမ်းရေးယူဖို့ စိတ်ကူးလုံးဝမရှိ။

_________________________


*ဖြန်း

အသံကျယ်သလောက် ခံရတဲ့သူမှာ နာလည်းနာသည်။ Baekhyun ငိုမဲ့မဲ့နဲ့ ဘောင်းဘီကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ အိပ်ရာနိုးနိုးချင်း မုန့်မစားရပဲ အရိုက်ခံနေရတာ အဆင်မပြေနေဘူး။

"ငါ့ကို အမေလို့ရော သတ်မှတ်သေးလား.. စိတ်ထင်ရာလုပ်နေမယ်ဆို သွား အိမ်ပေါ်ကဆင်း.. နင့်အစ်ကိုရော နင်ရော အဲ့မိသားစုနဲ့သွားနေ"

မေမေက ကြိမ်လုံးကြီးကို နောက်တစ်ချက်လွှဲလာ၏။

*ဖြန်း

Baekhyun ရဲ့ ခြေသလုံးတုတ်တုတ်လေးတွေပေါ်ကျရောက်လာသည့် နာကျင်မှုက ပြိုင်စံရှား။ မေမေ ဒီကြိမ်လုံးကို ဘယ်ကဝယ်လာသလဲ။ နောက်ပြီးမှ အဲ့ကြိမ်လုံးကို ချိုးပစ်ဦးမည်။ အခုတော့ ဒင်း နေနှင့်ဦး။

"ဘောင်းဘီကို သေချာဆွဲတင်ထား! အဲ့ဘောင်းဘီစကျလာရင် နှစ်ဆပဲ"

"မေမေ နာတယ်လို့"

"အဲ့ပါးစပ်ကိုပိတ်ထား.. ကိုယ့်ဘာသာ ဦးနှောက်သေးသေးလေးနဲ့ လုပ်ချင်ရာတွေလုပ်တုန်းက ဒီအသံမဟုတ်ဘူး"

မေမေက တကယ်စိတ်ဆိုးနေသည်။ အစ်ကို Luhan နဲ့ ကိုကိုတို့ကို သဘောမတူနိုင်ဘူးတဲ့။ အဲ့ဒါကလည်း အစ်ကို Luhan ကို သဘောမကျလို့မဟုတ်ပဲ ဦးလေးကြီးကြောင့်..။ ဦးလေးကြီးရဲ့ညီဖြစ်နေလို့..။

"မနေ့ကတည်းက နှစ်ယောက်စလုံးကို မှတ်လောက်အောင် ရိုက်ပစ်လိုက်ရမှာ.. တစ်ယောက်က အိမ်ပြန်မရောက်တာနဲ့ တစ်ယောက်ကအိပ်ပျော်နေတာနဲ့.. ငါ နှိုးပြီးမရိုက်ချင်လို့ နင်အိပ်ရေးဝဝအိပ်ရတယ်မှတ်"

မေမေ နောက်တစ်ကြိမ်လွှဲဖို့ပြင်နေတဲ့ ကြိမ်လုံးကြီးကို ထက်ဝက်ကျိုးသွားပါစေလို့ Baekhyun ဆုတောင်းနေမိသည်။ ကြိမ်လုံးကြီးတော့ ထက်ပိုင်းမကျိုးသွားပေမဲ့လည်း၊

"ဟာ မေမေ.. ကလေးကို ဘာလို့ရိုက်နေတာလဲ"

အားကစားလုပ်ပြီးပြန်လာသည့်ကိုကိုက သူ ကြိမ်လုံးစာထပ်မမိခင် အချိန်မီ ဘွားခနဲပေါ်လာတာကိုပဲ Baekhyun ကျေးဇူးတင်မိသည်။

"ကိုကိုး"

သနားစဖွယ်အော်ရင်း Sehun ရင်ခွင်ထဲ လုံးခနဲဝင်ပုန်းသည့် Baekhyun ကတော့ ကြိမ်လုံးစာလွတ်သွားပေမဲ့ ညီဖြစ်သူရဲ့မျက်နှာကို စိုးရိမ်တကြီးငုံ့ကြည့်လာသည့် Sehun ကတော့ မေမေ့လက်စာမိသည်။

"အ! မေမေ ဘာလို့ ကျွန်တော့်ကိုပါရိုက်တာလဲ"

"နင်တို့နှစ်ယောက်စလုံး မနေ့က ကိုယ်လုပ်ချင်ရာတွေလုပ်တယ်.. ငါ့ကို ဘာထင်နေကြလဲ.. Oh Sehun နင့် အုပ်ထိန်းသူက ငါ.. နင့်ညီ မဟုတ်ဘူး"

"မေမေရာ.. အဲ့ကိစ္စက ဒါကြီးနဲ့ရိုက်ရမဲ့ကိစ္စလား"

နာသွားတဲ့လက်မောင်းကိုပွတ်ရင်း Sehun က ညည်းညူသည်။ ဒီအရွယ်ကြီးကျမှ အရိုက်ခံနေရတာ သူများကြားရင် ရှက်စရာကြီး။

"အဲ့ကိစ္စက ရိုက်ရမဲ့ကိစ္စမဟုတ်ရင် ဘာကရိုက်ရမဲ့ကိစ္စလဲ.. နင့်အမေအရင်းကြီး ငါက ဒီမှာ အလတ်ကြီးရှိသေးတာကို ဘယ်သူ့သဘောနဲ့ မင်္ဂလာကိစ္စသွားပြောရတာလဲ.. ဟမ်"

တစ်ခွန်းပြောလိုက် တစ်ခါရိုက်လိုက်နဲ့ မေမေဟာ..။ Sehun လက်မောင်းတွေတောင် စပ်လာရသည်။

"မေမေ ပါးစပ်ကပြောနော်! လက်ပါရင် အဲ့ဒါကြီးကို ချိုးပစ်လိုက်မှာ"

"ငါ နင်တို့ကို ဆုံးမနေတာလေ... ငါတစ်ယောက်တည်း နင်တို့ကို ဒီအရွယ်ရောက်အောင် ပြုစုပျိုးထောင်ခဲ့ရတာ လွယ်တယ်ထင်လို့လား.."

မေမေက ပြောရင်းနဲ့ မျက်ရည်တွေဝဲလာသည်။ နောက်တော့ လက်ထဲက ကြိမ်လုံးကိုလည်း လွှင့်ပစ်ကာ ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချပြီးတော့ကို ငိုသည်။

အဲ့လိုကျတော့လည်း Sehun စိတ်မကောင်း။ ခုနကအထိ သူ့ရင်ခွင်ထဲမှာ ငြိမ်ကပ်နေသည့်ပက်ကျိကောင်လေးကလည်း အခုကျမှ မေမေငိုတာမြင်တော့ တလှုပ်လှုပ်တရွရွ ဖြစ်လာ၏။

"မေမေ.."

အချွဲတုံးလေးက လှုပ်လီလှုပ်လဲ့ဖြင့် သွားပြီး မေမေ့ဘေးကနေရာကျဥ်းကျဥ်းလေးမှာ အတင်းတိုးဝှေ့ထိုင်သည်။ Sehun လည်း အားကျမခံ ဟိုဘက်ကနေရာလွတ်မှာ ဝင်ထိုင်လိုက်သည်။ သားအမိသုံးယောက်သား နှစ်ယောက်ထိုင်ဆိုဖာခုံကျဥ်းကျဥ်းမှာ စုပြုံထိုင်နေမိကြသည်။

တကယ်တော့ မေမေ့မှာ သူတို့နှစ်ယောက်ပဲရှိတာ..။

"နင်တို့က အမွှေးအတောင်စုံတော့ ငါ့ကိုခြေစုံကန်ပြီး ပျံကြပေါ့"

"မစုံသေးဘူး မေမေ သား မုတ်ဆိတ်သေချာမပေါက်သေးဘူး"

Baekhyun က သူ့မေးစေ့ပြောင်ပြောင်လေးကို မေမေ့ဘက် အတင်းထိုးပြပြီး ပြောသည်။ Sehun ထရယ်မိသလို မေမေကလည်း မျက်ရည်တွေကြားကနေ ပြုံး၏။

"ကိုကို့မင်္ဂလာပွဲကျရင် မေမေက အလှဆုံးဖြစ်မှာ သိလား.. မေမေ့ဖို့အင်္ကျီကို သားကိုယ်တိုင်ရွေးပေးမယ်.. သားသူငယ်ချင်း Jongin ကိုသိတယ်မလား.. သူ့အစ်မက မိတ်ကပ်သင်တန်းတောင်ဖွင့်ထားတာ.. မေမေ့ကို အလှဆုံးဖြစ်အောင် ပြင်ပေးခိုင်းမှာ"

မေမေ ဘာမှပြန်မပြောပေမဲ့ ဒီလက်ထပ်ပွဲကို မကန့်ကွက်တော့မှန်း သူတို့ညီအစ်ကိုနှစ်ယောက်စလုံးသိသည်။ သူတို့ အလိုရှိတဲ့အရာကို မေမေက အမြဲလိုက်လျောခဲ့တာချည်း..။

"အဲ့ဒါကြောင့်ပြောတာ.. မိဘနဲ့ သားသမီးဆိုတာ ရေလိုပဲ.. စုန်ဆင်းတာပဲရှိတယ်.. နင်တို့ဘက်က ဆန်တက်လာတယ်ဆိုတာမျိုးမရှိဘူး"

"သားက ရေလမ်းကြောင်းကိုဆန့်ကျင်ပြီး ဆန်တက်မှာ မေမေ.. ရေကူးသင်ထားတာ အလကားမဟုတ်ဘူး"

စကားပြောတတ်တိုင်း လျှောက်ပြောနေသည့် Baekhyun ကိုတော့ မေမေလည်း ထိန်းမနိုင်သလို သူလည်းမနိုင်ဘူး။ ဘယ်သူနဲ့တူလို့ အဲ့လို စကားတတ်သလဲမသိပေမဲ့ သူရော မေမေရောနဲ့ မတူတာသေချာသည်။

တမလွန်က အဖေဖြစ်သူနဲ့ တူလို့လား။

ကြားထဲက မေမေ့ကိုကျော်ပြီး Baekhyun ခေါင်းကို သူ လှမ်းဖွပစ်လိုက်မိသည်။ ဒီကလေးကို ချစ်စရာကောင်းတဲ့ဗီဇလေးတွေ အမွေပေးခဲ့လို့ ဦးလေး Byun ကို ကျေးဇူးတင်ရင်းနဲ့ပေါ့..။

_________________________

ဆက်ရန်။

Zawgyi

"Sehun ကားျပန္လွည့္ေနာ္"

ခ်က္ခ်င္းပဲ ထငိုေတာ့မေယာင္ မ်က္ႏွာငယ္ေလးနဲ႕ေျပာေနသည့္ Han ကို Sehun မၾကည့္မိေအာင္ ထိန္းထားရသည္။ ၾကည့္လိုက္မိရင္ စိတ္ကေပ်ာ့သြားေတာ့မွာ.. Han ေျပာသလိုပဲ ကားျပန္လွည့္ေပးမိမွာ။

မရဘူး။

ဒီတစ္ခါေတာ့ အေလွ်ာ့မေပးေတာ့ဘူး။

"Sehunnnn"

သံရွည္ဆြဲေခၚေနသည့္ Han ေၾကာင့္ Sehun စိတ္တင္းထားသမွ်က အရည္ေပ်ာ္က်လာရသည္။ ဒုကၡပါပဲ။

"Sehun လို႔"

ဒီေကာင္ေလးနဲ႕ေတာ့ ခက္ေနပါၿပီ။ အေဝးေျပးလမ္းမေပၚေတာင္ မေရာက္ေသးခင္မွာ Sehun တစ္ထစ္ေလွ်ာ့ၿပီး ကားခဏရပ္လိုက္ရသည္။

"Han ကြာ.. ခိုးေျပးလာတာပါဆိုမွ ဘာလို႔ ျပန္ပို႔ရမွာလဲ"

Luhan ဘက္ကို လွည့္ၿပီး Sehun ဆူပူလိုက္ေတာ့ နဂိုထဲကမွ ေသးေသးေလးပဲရွိသည့္ မ်က္ႏွာေလးက ပိုၿပီးေတာင္ ငယ္က်သြားသည္။ အဲ့ဒါေတြ သူ မခံနိုင္မွန္းသိလို႔ Han သက္သက္ဉာဏ္မ်ားေနတာ သူသိသည္။

"Sehun ကလည္း.. ကြၽန္ေတာ္က တကယ္လက္ထပ္မွာပါဆိုေန"

"ဒါေပမဲ့ ေစာင့္ပါဦးဆို.. ကိုယ္က မေစာင့္နိုင္ေတာ့ဘူး"

"Sehun ကလည္း"

ေက်းဇူးျပဳၿပီး အဲ့အသံေလးနဲ႕ မေျပာပါနဲ႕လား။ အသည္းကို တတိတိလာကုတ္ေနသလိုပဲ။ Sehun နားပိတ္ထားလို႔လည္းမရ။

ေနာက္ဆုံးေတာ့ Baekhyun ေျပာသလိုပဲ လုပ္ရေတာ့မည္ထင္သည္။ သေကာင့္သားေလးက သူ Han ကို ခိုးေျပးမယ္လို႔ေျပာတုန္းကဆို ရယ္လိုက္တာ ခြက္ထိုးခြက္လန္ပင္။ ၿပီးေတာ့ ေျပာေသးသည္။

"ကိုကိုကေတာ့ လမ္းတဝက္မွာတင္ ျပန္လွည့္ရလိမ့္မယ္" တဲ့။

အဲ့တုန္းကေတာ့ သူေတာ္ေတာ္စိတ္ဆိုးခဲ့တာ။  ဒါေပမဲ့ တကယ္တမ္းက်ေတာ့လည္း Han အလိုမရွိတာကို ဇြတ္တိုးမလုပ္ခ်င္ပါ။ မတတ္နိုင္ဘူး။ ကိုယ္က အျမတ္တနိုး တန္ဖိုးထားခ်င္တာကိုး..။

"တစ္ပတ္အတြင္း ကိုယ့္ကိုလက္ထပ္မယ္ဆိုရင္ေတာ့ အိမ္ျပန္ပို႔ေပးမယ္.. ဒါေပမဲ့ ကိုယ္ပါ အေမတို႔နဲ႕ ဝင္ေတြ႕ၿပီး စကားေျပာဦးမွာ"

"တစ္ပတ္က မျမန္ဘူးလား.. ဟို.. ခန္းမအတြက္ ဘြတ္ကင္တို႔.. ဖိတ္စာတို႔.. အဝတ္အစားေတြဘာေတြ"

ျဖစ္နိုင္သမွ်ဆင္ေျခေတြ ေလွ်ာက္စဥ္းစားကာ လက္တစ္ေခ်ာင္းခ်င္းခ်ိဳးၿပီး ေရတြက္ေနတဲ့ေကာင္ေလးကိုၾကည့္ရင္း Sehun ႀကိတ္ၿပဳံးမိသည္။ အိမ္ေနရင္းအကၤ်ီ ေပတိေပစုတ္ေလးနဲ႕ သူ႕ေကာင္ေလးက ဘယ္လိုေနေန ခ်စ္ဖို႔ေကာင္းေနေတာ့တာပဲ။

"ေနာက္ၿပီး ဟို ပန္းအလွဆင္တာ ဘာညာလည္းရွိေသးတယ္ေလ.. ဒီလပိုင္းက မဂၤလာပြဲေတြ မ်ားတယ္တဲ့"

ၾကည့္ပါဦး။ ေျပာခ်င္တာေတြကို ေလွ်ာက္ေျပာေနတာ.. မဂၤလာပြဲေတြ မ်ားလား၊ နည္းလား သူလည္းသိတာမဟုတ္ပဲနဲ႕။

"ဘာပဲျဖစ္ျဖစ္ ကိုယ္နဲ႕ အျမန္ဆုံးလက္ထပ္မယ္လို႔ ကတိေပးမွ အိမ္ျပန္ပို႔ေပးမွာ.. မဟုတ္ရင္ေတာ့ ကိုယ္က တကယ္ခိုးေျပးၿပီ"

ေျပာေျပာဆိုဆိုနဲ႕ Sehun ကားစက္ျပန္ႏွိုးလိုက္ေတာ့ Luhan မွာ မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႕။ ေနာက္ေတာ့ စူပုတ္ပုတ္နဲ႕ Sehun လက္ေမာင္းကို ျဖန္းခနဲ တစ္ခ်က္လွမ္းရိုက္သည္။

"ထပ္မယ္လို႔"

"ဘာထပ္မွာလဲ"

"လက္ထပ္မွာ.. Sehun ကိုလက္ထပ္မွာ.. အျမန္ဆုံးကို လက္ထပ္မွာ.. ရၿပီလား"

စကားတစ္ခြန္းေျပာလိုက္ တစ္ခါရိုက္လိုက္နဲ႕ Sehun လက္ေမာင္းတစ္ေလွ်ာက္လည္း အီစိမ့္သြားရသည္။ ဒါေပမဲ့ ၾကားခ်င္ေနတဲ့အေျဖကို ၾကားလိုက္ရေတာ့ စိတ္ခ်မ္းသာသြားတာအမွန္။

"ကိုယ့္ကို တာဝန္ယူမွာ ေသခ်ာတယ္ေနာ္"

Sehun ႐ႊတ္ေနာက္ေနာက္နဲ႕ လွမ္းစလိုက္ေတာ့ Han က မ်က္ေစာင္းလွမ္းထိုးသည္။

"တာဝန္ယူရမွာ ခင္ဗ်ားႀကီးမဟုတ္ဘူးလား"

"ဟုတ္လား ကိုယ္က တာဝန္ယူစရာေတြလုပ္ထားတယ္ေပါ့"

"Oh Sehun!"

"အိုေခ အိုေခ.. အိမ္ျပန္ပို႔ေပးၿပီေနာ္"

မ်က္ႏွာေလးရဲၿပီး တကယ္ရွက္သြားတဲ့ Han ကို သူထပ္မစေတာ့ပဲ ကားျပန္ေကြ႕ရသည္။

"ဆယ္နာရီထိုးေနၿပီ.. Sehun ျမန္ျမန္ေမာင္း"

"ကားပိတ္ေနတာကို Han ကလည္း"

ဒါေတာင္ မေက်မနပ္နဲ႕ တစ္ခုခုျပန္ေျပာဖို႔ျပင္လိုက္ေသးေပမဲ့ တန္းစီေနတဲ့ကားေတြေၾကာင့္ Han ၿငိမ္က်သြားသည္။ တမင္သက္သက္ ညစ္ၿပီး လမ္းေၾကာပိတ္တဲ့ဘက္က ပတ္ေမာင္းေနတာကိုေတာ့ Sehun မေျပာမိပါ။

"Sehun ေရ.. ေက်ာ္တက္လိုက္လို႔ရေနတာကို"

"အႏၲရာယ္မ်ားတယ္ Han ရဲ႕"

တစ္ခါလည္းမဟုတ္၊ ႏွစ္ခါလည္းမဟုတ္။ ကားပိတ္ေနတာေတာ့ မွန္ေပမဲ့  Sehun ကိုယ္တိုင္ကိုက လိပ္ႏႈန္းနဲ႕ေမာင္းေနတာ။ ကိုယ္ကသာ ေက်ာ္မတက္တာ၊ ၾကားထဲကို ျဖတ္ဝင္တဲ့ကားေတြကိုက်ေတာ့လည္း အသာတၾကည္လမ္းေၾကာေပးလိုက္ေသး။

"၁၁ နာရီထိုးလို႔မွ အိမ္ျပန္မေရာက္ရင္ ေျပာထားသမွ် အကုန္ျပန္႐ုတ္သိမ္းမွာေနာ္ Sehun.. ညစ္က်ယ္က်ယ္လုပ္မေနနဲ႕"

ဒီတစ္ခါေတာ့ တကယ္ရာဇသံျဖစ္သည္။ Luhan ေတာ္ေတာ္စိတ္ဆိုးေနၿပီ။ မႈန္ကုပ္ေနတဲ့မ်က္ႏွာေလးက မီးေရာင္မွိန္မွိန္ေအာက္မွာေတာင္ ခ်စ္ဖို႔ေကာင္းေနသည္။

ဪ.. ဒါေလးကို လက္ထပ္ရဖို႔အေရး သူ႕မွာ လူၾကမ္းျဖစ္လိုက္ မင္းသားျဖစ္လိုက္နဲ႕ အမ်ိဳးစုံပါပဲ။

_________________________

အမွန္ဆို နားၾကားကိရိယာဆိုတာကို သူ မတပ္ခ်င္ဘူး။ ဆရာဝန္က သူနဲ႕အဆင္ေျပမဲ့အမ်ိဳးအစားကို ေ႐ြးေပးလိုက္ေပမဲ့ Chanyeol ကိုယ္တိုင္ကိုက အဲ့လိုမ်ိဳးတပ္ၿပီးမွ လူေကာင္းပကတိလို ခံစားရမွာမ်ိဳးကို မျဖစ္ခ်င္တာ။

ဒါေပမဲ့ မတပ္ခ်င္လြန္းတဲ့ အဲ့နားၾကားကိရိယာကိုတပ္ၿပီး Luhan ကို ဖုန္းဆက္ေနရသည္။ ဘယ္တုန္းကတည္းက အိမ္ကထြက္သြားမွန္းမသိသည့္ေကာင္ေလးက ည ၁၂ နာရီထိုးခါနီးအထိ အိမ္ကိုျပန္ေရာက္မလာဘူးမို႔။

အဲ့ဒါကလည္း သူ Luhan အခန္းကို သြားၾကည့္မိလို႔သာ သိတာ။ အေမတို႔ေတာင္ Luhan အိမ္မွာမရွိတာ သိပုံမရ။

"သိပ္စိတ္မပူပါနဲ႕ သားရယ္"

"အေမကလည္း ေခတ္ႀကီးကေကာင္းတာမဟုတ္ဘူး"

"Chanyeol ရယ္ ထိုင္စမ္းပါဦး.. အခု ဘယ္လိုေနလဲ ေသခ်ာၾကားရလား"

အေမ့ကို Chanyeol မ်က္ေစာင္းေတာင္ထိုးမိေတာ့မလိုပဲ။ Luhan တစ္ေယာက္လုံး ေပ်ာက္ေနတာကို အေမတို႔က စိတ္မပူပဲ သူ႕နားၾကားကိရိယာအေၾကာင္း ေမးေနသည္။

"ဟမ္ ဘယ္လိုေနလဲလို႔"

"ထင္ထားတာထက္ ပိုအဆင္ေျပတယ္.."

"အသံေတြေရာ ေသခ်ာၾကားရလား"

"ၾကားရပါတယ္ဆိုမွ အေမကလည္း.."

"ျပန္လာပါၿပီ"

ကိရိယာကေနတစ္ဆင့္ နားထဲတိုးဝင္လာတဲ့အသံေသးေသးေလးေၾကာင့္ Chanyeol ကမန္းကတန္း အိမ္ေရွ႕ကိုထြက္ၾကည့္မိသည္။

"Luhan! ဘယ္ေတြ..."

Luhan အိမ္ျပန္ေရာက္ပါၿပီ။ ဒါေပမဲ့ မဖိတ္ေခၚထားတဲ့ဧည့္သည္တစ္ေယာက္ကလည္း ပါေသး၏။ အခ်ိဳးမေျပတဲ့ဧည့္သည္က Chanyeol ကို ေပေစာင္းေစာင္းနဲ႕ၾကည့္ေနေသးသည္။ ဒီတစ္ခဏမွာေတာ့ Chanyeol က သူ႕ကိုယ္သူအျပစ္တင္တာေတြကို မေတြးမိပဲ Luhan ကိုသာ ဆြဲေဆာင့္ဖြက္ထားပစ္ခ်င္ေတာ့တာ။

"ဧည့္သည္ကို အထဲဝင္ခိုင္းလိုက္ေလ သားႀကီး.. အိမ္ေပါက္ဝမွာ ပိတ္ရပ္မေနနဲ႕"

Chanyeol စိတ္တိုတိုနဲ႕ အေဖ့ကို လွည့္ၾကည့္မိသည္။ ဒီဧည့္သည္က အိမ္ထဲကို တစ္ခါေပးဝင္လိုက္ရင္ ျပန္မထြက္ေတာ့မဲ့ဧည့္သည္ဆိုတာကို သိသားနဲ႕ အေမတို႔က အရမ္းကိုေစတနာသဒၶါတရားေတြ ထက္သန္ေနတာမ်ား။

"ကိုႀကီး ဟိုဟာတပ္ထားတာလား.. အဆင္ေျပလား.. ေသခ်ာၾကားရလား.. အဆင္မေျပရင္ ဆရာ့ကို ကြၽန္ေတာ္ျပန္ေျပာၿပီး အသစ္တစ္ခုေ႐ြးခိုင္းလိုက္မယ္ေလ"

"ရတယ္ အဆင္ေျပတယ္.. လာ အထဲကို"

Luhan လက္ေကာက္ဝတ္ကို ဖ်တ္ခနဲဆြဲ၍ အိမ္ထဲေခၚသြားတဲ့ Chanyeol ေၾကာင့္ Sehun ေအာင့္သက္သက္ေတာ့ျဖစ္သြားတာအမွန္။ လူႀကီးေတြေရွ႕မွာ ရန္စကားမေျပာခ်င္လို႔သာ သည္းခံလိုက္ျခင္းပင္။

"အထဲဝင္ေလ သား.. Chanyeol ကို စိတ္ထဲမထားေနနဲ႕"

အေမ့စကားေၾကာင့္ Chanyeol မ်က္ေမွာင္ကုတ္သြားရသည္။

"ငါ့ကို စိတ္ထဲထားေနရင္ ဒီအထိေတာင္ေရာက္လာမွာမဟုတ္တဲ့ေကာင္ကိုမ်ား"

တစ္ေယာက္တည္း ခပ္တိုးတိုးေရ႐ြတ္လိုက္တာေပမဲ့ ဆိုဖာတစ္ခုံတည္းမွာ ေဘးခ်င္းကပ္လ်က္ထိုင္ေနသည့္ Luhan က ၾကားသည္။

"ကိုႀကီးကလည္း.."

"မင္းၿငိမ္ၿငိမ္ေနစမ္း.. ညႀကီးမိုးခ်ဳပ္ မေျပာမဆိုနဲ႕ဘယ္ေတြသြားေနမွန္းကိုမသိဘူး"

"ေမေမတို႔ သိတာပဲကို"

Chanyeol မွာ ပါးစပ္အေဟာင္းသား။ ဒါဆို သူတစ္ေယာက္ပဲ မသိတာလား။ သူ မသိပဲ ေသမတတ္ စိတ္ပူေနတာကို အေမတို႔က မသိခ်င္ေယာင္ေဆာင္ၿပီးထိုင္ၾကည့္ေနတာလား။ အဲ့ဒါေၾကာင့္ အိမ္ျပန္မေရာက္ေသးတဲ့သားထက္ နားၾကားကိရိယာက ပိုစိတ္ဝင္စားဖို႔ေကာင္းေနတာကိုး..

႐ုတ္တရက္ႀကီး ဘာလို႔တစ္အိမ္သားလုံးက Oh Sehun ဘက္ေရာက္သြားတာလဲ.. Chanyeol လုပ္ခဲ့တဲ့အမွားေတြရွိတာမွန္ေပမဲ့ Luhan ကို သူစိမ္းလက္ထဲ အဲ့လိုလြယ္လြယ္ပဲေပးရက္ၾကတာလား။

"ကြၽန္ေတာ္ ႐ုတ္တရက္ႀကီး မိုးခ်ဳပ္မွေရာက္လာရတာ မရိုမေသျဖစ္သြားရင္ ေတာင္းပန္ပါတယ္ဗ်ာ"

မ်က္ႏွာခ်င္းဆိုင္က ဆိုဖာမွာ စထိုင္ထိုင္ခ်င္း ယဥ္ေက်းျပေနတဲ့ Sehun ကို Chanyeol ဆြဲထိုးခ်င္လာသည္။ ႏႈတ္က ခ်ိဳသာျပေနေပမဲ့ မ်က္လုံးကေတာ့ Luhan ဆီမွာပဲ ေဝ့ေနၿပီးေတာ့မ်ား..။ Luhan ကို Chanyeol ေဘးမွာဆြဲေခၚထိုင္ခိုင္းထားလို႔သာ ေတာ္ေတာ့သည္။

Oh Sehun နဲ႕ ေဘးခ်င္းယွဥ္လ်က္မ်ား ထိုင္ခိုင္းလိုက္ရင္ျဖင့္ သူ မ်က္စိေနာက္လို႔ဆုံးမွာမဟုတ္ေတာ့ဘူး။

"တျခားကိစၥေတာ့မဟုတ္ဘူး.. အန္တီတို႔နဲ႕ မဂၤလာကိစၥ ေဆြးေႏြးခ်င္လို႔ပါ"

Chanyeol မ်က္လုံးေတြ ဝိုင္းခနဲ။ ဘာေတြလဲ?

နားၾကားကိရိယာက ပ်က္သြားတာလား။ ဘယ္လို ေပါက္တတ္ကရ အ​ေျခအျမစ္မရွိတဲ့စကားေတြ ၾကားေနရတာလဲ။ တအံ့တၾသနဲ႕ Luhan ကို လွမ္းၾကည့္မိေတာ့လည္း သြားအၿဖီးသားနဲ႕ သူ႕ကို မ်က္ႏွာခ်ိဳေသြးျပေနသည့္ Luhan ကိုေတြ႕ရသည္။

ဘာလဲ.. ဒီအေျခအေနက ဘာလဲ။

"လူႀကီးခ်င္းေျပာရမဲ့ကိစၥဆိုေပမဲ့ ကြၽန္ေတာ္ ေနာက္ရက္အထိမေစာင့္နိုင္ေတာ့လို႔ Han ဆီက ခြင့္ျပဳခ်က္ရရခ်င္း လာေျပာရတာပါ"

ဘာ!

Luhan ရဲ႕ခြင့္ျပဳခ်က္နဲ႕ မဂၤလာကိစၥေဆြးေႏြးမယ္လို႔ေျပာတာလား။ တစ္ေယာက္တည္း ေဆာက္တည္ရာမရျဖစ္ေနတဲ့ Chanyeol ရဲ႕လက္ကို Luhan က ခပ္ဖြဖြဆုပ္ကိုင္လာသည္။

ငယ္ငယ္က မ်က္လုံးလွလွေလးေတြကို လူေတြခ်ီးက်ဳးၾကတိုင္း သူ႕မ်က္လုံးေတြလွရတဲ့အေၾကာင္းရင္းက ေကာင္းကင္ေပၚကၾကယ္ေတြကို ကိုႀကီးက ခူးၿပီး သူ႕မ်က္လုံးထဲထည့္ေပးထားတာမို႔လို႔ ဟု ျပန္ေျဖတတ္သည့္ကေလးေလးက အခုေတာ့ ထိုမ်က္ဝန္းလွလွေတြနဲ႕ သူ႕ကိုေတာင္းပန္တိုးလွ်ိုးေနသည္။

ထိုမ်က္ဝန္းလွလွေတြနဲ႕ သူစိမ္းတစ္ေယာက္ကိုေငးၾကည့္ေနသည္။ တကယ့္ကို အေတာက္ပဆုံး..

႐ုတ္တရက္ႀကီး သူ ရင္ထဲမွာ ဟာခနဲ။

သူ အခု Luhan ကိုခ်ဳပ္ခ်ယ္ခ်င္ေနရေအာင္ သူက အစ္ကိုေကာင္းတစ္ေယာက္ေရာ ျဖစ္ခဲ့လို႔လား..။

"အရင္ဆုံး တကယ့္ႏွစ္ဖက္မိဘေတြ႕ဆုံပြဲကို အရင္လုပ္ၾကတာေပါ့"

အေမ့စကားဆုံးေတာ့ သူ႕လက္ကို ကိုင္ထားတဲ့ Luhan လက္ေလးကို သူဆြဲယူၾကည့္မိသည္။ ေနာက္ေတာ့ Sehun လက္ေခ်ာင္းေတြဆီကို တစ္လွည့္ အၾကည့္ေရာက္၏။

သူကေတာ့ အစ္ကိုမို႔လို႔ လက္ဖဝါးႏုႏုေပၚက ပြန္းပဲ့ဒဏ္ရာေလးကအစ စိုးရိမ္မိေပမဲ့ Luhan ကေတာ့ Oh Sehun နဲ႕ဆင္တူလက္စြပ္ေလး ေပ်ာက္သြားမွာကို ပိုစိုးရိမ္မလား။

Oh Sehun နဲ႕ဆိုရင္ ဒီအၿပဳံးေတြ ပိုေတာက္ပမွာမလား။

Oh Sehun နဲ႕ဆိုရင္ ဒီမ်က္ဝန္းေတြ ပိုလင္းလက္မွာမလား။

Oh Sehun နဲ႕ဆိုရင္ Luhan ရဲ႕မ်က္ရည္ေတြကို ထပ္မျမင္ရေလာက္ေတာ့ဘူးမလား။

Oh Sehun နဲ႕ဆိုရင္ေလ?

"Chanyeol?"

"ငိုတာမဟုတ္ဘူး ဖုန္ဝင္သြားတာ"

အေမ့အသံၾကားတာနဲ႕ ပါးေပၚက မ်က္ရည္စကို တစ္ခါတည္းပြတ္သုတ္ပစ္ရင္း ဆင္ေျခတစ္ခုကိုပါ လိုလိုမည္မည္ ေပးပစ္လိုက္သည္။ ယုံတာ မယုံတာ သူတို႔အပိုင္း။

"သန႔္စင္ခန္းခဏသြားဦးမယ္"

မဂၤလာကိစၥေဆြးေႏြးေနသည့္ၾကားကေန အဲ့အေၾကာင္းျပခ်က္နဲ႕ ထထြက္လာရတာ လူၾကားမေကာင္းေပမဲ့ သူ အဲ့ေနရာမွာ ဆက္ထိုင္မေနခ်င္ေတာ့ဘူး။ တစ္ခုခ်င္းျပန္ေပၚလာတဲ့ မွတ္ဉာဏ္ေတြထဲမွာ သူနဲ႕ Luhan ခ်ည္းပဲ။

ေက်ာင္းေရွ႕က အ႐ုပ္ဆိုင္မွာ Luhan ပူဆာလို႔ ဝယ္ေပးခဲ့တဲ့စက္႐ုပ္ကေလး။ အေဖ့ကုမၸဏီနားက မုန႔္ဆိုင္မွာ Luhan အၿမဲမွာစားတတ္သည့္ကိတ္မုန႔္ေလး။ သူတို႔ညီအစ္ကိုႏွစ္ေယာက္ ငယ္ငယ္က မၾကာခဏ ေဘာလုံးကန္ခဲ့ဖူးသည့္ ကြင္းႀကီးကိုေတာင္ မေရာက္ျဖစ္တာၾကာၿပီ။

အခ်ိန္ေတြက ရပ္တန႔္မေနဘူး။

Luhan က ရင္ခြင္ပိုက္ကေလးငယ္မွ မဟုတ္ေတာ့ပဲေလ။

သူ႕လက္ကိုဆြဲၿပီး ေက်ာင္းခန္းထဲဝင္ခဲ့တဲ့ကေလးက သိပ္မၾကာမီကာလမွာေတာ့ အေဖ့လက္ကိုဆြဲၿပီး မဂၤလာခန္းမထဲဝင္ေတာ့မည္။ သူသတ္ပစ္ခ်င္ေလာက္ေအာင္ မုန္းခဲ့တဲ့ေကာင္ကေတာ့ ထိုကေလးရဲ႕သက္ဆိုင္သူျဖစ္သြားေတာ့မည္။

သူကေရာ?

အင္း.. သူကေတာ့ ဒီအတိုင္း ပရိသတ္ထဲက လူတစ္ေယာက္ပဲ။ မိသားစုလို႔ နာမည္တပ္ထားတဲ့ စားပြဲခုံဝိုင္းကေန လက္ခုပ္တီးေပးရမဲ့သူတစ္ေယာက္ေပါ့..

အဲ့အခ်ိန္က်ရင္ မ်က္ရည္ေတြဝဲေနမလားမသိေပမဲ့ အက်ယ္ဆုံးျဖစ္ေအာင္ လက္ခုပ္တီးေပးဖို႔ေတာ့ သူဆုံးျဖတ္ထားသည္။ ဒါမွ Luhan ေပ်ာ္မွာ။

"သန႔္စင္ခန္းက ဒီေနရာကိုး.. အင္းေပါ့.. ေလေကာင္းေလသန႔္ရတာေပါ့"

ျပတင္းေပါက္နားမွာ ရပ္ေနရင္းမွ နားၾကားျပင္းကတ္စရာေကာင္းသည့္အသံတစ္ခုက Chanyeol နားထဲ တိုးဝင္လာသည္။ လွည့္ၾကည့္လိုက္ေတာ့ မဲ့ၿပဳံးတစ္ခုနဲ႕ ထိုေကာင္က နံရံကိုမွီလ်က္ လက္ပိုက္ထား၏။ ဘယ္တုန္းကတည္းက ေရာက္ေနသလဲေတာ့ သူမသိပါ။

"ငါ-"

Sehun စကားဆက္မေျပာခင္ Chanyeol နားၾကားကိရိယာကို ဆြဲျဖဳတ္လိုက္သည္။ ဘာမွၾကားမေနရတာလည္း ခပ္ေကာင္းေကာင္း။ အနည္းဆုံးေတာ့ နားၾကားကိရိယာျဖဳတ္လိုက္ရင္ ဒီေကာင့္ရဲ႕ က်က္သေရမရွိတဲ့အသံကို ၾကားမေနရေတာ့ဘူး။

"မင္းအသံကို ၾကားေနရတာ မဂၤလာမရွိလို႔ ငါေျပာတာပဲ မင္းနားေထာင္"

Sehun က သူလုပ္လိုက္တဲ့အျပဳအမူကို မေက်မနပ္ျဖစ္သြားတဲ့ပုံေပၚေပမဲ့ မ်က္ခုံးတန္းတန္းႏွစ္ဖက္ စုကုတ္ၿပီး မႈန္ေတေနတာကလြဲရင္ ဘာမွျပန္မတုန႔္ျပန္တာမို႔ Chanyeol ဆက္ေျပာလိုက္သည္။

"Luhan... မ်က္ရည္က်တဲ့ေန႕ မင္းေသေန႕ပဲ.. ငါ့လက္ခ်က္နဲ႕ မေသခ်င္ရင္... Luhan ကို ေသခ်ာေစာင့္ေရွာက္"

Sehun မ်က္ႏွာေပၚက မ်က္ခုံးတန္းတန္းေတြ ေျပက်သြားသည္။ ေနာက္ဆက္ျဖစ္မဲ့ မ်က္ႏွာအမူအရာကို Chanyeol မျမင္ခ်င္ေတာ့တာနဲ႕ လွည့္ထြက္လာခဲ့မိ၏။

Luhan ကိုခ်စ္လို႔ အေလွ်ာ့ေပးလိုက္တာေပမဲ့ ဒီေကာင္နဲ႕ေတာ့ ၿငိမ္းခ်မ္းေရးယူဖို႔ စိတ္ကူးလုံးဝမရွိ။

_________________________

*ျဖန္း

အသံက်ယ္သေလာက္ ခံရတဲ့သူမွာ နာလည္းနာသည္။ Baekhyun ငိုမဲ့မဲ့နဲ႕ ေဘာင္းဘီကို က်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။ အိပ္ရာနိုးနိုးခ်င္း မုန႔္မစားရပဲ အရိုက္ခံေနရတာ အဆင္မေျပေနဘူး။

"ငါ့ကို အေမလို႔ေရာ သတ္မွတ္ေသးလား.. စိတ္ထင္ရာလုပ္ေနမယ္ဆို သြား အိမ္ေပၚကဆင္း.. နင့္အစ္ကိုေရာ နင္ေရာ အဲ့မိသားစုနဲ႕သြားေန"

ေမေမက ႀကိမ္လုံးႀကီးကို ေနာက္တစ္ခ်က္လႊဲလာ၏။

*ျဖန္း

Baekhyun ရဲ႕ ေျခသလုံးတုတ္တုတ္ေလးေတြေပၚက်ေရာက္လာသည့္ နာက်င္မႈက ၿပိဳင္စံရွား။ ေမေမ ဒီႀကိမ္လုံးကို ဘယ္ကဝယ္လာသလဲ။ ေနာက္ၿပီးမွ အဲ့ႀကိမ္လုံးကို ခ်ိဳးပစ္ဦးမည္။ အခုေတာ့ ဒင္း ေနႏွင့္ဦး။

"ေဘာင္းဘီကို ေသခ်ာဆြဲတင္ထား! အဲ့ေဘာင္းဘီစက်လာရင္ ႏွစ္ဆပဲ"

"ေမေမ နာတယ္လို႔"

"အဲ့ပါးစပ္ကိုပိတ္ထား.. ကိုယ့္ဘာသာ ဦးေႏွာက္ေသးေသးေလးနဲ႕ လုပ္ခ်င္ရာေတြလုပ္တုန္းက ဒီအသံမဟုတ္ဘူး"

ေမေမက တကယ္စိတ္ဆိုးေနသည္။ အစ္ကို Luhan နဲ႕ ကိုကိုတို႔ကို သေဘာမတူနိုင္ဘူးတဲ့။ အဲ့ဒါကလည္း အစ္ကို Luhan ကို သေဘာမက်လိဳ႕မဟုတ္ပဲ ဦးေလးႀကီးေၾကာင့္..။ ဦးေလးႀကီးရဲ႕ညီျဖစ္ေနလို႔..။

"မေန႕ကတည္းက ႏွစ္ေယာက္စလုံးကို မွတ္ေလာက္ေအာင္ ရိုက္ပစ္လိုက္ရမွာ.. တစ္ေယာက္က အိမ္ျပန္မေရာက္တာနဲ႕ တစ္ေယာက္ကအိပ္ေပ်ာ္ေနတာနဲ႕.. ငါ ႏွိုးၿပီးမရိုက္ခ်င္လို႔ နင္အိပ္ေရးဝဝအိပ္ရတယ္မွတ္"

ေမေမ ေနာက္တစ္ႀကိမ္လႊဲဖို႔ျပင္ေနတဲ့ ႀကိမ္လုံးႀကီးကို ထက္ဝက္က်ိဳးသြားပါေစလို႔ Baekhyun ဆုေတာင္းေနမိသည္။ ႀကိမ္လုံးႀကီးေတာ့ ထက္ပိုင္းမက်ိဳးသြားေပမဲ့လည္း၊

"ဟာ ေမေမ.. ကေလးကို ဘာလို႔ရိုက္ေနတာလဲ"

အားကစားလုပ္ၿပီးျပန္လာသည့္ကိုကိုက သူ ႀကိမ္လုံးစာထပ္မမိခင္ အခ်ိန္မီ ဘြားခနဲေပၚလာတာကိုပဲ Baekhyun ေက်းဇူးတင္မိသည္။

"ကိုကိုး"

သနားစဖြယ္ေအာ္ရင္း Sehun ရင္ခြင္ထဲ လုံးခနဲဝင္ပုန္းသည့္ Baekhyun ကေတာ့ ႀကိမ္လုံးစာလြတ္သြားေပမဲ့ ညီျဖစ္သူရဲ႕မ်က္ႏွာကို စိုးရိမ္တႀကီးငုံ႕ၾကည့္လာသည့္ Sehun ကေတာ့ ေမေမ့လက္စာမိသည္။

"အ! ေမေမ ဘာလို႔ ကြၽန္ေတာ့္ကိုပါရိုက္တာလဲ"

"နင္တို႔ႏွစ္ေယာက္စလုံး မေန႕က ကိုယ္လုပ္ခ်င္ရာေတြလုပ္တယ္.. ငါ့ကို ဘာထင္ေနၾကလဲ.. Oh Sehun နင့္ အုပ္ထိန္းသူက ငါ.. နင့္ညီ မဟုတ္ဘူး"

"ေမေမရာ.. အဲ့ကိစၥက ဒါႀကီးနဲ႕ရိုက္ရမဲ့ကိစၥလား"

နာသြားတဲ့လက္ေမာင္းကိုပြတ္ရင္း Sehun က ညည္းၫူသည္။ ဒီအ႐ြယ္ႀကီးက်မွ အရိုက္ခံေနရတာ သူမ်ားၾကားရင္ ရွက္စရာႀကီး။

"အဲ့ကိစၥက ရိုက္ရမဲ့ကိစၥမဟုတ္ရင္ ဘာကရိုက္ရမဲ့ကိစၥလဲ.. နင့္အေမအရင္းႀကီး ငါက ဒီမွာ အလတ္ႀကီးရွိေသးတာကို ဘယ္သူ႕သေဘာနဲ႕ မဂၤလာကိစၥသြားေျပာရတာလဲ.. ဟမ္"

တစ္ခြန္းေျပာလိုက္ တစ္ခါရိုက္လိုက္နဲ႕ ေမေမဟာ..။ Sehun လက္ေမာင္းေတြေတာင္ စပ္လာရသည္။

"ေမေမ ပါးစပ္ကေျပာေနာ္! လက္ပါရင္ အဲ့ဒါႀကီးကို ခ်ိဳးပစ္လိုက္မွာ"

"ငါ နင္တို႔ကို ဆုံးမေနတာေလ... ငါတစ္ေယာက္တည္း နင္တို႔ကို ဒီအ႐ြယ္ေရာက္ေအာင္ ျပဳစုပ်ိဳးေထာင္ခဲ့ရတာ လြယ္တယ္ထင္လို႔လား.."

ေမေမက ေျပာရင္းနဲ႕ မ်က္ရည္ေတြဝဲလာသည္။ ေနာက္ေတာ့ လက္ထဲက ႀကိမ္လုံးကိုလည္း လႊင့္ပစ္ကာ ဆိုဖာေပၚ ေျခပစ္လက္ပစ္ထိုင္ခ်ၿပီးေတာ့ကို ငိုသည္။

အဲ့လိုက်ေတာ့လည္း Sehun စိတ္မေကာင္း။ ခုနကအထိ သူ႕ရင္ခြင္ထဲမွာ ၿငိမ္ကပ္ေနသည့္ပက္က်ိေကာင္ေလးကလည္း အခုက်မွ ေမေမငိုတာျမင္ေတာ့ တလႈပ္လႈပ္တ႐ြ႐ြ ျဖစ္လာ၏။

"ေမေမ.."

အခြၽဲတုံးေလးက လႈပ္လီလႈပ္လဲ့ျဖင့္ သြားၿပီး ေမေမ့ေဘးကေနရာက်ဥ္းက်ဥ္းေလးမွာ အတင္းတိုးေဝွ႕ထိုင္သည္။ Sehun လည္း အားက်မခံ ဟိုဘက္ကေနရာလြတ္မွာ ဝင္ထိုင္လိုက္သည္။ သားအမိသုံးေယာက္သား ႏွစ္ေယာက္ထိုင္ဆိုဖာခုံက်ဥ္းက်ဥ္းမွာ စုၿပဳံထိုင္ေနမိၾကသည္။

တကယ္ေတာ့ ေမေမ့မွာ သူတို႔ႏွစ္ေယာက္ပဲရွိတာ..။

"နင္တို႔က အေမႊးအေတာင္စုံေတာ့ ငါ့ကိုေျခစုံကန္ၿပီး ပ်ံၾကေပါ့"

"မစုံေသးဘူး ေမေမ သား မုတ္ဆိတ္ေသခ်ာမေပါက္ေသးဘူး"

Baekhyun က သူ႕ေမးေစ့ေျပာင္ေျပာင္ေလးကို ေမေမ့ဘက္ အတင္းထိုးျပၿပီး ေျပာသည္။ Sehun ထရယ္မိသလို ေမေမကလည္း မ်က္ရည္ေတြၾကားကေန ၿပဳံး၏။

"ကိုကို႔မဂၤလာပြဲက်ရင္ ေမေမက အလွဆုံးျဖစ္မွာ သိလား.. ေမေမ့ဖို႔အကၤ်ီကို သားကိုယ္တိုင္ေ႐ြးေပးမယ္.. သားသူငယ္ခ်င္း Jongin ကိုသိတယ္မလား.. သူ႕အစ္မက မိတ္ကပ္သင္တန္းေတာင္ဖြင့္ထားတာ.. ေမေမ့ကို အလွဆုံးျဖစ္ေအာင္ ျပင္ေပးခိုင္းမွာ"

ေမေမ ဘာမွျပန္မေျပာေပမဲ့ ဒီလက္ထပ္ပြဲကို မကန႔္ကြက္ေတာ့မွန္း သူတို႔ညီအစ္ကိုႏွစ္ေယာက္စလုံးသိသည္။ သူတို႔ အလိုရွိတဲ့အရာကို ေမေမက အၿမဲလိုက္ေလ်ာခဲ့တာခ်ည္း..။

"အဲ့ဒါေၾကာင့္ေျပာတာ.. မိဘနဲ႕ သားသမီးဆိုတာ ေရလိုပဲ.. စုန္ဆင္းတာပဲရွိတယ္.. နင္တို႔ဘက္က ဆန္တက္လာတယ္ဆိုတာမ်ိဳးမရွိဘူး"

"သားက ေရလမ္းေၾကာင္းကိုဆန႔္က်င္ၿပီး ဆန္တက္မွာ ေမေမ.. ေရကူးသင္ထားတာ အလကားမဟုတ္ဘူး"

စကားေျပာတတ္တိုင္း ေလွ်ာက္ေျပာေနသည့္ Baekhyun ကိုေတာ့ ေမေမလည္း ထိန္းမနိုင္သလို သူလည္းမနိုင္ဘူး။ ဘယ္သူနဲ႕တူလို႔ အဲ့လို စကားတတ္သလဲမသိေပမဲ့ သူေရာ ေမေမေရာနဲ႕ မတူတာေသခ်ာသည္။

တမလြန္က အေဖျဖစ္သူနဲ႕ တူလို႔လား။

ၾကားထဲက ေမေမ့ကိုေက်ာ္ၿပီး Baekhyun ေခါင္းကို သူ လွမ္းဖြပစ္လိုက္မိသည္။ ဒီကေလးကို ခ်စ္စရာေကာင္းတဲ့ဗီဇေလးေတြ အေမြေပးခဲ့လို႔ ဦးေလး Byun ကို ေက်းဇူးတင္ရင္းနဲ႕ေပါ့..။

_________________________

ဆက္ရန္။

Đọc tiếp

Bạn Cũng Sẽ Thích

586K 89.2K 69
He is meaning of my story (Dictionary)
2.5K 260 10
Unicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက...
566K 49.3K 29
Taekook Fanfiction Jeon Kim Own creation
278K 48.5K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)