ဒဏ်ရာ

By noe-wai-lava

653K 43.3K 623

ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏျရာတှပေ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45(The end)
noe wai to ❤️❤️❤️
Part-1 ( Unicode)
Part-2 (Unicode)
Part-3 ( Unicode)
Part-4 ( Unicode)
Part-5 ( Unicode)
Part-6 ( Unicode)
Part-7 ( Unicode)
Part-8 ( Unicode)
Part-9 (Unicode)
Part-10 ( Unicode)
Part-11 ( Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-21 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-25 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-30 (Unicode)
Part-31 ( Unicode)
Part-32 ( Unicode)
Part-33 ( Unicode)
Part-34 (Unicode)
Part-35 (Unicode)
Part-36 (Unicode)
Part-37 (Unicode)
Part-38 ( Unicode)
Part-39 (Unicode)
Part-40 (Unicode)
Part-41 (Unicode)
Part-42 ( Unicode)
Part-43 ( Unicode)
Part-44 ( Unicode)
Part-45 ( The end) (Unicode)

Part-28

5.9K 443 1
By noe-wai-lava

အသူရာထင်သည့် အတိုင်းပင် ခွန်းသော်က
အိမ်ကို ရောက်ချလာတာကြောင့် အပြင်မှာ
ထိုင်စောင့်နေမိတာ မှန်သွားလေသည်။
အသူရာ့တို့ နှစ်ယောက် ကိစ္စကို ထူးထူး
ဘာမှ မသိလိုက်ပဲ ပြီးသွားချင်တာ
အသူရာ့ ဆန္ဒဖြစ်သည်။

သူကားပေါ်မှ ဆင်းလာချိန်၊
အသူရာ ခြံထဲမှ ထွက်လာခဲ့ကာ

"အသူရာတို့ ပြောစရာမရှိတော့ဘူးထင်တယ်..."

ဟုပြောလိုက်တော့ သူက အသူရာ၏ လက်မောင်း
နှစ်ဖက်အား ခပ်တင်းတင်းဆုပ်ကိုင်ရင်း
အသူရာ့အား စေ့စေ့ ကြည့်ကာ...

"ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ကိုတို့နှစ်ယောက်
ဘာလို့ ဝေးရမှာလဲ...??"

"ဘာမဟုတ်တဲ့ ကိစ္စ...?
ဘာလို့ ဘာမဟုတ်တဲ့ ကိစ္စဆိုတာကို
ထပ်ခါထပ်ခါ ပြောနေတာလဲ ခွန်းသော်၊
လူတစ်ယောက်ကို အရုပ်တစ်ရုပ်လို
ကစားချင်တိုင်း ကစားတာ
ဘာမဟုတ်တဲ့ ကိစ္စလား...?"

"အဲ့တာ သူ့ကိစ္စလေ ၊ ကိုတို့နဲ့ ဘာဆိုင်လို့လဲ...?၊ "

အသူရာ၊ စိုင်းမင်းခွန်းသော်အား
စိတ်ပျက်စွာ ကြည့်မိရင်း..

"သူက အသူရာ့သူငယ်ချင်းပါ ခွန်းသော်၊
ခွန်းသော်သာ အသူရာ့ကို
အလေးထားခဲ့မယ် ဆိုရင်၊
ထူးထူးသော်ကိုလဲ ငဲ့ညာခဲ့မှာပဲ..... ၊
အခုတော့ .. ခွန်းသော်က ကစားပွဲထဲမှာ
ကျေကျေနပ်နပ်ကြီးပါဝင်နေတဲ့
လူ ဖြစ်နေတာလေ....."

"သူ့ကို ကိုက ဘာလို့ငဲ့ညာရမှာလဲ..?
သူက ကို့နေရာကို လုယူဖို့ ရောက်လာတဲ့ လူလေ၊
အသူရာ ကို့ဘက်ကိုရော
တစ်ချက်လောက်တွေးဖူးလား...?
သူ့ကြောင့် ကိုဘာတွေ
ဆုံးရှုံးနစ်နာခဲ့လဲ အသူရာသိလား..?"

သူကိုင်ထားတဲ့ လက်တွေကို
အသူရာ ဖယ်ခွာလိုက်ရင်း..

"ထူးထူးက ရိုးသားဖြူစင်တဲ့
ကလေးတစ်ယောက်ပါ ခွန်းသော်၊
ခွန်းသော်တို့လို မာယာမများဘူး...၊ "

"ကျွတ်.. မင်းက ဘာလို့
မင်းသူငယ်ချင်းလောက်တောင်
ငါ့အပေါ် အရေးမပေးရတာလဲ..?"

"အသူရာက မှားနေတဲ့ဘက်က
မရပ်တည်ချင်တာပါ ၊
အသူရာ့ကို အေးအေးဆေးဆေး
လမ်းခွဲပေးပါ ခွန်းသော်..."

ခွန်းသော်က အသူရာ့ကိုယ်လေးအား
ခပ်ကြမ်းကြမ်းဆွဲလှည့် ရင်း...

"မင်း သေချာပြီလား..?"

သူ အသူရာ့အား စိုက်ကြည့်နေသလို၊
အသူရာလဲ သူ့ မျက်လုံး တည့်တည့်အား
စိုက်ကြည့်ရင်း...

"အင်း...."

ခွန်းသော် ဘာစကားတစ်ခွန်းမှ မပြောတော့ပါပဲနှင့် ထွက်ခွာသွားလေသည်။ သူ ထွက်သွားတာကို
အသူရာ ငေးကြည့်နေမိရင်း ပါးပြင်ထက်တွင်
မျက်ရည်စတို့ စီးကျလျှက်။

"အသူရာ...?."

မထင်မှတ်ထားသော တစ်စုံတစ်ယောက်၏
အသံကြောင့် အသူရာ ခြံထဲသို့ ကြည့်မိချိန်
မျက်ရည်များနဲ့ ထူးထူးသော် ကို
မြင်လိုက်ရတာကြောင့်
အံ့သြထိတ်လန့်သွားရသည်။

"ထူးထူး..!!"

ထူးထူးက ခြံထဲမှ ထွက်လာကာ
အသူရာ့အား ငိုပြီး ကြည့်နေချိန် ...

"ထူးထူး...၊ နင် ငါ့ကို ဘာမှ မပြောနဲ့နော်..၊
ဘာမှလဲ တားဖို့ မစဉ်းစားနဲ့...."

ဟူ၍ အသူရာ အရင်ဦးအောင် ပြောမိတော့
ထူးထူးက...

"အသူရာ.. နင် ငါ့ကြောင့်နဲ့...."

"တော်တော့ ထူး..!! ဘာမှ နင့်ကြောင့်နဲ့ မဟုတ်ဘူး...၊
ငါ မကောင်းတဲ့ လူတစ်ယောက်နဲ့ ဝေးတာကို
နင်ဝမ်းသာရမှာ လေဟာ....."

ထူးထူးက ရပ်နေရာမှ ငုတ်တုတ်လေး
ထိုင်ချကာ သဲထန်စွာ ငိုနေချိန်၊
အသူရာ သူ့အား ဆွဲထူလိုက်ကာ ပွေ့ဖက်လိုက်ပြီး

"ထူးရယ်.. နင် ဘာလို့ အဲ့လောက်ထိ
ပျော့ညံ့ရတာလဲ၊ ပျော့ညံ့နေတာတွေကို
ဖျောက်လိုက်ပါတော့ဟာ...."

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်
ဖက်၍ ငိုနေမိကြရင်း တစ်ယောက်နာကျင်မှုအား
တစ်ယောက်ဖေးမလျှက်။

...................

အာဏာ ကျောင်းကို ရောက်မလာတာ
သုံးရက်ရှိသွားပြီ ၊ အဆက်အသွယ်လဲ
လုပ်လို့ မရတာကြောင့် မော် သူ့အိမ်ကို
လိုက်သွားရန် ဆူံးဖြတ်လိုက်သည်။

ဒီကောင် ဘာတွေ လုပ်နေပြန်ပြီလဲ မသိ။
ခု တလော သူလဲ အိမ်နဲ့ အဆင်ပြေပုံမရ၊
အိမ်ခွဲနေနေတာရော.. ၊
သြဇီသွားဖို့ အသဲအသန် စီစဉ်နေတာရောက..
သူ့မိဘတွေနဲ့ ပက်သက်နေမယ်ဆိုတာ
မော်သိနေသည်။ အာဏာ့ အဖေနဲ့ မော့်အဖေက
ရင်းနီးတော့ အာဏာ့ အဖေက မိန်းမရှုပ်တာရယ် ၊
အိမ်တွင်းရေး အဆင်မပြေတာတွေရယ်ကိုပါ
မော်သိ ထားသည်။ ဒါပေမယ့် အာဏာက
ထိုကိစ္စကို သိပ်ပြောလေ့မရှိတာကြောင့်
feel သိပ်မထည့်ထားဘူးပဲ ထင်တာ..

အာဏာ၏ ကွန်ဒိုကို ရောက်တော့ အထဲတွင်
လူ ရှိမရှိလဲ မသိရ. ဘဲလ်တီးနေတာ
တော်တော်ကြာပြီ ဖြစ်သော်လည်း
မည်သူ လာမဖွင့် ၊ ဖုန်းကလဲ ပိတ်ထားတော့
သြဇီများ သွားပြီလား...။

မော်နဲ့ ရင်းနှီးတဲ့ အာဏာ့ရဲ့ညီမ တစ်ဝမ်းကွဲကို
ဖုန်းဆက်ကြည့်လိုက်တော့.. သူမလဲ ကောင်းကောင်း မသိ... သြဇီ သွားပြီလို့တောင် ထင်နေပုံရသည်။

ဒီကောင် သွားရင်တော့ ပြောသွားမှာပါ.....

မော် သူ့ရဲ့ တံခါးကို တစ်ဒုန်းဒုန်း ထုကာ
သူ့နာမည်ကို တွင်တွင် ခေါ်နေတော့မှ အထဲမှ
တံခါး ဖွင့်လိုက်သံကို ကြားလိုက်ရသည်။
တံခါး နောက်တွင် အိမ်နေရင်း အင်္ကျီကို
ဝတ်ကာ ဆံပင်က စုတ်ဖွာနေပြီး မုတ်ဆိတ်
တိုစိစိတွေနဲ့ အရက်စော်တွေ နံဟောင်နေသော
အာဏာကို တွေ့လိုက်ရသဖြင့် မော်
မင်တက်သွားရသည်။

"မင်း သေနေတာလား အာဏာ.. ?
ငါ ဘဲလ်တီးနေတာ ကြာလှပြီ...
ဖုန်းလဲ ပိတ်ထားတယ်...
ဘာတွေ ဖြစ်နေတာလဲ...?.."

အာဏာက မော်မေးတာကို မဖြေပဲ
အခန်းထဲ ပြန် ၀င်သွားသဖြင့်
မော် လိုက် ၀င်လိုက်တော့ အခန်းတစ်ခုလုံး
ဆေးလိပ်နံ့တွေ မွှန်ထူနေလေသည်။

"အာဏာ မင်းတော့ ရောဂါရတော့မယ်
တံခါးလေး ဘာလေး ဖွင့်စမ်းပါကွာ...."

မော် မနေနိုင်တော့ပဲ ပြတင်းပေါက်တွေ
လိုက်ဖွင့်ပေး နေရလေသည်။
အာဏာက ဆိုဖာကို မှီရင်း ကြမ်းပြင်တွင်
ထိုင်ချလိုက်ကာ ဆေးလိပ် တစ်လိပ်ကို
ထုတ်နေပြန်သည်။
ခုချိန်ထိ စကားတစ်ခွန်းမှ မပြောသေး...။

" မင်း ဘာတွေဖြစ်နေတာလဲ...???
အိမ်နဲ့ အဆင်မပြေလို့လား.....?"

အာဏာက ပြုံးလိုက်ကာ....

"မင်းကို ပြောစရာ ရှိတယ် မော်...."

"ပြော...."

မော် အာဏာ့ဘေးတွင် ၀င်ထိုင်လိုက်တော့.....

"ပြိုင်ပွဲမှာ ငါ နိုင်သွားပြီ..."

"ဘာ.."

မော် အံ့သြတကြီးနဲ့ အာဏာ့ကို ကြည့်ုမိတော့....

"ငါနဲ့ ထူးထူးသော် ချစ်သူဖြစ်ပြီး ၊
သိပ်မကြာခင်ကမှ ငါတို့ ပြိုင်ပွဲအကြောင်း
အကုန်ပြောပီး ဖြတ်လိုက်ပြီ...."

"ဘယ်တုန်းကလဲ.. ?
မင်းတို့ နှစ်ယောက်ဘယ်တုန်းက
ချစ်သူ ဖြစ်သွားတာလဲ..?."

အာဏာဆက်ပြုံးနေသည်။
ထူးထူးသော်က အာဏာ့ကို
အဖြေပေးလိုက်တာ မော်မသိခဲ့ရ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီပွဲမှာ အစောကြီးထဲက
အရှုံးပေးပြီးသားမို့၊ မော် သိပ်မတုန်လှုပ်
တော့ သော်လည်း၊

ထူးထူးသော် တစ်ယောက်
အဆင်မှ ပြေရဲ့လားဆိုတာကို သိချင်နေသည်။

အဖြစ်မှန်တွေကို သိသွားပြီဆိုတော့၊
မော့်ကိုပါ သူ မုန်းတီးသွားပြီလား..?။

"ရက်တော့ မမှတ်မိတော့ဘူး.. ၊
သိပ်မကြာသေးပါဘူး...၊ ငါလဲ သြဇီသွားတော့မှာ
ဆိုတော့ ဖြတ်လိုက်တာ...."

ပေါ့ပါးစွာ ပြောနေသောအာဏာကို ကြည့်ရင်း၊

မင်းအတွက် အဲ့လောက်လွယ်လား...အာဏာ။
လူတစ်ယောက် ထိခိုက်နာကျင်ရတာတောင်
မင်းဘာမှ မခံစားရဘူးလား၊
အားနာစိတ်မဖြစ်မိဘူးလား..... ။

အာဏာက မော့်အား မော့ကြည့်လာကာ....

"မင်းဘာလာလုပ်တာလဲ....??"

"မင်းက ဖုန်းလဲပိတ်ထားတယ်
ဘာအဆက်အသွယ်မှလဲ မရတော့ လိုက်လာခဲ့တာ... "

"အင်း..."

အာဏာက သောက်လက်စ ဆေးလိပ်ကို ခြေပြီး
အဝေးတစ်နေရာကို ငေးကြည့်နေသည်။

"အာဏာ... .၊ မင်း ဘာလို့ ခုလို ဖြစ်နေတာလဲ..?
မင်းပုံစံက ပုံမှန်မဟုတ်ဘူး..."

.............

မိမိက အနိုင်ရရှိသူ တစ်ယောက်ပမာ
နနေသော်လည်း တကယ်တမ်း နိုင်သွားသူက
မိမိရှေ့တွင် ရပ်နေသော မော်ဖြစ်နေလား
မပြောတတ်။ထူးထူးသော်ရဲ့ စိတ်ထဲတွင် မော်ပဲ
ရှိနေတာလဲ ဖြစ်နိုင်သည်။

အာဏာ အံကို တင်းတင်းကြိတ်ထားမိသည်။
ဒီနေ့ သြဇီသွားရမယ့် နေ့တောင်
မသွားဖြစ်လောက်အောင် စိတ်တွေ
အမှောင်ကျနေလေသည်။

"ဟူး...! မင်းအိမ်နဲ့ ပြသာနာ ဖြစ်နေလဲ
ငါတို့ကို ပြောနိုင်တယ်.၊.. ငါတို့က သူစိမ်းတွေမှ
မဟုတ်တာ... ၊ မင်းခုလို ဖြစ်နေတာတော့
ငါတို့ မမြင်ချင်ဘူး အာဏာ..."

မင်းကြောင့် ငါခုလို ဖြစ်နေတာ မော်လို့
ကျယ်လောင်စွာ အော်ပြောလိုက်ချင်သည်။
မင်းက ထူးထူးသော်ကို ရွေးချယ်လိုက်လို့
ခုလို တွေ ဖြစ်လာရတာ .. ၊
ဒါတွေ အားလုံး က မင်းကြောင့်ပဲ...၊

...........

အာဏာ မော်မေးတာကို တစ်လုံးမှ မဖြေ...

"ငါ ဒီဇင်ဘာလထဲ ကျောင်းသွားတက်ဖြစ်တယ်..."

ဟုပြောသည်။

"အေးပါ..ငါကြားပြီးပြီ၊
မင်း နိုင်ငံခြားရောက်မှ နိုင်ငံခြားသူ
ချောချောလေးတွေကို ပြိုင်လိုက်ကြတာပေါ့.. ၊
ခုတော့ ငါရှုံးရပြန်ပြီ... ဟဟ.."

......

မော် ရီလိုက်မိသော်လည်း အသက်မပါလှ..၊
ခုချိန်မှာ ထူးထူးသော် အား သွားတွေ့ပြီး
အဆင်ပြေရဲ့လားဆိုတာသိချင်နေမိသည်။

သို့သော်...
ကစားပွဲထဲတွင် မော်လဲ ပါဝင်ခဲ့တာကြောင့်.....။

.....................

"နင်ဖြစ်ရဲ့လား ထူး...! "

"ဖြစ်ပါတယ်..."

ဒီနေ့ မနက် ဖျားနေရက်နဲ့ ကျောင်းသွားရန်
လုပ်နေသော ထူးထူးကြောင့် အသူရာ
စိတ်ပူနေရသည်။ သူ အသူရာ့ အိမ်မှာ
နေတဲ့ နှစ်ရက် လုံး ထမင်းလဲ ကောင်းကောင်းမစား... ညဆိုလဲ မအိပ်ပဲ ငူငူငိုင်ငိုင်..
မျက်နှာက နှမ်းစိလောက်သာ ကျန်တော့သည်။

"ငါ အန်တီအိကို ပြောပြီး ကားခေါ်ပေးရမလား...?"

"ရပါတယ်၊ ငါဘာသာ သွားနိုင်ပါတယ်...၊
နင်လဲ ပါတာပဲကို..
အရင်လဲ ဒီလိုပဲ သွားနေကြဟာ..."

"အေးပါ.. အဲ့တာဆို တက်စီနဲ့ပဲ သွားကြမယ်..."

"ဘတ်စ်ကားနဲ့လဲ ရပါတယ်..."

"နင်လျှာမရှည်စမ်းနဲ့...
ငါပြောတဲ့ အတိုင်းလုပ်..."

ဟု ပြောမှ ငြိမ်သွားပြီး ဘာမှ ဆက်မပြောတော့...၊ တက်စီပေါ်ရောက်တော့ မှေးကာ
ကျောင်းအထိပါလာသည်။ သနားပါတယ်.. ၊
သူ့ခင်ဗျာ တစ်ယောက်ထဲ ကြိတ်ခံစားနေရှာတာ..

ဟိုဟာတွေကတော့ဘယ်လောက်တောင်
အောင်ပွဲခံနေလိုက်မလဲ...။ ကျောင်းသွားလို့
တစ်ယောက်ယောက် မျက်နှာ မြင်ရင် မုဒိတာက
ပွားမိဦးမယ်... တွေးရင်းတောင် ဒေါသထွက်တယ်..။

................

"ငါ ဒီနေ့ ကန်တင်း မထိုင်တော့ဘူး..."

စာသင်ချိန်ညပီးတော့ ထူးထူး က
ပြောလိုက်ခြင်းဖြစ်သည်။
အသူရာ ခေါင်းညိတ်လိုက်ကာ....

"အင်း.. နင် ဒီမှာပဲ နေခဲ့..
ငါ ကန်တင်းမှာ တစ်ခုခု သွားဝယ်လိုက်မယ်..
ပြီးရင် တူတူ စားကြတာပေါ့..."

"အင်း..."

အသူရာ ကန်တင်းကို ထွက်ခဲ့တော့
ကားပါကင်မှာ မော်လမင်းဟန်၏
ကားကို မြင်လိုက်ရသည်။
လူမပြောနဲ့ ကားမြင်တာနဲ့တင်
စိတ်ထဲမှာထောင်းခနဲ...။

....................

အသူရာ အခန်းထဲသို့ပြန်ဝင်လာတော့
စားပွဲပေါ်တွင် ထူးထူး က မှောက်အိပ်နေသဖြင့်.....

"ထူးရေ.. စားရအောင်... ထတော့..."

ထူးက ထမလာ၊
အသူရာ...ထူးရဲ့ ပုခုံးတွေကို
လှုပ်နှိုးနေတာတောင် ထမလာတော့
စိတ်က ပူလာသည်။

"ထူးထူး .. !!ထူးထူး...!!"

ထူးရဲ့ ခန္ဓာကိုယ်က ဘေးကို ယိုင်ကျသွားပြီး
ခုံပေါ်သို့ ပြုတ်ကျသွားတာကြောင့်
အသူရာ ထိုင်နေရာမှ
ထိတ်လန့်တကြားထလိုက်ကာ

"လုပ်ပါဦး.. !!!လုပ်ပါဦး.. !!ထူးထူး....!!"

ဘေးက ကျောင်းသားတွေကို အော်ဟစ်
အကူအညီတောင်းတော့ အတန်းထဲတွင်
မိန်းကလေးတွေသာ ရှိသည်။
အန်တီအိကို ဖုန်းဆက်လိုက်ရမလား.....?

အသူရာ ကြံရာမရ.. အန်တီအိက ချက်ချင်း
ထွက်လာရင်တောင် စောင့်ရဦးမှာ..
အကူအညီတောင်းရန် ဆရာတွေကို
သွားခေါ်ခိုင်းရသည်။
ကျောင်းသူ လေးတွေ သွားခေါ်ပေးနေတုန်း
အသူရာ ထူးထူးကို ကြည့်ကာ
ယောက်ယက်ခတ်နေမိသည်။

..............

"ဆရာ ပထမနှစ်ပန်းချီငှာနက
ကျောင်းသား တစ်ယောက် မူးလဲလို့....."

ဆရာနားနေဆောင်အတွင်းသို့
ကျောင်းသူလေးတစ်ယောက်
လာအော်ပြောတာကြောင့် ပန်းချီဌာနက
ဌာနမှူးက ထကာ ခပ်သွက်သွက်
ထွက်သွားချိန်၊ ပထမနှစ် ပန်းချီဌာနဆိုတာ
နှင့် မော်လဲ ထို ဆရာ့နောက် လိုက်လာဖြစ်သည်။

ကျောင်းဆင်းပွဲအတွက် အခန်းဂဏ
တစ်ခုတွင် ပါဝင်ပေးရန် music ဌာနက
တောင်းဆိုထားတာကြောင့် ဆရာနားနေဆောင်သို့
မော် ရောက်နေခြင်းဖြစ်သည်။

စကားပြောလက်စ ဆရာကိုတောင် မနှုတ်ဆက်ခဲ့ရ.....။

............

ခွန်းသော်၊ အသူရာ့ စာသင်ခန်းရှေ့ ခြေစုံချပြီး
ဝင်ရမလို မဝင်ရမလို ဖြစ်နေချိန်၊

အတန်းထဲသို့ ဆရာတစ်ယောက်ပြေးဝင်သွားပြီး ......

"ခွန်းသော်.. မင်းက ဘယ်လိုလုပ်ပြီး...??

အနောက်မှာ မော်လဲ ပါလာတာကြောင့်
ခွန်းသော် အံ့သြသွားသလို၊ မိမိကိုတွေ့လိုက်တဲ့
မော်လဲ အံ့သြသွားပုံရသည်။

"ငါ..ငါ..."

"ထူးထူး.. ထူးထူး...?"

အတန်းထဲမှ ထူးထူး၏ နာမည်
ခေါ်သံကို ကြားလိုက်ရတာ ကြောင့် မော်
အတန်းထဲသို့ ပြေးဝင်ခဲ့ချိန်၊ ထိုင်ခုံတွင်
လှဲရင်း သတိလစ်နေသူက ထူးထူးသော် ဖြစ်နေပြီး၊
ဘေးတွင် အသူရာ ထိုင်ငိုနေတာကြောင့်၊
မော် ချက်ချင်းပဲ သူတို့ထံ ပြေးသွားလိုက်သည်။

ဆရာက ထူးထူးသော်ကို ထူ မရန်
လုပ်တော့ မော် ၀င်ကူပေးရင်း..

"ရတယ် ဆရာ.. ကျွန်တော် ကုန်းပိုးလိုက်မယ်.. "

မော်.. ထူးထူးသော်ကို မ လိုက်ချိန်တွင်
အသူရာက မော့်လက်ကို လှမ်းဆွဲကာ....

"မော်လမင်းဟန်.. ..?
နင်တို့ ပြိုင်ပွဲက မပြီးနိုင်သေးဘူးလား.. ..?
နင်ဘာလာလုပ်တာလဲ...??"

မော် .. အသူရာ့ လက်ကို ဖယ်လိုက်ကာ
ဆရာ့ကို ကြည့်ပြီး..

"ဆရာ ကျွန်တော့်ကားနဲ့ပဲ ပို့ပေးလိုက်မယ်..."

ဆရာက ခေါင်းညိတ်လိုက်သဖြင့် မော်
ထူးထူးသော်ကို ကုန်းပိုးကာ အတန်းထဲ မှ
ထွက်လာတော့ အနောက်မှ
အသူရာ ပါ ပါလာလေသည်။

အတန်းပြင်သို့ရောက်သောအခါ အပြင်တွင်
ရပ်နေသော ခွန်းသော်က ...
အသူရာ့အား လိုက်ကြည့်ရင်း...

"အသူရာ..."

ခွန်းသော်၊ အသူရာ့အား ခေါ်လိုက်သော်လည်း၊
ခုချိန်မှ ဘာပြောပြော တိုးမပေါက်နိုင် ။
ထို့ကြောင့် အသူရာ့ နောက်သာ လိုက်ခဲ့လိုက်ရင်း...

ဘာလို့ ထူးထူးသော်က အသူရာ့အတွက်
အဲ့လောက် အရေးကြီးနေရတာလဲဟူ၍
တွေးနေမိသည်။

မော် ပွေ့ချီထားသော သတိလစ်နေသည့်
ထူးထူးသော် အား ခွန်းသော် ကြည့်မိရင်း၊
မင်းက ဘာလို့ ငါ့ရဲ့ အရာရာတိုင်းကို
ဖျက်ဆီးပစ်ရတာလဲ ထူးထူးသော်....။

...............

"အခုလို လုပ်ပေးလို့ ကျေးဇူးတင်မယ်တော့
မထင်ထားနဲ့...."

မော့်အား အသူရာ လှမ်းပြောလိုက်သော
စကားကို မော် ခွန်းတုံ့မပြန်ဖြစ်၊
သူ့သူငယ်ချင်း အတွက် ပြောတာ
သူပြောသင့်သည်ဟု မော်ထင်တာကြောင့်
ငြိမ်၍သာ နေနေလိုက်သည်။

"သူ ခုလိုဖြစ်တာလဲ နင်တို့ကြောင့်ပဲ ဆိုတာ
မှတ်ထား....."!!

ကားနားရောက်တဲ့ အထိ မော်တို့အားဒေါသတကြီး
ကြိမ်းဝါး နေသော အသူရာ.......
မော် ထူးထူးသော်ကို ကားရှေ့ခန်းတွင်
ထည့်လိုက်ပြီး ..

"လာ ဒီဘက်က၀င်...."

ရှေ့က ၀င်ရသော နောက်ခန်း ဖြစ်တာကြောင့်
ရှေ့ခုံကို ချိုးပေးသဖြင့် အသူရာ ၀င်လိုက်သည်။
မတတ်နိုင်.. ခုချိန်မှာ အမြန်ဆုံးနည်းက
ဒါပဲ ရှိတာ....သူတို့ ဒီလောက်လုပ်ထားတာပဲ၊
ဒီလောက်တော့ ပြန်လုပ်ပေးရမှာပေါ့...။

ဆိုးတာက ခွန်းသော်ကပါ အသူရာ့ဘေးတွင်
လာဝင်ထိုင် နခြင်း ဖြစ်သည်။ သူကျောင်းကို
ဘာလို့ ထပ်ရောက်လာတာပြန်တယ် မသိ။
အမြင်မှန်တွေရပြီး ထူးထူးကို
တောင်းပန်မလို့များလားဟု ထင်မိသော်လည်း၊
မိမိအတွေးကိုပင် မိမိ သနားမိသွားသည်။

မဖြစ်နိုင်ပါ...။

ခုချိန်မှာတော့ သူဘာမှ ပြောမလာပါစေနှင့်
ဟုသာ ဆုတောင်းမိသည်။ကိုယ့်အမှား
ကိုယ်မသိသေးတဲ့ သူနဲ့ စကားတွေ
ပြောပြီး ဖြေရှင်းနေရတာမျိုး အသူရာ မလုပ်ချင်။

.............

တော်သေးတယ် သွေးပေါင်ကျပြီး မူးလဲတာဆိုတော့
အားဆေးသွင်းရုံပဲ မို့လို့...ကုတင်ပေါ်တွင်
လှဲလျှောင်း နေသော ထူးထူး ဘေးတွင်
အသူရာ ထိုင်နေမိသလို၊ အသူရာ့နောက်တွင် ၊ ဒေ
မော်နဲ့ ခွန်းသော်တို့ ရပ်နေလေသည်။

"ပြန်ကြတော့လေ..၊ ထူးထူး သတိရလာလို့
နင့်တို့ကိုတွေ့ပြီး အမော မဆို့စေချင်ဘူး......"

ကိစ္စ၀ိစ္စ တွေလဲ ပီးကော နှင်ထုတ်နေသော
အသူရာ..
မသိရင် စားတော့ ၀ါးတော့မယ် အတိုင်းပင်..
ဖြစ်နိုင်ရင် မော် နေချင်သေးသည်။
ထူးထူး သတိရလာတဲ့ အထိစောင့်ရင်း
ထူးထူးကို တောင်းပန်ချင်သေးသည်။

ခွန်းသော်က...

"အသူရာ.... ကိုနဲ့ စကားပြောရအောင်..."

"ပြောစရာမရှိဘူး ခွန်းသော်၊ ပြန်ပါတော့....."

"ခဏပါပဲ..."

ခွန်းသော်နဲ့ အသူရာတို့ အခြေအနေကို
မော် နားမလည်သလို ကြည့်နေချိန်..

အသူရာက ထိုင်နေရာမှ ထလာကာ..

"နင်တို့ တော်တော်မျက်နှာပြောင်တိုက်တာပဲ..၊
အဖြစ်မှန် တွေကို ထူးထူး သိသွားတာ
သိနေတာတောင် .. ၊ ဘာမှမဖြစ်သလို
ရှေ့ထွက်လာရဲ သေးတယ်...."

ဟုပြောတော့ ..

"ကို ဘယ်လိုလုပ်ပေးမှ အသူရာ ခွင့်လွှတ်မှာလဲ..?"

ခွန်းသော်၏ အမေးကို အသူရာ မဖြေပါ ၊
သူပြောတာက..

"ပြန်ကြတော့...!!"

ဟူ၍ ခါးခါးသီးသီး တစ်ခွန်းထဲပင်။
မော် အသူရာ့အား..

"ကို ထူးထူးသော်ကို ကိုယ်တိုင်
တောင်းပန်ချင်သေးတယ် အသူရာ၊
သူခွင့်လွှတ်တဲ့ အထိ တောင်းပန်ချင်တယ်...."

"ကိုယ်တိုင် တောင်းပန်စရာမလိုပါဘူး မော်.. ၊
ထူးထူးက အစောကြီးထဲက ခွင့်လွှတ်ပြီးသားပါ..၊
သူအကြိမ်ကြိမ် ခွင့်လွှတ်လို့၊ မော်တို့ အကြိမ်ကြိမ်
အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ ရနေတာလေ....."

အသူရာ့စကားကြောင့်
မော် နှုတ်ဆိတ်မိသွားသည်။ ပြီးနောက်...

"အဲ့လိုမျိုး ထပ်မဖြစ်စေရ တော့ဘူးလို့
ကိုဂတိပေးတယ်၊ ကို့အမှားကို ကိုသိပါတယ် ...၊
အဲ့တာကြောင့်လဲ ကိုသူ့ကို တောင်းပန်ချင်တယ်..."

မော် ထိုသို့ပြောတော့ အသူရာ၊ ခွန်းသော်အား
ကြည့်မိရင်း..သူရော သူ့အမှားကို
သူမြင်ပြီးလားဟူ၍ မျှော်လင့်မိသော်လည်း...

သူ့နှုတ်က တောင်းပန်တယ်ဆိုတဲ့
စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။

"မော် တောင်းပန်ချင်တယ် ဆိုရင်တောင်၊
အချိန်တစ်ခုနေမှ တောင်းပန်ပါ၊
ပြီးတော့ အဲ့တောင်းပန်မှုကလဲ
တကယ် စစ်မှန်ပါစေ၊ ထူးထူးကို ထပ်ပြီး
ဒုက္ခမပေးကြပါနဲ့တော့...."

"ကို ဂတိပေးပါတယ်၊ ထူးကို ထပ်ပြီး
စိတ်မဆင်းရဲ စေရတော့ဘူး...."

အသူရာ ခေါင်းညိတ်ရင်း ခွန်းသော်ကိုတော့
ကည့်ချင်စိတ်တောင် မရှိတော့သဖြင့်
မျက်နှာလွှဲကာ..

"အခုတော့ ပြန်လိုက်ကြပါတော့..."

ကုတင်ပေါ်တွင် လှဲလျှောင်းနေသော
ထူးထူးကို ကြည့်လိုက်တော့ မော် ပေးထားတဲ
လက်ပတ်နာရီလေး ပတ်ထားတုန်း.. ၊
မင်းကို ဘယ်လို နားလည်ရမလဲ ထူးထူးသော်... ၊
မင်း အာဏာ့ကြောင့် ခံစားနေရပြီ ဆိုရင်
ဒီနာရီကိုလဲ ပတ်ထားမနေပါနဲ့တော့လား....။

အိမ်အပြန်လမ်းတွင် ခွန်းသော်
အရမ်းကို တိတ်ဆိတ်နေတာကြောင့် ..

"ခွန်းသော်...၊ မင်းဘာဖြစ်နေတာလဲ.....?"

ခွန်းသော် ထိုသို့ဖြစ်နေတာ ထူးထူးသော်ကြောင့်
မဟုတ်တာကို မော် ကောင်းစွာသိသည်။
ထူးထူးသော် ဒီလို ဖြစ်သွားလို့
စိတ်မကောင်းဖြစ်နေမယ့်အထဲတွင်
ခွန်းသော် ပါဝင်မနေဘူးဆိုတာ မော်သိသည်။

ခွန်းသော်က ခေါင်းခါလိုက်ကာ...

"ဘာမှမဖြစိပါဘူး..."

"အေးပါ.. မင်းလဲ ကျေနပ်လိုက်တော့...၊
ထူးထူးသော်လဲ မင်းဖြစ်စေချင်သလို ဖြစ်ခဲ့ပြီပဲ၊
ဆက်ပြီး ပြသနာတွေ မဖြစ်ပဲ
အေးအေး ဆေးဆေးပဲ နေကြရအောင်...."

ခွန်းသော် ခေါင်းမညိတ်ပါ။
သူဘာတွေဖြစ်နေလဲ မော်မသိပေမယ့်၊
ထူးထူးသော်ကိုတော့ ထပ်ပြီး
မထိခိုက်စေချင်တော့တာ အမှန်ပင် ။

..............

Continue Reading

You'll Also Like

11.3K 985 7
String colla ထဲမှာပါတဲ့ SK fiction လေးပါ။
661K 7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
810K 51.8K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
1M 44.4K 57
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...