Storyboard အဖွဲ့အတွက် သီးသန့်
အစည်အဝေးခန်းတွင် MD ရဲ့ ညွှန်ကြားမှုများကို
နားထောင်ရင်း.. အပြင်မှာနဲ့ မတူပဲ တည်ငြိမ်
ရင့်ကျက်မှု အပြည့်နဲ့ MD ရဲ့ ပုံကို မြင်နေရသည်။
တကယ်လေးစားစရာပါပဲ..
TRက အာဏာ့အမေ အပိုင်ဆိုပေမယ့်၊
သူ့အမေ မရှိတော့တဲ့ နောက်ပိုင်း
အာဏာ့အဖေက MD ရဲ့ရင့်ပေါ်တွင်သာ
အာဏာကုန်လွှဲအပ်ထားသည်ဟု ကြားထားသည်။
တစ်ချို့ ဝန်ထမ်းတွေပြောကြတာတော့
MD ရဲ့ရင့်မရှိရင် TR လဲ ရှိလာစရာ
အကြာင်းမရှိတော့ဘူးတဲ့လေ..။
.......။
MD က သူ့မွေးနေ့ ညစာ လိုက်ကျွေးချင်တယ်
ဆိုတော့ ထူးထူး ငြင်းရမှာ အားနာတာနဲ့
လက်ခံလိုက်သည်။
သူက လာခေါ်မယ် ပြောသော်လည်း
ထူးထူးဘာသာပဲ လာခဲ့မည်ဟုပြောပြီး
သူချိန်းတဲ့ ဆိုင်ကို တစ်ယောက်ထဲ
မောင်းလာလိုက်သည်။
ဆိုင်ထဲရောက်တော့ ဒေါင့်စားပွဲတစ်ခုတွင်
သူထိုင်နေပြီး ထူးထူးဝင်လာတာနဲ့ လက်လှမ်းပြသဖြင့်
ထူးထူး ပြုံးမိကာ သူ့ဆီ လျှောက်သွားလိုက်ရင်း ...
"MD ရောက်နေတာ ကြာပြီလား...?"
ထူးထူး စကားစပြောတာနဲ့
ပြုံးရယ်နတတ်သော သူ..။
"ကိုက စောစော လာတာလေ..၊
မကြာသေးပါဘူး..ထိုင်..."
ထူးထူး လက်ထဲမှ ပါလာတဲ့ အိတ်လေးကို
MD အား လှမ်းပေးလိုက်ကာ....
"MD အတွက် မွေးနေ့လက်ဆောင်..."
"အာ ထူးထူးကလဲ မယူလာပါနဲ့ဆို..."
"မဟုတ်တာ.. ပေးရမှာပေါ့...၊
ကြိုက်လား ဖွင့်ကြည့်ဦး..
တန်ဖိုးတော့ အရမ်းမကြီးဘူး..."
"မလိုပါဘူး ထူးရယ်..."
ကလေးဆီက မွေးနေ့ လက်ဆောင်
မလိုချင်သော်လည်း ထူးထူး ပေးတဲ့
အမှတ်တရ တစ်ခု ရလို့ ရဲရင့် ပျော်မိသည်။
အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲတွင်
ခါးပတ်လေး...
"ကြိုက်ရဲ့လား...?"
"အင်း.. ထူးထူး ဘာပေးပေး ကြိုက်တယ်၊
ကျေးဇူးပဲနော် ထူး... ၊ ကဲ ဘာစားမလဲ ..မှာနော်..."
Menu စာရွက်ကို ထူးထူး ရှေ့ ၊
ထိုးပေးလိုက်တော့ ထူးထူးက
တစ်ရွက်ချင်းဆီ လှန်ကြည့်ကာ....
လွန်ခဲ့တဲ့ နှစိတွေတုန်း က ဒီလိုအစားအစာတွေနဲ့
လုံးဝ အသားမကျခဲ့..၊ ခုတော့ မေမေတို့ ခေါ်တဲ့
နေရာတွေ လိုက်ရင်း အသားကျခဲ့ပြီ ဖြစ်သည်။
ကိုယ်တိုင်သွားမစားဖြစ်သော်လည်း
ကိုခွန်းသော်တို့ ခေါ်လို့လိုက်ရင်
ဒီလို ဆိုင်က များသည်လေ။
ဦးသန့်ဇင်၏ ပိုက်ဆံ တွေ လူံးဝ မသုံးဟု
တစ်နှစ်လောက်ထိ တေးနိုင်သော်လည်း.. ၊
ခုချိန်မှာတော့ သူ့သားတစ်ယောက်အဖြစ်
နေသားကျနေပြီ ဖြစ်သည်။
ထူးထူး စားချင်တာ မှာလိုက်ပြီးနောက်
မျက်နှာမလွှဲ စိုက်ကြည့်နေသော MD ကို
ပြန်ကြည့်လိုက်ကာ menu
စာရွက်ထိုးပေးလိုက်ပြီး.....
"MD.. မှာလေ.."
"ကိုက မှာပြီးပြီ... "
"ဪ..
"ဒီခါးပတ်ကို . နေ့တိုင်းပတ်ရမလို ဖြစ်နေပြီ..."
သူက ခါးပတ်လေးကို ကြည့်မဝဖြစ်ကာ
စသလိုပြောတော့ ထူးထူးပြုံးလိုက်မိသည်။
............
"အသူရာ....ဒီမှာ ကြည့်ဦး...."
ဝတ်ရည် ပြသော ဖုန်းကို ယူကြည့်လိုက်တော့
ဓာတ်ပုံတစ်ပုံ...၊ စားသောက်ဆိုင်တွင်
မုန့်စားနေသော ထူးထူးနှင့် ထူး၏ ရှေ့မှာ
နောက်ကျောသာ မြင်ရသော လူတစ်ယောက်.
ထိုင်နေသည်။
နောက်တစ်ပုံကျတော့ ထိုလူ့မျက်နှာကို
မြင်လိုက်ရတော့......
"ဟင်. အဲ့တာ TR က MD ပဲ..."
"ဟုတ်တယ်လေ ၊ သူနဲ့ ထူးထူးနဲ့ ဘယ်တုန်းက
ရင်းနှီးသွားတာလဲ....?
fujoshi တွေက ship နေကြပြီ..."
ဝတ်ရည်ပြောမှ caption ကိုကြည့်လိုက်တော့ ....
** TR MD ကြီးနဲ့ artist htoo hoo လေးပါလား ..
ကိုယ်တော့ ship ပြီလေ....
အခြေအနေ အသေးစိတ်ကို
စတင် စုံစမ်းမည်** ဆိုပဲ
ဝတ်ရည်က ဆူပုတ်ကာ
မကျေမနပ်ဖြစ်နေလေသည်။
ကြည့်ရတာ ထူးကို သူ့အကိုနဲ့ပဲ
သဘောတူထားပုံရသည်။
MD နဲ့ ထူးထူး ညစာသွားစားတာတော့
အသူရာ မသိပေမယ့် MD ကြီး
ထူးကို အကြိုအပို့ လုပ်ပေးနေတာတော့သိသည်။ ထို့ကြောင့် ဝမ်းသာအားရပင်
ထူးအား support လုပ်ပေးဖြစ်သည်။
ထူးဆီမှာ အာဏာ့အရိပ်တွေ လွှမ်းနေဦးမှာ
အသူရာမလိုလား။ စိတ်သစ်လူသစ်နဲ့ ချစ်ရတဲ့
လူ အသစ်တစ်ယောက်ကို အမြန်
ရှာစေချင်နေပြီဖြစ်သည်။
ထူးအပေါ်အရမ်းကောင်းတဲ့ လူနဲ့သာ
ပေါင်းဖက်စေချင်သည်။
.......
ညအိပ်ခါနီး ၊ ထူး ဖုန်းကိုကြည့်မိစဉ်၊
လေးလေး ချမ်းရဲ အကောင့်တွင် တင်ထားသော၊ အာဏာ၏ ဘွဲ့ဝတ်စုံနဲ့ ပုံလေးတစ်ပုံတွေ့တာကြောင့် ၊
ထိုနေရာမှာတင် လက်က ရပ်တန့်သွားရသည်။
ဘွဲ့ဝတ်စုံကို ဝတ်ဆင်ထားလျှက် ၊
လက်တစ်ဖက်နှင့် ကိုင်ထားသော ဘွဲ့လက်မှတ်ကို
မျက်နှာနားအပ်ထားသော အာဏာ၏
အပြုံးတွေက အသက်ဝင်လျှက်...
ထူး ကုတင်ပေါ်မှ ထလိုက်ကာ..၊
တစ်ညလုံး မအိပ်ပဲ ထိုပုံလေးအား
ပန်းချီကားတစ်ချပ်အဖြစ် ရုပ်လုံးဖော်နေမိသည်။
ဘာကြောင့်ရယ်လို့ အဖြေမရှိပဲနဲ့ပေါ့....။
..............
စားမေးပွဲနီးနေတာကြောင့် ထူးထူးလေးကို
သွားအားပေးရန် ဒေါ်အိငွေ အလုပ်မသွားခင်
အခန်းထဲဝင်ခဲ့တော့ ကုတင်ပေါ်တွင်
ကန့်လန့် အနေထားနဲ့ မှောက်ရက်လေး
အိပ်ပျော်နေသော ထူးလေး...
ဒီနေ့ ကျောင်းမသွားရဘူး ထင်တယ်..၊
ဒေါ်အိငွေ ထူးထူးရဲ့ နဖူးလေးကို ခပ်ဖွဖွ
နမ်းလိုက်ကာ အခန်းထဲမှ ပြန်ထွက်မည် အလုပ် ၊
ဘေးတွင် ထောင်ထားသော ဆွဲလက်စ
ပန်းချီကားလေးကို ကြည့်ပြီး မင်တက်သွားသည်။
အာဏာမင်းဆက်၏ ပုံပါလား.?
ထူးထူးဘာလို့ အာဏာဆိုတဲ့ ကလေးပုံကို
ဆွဲနေရသနည်း.?
ဒီကလေးကတော့ စားမေးပွဲနီးနေတာကို
ဘာတွေ လုပ်နေလဲ မသိ..။
ဒေါ်အိငွေ ငါးထောင်တန် တစ်အုပ်ကို ထူးထူးရဲ့
စာကြည့် စားပွဲပေါ် တင်ပေးထားလိုက်သည်။
ဒီအိမ်ကို စရောက်ရောက်ခြင်းကတော့ ခေါင်းမာကာ
မာနတွေထားနေတဲ့ ကလေး.. ၊
ခုတော့ လိုက်လျောညီထွေ နေတတ်
ထိုင်တတ်နေပြီ ဖြစ်သည်။
ဒေါ်အိငွေ အသုံးစရိတ် ပေးလျှင်လဲ မငြင်းတော့..
ခွန်းသော်နဲ့ လဲ အဆင်ပြေနေကြတော့
စိတ်အေးရပါသည်။ ဘယ်လိုပဲဖြစ်ဖြစ်
ထူးထူးကိုတော့ အလုပ်တွေ လေ့လာဖို့
ပိုပြီးတိုက်တွန်းရဦးမည်။
အလုပ်အကြောင်းပြောတိုင်း
အကြာင်းအမျိုးမျိုး ပြတတ်တဲ့ကလေး...။
ဒေါ်အိငွေ ထူးထူးရဲ့ အခန်းတံခါးကိုလေးကို
ဖွဖွလေးပိတ်ကာပြန်ထွက်ခဲ့သည်။
သားလေးကို ပစ်ထားတာ ကြာနေပေမယ့်
သားလေးအတွက်ပဲ မေမေကြိုးစားနေတယ်
ဆိုတာ သားသိပါစေ..။
..........။
ကိုယ်ဆွဲထားတဲ့ ပန်းချီလေးကို ကိုယ်တိုင်ပြန်ပြီး
ကြည့်နေချိန်၊ ခံစားချက်တို့ ကင်းမဲ့စွာ.....
နောက်ဆုံး စုတ်ချက်အပြီး၊
ပန်းချီကား၏ အောက်ဖက်ဒေါင့် တစ်နေရာတွင်
နာမည် လေးတစ်ခုကို ကောက်ရေးလိုက်သည်။
(.......Dan yar........)
............
"ဟဲ့ ..အခု လူရွေးပွဲ ခေါ်နေတဲ့ Entertainment
အသစ်ကို သိလား....?"
အသူရာ၏ အမေးကို ထူးထူး ခေါင်းခါလိုက်တော့...
"ငါ သွားပြိုင်မလားလို့..."
"ဟင်..."
"သူက trainer တွေလဲ မိုက်တယ်...၊
ပြီးတော့ တော်တော် ရေပန်းစားနေတာ.. ၊
အဲ့မှာသာ စကာတင်ပါသွားရင် မိုက်ပြီပဲ...."
"နင်က အဆိုတော်လုပ်မလို့လား....?"
"အေး..."
အသူရာက ပေါ့ပေါ့ပါးပါးပင် ပြောသည်။
သူက ငယ်ငယ်ထဲက ရည်မှန်းချက်ရယ်လို့
မယ်မယ် ရရ မရှိခဲ့...
ခုလဲ ပြီးစလွယ်ပဲ ပြောနေလေသည်။
"နင် တကယ်ဝါသနာပါလို့လား...?"
"ဝါသနာတော့ မပါဘူး .. ၊
ဒါပေယ့် ..ငါ့အသံကောင်းတာ နင်လဲ သိတာပဲ..၊
ပွဲဦးထွက် အဆိုတော်ဆို
လူစိတ်ဝင်စား ခံရမှာလေ...."
ထူးထူး သက်ပြင်းချလိုက်ကာ
"နင် က လူစိတ်ဝင်စားခံချင်လို့မလား..၊
ဝါသနာမပါပဲ လုပ်ရင် ..
နင့်အတွက် မကောင်းဘူးနော်... ?"
"နင်ကလဲ.. နင့်တို့လို ပိုက်ဆံရှိတဲ့ လူတွေကတော့
ဝါသနာပါတာကို လုပ်နိုင်တာပေါ့...၊
ငါတို့က ဝါသနာပါတာ
လိုက်လုပ်နေရင် ထမင်းငတ်မှာပေါ့...."
သူ ထိုစကားပြောလာမယ် ဆိုတာ ထူးထူးသိသည်။
ထိုအလုပ်ကိုလဲ ပေါ်ပြူလာဖြစ်ချင်တာကြောင့်
လုပ်ချင်တာဆိုရင် သူက လွယ်လွယ်နဲ့
လက်လျှော့လိုက်မှာ စိုးသည်။
"နင် ခွန်းသော်နဲ့ကော တိုင်ပင်ပြီးပြီလား..?."
"ဟင့်အင်း.. သူက အရင်တစ်ခါ TRကလုပ်တဲ့
လူရွေးပွဲတောင် မသွားခိုင်းဘူး.. ၊
training ကြမ်းတယ်တဲ့.. ၊
ငါလုပ်နိုင်မှာ မဟုတိဘူးတဲ့....၊
အဲ့တာကြောင့် ခု မပြောတော့တာ...."
"သူပြောတာ မှန်တယ်.. ၊အဆိုတော် က
လွယ်လွယ်နဲ့ ဖြစ်တာ မဟုတ်ဘူး..၊
နင့်စိတ်ထဲမှာ လွယ်လွယ်လေးနဲ
့ အသံကောင်းရုံဖြစ်တယ် ထင်နေတာလား... ၊
အဆင့်ဆင့် ကျော်ဖြတ်ရဦးမှာ ၊
အဲ့ဒဏ်ကို နင်ခံနိုင်မှာ မဟုတ်ဘူး.."
"ဘယ်အရာမှ လွယ်လွယ် မဖြစ်ဘူးဆိုတာ
ငါသိတယ်..
အဲ့တာနဲ့ပဲ ငါ့မှ ကြိုးစားပိုင်ခွင့်မရှိတော့ဘူးလား..၊
ငါ့ကိုဘာလို့ မယုံကြည်ကြတာလဲ..?."
အသူရာ ထူးထူးအပေါ် လေသံမမာသဖူး
မာသွား တာကြောင့်...
"နင်က ဝါသနာ မပါဘူး ပြောလို့ပါ... "
ဟူ၍ ထူးထူး ပြန်လျော့ပေးလိုက်တော့...
"နင်တစ်ယောက်ကတော့ ငါ့ကို နားလည်ပေးပြီး
အားပေးမယ် ထင်ထားတာ..၊
နင်ကပါ ဘယ်လ်ုဖြစ်တာလဲ..၊
.ငါမှာတော့ နင်ဘာလုပ်လုပ် အမြဲ နင့်ဘက်ကပဲ
ရပ်တည်ပေးခဲ့တာ....နင်ကတော့
ဘယ်လိုဖြစ်တာလဲ....တော်ပြီ..."
အသူရာ ထိုင်ခုံမှ ထထွက်သွားတော့
ထူးထူး လှမ်းတားကာ
"ငါအားပေးမှာပါ အသူရာ ရယ်..၊
ငါက နင့်အတွက် စိတ်ပူလို့ ပြောတာပါ.. ၊
သွားပြိုင်နော်....
လိုအပ်တာ ငါအကုန် လိုက်လုပ်ပေးမယ်...."
သူ ပြောတာလဲ မှန်ပါသည်။
ထူး ဘာဖြစ်ချင် ဖြစ်ချင်
သူ အကုန် ဖြည့်စည့်းပေးခဲ့တာ ၊
အကုန် နားလည်ပေးခဲ့တာလေ...
သူက နှုတ်ခမ်းဆူပုတ်ပုတ်လုပ်နေတာကြောင့်....
"ငါ့သူငယ်ချင်းလေးကို ငါက အားပေးရမှာပေါ့...."
ထိုတော့မှ သူကပြုံးသွားကာ ပြန်ထိုင်လေသည်။
ဒါလေး တစ်ယောက်ပဲ ရှိတာ ၊
သူ အငြိုငြင်ခံလို့ မဖြစ်။
.............
"ဘယ်မှာ ပြိုင်မှာ..?."
"အခု လူရွေးပွဲခေါ်နေတဲ့
Entertainment အသစ်လေ...."
ခွန်းသော်က အသူရာ့အား မျက်မှောင်ကြုတ်
ကြည့်လာစဉ်၊အသူရာ ခေါင်းကုတ်လိုက်ပြီး၊
ထူးထူးအား လက်တို့ကာ အကူအညီတောင်းတော့
ထူးထူး ဘာပြောရမှန်းမသိခင် ၊ မော်က...၊
"Emperor လား..?"
ဟုမေးတော့ အသူရာက
ခေါင်းတဆတ်ဆတ်ညိတ်ရင်း၊
ခွန်းသော်နား သွားမှီထိုင်ကာ
"ပြိုင်မယ်နော်... နော်.. နော်..."
ဟုပြောစဉ်၊ ခွန်းသော်က ထူးထူးကို
ကြည့်လာတာကြောင့် ထူးထူး
နည်းနည်းတော့ ကြောင်သွားရသည်။
သူ တစ်ခုခု ပြောချင်တာကို
ဖုန်းကွယ်လိုက်ပုံရသဖြင့်...
သူ့အား အကဲခတ် နေစဥိ၊ မော်က..
"Emperor က အာဏာ ထောင်ထားတာ.."
ဟူ၍ ပြောလိုက်မှ၊
အကြောင်းအရင်းမှန်ကိုသိတော့သည်။
သူက Entertainment တစ်ခုတောင်
ထောင်နေပြီလား၊
"ဘာ..!!!"
အသူရာ၏ အော်သံကြောင့်
အားလူံး ထိတ်လန့်တကြား...
"အာဏာ ထောင်ထားတာ...!!..၊
ဘုရား ဘုရား တော်သေးတာ ပေါ့၊
တော်ပြီ တော်ပြီ၊
လူံးဝ ခြေဦးတောင် မလှည့်တော့ဘူး.."
ဟုဆိုလေသည်။
မော်ရော၊ ခွန်းသော်ရော ဘာဆက်ပြောရမှန်း
မသိသလို ထူးထူးကို လှမ်းပြီး
အကဲခတ်နေကြတာကြောင့် ..
ထူး ပြုံးလိုက်ကာ...
"ထူး အတွက် စိတ်မပူပါနဲ့၊
အားလုံး အဆင်ပြေတယ်၊
အသူရာ..? နင် ပြိုင်ချင်ပြိုင်ပါ၊
ရခဲတဲ့ အခွင့်အရေး..."
"နိုး နိုး နိုး... လူံးဝကို မပြိုင်တာ...."
...........။
ကောင်မလေးတစ်ယောက်တင်ထားတဲ့
ထူးထူးနဲ့ ပုံတွေ ထွန်းမင်း လာပြတာကြောင့်
ရဲရင့် သဘောတွေ ကျနေမိသည်။
မိမိ ဂုဏ်သိက္ခာထိခိုက်နိုင်သော်လည်း
မျက်နှာက မပြုံးပဲ မနေနိုင်...။
သူ့တို့ ပြောသလို ကို့ကလေးပဲ
ဖြစ်လိုက်ပါတော့ လား ထူးရယ်..။
"MD ..."
ရုံးခန်းထဲ ဝင်လာတဲ့ ထွန်းမင်းရဲ့
ခေါ်သံကြောင့် မျက်နှာကို
ချက်ချင်းပြန်တည်လိုက်ကာ.....
"အင်း..ပြော.."
"Emperor ရဲ့ လူရွေးပွဲ ရလဒ်တွေ ထွက်လာတယ်
.ပထမနေ့က လာပြိုင်တဲ့ လူက TR နောက်ဆုံး
လုပ်ခဲ့တဲ့ လူရွေးပွဲထက် ပိုများနေတယ်....."
ထွန်းမင်းပေးတဲ့ စာရွက်စာတမ်းတွေ
ဓာတ်ပုံတွေကို ယူကြည့်ရင်း...
"သူတို့ သုံးထားတဲ့ cele တွေက
လူငယ်အကြိုက်တွေ များနေတယ်..၊
ပြီးတော့ ကြော်ငြာအားက တော်တော်လေး
ကောင်းပုံရတယ်..."
"အင်း..."
ဆယ်နှစိကျော်လောက်တည်လာတဲ့
TR ကို ပွဲဦးထွက်မှာတင် ကျော်သွားတဲ့
Emperor က အသက်နှစ်ဆယ် စွန်းစွန်း
လူငယ်တစ်ယောက် ဦးဆောင်နေတာဆို
ဘယ်သူ ယုံမှာလဲ..။
"သူဠေးရဲ့ ဖိအားတွေ တော့ ရှိလာမှာပေါ့..၊
ဒါပေမယ့် ငါကတော့ အရမ်းမလောချင်ဘူး...၊
ငါ သွားနေကြ အတိုင်းပဲ ဆက် သွားမယ်...၊
ရေရှည်တည်မြဲဖို့ လိုသေးတယ်လေ ..၊
ချက်ချင်းကြီး ပုံစံ လိုက်ပြောင်းလိုက်ရင်
ပိုဆိုးလိမ့်မယ်...."
ထွန်းမင်းက ခေါင်းကို ညိတ်ကာ
နားထောင်နေသည်။ ရဲရင့်သဘောအရဆို
အဲ့လို လိုက်ပြိုင်နေတာထက်
ကိုယ့်နာမည် နဲ့ ကိုယ်သွားတာကိုပဲ
သဘောကျသည်။
ခက်တာက ဟိုကလေးက TRကို ဖြိုခွဲမယ်
အထိပါ ကြုံးဝါးထားတော့ ဦးမင်းဆက်အောင်က
လန့်နေခြင်းပင်။
တကယ်ဆို သားအဖနှစ်ယောက်ကြားမှာ
ထိုသို့ ဖြစ်နေဖို့ မလိုဘူးဟု
ရဲရင့်ကတော့ ယူဆသည်၊
အမေရက်လည်နေ့မှာ အဖေက လူကြားထဲ
နောက်မိန်းမ ယူမယ်လို့ ပြောခဲ့တဲ့ နေ့ကို
ပြန်အမှတ်ရသည်။
ထိုနေ့က ရဲရင့်လဲ ထိုနေရာတွင် ရှိနေခဲ့သလို
အာဏာမင်းဆက်က မျက်နှာတစ်ချက်
မပျက်သွားတဲ့ အပြင် ရပိုင်ခွင့်တွေ
အကုန်လူံးတောင်းဖို့ သတိရတဲ့ ခေါင်းငုံ့မခံတဲ့
စိတ်က သာမာန်တော့ မဟုတ်..။
စိတ်ထက်လွန်းတာကြောင့် အမှားပါနိုင်သော်လည်း
ဘေးတွင် ထိန်းကွပ်မယ့် ဦးလေးတစ်ယောက်
ရှိထားတယ်လို့ သိရသည်။
သူ့ရဲ့ ခြေလှမ်းတွေကို နည်းနည်းလောက်
စောင့်ကြည့်ရမှာပဲ... ၊
.....။
"ရေး.....!!!...."
စာမေးပွဲနောက်ဆုံးနေ့တွင်
အလန့်တကြားထအော်ကာ
အသူရာ တစ်ယောက်
ခုန်ပေါက်နေလေတော့သည်။
"အသူရာ ဘာဖြစ်တာလဲ...?..."
ခွန်းသော်က အလန့်တကြားထမေးချိန် ...၊
ထူးထူးရယ်လိုက်မိသည်။
သူကတော့ အမြဲ အကဲပိုနေတာ..
"ပျော်လို့လေ.. ကျောင်းပြီးပြီကို......."
ဆံပင်တွေခါရမ်းသွားအောင်
ခုန်ဆွခုန်ဆွလုပ်နေသော
အသူရာ့ခေါင်းလေးအား
ခွန်းသော်က လိုက်ဖွရင်း..
"အောင်မယ် ဆိုတာ သေချာတယ်ပေါ့..."
ဟုစလိုက်တော့ ...
"သေချာတာမှ ၁၀၀% .. ကိုကရော...?.."
"ကိုက စာရင်းထဲတောင် မရှိဘူး..."
"အမယ်..."
နှစ်ယောက်ကို ကြည့်ရင်း ထူးထူး ကြည်နူးမိချိန်၊
မိမိမှာတော့ ကိုယ့်အပူနှင့်ကိုယ်။
ကျောင်းပြီးလို့ သူများတွေ ဘယ်လိုပဲ ပျော်ပျော် ၊
ထူးထူး အတွက်တော့ စိတ်ဖိစီးမှုကြီးတစ်ခုပင်..၊
ဘယ်အချိန်ရောက်လာဦးမလဲ မသိတဲ့ မေမေ့ရဲ့
ဖိအားတွေကို ရင်ဆိုင်တွန်းလှန်ရဦးမည်။
ဦးသန့်ဇင်ကို အားနာမိတာတော့ မှန်ပေမယ့်
ထူးထူး သူ့အလုပ်ကိုတွေကို လုံးဝ လုပ်ချငိစိတ်မရှိ..၊
ကိုခွန်းသော်ကလဲ ထိုအတိုင်းပဲ ဆိုတာကို ထူးသိသည်။
အစကတော့ သူ့နေရာ ဝင်တယိဆိုပြီး
ထူးထူးကို မကြည်ခဲ့သော်လည်း တကယ်တမ်း
ဦးသန့်ဇင်နေရာမှာ ဝင်လုပ်မလားဆိုတော့
မလုပ်တော့.. သူဝါသနာပါတဲ့ အဆိုတော်
အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်တော့မည့်
အနေအထားဖြစ်သွားသည်။
သူ့အခွေကလဲ ထူးတို့ ထင်ထားတာထက်ပင် ပို၍
ပေါက်ခဲ့ကာ၊ နာမည်ရ အဆိုတော်တစ်ယောက်
ဖြစ်နေလေပြီ။
...................
အာဏာ့ကို မုန်းတီးစွာ ၊ နာကျဉ်းစွာ
ပြန်လက်မခံခဲ့ပေမယ့် သူပေါ်မလာတော့တဲ့
နေ့တွေကိုတော့ ပြက္ခဒိန် မှာ မှတ်သားထားတာ
ခုဆို ရင် တစ်လနီးပါး..၊
ရက်တိုင်း ရက်တိုင်း ၊သူပြန်လာခဲ့ရင်
ထားမိမယ့် ချစ်တဲ့ စိတ်တွေကို နှုတ်ယူနေမိသည်။
သို့သော် သူပြန်လာမယ့် အချိန်ကိုတော့
မသိစိတ်က စောင့်မျှော်နေမိသည်ဆိုတာ ငြင်းမရ....
အခန်းထဲတွင် ထောင်ထားတဲ့ ပန်းချီကားလေးကို
လှမ်းကြည့်မိသည်။
တွေ့စတုန်းက သိပ်ကိုချိုခဲ့တဲ့ အပြုံးတွေ.....
တံခါးခေါက်သံကြားတာကြောင့် အတွေးတို့
ဖြတ်ကာ ပန်းချီကားကို အဝတ်အုပ်ပြီး
တံခါးသွားဖွင့်ပေးတော့ တိုက်ဆိုင်စွာပင်...၊
အာဏာမင်းဆက်ဖြစ်နေသည်။
"ထူးထူး..."
သူက ထူးထူးအား ပြုံးကြည့်ရင်း
သူ့လက်ထဲမှ တစ်စုံတစ်ခု အား ထောင်ပြကာ...
"ရော့..."
သူပေးတဲ့ အရာက အနက်ရောင်
စာအိတ်လေး တစ်အိတ် ဖြစ်နေတာကြောင့်
ထူး ကြည့်လိုက်တော့ စာအိတ်ပေါ်တွင်
Vvip ဟူ၍ ရေးထားလေသည်။
"ဘာလဲ..?"
"ကို့ entertaiment ဖွင့်ပွဲ....၊
ကိုနဲ့ အတူ ပွဲတက်ပေးပါ...."
သူပြောလိုက်သော စကားကို
ထူး ယုံတောင် မယုံနိုင်၊
"ခုချိန်မှာ.. ကို ဘာကိုမှ မကြောက်တော့ဘူး...၊
ကိုတို့ နှစ်ယောက် အကြောင်း
ဘယ်သူတွေ ဘာပြောပြော၊
ဘယ်သူတွေပဲ တားတား၊
ကိုမကြောက်တော့ဘူး... ထူး..."
ထူး သူ့အားမော့ကြည့်နေရင်း၊
ပျော့ညံ့လုနီးပါးစိတ်ကို ထိန်းချုပ်နေရသည်။
သူနဲ့ တူတူ ပွဲတက်ပေးရမယ်ဆိုတဲ့ အသိက ၊
"ထူးမှာ စဉ်းစားချိန် အချိန် သုံးလ ရှိပါသေးတယ်...၊
လူကြားထဲမှာ emperor ကို တည်ထောင်တဲ့
သူရဲ့ အချစ်ရဆူံး လူအဖြစ်၊ ကို့လက်ကို တွဲပြီး ၊
ကိုရဲ့ အားတစ်ခု ဖြစ်နေပေးပါ....၊
ကိုစောင့်နေပါ့မယ်....."
သူ့စကားတွေက သူ့ကို အနှစ်နှစ် အကာလ
မုန်းတီးခဲ့ရတာတွေ၊ နာကျဉ်းရခဲ့ရတာတွေ၊
ခု သူပြန်လာတဲ့ အချိန်မှာတောင့်ခံ ထားရတာတွေ
အားလုံးကို အစိတ်စိတ်အမွှမွှာ ခွဲလိုက် သလိုပင်။
သိပ်တော်လွန်းပါတယ် အာဏာမင်းဆက်....။
"အဲ့တာပြောမလို့မလား... ၊ ပြီးရင် ပြန်တော့လေ..."
ဟု ပြောတော့ သူက ခေါင်းညိတ်ကာ...
"ကိုစောင့်နေမယ်နော်..."
ဟုပြုံးကာပြောပြီး ထွက်သွားလေသည်။
လက်ထဲမှ ဖိတ်စာလေးကို ကြည့်ရင်း
ထူးထူး မင်သက်စွာ ကျန်ခဲ့လေသည်။
ထူး သူ့ကို ယုံကြည်ပေးသင့်သေးရဲ့လား...။
ကြောက်နေမိတာတော့ အမှန်ပင်....။
............
TR entertainment မှာလုပ်ရတဲ့ projectလေးက
ဒီနေ့မှာပဲ ပြီးဆုံးသွားသလို၊ မကြာခင်မှာ
မိမိရဲ့ artwork အချို့ကို
အဆိုတော် ညို့ရဲ့ mtv တွေမှာ ကြည့်ရုံသာ....။
ပထမဆုံး ကိုယ်ဝါသနာပါတာနဲ့ လုပ်ခဲ့ရတဲ့
အလုပ်လေးကို ထူး ဘယ်တော့မှ မေ့မယ် မထင်။
...........
MD က ထူးအလုပ်ပြီးသွားတာကြောင့်
နောက်အလုပ်တစ်ခု အတွက် ကမ်းလှမ်းရင်း
ထူးအား ညစာ လိုက်ကျွေးလေသည်။
သို့သော် နောက်အလုပ်ကို ထူး ငြင်းဆန်လိုက်ရသည်။
မကြာခင်မှာ မေမေထားတဲ့ နေရာမှာ
ထူးနေရတော့မှာလေ။
"ဒီကြားထဲ ဘယ်သူ့ကိုမှ ဘာမှ မပြောပဲ
နေပေးလို့ ကျေးဇူးပါ MD .."
"ဟုတ်ပါပီ ဗျာ...၊
ကိုက ထူးကို အရင်လိုမမြင်ရတော့ဘူး
ဆိုတော့ စိတ်မကောင်းဖြစ်နေတာ၊ .."
ဆက်လုပ်ပါလို့ အတင်းမတောင်းဆို.၊
အားလုံးကို နားလည်ထားသလိုပင်..၊
MD ရဲရင့်က အရာအားလူံးကို နားလည်တတ်သူ
တစ်ယောက် ဟု ထူးထူးမြင်မိသည်။
"မြင်ရပါတယ် ထူးကို မုန့်လိုက်ကျွေးပေါ့...."
ထူးထူးက စလိုက်တော့ သူကရယ်ကာ...
"တကယ်လား..
အဲ့တာဆို ညတိုင်းလိုက်ကျွေးလိုက်မှာနော်..."
သူ့စကားကြောင့် နှစ်ယောက်လုံး
အတူ ရယ်မိကြသည်။
ထူးထူးတို့ စားသောက်ပြီး ကားပါကင်ရှိရာသို့
ပြန်လာချိန်တွင် MD က ထူးထူးကားနားထိ
လိုက်လာကာ..ထူး ကားပေါ် တက်ခါနီးတွင်...
"ထူး...."
"ဗျာ.."
ထူး သူ့အား လှည့်ကြည့်တော့ သူ့မျက်နှာက
အနည်းငယ် တည်ငြိမ်နေသယောင်ရှိပြီး
စိတ်လှုပ်ရှားနေဟန် ဖြစ်နေကာ
"ကို ထူးကို ပြောစရာရှိတယ်..."
"ဟုတ် ပြောလေ ကိုရဲရင့်..."
သူ အတန်ကြာ စဉ်းစားနေပြီးနောက်....
"ကို ထူးကို ချစ်တယ်..."
မထင်မှတ်ထားသော အချိန်မှာ ကြားလိုက်ရသော
စကား ဆိုပေမယ့်၊ သူ တစ်ချိန်ချိန်ပြောလာမယ်
ဆိုတာ ကြိုသိနေပြီး သားဖြစ်သည်။
သို့သော် ထူး သူ့အား မျှော်လင့်ချက်တွေ မပေးချင်၊
ကိုမချစ်နိုင်တဲ့ လူတစ်ယောက်၊
ကို့အပေါ် ကောင်းတဲ့ လူတစ်ယောက်ကို မထိခိုက်၊
မနာကျင်စေချင်တာ ဟိုး အရင်ထဲက
ထူး၏ ဆန္ဒဖြစ်သည်။
ထို့ကြောင့် သူ့အား ငြင်းဆန်ရန် ၊
ဘယ်လို စကားလှအောင် ပြောရမလဲ
ထူး စဉ်းစားနေစဉ်...
သူ့၏ နောက် ၊ တစ်နေရာ၊ ထူးထူး၏
ရှေ့တည့်တည့်တွင် ရပ်နေသော
လူတစ်ယောက်ကြောင့် ထူး မင်တက်သွားရသည်။
အာဏာမင်းဆက်...
သူ ထူးထူးတို့ကို လှမ်းကြည့်နေသည်။
ကိုရဲရင့်ပြောသည့် စကားကို ကြားလောက်သည့်
အနေအထားတွင် သူရပ်နေတာကြောင့်၊
ထူး ၊ ကိုရဲရင့်အား ပြန်ဖြေမည့် စကားကို
သူစောင့်နေပုံရသည်။
ထူး သက်ပြင်းချလိုက်ကာ...
"ထူးကို စဉ်းစားခွင့်ပေးပါ ကိုရဲရင့်...."
လူတစ်ယောက်ကို အနိုင်ယူဖို့ အတွက်၊
ကျန်သူ တစ်ယောက် ကို နာကျင်အောင်
လုပ်မိသည့် အထဲတွင် ထူးပါ ပါနေရသည့်
အဖြစ်မျိုး ကြုံခဲ့ရသည်။
ထူးက လူဆိုးတစ်ယောက် ဖြစ်နေပြီ၊
အာဏာမင်းဆက်.. အဲ့တာ နင့်ကြောင့်....။
သူ ထူးကို ရန်လာမရှာခဲ့ပါ၊
မျက်နှာ အနည်းငယ် ညှိုးကာ
ကားပေါ်တက်သွားပြီး ၊
ကားက တော်တော်နဲ့ ထွက်မလာတော့ ၊
ထူးတို့ ပြန်သွားသည့်တိုင် သူ့ကားက
ထိုနေရာမှာပင် ကျန်ခဲ့လေသည်။
နင် ငါ့အပေါ် လုပ်ခဲ့တာတွေက
အဲ့တာထက် အများကြီး ပိုပါတယ် အာဏာရယ်...။
..............