Infatuated LOVE [Completed]

By borntoloveosh_

74.3K 8.3K 565

PARK CHANYEOL OOH SEHUN ❗ CHANHUN ❗ (Zawgyi-Unicode) More

part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-17 (unicode)
part-18
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-27
final

part-16

2.8K 319 24
By borntoloveosh_

"ကျန်းရီရှင်း!!!!!!!!!!!!"

လန့်​သွားရ၏.....




မဟုတ်​ဘူးလား?"


မူးလိုက်​တာ အား~





"ဘယ်​လို!!!"

ငါ ငါကိုယ်​တိုင်​ရှာရမယ်​"



"ဖြစ်​စမ်းကွာ!!! ငါရှာမယ်​"

"ငါကတိ​ပေးတယ်​ ဟွန်းနီးကို
ရ​အောင်​ရှာလာမယ်​​နော်​"

"တ တကယ်​လား?"


ကျန်းရီရှင်း!"

မင်းခဏနားလိုက်​​နော်​"




သွားရှာရမယ်​"


ဆီဦးတည်​လိုက်​တယ်​...

.
.
.

"ဆယ်​ဟွန်း!"

"ရီ ရီဖန်​ ~"

အင်္ကျီအပါး​လေးနဲ့ဖိနပ်​​တောင်​မပါတဲ့

"ဘယ်​လိုဖြစ်​လာတာလဲ??"

ငိုသာငို​နေ​လေသည်​...


ခရီးသွားကြလို့....







"ဘာ ဘာ!"


ခေါ်မိ​တော့သည်​.....



"ဟင်​! ရီဖန်​အိမ်​?"


"ဆယ်​ဟွန်း!!"

"မင်​​ဆော့ အဟင့်​ ဟီး"


ငါရင်​​တွေတုန်​လိုက်​တာ.."

အကိုရှင်း​ရော?"








မင်းသွားမလား?"



မ​တွေ့ရင်ရိပ်​မိသွားနိုင်တယ်​.."÷

"အဲ့ဒါလည်း ဟုတ်​တယ်​"






"အ အကိုရှင်း!!!!"

"ဒါဘယ်​လဲ ဟွန်းနီး!"

"ထွက်​​ပြေးမလို့ ဟွန်းနီးကိုလွှတ်​ပါ
လွှတ်​ လွှတ်​!!!"

ရီဖန်​ကပါဝင်​ကူ​ပေးသည်​...





"အကိုရှင်း ဘာ​ပြောတယ်​?"


"အကိုရှင်း ဘာ ဘာကို????"


".............."

ခဏလိုက်​ခဲ့ပါ "


ရောက်​ခဲ့ကြတယ်​....

"ဦး​လေးကျန်း ~"




မျက်​ရည်​​တွေဝဲလာကာ...


ဘာဖြစ်​လို့လဲဟင်​??"


"ဗျာ!!"

"ဟုတ်​တယ်​ သူ့အ​မေနဲ့သူ့အ​ဖေကွာရှင်းတဲ့အခ်ျိန်​ကစလို့ဖြစ်​ခဲ့တာ ငယ်​​သေး​တော့

"............"

"အလုပ်​များ​နေတဲ့အ​ဖေကလည်းသူ့ကိုလှည့်​မကြည့်​နိုင်​ သူ​ဌေးက​တော်​က​တော့တလတစ်​ခါလာ​တွေ့ရှာပါတယ်​ တစ်​​နေ့ သူ​ဌေးက​တော်​နဲ့​တွေ့ရတဲ့ရက်​မှာ အကို​လေးက သူ​ဌေးက​တော်​​နောက်​လိုက်​ချင်​တယ်​လို့​ပြောခဲ့တယ်​ ဒါမဲ့ သူ​ဌေး​က​တော်​ကေ​ခ်ါမရဘူးလို့​ပြောတယ်​.....


ရူးခါသွား​တော့တာပဲ...."

"အဟင့်​ ~"

ငို​နေမိ​တော့သည်​...


"အ​တော်​​လေးကို အခ်ျိန်​ကုန်​ လူကုန်


"ကျ​တော်​ ဘာမှမသိခဲ့ဘူး


"အဟင့်​ ဟီး "


ရင်​ထဲမွန်းကြပ်​​နေပြီ...

ခံစား​နေခဲ့ရမလဲ






"ဆယ်​ဟွန်း~"



"ရီ ရီဖန်​ တ တကယ်​​တော့​လေ
အကိုကြီးက အဟင့်​ ဟီး"


ဖက်​​ပေးထားလိုက်၏.....

ရပ်​ကာအသာကြည့်​​နေ၏..



ငို​နေတဲ့ဆယ်​ဟွန်းကို

ပြီး​တော့ ဆင်းလာသူက
ပတ်​ချန်း​ယောလ်​!


"အ အကို အကိုကြီး!!!"

TBC.....


.
"ကျန်းရီရှင်း!!!!!!!!!!!!"

အပေါ်ထပ်ကနေဟိန်းထွက်လာတဲ့အသံကြောင့် အောက်မှာကော်ဖီဖျော်နေတဲ့ရီရှင်း
လန့်သွားရ၏.....

ခြေထောက်စက်တပ်ထားသလိုအမြန်နှုန်းနဲ့အပေါ်ပြေးတက်ကာ...

"ချန်းယောလ် ဘာဖြစ်လို့လဲ?"

"ဆယ် ဆယ်ဟွန်း အောက်ထပ်မှာရှိလား?"

"ဟင့်အင်း မြေအောက်ခန်းထဲမှာ
မဟုတ်ဘူးလား?"

ချန်းယောလ်မျက်လုံးတွေပြူ းကျယ်ကုန်ကာ
သူ့ခေါင်းကိုသူထိန်းကိုင်လိုက်မိတယ်..

မူးလိုက်တာ အား~

သူခဏအိပ်ပျော်သွားတဲ့အချိန်မှာ
အချစ်ထွက်ပြေးသွားပုံရတယ်...

အားး အသက်ရှုတွေကြပ်လာပြီ...

"ဘာ ဘာလို့လဲ ချန်းယောလ်"

"ဟွန်းနီး ထွက်ပြေးသွားပြီ ထင်တယ်"

"ဘယ်လို!!!"

"အ အခုချက်ချင်းရှာ မရရအောင်
ငါရှေ့ကိုပြန်ခေါ်လာခဲ့ အာ မဟုတ်ဘူး
ငါ ငါကိူယ်တိုင်ရှာရမယ်"

မျက်လုံးများယောက်ယက်ခတ်စွာ ပြိုလဲတော့ခန္ဓာကိုယ်နဲ့အပြင်ထွက်ဖို့
လုပ်နေတဲ့ချန်းယောလ်ကိုရီရှင်းတားရမည်..

"ခ ခဏလေး ချန်းယောလ် မင်း
ဒီလိုပုံနဲ့ထွက်ရှာရင် ဟွန်းနီးကိုမတွေ့ခင်
မင်းတစ်ခုခုဖြစ်လိမ့်မယ်"

"ဖြစ်စမ်းကွာ!!! ငါရှာမယ်"

"ငါကတိပေးတယ် ဟွန်းနီးကိူ
ရအောင်ရှာလာမယ်နော်"

"တ တကယ်လား?"

ရီရှင်းခေါင်းကိုအမြန်ငြိမ့်ပြလိုက်သည်..

"မပါရင် မင်းကိုသတ်မှာနော်
ကျန်းရီရှင်း!"

"အေး အေးပါ ငါကတိပေးတာမို့
မင်းခဏနားလိုက်နော်"

ရီရှင်း အမြန်ကားနဲ့ဆယ်ဟွန်းကို
ရှာဖို့အပြင်ထွက်ခဲ့တော့သည်..

ကတိသာပေးခဲ့တာသူလည်းဘယ်မှာ
ရှာရမယ်မှန်းမသိသေးပါ...

ချန်းယောလ်သာထွက်ရှာရင်
အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ရယ်သာ...

"အရင်ဆုံး သူ့သူငယ်ချင်းတွေဆီ
သွားရှာရမယ်"

ဆယ်ဟွန်းမှာက သူ့သူငယ်ချင်းတွေကလွဲလို့ဘယ်မှသွားတက်တာမဟုတ်ဘူး

ကားကို ကင်မင်ဆော့ဆိုတဲ့ကောင်လေး
ဆီဦးတည်လိုက်တယ်...

.
.
.

"ဆယ်ဟွန်း!"

"ရီ ရီဖန် ~"

ဒီလောက်အေးနေတဲ့မနက်ခင်းမှာ
အကျႌအပါးလေးနဲ့ဖိနပ်တောင်မပါတဲ့
ဆယ်ဟွန်းကိုတွေ့လိုက်ရတော့ ရီဖန်အံသြသွားရ၏.....

"ဘယ်လိုဖြစ်လာတာလဲ??"

ဆယ်ဟွန်း ဘာမှပြန်မပြောနိုင်
ငိုသာငိုနေလေသည်...

"လာ လာအရင်အထဲဝင်ရအောင်"

တော်သေးတယ် ရီဖန်မိဘတွေ
ခရီးသွားကြလို့....

နှုတ်ခမ်းတွေပင်ပြာနေတဲ့ဆယ်ဟွန်းကို
ဆိုဖာပေါ်ထိုင်ခိုင်းကာစောင်အပါးခြုံပေးလိုက်ပြီးရေနွေးခွက်အမြန်သွားယူကာကမ်းပေးလိုက်သည်.....

ရေနွေးသောက်ပြီး အနည်းငယ်အအေးသက်သာသွားဟန်ရှိတဲ့ဆယ်ဟွန်းကြောင့်...

"ဘယ်လိုဖြစ်လာတာလဲ? ပြီးတော့
ဘာလို့ကျောင်းထွက်လိုက်တာလဲ ငါတို့
မင်းကိုအမြဲလာတွေ့တယ် မင်းဘယ်တွေရောက်နေတာလဲ?"

"အဟင့် ငါ ငါကြောက်တယ် ရီဖန်"

"ဆယ်ဟွန်း ငါ့ကိုသေချာရှင်းပြစမ်းပါ"

"အကိုကြီးဘာတွေဖြစ်နေလဲမသိဘူး
ငါ့ကိုမြေအောက်ခန်းထဲပိတ်လှောင်ထားတယ်"

"ဘာ ဘာ!"

"အခု သူ့အိပ်နေတုန်းထွက်ပြေးလာတာ
သူနိုးလာရင် ...... ငါကြောက်တယ်"

ရီဖန်လည်းဘာမှနားမလည်နိုင်တော့လို့
မင်ဆော့ကိုသာဖုန်းဆက်ပြီးသူ့အိမ်လာရန်
ခေါ်မိတော့သည်.....

ရီရှင်း မင်ဆော့အိမ်ရောက်လို့
ကားပေါ်ကဆင်းမယ်လုပ်နေတုန်း
အိမ်ထဲကနေမင်ဆော့က အပြေးလေးထွက်လာသည်.....

သူ့ပုံစံကတစ်ခုခုပဲမို့ ရီရှင်းသူငှါးစီးတဲ့
တက္ကစီ နောက်မသိမသာလိုက်ခဲ့တယ်....

"ဟင်! ရီဖန်အိမ်?"

မင်ဆော့ကခပ်သွက်သွက်ဝင်သွားလေသည်
ရီရှင်းကားပေါ်ကနေသာခဏစောင့်ကြည့်လိုက်တယ်....

"ဆယ်ဟွန်း!!"

"မင်ဆော့ အဟင့် ဟီး"

မင်ဆော့လည်းဝင်လာရောဆယ်ဟွန်းက
သူ့ကိုအပြေးဖက်ကာငိုပြန်လေတယ်..

"ဘယ်လိုဖြစ်လာတာလဲ ရီဖန်ဖုန်းဆက်တော့
ငါရင်တွေတုန်လိုက်တာ.."

"အ အကိုကြီးမင်းအိမ်ကိုလာသေးလား?
အကိုရှင်းရော?"

"ဘယ်သူမှမလာပါဘူး ဘာဖြစ်လို့လဲ?"

"ငါထွက်ပြေးလာတာ အစကမင်းအိမ်လာမလို့
အကိုကြီးကရှာရင်အရင်ဆုံးမင်းအိမ်ကိုရှာမှာသိလို့ ရီဖန်အိမ်ရောက်လာတာ.."

"အကိုချန်းယောလ်နဲ့မင်းဘာတွေဖြစ်ကြလို့လဲ?"

ဆယ်ဟွန်း ကျောင်းထွက်တာအစ
အခုကိစ္စအကုန်ထိပါပြောပြလာသည်...

ရီဖန်နဲ့မင်ဆော့ကတအံတသြဖြင့်သာ...

"မင်ဆော့ ငါ့ ငါ့ကိုအကိုကြီးရှာ
မတွေ့နိုင်မဲ့လုံခြုံနေရာကိုပို့ပေးပါနော်"

မင်ဆော့ခဏစဉ်းစားတယ် ပြီးမှ...

"နယ်ဘက်မှာငါ့ဦးလေးခြံတော့ရှိတယ်
မင်းသွားမလား?"

"သွားမလားမေးမနေနဲ့မင်ဆော့
သွားပို့ရမယ် အခုလတ်တလောဆယ်ဟွန်းကိုဖွက်ထားမှရမှာလေ"

"အေးလေ အဲ့ဆိုအခုသွားကြတာပေါ့"

"နေ နေဦး ငါရီဖန်နဲ့ပဲသွားလိုက်မယ်
မင်းလိပ်စာပေးလိုက် တော်ကြာအကိုကြီးတို့လာရှာလို့မင်းကိုပါ
မတွေ့ရင်ရိပ်မိသွားနိူင်တယ်.."÷

"အဲ့ဒါလည်း ဟုတ်တယ်"

ဆယ်ဟွန်းအကြံနဲ့မင်ဆော့ကလိပ်စာပေးခဲ့ကာသူကတော့သူ့အိမ်မှာဟန်မပျက်နေရန်ပြန်သွားလေသည်...

ရီရှင်းလည်းမသင်္ကကာလို့ မင်ဆော့နောက်
ပြန်မလိုက်ပဲရီဖန်အိမ်ရှေ့မှာသာနေခဲ့သည်...

ချန်းယောလ်ဆီကလည်းဆက်တိုက်ဆိုသလို
ဖုန်းဆက်နေတာမို့အသံပိတ်ထားလိုက်မိ၏..

ထင်တဲ့အတိုင်းခဏကြာတော့ ရီဖန်ဆိုတဲ့
ကောင်လေးနဲ့ဟွန်းနီးထွက်လာတယ်...

ရီရှင်းချက်ချင်းပြေးဆင်းကာဟွန်းနီးလက်ကို
အပြေးဖမ်းဆွဲပစ်လိုက်သည်...

"အ အကိုရှင်း!!!!"

"ဒါဘယ်လဲ ဟွန်းနီး!"

"ထွက်ပြေးမလို့ ဟွန်းနီးကိူလွှတ်ပါ
လွှတ် လွှတ်!!!"

ဆယ်ဟွန်းရုန်းကန်နေတာမို့
ရီဖန်ကပါဝင်ကူပေးသည်...

နှစ်ယောက်တစ်ယောက်မို့ရီရှင်းမနိုင်ပဲ
ဟွန်းနီးလက်ကိုလွှတ်လိုက်မိတယ်....

ဟွန်းနီးကတော့သူ့လက်ထဲကလွှတ်တာနဲ့
ထွက်ပြေးဖို့ပြင်နေတာမို့...

"မင်းက ချန်းယောလ်ကိုအခုထပ်ပိုပီး
သွက်သွက်ခါအောင်ရူးသွားစေချင်တာလား!!"

ရီရှင်းအော်ပြောတော့ ဆယ်ဟွန်းခြေလမ်းတွေရပ်ကုန်ကာအနောက်ပြန်လှည့်ကြည့်လာသည်....

"အကိုရှင်း ဘာပြောတယ်?"

"မင်းအကိုကြီး သွက်သွက်ခါသွားလိမ့်မယ်"

"အကိုရှင်း ဘာ ဘာကို????"

"ကောင်းပြီ အကိုရှင်းအတင်းကြပ်မင်းကိုမခေါ်တော့ဘူး ဒါမဲ့ အကိုရှင်းပါးပါးဆီခဏလိုက်ခဲ့ပါ
ခဏလေးပဲ ဟွန်းနီး ပါးပါးပြောတာတွေနားထောင်ပြီးရင်ကြိုက်သလိုဆုံးဖြတ် အကိုလက်ခံပေးမယ်လေ နော်"

".............."

"ဟွန်းနီး အကို ကတိပေးပါတယ်
ခဏလိုက်ခဲ့ပါ "

ဆယ်ဟွန်းခေါင်းငြိမ့်ပြတာမို့ ရီရှင်း
ကားပေါ်အရင်တက်သွားလေသည်..

ရီဖန်ရောဆယ်ဟွန်းပါ အကိုရှင်းပါးပါးဆီ
ရောက်ခဲ့ကြတယ်....

"ဦးလေးကျန်း ~"

"သား ဟွန်းနီးလေး~ ရောက်လာပြီလား??"

အကိုရှင်းကြိုဖုန်းဆက်ထားလို့ထင်ပါတယ်
ဦးလေးကျန်းကဝှီးချဲပေါ်ထိုင်ရင်းအသင့်စောင့်နေလေသည်....

"ပါးပါး ဟွန်းနီးကို ချန်းယောလ်အကြောင်းတွေပြောပြလိုက်ပါ သူဆုံးဖြတ်ဖို့လိုအပ်နေပြီ"

ဦးလေးကျန်းကဘာမှတောင်မပြောရသေးဘူး
မျက်ရည်တွေဝဲလာကာ...

"အကိုလေးကို အရင်ပြန်မဖြစ်စေချင်ဘူး"

"ဦးလေးကျန်း အကိုကြီးက အရင်က
ဘာဖြစ်လို့လဲဟင်??"

"အကိုလေးက ငယ်ငယ်ကတည်းကစိတ်ဝေဒနာခံစားနေခဲ့ရတာ"

"ဗျာ!!"

"ဟုတ်တယ် သူ့အမေနဲ့သူ့အဖေကွာရှင်းတဲ့အချိန်ကစလို့ဖြစ်ခဲ့တာ ငယ်သေးတော့
သူ့အမေကိုသိပ်တွယ်တာတယ် ဒါမဲ့ ရုတ်တရက်သူ့အမေကကွာရှင်းပြီး အိမ်ကနေထွက်သွားကတည်းက အကိုလေးကကလေးနဲ့မလိုက်တဲ့အထီးကျန်မူတွေ နာကျင်စရာတွေကိုခံစားခဲ့ရတာ...."

"............"

"အလုပ်များနေတဲ့အဖေကလည်းသူ့ကိုလှည့်မကြည့်နိုင် သူဌေးကတော်ကတော့တလတစ်ခါလာတွေ့ရှာပါတယ် တစ်နေ့ သူဌေးကတော်နဲ့တွေ့ရတဲ့ရက်မှာ အကိုလေးက သူဌေးကတော်နောက်လိုက်ချင်တယ်လို့ပြောခဲ့တယ် ဒါမဲ့ သူဌေးကတော်ကခေါ်မရဘူးလို့ပြောတယ်.....

အကိုလေးက ကလေးဆိုတော့ မခေါ်တော့ငိုတာပေါ့ သူဌေးကတော်လည်းချော့မော့ပြီးထားခဲ့တာ ဒါကို အကိုလေးကပြေးလိုက်တယ် အဲ့မှာကားတစ်စီးကအရှိန်မထိန်းနိုင်ပဲ
ဝင်လာတယ် သူဌေးကတော်ကအကိုလေးကို ဝင်ကယ်ရင်းကားတိုက်ပြီးအဲ့နေရာမှာတင်သေသွားခဲ့တာ..

အမေတစ်ယောက်လုံး သူ့ရှေ့မှာသေတာမြင်လိုက်တာရော နဂိုကတည်းကစိတ်ပိုင်းဆိုင်ရာပါဆေးကုနေရတဲ့အကိုလေးက လုံးဝကြီးကို
ရူးခါသွားတော့တာပဲ...."

"အဟင့် ~"

ဆယ်ဟွန်း ဦးလေးကျန်းပြောတာတွေ
နားထောင်ပြီး ရင်ဘတ်ကိုဆုပ်ကိုင်ကာ
ငိုနေမိတော့သည်...

အကိုကြီးကို ချစ်တယ်ဆိုပြီး ဆယ်ဟွန်းဒါတွေကိုဘာမှမသိခဲ့ဘူး...

"အတော်လေးကို အချိန်ကုန် လူကုန်
ငွေအင်အားတွေနဲ့ပါ အကိုလေးကိုခက်ခက်ခဲခဲကုခဲ့ရတာ...

ဟွန်းနီးလေးကိုခေါ်သွားတဲ့မြေအောက်ခန်းက
သူ့စိတ်ဝေဒနာခံစားနေရတုန်း နေခဲ့ရတဲ့အခန်းလေ "

"ကျတော် ဘာမှမသိခဲ့ဘူး
မသိပဲ အကိုကြီးကိုအပြစ်တွေတင်နေတာ"

"ဟွန်းနီးလေးက သူ့ဘဝမှာ သူ့အမေပြီးရင်
အချစ်ရဆုံးသူပဲ အဲ့ကြောင့် အနားကနေသူ့အမေလို ထွက်သွားမှာကြောက်နေတာ..."

"အဟင့် ဟီး "

"အကိုလေး အနားကထွက်မသွားပါနဲ့ကလေးရယ် အခုဆို သားရှင်းလေး ပြောပုံအရ အကိုလေးအခြေနေကပြန်စနေပြီနဲ့တူတယ်.."

ဆယ်ဟွန်းဘာမှပြန်မပြောနိုင်လောက်
ရင်ထဲမွန်းကြပ်နေပြီ...

အကိုကြီးကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ
ငယ်ငယ်ကတည်းက သူဘယ်လောက်တောင်
ခံစားနေခဲ့ရမလဲ

အကိုကြီးရယ် အချစ်တောင်းပန်ပါတယ်...

"ပါးပါးလည်း ရှင်းပြရတာမောနေပြီ
နားလိုက်ပါတော့ သားတို့သွားတော့မယ်"

"အင်းပါ ဟွန်းနီးလေး ဦးလေးကျန်း
တောင်းဆိုပါတယ်နော် အကိုလေးကိုစောင့်ရှောက်ပေးပါ အရမ်းသနားစရာကောင်းတဲ့သူတစ်ယောက်ပါ ကလေးရယ်"

ဆယ်ဟွန်း ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်..

အကိုရှင်းတို့ အိမ်ကနေထွက်လာတော့
အပြင်မှာစောင့်နေတဲ့ရီဖန်ကပြေးလာတယ်..

"ဆယ်ဟွန်း~"

"ကျေးဇူးပဲ ရီဖန် ပြန်လိုက်တော့နော်
ငါအကိုရှင်းနဲ့ပြန်လိုက်သွားတော့မယ်"

"ဘာ ဘာဖြစ်လို့လဲ မင်းပြောတော့
အကိုချန်းယောလ်ကို ကြောက်တယ်ဆို"

"ရီ ရီဖန် တ တကယ်တော့လေ
အကိုကြီးက အဟင့် ဟီး"

ဆယ်ဟွန်းဆက်မပြောနိုင်အောင်ထိ
တသိမ့်သိမ့်တုန်ငိုမိတော့တာ

ရီဖန်လည်းဘာမှန်းမသိပေမဲ့
သူ့သူငယ်ချင်းငိုတာကိုနှစ်သိမ့်ပေးဖို့
ဖက်ပေးထားလိုက်၏.....

အကိုရှင်းကလည်း ကားနားလေးတင်
ရပ်ကာအသာကြည့်နေ၏..

"ရီဖန် ငါတို့အကိုကြီးကို သနားလွန်းလို့
ဘယ်လိုလုပ်ရမလဲ ဟင့် ဟီး"

"သေချာမသိပေမဲ့ အားလုံး အဆင်ပြေ
သွားမှာပါ ဆယ်ဟွန်းရယ်"

ငိုနေတဲ့ဆယ်ဟွန်းကို
နှစ်သိမ့်ပေးနေတုန်း ကားတစ်စီး
အကြမ်းပတမ်းထိုးရပ်လာတယ်...

ပြီးတော့ ဆင်းလာသူက
ပတ်ချန်းယောလ်!

"ဟက် အိုဆယ်ဟွန်းတို့ လမ်းပေါ်မှာတောင် ဇာတ်လမ်းတွေဘာတွေ ရိုက်လို့ပါလား!"

"အ အကို အကိုကြီး!!!"

TBC.....

အရှည်ကြီးရေးပေးတယ်နော် 😊

.

Continue Reading

You'll Also Like

258K 787 1
@bjyxszd 🙆🌐 @yizhan✅✅ @Zhanyi❌❌
402K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
23K 522 6
It all started on Naruto's birthday when his problems came to light, now Sasuke is all he has. Sasuke's life has been shrouded in darkness as far as...
Restart By 朝陽

Fanfiction

819K 56.1K 42
ဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်