2

5.4K 646 20
                                    

(zawgyi)

"ရိပေါ် ပြန်လာပီလား''

"ဟုတ် ဦးလေး.. ပြန်လာပါပီ"

ရိပေါ် ည၈နာရီလောက် ပြန်လာတော့ အိမ်မှာ ဦးလေးတစ်ယောက်သာ ရှိတော့သည်..
ရှောင်ကျန့်ကို သူမေးချင်ပေမဲ့ မမေးဖြစ်ပဲ အခန်းထဲသာ ဝင်လာလိုက်တော့သည်...

ရိပေါ်အခန်းက ရှောင်ကျန့်အခန်းနဲ့ဘေးချင်းကပ်လျက်မို့ ရှောင်ကျန့်အခန်းနားကို နားကပ်ကာ ချောင်းနားထောင်ကြည့်သေးသည်.. တိတ်ဆိတ်နေကာ ဘာအသံမှ မကြားရ

"အထဲမှာ ဘာအသံမှလဲမကြားရဘူး.. အစောကြီးအိပ်နေတာလား''

" ဟူး... လန်းဆန်းသွားတာပဲ "

ရိပေါ် ရေမိုးချိုး ကိုယ်လက်သန့်စင်ပီး ပြန်ထွက်လာတော့ မိုးတွေ ရွာနေသည်။
သူက မိုးရွာတာကို အရမ်းနှစ်သက်သည်.. ငယ်ငယ်တုန်းက မိုးရွာပီဆို အမြဲ မိုးရေထဲ စက်ဘီးစီးနေကြပင်..
ခုတော့ မိုးရေချိုးလို့လဲမရတော့ အိပ်ဖို့ပဲ ကြံရတော့မည်..

မိုးအေးအေးနဲ့ နှပ်ရန် စောင်ခြုံထဲကွေးရန်အပြင်
ဖုန်းလာတာကြောင့် ကြည့်လိုက်တော့ ယွီပင်းပင်..

"ဘာလဲ''

"ဟ! ဖြည်းဖြည်းသက်သာပြောစမ်းပါရိပေါ်ရာ''

"မရစ်နဲ့ ဘာကိစ္စလဲပြောကွာ''

"ဘာရယ်မဟုတ်ဘူးကွ... ဂိမ်းဆော့ပီး ပျင်းလို့ဖုန်းဆက်လိုက်တာ ''

"ပျင်းရင် ဟိုကားကြည့်နေ..''

~~~~~~~~~~~~~~~~~~~~~~~

ဒီလိုနဲ့ ရိပေါ်တယောက် ရှောင်ကျန့်အိမ်မှာ ငှါးနေခဲ့တာ တစ်လ တိတိ ပြည့်ပီ... ရှောင်ကျန့်နဲ့သူကတော့ ခုထိ တခွန်း ၅ခွန်းထက်မပြောဖူးချေ..
ရိပေါ်ချေသည်ထက်ပိုချေတဲ့ ရှောင်ကျန့်ကြောင့် ကျိတ်မနိုင်ခဲမရဖြစ်လာသည်

ရိပေါ်ဘက်က စကားသွားပြောရင် အင်း အဲ ဟုသာပြန်ပြောပြီး သူ့ပန်းချီသူပြန်ဆွဲနေတတ်သည်..
ကော်ဖီသောက်မလားမေးရင်း အင်း သောက်မယ် ဆိုတဲ့ စကားကလွဲ ပြန်မပြောတတ်..

ဦးလေးကိုမေးကြည့်တော့လဲ သားကျန့်က ဒီလိုပဲတဲ့ မရင်းနှီးသေးတဲ့သူ သူစိမ်းဆို စကားမပြောဘူး တဲ့...

AFFECTION (Hiatus)Όπου ζουν οι ιστορίες. Ανακάλυψε τώρα