Zawgyi
ဆောင်းရာသီ လေအေးတွေ တဖြူးဖြူးတိုက်ခတ်နေပီး ချယ်ရီပန်းလေးတွေဝေဆာနေတဲ့လမ်းမထက်မှာ ယှဉ်တွဲလျှောက်နေတဲ့ ရိပေါ်နဲ့ရှောင်းကျန့်...
လေတချက်အဝှေ့မှာတုန်တက်သွားတဲ့ ရှောင်းကျန့်ကို ရိပေါ်က မြင်တော့ ဟက်ခနဲတချက်ထရီသည်။ရှောင်းကျန့်ကတော့ အေးနေတာမို့ လက်ဝါးအချင်းချင်းကို ပွတ်လို့
"အစ်ကို့ကို ကျွန်တော်ပြောတယ်လေ အေးပါတယ်လို့.. အနွေးထည်ထူထူမဝတ်ပဲ ပါးပါးလေးဝတ်ချင်ဦးလေ"
ရိပေါ်က သူအပိုယူလာတဲ့ ကုတ်အင်္ကျီ မထူမပါးလေးကို ရှောင်းကျန့်ကိုယ်ပေါ်ခြုံပေးရင်း အငယ်ပီပီ ဆူလိုက်သေးသည်။
"စထွက်လာတုန်းက အေးမှမအေးသေးတာကွာ"
"KOREA မှာ ဆောင်းတွင်းဘက်က အသည်းခိုက်အောင်အေးတာကို ခင်ဗျားကြီးနဲ့တော့နော်...
လာ ဟိုခုံလေးမှာ နေပူဆာလှုံရအောင်"ရှောင်းကျန့်ရဲ့လက်ကိုဆွဲကာ ခုံပေါ်ထိုင်တော့
ရိပေါ်က လက်အိတ်စွပ်ပေးပြန်သည်။"ကြည့်ပါဦး လက်တွေကအေးစက်နေတာ ဘယ်လ်ုနေနေတုန်း..ဖျားရင်ဘယ်လိုလုပ်မလဲ အစ်ကိုရယ် လူကဖြင့်ကိုယ်ခံအားနည်းကနည်းနဲ့ စိတ်ပူစရာတွေသိပ်လုပ်တာပဲဗျာ.."
ရိပေါ်က ထပ်ဆူပြန်တော့ ရှောင်းကျန့်နှုတ်ခမ်းဆူကာ နှာခေါင်းလေးကို လက်ညှိုးလေးနဲ့ပွတ်လ်ုက်သည်။
ဒီကလေးက သူ့ကိုယ်သူ အကြီးများထင်နေသလားမသိ..တချိန်လုံးကိုမျက်စိဒေါက်ထောက်ကြည့်ပီးကို ဆူနေတော့တာ..
"နေဦး နွားနို့ပူပူလေးတစ်ခွက်သွားဝယ်ပေးမယ်.. ဒီမှာပဲစောင့်နေနော် ဘယ်မှာမသွားနဲ့"
"အေးပါကွာ"
ရိပေါ် အစ်က်ု့က်ု ထားကာ အပြင်သွားရတာလဲ စိတ်မဖြောင့်ပါ။ သူမရှိပဲ အပြင်လျှောက်သွားပီး တစ်ခုခုဖြစ်သွားမှာရင်သိပ်ပူရသည်။အစ်ကို့အကြောင်းမသိခင်တုန်းက အစ်ကိုက လူကြီးဆန်တယ်ထင်ရပေမဲ့ တစ်ကယ်တန်းကျ အစ်ကိုက ကလေးအရမ်းဆန်သည်။
အစ်ကို့ မိဘတွေကလဲ အစ်ကိုငယ်ငယ်တည်းက ဆုံးသွားကြတာ ရှေ့ဆင့်နောက်ဆင့်...