7

4.1K 422 4
                                    

Zawgyi

ဒီနေ့က ရိပေါ် စာမေးပွဲဖြေရတဲ့နေ့..တနှစ်လုံး မလုပ်လာခဲ့ရတဲ့စာတွေကို နှစ်ရက် သုံးရက်တည်းနဲ့အပြတ်လုပ်ရတာ မလွယ်ပေမဲ့ လုပ်နေကြမို့ သိပ်တော့မခက်ခဲ..အရင်ရက်တွေက မိတ္တူစာရွက်တွေပြန့်ကြဲနေတဲ့အလယ်မွာ ထိုင်နေတဲ့ ရိပေါ်ကို အစ်ကိုက ကူညီပီး စာအတူကြည့်ပေးသည်။အချစ်နဲ့အတူစာကြည့်ရတာကြောင့်ထင် စာက လွယ်လွယ်ကူကူပင်ရသွားသည်..နောက်စာမေးပွဲတွေကျရင်လဲ အဈကိုနဲ့အတူကက်ြရမည်။
ဒါတင်မကသေး အစ်ကို သူအိပ်ငိုက်တဲ့အခြိန်တိုင်း black coffee ခါးခါးလေးတခွက်ဖျော်ပးတတ်သည်။ချစ်ရတဲ့သူဖျော်ပေးတာမို့ထင် ကော်ဖီခါးခါးက အစ ချိုမြိန်နေရော.........

စာမေးပွဲ ဖြေပြီးရင် အစ်ကိုနဲ့အတူလုပ်စရာရှိသည်...Relax လုပ်ရင်း အဖြေလဲတောင်းရင်းပေါ့.....

အစ်ကိုနဲ့ အတူ စာတွေကို လုပ်တာကြောင့်ထင် စာမေးပွဲကို ရိပေါ်ကောင်းကောင်းဖြေနိုင်ခဲ့သည်။

"အစ်ကို!!"

"အင်း ရိပေါ်''

ရှောင်းကျန့်က အဖြူရောင် Hoodie လေးကိုခေါင်းစွပ်ထားပီး သူ့ကိုပြုံးပြသည်။လက်ထဲမှာလဲ ပန်းစည်းလေးနဲ့ ရှောင်းကျန့်က လိုက်ဖက်စွာ....

ရိပေါ် ရောက်တော့ မျက်နှာရှေ့ကိုရောက်လာတဲ့ ပန်းစည်းလေးကြောင့် ရှောင်းကျန့်ကိုကြည့်မိသည်။ရှောင်းကျန့် မျက်ဝန်းတွေက တသမတ်တည်း ရွောင်းကျန့်လက်ထဲက ဆွဲယူလိုက်တော့ ရွက်သလိုနဲ့ ချောင်းတချက်ဟန့်သည်။

"Chocolate cosmo?
အစ်ကို ဒါကို ဘာလို့ ''

ရှောင်းကျန့်က ရိပေါ်မြင်ကွင်းထဲက လှစ်ခနဲ ပျောက်သွားသည်။ရိပေါ် ဒီပန်းလေးတွေရဲ့ အဓိပ္ပါယ်ကို သိသည်။ ဒါပေမဲ့ အစ်ကိုက ဘာလို့ ဒီပန်းတွေကို သူ့ကိုပေးရတာလဲ သူသိချင်လာတယ်..

Chocolate cosmo ပန်းလေးရဲ့အဓိပ္ပါယ်က
"ငါမင်းကို အခြားသော သူတွေထက်ပိုချစ်နိုင်တယ်'' ဆိုတဲ့ အဓိပ္ပါယ်..

ရိပေါ်ရင်ထဲ နွေးထွေးသွားသလိုခံစားရတယ်။ရှောင်းကျန့်သူ့ကို ပြန်ချစ်မယ်မထင်ထားခဲ့ဘူး...အရင်ရက်တွေက သူ့ဘက်ကသာ လှုပ်ရှားခဲ့ရပေမဲ့ ရှောင်းကျန့်ဆိုတဲ့ ကျောက်တိုင်ကြီးက နည်းနည်းမှ မလှုပ်ခဲ့ဘူး။ရိပေါ် ရှောင်းကျန့်ကို အရမ်းချစ်တယ်ဆိုတာလဲ ဘာနဲ့မှ နှိုင်းယှဉ်လို့ရမယ်မထင်ဘူး.....

AFFECTION (Hiatus)Where stories live. Discover now