[Zawgyi]
" သူ႔အေဖေတြက အေျခာက္ေတြေလ..."
" သူ႔မွာအေမမ႐ွိဘူး..."
" သူကေမြးစားခံထားရတာ..."
" အေျခာက္ေတြကေမြးထားတာဆိုေတာ့ သူလဲႀကီးလာရင္ အေျခာက္ပဲျဖစ္မွာေပါ့..."
" အေမမ႐ွိပဲ ႀကီးပ်င္းရတာ သနားဖို႔ေကာင္းလိုက္တာ..."
" သူ႔အေဖေတြက ကေလးအတြက္မစဥ္းစားဘူးလားမသိဘူး..."
ဒါေတြက ခြန္းစစ္မင္း ေန႔စဥ္နဲ႔အမ်ွနားနဲ႔မဆံ့ေအာင္ၾကားခဲ့ရတဲ့စကားေတြ...။ တစ္နည္းအားျဖင့္ သူ႔အေဖေတြကို သူဘယ္ေတာ့မွ ျပန္မေျပာျပျဖစ္ခဲ့တဲ့စကားေတြေပါ့...။ ဒါေပမဲ့...သူ႔အေဖေတြကလဲ အျပင္မွာျဖစ္ပ်က္ခဲ့သမ်ွကိစၥေတြကို အျမဲလိုလိုသိေနတတ္တယ္...။ ဒါမွမဟုတ္...ဒီလိုေတြျဖစ္လာမွာပဲဆိုတာကို သူတို႔လဲႀကိဳသိခဲ့ရင္သိခဲ႔မွာေပါ့...။ ဒါေၾကာင့္လဲ ဦးစစ္ႏိုင္နဲ႔ ဦးမင္းေစေသာ္က ခြန္းစစ္မင္းရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာက်န္းမာေရးကို ကိုယ္ကာယထက္ေတာင္ ပိုၿပီးဂ႐ုစိုက္ခဲ့ၾကတယ္...။
တကယ္လဲ ခြန္းစစ္မင္းက စိတ္ဓာတ္ၾကံ့ခိုင္တဲ့သူတစ္ေယာက္ျဖစ္ခဲ့တယ္...။ အေဖေတြသြန္သင္ဆံုးမခဲ့တဲ့ နည္းလမ္းေတြေၾကာင့္ေရာ...သူ႔နည္းသူ႔ဟန္နဲ႔ပါ...သူက ေပ်ာ့ညံ့တဲ့သူတစ္ေယာက္ေတာ့ မဟုတ္ခဲ႔ဘူး...။
ပတ္ဝန္းက်င္ဆိုတာက ေ႐ွာင္လႊဲလို႔မရဘူး...။ မ႐ွိမေကာင္း႐ွိမေကာင္းဆိုတဲ့အရာေတြထဲ တစ္ခုအပါအဝင္ေပါ့...။ တစ္ခါတစ္ေလမွာ ကိုယ့္အတြက္ဘာေကာင္းက်ိဳးမွေပးေနတာမဟုတ္မွန္းသိေနတာေတာင္ လူ႔အသိုင္းအဝိုင္းဆိုတာႀကီးနဲ႔ ကြဲထြက္မသြားေစဖို႔...ႀကိတ္မွိတ္သည္းခံရင္း ပတ္သတ္ေနရတာမ်ိဳးေတြလဲ႐ွိတတ္တယ္...။ အဲ့တာေတြကိုရင္ဆိုင္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းက ဂ႐ုမစိုက္တတ္ဖို႔ေတာ့လိုတယ္...။ မသိခ်င္ေယာင္ေဆာင္ဖို႔ ေ႐ွာင္ဖို႔မျဖစ္ႏိုင္ဘူးဆိုရင္...ရင္ဆိုင္လိုက္ပါ...။ ၿပီးရင္ေတာ့...ဘာလုပ္လုပ္ဘာေျပာေျပာ ေစာက္ဂ႐ုမစိုက္ေၾကာင္းကို ပါပါးနပ္နပ္ေလးျပရမယ္...။
ဒီေနရာမွာ...လက္တစ္လံုးျခားလုပ္တာေတြ...ျပန္မေျပာနားမေထာင္အကြက္ေတြကို ကြၽမ္းက်င္ပိုင္ႏိုင္စြာသံုးတတ္ဖို႔ေတာ့ လိုလာၿပီ...။ အဲ့လိုနဲ႔ၾကာလာရင္ အဲ့ပတ္ဝန္းက်င္က သူ႔အလိုလိုပါးစပ္ပိ္တ္သြားလိမ့္မယ္...။ အနည္းဆံုးေတာ့ ကိုယ့္ေ႐ွ႕မွာေပါ့...။ ဒါကအဓိကပဲမဟုတ္ဘူးလား...။ လူဆိုတာျဖစ္ေနသ၍ေတာ့ ကြယ္ရာမွာမေကာင္းေျပာတတ္တဲ့အက်င့္ကေတာ့ ႐ွိတာပဲေလ...။ သူအပါအဝင္ပဲေပါ့...။
လူေတြက သူတို႔အေပၚမေကာင္းလာရင္သာ လြယ္လြယ္အျပစ္ဖို႔တတ္ၾကေပမဲ့...အဲ့လိုေတြမေကာင္းျဖစ္လာေစဖို႔ အဲ့လူေတြ ပတ္ဝန္းက်င္ေတြကပဲတြန္းပို႔ခဲ့တယ္ဆိုတာကိုေတာ့ မစဥ္းစားမိၾကဘူး...။ 'သတ္ေသသြားေသာႏွလံုးသား၏ တီးတိုးေရရြတ္သံ' ဆိုတဲ့ စာအုပ္ထဲကလိုပဲ...။ လူတစ္ေယာက္သက္ေသသြားရင္ ဒီလူဘာေတြမ်ားၾကံဳခဲ့ရလို႔ သူ႔ဘဝႀကီးကဘယ္ေလာက္ေတာင္ခက္ခဲခဲ့လို႔ဆိုတဲ့ စာနာစိတ္ေတြအစား...က်န္ခဲ့တဲ့သူေတြကိုမသနားဘူး ေမြးေပးထားတဲ့မိဘေတြကိုမၾကည့္ဘူး မိုက္႐ူးရဲလိုက္တာလို႔သာ အျပစ္တင္တတ္ၾကတယ္...။ ဒါေပမဲ့...သူဒီလိုသတ္ေသမိဖို႔ အဲ့မိဘေဆြမ်ိဳးေတြကလဲ အေၾကာင္းျပခ်က္ျဖစ္ႏိုင္တာပဲဆိုတဲ့ အဓိကအခ်က္ကိုေတာ့ မ်က္ကြယ္ျပဳထားတတ္ၾကတယ္...။ ဒီစာအုပ္က လူေတြရဲ႕အေပၚယံစိတ္ထားေတြအေၾကာင္း ခြန္းစစ္မင္းကိုေကာင္းေကာင္းႀကီးသေဘာေပါက္ေစတယ္...။
ခြန္းစစ္မင္း သူ႔ဘဝမွာ ေနာက္ဆံုးျပံဳးခဲ့တာ ဘယ္တုန္းကမွန္းေတာင္မမွတ္မိေတာ့ဘူး...။ သူကေမြးရာပါ အရယ္အျပံဳးမ႐ွိတဲ့သူေတာ့မဟုတ္ဘူး...။ မူလတန္းတက္စဥ္ကာလမွာ သူ႔ပတ္ပတ္လည္မွာ႐ွိတဲ့လူေတြရဲ႕...စသလိုတစ္မ်ိဳး ေနာက္သလိုတစ္ဖံုနဲ႔ အေစာ္ကားခံခဲ့ရတာေတြကမနည္းဘူး...။ လူေတြက သေဘာေကာင္းတဲ့သူ...ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူ...အျမဲရယ္ေမာေနတတ္တဲ့သူေတြကိုဆိုရင္ ငတံုးငအလိုသတ္မွတ္ၿပီး ႏွိမ္ခ်င္ၾကတဲ့သေဘာ႐ွိတယ္...။ ဒါေၾကာင့္ ေနာက္ပိုင္းမွာ ခြန္းစစ္မင္း သူ႔မ်က္ႏွာေပၚကအျပံဳးကို ထာဝရခ်ိတ္ပိတ္လိုက္ဖို႔ဆံုးျဖတ္လိုက္တယ္...။ သူ ငတံုးငအလိုအသတ္မွတ္မခံႏိုင္ဘူး...။သူ...အားနည္းတဲ့သူမျဖစ္ခ်င္ဘူး...။ အားနည္းတဲ့ခံစားခ်က္ကိုမုန္းတယ္...။ သူအမာေက်ာဆံုးပံုစံနဲ႔ ေနထိုင္ခဲ့တယ္...။ အဲ့ေတာ့ ဘာေတြျဖစ္လာလဲ...။ သူ႔ကိုေစာက္လိုက္ကမ္းဆိုးမသိ စကားအေျပာအဆိုမတတ္တဲ့ ဘုဂလန္႔ေကာင္လို႔သတ္မွတ္လာၾကတယ္...။ ေနာက္ကြယ္မွာေပါ့ေလ...။ ဒါေပမဲ့ သူ႔ရဲ႕ဒီလိုပံုစံကလဲ သူတို႔ေၾကာင့္ပဲေျပာင္းလဲခဲ့ရတယ္ဆိုတာကိုေတာ့ သူတို႔ေမ့ထားၾကေလရဲ႕...။
ျပံဳးတာရယ္တာက သူ႔ကို အားနည္းတယ္လို႔ခံစားရေစတယ္...။ သူအားနည္းတဲ့သူမျဖစ္ခ်င္ဘူး...။ ဒါကလဲ သူ႔ရဲ႕ဆိုက္ကိုတစ္မ်ိဳးေပါ့ေလ...။ လူတိုင္းမွာ ဘယ္သူမွမသိနိုင္တဲ့ ဆိုက္ကိုတစ္မ်ိုးစီေတာ့ ႐ွိတတ္ၾကတယ္...။ ဒါေပမဲ့... ။
အၾကာႀကီးေနမွ ပထမဆံုးအႀကိမ္အျဖစ္ သူ႔ႏႈတ္ခမ္းေတြကို လႈပ္႐ွားခ်င္ေနမိတယ္...။ သူ႔ရဲ႕စိတ္အစဥ္နဲ႔ ကိုယ္ခႏၶာတစ္ခုလံုးက သူ႔ရဲ႕ႏႈတ္ခမ္းလႊာေတြကို ေကာ့္ၫြတ္တက္လိုက္စမ္းပါလို႔ တိုက္တြန္းေနသေယာင္ခံစားလာရတယ္...။
( အျပံဳးေလးတစ္ခုပဲေလ...ဘာမ်ားခက္ခဲေနလို႔လဲ...)
ဘယ္ကမွန္းမသိတဲ့သတၱိေတြကဝင္လာၿပီး သူျပံဳးျပဖို႔အဆင္သင့္ျဖစ္လာခဲ့တယ္...။ သူ႔အျပံဳးက ဘယ္ေလာက္ေတာင္လွလဲဆိုတာကို လွစ္ဟျပခ်င္လာမိတယ္...။ သူ႔အျပံဳးေၾကာင့္ အံ့ဩမွင္သက္သြားမဲ့မ်က္ႏွာတစ္ခုကိုလဲ သူျမင္ခ်င္မိတယ္...။ သူ...လင္းေခတ္ဦးအတြက္ အျပံဳးတစ္ပြင့္ကို လိႈက္လိႈက္လွဲလွဲေပးခ်င္လာမိတယ္...။
လင္းေခတ္ဦးအေပၚ႐ွင္းလင္းလာတဲ့ ခံစားခ်က္ေတြကို ခဏေခါက္သိမ္းလိုက္ၿပီး...ခြန္းစစ္မင္း ခ်ီတုန္ခ်တုန္ျဖစ္စြာနဲ႔ပဲ ဘီယာဘူးကိုေယာင္ယမ္းျပီးတစ္ခ်က္ညႇစ္လိုက္မိတယ္...။
" ကိုလင္း..."
" ဟင္?..."
" ကြၽန္ေတာ္ျပံဳးရင္ လွမွာလား..."
မထင္မွတ္ထားတဲ့ေမးခြန္းေၾကာင့္ လင္းေခတ္ဦးအံ့ဩရိပ္သန္းစြာနဲ႔ ခြန္းစစ္မင္းကိုလွည့္ၾကည့္လာတယ္...။ ၿပီးေတာ့ ေသာက္လက္စဘီယာဘူးကိုေအာက္ခ်လိုက္ၿပီး ခြန္းစစ္မင္းေဘးကို မသိမသာတိုးကပ္လိုက္တယ္...။
" ငါက်ိန္ရဲတယ္...အရမ္းလွမွာ..."
( ဟ! ခင္မ်ားဘာလုပ္လုပ္ဘာေျပာေျပာ ကြၽန္ေတာ္႐ွက္ေနမိေတာ့တာပဲ...)
႐ွက္စိတ္ေၾကာင့္နီရဲလာတဲ့ နားရြက္ဖ်ားေတြဆီ လင္းေခတ္ဦးအၾကည့္ေရာက္ေနတုန္းမွာပဲ ခြန္းစစ္မင္းကေခါင္းကိုအသာလွည့္လာၿပီး လင္းေခတ္ဦးနဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္တယ္...။ လင္းေခတ္ဦးမ်က္လံုးေတြကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ မ်က္လံုးေတြကိုမွိတ္ခ်လိုက္မိတယ္...။
( ခင္မ်ားအတြက္ေတာ့ ကြၽန္ေတာ္ျပံဳးႏိုင္ေကာင္းပါရဲ႕...စဥ္းစားစမ္း...ငါ့ကိုျပံဳးလာေစမဲ့ အေၾကာင္းအရာတစ္ခုခု...)
~ ေဆာရီးပါ...ငါမင္းကို တစ္ေယာက္တည္း မထားခဲ့သင့္ဘူး...~
~ မေၾကာက္နဲ႔ေတာ့ ခြန္း...ငါ႐ွိတယ္...အခု ငါ႐ွိေနၿပီ...မငိုနဲ႔ေတာ့...~
~ မင္းျဖစ္ေနလို႔ ခြန္း...~
~ ငါမင္းကိုသေဘာက်တယ္...~
~ ငါမင္းကိုစိတ္ဝင္စားတယ္... မင္းကိုႀကိဳက္တယ္... အင္း...ဘယ္လိုေျပာရင္ အေကာင္းဆံုးျဖစ္မလဲ... ~
~ မင္းကို ရယ္ေမာျပံဳးေပ်ာ္ေအာင္မလုပ္ႏိုင္မဲ့အတူတူေတာ့ ေဒါသထြက္ေနေအာင္လုပ္ဖို႔ပဲ ငါေရြးခ်ယ္ခဲ့တာ...အနည္းဆံုးေတာ့ ငါကမင္းအတြက္ထူးျခားေနေအာင္ေပါ့...~
~ ငါတကယ္မႀကိဳက္ဘူး... ငါ့ေ႐ွ႕မွာ အဲ့လိုအျခားတစ္ေယာက္အေၾကာင္း မေျပာပါနဲ႔လား ခြန္းရယ္...ေနာ္...~
~ ငါမင္းကို သဝန္တိုတယ္...~
~ မင္းမထြက္သြားေစခ်င္သ၍ေပါ့...~
" အဟင္း!..."
" ....."
မ်က္လံုးအျပဴးသားနဲ႔ မွင္သက္တိတ္ဆိတ္ေနတဲ့ လင္းေခတ္ဦးကို သူမ်က္လံုးခ်င္းစံုေစလိုက္တယ္...။
" ခြန္း...???..."
ပေဟ႒ိျဖစ္ေနရွာတဲ့လင္းေခတ္ဦးကို လစ္လ်ဴ႐ႈရင္း...ခြန္းစစ္မင္း သူ႔ရဲ႕ျပံဳးေယာင္သန္းေနဆဲျဖစ္တဲ့ ႏႈတ္ခမ္းေတြကိုလႈပ္႐ွားမႈထပ္ေပးလိုက္တယ္...။ ႏႈတ္ခမ္းေထာင့္ေတြကို တြန္႔ခ်ိဳးလိုက္ၿပီးေနာက္မွာေတာ့ ေ႐ွ႕သြားေလးေတြအနည္းငယ္ေပၚလာတဲ့အထိ...ညာဘက္ပါးေပၚက ပါးခ်ိဳင့္ေလးလံုးဝခြက္ဝင္သြားတဲ့အထိ သူျပံဳးလိုက္တယ္...။
( ဟား!...ငါ့ကိုယ္ငါေတာင္မယံုႏိုင္ဘူး...ငါတကယ္ျပံဳးေနတာပဲ...)
လင္းေခတ္ဦးဘက္က တစ္ခုခုတုန္႔ျပန္လာလိမ့္မယ္လို႔ထင္ထားခဲ့ေပမဲ့...လင္းေခတ္ဦးက တစ္ဖက္ကိုျပန္လွည့္သြားၿပီး လက္မထိပ္ကိုကိုက္ရင္းျငိမ္ေနေတာ့တယ္...။ မဟုတ္တာတစ္ခုခုလုပ္ခ်င္ေနတာေၾကာင့္ ဂနာမၿငိမ္ျဖစ္ေနတဲ့လူလိုပံုစံမ်ိဳးေပါက္ေနတဲ့ အႏွီငနဲကို ခြန္းစစ္မင္းမ်က္ေမွာင္ၾကဳတ္လိုက္မိတယ္...။
" ကိုလင္း...ဘာျဖစ္..."
( ဟင္???...)
႐ုတ္တရက္အျမင့္ကေနျပဳတ္က်သြားတဲ့ သူလိုမ်ိဳး သူ႔ရင္ဘက္ႀကီးတစ္ခုလံုး သိမ့္ခနဲျဖစ္သြားရတယ္...။ ခြန္းစစ္မင္း မယံုၾကည္ႏိုင္ခ်င္းႀကီးစြာနဲ႔ပဲ...သူ႔မ်က္လံုးတည့္တည့္မွာ႐ွိေနတဲ့ လင္းေခတ္ဦးရဲ႕ ပိတ္ထားတဲ့မ်က္လံုးအစံုကိုၾကည့္ေနမိရတယ္...။ ဒီတစ္ခါ မ်က္လံုးျပဴးရတာကေတာ့ သူ...။
( ငါ ကိုလင္းနဲ႔နမ္းေနတယ္?...
OMG!...OMG!...Wtf!...@#$%&...)
လင္းေခတ္ဦးရဲ႕ႏႈတ္ခမ္းလႊာေတြ စတင္လႈပ္႐ွားခ်င္လာတာကို ခံစားသိလိုက္ရတာနဲ႔တစ္ၿပိဳင္နက္...သူ႔မ်က္လံုးေတြကိုဆက္ဖြင္႔ထားဖို႔ မစြမ္းနိုင္တာ့ဘူး...။ လင္းေခတ္ဦး ဦးေဆာင္ရာေနာက္ကို သူအလိုလိုလိုက္ပါစီးေျမာေနမိရင္း...လက္ထဲကဘီယာဘူးခမ်ာလဲ သနားစရာေကာင္းစြာ ေျမခရေတာ့တယ္...။
လင္းေခတ္ဦးရဲ႕အနမ္းေတြက ႐ွိန္းဆက္ပိုင္လိုမႏူးညံ့ေပမဲ့...ၾကမ္းတမ္းေနတာေတာ့လဲမဟုတ္ျပန္ဘူး...။ ဒါေပမဲ့ အရမ္းကိုျပင္း႐ွၿပီး စြဲမက္ေစေလာက္တဲ့အနမ္းမ်ိဳး...။ ႏူးညံ့တာနဲ႔ၾကမ္းတမ္းတာရဲ႕အလယ္မွာ အလႊာပါးေလးျခားၿပီး က်ြမ္းက်င္စြာကစားေနတဲ့ လင္းေခတ္ဦးေၾကာင့္...ခြန္းစစ္မင္းခမ်ာ မေရာင့္ရဲႏိုင္ပဲ ေမာဟိုက္သာလာရတယ္...။
အခုလိုလင္းေခတ္ဦးဆီမွာ ထပ္ၿပီးက်႐ႈံးရျပန္တဲ့ ကိုယ့္အျဖစ္ကိုယ္ေတြးမိၿပီး ထြက္ေျပးခ်င္စိတ္ေပါက္မိေပမဲ့...သူ႔ခႏၶာကိုယ္ကလက္မခံသလို လင္းေခတ္ဦးကလဲ သူ႔ရဲ႕မ်က္နွာေလးကို မလႊတ္တမ္းကိုင္ထားတယ္...။ ဒါေပမဲ့ တစ္ခ်က္တစ္ခ်က္ႏႈတ္ခမ္းလႊာေတြၾကား တိုးတိုးဝင္လာတဲ့ခပ္ေႏြးေႏြးအရာေလးကို အလိုက္သင့္ျပန္စုပ္ေပးရင္းက...အနမ္းေတြကအေပးအယူတည့္လာေတာ့တယ္...။ တျဖည္းျဖည္းနဲ႔ ခြန္းစစ္မင္းရဲ႕တစ္ကိုယ္လံုးလဲ အားမ႐ွိေတာ့သလိုခံစားလာရၿပီး ေျခေထာက္ေတြပါၫြတ္ေခြခ်င္လာမိတယ္...။ သူ႔ရဲ႕ ႏႈတ္ခမ္းသားဖူးဖူးေတြ နီရဲစိုအိလာခ်ိန္မွာေတာ့...လင္းေခတ္ဦးက ေအာက္ႏႈတ္ခမ္းေလးကိုခပ္သာသာကိုက္ေပးလာရင္း အနမ္းေတြကိုရပ္လိုက္တယ္...။
" ဟင္းးး... ကိုလင္း..."
" ခြန္း..."
ေခါင္းကိုအတင္းငုံု႔ထားတဲ့ ခြန္းစစ္မင္းကို မ်က္ႏွာေလးေမာ့လာေစရင္း ...လင္းေခတ္ဦး အၾကည့္ခ်င္းစံုေစဖို႔ ႀကိဳးစားလိုက္တယ္...။
" ခြန္း...မင္းအခုလိုမ်ိဳး အျခားဘယ္သူ႔ကိုျပံဳးျပဖူးလဲ..."
" ႐ူးေနလား...ခင္မ်ားသိရဲ႕သားနဲ႔..."
မ်က္ႏွာေလးကိုဆူရင္း တိုးတိုးျပန္ေျပာလာေတာ့...လင္းေခတ္ဦးကျပံဳးလိုက္ၿပီး...။
" အင္း...ေကာင္းတယ္...ေနာက္လဲ အျခားဘယ္သူ႔ကိုမွ အခုလိုမလုပ္ျပနဲ႔..."
" ဘာလို႔လဲ ..."
" ဘာလို႔လဲဆိုေတာ့..."
ခြန္းစစ္မင္းရဲ႕ ေသြးစို႔ေနတဲ့ေအာက္ႏႈတ္ခမ္းနားေလးကို လက္မေလးနဲ႔အသာအယာပြတ္လိုက္ၿပီး...။
" မင္းကိုအခုလိုမ်ိဳး...ငါ့လို နမ္းခ်င္လာၾကရင္ဘယ္လိုလုပ္မလဲ..."
" လူတိုင္းက ခင္မ်ားလိုႏွာဘူးမွမဟုတ္တာ..."
" အံမယ္...I am 'ႏွာဘူး' just for you ပါေနာ္...သိဖို႔..."
" အဓိပၸါယ္မ႐ွိလိုက္တာ... "
လင္းေခတ္ဦး သူ႔ေ႐ွ႕က ဆူပုတ္ပုတ္မ်က္ႏွာထားနဲ႔ကေလးေလးရဲ႕မ်က္ႏွာေလးကို...လက္ႏွစ္ဖက္ထဲနစ္ဝင္ေနေအာင္ကိုင္ထားရင္းက ဆက္ေျပာလိုက္တယ္... ။
" ဒီတစ္ခုေတာ့ေျဖ...ဒါမင္းရဲ႕ first kiss လား..."
" ေဆာရီးပဲ...မဟုတ္ဘူး..."
" ဟင္?...ရည္းစားလဲမထားဖူးပဲနဲ႔...မင္းကိုနမ္းမဲ့သူလဲ႐ွိတယ္ေပါ့ေလ..."
" ခင္မ်ားအခုပဲ ကြၽန္ေတာ့္ကိုနမ္းထားတာေနာ္..."
" ငါက သူမ်ားနဲ႔မွမတူတာ..."
" ရည္းစားမထားဖူးပဲ လူပ်ိဳမဟုတ္ေတာ့တဲ့သူေတြ႐ွိသလို...ရည္းစားထားတာနဲ႔ အနမ္းကလဲ တိုက္႐ိုက္အခ်ိဳးမက်ပါဘူး..."
" ဒါဆို...မင္းေရာဟုတ္ေသးလား..."
" အေျဖသိၿပီးသားေမးခြန္းေတြကို ဘာလို႔လာေမးေနတာလဲ..."
" ဟက္! အင္းေလ...ဘာပဲျဖစ္ျဖစ္ first kiss က အေရးမႀကီးပါဘူး..."
စိတ္မေကာင္းသလိုအမူအရာလုပ္ျပေနတဲ့ လင္းေခတ္ဦးေၾကာင့္ သူ႔စိတ္ထဲရယ္ခ်င္လာရကာ...သူ႔ပါးေပၚက လင္းေခတ္ဦးလက္တစ္ဖက္ကို ခပ္ဖြဖြပုတ္လိုက္မိတယ္...။
" ဒီမွာ...first time က အဲ့ေလာက္ေတာင္အေရးပါလား...ခင္မ်ားရဲ႕ first kiss ကေတာင္ ကြၽန္ေတာ္မဟုတ္ပဲနဲ႔ကို...ဘာလို႔လူတိုင္းက တစ္ေယာက္ေယာက္ရဲ႕ first time ျဖစ္ခ်င္ၾကတာလဲ ကြၽန္ေတာ္ျဖင္႔နားကိုမလည္ႏိုင္ဘူး..."
" အေရးပါတယ္လို႔မဆိုလိုပါဘူး...first time ကိုမရလို႔လဲ ဘာမွမေျပာင္းလဲသြားဘူး...ဒါေပမဲ့ ရရင္ေတာ့ အဲ့တာက အရမ္းေပ်ာ္ဖို႔ေကာင္းတယ္ေလ...အမွတ္တရလဲျဖစ္ေစသလို... ပထမဆံုးဆိုရင္ လူေတြက မေမ့တတ္ၾကဘူး..."
သူ႔ကိုတည့္တည့္မၾကည့္ပဲ အေရမရအဖတ္မရေတြေျပာေနတဲ့ လင္းေခတ္ဦးေၾကာင့္ သူစိတ္႐ႈပ္လာရတယ္...။ ဒါနဲ႔ လင္းေခတ္ဦးရဲ႕ အက်ႌလည္ပင္းစကို လက္ႏွစ္နဲ႔ဆြဲကိုင္ရင္း... နဂိုကမွ တစ္ထြာေလာက္သာကြာေတာ့တဲ့မ်က္ႏွာကို ပိုတိုးလို႔ဆြဲကပ္လိုက္တယ္...။ ၿပီးတဲ့အခါ ႏႈတ္ခမ္းကိုႏႈတ္ခမ္းခ်င္းပိတ္ကာ စကၠန္႔ပိုင္းေလာက္ ဖိကပ္နမ္းလိုက္တယ္...။
" ခြန္း..."
" အခုေရာ...ခင္မ်ားက မေပ်ာ္ဘူးလား..."
အံ့ဩမႈႀကီးစိုးေနရာကေန အျပံဳပန္းေတြေဝလာတဲ့လင္းေခတ္ဦးရဲ႕ပံုစံက ေတာင္ပလြန္းလို႔ ခြန္းစစ္မင္းမ်က္လံုးပင္က်ိန္းလာသေယာင္ ...။ ၿပီးတာနဲ႔ လင္းေခတ္ဦးက ခြန္းစစ္မင္းရဲ႕ကိုယ္လံုးေလးကို သူ႔ရင္ခြင္ထဲျမဳပ္သြားတဲ့အထိ တင္းတင္းက်ပ္က်ပ္ဖက္ေတာ့တယ္...။
" ဟင့္အင္း...ေပ်ာ္တယ္...အရမ္းေပ်ာ္တာေပါ့..."
" ပထမဆံုးဆိုတာက တစ္ႀကိမ္ပဲ႐ွိတာ...ခင္မ်ားက အဲ့တစ္ႀကိမ္ရဲ႕အမွတ္တရကိုပဲ ယူမွာလား...ေနာက္ပိုင္းဆက္႐ွိလာမဲ့ အမွတ္တရေတြကိုယူမွာလား..."
အဲ့ေနာက္ ခြန္းစစ္မင္းလဲ ခါးကေနျပန္ဖက္ထားလိုက္ၿပီး သူ႔ရဲ႕မ်က္ႏွာတစ္ခုလံုးကို လင္းေခတ္ဦးရဲ႕လည္ပင္းၾကားမွာ နစ္ျမဳပ္ေနေစလိုက္တယ္...။
( ဟင္းးး... အရင္တစ္ေခါက္တုန္းက အနံ႔ေလးအတိုင္းပဲ...)
" ကိုလင္း..."
" အင္း..."
" တြဲရေအာင္..."
" ဟမ္?..."
ၾကားလိုက္ရတဲ့စကားေၾကာင့္ လင္းေခတ္ဦးအလန္႔တၾကားနဲ႔ပဲ ခြန္းစစ္မင္းကိုယ္လံုးေလးကိုဆြဲခြာလိုက္တယ္...။
" ဘာေျပာလိုက္တယ္..."
" တြဲရေအာင္လို႔...ကြၽန္ေတာ္အေျဖေပးခ်င္ၿပီ...ခင္မ်ား အရင္တစ္ေခါက္က Propose လုပ္ဖို႔က်န္ေသးတာေလ...အဲ့တာ အခုလုပ္ေတာ့..."
ခြန္းစစ္မင္း လက္ကနာရီကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ဆက္ေျပာလိုက္တယ္...။
" ခင္မ်ားေမြးေန႔ေတာ့ေက်ာ္သြားၿပီ...ဒါေပမဲ့ ခင္မ်ားကြၽန္ေတာ္နဲ႔ခ်စ္သူျဖစ္ဖို႔ ဆႏၵ႐ွိေသးတယ္ဆိုရင္..."
" ဆႏၵ႐ွိတာေပါ့...႐ွိတာေပါ့...ဒီတစ္ခါေတာ့ ငါ့ကိုအေျဖေပးမယ္လား..."
" Ommm...ဒီတစ္ခါေတာ့...က်ိန္းေသေပါက္ အေျဖျပန္ေပးမွာ..."
လင္းေခတ္ဦးမ်က္လံုးေတြ အေရာင္လဲ့လာတာကိုျမင္လိုက္မိတာနဲ႔တစ္ၿပိဳင္နက္ သူလဲၾကက္ေသေသသြားရတယ္...။ လင္းေခတ္ဦးက သူ႔ရဲ႕မ်က္လံုးေတြကို လက္ဖမိုးနဲ႔အုပ္ထားရင္း ျပန္ေျပာတယ္...။
" အာ!!!...ခြန္း...မင္းငါ့ကို ႐ွက္ေအာင္လုပ္ေနတယ္...ငါ့စိတ္ေတြထိန္းလို႔မရေတာ့ဘူး..."
ခြန္းစစ္မင္းလဲ ထိုအုပ္ထားတဲ့လက္ကို လွမ္းဖယ္လိုက္ရင္း...။
" ခင္မ်ားငိုေနတာလား..."
" အဟင္း!...မငိုပါဘူး...ဒီအတိုင္း ေပ်ာ္လို႔..."
" ကိုလင္း..."
လင္းေခတ္ဦး ခြန္းစစ္မင္းရဲ႕လက္ေလးႏွစ္ဖက္ကို အသာစုပ္ကိုင္လိုက္တယ္...။ ၿပီးေတာ့...ခြန္းစစ္မင္းကို အႏူးညံ့ဆံုးၾကည့္လိုက္ၿပီး...။
" ခြန္း...ငါ..."
" ....."
" ငါမင္းကိုႀကိဳက္တယ္...ငါေလ..."
" အင္း..."
" ငါေလ...ငါ...အင္!!!...ငါတို႔တြဲရေအာင္... "
" အိုး! အိုေက...ဒါက...ဒါကတကယ္ကိုေကာင္းတဲ့ propose ပဲ..."
( Shit! ငါက သူအမ်ားႀကီးေျပာေတာ့မယ္ထင္ထားတာ...သူ႔ရင္ထဲကစကားေတြ ေပါက္ကြဲထြက္လာေတာ့မယ္ေပါ့...ထင္လိုက္တာ...)
" မင္းက လိုရင္းပဲႀကိဳက္တတ္တာမို႔လို႔ေလ..."
" ခင္မ်ားမဆိုးဘူး..."
( Fuck! ေသလိုက္ပါလား...မလိုအပ္တဲ့ေနရာက်မွ...ငါလဲ ခ်စ္စကားေလးဘာေလး နားေထာင္ဖူးတယ္႐ွိေအာင္ နားေထာင္ၾကည့္ခ်င္တာေပါ့...)
" အေျဖေပးေတာ့ေလ... "
" ဪ...အင္း...လက္ခံတယ္..."
" ရင္ခုန္စရာေကာင္းတဲ့ အေျဖစကားေလးပါပဲ..."
ေျပာရင္းက သူတို႔အေျခအေနကိုသေဘာက်ၿပီး လင္းေခတ္ဦးကရယ္တယ္...။ ဒီလိုနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ တစ္ခါမွမျမင္ဖူးတဲ့အလား ေငးၾကည့္ေနၾကၿပီးေနာက္...လူခ်င္းနီးသထက္နီးေအာင္တိုးကပ္မိၾကျပန္တယ္...။
" ခဏ..."
" ဘာျဖစ္လို႔လဲ..."
" အသံၾကားလိုက္သလိုပဲ..."
ခြန္းစစ္မင္းက ျပန္ေျဖရင္းနဲ႔ အဆင္းေလွကားဖက္ကို စူူးစူးစိုက္စိုက္လွမ္းၾကည့္တယ္...။ လင္းေခတ္ဦးလဲ အတူလိုက္ၾကည့္ရင္းက...။
" ေၾကာင္ေတြဘာေတြေနမွာပါ...ဒီအခ်ိန္က သူတို႔ထႂကြေနက်အခ်ိန္..."
" မိတ္လိုက္တာကိုေျပာတာလား..."
" အမ္! မဟုတ္ပါဘူး ခြန္းရယ္...ဟ ဟ!...ဒီလိုလူအိပ္ခ်ိန္ေရာက္ၿပီဆို ေခါင္းမိုးေတြေပၚတက္ၿပီး ေျပးလႊားရန္ျဖစ္ၾကတာ သူတို႔အထာပဲေလ...အဲ့တာကိုေျပာတာ..."
" ဪ...ဒါဆို အခု...ကြၽန္ေတာ္တို႔ ထပ္နမ္းလို႔ရၿပီလား..."
" ....."
ၿပီးတာနဲ႔ သူတို႔ရဲ႕ႏႈတ္ခမ္းလႊာေတြက တတိယအႀကိမ္ေျမာက္ပူးကပ္သြားၾကျပန္တယ္...။ စံခ်ိန္တင္ေအာင္ နာရီပိုင္းေလာက္နမ္းၿပီးတဲ့အခါမွာေတာ့...ညလဲေတာ္ေတာ္နက္ေနခဲ့ၿပီ...။
..........
" ဘာတဲ့လဲ..."
" လမ္းမွာပဲ႐ွိေသးတယ္တဲ့..."
" ကြၽတ္! ဒီေလာက္မွာထားတာကို ေနာက္က်ျဖစ္ေအာင္က်တယ္ အဲ့ေကာင္ကေတာ့..."
" ထားလိုက္ဟာ...သြားႏွင့္မယ္ လာ...ၿပီးရင္အတန္းတက္ရအံုးမွာ...ထမင္းစားခ်ိန္မွသြားဖို႔က်ေတာ့လဲ ညေနတက္ရမဲ့အခ်ိန္ကေနာက္က်လို႔မရဘူး...ထမင္းစားရမွာနဲ႔ သြားယူရမွာနဲ႔ဆိုမမွီဘူး..."
ခတ္ႏြယ္က ဖုန္းကိုအိတ္ထဲျပန္ထည့္ရင္းေျပာလာတယ္...။
" အင္း...သြားမယ္...အဲ့တာဆိုလဲ..."
အခ်ိဳ႕ဘာသာရပ္ေတြက ႏွစ္ကုန္ခါနီးေလာက္မွ လက္ေတြ႔စဝင္ရတာမို႔...မေန႔ကပဲ ထိုဘာသာရပ္ဆိုင္ရာ Professor ေတြက Practical စာအုပ္ေတြလာထုတ္လို႔ရၿပီျဖစ္ေၾကာင္းေျပာသြားတယ္...။ ဒါေၾကာင့္ ဒီေန႔မနက္အတူတူသြားထုတ္မဲ့အေၾကာင္း မွာထားေပမဲ့ ခန္႔သူရိန္သစ္ကေရာက္မလာေသးဘူး...။ လူမ်ားရင္အခ်ိန္ၾကာလို႔ ဒီလိုလူ႐ွင္းတဲ့အခ်ိန္ကို တမင္ေရြးထားတာ...။
႒ာနေတြဘက္ေလ်ွာက္လာေနရင္း ပံုမွန္ထက္ပိုၿပီးၿငိမ္သက္ေနတဲ့ ခတ္ႏြယ္ကို ခြန္းစစ္မင္းသတိထားမိသြားရတယ္...။
" ေနေကာင္းရဲ႕လား...Wattpad က ဘယ္ author ကမ်ား တန္းလန္းထားသြားျပန္ၿပီလဲ...Manga update တစ္ခုခုက အသဲခြဲသြားျပန္ၿပီလား...ဒါမွမဟုတ္ ဘယ္ Bl series ထဲက မင္းသားရည္းစားရသြားလို႔လဲ..."
" တစ္ခုမွမဟုတ္ဘူး..."
" နင္ အခုလိုမ်က္ႏွာမေကာင္းရင္ ဒီကိစၥေတြေၾကာင့္ပဲေလ..."
" ဟဲ့ ခြန္း...လူတစ္ေယာက္က အလိမ္ခံရရင္ ဘယ္လိုခံစားရမလဲ..."
" အင္းးး!...ဘယ္လိုခံစားရမလဲ ဆိုတာက...အလိမ္ခံရတဲ့ကိစၥေပၚမူတည္ေသးတယ္..."
" အင္း...ငါကေတာ့ သူ႔ကို လည္ပင္းညႇစ္ခ်င္ေနတယ္..."
သူ႔ကိုၾကည့္ၿပီး မ်က္လံုးျပဴးနဲ႔ေျပာလာတာေၾကာင့္ ခြန္းစစ္မင္းတစ္ေယာက္ေၾကာင္အသြားရတယ္...။
" ေနပါအံုး...နင္က ဘယ္သူ႔အလိမ္ခံရလို႔လဲ..."
" နင္ေလ ေသျခင္းဆိုးရဲ႕..."
" ဘာ...ငါကဘာလိမ္ထားလို႔လဲ..."
" ဒီမယ္...ငါေမးတာပဲေျဖ...A က ကိုလင္းမဟုတ္လား..."
" အဟြတ္ အဟြတ္!...ဘာ...ဘာေျပာတယ္..."
" အဟင္း....ဟုတ္ပါတယ္...ေသခ်ာပါတယ္...နင္ျငင္းလို႔မရဘူးေနာ္...ငါ့မွာသက္ေသ႐ွိတယ္..."
" ဘာသက္ေသလဲ...ဘာေတြလာေျပာေနတာလဲ..."
" အဟမ္း! ညက 'ဒါဆို အခု ကြၽန္ေတာ္တို႔ထပ္နမ္းလို႔ရၿပီလား' လို႔ ေျပာတာ ဘယ္သူ..."
( Wtf!...)
ခြန္းစစ္မင္း ခတ္ႏြယ္ရဲ႕ပါးစပ္ကိုအျမန္လွမ္းပိတ္လိုက္မိတယ္...။ အခုသူတို႔ေရာက္ေနတဲ့ေနရာက ပထမထပ္က႒ာနေတြ႐ွိရာေနရာနဲ႔ အတက္အဆင္းေလွကားေဘးက ေနရာအလြတ္ေလးမွာ...။ တစ္ေယာက္ေယာက္တက္လာရင္ ဘယ္သူမဆိုၾကားသြားႏိုင္တဲ့အေျခအေန...။
" နင္...နင္ဘယ္လိုလုပ္...ဟင္! ဒါဆို ညကအသံကေၾကာင္မဟုတ္ဘူးေပါ့..."
" ဟိ ဟိ! ဒါေပါ့...ငါေလ ငါ ငါ..."
" နင္ေတာ္ေတာ္အက်င့္မေကာင္းတာပဲ...အသံတိတ္နဲ႔ေခ်ာင္းၾကည့္တယ္ေပါ့ေလ..."
" အြန္!...မဟုတ္ပါဘူးဟယ္...ကိုလင္းအခန္းထဲမွာ ဖုန္းက်န္ေနခဲ့လို႔လာျပန္ယူတာ...အခန္းကပိတ္ထားလို႔ အေပၚမွာမ်ားလားဆိုၿပီးတက္လာေတာ့...မထင္မွတ္ပဲေတြ႔တာ...ဒါေပမဲ့ နင္တို႔ရဲ႕ moment ေလးကို မေႏွာက္ယွက္ခ်င္တာနဲ႔ပဲ..."
" နင္...ဟူးးး... ဒါနဲ႔ အဲ့အခ်ိန္ႀကီးထိ နင္ကအိမ္မျပန္ေသးပဲဘာလုပ္ေနတာလဲ..."
" ငါရယ္ သစ္သစ္ရယ္...မ'Cara ရယ္က ကိုလင္းဆီကျပန္ကတည္းက ကလပ္သြားတာ...အဲ့ကေနမွ သစ္သစ္နဲ႔လမ္းခြဲလိုက္တာ...ၿပီးေတာ့ ငါညက အမအိမ္မွာပဲအိပ္တာ...အမွန္ေတာ့ ဒီေန႔မွယူလဲရပါတယ္...ဒါေပမဲ့ အမကနည္းနည္းမူးေနေတာ့ အတင္းေတြလိုက္ပို႔မယ္ဆိုၿပီး ေရာက္ခ်လာတာ..."
ခြန္းစစ္မင္းစိတ္႐ႈပ္စြာနဲ႔ဟိုေတြးဒီေတြးေတြးေနမိတုန္း ခတ္ႏြယ္က အနားကိုအသာေလးကပ္လာျပန္တယ္...။
" နင္ဘာလို႔ငါ့ကိုမေျပာတာလဲ..."
" ....."
" ကိုလင္းက နင့္ကိုႀကိဳက္ေနတဲ့ကိစၥေလ...ငါ့ကိုေတာ့ ေျပာျပသင့္တာေပါ့...သစ္သစ္ကေယာက်္ားေလးမို႔လို႔ နင့္ကိစၥကိုေျပာျပရမွာ ႐ွက္တယ္ဆိုရင္ေတာင္ ငါ့ကိုေတာ့ေျပာသင့္တာေပါ့...ငါတို႔က နင့္သူငယ္ခ်င္းမဟုတ္ဘူးလား..."
" သူငယ္ခ်င္းမို႔လို႔လဲ နင့္ဆီကအၾကံညဏ္ေတာင္းခဲ့တာေပါ့...ၿပီးေတာ့ မေျပာဘူးဆိုတာက မေျပာခ်င္လို႔မဟုတ္ဘူး...ဒီလိုပဲ ေျပာမထြက္တာ...တစ္ခါတစ္ေလမွာ အရင္းႏွီးဆံုးသူေတြကို ဖြင့္ေျပာရတာက ပိုခက္ခဲတယ္...သူတို႔ရဲ႕တုန္႔ျပန္မႈက ကိုယ္ထင္ထားသလိုျဖစ္မလာခဲ့ရင္ အျခားအရာေတြထက္ပိုၿပီးခံစားရခက္တယ္..."
" ဒါေပမဲ့ ငါဘယ္သူဆိုတာ နင္မသိတာၾကေနတာပဲ..."
" ငါသိပါတယ္...ငါနင္တို႔ကို တစ္သတ္လံုးဖံုးထားဖို႔လဲမရည္ရြယ္ပါဘူး...ေျပာရရင္ ဒီအေျခအေနႀကီးက ငါ့အတြက္ေတာင္ယံုရခက္ေနတုန္းပဲ...ညကကိစၥကလဲ တကယ္ကိုမစီစဥ္ထားပဲ သူ႔အလိုလိုျဖစ္သြားတာ...ခတ္ႏြယ္...ငါေတာင္းပန္ပါတယ္...နင့္ကိုစိတ္မေကာင္းျဖစ္ေစခဲ့ရင္..."
" ဟာ...မဟုတ္တာ...ေ႐ွ႕ကဟာေတြက ငါတမင္စေနတာ...ခြန္း...နင္က ငယ္ငယ္တည္းက သူမ်ားနဲ႔မတူဘူး...အရမ္းလဲေတာ္တယ္...ငါနင့္ရဲ႕အရည္အခ်င္းကို တစ္ခါမွသံသယမဝင္ဖူးဘူး...အဲ့ေတာ့ အခုနင့္ဆံုးျဖတ္ကိုလဲ ငါယံုၾကည္တယ္...ဘာပဲျဖစ္လာလာ နင္တို႔ဘက္မွာငါ႐ွိတယ္...နင္သိပါတယ္ တကယ့္လက္ေတြ႔ေလာကက ဝတၳဳေတြ ႐ုပ္႐ွင္ေတြထဲကလိုေတာ့ အျမဲေခ်ာေမြ႔ေနမွာမဟုတ္ဘူး...အျမဲတမ္းလဲ Happy Ending နဲ႔ပဲအဆံုးသတ္လိမ့္မယ္မထင္နဲ႔..."
" ငါနားလည္တယ္... "
" ဆိုေတာ့...ကိုလင္းနဲ႔က တြဲေနၿပီေပါ့..."
" Ommm..."
" အဟိ ဟိ! ေနာက္ဆံုးေတာ့ ငါ့ရဲ႕ 'သစ္မင္း'...'႐ွိန္းစစ္'...'လင္းစစ္' ေတြထဲက...'လင္းစစ္' ေလးကအတည္ျဖစ္လာခဲ့ၿပီ...ခစ္ ခစ္!..."
" နင္ Fujoshi ေရာဟုတ္ရဲ႕လား...OTP name ေပးတာကလဲ ညံ့လိုက္တာ..."
" ဘာျဖစ္ျဖစ္..."
ႏွစ္ေယာက္သားေျပာဆိုရင္းနဲ႔ ေနရာကထြက္လာၿပီ ႒ာနရွိရာဦးတည္လိုက္ၾကတယ္...။ အေပ်ာ္ေတြဖံုးလႊမ္းေနတဲ့သူတို႔ႏွစ္ေယာက္ သတိမထားလိုက္မိတာက ခြန္းစစ္မင္းစိုးရိမ္ေနတဲ့ကိစၥ တကယ္ျဖစ္သြားတယ္ဆိုတာပဲ...။ ထိုေနရာကေန သူတို႔ေပ်ာက္ကြယ္သြားတဲ့အထိ...သူတို႔ေျပာသမ်ွအစအဆံုးၾကားသြားတဲ့ ေလွကားနားမွာကြယ္ရပ္ေနတဲ့တစ္ေယာက္ကေတာ့ ၿငိမ္သက္စြာရပ္ေနဆဲပဲ...။
--------------------
[Unicode]
" သူ့အဖေတွေက အခြောက်တွေလေ..."
" သူ့မှာအမေမရှိဘူး..."
" သူကမွေးစားခံထားရတာ..."
" အခြောက်တွေကမွေးထားတာဆိုတော့ သူလဲကြီးလာရင် အခြောက်ပဲဖြစ်မှာပေါ့..."
" အမေမရှိပဲ ကြီးပျင်းရတာ သနားဖို့ကောင်းလိုက်တာ..."
" သူ့အဖေတွေက ကလေးအတွက်မစဉ်းစားဘူးလားမသိဘူး..."
ဒါတွေက ခွန်းစစ်မင်း နေ့စဉ်နဲ့အမျှနားနဲ့မဆံ့အောင်ကြားခဲ့ရတဲ့စကားတွေ...။ တစ်နည်းအားဖြင့် သူ့အဖေတွေကို သူဘယ်တော့မှ ပြန်မပြောပြဖြစ်ခဲ့တဲ့စကားတွေပေါ့...။ ဒါပေမဲ့...သူ့အဖေတွေကလဲ အပြင်မှာဖြစ်ပျက်ခဲ့သမျှကိစ္စတွေကို အမြဲလိုလိုသိနေတတ်တယ်...။ ဒါမှမဟုတ်...ဒီလိုတွေဖြစ်လာမှာပဲဆိုတာကို သူတို့လဲကြိုသိခဲ့ရင်သိခဲ့မှာပေါ့...။ ဒါကြောင့်လဲ ဦးစစ်နိုင်နဲ့ ဦးမင်းစေသော်က ခွန်းစစ်မင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကိုယ်ကာယထက်တောင် ပိုပြီးဂရုစိုက်ခဲ့ကြတယ်...။
တကယ်လဲ ခွန်းစစ်မင်းက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်...။ အဖေတွေသွန်သင်ဆုံးမခဲ့တဲ့ နည်းလမ်းတွေကြောင့်ရော...သူ့နည်းသူ့ဟန်နဲ့ပါ...သူက ပျော့ညံ့တဲ့သူတစ်ယောက်တော့ မဟုတ်ခဲ့ဘူး...။
ပတ်ဝန်းကျင်ဆိုတာက ရှောင်လွှဲလို့မရဘူး...။ မရှိမကောင်းရှိမကောင်းဆိုတဲ့အရာတွေထဲ တစ်ခုအပါအဝင်ပေါ့...။ တစ်ခါတစ်လေမှာ ကိုယ့်အတွက်ဘာကောင်းကျိုးမှပေးနေတာမဟုတ်မှန်းသိနေတာတောင် လူ့အသိုင်းအဝိုင်းဆိုတာကြီးနဲ့ ကွဲထွက်မသွားစေဖို့...ကြိတ်မှိတ်သည်းခံရင်း ပတ်သတ်နေရတာမျိုးတွေလဲရှိတတ်တယ်...။ အဲ့တာတွေကိုရင်ဆိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဂရုမစိုက်တတ်ဖို့တော့လိုတယ်...။ မသိချင်ယောင်ဆောင်ဖို့ ရှောင်ဖို့မဖြစ်နိုင်ဘူးဆိုရင်...ရင်ဆိုင်လိုက်ပါ...။ ပြီးရင်တော့...ဘာလုပ်လုပ်ဘာပြောပြော စောက်ဂရုမစိုက်ကြောင်းကို ပါပါးနပ်နပ်လေးပြရမယ်...။
ဒီနေရာမှာ...လက်တစ်လုံးခြားလုပ်တာတွေ...ပြန်မပြောနားမထောင်အကွက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာသုံးတတ်ဖို့တော့ လိုလာပြီ...။ အဲ့လိုနဲ့ကြာလာရင် အဲ့ပတ်ဝန်းကျင်က သူ့အလိုလိုပါးစပ်ပိတ်သွားလိမ့်မယ်...။ အနည်းဆုံးတော့ ကိုယ့်ရှေ့မှာပေါ့...။ ဒါကအဓိကပဲမဟုတ်ဘူးလား...။ လူဆိုတာဖြစ်နေသ၍တော့ ကွယ်ရာမှာမကောင်းပြောတတ်တဲ့အကျင့်ကတော့ ရှိတာပဲလေ...။ သူအပါအဝင်ပဲပေါ့...။
လူတွေက သူတို့အပေါ်မကောင်းလာရင်သာ လွယ်လွယ်အပြစ်ဖို့တတ်ကြပေမဲ့...အဲ့လိုတွေမကောင်းဖြစ်လာစေဖို့ အဲ့လူတွေ ပတ်ဝန်းကျင်တွေကပဲတွန်းပို့ခဲ့တယ်ဆိုတာကိုတော့ မစဉ်းစားမိကြဘူး...။ 'သတ်သေသွားသောနှလုံးသား၏ တီးတိုးရေရွတ်သံ' ဆိုတဲ့ စာအုပ်ထဲကလိုပဲ...။ လူတစ်ယောက်သက်သေသွားရင် ဒီလူဘာတွေများကြုံခဲ့ရလို့ သူ့ဘဝကြီးကဘယ်လောက်တောင်ခက်ခဲခဲ့လို့ဆိုတဲ့ စာနာစိတ်တွေအစား...ကျန်ခဲ့တဲ့သူတွေကိုမသနားဘူး မွေးပေးထားတဲ့မိဘတွေကိုမကြည့်ဘူး မိုက်ရူးရဲလိုက်တာလို့သာ အပြစ်တင်တတ်ကြတယ်...။ ဒါပေမဲ့...သူဒီလိုသတ်သေမိဖို့ အဲ့မိဘဆွေမျိုးတွေကလဲ အကြောင်းပြချက်ဖြစ်နိုင်တာပဲဆိုတဲ့ အဓိကအချက်ကိုတော့ မျက်ကွယ်ပြုထားတတ်ကြတယ်...။ ဒီစာအုပ်က လူတွေရဲ့အပေါ်ယံစိတ်ထားတွေအကြောင်း ခွန်းစစ်မင်းကိုကောင်းကောင်းကြီးသဘောပေါက်စေတယ်...။
ခွန်းစစ်မင်း သူ့ဘဝမှာ နောက်ဆုံးပြုံးခဲ့တာ ဘယ်တုန်းကမှန်းတောင်မမှတ်မိတော့ဘူး...။ သူကမွေးရာပါ အရယ်အပြုံးမရှိတဲ့သူတော့မဟုတ်ဘူး...။ မူလတန်းတက်စဉ်ကာလမှာ သူ့ပတ်ပတ်လည်မှာရှိတဲ့လူတွေရဲ့...စသလိုတစ်မျိုး နောက်သလိုတစ်ဖုံနဲ့ အစော်ကားခံခဲ့ရတာတွေကမနည်းဘူး...။ လူတွေက သဘောကောင်းတဲ့သူ...ပျော်ပျော်နေတတ်တဲ့သူ...အမြဲရယ်မောနေတတ်တဲ့သူတွေကိုဆိုရင် ငတုံးငအလိုသတ်မှတ်ပြီး နှိမ်ချင်ကြတဲ့သဘောရှိတယ်...။ ဒါကြောင့် နောက်ပိုင်းမှာ ခွန်းစစ်မင်း သူ့မျက်နှာပေါ်ကအပြုံးကို ထာဝရချိတ်ပိတ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်...။ သူ ငတုံးငအလိုအသတ်မှတ်မခံနိုင်ဘူး...။သူ...အားနည်းတဲ့သူမဖြစ်ချင်ဘူး...။ အားနည်းတဲ့ခံစားချက်ကိုမုန်းတယ်...။ သူအမာကျောဆုံးပုံစံနဲ့ နေထိုင်ခဲ့တယ်...။ အဲ့တော့ ဘာတွေဖြစ်လာလဲ...။ သူ့ကိုစောက်လိုက်ကမ်းဆိုးမသိ စကားအပြောအဆိုမတတ်တဲ့ ဘုဂလန့်ကောင်လို့သတ်မှတ်လာကြတယ်...။ နောက်ကွယ်မှာပေါ့လေ...။ ဒါပေမဲ့ သူ့ရဲ့ဒီလိုပုံစံကလဲ သူတို့ကြောင့်ပဲပြောင်းလဲခဲ့ရတယ်ဆိုတာကိုတော့ သူတို့မေ့ထားကြလေရဲ့...။
ပြုံးတာရယ်တာက သူ့ကို အားနည်းတယ်လို့ခံစားရစေတယ်...။ သူအားနည်းတဲ့သူမဖြစ်ချင်ဘူး...။ ဒါကလဲ သူ့ရဲ့ဆိုက်ကိုတစ်မျိုးပေါ့လေ...။ လူတိုင်းမှာ ဘယ်သူမှမသိနိုင်တဲ့ ဆိုက်ကိုတစ်မျိုးစီတော့ ရှိတတ်ကြတယ်...။ ဒါပေမဲ့... ။
အကြာကြီးနေမှ ပထမဆုံးအကြိမ်အဖြစ် သူ့နှုတ်ခမ်းတွေကို လှုပ်ရှားချင်နေမိတယ်...။ သူ့ရဲ့စိတ်အစဉ်နဲ့ ကိုယ်ခန္ဓာတစ်ခုလုံးက သူ့ရဲ့နှုတ်ခမ်းလွှာတွေကို ကော့်ညွတ်တက်လိုက်စမ်းပါလို့ တိုက်တွန်းနေသယောင်ခံစားလာရတယ်...။
( အပြုံးလေးတစ်ခုပဲလေ...ဘာများခက်ခဲနေလို့လဲ...)
ဘယ်ကမှန်းမသိတဲ့သတ္တိတွေကဝင်လာပြီး သူပြုံးပြဖို့အဆင်သင့်ဖြစ်လာခဲ့တယ်...။ သူ့အပြုံးက ဘယ်လောက်တောင်လှလဲဆိုတာကို လှစ်ဟပြချင်လာမိတယ်...။ သူ့အပြုံးကြောင့် အံ့ဩမှင်သက်သွားမဲ့မျက်နှာတစ်ခုကိုလဲ သူမြင်ချင်မိတယ်...။ သူ...လင်းခေတ်ဦးအတွက် အပြုံးတစ်ပွင့်ကို လှိုက်လှိုက်လှဲလှဲပေးချင်လာမိတယ်...။
လင်းခေတ်ဦးအပေါ်ရှင်းလင်းလာတဲ့ ခံစားချက်တွေကို ခဏခေါက်သိမ်းလိုက်ပြီး...ခွန်းစစ်မင်း ချီတုန်ချတုန်ဖြစ်စွာနဲ့ပဲ ဘီယာဘူးကိုယောင်ယမ်းပြီးတစ်ချက်ညှစ်လိုက်မိတယ်...။
" ကိုလင်း..."
" ဟင်?..."
" ကျွန်တော်ပြုံးရင် လှမှာလား..."
မထင်မှတ်ထားတဲ့မေးခွန်းကြောင့် လင်းခေတ်ဦးအံ့ဩရိပ်သန်းစွာနဲ့ ခွန်းစစ်မင်းကိုလှည့်ကြည့်လာတယ်...။ ပြီးတော့ သောက်လက်စဘီယာဘူးကိုအောက်ချလိုက်ပြီး ခွန်းစစ်မင်းဘေးကို မသိမသာတိုးကပ်လိုက်တယ်...။
" ငါကျိန်ရဲတယ်...အရမ်းလှမှာ..."
( ဟ! ခင်များဘာလုပ်လုပ်ဘာပြောပြော ကျွန်တော်ရှက်နေမိတော့တာပဲ...)
ရှက်စိတ်ကြောင့်နီရဲလာတဲ့ နားရွက်ဖျားတွေဆီ လင်းခေတ်ဦးအကြည့်ရောက်နေတုန်းမှာပဲ ခွန်းစစ်မင်းကခေါင်းကိုအသာလှည့်လာပြီး လင်းခေတ်ဦးနဲ့မျက်နှာချင်းဆိုင်လိုက်တယ်...။ လင်းခေတ်ဦးမျက်လုံးတွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးတွေကိုမှိတ်ချလိုက်မိတယ်...။
( ခင်များအတွက်တော့ ကျွန်တော်ပြုံးနိုင်ကောင်းပါရဲ့...စဉ်းစားစမ်း...ငါ့ကိုပြုံးလာစေမဲ့ အကြောင်းအရာတစ်ခုခု...)
~ ဆောရီးပါ...ငါမင်းကို တစ်ယောက်တည်း မထားခဲ့သင့်ဘူး...~
~ မကြောက်နဲ့တော့ ခွန်း...ငါရှိတယ်...အခု ငါရှိနေပြီ...မငိုနဲ့တော့...~
~ မင်းဖြစ်နေလို့ ခွန်း...~
~ ငါမင်းကိုသဘောကျတယ်...~
~ ငါမင်းကိုစိတ်ဝင်စားတယ်... မင်းကိုကြိုက်တယ်... အင်း...ဘယ်လိုပြောရင် အကောင်းဆုံးဖြစ်မလဲ... ~
~ မင်းကို ရယ်မောပြုံးပျော်အောင်မလုပ်နိုင်မဲ့အတူတူတော့ ဒေါသထွက်နေအောင်လုပ်ဖို့ပဲ ငါရွေးချယ်ခဲ့တာ...အနည်းဆုံးတော့ ငါကမင်းအတွက်ထူးခြားနေအောင်ပေါ့...~
~ ငါတကယ်မကြိုက်ဘူး... ငါ့ရှေ့မှာ အဲ့လိုအခြားတစ်ယောက်အကြောင်း မပြောပါနဲ့လား ခွန်းရယ်...နော်...~
~ ငါမင်းကို သဝန်တိုတယ်...~
~ မင်းမထွက်သွားစေချင်သ၍ပေါ့...~
" အဟင်း!..."
" ....."
မျက်လုံးအပြူးသားနဲ့ မှင်သက်တိတ်ဆိတ်နေတဲ့ လင်းခေတ်ဦးကို သူမျက်လုံးချင်းစုံစေလိုက်တယ်...။
" ခွန်း...???..."
ပဟေဋ္ဌိဖြစ်နေရှာတဲ့လင်းခေတ်ဦးကို လစ်လျူရှုရင်း...ခွန်းစစ်မင်း သူ့ရဲ့ပြုံးယောင်သန်းနေဆဲဖြစ်တဲ့ နှုတ်ခမ်းတွေကိုလှုပ်ရှားမှုထပ်ပေးလိုက်တယ်...။ နှုတ်ခမ်းထောင့်တွေကို တွန့်ချိုးလိုက်ပြီးနောက်မှာတော့ ရှေ့သွားလေးတွေအနည်းငယ်ပေါ်လာတဲ့အထိ...ညာဘက်ပါးပေါ်က ပါးချိုင့်လေးလုံးဝခွက်ဝင်သွားတဲ့အထိ သူပြုံးလိုက်တယ်...။
( ဟား!...ငါ့ကိုယ်ငါတောင်မယုံနိုင်ဘူး...ငါတကယ်ပြုံးနေတာပဲ...)
လင်းခေတ်ဦးဘက်က တစ်ခုခုတုန့်ပြန်လာလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့...လင်းခေတ်ဦးက တစ်ဖက်ကိုပြန်လှည့်သွားပြီး လက်မထိပ်ကိုကိုက်ရင်းငြိမ်နေတော့တယ်...။ မဟုတ်တာတစ်ခုခုလုပ်ချင်နေတာကြောင့် ဂနာမငြိမ်ဖြစ်နေတဲ့လူလိုပုံစံမျိုးပေါက်နေတဲ့ အနှီငနဲကို ခွန်းစစ်မင်းမျက်မှောင်ကြုတ်လိုက်မိတယ်...။
" ကိုလင်း...ဘာဖြစ်..."
( ဟင်???...)
ရုတ်တရက်အမြင့်ကနေပြုတ်ကျသွားတဲ့ သူလိုမျိုး သူ့ရင်ဘက်ကြီးတစ်ခုလုံး သိမ့်ခနဲဖြစ်သွားရတယ်...။ ခွန်းစစ်မင်း မယုံကြည်နိုင်ချင်းကြီးစွာနဲ့ပဲ...သူ့မျက်လုံးတည့်တည့်မှာရှိနေတဲ့ လင်းခေတ်ဦးရဲ့ ပိတ်ထားတဲ့မျက်လုံးအစုံကိုကြည့်နေမိရတယ်...။ ဒီတစ်ခါ မျက်လုံးပြူးရတာကတော့ သူ...။
( ငါ ကိုလင်းနဲ့နမ်းနေတယ်?...
OMG!...OMG!...Wtf!...@#$%&...)
လင်းခေတ်ဦးရဲ့နှုတ်ခမ်းလွှာတွေ စတင်လှုပ်ရှားချင်လာတာကို ခံစားသိလိုက်ရတာနဲ့တစ်ပြိုင်နက်...သူ့မျက်လုံးတွေကိုဆက်ဖွင့်ထားဖို့ မစွမ်းနိုင်တာ့ဘူး...။ လင်းခေတ်ဦး ဦးဆောင်ရာနောက်ကို သူအလိုလိုလိုက်ပါစီးမြောနေမိရင်း...လက်ထဲကဘီယာဘူးခမျာလဲ သနားစရာကောင်းစွာ မြေခရတော့တယ်...။
လင်းခေတ်ဦးရဲ့အနမ်းတွေက ရှိန်းဆက်ပိုင်လိုမနူးညံ့ပေမဲ့...ကြမ်းတမ်းနေတာတော့လဲမဟုတ်ပြန်ဘူး...။ ဒါပေမဲ့ အရမ်းကိုပြင်းရှပြီး စွဲမက်စေလောက်တဲ့အနမ်းမျိုး...။ နူးညံ့တာနဲ့ကြမ်းတမ်းတာရဲ့အလယ်မှာ အလွှာပါးလေးခြားပြီး ကျွမ်းကျင်စွာကစားနေတဲ့ လင်းခေတ်ဦးကြောင့်...ခွန်းစစ်မင်းခမျာ မရောင့်ရဲနိုင်ပဲ မောဟိုက်သာလာရတယ်...။
အခုလိုလင်းခေတ်ဦးဆီမှာ ထပ်ပြီးကျရှုံးရပြန်တဲ့ ကိုယ့်အဖြစ်ကိုယ်တွေးမိပြီး ထွက်ပြေးချင်စိတ်ပေါက်မိပေမဲ့...သူ့ခန္ဓာကိုယ်ကလက်မခံသလို လင်းခေတ်ဦးကလဲ သူ့ရဲ့မျက်နှာလေးကို မလွှတ်တမ်းကိုင်ထားတယ်...။ ဒါပေမဲ့ တစ်ချက်တစ်ချက်နှုတ်ခမ်းလွှာတွေကြား တိုးတိုးဝင်လာတဲ့ခပ်နွေးနွေးအရာလေးကို အလိုက်သင့်ပြန်စုပ်ပေးရင်းက...အနမ်းတွေကအပေးအယူတည့်လာတော့တယ်...။ တဖြည်းဖြည်းနဲ့ ခွန်းစစ်မင်းရဲ့တစ်ကိုယ်လုံးလဲ အားမရှိတော့သလိုခံစားလာရပြီး ခြေထောက်တွေပါညွတ်ခွေချင်လာမိတယ်...။ သူ့ရဲ့ နှုတ်ခမ်းသားဖူးဖူးတွေ နီရဲစိုအိလာချိန်မှာတော့...လင်းခေတ်ဦးက အောက်နှုတ်ခမ်းလေးကိုခပ်သာသာကိုက်ပေးလာရင်း အနမ်းတွေကိုရပ်လိုက်တယ်...။
" ဟင်းးး... ကိုလင်း..."
" ခွန်း..."
ခေါင်းကိုအတင်းငုံ့ထားတဲ့ ခွန်းစစ်မင်းကို မျက်နှာလေးမော့လာစေရင်း ...လင်းခေတ်ဦး အကြည့်ချင်းစုံစေဖို့ ကြိုးစားလိုက်တယ်...။
" ခွန်း...မင်းအခုလိုမျိုး အခြားဘယ်သူ့ကိုပြုံးပြဖူးလဲ..."
" ရူးနေလား...ခင်များသိရဲ့သားနဲ့..."
မျက်နှာလေးကိုဆူရင်း တိုးတိုးပြန်ပြောလာတော့...လင်းခေတ်ဦးကပြုံးလိုက်ပြီး...။
" အင်း...ကောင်းတယ်...နောက်လဲ အခြားဘယ်သူ့ကိုမှ အခုလိုမလုပ်ပြနဲ့..."
" ဘာလို့လဲ ..."
" ဘာလို့လဲဆိုတော့..."
ခွန်းစစ်မင်းရဲ့ သွေးစို့နေတဲ့အောက်နှုတ်ခမ်းနားလေးကို လက်မလေးနဲ့အသာအယာပွတ်လိုက်ပြီး...။
" မင်းကိုအခုလိုမျိုး...ငါ့လို နမ်းချင်လာကြရင်ဘယ်လိုလုပ်မလဲ..."
" လူတိုင်းက ခင်များလိုနှာဘူးမှမဟုတ်တာ..."
" အံမယ်...I am 'နှာဘူး' just for you ပါနော်...သိဖို့..."
" အဓိပ္ပါယ်မရှိလိုက်တာ... "
လင်းခေတ်ဦး သူ့ရှေ့က ဆူပုတ်ပုတ်မျက်နှာထားနဲ့ကလေးလေးရဲ့မျက်နှာလေးကို...လက်နှစ်ဖက်ထဲနစ်ဝင်နေအောင်ကိုင်ထားရင်းက ဆက်ပြောလိုက်တယ်... ။
" ဒီတစ်ခုတော့ဖြေ...ဒါမင်းရဲ့ first kiss လား..."
" ဆောရီးပဲ...မဟုတ်ဘူး..."
" ဟင်?...ရည်းစားလဲမထားဖူးပဲနဲ့...မင်းကိုနမ်းမဲ့သူလဲရှိတယ်ပေါ့လေ..."
" ခင်များအခုပဲ ကျွန်တော့်ကိုနမ်းထားတာနော်..."
" ငါက သူများနဲ့မှမတူတာ..."
" ရည်းစားမထားဖူးပဲ လူပျိုမဟုတ်တော့တဲ့သူတွေရှိသလို...ရည်းစားထားတာနဲ့ အနမ်းကလဲ တိုက်ရိုက်အချိုးမကျပါဘူး..."
" ဒါဆို...မင်းရောဟုတ်သေးလား..."
" အဖြေသိပြီးသားမေးခွန်းတွေကို ဘာလို့လာမေးနေတာလဲ..."
" ဟက်! အင်းလေ...ဘာပဲဖြစ်ဖြစ် first kiss က အရေးမကြီးပါဘူး..."
စိတ်မကောင်းသလိုအမူအရာလုပ်ပြနေတဲ့ လင်းခေတ်ဦးကြောင့် သူ့စိတ်ထဲရယ်ချင်လာရကာ...သူ့ပါးပေါ်က လင်းခေတ်ဦးလက်တစ်ဖက်ကို ခပ်ဖွဖွပုတ်လိုက်မိတယ်...။
" ဒီမှာ...first time က အဲ့လောက်တောင်အရေးပါလား...ခင်များရဲ့ first kiss ကတောင် ကျွန်တော်မဟုတ်ပဲနဲ့ကို...ဘာလို့လူတိုင်းက တစ်ယောက်ယောက်ရဲ့ first time ဖြစ်ချင်ကြတာလဲ ကျွန်တော်ဖြင့်နားကိုမလည်နိုင်ဘူး..."
" အရေးပါတယ်လို့မဆိုလိုပါဘူး...first time ကိုမရလို့လဲ ဘာမှမပြောင်းလဲသွားဘူး...ဒါပေမဲ့ ရရင်တော့ အဲ့တာက အရမ်းပျော်ဖို့ကောင်းတယ်လေ...အမှတ်တရလဲဖြစ်စေသလို... ပထမဆုံးဆိုရင် လူတွေက မမေ့တတ်ကြဘူး..."
သူ့ကိုတည့်တည့်မကြည့်ပဲ အရေမရအဖတ်မရတွေပြောနေတဲ့ လင်းခေတ်ဦးကြောင့် သူစိတ်ရှုပ်လာရတယ်...။ ဒါနဲ့ လင်းခေတ်ဦးရဲ့ အကျႌလည်ပင်းစကို လက်နှစ်နဲ့ဆွဲကိုင်ရင်း... နဂိုကမှ တစ်ထွာလောက်သာကွာတော့တဲ့မျက်နှာကို ပိုတိုးလို့ဆွဲကပ်လိုက်တယ်...။ ပြီးတဲ့အခါ နှုတ်ခမ်းကိုနှုတ်ခမ်းချင်းပိတ်ကာ စက္ကန့်ပိုင်းလောက် ဖိကပ်နမ်းလိုက်တယ်...။
" ခွန်း..."
" အခုရော...ခင်များက မပျော်ဘူးလား..."
အံ့ဩမှုကြီးစိုးနေရာကနေ အပြုံပန်းတွေဝေလာတဲ့လင်းခေတ်ဦးရဲ့ပုံစံက တောင်ပလွန်းလို့ ခွန်းစစ်မင်းမျက်လုံးပင်ကျိန်းလာသယောင် ...။ ပြီးတာနဲ့ လင်းခေတ်ဦးက ခွန်းစစ်မင်းရဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲမြုပ်သွားတဲ့အထိ တင်းတင်းကျပ်ကျပ်ဖက်တော့တယ်...။
" ဟင့်အင်း...ပျော်တယ်...အရမ်းပျော်တာပေါ့..."
" ပထမဆုံးဆိုတာက တစ်ကြိမ်ပဲရှိတာ...ခင်များက အဲ့တစ်ကြိမ်ရဲ့အမှတ်တရကိုပဲ ယူမှာလား...နောက်ပိုင်းဆက်ရှိလာမဲ့ အမှတ်တရတွေကိုယူမှာလား..."
အဲ့နောက် ခွန်းစစ်မင်းလဲ ခါးကနေပြန်ဖက်ထားလိုက်ပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးကို လင်းခေတ်ဦးရဲ့လည်ပင်းကြားမှာ နစ်မြုပ်နေစေလိုက်တယ်...။
( ဟင်းးး... အရင်တစ်ခေါက်တုန်းက အနံ့လေးအတိုင်းပဲ...)
" ကိုလင်း..."
" အင်း..."
" တွဲရအောင်..."
" ဟမ်?..."
ကြားလိုက်ရတဲ့စကားကြောင့် လင်းခေတ်ဦးအလန့်တကြားနဲ့ပဲ ခွန်းစစ်မင်းကိုယ်လုံးလေးကိုဆွဲခွာလိုက်တယ်...။
" ဘာပြောလိုက်တယ်..."
" တွဲရအောင်လို့...ကျွန်တော်အဖြေပေးချင်ပြီ...ခင်များ အရင်တစ်ခေါက်က Propose လုပ်ဖို့ကျန်သေးတာလေ...အဲ့တာ အခုလုပ်တော့..."
ခွန်းစစ်မင်း လက်ကနာရီကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်...။
" ခင်များမွေးနေ့တော့ကျော်သွားပြီ...ဒါပေမဲ့ ခင်များကျွန်တော်နဲ့ချစ်သူဖြစ်ဖို့ ဆန္ဒရှိသေးတယ်ဆိုရင်..."
" ဆန္ဒရှိတာပေါ့...ရှိတာပေါ့...ဒီတစ်ခါတော့ ငါ့ကိုအဖြေပေးမယ်လား..."
" Ommm...ဒီတစ်ခါတော့...ကျိန်းသေပေါက် အဖြေပြန်ပေးမှာ..."
လင်းခေတ်ဦးမျက်လုံးတွေ အရောင်လဲ့လာတာကိုမြင်လိုက်မိတာနဲ့တစ်ပြိုင်နက် သူလဲကြက်သေသေသွားရတယ်...။ လင်းခေတ်ဦးက သူ့ရဲ့မျက်လုံးတွေကို လက်ဖမိုးနဲ့အုပ်ထားရင်း ပြန်ပြောတယ်...။
" အာ!!!...ခွန်း...မင်းငါ့ကို ရှက်အောင်လုပ်နေတယ်...ငါ့စိတ်တွေထိန်းလို့မရတော့ဘူး..."
ခွန်းစစ်မင်းလဲ ထိုအုပ်ထားတဲ့လက်ကို လှမ်းဖယ်လိုက်ရင်း...။
" ခင်များငိုနေတာလား..."
" အဟင်း!...မငိုပါဘူး...ဒီအတိုင်း ပျော်လို့..."
" ကိုလင်း..."
လင်းခေတ်ဦး ခွန်းစစ်မင်းရဲ့လက်လေးနှစ်ဖက်ကို အသာစုပ်ကိုင်လိုက်တယ်...။ ပြီးတော့...ခွန်းစစ်မင်းကို အနူးညံ့ဆုံးကြည့်လိုက်ပြီး...။
" ခွန်း...ငါ..."
" ....."
" ငါမင်းကိုကြိုက်တယ်...ငါလေ..."
" အင်း..."
" ငါလေ...ငါ...အင်!!!...ငါတို့တွဲရအောင်... "
" အိုး! အိုကေ...ဒါက...ဒါကတကယ်ကိုကောင်းတဲ့ propose ပဲ..."
( Shit! ငါက သူအများကြီးပြောတော့မယ်ထင်ထားတာ...သူ့ရင်ထဲကစကားတွေ ပေါက်ကွဲထွက်လာတော့မယ်ပေါ့...ထင်လိုက်တာ...)
" မင်းက လိုရင်းပဲကြိုက်တတ်တာမို့လို့လေ..."
" ခင်များမဆိုးဘူး..."
( Fuck! သေလိုက်ပါလား...မလိုအပ်တဲ့နေရာကျမှ...ငါလဲ ချစ်စကားလေးဘာလေး နားထောင်ဖူးတယ်ရှိအောင် နားထောင်ကြည့်ချင်တာပေါ့...)
" အဖြေပေးတော့လေ... "
" ဪ...အင်း...လက်ခံတယ်..."
" ရင်ခုန်စရာကောင်းတဲ့ အဖြေစကားလေးပါပဲ..."
ပြောရင်းက သူတို့အခြေအနေကိုသဘောကျပြီး လင်းခေတ်ဦးကရယ်တယ်...။ ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးတဲ့အလား ငေးကြည့်နေကြပြီးနောက်...လူချင်းနီးသထက်နီးအောင်တိုးကပ်မိကြပြန်တယ်...။
" ခဏ..."
" ဘာဖြစ်လို့လဲ..."
" အသံကြားလိုက်သလိုပဲ..."
ခွန်းစစ်မင်းက ပြန်ဖြေရင်းနဲ့ အဆင်းလှေကားဖက်ကို စူူးစူးစိုက်စိုက်လှမ်းကြည့်တယ်...။ လင်းခေတ်ဦးလဲ အတူလိုက်ကြည့်ရင်းက...။
" ကြောင်တွေဘာတွေနေမှာပါ...ဒီအချိန်က သူတို့ထကြွနေကျအချိန်..."
" မိတ်လိုက်တာကိုပြောတာလား..."
" အမ်! မဟုတ်ပါဘူး ခွန်းရယ်...ဟ ဟ!...ဒီလိုလူအိပ်ချိန်ရောက်ပြီဆို ခေါင်းမိုးတွေပေါ်တက်ပြီး ပြေးလွှားရန်ဖြစ်ကြတာ သူတို့အထာပဲလေ...အဲ့တာကိုပြောတာ..."
" ဪ...ဒါဆို အခု...ကျွန်တော်တို့ ထပ်နမ်းလို့ရပြီလား..."
" ....."
ပြီးတာနဲ့ သူတို့ရဲ့နှုတ်ခမ်းလွှာတွေက တတိယအကြိမ်မြောက်ပူးကပ်သွားကြပြန်တယ်...။ စံချိန်တင်အောင် နာရီပိုင်းလောက်နမ်းပြီးတဲ့အခါမှာတော့...ညလဲတော်တော်နက်နေခဲ့ပြီ...။
..........
" ဘာတဲ့လဲ..."
" လမ်းမှာပဲရှိသေးတယ်တဲ့..."
" ကျွတ်! ဒီလောက်မှာထားတာကို နောက်ကျဖြစ်အောင်ကျတယ် အဲ့ကောင်ကတော့..."
" ထားလိုက်ဟာ...သွားနှင့်မယ် လာ...ပြီးရင်အတန်းတက်ရအုံးမှာ...ထမင်းစားချိန်မှသွားဖို့ကျတော့လဲ ညနေတက်ရမဲ့အချိန်ကနောက်ကျလို့မရဘူး...ထမင်းစားရမှာနဲ့ သွားယူရမှာနဲ့ဆိုမမှီဘူး..."
ခတ်နွယ်က ဖုန်းကိုအိတ်ထဲပြန်ထည့်ရင်းပြောလာတယ်...။
" အင်း...သွားမယ်...အဲ့တာဆိုလဲ..."
အချို့ဘာသာရပ်တွေက နှစ်ကုန်ခါနီးလောက်မှ လက်တွေ့စဝင်ရတာမို့...မနေ့ကပဲ ထိုဘာသာရပ်ဆိုင်ရာ Professor တွေက Practical စာအုပ်တွေလာထုတ်လို့ရပြီဖြစ်ကြောင်းပြောသွားတယ်...။ ဒါကြောင့် ဒီနေ့မနက်အတူတူသွားထုတ်မဲ့အကြောင်း မှာထားပေမဲ့ ခန့်သူရိန်သစ်ကရောက်မလာသေးဘူး...။ လူများရင်အချိန်ကြာလို့ ဒီလိုလူရှင်းတဲ့အချိန်ကို တမင်ရွေးထားတာ...။
ဋ္ဌာနတွေဘက်လျှောက်လာနေရင်း ပုံမှန်ထက်ပိုပြီးငြိမ်သက်နေတဲ့ ခတ်နွယ်ကို ခွန်းစစ်မင်းသတိထားမိသွားရတယ်...။
" နေကောင်းရဲ့လား...Wattpad က ဘယ် author ကများ တန်းလန်းထားသွားပြန်ပြီလဲ...Manga update တစ်ခုခုက အသဲခွဲသွားပြန်ပြီလား...ဒါမှမဟုတ် ဘယ် Bl series ထဲက မင်းသားရည်းစားရသွားလို့လဲ..."
" တစ်ခုမှမဟုတ်ဘူး..."
" နင် အခုလိုမျက်နှာမကောင်းရင် ဒီကိစ္စတွေကြောင့်ပဲလေ..."
" ဟဲ့ ခွန်း...လူတစ်ယောက်က အလိမ်ခံရရင် ဘယ်လိုခံစားရမလဲ..."
" အင်းးး!...ဘယ်လိုခံစားရမလဲ ဆိုတာက...အလိမ်ခံရတဲ့ကိစ္စပေါ်မူတည်သေးတယ်..."
" အင်း...ငါကတော့ သူ့ကို လည်ပင်းညှစ်ချင်နေတယ်..."
သူ့ကိုကြည့်ပြီး မျက်လုံးပြူးနဲ့ပြောလာတာကြောင့် ခွန်းစစ်မင်းတစ်ယောက်ကြောင်အသွားရတယ်...။
" နေပါအုံး...နင်က ဘယ်သူ့အလိမ်ခံရလို့လဲ..."
" နင်လေ သေခြင်းဆိုးရဲ့..."
" ဘာ...ငါကဘာလိမ်ထားလို့လဲ..."
" ဒီမယ်...ငါမေးတာပဲဖြေ...A က ကိုလင်းမဟုတ်လား..."
" အဟွတ် အဟွတ်!...ဘာ...ဘာပြောတယ်..."
" အဟင်း....ဟုတ်ပါတယ်...သေချာပါတယ်...နင်ငြင်းလို့မရဘူးနော်...ငါ့မှာသက်သေရှိတယ်..."
" ဘာသက်သေလဲ...ဘာတွေလာပြောနေတာလဲ..."
" အဟမ်း! ညက 'ဒါဆို အခု ကျွန်တော်တို့ထပ်နမ်းလို့ရပြီလား' လို့ ပြောတာ ဘယ်သူ..."
( Wtf!...)
ခွန်းစစ်မင်း ခတ်နွယ်ရဲ့ပါးစပ်ကိုအမြန်လှမ်းပိတ်လိုက်မိတယ်...။ အခုသူတို့ရောက်နေတဲ့နေရာက ပထမထပ်ကဋ္ဌာနတွေရှိရာနေရာနဲ့ အတက်အဆင်းလှေကားဘေးက နေရာအလွတ်လေးမှာ...။ တစ်ယောက်ယောက်တက်လာရင် ဘယ်သူမဆိုကြားသွားနိုင်တဲ့အခြေအနေ...။
" နင်...နင်ဘယ်လိုလုပ်...ဟင်! ဒါဆို ညကအသံကကြောင်မဟုတ်ဘူးပေါ့..."
" ဟိ ဟိ! ဒါပေါ့...ငါလေ ငါ ငါ..."
" နင်တော်တော်အကျင့်မကောင်းတာပဲ...အသံတိတ်နဲ့ချောင်းကြည့်တယ်ပေါ့လေ..."
" အွန်!...မဟုတ်ပါဘူးဟယ်...ကိုလင်းအခန်းထဲမှာ ဖုန်းကျန်နေခဲ့လို့လာပြန်ယူတာ...အခန်းကပိတ်ထားလို့ အပေါ်မှာများလားဆိုပြီးတက်လာတော့...မထင်မှတ်ပဲတွေ့တာ...ဒါပေမဲ့ နင်တို့ရဲ့ moment လေးကို မနှောက်ယှက်ချင်တာနဲ့ပဲ..."
" နင်...ဟူးးး... ဒါနဲ့ အဲ့အချိန်ကြီးထိ နင်ကအိမ်မပြန်သေးပဲဘာလုပ်နေတာလဲ..."
" ငါရယ် သစ်သစ်ရယ်...မ'Cara ရယ်က ကိုလင်းဆီကပြန်ကတည်းက ကလပ်သွားတာ...အဲ့ကနေမှ သစ်သစ်နဲ့လမ်းခွဲလိုက်တာ...ပြီးတော့ ငါညက အမအိမ်မှာပဲအိပ်တာ...အမှန်တော့ ဒီနေ့မှယူလဲရပါတယ်...ဒါပေမဲ့ အမကနည်းနည်းမူးနေတော့ အတင်းတွေလိုက်ပို့မယ်ဆိုပြီး ရောက်ချလာတာ..."
ခွန်းစစ်မင်းစိတ်ရှုပ်စွာနဲ့ဟိုတွေးဒီတွေးတွေးနေမိတုန်း ခတ်နွယ်က အနားကိုအသာလေးကပ်လာပြန်တယ်...။
" နင်ဘာလို့ငါ့ကိုမပြောတာလဲ..."
" ....."
" ကိုလင်းက နင့်ကိုကြိုက်နေတဲ့ကိစ္စလေ...ငါ့ကိုတော့ ပြောပြသင့်တာပေါ့...သစ်သစ်ကယောကျ်ားလေးမို့လို့ နင့်ကိစ္စကိုပြောပြရမှာ ရှက်တယ်ဆိုရင်တောင် ငါ့ကိုတော့ပြောသင့်တာပေါ့...ငါတို့က နင့်သူငယ်ချင်းမဟုတ်ဘူးလား..."
" သူငယ်ချင်းမို့လို့လဲ နင့်ဆီကအကြံညဏ်တောင်းခဲ့တာပေါ့...ပြီးတော့ မပြောဘူးဆိုတာက မပြောချင်လို့မဟုတ်ဘူး...ဒီလိုပဲ ပြောမထွက်တာ...တစ်ခါတစ်လေမှာ အရင်းနှီးဆုံးသူတွေကို ဖွင့်ပြောရတာက ပိုခက်ခဲတယ်...သူတို့ရဲ့တုန့်ပြန်မှုက ကိုယ်ထင်ထားသလိုဖြစ်မလာခဲ့ရင် အခြားအရာတွေထက်ပိုပြီးခံစားရခက်တယ်..."
" ဒါပေမဲ့ ငါဘယ်သူဆိုတာ နင်မသိတာကြနေတာပဲ..."
" ငါသိပါတယ်...ငါနင်တို့ကို တစ်သတ်လုံးဖုံးထားဖို့လဲမရည်ရွယ်ပါဘူး...ပြောရရင် ဒီအခြေအနေကြီးက ငါ့အတွက်တောင်ယုံရခက်နေတုန်းပဲ...ညကကိစ္စကလဲ တကယ်ကိုမစီစဉ်ထားပဲ သူ့အလိုလိုဖြစ်သွားတာ...ခတ်နွယ်...ငါတောင်းပန်ပါတယ်...နင့်ကိုစိတ်မကောင်းဖြစ်စေခဲ့ရင်..."
" ဟာ...မဟုတ်တာ...ရှေ့ကဟာတွေက ငါတမင်စနေတာ...ခွန်း...နင်က ငယ်ငယ်တည်းက သူများနဲ့မတူဘူး...အရမ်းလဲတော်တယ်...ငါနင့်ရဲ့အရည်အချင်းကို တစ်ခါမှသံသယမဝင်ဖူးဘူး...အဲ့တော့ အခုနင့်ဆုံးဖြတ်ကိုလဲ ငါယုံကြည်တယ်...ဘာပဲဖြစ်လာလာ နင်တို့ဘက်မှာငါရှိတယ်...နင်သိပါတယ် တကယ့်လက်တွေ့လောကက ဝတ္ထုတွေ ရုပ်ရှင်တွေထဲကလိုတော့ အမြဲချောမွေ့နေမှာမဟုတ်ဘူး...အမြဲတမ်းလဲ Happy Ending နဲ့ပဲအဆုံးသတ်လိမ့်မယ်မထင်နဲ့..."
" ငါနားလည်တယ်... "
" ဆိုတော့...ကိုလင်းနဲ့က တွဲနေပြီပေါ့..."
" Ommm..."
" အဟိ ဟိ! နောက်ဆုံးတော့ ငါ့ရဲ့ 'သစ်မင်း'...'ရှိန်းစစ်'...'လင်းစစ်' တွေထဲက...'လင်းစစ်' လေးကအတည်ဖြစ်လာခဲ့ပြီ...ခစ် ခစ်!..."
" နင် Fujoshi ရောဟုတ်ရဲ့လား...OTP name ပေးတာကလဲ ညံ့လိုက်တာ..."
" ဘာဖြစ်ဖြစ်..."
နှစ်ယောက်သားပြောဆိုရင်းနဲ့ နေရာကထွက်လာပြီ ဋ္ဌာနရှိရာဦးတည်လိုက်ကြတယ်...။ အပျော်တွေဖုံးလွှမ်းနေတဲ့သူတို့နှစ်ယောက် သတိမထားလိုက်မိတာက ခွန်းစစ်မင်းစိုးရိမ်နေတဲ့ကိစ္စ တကယ်ဖြစ်သွားတယ်ဆိုတာပဲ...။ ထိုနေရာကနေ သူတို့ပျောက်ကွယ်သွားတဲ့အထိ...သူတို့ပြောသမျှအစအဆုံးကြားသွားတဲ့ လှေကားနားမှာကွယ်ရပ်နေတဲ့တစ်ယောက်ကတော့ ငြိမ်သက်စွာရပ်နေဆဲပဲ...။
==========
~ NOTE ~
[Zawgyi]
ေနာက္ဆံုးေတာ့ ခ်စ္သူေတြျဖစ္သြားၿပီ...အစက မေန႔ကတည္းကဆက္တင္ေပးမလို႔ပဲ...ဒါေပမဲ့ ဒီအခန္းေလးကို ေသခ်ာေလးေရးခ်င္လို႔ ဒီေန႔မွတင္တာ...
သူတို႔ႏွစ္ေယာက္ခ်စ္သူျဖစ္မဲ့အခ်ိန္ကို ေမ်ွာ္ေနတဲ့သူေတြလဲ ဆႏၵျပည့္ပါၿပီလို႔...ကိုယ္ကေတာ့ ဒီအခန္းကိုေရာက္ခ်င္ေနခဲ့တာၾကာၿပီ...
So, enjoy ပါေနာ္💕
.
.
.
[Unicode]
နောက်ဆုံးတော့ ချစ်သူတွေဖြစ်သွားပြီ...အစက မနေ့ကတည်းကဆက်တင်ပေးမလို့ပဲ...ဒါပေမဲ့ ဒီအခန်းလေးကို သေချာလေးရေးချင်လို့ ဒီနေ့မှတင်တာ...
သူတို့နှစ်ယောက်ချစ်သူဖြစ်မဲ့အချိန်ကို မျှော်နေတဲ့သူတွေလဲ ဆန္ဒပြည့်ပါပြီလို့...ကိုယ်ကတော့ ဒီအခန်းကိုရောက်ချင်နေခဲ့တာကြာပြီ...
So, enjoy ပါနော်💕
==========
26 April, 2019
To be continue... 💕