Infatuated LOVE [Completed]

Autorstwa borntoloveosh_

74.2K 8.3K 565

PARK CHANYEOL OOH SEHUN ❗ CHANHUN ❗ (Zawgyi-Unicode) Więcej

part-1
part-2
part-3
part-4
part-5
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17 (unicode)
part-18
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-27
final

part-6

3.2K 400 19
Autorstwa borntoloveosh_

(၇) နှစ်​ခန့်​ကြာ​သော်​ ~



လုပ်​တာလဲ!!"

"ငါ ငါလည်းမသိဘူး~"



တာလုံးဝမ​စေ့စပ်​ဘူး !"



"​အေး ​အေးပါ"


မ​တွေ့ရ​တော့​လေ.....


စိတ်​မချ​တော့ဘူး...

ငယ်​ငယ်​ကနဲ့မတူ ရုပ်​ရည်​​လေးကအလွန်​ကြည့်​လို့​ကောင်းလာခဲ့သည်​....


ကြောက်​ကြပါတယ်​ ဒါမဲ့





ချစ်​တယ်​....






အ​ခြေ​နေကိုဖြစ်​​နေတာ.....





မ​ပြောနဲ့​နော်​...

ချစ်​သွားမိတာ.....


တီ ..........📱



ပြုံးလည်းပြုံးနိုင်​​တော့သည်​...




အရမ်းစိုးရိမ်​လို့....

မရ​စေချင်​တာ ........

ဆယ်​ဟွန်းကို သူ့ဘဝထဲကထွက်​သွားခွင့်​မပြုဘူး.......

.
.
.

"ဆယ်​ဟွန်း!"

"ဟာ အကိုကြီး!!"




အသာဖွလိုက်​မိသည်​...



တပတ်​ကို ၂ရက်​​လောက်​လာကြိုနိုင်​​အောင်​ကြိုးစား​ပေး​နော်​ "



ရီပြလိုက်​၏.....



"သ​ဘော​တော်​အတိုင်းပါပဲ"


"ဆယ်​ဟွန်း~"

"ဗျာ အကိုကြီး"


ဒါမဲ့ တစ်​ခုပဲ....

"ဘာလဲ ဘာဖြစ်​လို့လဲ!"

"ရည်းစားစာ​​ပေးခံရတာ...!"

"ဘာ!!!"


"ဘယ်​သူလဲ ဘယ်​က​ကောင်​မလဲ!
ပြော အခုချက်​ချင်း !!!"



ငါမရှိဘူးဆိုပြီး!!"


အိုဆယ်​ဟွန်း!"

လက်​ထက်​မှာပါ...."

"​အေး မင်းသိရင်​ပြီးတာပဲ တစ်​ခုခုကြားကြည့်​စမ်း! အားလုံးအ​သေပဲ ကြားလား!!"

"ဟုတ်​"



ကိုယ့်​ချစ်​သူ ~ အဲ ကိုယ့်ချစ်​သူလို့ပဲ
ပြောရမှာ​ပေါ့...







"အဟိ"

"ဘာရီတာလဲ မင်း​လေးက?"


မခံချင်​ရင်​...."

ပျော်​လို့ ရပြီလား"


"အဟဲ~"

စိတ်​ထဲမှာ .....................?

TBC.....


(၇) နှစ်ခန့်ကြာသော် ~

"ဆယ်ဟွန်းဘယ်သွားလဲ ရီရှင်း!"

"ကျောင်းသွားရတယ်လို့ပြောတယ်"

"ဒီနေ့ ကျောင်းပိတ်ရက်လေ ဘာသွား
လုပ်တာလဲ!!"

"ငါ ငါလည်းမသိဘူး~"

"ရီရှင်း!! ဆယ်ဟွန်းကိုသေချာစောင့်
ကြည့်ဖို့ မင်းကိုငါမှာထားတယ်မလား?"

"ငါ ငါလည်းမနက်ကအလုပ်ရှုပ်နေတော့
ဘယ်ချိန်ထွက်သွားလိုက်မှန်းမသိဘူး"

"တော်စမ်း! ဆင်ခြေတွေ မင်းကလေ
မင်းအဖေအိမ်တော်ထိန်းကျန်းလို့အလုပ်လုပ်
တာလုံးဝမစေ့စပ်ဘူး !"

"ငါတောင်းပန်ပါတယ် ချန်းယောလ်"

"တောင်းပန်မနေနဲ့ သွား အခုစုံစမ်း
ဆယ်ဟွန်းကျောင်းကိုဘာသွားလုပ်သလဲဆိုတာ

"အေး အေးပါ"

ရီရှင်းထွက်သွားတော့ ချန်းယောလ်စားလက်စမနက်စာကိုလည်းဆက်မစားဖြစ်တော့..

ရင်ထဲမှာလည်း စိုးရိမ်ပူပန်နေရသည်
မနက်တိုင်းမြင်တွေ့နေရတဲ့ဆယ်ဟွန်းကို
မတွေ့ရတော့လေ.....

"ဒီတိုင်းဆို မဖြစ်ပါဘူး ဆယ်ဟွန်း
နောက်ကိုလူလွတ်ရတော့မယ်.."

ဟုတ်တယ် ချန်းယောလ်သူ့ကိုလုံးဝ
စိတ်မချတော့ဘူး...

ဆယ်ဟွန်းကအရွယ်ရလာတာနဲ့အမျှ
ငယ်ငယ်ကနဲ့မတူ ရုပ်ရည်လေးကအလွန်ကြည့့်လို့ကောင်းလာခဲ့သည်....

အရင်ကသူ့ကျောင်းတက်တာချန်းယောလ်နဲ့တူပေမဲ့အခုချန်းယောလ်တက္ကသိုလ်ရောက်သွားပြီလေ....

ကျောင်းကဟာတွေက ချန်းယောလ်ကို
ကြောက်ကြပါတယ် ဒါမဲ့

ချန်းယောလ်အတူတူရှိနေတာတောင်
သူ့ကိုချစ်ခွင့်ပန်ချင်သူတွေကဒူးနဲ့ဒေး

အခုလိုအခြေနေဆို ပိုလို့တောင်ဆိုးကြမလားမသိ ...

ဆယ်ဟွန်းကဒီလိုကိစ္စတွေစိတ်မဝင်စားဘူးဆိုတာချန်းယောလ်သိပါတယ်

ဒါမဲ့ ကြုံတွေ့တာတွေများလာရင်
စိတ်ဝင်စားသွားပြီး ချန်းယောလ်အနားက
ထွက်သွားမှာအကြောက်ဆုံးပဲ....

ချစ်တယ်....

ချန်းယောလ် ဆယ်ဟွန်းကိုအရမ်းချစ်တယ်
ညီအကိုလိုမဟုတ်ဘူးနော်

ချစ်သူရည်စားလို ဒါကိုဖေဖေကလည်းသိသလိုဆယ်ဟွန်းကိုယ်တိုင်လည်းသိတယ်

အစပိုင်းတော့ ဆယ်ဟွန်းက အဲ့အခြေနေကိုလုံးဝလက်မခံခဲ့ဘူး...ဒါမဲ့ အတူတူနေလာတဲ့သံယောဇဉ်ကခိုင်မာနေတယ်နောက်ပိုင်း ဆယ်ဟွန်းသူ့အပေါ်စိတ်ရှိလာတယ်လေ ဆယ်ဟွန်းကကျောင်းပြီးမှလက်ထက်ချင်တယ်လို့ ချန်းယောလ်ကိုဖျောင်းဖျထားတယ်....

ဘယ်ချိန်ကတည်းက သူ့အပေါ်ဒီလိုချစ်မိသွားတာလည်းတော့ ချန်းယောလ်မသိလိုက်ဘူး....

ပြီးခဲ့တဲ့ဆယ်ဟွန်းမွေးနေ့ကျမှ အတိကျကြီးသိလိုက်ရတော့ ချန်းယောလ်အချစ်တွေကတော်တော်နယ်ကျွံ့နေပြီလေ...

လုံးဝကို ပြန်နှုတ်လို့မရတော့တဲ့
အခြေနေကိုဖြစ်နေတာ.....

အဲ့ချိန်ကစပြီး သူဟာ ဆယ်ဟွန်းရဲ့အရာရာတိုင်းကိုမြတ်နိုးတက်လာတယ်

ဘာမှမဟုတ်တဲ့အပြုမူသေးသေးလေးတွေကအစရင်ထဲမှာမှတ်မိနေတယ်...

ပြီးတော့ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးနေတာကိုသဘောမကျတော့ဘူး...ဆယ်ဟွန်းကလည်း
အတတ်နိုင်ဆုံး ရှောင်ရှာပါတယ်...

အဆုံးငယ်ငယ်ကလည်းသူနဲ့ပေါင်းလာတဲ့
ကင်မင်ဆော့ဆိုတဲ့ပါးဖောင်းဖောင်းနဲ့ကောင်လေးအိမ်လာလည်ရင်တောင်အမြင်မကြည်တော့တာပဲ........

အနေနီးလို့ ဒီလိုဖြစ်သွားတယ်လို့တော့
မပြောနဲ့နော်...

တကယ်ကိုရင်ထဲမှာ နင့်နင့်နဲနဲနဲ့ကို
ချစ်သွားမိတာ.....

ငယ်ငယ်က ချန်းယောလ်ကိုယ်တိုင်ရုပ်ဆိုးပါတယ်လို့သတ်မှတ်ခဲ့တဲ့ ပထမဆုံး
သူငယ်ချင်းကောင်လေးကိုလေ.....

တီ ..........📱

တွေးနေတုန်း ဖုန်းကမြည်သွားတာကြောင့်
ကြည့်လိုက်တော့ရီရှင်းဆီက..

ပုံတွေပို့ထားတာ ဆယ်ဟွန်းကျောင်းမှာ
ဆရာ ဆရာမတွေနဲ့ ပန်းပင်တွေစိုက်နေတဲ့ပုံတွေ.....

အဲ့ကျမှ ရင်ထဲကအလုံးကြီးကျသွားသလို
ပြုံးလည်းပြုံးနိူင်တော့သည်...

ဆယ်ဟွန်းကသူနဲ့အတူနေတာကြာလို့လားမသိဘူး ပန်းပင်စိုက်တာလည်းအတော်ဝါသနာပါသွားတယ်....

ပန်းချီဆွဲတာလည်း အရမ်းလက်ရာ
မြောက်တယ် ဝါသနာပါပေမဲ့ ကျောင်းစာတွေများလာတော့ မဆွဲဖြစ်ရှာတော့ဘူးလေ

တစ်ခုရှိသေးတယ် ရေကူးအရမ်းသင်ချင်တာ
ဒါမဲ့ ချန်းယောလ် လုံးဝပေးမသင်ဘူး...

စိုးရိမ်လို့ သင်ရင်း တစ်ခုခုဖြစ်သွားမှာ
အရမ်းစိုးရိမ်လို့....

ဖြစ်နိုင်ရင် သူ့ကိုဒဏ်ရာသေးသေးလေးတောင်
မရစေချင်တာ ........

ပြီးတော့ ဘယ်တော့ ဘယ်တော့မှ
ဆယ်ဟွန်းကို သူ့ဘဝထဲကထွက်သွားခွင့့်မပြုဘူး.......

.
.
.

"ဆယ်ဟွန်း!"

"ဟာ အကိုကြီး!!"

ခါတိုင်းလာကြိုနေကျ အကိုရှင်းမဟုတ်ပါပဲ
အကိုကြီးကိုယ်တိုင်မို့ ဆယ်ဟွန်းအတိုင်းထက်လွန်ပျော်သွားရသည်....

ခက်မြန်မြန်ပဲ အကိုကြီးဆီပြေးသွားကာ
လက်မောင်းကိုမှီတွယ်ပြီး...

"ဟွန်းကို လာကြိုဖို့သိသေးသားပဲနော်"

ချန်းယောလ် ပြုံးရင်း သူ့ဆံပင်လေးတွေကို
အသာဖွလိုက်မိသည်...

"အဆိုးလေး အကိုကြီးမအားလို့ပါ
ကျောင်းစာတွေရော ကုမ္ပဏီရောနဲ့လေ.."

"ဟွန်းသိပါတယ် ဒါမဲ့ တခါတလေတော့
လာကြိုပေးပါ ဟွန်းလည်းအကိုကြီးမောင်းတဲ့ကားတော့စီးချင်သေးတာပေါ့"

"ကဲ ဟုတ်ပါပြီ ဟုတ်ပါပြီ
တပတ်ကို ၂ရက်လောက်လာကြိုနိူင်အောင်ကြိုးစားပေးနော် "

"အဲ့ကြောင့် အကိုကြီးကိုချစ်ရတာ"

"အဆိုးလေး လိုချင်တာများရရင်"

ဆယ်ဟွန်းမျက်လုံးလေးတွေ မှိတ်ကျသည်ထိ
ရီပြလိုက်၏.....

"ကဲ တက် ကားပေါ် မုန့်ဝယ်ကျွေးမယ်"

"ဟုတ် ရေခဲမုန့်စားချင်တာ"

"သဘောတော်အတိုင်းပါပဲ"

ကားနဲ့ရေခဲမုန့်ဆိုင်ဦးတည်ခဲ့ကြသည်
အကိုကြီးကကားမောင်းနေပြီး ဆယ်ဟွန်းကဘေးကနေသာဖုန်းကြည့်ရင်းပါလာသည်...

"ဆယ်ဟွန်း~"

"ဗျာ အကိုကြီး"

"ဒီနေ့ရော ကျောင်းမှာ အဆင်ပြေခဲ့လား?"

"ပြေပါတယ် စာလည်းလိုက်နိုင်တယ်
ဒါမဲ့ တစ်ခုပဲ....

"ဘာလဲ ဘာဖြစ်လို့လဲ!"

"ရည်းစားစာပေးခံရတာ...!"

"ဘာ!!!"

ချန်းယောလ်ချက်ချင်းကားကို
လမ်းဘေးအကြမ်းပတမ်းထိုးရပ်လိုက်ပြီး..

"ဘယ်သူလဲ ဘယ်ကကောင်မလဲ!
ပြော အခုချက်ချင်း !!!"

ဒေါသတကြီးမေးလာတဲ့ အကိုကြီးကြောင့်
ဆယ်ဟွန်းလန့်သွားရသည် ..

"ဟို ဟို အတန်းထဲက ကောင်လေးပါ
အူကြောင်ကြောင်နဲ့ ဟွန်းလက်မခံခဲ့ဘူးရယ်"

"တောက်!!!! တော်တော်အတင့်ရဲနေကြတာ
ငါမရှိဘူးဆိုပြီး!!"

"အကိုကြီးလည်း ဒေါသလျော့ပါ
ဟွန်းလည်းစိတ်မဝင်စားပါဘူး"

"စိတ်ဝင်စားလို့လည်း မရဘူးနော်
အိုဆယ်ဟွန်း!"

"အင်းပါ ဟွန်းကအကိုကြီးကိုပဲ
ချစ်တာပါ ကျောင်းပြီးရင်အကိုကြီးကိုပဲ
လက်ထက်မှာပါ...."

"အေး မင်းသိရင်ပြီးတာပဲ တစ်ခုခုကြားကြည့့်စမ်း! အားလုံးအသေပဲ ကြားလား!!"

"ဟုတ်"

အဲ့ကျမှ အကိုကြီးကကားကိုပြန်မောင်းတော့တာ ဒေါသထွက်နေတဲ့သူ့ကိုကြည့်ပြီး
ဆယ်ဟွန်းကြိတ်ပြုံးလိုက်မိသည်...

အကိုကြီးကသူ့ကိုသဝန်တိုနေတယ်လေ..
အဲ့အခြေနေလေးကဘယ်လောက်ပျော်ဖို့ကောင်းသလဲ.....

ကိုယ့်ချစ်သူ ~ အဲ ကိုယ့််ချစ်သူလို့ပဲ
ပြောရမှာပေါ့...

အကိုကြီးကလည်းဆယ်ဟွန်းကိုချစ်တယ်
ဆယ်ဟွန်းကလည်းအကိုကြီးကိုချစ်တယ်

အဲ့တော့ ကိုယ့်ချစ်သူက ကိုယ့်ကို
အရမ်းချစ်ပြီးသဝန်တိုတာလေ...

အဲ့လိုဖြစ်ချင်လို့လည်း ဆယ်ဟွန်းက
ကျောင်းမှာရည်းစားစာပေးခံရတဲ့နေ့ဆို
အကိုကြီးကိုအမြဲပြောဖြစ်တယ်...

အကိုကြီး သဝန်တိုပြီး ဒေါသထွက်တာက
အရမ်းချစ်စရာကောင်းတာ..

ခန္ဓာကိုယ်ကြီးနဲ့မှမလိုက် မျက်မှောင်ကြီး
ကျူ ံနှုတ်ခမ်းကြီးကိုဆူပုတ်လို့..

အခုလည်းဘေးမှာ အဲ့အနေထားရှိနေတယ်

"အဟိ"

"ဘာရီတာလဲ မင်းလေးက?"

"ဟင့်အင်း~ ဘာမှဟုတ်ပါဘူး"

"ပြောနော် အဆိုးလေး ကလိအထိုး
မခံချင်ရင်...."

"အကိုကြီး သဝန်တိုတာကို
ပျော်လို့ ရပြီလား"

"ကြည့်စမ်း! သူများဒေါသထွက်နေတာကို
ပျော်နေတယ် တကယ့်ကိုအဆိုးလေးပဲ.."

"အဟဲ~"

ချန်းယောလ် အပြင်ပန်းမှာ ပြုံးနေပေမဲ့
စိတ်ထဲမှာ .....................?

TBC.....




Czytaj Dalej

To Też Polubisz

1K 116 9
warning ⚠️ m-preg paring - sehun , Kai language - Burma (Unicode Only) .
145K 6.8K 41
What happens when Saint Suppapong has a chance encounter with Prince Zee Pruk Panich, the Crown Prince of Thailand? What happens when they accidental...
1M 58.8K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.2M 49.5K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...