1

18.3K 777 23
                                    

(zawgyi)

ရိပေါ် အိမ်လိပ်စာ ကဒ်လေးကိုကိုင်ရင်း မျက်စိရှေ့က တိုက်ကြီးကို ကြည့်နေမိသည်မှာ အကြိမ်ပေါင်းမနည်းတော့...
သူ့ရဲ့ ညာဘက်လက်ထဲမှာတော့ ခရီးဆောင်အိတ်တစ်လုံးကလဲ ရှိနေသေး...

ရိပေါ်တစ်ယောက် သူနေတဲ့ မြို့လေးကနေ ဘေကျင်းကို ကျောင်းလာတက်ခြင်းဖြစ်ပေသည်။
ကျောင်းအဆောင်တွေအကုန်ပြည့်နေပီမို့ လွန်ခဲ့တဲ့ နှစ်လလောက်က ခေါင်းမီးတောက်အောင်အဆောင်ကိုရှာခဲ့ရသည်..ကံကောင်း၍ ယွီပင်းတယောက် ရှာပေးတာမို့ နေစရာနေရာ ရခြင်းပင်

သို့သော်လည်း သူထင်ခဲ့သည့်နေရာက ဒီလို တ်ုက်ဟီးဟီးကြီးလို့ မထင်ခဲ့

"ယွီပင်း မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လားကွာ..
ဒီလ်ုအိမ်မျိုးမှာနေတဲ့သူက အိမ်ငှားရှာမလားကွ"

"ရိပေါ် စိတ်ပူမနေနဲ့ အဲ့အိမ်ပိုင်ရှင်က ငါ့ကောကောရဲ့ သူငယ်ချင်းအိမ် "

တီခနဲ ပြတ်ကျသွားတဲ့ ဖုန်းကို ရိပေါ်ကြည့်ပီး တချက်ပစ်ပစ်နှစ်နှစ်ဆဲလိုက်မိသည်ထင်သည်..
ယွီပင်းက အားကိုးရသလို အားမကိုးရတဲ့သူငယ်ချင်းတစ်ယောက်ပင်...

ကဲ.. ဘယ်တတ်နိုင်မှာလဲ
ရှေ့ဆက်ရုံပေါ့

ရိပေါ်တယောက် ရင်တုန်စွာနှင့် bell တီးလိုက်တော့
၅မိနစ်လောက်ကြာတဲ့အထိ ဘယ်သူမှ ထွက်မလာ
နောက်နှစ်ကြိမ်ထပ်တီးတော့လဲ ထွက်မလာခဲ့..

"ဘာလဲဟ ယွီပင်း ငါ့ကို ဂျင်းထည့်သွားတာလား "

နောက်တကြိမ် bell တီးမယ်ကြံတော့ ရှေ့တံခါးမကနေ ထွက်လာတဲ့ လူတယောက်..

"ဦးလေးကြီး ကျွန်တော်...."

"ဝင်လာခဲ့"

သူ့က်ု ဘာစကားတစ်ခွန်းမှ မမေးပဲ ခြံတံခါးဖွင့် ဝင်လာခိုင်းတဲ့ ဦးလေးကြိးကြောင့် နှုတ်ခမ်းဆူသွားမိသည်...

"ဒီမှာလေ ရှောင်ကျန့် ရှိလားဟင်
ကျွန်တော်က ယွီပင်းလွှတ်လိုက်တဲ့ သူပါ"

"ထိုင်ဦး"

စားပွဲခုံပေါ် ကော်ဖီတခွက်နဲ့ ဧည့်ခံပေးတဲ့ ခြံစောင့်ဦးလေးကြီးက သဘောကောင်းသလို သူခံစားလိုက်ရသည်..

AFFECTION (Hiatus)Where stories live. Discover now