AFFECTION (Hiatus)
By ParkeunA_61
56.8K 5K 251
The love between two guys ^-^ More
1
2
3
5
6
7
8
9
💚
4
5.5K 660 41
By ParkeunA_61
Zawgyi
ထိုအထဲမှာမှ တစ်ယောက်ကတော့ သူ့အပြစ်နဲ့သူမို့ ငြိမ်ကုတ်နေသည်မှာ သူမဟုတ်သည့်အလားပင်...
"ရိပေါ် မင်းလုပ်တာ"
သူက ရိပေါ်ရဲ့ငယ်သူငယ်ချင်းမို့ ရိပေါ်အကြောင်းအသိဆုံးပင်.. ဒီကောင် ရှောင်းကျန့်ကော နှင်ချရင်တောင် ဆင်းမဲ့သူစားမျိုးမဟုတ်ဆိုတာ သူသိသည်..
တအားခက်ခဲနေလား?"
<<<<<<<<<>>>>>>>
"ညီတို့ လူငယ်တွေ"လို့သုံးသွားတဲ့ ရှောင်းကျန့်ကို ရိပေါ် တချက်မော့ကြည့်ကြ်ီး ရယ်မလိုဖြစ်မိသွားသည်..
~~~~~~~~~~~~~~~~~~
"ရိပေါ်ပြန်လာပီလား"
"အာ မဟုတ်!! "
ည၉နာရီဒေါင်ခနဲဆိုတာနဲ့ ရိပေါ်က အိမ်ကိုပြန်ရောက်လာတတ်ပီ.. အရင်ကဆို ဘယ်သဝေထိုးတတ်မှန်းမသိတဲ့ ရိပေါ်က ခုဆို အချိန်မှန်အိမ်ကိုပြန်ရောက်လို့.. ဘားရောက် ကလပ်ရောက်နေရင်တောင် ၉နာရီမထိုးခင် ပြန်ထွက်လာတတ်ပီ.. ဒါက အစ်ကို့ကို သူစိတ်မညစ်စေချင်လို့ဖြစ်သည်။
~TBC~
ありがとう
_____________________
Unicode
တိတ်ဆိတ်နေတဲ့ ဧည့်ခန်းကြီးထဲမှာ ကောင်လေး ၃ယောက် ထိုင်နေလေသည်..
ထိုအထဲမှာမှ တစ်ယောက်ကတော့ သူ့အပြစ်နဲ့သူမို့ ငြိ်မ်ကုတ်နေသည်မှာ သူမဟုတ်သည့်အလားပင်...
ရှောင်းကျန့်ကတော့ မျက်နှာကြီးနီရဲနေကာ ဒေါသကို အတော်ထိန်းထားရပုံမို့ ယွိပင်း တဖြည်းဖြည်းလန့်လန့်လာရသည်...
"ရိပေါ် မင်းလုပ်တာ"
"ဟေ့ကောင် မင်းလဲပါတာပဲ"
ထိုင်ခုံပေါ်မှာ ထိုင်ကာ ရိပေါ်ကို လက်မောင်းနဲ့တွန်းထိုးရင်း ငြင်းခုံနေကြတော့ ရှောင်းကျန့်မျက်စောင်းတွေက သူတို့နှစ်ယောက်ဆီိကြည့်ကာ နောက်ဖေးခဏ ထသွားသည်..
"ဟေ့ကောင် ရှောင်းကျန့်ကော မင်းကို ဘာလုပ်မလဲမသိဘူး"
"အစ်ကို ဘာမှမလုပ်လောက်ပါဘူး မသကာ အိမ်ပေါ်ကနှင်ချရုံပဲပေါ့"
ရိပေါ်က မဲ့ရွဲ့ပီးပြောပေမဲ့ ယွီပင်းကတော့ ခပ်ဟဟ ရယ်လေသည်..
သူက ရိပေါ်ရဲ့ငယ်သူငယ်ချင်းမို့ ရိပေါ်အကြောင်းအသိဆုံးပင်.. ဒီကောင် ရှောင်းကျန့်ကော နှင်ချရင်တောင် ဆင်းမဲ့သူစားမျိူးမဟုတ်ဆိုတာ သူသိသည်..
ငယ်ငယ်တည်းက မျက်နှာကြောတင်းတင်းနဲ့နေလာတဲ့ ရိပေါ်က ခင်တဲ့သူ ချစ်တဲ့သူနဲ့တွေ့ရင် ဖားပျံလေးလို အတင်းလိုက်ကပ်တတ်သည်.. ယွီပင်းကိုဆို အမြဲ အပူကပ်တတ်တဲ့သူမျိုး.. လူမမြင်ကွယ်ရာမှာဆို ကလေးလေးလို ဖြစ်သွားတတ်ပေမဲ့ လူအများရှေ့ဆို မျက်နှာက တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ရုပ်ပင်..
ရိပေါ်ကို ချစ်ကြောင်းကြိုက်ကြောင်းလာပြောတဲ့ မိန်းမ ယောကျာ်းအကုန်ကို ဘုကလန့် ဘောက်ဆတ်ဆတ်ပြန်ပြောလို့ ချောင်းအရိုက်မခံရရုံတမယ်ပါပဲ..
ရှောင်းကျန့်ကောနဲ့ကျမှ အချိုးနည်းနည်းပြောင်းလာတာကို သူခံစားရတာမို့ ယွီပင်းတစ်ယောက်ကတော့ သူ့သူငယ်ချင်းလေး စွံမယ့်အရေး တွေးတွေးပီး ဝမ်းသာ ပီတိ ဂွမ်းဆီထိနေသလိုပါပဲ...
ရိပေါ်စွံမှ သူအေးဆေးနေရမည်ကို ><
"ရိပေါ်! ညီ... အစ်ကို့စည်းကမ်းတွေကို လိုက်နာရတာ
တအားခက်ခဲနေလား?"
"မဟုတ်ပါဘူး.. ကျွန်တော်တောင်းပန်ပါတယ်"
ရှောင်းကျန့် ကော်ဖီခွက်ကိုကိုင်ပီး ရိပေါ်ကို လှမ်းကြည့်လိုက်သည်။ ထိုကောင်လေးက သူ့စည်းကမ်းတွေကိူလိုက်နာရတာ ခက်ခဲနေသလိုပင်..
အင်း..ထူးတော့ထူးဆန်းသား
တခြားသူသာဆို သူအော်ဟစ်ပီး နှင်ထုတ်မိမှာမှန်ပေမယ့် ရိပေါ်ကိုတော့ သူ မနှင်ထုတ်ရက်
ဒီကောင်လေး ဒုက္ခရောက်မှာစိုးလို့ပဲနေမှာပါလေ...
"ညီက အစ်ကို မကြိုက်တာ လုပ်တယ်..အရက်သောက်တာမကြိုက်ဘူး ကိုယ်ပြောခဲ့တယ်.. မင်းလုပ်ခဲ့တယ်
တစ်ယောက်တည်း လုပ်တာ အားမရလို့ အဖော်ခေါ်ပီး သောက်တယ်! ထား အစ်ကိုက မသောက်နဲ့မပြောဘူး သောက် အပြင်မှာသောက်လေ ညီ....အစ်ကို့ကို မင်း မလေးစားရင်တောင် ဦးလေးကိုလေးစားပေးလေ ညီ... "
ရှောင်းကျန့်ဘဝမှာ ဒီလိုစကားအရှည်ကြီးပြောတာ ပထမဆုံးပင်...
အဖေ အမေ မရှိတော့တည်းက သူ ဘယ်သူနဲ့မှ စကားသိပ်မပြောဖြစ်ပဲ အိမ်ထဲမှာပဲနေလာခဲ့တာ ၅နှစ်ကျော်ပီ
ဒီကလေးနဲ့တွေ့မှ စကားအရှည်ကြီးပြောရ စိတ်တိုရ ပေါက်ကွဲရနှင့် အကုသိုလ်ကောင်လေး !!!!
"ကျွန်တော်နောက်တစ်ခါမလုပ်တော့ပါဘူး အစ်ကို"
"ညီတို့လူငယ်တွေက ကတိတစ်ခုကိုလွယ်လွယ်ပေးတတ်ကြတာလား.. "
<<<<<<<<<>>>>>>>
"ညီတိူ့ လူငယ်တွေ"လို့သုံးသွားတဲ့ ရှောင်းကျန့်ကို ရိပေါ် တချက်မော့ကြည့်ကြ်ီး ရယ်မလိုဖြစ်မိသွားသည်..
သူ့ကိုယ်သူ လူကြီးလိုပြောနေတဲ့ အစ်ကိုရှောင်းကျန့်က တကယ်အဘိုးအိုကြီးပေါက်စပဲ...
ဆယ်ကျော်သက်လ်ု့ပြောရင်တောင်သူများယုံမယ့် ပုံစံနဲ့ လူကြီးဆိုဒ်ဖမ်းနေတဲ့ အစ်ကိုပါပဲ><
"ကျွန်တော် တကယ်ကတိပေးပါတယ်..နောက်တစ်ခေါက်မလုပ်တော့ပါဘူး"
မျက်နှာငယ်လေးနဲ့သူပြောတော့ အစ်ကိုရှောင်းကျန့်က ရယ်ကာ သူ့ဆံပင်လေးကို ဖွပီး အိမ်ပေါ်တက်သွားသည်..မသွားခင်ပြောသွားသေးသည်..
"ညီ့ကို အစ်ကို စည်းကမ်းအောက်မှာ မထားတော့ဘူး ည်ီ သဘောကျ အကုန်လုပ်.. တခုပဲ သိပ်ပီး မဆူနဲ့ အစ်ကို ပန်းချီဆွဲနေတာမို့ "တဲ့
သဘောကောင်းလိုက်တဲ့အစ်ကို
ဒါနဲ့ တဆိတ်.. အစ်ကို ရယ်ရင်အရမ်းလှတာပဲ......
~~~~~~~~~~~~~~~~~~
ရိပေါ် တနေ့က ကိစ္စဖြစ်ပီးကတည်းက အစ်ကိုနဲ့သူ
စကားပြောရအဆင်ပြေလာသလိုခံစားရသည်။
ဦးလေးလည်း ပြန်ရောက်ပီမို့ ဒီနေ့တော့ အစ်ကိုဘာကြိုက်လဲမေးပြီး ဝယ်ကျွေးရမည်။ချက်ကျွေးဖို့ကတော့ NO လို့ပဲ ပြောချင်ပါတယ်..ဝမ်ရ်ိပေါ်က ငယ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့တာမို့ ဘာဆိုဘာမှ မလုပ်တတ်ပေ...
အချိန်ပိုင်းအလုပ်ကနေ ပြန်လာတော့ အစ်ကိုက ခြံဝန်းထဲမှာ အလုပ်လုပ်နေပုံပင်.. မျက်မှန်လေးကိုပင့်တင်ပီး
Laptop ကို တတောက်တောက်ရိုက်နေတဲ့လက်ချောင်းသွယ်လေးတွေ... သူ့ကိုမြင်တော့ မျက်မှန်ကိုချွတ်ပြီး ပြုံးပြသည်..
"ရိပေါ်ပြန်လာပီလား"
"ဟုတ် အစ်ကို.. အာ ဒါနဲ့ အိမ်လခ"
ရိပေါ် ဒီနေ့လစာ ထုတ်တာမို့ အိမ်လခ ပေးတော့ အစ်ကိုက မျက်မှောက်ကြုတ်ကြည့်သည်..
"အစ်ကိုမယူဘူး ရိပေါ်.. ဦးလေးကိုသာ ကန်တော့လိုက်နော်"
"အာ မဟုတ်!! "
"ကဲ အစ်ကို့စကား နားထောင်ပေး ဟုတ်ပီလား"
အူကြောင်ကြောင်နှင့်ခေါင်းကုတ်ရင်း အိမ်ထဲကို သူဝင်တော့ ဦးလေးက လာမေးသည်။ "အိမ်လခ မယူဘူးမလား"တဲ့..
"သားရေ သားကျန့်က အဲ့လိုပဲ အိမ်အငှားတင်ပီး တခါမှ လခမယူဘူး..အရင်လူတွေက သားကျန့်စေတနာကိုစော်ကားလို့ သူမောင်းထုတ်တာ သားရိပေါ်က သူနဲ့အဆင်ပြေပုံပဲ"
"ဟုတ်လား.. ဒါနဲ့ ဦးလေး အစ်ကိုက ဘာကြိုက်တတ်လဲ"
လစာထုတ်ထားတာမို့ လူက ခပ်မြောက်မြောက်ဖြစ်နေတော့ အပြင်ထွက်စားရမည်။အိမ်ပြန်ရင်အစ်ကို့ကြ်ုက်တဲ့ မုန့်ဝယ်သွားရမည်။ညနေက အစ်ကိုဘာကြိုက်တတ်လဲ မေးတော့ ဘာမဆိုအကုန်စား ဒါမှဒါဆိုပီး ကြိုက်တာ မရှိလို့ ပြောတာမို့ သူ ချောကလက်ပဲဝယ်သွားလိုက်တော့မည်။
မနက်ဖြန် ချစ်သူများနေ့မို့ အစ်ကို့ကို သူကလွဲရင် ချောကလက်ပေးမဲ့သူရှိမှာမဟုတ်.. ဒါတော့ သူသေချာသိသည်။အစ်ကိုရှောင်းကျန့် စွံဖို့အရေး သူ့ကိုယ်သူ ရောင်းထုတ်မှ ရမည်။ခေတ်ကာလ စကားအရဆို စျေးဗန်းခင်းရမည်ပေါ့ ><
ည၉နာရီဒေါင်ခနဲဆိုတာနဲ့ ရိပေါ်က အိမ်ကိုပြန်ရောက်လာတတ်ပီ.. အရင်ကဆို ဘယ်သဝေထိုးတတ်မှန်းမသိတဲ့ ရိပေါ်က ခုဆိူ အချိန်မှန်အိမ်ကိုပြန်ရောက်လို့.. ဘားရောက် ကလပ်ရောက်နေရင်တောင် ၉နာရီမထိုးခင် ပြန်ထွက်လာတတ်ပီ.. ဒါက အစ်ကို့ကို သူစိတ်မညစ်စေချင်လို့ဖြစ်သည်။
~TBC~
ရှောင်းကျန့်ကောကောက နူးညံ့တဲ့သူမို့ ယူတို့ထင်သလို ထမသောင်းကျန်းပါဘူးကွယ် ☹️☹️
ပေါ့သွားတာရှိ တောင်းပန်ပါတယ်
Update ကြာသွားလို့ Sorry ပါ 😁
Banana fish ကိုက်သွားလို့ တပတ်လောက် sad mood on နေတော့ မရေးဖြစ်တာ
"Up" ဆိုတာကြီးကို မမန့်ပါနဲ့နော် . လူက စိတ်တမျိုးရယ် အဲ့တာ မြင်ရင် ရေးနေရင်းတောင် အကုန်ဖျက်ပစ်ချင်စိတ်ပေါက်လာတာမို့ပါ
ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ❤️
ありがとう
*စာလုံးပေါင်းမစစ်ထားပါ
Continue Reading
You'll Also Like
146K 3.3K 59
imagines as taylor swift as your mom and travis kelce as your dad
51.6K 931 25
235K 1.3K 33
This is a mix of different animes that have smut in them
67.8K 3.1K 73
❤️