6

5K 579 32
                                    

Zawgyi

ကုတင်ပေါ်မှာ  မှောက်ယက်လှဲနေရင်း မကျေမနပ်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်... အဲ့ဒါရိပေါ်ပင်ဖြစ်သည်..

ခြေကားယား လက်ကားယား ပုံစံနဲ့ အံကြိတ်ထားကာ တံခါးမကို မျက်စောင်းနဲ့ကြည့်နေပြန်သည်.... တစ်စုံတစ်ယောက် လာမချော့မချင်း ဒီလိုပုံနဲ့နေမယ်လို့ စဉ်းစားထားတာမို့ သူ တုတ်တုတ်မျှ မလှုပ်...

မနက်တည်းက ဒီကုတင်ပေါ်မှာ မှောက်ယက်လှဲအိပ်နေတာမို့ ဇတ်ပိုးက နည်းနည်းနာနေပြီ....ဗိုက်လဲဆာနေပြီ တကယ်တော့...
မထဘူး... လုံးဝမထဘူး...

ရိပေါ်က ရှောင်းကျန့်ကို စိတ်ကောက်နေတာဖြစ်သည်... အကြောင်းအရင်းက တိတိကျကျရယ်လ်ု့မရှိ ကောက်ချင်စိတ်ပေါက်လာလို့ ကောက်လိုက်တာပင်..
ဒါကို ရှောင်းကျန့်လဲသိသည်.. စကားအချေအတင်နဲ့ ဘုဂလန့်ပြန်ပြောခဲ့တာမို့ ရိပေါ်စိတ်ဆိုး ဒါမဟုတ် စိတ်ကောက်တာ သိကိုးသိလိမ့်မည်.. ဒါကို ရှောင်းကျန့်က လာမချော့ပေ...

နေဦး.. ချော့ရအောင်သူက ငါ့ရဲ့ဘာလဲ
ငါကလဲ စိတ်ကောက်ရအောင် ငါကသူ့ရဲ့ဘာလဲ?

ဘာလဲဆိုတဲ့အတွေးပေါင်းများစွာနဲ့ တွေးရင်းတွေးရင်း ရိပေါ်တစ်ယောက် အိပ်ပျော်သွားခဲ့သည်...
ရိပေါ်မှေးခနဲအိပ်ပျော်စဉ်မှာ ရှောင်းကျန့်ဝင်လာခဲ့တာကို သူမသိလိုက်ပေ......

<<<<<<<<>>>>>>>>>>><<<<<<>>>>>>>
"ဦးလေး ဘယ်သွားမလို့လဲ''

ရိပေါ်အိပ်ယာနိုးတော့ ညနေ ၅နာရီခွဲပီ.သူအတော်အိပ်ပျော်သွားခဲ့တာပဲ.. တော်ရုံနေ့လည်မအိပ်တတ်တဲ့သူက ခုများအိပ်လိုက်တာ.....

"သားကျန့်လေ အပြင်ထွက်သွားတာကြာပီ ခုထိပြန်မလာသေးလို့ သွားကြည့်မလို့..စာမူသွားအပ်တာ အရင်က အဲ့လောက်မကြာပါဘူး ဒီနေ့မှ...''

"ဘယ်လောက်ကြာပီလဲ သွားတာ.. ဘယ်ကိုသွားတာလဲ ဦးလေး.. ဖုန်းရောပါသွားလား နေနေ ကျွန်တော်သွားရှာမယ်''

သူ ဦးလေး လက်ညှိုးထိုးရာကိုသာ အပြေးသွားပီး ရှောင်းကျန့်ကိုလိုက်ရှာမိသည်..
တော်ရုံအပြင်မသွားတဲ့သူက အပြင်ဘာထွက်လုပ်တာလဲ..

AFFECTION (Hiatus)Where stories live. Discover now