ME, MYSELF AND MY FUCKIN' WOR...

Von socalled_emily

1.8M 128K 4.1K

πŸ“Œ Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] α€€ fiction တြင္ α€‘α€œα€Ό... Mehr

Introduction πŸ’•
Chapter ~ 1
Chapter ~ 2
Chapter ~ 3
Chapter ~ 4
Chapter ~ 5
Chapter ~ 6
Chapter ~ 7
Chapter ~ 8
Chapter ~ 9
Chapter ~ 10
Chapter ~ 11
Chapter ~ 12
Chapter ~ 13
Chapter ~ 14
Chapter ~ 15
Chapter ~ 16
Chapter ~ 17
Chapter ~ 18
Chapter ~ 19
Chapter ~ 20
Chapter ~ 21
Chapter ~ 23
Chapter ~ 24
Chapter ~ 25
Chapter ~ 26
Chapter ~ 27
Chapter ~ 28
Chapter ~ 29
Chapter ~ 30
Chapter ~ 31
Chapter ~ 32
Chapter ~ 33
Chapter ~ 34
Chapter ~ 35
Chapter ~ 36
Chapter ~ 37
Chapter ~ 38
Chapter ~ 39
Chapter ~ 40
Chapter ~ 41
Chapter ~ 42
Chapter ~ 43
Chapter ~ 44
Chapter ~ 45
Chapter ~ 46
Chapter ~ 47
Chapter ~ 48
Chapter ~ 49
Chapter ~ 50
Chapter ~ 51
Chapter ~ 52
Chapter ~ 53
Chapter ~ 54
Chapter ~ 55
Chapter ~ 56
Chapter ~ 57
Chapter ~ 58 (End)
Extra Part ~ 1
Extra Part ~ 2
Extra Part ~ 3
Extra Part ~ 4 (End)
✨Bonus Chapter✨
🌻For My Invisible Readers🌻

Chapter ~ 22

22.6K 2.1K 41
Von socalled_emily

[Zawgyi]

" 🎶
Ha...Happy birthday to you...
Happy birthday to you...
Happy birthday...Happy Birthday...
Happy birthday to...to you...🎶 "

( Shit! ဘယ္လိုေတာင္ ႐ွက္ဖို႔ကာင္းတာႀကီးလဲ...)

" ေနာက္က်တယ္..."

" ေဆာရီး...ဖေယာင္းတိုင္မႈတ္ေလ..."

လင္းေခတ္ဦး မ်က္လံုးကိုအသာကစားလိုက္ၿပီး ခြန္းစစ္မင္းလက္ထဲက...အဂၤလိပ္အကၡရာႏွစ္ဆယ္ပံုစံ ဖေယာင္းတိုင္ေလးစိုက္ထားတဲ့...ဖေယာင္းတိုင္ရဲ႕ ႏွစ္ဆေလာက္သာပိုႀကီးတဲ့ စတုရန္းပံုကိတ္မုန္႔ေလးကိုၾကည့္လိုက္တယ္...။ စတိုးဆိုင္ကေနဝယ္လာမွန္းသိသာလြန္းတယ္...။

" ဒါမ်ိဳးကို ေမြးေန႔ကိတ္လို႔ေခၚတာလား..."

" ဒီမွာ...ကြၽန္ေတာ္ ဒီကိုေရာက္ဖို႔ ဘယ္ေလာက္ေတာင္ခက္ခက္ခဲခဲလာခဲ့ရလဲသိရဲ႕လား...ၿပီးေတာ့ ဒီမုန္႔ေလးရဖို႔ေရာ...ခင္မ်ားဟာေလ ေစတနာကိုနားမလည္ဘူး...မမႈတ္ခ်င္ေနဗ်ာ..."

ခြန္းစစ္မင္းဆိုတာက 'Show off' လုပ္တတ္တဲ့သူမ်ိဳး မဟုတ္တဲ့အတြက္ ခက္ခက္ခဲခဲလာခဲ့ရတယ္ဆိုတဲ့ေနရာမွာ...အဲယားကြန္းပါတဲ့ အငွါးကားစီးခဲ့တယ္ဆိုတာရယ္...ကိတ္မုန္႔ဝယ္ဖို႔ကိုလဲ Taxi ဖိုးေၾကာင့္ ပိုက္ဆံမေလာက္ေတာ့လို႔ အနားက Convenience Store ကေန မရွိရွိတာဝယ္ခဲ့ရတယ္ဆိုတာရယ္ေတာ့ ထည့္မေျပာလိုက္ဘူး...။

ခြန္းစစ္မင္းရဲ႕ျပန္႐ုတ္ေတာ့မဲ့လက္ကို လင္းေခတ္ဦးကဖမ္းဆြဲလိုက္ၿပီး ဖေယာင္းတိုင္ကို ဖူးခနဲမႈတ္လိုက္တယ္...။ ၿပီးေတာ့ ဆြဲလက္စနဲ႔ပဲ ခြန္းစစ္မင္းကို သူ႔ေဘးမွာထိုင္ေစတယ္...။ အခုသူတို႔က 'MEGA fitness' အေဆာက္အအံုရဲ႕ အေပၚဆံုးေခါင္မိုးထပ္ကိုေရာက္ေနတာ...။ ခြန္းစစ္မင္းေရာက္လာခ်ိန္မွာ စားပြဲေသာက္ပြဲနဲ႔လူအမ်ားႀကီးအစား...ဘယ္အခ်ိန္တည္းက ဒီအေပၚေရာက္ေနမွန္းမသိတဲ့ လင္းေခတ္ဦးတစ္ေယာက္တည္းကိုသာ ေတြ႔ရေတာ့တယ္...။ ခြန္းစစ္မင္း သူတို႔ထိုင္ေနတဲ့ခံုတန္းရဲ႕ေအာက္မွာျပန္႔က်ဲေနတဲ့ ဘီယာဘူးခြံအနည္းငယ္ကိုၾကည့္လိုက္ၿပီး...။

" ခင္မ်ားေသာက္ေနတာ ဘယ္ေလာက္ေတာင္ၾကာေနျပီလဲ...အျခားလူေတြေရာ ဘယ္အခ်ိန္တည္းက ျပန္သြားတာလဲ...ကြၽန္ေတာ္က ညလံုးေပါက္ေနၾကမယ္ထင္ေနတာ...အခုမွ ၁၁ ေက်ာ္ေက်ာ္ပဲ႐ွိေသးတယ္..."

လင္းေခတ္ဦးက ခြန္းစစ္မင္းေပးတဲ့ ဘုရားဆူးေမြးေန႔ကိတ္ေလးကိုဘီယာနဲ႔ျမည္းရင္း...ခံုတန္းနဲ႔မနီးမေဝးအကြာေလာက္က သံလက္ရန္းေပၚကို လက္ႏွစ္ဖက္နဲ႔အားျပဳၿပီး ခပ္ကုန္းကုန္းအေနအထားနဲ႔ ပ်င္းရိစြာထိုင္ေနတယ္...။ ဒီလက္ရန္းေတြက သူမွန္းထားတာထက္ ျမင့္သားပဲလို႔ ခြန္းစစ္မင္းေတြးမိတယ္...။ အဲ့အခ်ိန္မွာပဲ...လင္းေခတ္ဦးက တိုက္ရဲ႕မ်က္ႏွာခ်င္းဆိုင္က ကားေပါင္းစံုနဲ႔႐ႈပ္႐ွက္ခက္ေနဆဲျဖစ္တဲ့ လမ္းမႀကီးကိုေငးရင္း...။

" ျပန္သြားတာ သိပ္မၾကာေသးပါဘူး...ပထမေတာ့ သူတို႔လဲေနမလို႔ပဲ...ဒါေပမဲ့ ငါေပ်ာ္မေနမွန္းသိေတာ့...ငါတစ္ေယာက္တည္း ေအးေအးေဆးေဆးလြမ္းလို႔ရေအာင္ဆိုၿပီး ျပန္သြားၾကတာ..."

" အင္!...ဘာလို႔မေပ်ာ္တာလဲ...သူတို႔က ခင္မ်ားကို cheer up လုပ္ဖို႔လာတာေလ...ဟန္ေဆာင္ပန္ေဆာင္ေလးေတာ့ ေပ်ာ္ျပသင့္တာေပါ့...ေနပါအံုး...ခင္မ်ားက ဘယ္သူ႔ကိုလြမ္းေနတာတုန္း..."

" မင္းကိုေလ..."

" ဟပ္ခ်ိဳး! လူလိမ္!...ဪ...ေဆာရီး...ေလကေအးေတာ့ေလ..."

ဟန္ပိုကာေျပာလိုက္တဲ့ ခြန္းစစ္မင္းကိုၾကည့္ၿပီး လင္းေခတ္ဦးကသေဘာက်စြာရယ္တယ္...။

" မလိမ္ပါဘူး...ငါကမင္းနဲ႔ပါတ္သတ္ရင္ ဟန္မွမေဆာင္တတ္တာ...အဲ့တာေၾကာင့္ ငါ့စိတ္ထဲမေပ်ာ္တာႀကီးက ငါ့မ်က္ႏွာမွာေပၚေနတယ္ထင္ပါ့ရဲ႕..."

" ဟန္႔! အဓိပၸါယ္မ႐ွိတာ... ခင္မ်ားတစ္ခ်ိန္လံုးေတာင္ ကြၽန္ေတာ့္ကို မႀကိဳက္ခ်င္ေယာင္ေဆာင္ေနခဲ့ၿပီးေတာ့..."

" ငါဟန္မေဆာင္ပါဘူး...ပါးစပ္ကထုတ္မေျပာတာကလြဲရင္ ငါဘာကိုမွမဖံုးကြယ္ခဲ့ပါဘူး...မင္းကသာ တံုးလြန္းလို႔ မရိပ္မိတာ..."

" ရိပ္မိစရာလား...ခင္မ်ားက ကြၽန္ေတာ့္နဲ႔တြ႔တိုင္း ထထိုးခ်င္စရာေတြခ်ည္းလုပ္ေနတာေလ..."

" အဲ့တာက ကိုယ္ႀကိဳက္တဲ့သူဆီက ဂ႐ုျပဳမႈကိုလိုခ်င္လို႔ေလ...ဒီေလာက္႐ိုး႐ွင္းတဲ့အကြက္ေလးကိုေတာင္မသိဘူးလား...ဒီေနရာက် လည္လွပါခ်ည္ရဲ႕ခြန္းစစ္မင္းက ဘယ္ေရာက္သြားတာတုန္း..."

" 'လ'ေလးလံုးေတြ မေျပာစမ္းနဲ႔ဗ်ာ..."

" အဟင္း!..."

လင္းေခတ္ဦးက လက္ထဲကကုန္သြားတဲ့ဘူးကို ပစ္ခ်လိုက္ၿပီး...ေအာက္ခ်ထားတဲ့အိတ္ထဲကေန ဘီယာႏွစ္ဘူးကိုထုတ္လိုက္တယ္...။ ၿပီးေတာ့ တစ္ဘူးကို ခြန္းစစ္မင္းကိုလွမ္းေပးတယ္...။

" ေသာက္မလား..."

ခြန္းစစ္မင္းလဲ လွမ္းယူလိုက္ၿပီး...။

" ခင္မ်ားေနေကာင္းရဲ႕လား...ၾကည့္ရတာ ခင္မ်ားေမြးေန႔မွာ ကြၽန္ေတာ္မ႐ွိတာက အဓိကအေၾကာင္းအရင္းမဟုတ္ဘူးထင္တာပဲ..."

လင္းေခတ္ဦးလဲ တစ္ခ်က္ျပံဳးလိုက္ရင္း...။

" လြန္ခဲ့တဲ့ဆယ္ႏွစ္ ဒီလိုေန႔မွာ အေဖဆံုးခဲ့တာ...ငါသူ႔ကိုအရမ္းသတိရတယ္...အရမ္းလဲလြမ္းတယ္..."

ခြန္းစစ္မင္း သူ႔နားေတာင္သူမယံုႏိုင္ဘူး...။ လင္းေခတ္ဦးမွဟုတ္ရဲ႕လားလို႔ သံသယဝင္လာရတယ္...။ သိခဲ့တဲ့ကာလတစ္ေလ်ွာက္ စကားတစ္လံုးေတာင္မဟခဲ့တဲ့ အေဖျဖစ္သူရဲ႕အေၾကာင္းကို သူနားေထာင္လိုက္ရတယ္တဲ့ေလ...။

" ခင္မ်ား မူးေနတာလား..."

" ဘာလို႔လဲ...မူးၿပီး မင္းကိုဟိုဒင္းဟိုဟာျပဳမွာစိုးလို႔လား...႐ုပ္႐ွင္ေတြထဲကလိုေလ..."

" စမ္းၾကည့္ေလ... အဲ့အခ်ိန္ ကိုယ့္ေဘာင္းဘီၾကယ္သီးေတာင္ ကိုယ့္ဘာသာေျဖာင့္ေအာင္ျဖဳတ္ႏိုင္ရဲ႕လားဆိုတာ စိတ္ဝင္စားစရာပဲ..."

" ငါ သားေရႀကိဳးနဲ႔ေဘာင္းဘီဝတ္ထားတာ...ဒါေပမဲ့...စိတ္မပူပါနဲ႔...ငါကမင္းလို ေသြးမဆိုးဘူး..."

မ်က္ႏွာတည့္တည့္ပိတ္႐ိုက္ခံလိုက္ရသလို ခြန္းစစ္မင္းခမ်ာ နင္သြားရတယ္...။ မႏွစ္ကေခ်ာင္းသာခရီးတုန္းက Hotel မွာေရနစ္တယ္ဆိုတာကလဲ ဒါနဲ႔ပတ္သတ္ေနတယ္...။ အဲ့တုန္းက မူးၿပီး ခတ္ႏြယ္တို႔တားေနတဲ့ၾကားထဲက ေရကူးကန္ထဲခုန္ခ်တာ...။ တိုက္ဆိုင္ခ်င္ေတာ့ ႂကြက္တက္ပါေလေရာ...။ လင္းေခတ္ဦးေၾကာင့္သာမဟုတ္ရင္ အခုခ်ိန္ ခြန္းစစ္မင္းတစ္ေယာက္ နတ္သမီးေလးငါးရာဝန္းရံတာခံေနရေလာက္ၿပီ...။ သူ႔မွာ လင္းေခတ္ဦးေပးထားတဲ့ အသက္ပဲ႐ွိေတာ့တယ္...။

ယာမကာအေၾကာင္းဆက္ေျပာရမယ္ဆိုရင္... လင္းေခတ္ဦးက ဘယ္ေလာက္ေသာက္ေသာက္မမူးတတ္တဲ့လူစားမ်ိဳး...။ သူ႔အတြက္က လစ္မစ္ဆိုတာဂ်ိဳနဲ႔လားေပါ့...။ ဒါေပမဲ့ ခြန္းစစ္မင္းက်ေတာ့ လစ္မစ္ျပည့္ၿပီဆိုတာနဲ႔ လူတကာကိုအေလးျပဳေတာ့တာ...။ ေခါင္းႀကီးငိုက္စိုက္လို႔ေပါ့...။ အရက္႐ွင္ေတြျမင္ရင္ သူတို႔ကိုေက်းဇူးတင္ဂုဏ္ျပဳတယ္ ထင္ရင္ထင္ေနအံုးမွာ...။ ၿပီးရင္ အဓိကက...မူးလာရင္ ေသြးဆိုးတာပဲ...။ အနားမွာ႐ွိတဲ့သူမွန္သမ်ွ ဘယ္သူမွမလြတ္ေစရဆိုတဲ့ ဝါဒမ်ိဳးနဲ႔ လိုက္ဒုကၡေပးေတာ့တာ...။ အဲ့ဒဏ္ကိုမခံႏိုင္တဲ့ ခန္႔သူရိန္သစ္တို႔ကေတာ့...ေပ်ာ္ပြဲရႊင္ပြဲ႐ွိၿပီဆိုတာနဲ႔ ခြန္းစစ္မင္းမမူးဖို႔အေရး ဒို႔အေရးလုပ္ရေတာ့တယ္...။ မဟုတ္ရင္ အဲ့ပြဲပ်က္ၿပီေလ...။ စဥ္းစားၾကည့္...ဒီအတိုင္းအေကာင္းအတိုင္း႐ွိေနတဲ့အခ်ိန္မွာေတာင္ ကန္႔လန္႔တိုက္ျပီးစာက္ခ်ိဳးမေျပတာေတြခ်ည္းတန္းစီလုပ္ေနတဲ့သူက...မူးရင္ ေသြးဆိုးတယ္ဆိုေတာ့ကာ...။

" ခြန္း...မင္း အေမလိုခ်င္ဖူးလား..."

႐ုတ္တရက္ေမးလာတဲ့ေမးခြန္းက ခြန္းစစ္မင္းကိုၿငိမ္သက္သြားေစတယ္ ...။ ဒါေၾကာင့္ လင္းေခတ္ဦးက... ။

" ငါေမးတာ လြန္သြားလား...မေျဖခ်င္လဲ..."

" မဟုတ္ပါဘူး...မေျဖခ်င္တာမဟုတ္ပါဘူး...ဘယ္လိုေျဖရမလဲ မသိလို႔ပါ...ကြၽန္ေတာ္ အဲ့လိုေမးခြန္းမ်ိဳးေတြကို ကေလးဘဝတည္းက ခဏခဏရင္ဆိုင္ေနက်ပါ..."

" အင္း...ဟုတ္တာေပါ့..."

" အေမလိုခ်င္လားဆိုရင္ေတာ့ ကြၽန္ေတာ့္မွာ ေျဖစရာအေျဖမ႐ွိဘူး ကိုလင္း...ဘာလို႔ဆို ကြၽန္ေတာ္ ငယ္ငယ္တည္းက အေမဆိုတဲ့အရာကို မတမ္းတဖူးဘူး...အဲ့အစား ကြၽန္ေတာ့္မွာ ျပန္ေမးစရာ ေမးခြန္းတစ္ခုပဲ႐ွိတယ္...ဘာလို႔ လိုခ်င္ရမွာလဲ...ကြၽန္ေတာ့္အေဖႏွစ္ေယာက္လံုးက ကြၽန္ေတာ္လိုအပ္တာေတြအကုန္လံုးကို ျဖည့္ဆည္းေပးထားတာပဲဟာ...တစ္ဖက္ကစဥ္းစားၾကည့္မယ္ဆိုရင္...အဲ့တာက ကြၽန္ေတာ့္အေဖေတြကို ေစာ္ကားသလိုျဖစ္မေနဘူးလား...ကြၽန္ေတာ္သာ အဲ့လို အေမလိုခ်င္ေနရင္ ကြၽန္ေတာ့္အေဖေတြ နာက်င္ရမွာေပါ့...ၿပီးေတာ့...အေမဆိုတာ႐ွိမွ ကေလးတစ္ေယာက္က ေကာင္းေကာင္းမြန္မြန္ႀကီးပ်င္းႏိုင္မယ္ဆိုတာ အျမဲမမွန္နိုင္ေၾကာင္း ကြၽန္ေတာ္ကသက္ေသပဲေလ...သူတို႔က ကြၽန္ေတာ့္အတြက္ေတာ့ အစားထိုးမရတဲ့လူေတြပဲ...အဲ့ေတာ့...ကြၽန္ေတာ္ကဘာအတြက္ အေမလိုခ်င္ရမွာလဲ..."

ခြန္းစစ္မင္းစကားအဆံုးမွာေတာ့ လင္းေခတ္ဦးဆီက သက္ျပင္း႐ွည္ႀကီးခ်လိုက္တာကို ၾကားလိုက္ရတယ္...။

" ငါကေတာ့ အျမဲလိုခ်င္ခဲ့တယ္..."

" အာ...ခင္မ်ား...ခင္မ်ားမွာ အေမ႐ွိတယ္မဟုတ္လား..."

" အေမမ႐ွိလဲ အေဖနဲ႔တင္ မိသားစုကိုျပည့္စံုေအာင္လုပ္ႏိုင္တယ္ဆိုတာ မင္းကသက္ေသဆိုရင္...အေမ႐ွိတိုင္းလဲ အဲ့မိသားစုက ျပည့္စံုၿပီးေပ်ာ္စရာေကာင္းေနတာမဟုတ္ဘူးဆိုတာ ငါကသက္ေသပဲ..."

" ဘာလို႔ အဲ့လိုေျပာရတာလဲ..."

" သူအရင္ကေျပာေနက်စကားတစ္ခြန္း႐ွိတယ္...အေဖနဲ႔အဆင္မေျပျဖစ္တိုင္းေပါ့...ငါတို႔ေမာင္ႏွမနွစ္ေယါက္ေၾကာင့္သာမဟုတ္ရင္ သူ႔ဘဝကဒီမွာတင္ရပ္တန္႔ေနမွာမဟုတ္ဘူးတဲ့..."

" သူ႔ဘက္ကၾကည့္ရင္လဲ ဟုတ္ေတာ့လဲဟုတ္ပါတယ္...ဘာလို႔ဆို ငါတို႔ႏွစ္ေယာက္လံုးက မရည္ရြယ္ပဲ မေတာ္တဆေမြးဖြားလာခဲ့တဲ့သူေတြေလ...အေဖ့ေၾကာင့္သာမဟုတ္ရင္ ငါနဲ႔မမက လူ႔ေလာကထဲေတာင္ေျခခ်ခြင့္ရခဲ့မွာမဟုတ္ဘူး...အဲ့တာေၾကာင့္ သူက အေဖ့ကိုမုန္းတယ္...မမကိုယ္ဝန္ေၾကာင့္ အေဖနဲ႔ျမန္ျမန္လက္ထပ္လိုက္ရတယ္...ႏွစ္ဖက္လံုးက ေဆြႀကီးမ်ိဳးႀကီးမို႔လို႔ ဒီလိုအေသးအဖြဲ႔ေလာက္နဲ႔ ဂုဏ္သိကၡာကိုအထိအခိုက္မခံႏိုင္ေတာ့ အျမန္ေပးစားၾကတာေပါ့...ေနာက္ ငါ့ကိုယ္ဝန္ေၾကာင့္ သူႏိုင္ငံျခားမွာ ေက်ာင္းဆက္တက္မဲ့အစီအစဥ္ကို လက္ေလ်ွာ့လိုက္ရတယ္...သူက ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္သည္ကေလးအေမျဖစ္ေနရတဲ့ သူ႔ရဲ႕ဘဝကိုမေက်နပ္ႏိုင္ဘူး...အထူးသျဖင့္ အေဖ့ကိုေပါ့...အေဖနဲ႔က ခ်စ္လို႔တြဲခဲ့ၾကတာလဲမဟုတ္တဲ့အျပင္ ဒီအေျခအေနေတြထိျဖစ္ကုန္လိမ့္မယ္လို႔ သူလဲထင္ထားမွာမဟုတ္ဘူး...တကယ္တန္းစဥ္းစားၾကည့္ေတာ့ ကိုယ္ဝန္မရေအာင္လုပ္ႏိုင္တဲ့နည္းလမ္းေတြအမ်ားႀကီး႐ွိရက္နဲ႔ ႏွစ္ခါေတာင္မေတာ္တဆဆိုတာႀကီးက...သူတို႔ ေတာ္ေတာ္ညံ့တာပဲေနာ္...ဟား ဟား!..."

" အဲ့တာ ရယ္စရာမွမဟုတ္တာ..."

" ခြန္း...မင္းသိလား... ငါ အေဖ့ကို စိတ္ဆိုးဘူးတယ္...အေဖဆံုးၿပီးေနာက္ပိုင္း ျပည္ဦးလြင္ကအိမ္မွာ အေမနဲ႔အတူတူေနေနရတဲ့ ကာလေတြတုန္းကေပါ့...ဘာလို႔မ်ား...အေဖက ငါတို႔နားမွာ ၾကာၾကာမေနႏိုင္ဘဲနဲ႔...ဘာလို႔မ်ား အဲ့တုန္းက အေမ့ကိုခြင့္မျပဳခဲ့တာလဲလို႔ေပါ့...အေမ ကိုယ္ဝန္ဖ်က္ခ်ဖို႔လုပ္တုန္းက ႏွစ္ႀကိမ္လံုးဘာလို႔တားခဲ့တာလဲလို႔...ဒီလို ေနေနရတာထက္ဆာရင္ ဘယ္တုန္းကမွ မေမြးလာခဲ့တာကမွ ပိုေကာင္းအံုးမယ္လို႔ေပါ့...အေဖက ကေလးကိုေမြးရံုပဲေမြးေပး...က်န္တဲ့ကိစၥအကုန္လံုး သူတာဝန္ယူတယ္ဆိုၿပီး ငါတို႔ကို အေမ့ဗိုက္ထဲ ကိုးလလံုးလံုး အႏၱရာယ္ကင္းကင္းေနႏိုင္ေအာင္ လုပ္ေပးခဲ့တာ..."

" ဟုတ္တယ္..."

ျပတ္႐ွစြာထြက္လာတဲ့ စကားသံေၾကာင့္ လင္းေခတ္ဦးက ခြန္းစစ္မင္းကိုလွည့္ၾကည့္တယ္...။

" ကေလးတစ္ေယာက္ကို ေကာင္းမြန္စြာႀကီးပ်င္းလာေစဖို႔ တာဝန္မယူႏိုင္ရင္...ေကာင္းမြန္တဲ့အနာဂတ္အတြက္ အာမမခံႏိုင္ရင္ မေမြးတာအေကာင္းဆံုးပဲ...လူ႔ေလာကထဲဆြဲေခၚၿပီး ဒုကၡေတြခံခိုင္းမွာထက္ဆာရင္ မေမြးလာတာကမွ ပိုေကာင္းလိမ့္မယ္...ကေလးေတြက ဘယ္မိဘဆီမွာလူျဖစ္မယ္လို႔ ေရြးခ်ယ္ခြင့္မ႐ွိေပမဲ့...မိဘေတြကေတာ့ ဒီကေလးကိုေမြးဖို႔မေမြးဖို႔ ေရြးခ်ယ္ႏိုင္တယ္...စဥ္းစားၾကည့္ေတာ့ ခင္မ်ားအေမ ကိုယ္ဝန္ဖ်က္ခ်ဖို႔လုပ္ခဲ့တာကို အျပစ္ျမင္လို႔မရဘူး...သူက အဲ့တည္းက႐ွင္း႐ွင္းေျပာၿပီးသားေလ...အျပဳအမူေတြကေန ျပၿပီးသား...သူခင္မ်ားတို႔ကို မလိုခ်င္ပါဘူးလို႔...အဲ့တာကို သူ႔ဆီကေန မိခင္ေမတၱာကိုေမ်ွာ္လင့္တာကေတာ့ တကယ့္ကိုအႀကီးမားဆံုးတံုးအမႈပဲ... ႏြားကိုေဂ်ဒိုးနပ္ေကြၽးသလို႔ ဘာအဓိပၸါယ္မွမ႐ွိဘူး...အဲ့မွာမွ ခင္မ်ားတို႔ကိုတာဝန္ယူေစာင့္ေ႐ွာက္ေပးမဲ့ အေဖက အေစာႀကီးထြက္သြားတာကေတာ့...ခင္မ်ားတို႔ ကံဆိုးတာေပါ့ေလ...ဒီမွာကိုလင္း...လူတိုင္းကေတာ့ လူေကာင္းမဟုတ္ဘူး...အဲ့လိုပဲ...မိဘတိုင္းကလဲ မိဘပီသေနတာေတာ့မဟုတ္ဘူး...မိဘဆိုတာနဲ႔ပဲ မိဘေမတၱာေတြ ျပည့္ဝေနလိမ့္လို႔မထင္နဲ႔..."

ခြန္းစစ္မင္းေျပာၿပီးကာမွ သူ႔ကိုစိုက္ၾကည့္ေနတဲ့ လင္းေခတ္ဦးေၾကာင့္ ႐ုတ္ခ်ည္းပဲၾကက္သီးထလာရတယ္...။ သူမဆင္မျခင္ ဒဲ့တိုးေတြေျပာမိလိုက္တာကို သတိရသြားတယ္...။ ဒါနဲ႔ သူ႔ရဲ႕ေစာက္လိုက္ကမ္းဆိုးမသိလွတဲ့ ပါးစပ္ေလးကို ကန္႔လန္႔ေတြထပ္မေျပာမိေအာင္...ဘီယာဘူးနဲ႔ပိတ္ထားလိုက္မိတယ္...။ ခြန္းစစ္မင္း ဘီယာကိုေမာ့ေသာက္ေနရင္း လင္းေခတ္ဦးကိုအကဲခတ္မိေတာ့...တျဖည္းျဖည္းျပံဳးလာတာကို သူ႔မ်က္လံုးေထာင့္ကေန ေတြ႔ရတယ္...။

" မင္းေျပာတာမွန္ပါတယ္...မွန္လြန္းလို႔လဲ အသက္႐ႈလို႔ေတာင္မရေတာ့ဘူး..."

" လူေတြက အမွားကိုဝန္ခံရမွာထက္ အမွန္ကိုရင္ဆိုင္ရမွာ ပိုေၾကာက္ၾကတယ္...ရင္ဆိုင္လိုက္ပါ ကိုလင္း..."

သူခပ္တည္တည္နဲ႔ျပန္ေျပာေတာ့ လင္းေခတ္ဦးက ျပံဳးလိုက္ၿပီး...။

" အရင္တုန္းက သူ ငါတို႔အေပၚဆက္ဆံပံုေတြနဲ႔ အေဖ့အေပၚမေကာင္းခဲ့တာေတြေၾကာင့္ သူ႔ကိုအရမ္းမုန္းခဲ့မိတယ္...အခုေတာ့ ငါအဆင္ေျပေနပါၿပီ...အခုငါ့ရဲ႕တစ္ခုတည္းေသာရည္ရြယ္ခ်က္က မမလိုပဲ ဘြဲ႔ရတာနဲ႔...သူ႔အုပ္ထိန္းမႈေအာက္ကေန ႐ုန္းထြက္မယ္...ငါ့ဘဝကို ငါဘာသာစတင္ေတာ့မယ္...အဲ့အခ်ိန္က်ရင္ ငါမလုပ္ခ်င္တာေတြ စိတ္မပါတာေတြကိုလဲ ႀကိတ္မွိတ္ၿပီးလုပ္စရာမလိုေတာ့ဘူး...မပတ္သတ္ခ်င္တဲ့သူေတြကိုလဲ ဟန္ေဆာင္ၿပီးေကာင္းျပစရာမလိုေတာ့ဘူး...သူ႔လက္ေအာက္ကလြတ္တာနဲ႔ ငါကငါပဲျဖစ္ရမယ္..."

လင္းေခတ္ဦး သူ႔အိမ္မက္ေတြကို ပထမဆံုးအႀကိမ္အျဖစ္ပါးစပ္ကထုတ္ေျပာေနေပမဲ့... 'မင္းနဲ႔လက္ထပ္ၿပီး ကေလးေတြတစ္သီႀကီးေမြးမယ္' ဆိုတဲ့ အိမ္မက္ကိုေတာ့ စိတ္ထဲမွာပဲဆက္သိမ္းထားလိုက္တယ္...။ မဟုတ္ရင္ သူဒီအေပၚကေန ေန႔မကူးပဲ...ခြန္းစစ္မင္းရဲ႕ ကန္ခ်ျခင္းကိုခံရႏိုင္တယ္ဆိုတာကို သိေနတာကိုး...။

" ငသစ္ေျပာတာ သူ႔မိဘေတြနဲ႔ ခင္မ်ားအေဖနဲ႔က အရမ္းရင္းႏွီးေနတယ္ဆို..."

" အင္း...သူတို႔ကေက်ာင္းေနဖက္ေတြတဲ့...အေဖမဆံုးခင္ကေတာင္ သူတို႔အိမ္ကိုတစ္ခါေရာက္ဖူးေသးတယ္...အေဖဆံုးၿပီးေနာက္မွာေတာ့ အေမက အေဖနဲ႔ပါတ္သတ္တဲ့ ေဆြမ်ိဳးသားျခင္း မိတ္ေဆြမွန္သမ်ွကို အဆက္အသြယ္ ျဖတ္ပစ္တာ...ဒါေၾကာင့္ ငါလဲခန္႔သူတို႔မိသားစုနဲ႔ မေတြ႔ျဖစ္ေတာ့ဘူး...အဲ့တာ ရန္ကုန္ေရာက္မွ သူ႔တို႔ကိုျပန္ဆက္သြယ္ျဖစ္တာ..."

" ခင္မ်ား ဒီမွာေက်ာင္းလာတက္တာ ခင္မ်ားအေမနဲ႔ေဝးေဝးေနခ်င္လို႔လား...ဘာလို႔ဆို ခင္မ်ား ဒီေဆးဝါးသကၠသိုလ္မွတက္ခ်င္တာဆိုရင္ မႏၱေလးေဆးဝါးမွာတက္လို႔ရတာပဲ...ျပည္ဦးလြင္နဲ႔ပိုေတာင္နီးေသးတာ..."

" အဟင္း...အမွန္ပဲ...ၿပီးေတာ့ အဲ့အခ်ိန္မွာ မမကလဲ ကိုျမတ္သူနဲ႔ယူၿပီး ရန္ကုန္ေရာက္ေနၿပီေလ...အဲ့တာေၾကာင့္ ရန္ကုန္ကိုလိုက္လာခဲ့တာ..."

အဲ့ေနာက္ မိနစ္ပိုင္းေလာက္ သူတို႔စကားဆက္မေျပာျဖစ္ၾကဘူး...။ လက္ထဲက ဘီယာကိုသာ တစ္ငံုခ်င္းစုတ္ေသာက္ေနမိၾကတယ္...။

" ခြန္း..."

" အင္း..."

" အကယ္၍ေပါ့...မင္းကိုေမြးေပးခဲ့တဲ့ အေမနဲ႔ ေတြ႔ခြင့္ရမယ္ဆို မင္းေတြ႔မွာလား...ဒါက ငါဒီအတိုင္းသိခ်င္လို႔ေမးတာ..."

" ကြၽန္ေတာ္အဲ့တာကို အရင္ကတစ္ခါမွမစဥ္းစားဖူးဘူး...အင္း...ကြၽန္ေတာ္...ေတြ႔ခ်င္တယ္...ဘယ္သူလဲဆိုတာသိခ်င္လို႔ေတာ့မဟုတ္ဘူး...ေက်းဇူးတင္ခ်င္လို႔...ပါး'နဲ႔ ပါပါး'လိုခ်င္ခဲ့တဲ့ ကြၽန္ေတာ္ဆိုတဲ့ ျဖစ္တည္မႈေလး႐ွိလာေအာင္ ကူညီေပးခဲ့လို႔..."

" မင္းက ဦးစစ္တို႔ကို ေတာ္ေတာ္ခ်စ္တာပဲ...ငါေတာ့ Papa' boy ေလးကိုမွ ႀကိဳက္မိၿပီထင္ပါတယ္..."

" အဲ့ေတာ့ ခင္မ်ားက သေဘာမက်ဘူးေပါ့..."

" အဓိပၸါယ္မ႐ွိတာ..."

" ....."

အတည္ေပါက္နဲ႔ေျပာလာတဲ့ လင္းေခတ္ဦးေၾကာင့္...ခြန္းစစ္မင္း မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီး စကားကိုဆက္လိုက္တယ္...။

" ပါပါးတို႔က ကြၽန္ေတာ္ငယ္ငယ္တည္းက ကြၽန္ေတာ္ကေမြးစားထားတာမဟုတ္ဘူးဆိုတာ ေျပာျပထားတယ္...ကြၽန္ေတာ့္ကိုရဖို႔ သူတို႔အကူအညီအခ်ိဳ႕ယူခဲ့တယ္တဲ့...ႏွစ္ဦးႏွစ္ဖက္အက်ိဳး႐ွိတဲ့ကိစၥပါပဲတဲ့...ဒီေလာက္ပဲေျပာတယ္...ကြၽန္ေတာ္ကို အငွါးကိုယ္ဝန္နဲ႔ေမြးခဲ့တာလို႔ေတာ့ သူတို႔တိုက္႐ိုက္မေျပာဘူး...ၿပီးေတာ့ အခ်ိဳ႕ကသိခ်င္ၾကတယ္...ကြၽန္ေတာ္က ပါး'နဲ႔ရလာတာလား ပါပါး'နဲ႔ရလာတာလားေပါ့...လူေတြမ်ားလဲ အကန္႔ဆိုတာနားမလည္...အဲ့တာေတြကအစ သိပ္သိခ်င္ၾကတာ...ဒါေပမဲ့ သူတို႔ကိုသနားလို႔ ေျဖခ်င္ရင္ေတာင္ ေျဖလို႔မရဘူး...ကြၽန္ေတာ္လဲမသိလို႔...သိလဲမသိခ်င္ဘူး...ပါပါး'တို႔ကလဲ ဘယ္ေတာ့မွေျပာမွာမဟုတ္ဘူး...ေမးလဲ ထံုးစံအတိုင္း ကြၽန္ေတာ္က သူတို႔ႏွစ္ေယာက္လံုးရဲ႕သားလို႔ပဲ ျပန္ေျဖမွာ..."

" အဲ့တာေကာင္းပါတယ္... ဘယ္လိုပဲျဖစ္ျဖစ္ မင္းက သူတို႔ႏွစ္ေယာက္လံုးနဲ႔ သတ္ဆိုင္တဲ့သူပဲေလ..."

" ၿပီးေတာ့...အေမကိစၥကေလ...ကြၽန္ေတာ့္ကိုေမြးထားတာနဲ႔ပဲ ကြၽန္ေတာ့္အေမျဖစ္သြားတာမွမဟုတ္တာ...သူက ဒီအတိုင္း ကြၽန္ေတာ့္ကိုေမြးထုတ္ေပးခဲ့တဲ့ မိန္းမတစ္ေယာက္ပါပဲ...သူလဲ ကြၽန္ေတာ့္အေဖေတြဆီက အက်ိဳးတစ္ခုရလို႔သာ ေမြးေပးတာေလ...အငွါးကိုယ္ဝန္ေဆာင္တယ္ဆိုတာ သံေယာဇဥ္ေတြ ေသြးသားေတြလိုက္ဆက္ေနလို႔မွမရတာ...အခု ကြၽန္ေတာ္ေျပာတာကို လူအမ်ားစုက သေဘာက်မွာမဟုတ္ဘူး...အာ...မဟုတ္ဘူး...လူတိုင္းပဲ...ဒါေပမဲ့ ဒါက ကြၽန္ေတာ္လက္ခံထားတာပဲ..."

" မင္းက ငယ္ငယ္တည္းက ဒီလိုပဲလား..."

" Ommm...ၿပီးေတာ့ ငယ္ငယ္ကအေျခအေနေတြကလဲ ဒီလိုပံုနဲ႔ေနမွပဲရမွာ...ခင္မ်ားသိပါတယ္...ကြၽန္ေတာ့္လိုကေလးတစ္ေယာက္က ေက်ာင္းမွာဘာေတြၾကံဳႏိုင္လဲဆိုတာ...အျမဲတမ္း အထူးအဆန္းေကာင္လိုၾကည့္တာေတြခံရတယ္...ကြၽန္ေတာ့္အေဖေတြက ဒီအေျခအေနကိုႀကိဳသိထားတာေၾကာင့္ ကြၽန္ေတာ္မ်က္ႏွာမငယ္ရေအာင္ ေက်ာင္းကိုအမ်ားႀကီးေငြနဲ႔ေထာက္ပံ့ထားေပးတယ္...ဘာပြဲျဖစ္ျဖစ္ ရက္ရက္ေရာေရာလႉေပးတယ္...ဒါေပမဲ့လဲ ဆရာဆရာမေတြကအစ အေ႐ွ႕မွာေကာင္းျပေပမဲ့ ကြယ္ရာဆို ကြၽန္ေတာ္တို႔သားအဖသံုးေယာက္က သူတို႔ရဲ႕အပ်င္းေျပေျပာစရာႀကီးေပါ့...ကြၽန္ေတာ္ကလဲ အဲ့ကြယ္ရာကကိစၥေတြကိုသိပ္ဂ႐ုမစိုက္ပါဘူး...ဒါေပမဲ့ ကြၽန္ေတာ့္ေ႐ွ႕လာေျပာလို႔ကေတာ့ သူတစ္ခြန္းဆို ကြၽန္ေတာ္တစ္ခြန္းပဲ...မတူတာက သူတို႔ကမဟုတ္တာေျပာတာ...ကြၽန္ေတာ္ကဟုတ္တာေျပာတာ...အဲ့ေတာ့ သူတို႔က ပိုၿပီးအထိနာတယ္...ဒါေၾကာင့္ ေက်ာင္းသားေတြေရာ ဆရာေတြေရာက ကြၽန္ေတာ့္ကိုခ်ဥ္ၾကတယ္...ေက်ာင္းအုပ္ကေတာ့ ေတာ္ေတာ္ေလးေကာင္း႐ွာပါတယ္...ေငြေၾကာင့္လားေတာ့မသိ...ေစာ္ကားတာေတာ့မဟုတ္ပါဘူး...အဲ့လိုဆရာေတြနဲ႔ အဆင္မေျပတာကလဲ ခင္မ်ားသိတဲ့အတိုင္း အခုထိပဲ...ကြၽန္ေတာ့္အေျပာအဆိုေတြေၾကာင့္ သိပ္သေဘာမက်ၾကဘူးေလ..."

" ခန္႔သူတို႔နဲ႔က ဘယ္ႏွစ္တန္းမွာစခင္တာလဲ..."

" သူတို႔ႏွစ္ေယာက္နဲ႔က အလယ္တန္းစတက္ေတာ့မွ သိၾကတာ...ဘယ္သူမွမေပါင္းခ်င္တဲ့ ဘယ္သူ႔ကိုမွမေပါင္းခ်င္တဲ့ကြၽန္ေတာ့္ကို သူတို႔ကေတာ့ထူးထူးျခားျခား မရရေအာင္ေပါင္းတာ...ကြၽန္ေတာ္ကေတာ့ ထံုးစံအတိုင္း မိန္းခေလးေတြဘာေတြလဲဂ႐ုမစိုက္ဘူး ေျပာခ်င္ရင္စြတ္ေျပာပစ္တာ...ပထမကေတာ့ ကြၽန္ေတာ့္စိတ္ထဲမွာ ၾကာရင္သူတို႔လဲ အျခားသူေတြလို ခြာသြားမွာပဲေပါ့...ၿပီးေတာ့ သူတို႔ကိုလဲ ကြၽန္ေတာ္နဲ႔လာမပတ္သတ္ေစခ်င္ဘူး...သူတို႔အတြက္လဲမေကာင္းဘူးေလ...ဒါေပမဲ့ ကြၽန္ေတာ္ဘာေတြပဲေျပာေျပာ ဘာေတြပဲလုပ္လုပ္...သူတို႔က ကြၽန္ေတာ့္အနားကေနထြက္မသြားခဲ့ဘူး...အဲ့တာက ကြၽန္ေတာ့္ဘဝမွာ ကြၽန္ေတာ္႔အေဖေတြၿပီးရင္ ကြၽန္ေတာ့္ကိုနားလည္တဲ့လူႏွစ္ေယာက္ကို ထပ္ရလိုက္တာပဲ...ကြၽန္ေတာ္သူတို႔ကိုတန္ဖိုးထားတယ္..."

လင္းေခတ္ဦးက ေခါင္းေလးညိတ္ရင္း သူ႔ထံုးစံအတိုင္း ခပ္ျပံဳးျပံဳးသာေနေနတယ္...။

" ကြၽန္ေတာ္ ခင္မ်ားကို ယံုလို႔ရတယ္မဟုတ္လား..."

" ဘာရယ္?..."

" ခင္မ်ားလဲ ခတ္ႏြယ္တို႔လို ကြၽန္ေတာ့္အနားကေန ဘယ္ေတာ့မွထြက္မသြားပါဘူးလို္႔ေလ..."

" မင္းမထြက္သြားေစခ်င္သ၍ေပါ့..."

ရီေဝရႊန္းလဲ့စြာၾကည့္လာတဲ့ လင္းေခတ္ဦးရဲ႕မ်က္လံုးေတြက...နဂိုကမွၿငိမ္မေနတဲ့ ခြန္းစစ္မင္းရဲ႕ႏွလံုးသားေလးကို စတင္ကလူၾကည္စယ္လာတယ္...။ ႐ုတ္တရက္ သူ႔ႏွလံုးသားကေန စည္းခ်က္မမွန္မႈေတြကို ခံစားလာရတဲ့ ခြန္းစစ္မင္းကေတာ့ လင္းေခတ္ဦးဆီကေန အျမန္ပဲအၾကည့္ကိုလႊဲမိရတယ္...။ ၿပီးေတာ့ တိတ္ဆိတ္ၿပီး နည္းနည္း႐ွက္ဖို႔ေကာင္းေနတဲ့ အေျခအေနကိုေျပာင္းဖို႔အတြက္ စကားလမ္းေၾကာင္းလႊဲဖို႔ ႀကိဳးစားလိုက္တယ္...။

" အာ...ကိုလင္း...ခင္မ်ား ဖေယာင္းတိုင္မမႈတ္ခင္က ဘာဆုေတာင္းလိုက္လဲ..."

" မင္းက ဆုေတာင္းေတြကိုယံုလို႔လား..."

" ဟင့္အင္း...ဒါေပမဲ့ လူတိုင္းက အဲ့လိုပဲလုပ္ၾကလို႔ေလ ေမးတာ..."

" ဆုေတာင္းေတြက ျပည့္တတ္လား...မင္းဘယ္လိုထင္လဲ..."

" မသိဘူး...ဒါေပမဲ့ ဆုေတာင္းျပည့္ဖို႔က ထိုင္ဆုေတာင္းေနရံုနဲ႔ေတာ့မရဘူး...ျဖည့္ေပးမဲ့သူလိုေသးတယ္...ခင္မ်ားကိုယ္တိုင္လဲ အဲ့ဆုေတာင္းတကယ္ျပည့္လာေအာင္ အားစိုက္ရအံုးမွာ..."

" မင္း ငါ့ဆုေတာင္းကိုသိခ်င္လား..."

" အဲ့လိုေမးလာရင္ မသိခ်င္ေတာ့ဘူး..."

" ဟား ဟား! တကယ္ေတာ့ အဲ့ဆုေတာင္းျပည့္ဖို႔ဆိုရင္... ငါက အားစိုက္ရတဲ့သူဆို မင္းကျဖည့္ေပးတဲ့သူျဖစ္မွရမွာ..."

" ဘာလဲ...ဟိုဒင္းဟိုဟာပဲလား..."

ခြန္းစစ္မင္းတမင္ရြဲ႔ေျပာတာကို သိတာေၾကာင့္ လင္းေခတ္ဦးကလဲ မ်က္ေမွာင္ကိုၾကံဳ႕လိုက္ရင္း...။

" အဲ့ထက္ ခက္တယ္..."

" ဘာလဲဗ်ာ...ေျပာမွာျဖင့္မေျပာဘူး..."

" ဒီည ငါ့ေမြးေန႔မကုန္ခင္...မင္းရဲ႕ ပါးခ်ိဳင့္ေလးကို ျမင္ရပါေစ...လို႔ ဆုေတာင္းလိုက္တာ..."

" အမ္!...ပါးခ်ိဳင့္မ်ား အခုေရာမျမင္ရလို႔လား...စကားေျပာရင္ေတာင္ ျမင္ေနရတာကို..."

" ခြန္း...ေသခ်ာစဥ္းစားစမ္းပါ...ငါဘာကိုေျပာခ်င္တာလဲ သိရဲ႕သားနဲ႔..."

" ဘာကို!..."

( အယ္!...ေနပါအံုး...ငါ့ပါးခ်ိဳင့္ကိုျမင္ခ်င္တယ္ဆိုေတာ့...မဟုတ္မွလြဲေရာ ငါ့ကိုျပံဳးခိုင္းေနတာလား...)

' မင္းသာျပံဳးလိုက္ရင္ ပါးခ်ိဳင့္ေလးက ဘယ္ေလာက္ထိခ်စ္ဖို႔ေကာင္းေအာင္ ေပၚလာမလဲ...' ဆိုတဲ့ ႐ွိန္းဆက္ပိုင္ေျပာဖူးတဲ့စကားက သူ႔ေခါင္းထဲ႐ုတ္တရက္ေပၚလာတာေၾကာင့္...ခြန္းစစ္မင္းရဲ႕ မ်က္နွာျဖဴျဖဴႏုႏုက ပႏ္ုးႏုေရာင္ကိုေျပာင္းလာေတာ့တယ္...။

" မျဖစ္ႏိုင္တာ..."

" ဟင္းးး... ငါသိပါတယ္ေလ..."

" ခင္မ်ားအရင္ကေျပာေတာ့ ကြၽန္ေတာ္မလုပ္ခ်င္တဲ့အရာကို မေတာင္းဆိုခ်င္ပါဘူးဆို...အဲ့လိုေျပာၿပီး အခုက်ေတာ့ ကြၽန္ေတာ့္ကိုလာျပံဳးခိုင္းေနတယ္...လူလိမ္..."

" အို! ငါမေတာင္းဆိုပါဘူး...ငါကစိတ္ထဲကဆုေတာင္းရံုပဲေလ...မင္းကေမးလို႔သာ ေျပာျပတဲ့ဟာကို...ရပါတယ္...မင္းအတြက္ခက္ခဲတယ္ဆိုတာသိတယ္...ဒါေပမဲ့လဲ မင္းသာငါ့ကို ေမြးေန႔လက္ေဆာင္အျဖစ္ အျပံဳးတစ္ပြင့္ေပးမယ္ဆိုရင္ ငါအရမ္းေပ်ာ္မိမွာပဲ...ၿပီးေတာ့ မင္း ငါ႔ေမြးေန႔ကိုေနာက္က်မွေရာက္လာလို႔ စိတ္မေကာင္းျဖစ္ေနတာကိုလဲ ေျဖ႐ွင္းၿပီးသားျဖစ္တာေပါ့..."

" ခင္မ်ား...ခင္မ်ားဟာေလ...ကူလီကူမာနဲ႔..."

" တစ္ေန႔တစ္ေန႔ ငါ့မွာလဲ နာမည္ေတြဆံုလာလိုက္တာ..."

" ပိတ္ထား...ခင္မ်ားမွာ ဆုေတာင္းစရာအဲ့ေလာက္႐ွားလား..."

" ....."

" ေျဖေလ..."

" မင္းပဲပိတ္ထားဆို..."

" Wtf! လာေနာက္ေနတာလား... ဒီေပၚက ကန္ခ်ခံခ်င္ေနတာလား..."

" အဟက္ ဟက္! တကယ္ေတာ့...အရံဆုေတာင္းထားတာလဲ႐ွိတယ္..."

" ေစာက္က်ိဳးနဲ...အရံဆိုပဲ..."

" သိခ်င္လား..."

" ဟင့္အင္း..."

" ဟင့္အင္းဆိုလဲ ေျပာမွာပဲ..."

အဲ့ေနာက္မွာေတာ့ လင္းေခတ္ဦးက ခြန္းစစ္မင္းရဲ႕နားနားကို ကပ္ၿပီး တိုးတိုးေလးေျပာလိုက္တယ္...။

" ဒီည ငါ့ေမြးေန႔မကုန္ခင္... မင္းနဲ႔ခ်စ္သူျဖစ္ရပါေစလို္႔..."

--------------------

[Unicode]

" 🎶
Ha...Happy birthday to you...
Happy birthday to you...
Happy birthday...Happy Birthday...
Happy birthday to...to you...🎶 "

( Shit! ဘယ်လိုတောင် ရှက်ဖို့ကာင်းတာကြီးလဲ...)

" နောက်ကျတယ်..."

" ဆောရီး...ဖယောင်းတိုင်မှုတ်လေ..."

လင်းခေတ်ဦး မျက်လုံးကိုအသာကစားလိုက်ပြီး ခွန်းစစ်မင်းလက်ထဲက...အင်္ဂလိပ်အက္ခရာနှစ်ဆယ်ပုံစံ ဖယောင်းတိုင်လေးစိုက်ထားတဲ့...ဖယောင်းတိုင်ရဲ့ နှစ်ဆလောက်သာပိုကြီးတဲ့ စတုရန်းပုံကိတ်မုန့်လေးကိုကြည့်လိုက်တယ်...။ စတိုးဆိုင်ကနေဝယ်လာမှန်းသိသာလွန်းတယ်...။

" ဒါမျိုးကို မွေးနေ့ကိတ်လို့ခေါ်တာလား..."

" ဒီမှာ...ကျွန်တော် ဒီကိုရောက်ဖို့ ဘယ်လောက်တောင်ခက်ခက်ခဲခဲလာခဲ့ရလဲသိရဲ့လား...ပြီးတော့ ဒီမုန့်လေးရဖို့ရော...ခင်များဟာလေ စေတနာကိုနားမလည်ဘူး...မမှုတ်ချင်နေဗျာ..."

ခွန်းစစ်မင်းဆိုတာက 'Show off' လုပ်တတ်တဲ့သူမျိုး မဟုတ်တဲ့အတွက် ခက်ခက်ခဲခဲလာခဲ့ရတယ်ဆိုတဲ့နေရာမှာ...အဲယားကွန်းပါတဲ့ အငှါးကားစီးခဲ့တယ်ဆိုတာရယ်...ကိတ်မုန့်ဝယ်ဖို့ကိုလဲ Taxi ဖိုးကြောင့် ပိုက်ဆံမလောက်တော့လို့ အနားက Convenience Store ကနေ မရှိရှိတာဝယ်ခဲ့ရတယ်ဆိုတာရယ်တော့ ထည့်မပြောလိုက်ဘူး...။

ခွန်းစစ်မင်းရဲ့ပြန်ရုတ်တော့မဲ့လက်ကို လင်းခေတ်ဦးကဖမ်းဆွဲလိုက်ပြီး ဖယောင်းတိုင်ကို ဖူးခနဲမှုတ်လိုက်တယ်...။ ပြီးတော့ ဆွဲလက်စနဲ့ပဲ ခွန်းစစ်မင်းကို သူ့ဘေးမှာထိုင်စေတယ်...။ အခုသူတို့က 'MEGA fitness' အဆောက်အအုံရဲ့ အပေါ်ဆုံးခေါင်မိုးထပ်ကိုရောက်နေတာ...။ ခွန်းစစ်မင်းရောက်လာချိန်မှာ စားပွဲသောက်ပွဲနဲ့လူအများကြီးအစား...ဘယ်အချိန်တည်းက ဒီအပေါ်ရောက်နေမှန်းမသိတဲ့ လင်းခေတ်ဦးတစ်ယောက်တည်းကိုသာ တွေ့ရတော့တယ်...။ ခွန်းစစ်မင်း သူတို့ထိုင်နေတဲ့ခုံတန်းရဲ့အောက်မှာပြန့်ကျဲနေတဲ့ ဘီယာဘူးခွံအနည်းငယ်ကိုကြည့်လိုက်ပြီး...။

" ခင်များသောက်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ...အခြားလူတွေရော ဘယ်အချိန်တည်းက ပြန်သွားတာလဲ...ကျွန်တော်က ညလုံးပေါက်နေကြမယ်ထင်နေတာ...အခုမှ ၁၁ ကျော်ကျော်ပဲရှိသေးတယ်..."

လင်းခေတ်ဦးက ခွန်းစစ်မင်းပေးတဲ့ ဘုရားဆူးမွေးနေ့ကိတ်လေးကိုဘီယာနဲ့မြည်းရင်း...ခုံတန်းနဲ့မနီးမဝေးအကွာလောက်က သံလက်ရန်းပေါ်ကို လက်နှစ်ဖက်နဲ့အားပြုပြီး ခပ်ကုန်းကုန်းအနေအထားနဲ့ ပျင်းရိစွာထိုင်နေတယ်...။ ဒီလက်ရန်းတွေက သူမှန်းထားတာထက် မြင့်သားပဲလို့ ခွန်းစစ်မင်းတွေးမိတယ်...။ အဲ့အချိန်မှာပဲ...လင်းခေတ်ဦးက တိုက်ရဲ့မျက်နှာချင်းဆိုင်က ကားပေါင်းစုံနဲ့ရှုပ်ရှက်ခက်နေဆဲဖြစ်တဲ့ လမ်းမကြီးကိုငေးရင်း...။

" ပြန်သွားတာ သိပ်မကြာသေးပါဘူး...ပထမတော့ သူတို့လဲနေမလို့ပဲ...ဒါပေမဲ့ ငါပျော်မနေမှန်းသိတော့...ငါတစ်ယောက်တည်း အေးအေးဆေးဆေးလွမ်းလို့ရအောင်ဆိုပြီး ပြန်သွားကြတာ..."

" အင်!...ဘာလို့မပျော်တာလဲ...သူတို့က ခင်များကို cheer up လုပ်ဖို့လာတာလေ...ဟန်ဆောင်ပန်ဆောင်လေးတော့ ပျော်ပြသင့်တာပေါ့...နေပါအုံး...ခင်များက ဘယ်သူ့ကိုလွမ်းနေတာတုန်း..."

" မင်းကိုလေ..."

" ဟပ်ချိုး! လူလိမ်!...ဪ...ဆောရီး...လေကအေးတော့လေ..."

ဟန်ပိုကာပြောလိုက်တဲ့ ခွန်းစစ်မင်းကိုကြည့်ပြီး လင်းခေတ်ဦးကသဘောကျစွာရယ်တယ်...။

" မလိမ်ပါဘူး...ငါကမင်းနဲ့ပါတ်သတ်ရင် ဟန်မှမဆောင်တတ်တာ...အဲ့တာကြောင့် ငါ့စိတ်ထဲမပျော်တာကြီးက ငါ့မျက်နှာမှာပေါ်နေတယ်ထင်ပါ့ရဲ့..."

" ဟန့်! အဓိပ္ပါယ်မရှိတာ... ခင်များတစ်ချိန်လုံးတောင် ကျွန်တော့်ကို မကြိုက်ချင်ယောင်ဆောင်နေခဲ့ပြီးတော့..."

" ငါဟန်မဆောင်ပါဘူး...ပါးစပ်ကထုတ်မပြောတာကလွဲရင် ငါဘာကိုမှမဖုံးကွယ်ခဲ့ပါဘူး...မင်းကသာ တုံးလွန်းလို့ မရိပ်မိတာ..."

" ရိပ်မိစရာလား...ခင်များက ကျွန်တော့်နဲ့တွ့တိုင်း ထထိုးချင်စရာတွေချည်းလုပ်နေတာလေ..."

" အဲ့တာက ကိုယ်ကြိုက်တဲ့သူဆီက ဂရုပြုမှုကိုလိုချင်လို့လေ...ဒီလောက်ရိုးရှင်းတဲ့အကွက်လေးကိုတောင်မသိဘူးလား...ဒီနေရာကျ လည်လှပါချည်ရဲ့ခွန်းစစ်မင်းက ဘယ်ရောက်သွားတာတုန်း..."

" 'လ'လေးလုံးတွေ မပြောစမ်းနဲ့ဗျာ..."

" အဟင်း!..."

လင်းခေတ်ဦးက လက်ထဲကကုန်သွားတဲ့ဘူးကို ပစ်ချလိုက်ပြီး...အောက်ချထားတဲ့အိတ်ထဲကနေ ဘီယာနှစ်ဘူးကိုထုတ်လိုက်တယ်...။ ပြီးတော့ တစ်ဘူးကို ခွန်းစစ်မင်းကိုလှမ်းပေးတယ်...။

" သောက်မလား..."

ခွန်းစစ်မင်းလဲ လှမ်းယူလိုက်ပြီး...။

" ခင်များနေကောင်းရဲ့လား...ကြည့်ရတာ ခင်များမွေးနေ့မှာ ကျွန်တော်မရှိတာက အဓိကအကြောင်းအရင်းမဟုတ်ဘူးထင်တာပဲ..."

လင်းခေတ်ဦးလဲ တစ်ချက်ပြုံးလိုက်ရင်း...။

" လွန်ခဲ့တဲ့ဆယ်နှစ် ဒီလိုနေ့မှာ အဖေဆုံးခဲ့တာ...ငါသူ့ကိုအရမ်းသတိရတယ်...အရမ်းလဲလွမ်းတယ်..."

ခွန်းစစ်မင်း သူ့နားတောင်သူမယုံနိုင်ဘူး...။ လင်းခေတ်ဦးမှဟုတ်ရဲ့လားလို့ သံသယဝင်လာရတယ်...။ သိခဲ့တဲ့ကာလတစ်လျှောက် စကားတစ်လုံးတောင်မဟခဲ့တဲ့ အဖေဖြစ်သူရဲ့အကြောင်းကို သူနားထောင်လိုက်ရတယ်တဲ့လေ...။

" ခင်များ မူးနေတာလား..."

" ဘာလို့လဲ...မူးပြီး မင်းကိုဟိုဒင်းဟိုဟာပြုမှာစိုးလို့လား...ရုပ်ရှင်တွေထဲကလိုလေ..."

" စမ်းကြည့်လေ... အဲ့အချိန် ကိုယ့်ဘောင်းဘီကြယ်သီးတောင် ကိုယ့်ဘာသာဖြောင့်အောင်ဖြုတ်နိုင်ရဲ့လားဆိုတာ စိတ်ဝင်စားစရာပဲ..."

" ငါ သားရေကြိုးနဲ့ဘောင်းဘီဝတ်ထားတာ...ဒါပေမဲ့...စိတ်မပူပါနဲ့...ငါကမင်းလို သွေးမဆိုးဘူး..."

မျက်နှာတည့်တည့်ပိတ်ရိုက်ခံလိုက်ရသလို ခွန်းစစ်မင်းခမျာ နင်သွားရတယ်...။ မနှစ်ကချောင်းသာခရီးတုန်းက Hotel မှာရေနစ်တယ်ဆိုတာကလဲ ဒါနဲ့ပတ်သတ်နေတယ်...။ အဲ့တုန်းက မူးပြီး ခတ်နွယ်တို့တားနေတဲ့ကြားထဲက ရေကူးကန်ထဲခုန်ချတာ...။ တိုက်ဆိုင်ချင်တော့ ကြွက်တက်ပါလေရော...။ လင်းခေတ်ဦးကြောင့်သာမဟုတ်ရင် အခုချိန် ခွန်းစစ်မင်းတစ်ယောက် နတ်သမီးလေးငါးရာဝန်းရံတာခံနေရလောက်ပြီ...။ သူ့မှာ လင်းခေတ်ဦးပေးထားတဲ့ အသက်ပဲရှိတော့တယ်...။

ယာမကာအကြောင်းဆက်ပြောရမယ်ဆိုရင်... လင်းခေတ်ဦးက ဘယ်လောက်သောက်သောက်မမူးတတ်တဲ့လူစားမျိုး...။ သူ့အတွက်က လစ်မစ်ဆိုတာဂျိုနဲ့လားပေါ့...။ ဒါပေမဲ့ ခွန်းစစ်မင်းကျတော့ လစ်မစ်ပြည့်ပြီဆိုတာနဲ့ လူတကာကိုအလေးပြုတော့တာ...။ ခေါင်းကြီးငိုက်စိုက်လို့ပေါ့...။ အရက်ရှင်တွေမြင်ရင် သူတို့ကိုကျေးဇူးတင်ဂုဏ်ပြုတယ် ထင်ရင်ထင်နေအုံးမှာ...။ ပြီးရင် အဓိကက...မူးလာရင် သွေးဆိုးတာပဲ...။ အနားမှာရှိတဲ့သူမှန်သမျှ ဘယ်သူမှမလွတ်စေရဆိုတဲ့ ဝါဒမျိုးနဲ့ လိုက်ဒုက္ခပေးတော့တာ...။ အဲ့ဒဏ်ကိုမခံနိုင်တဲ့ ခန့်သူရိန်သစ်တို့ကတော့...ပျော်ပွဲရွှင်ပွဲရှိပြီဆိုတာနဲ့ ခွန်းစစ်မင်းမမူးဖို့အရေး ဒို့အရေးလုပ်ရတော့တယ်...။ မဟုတ်ရင် အဲ့ပွဲပျက်ပြီလေ...။ စဉ်းစားကြည့်...ဒီအတိုင်းအကောင်းအတိုင်းရှိနေတဲ့အချိန်မှာတောင် ကန့်လန့်တိုက်ပြီးစာက်ချိုးမပြေတာတွေချည်းတန်းစီလုပ်နေတဲ့သူက...မူးရင် သွေးဆိုးတယ်ဆိုတော့ကာ...။

" ခွန်း...မင်း အမေလိုချင်ဖူးလား..."

ရုတ်တရက်မေးလာတဲ့မေးခွန်းက ခွန်းစစ်မင်းကိုငြိမ်သက်သွားစေတယ် ...။ ဒါကြောင့် လင်းခေတ်ဦးက... ။

" ငါမေးတာ လွန်သွားလား...မဖြေချင်လဲ..."

" မဟုတ်ပါဘူး...မဖြေချင်တာမဟုတ်ပါဘူး...ဘယ်လိုဖြေရမလဲ မသိလို့ပါ...ကျွန်တော် အဲ့လိုမေးခွန်းမျိုးတွေကို ကလေးဘဝတည်းက ခဏခဏရင်ဆိုင်နေကျပါ..."

" အင်း...ဟုတ်တာပေါ့..."

" အမေလိုချင်လားဆိုရင်တော့ ကျွန်တော့်မှာ ဖြေစရာအဖြေမရှိဘူး ကိုလင်း...ဘာလို့ဆို ကျွန်တော် ငယ်ငယ်တည်းက အမေဆိုတဲ့အရာကို မတမ်းတဖူးဘူး...အဲ့အစား ကျွန်တော့်မှာ ပြန်မေးစရာ မေးခွန်းတစ်ခုပဲရှိတယ်...ဘာလို့ လိုချင်ရမှာလဲ...ကျွန်တော့်အဖေနှစ်ယောက်လုံးက ကျွန်တော်လိုအပ်တာတွေအကုန်လုံးကို ဖြည့်ဆည်းပေးထားတာပဲဟာ...တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုရင်...အဲ့တာက ကျွန်တော့်အဖေတွေကို စော်ကားသလိုဖြစ်မနေဘူးလား...ကျွန်တော်သာ အဲ့လို အမေလိုချင်နေရင် ကျွန်တော့်အဖေတွေ နာကျင်ရမှာပေါ့...ပြီးတော့...အမေဆိုတာရှိမှ ကလေးတစ်ယောက်က ကောင်းကောင်းမွန်မွန်ကြီးပျင်းနိုင်မယ်ဆိုတာ အမြဲမမှန်နိုင်ကြောင်း ကျွန်တော်ကသက်သေပဲလေ...သူတို့က ကျွန်တော့်အတွက်တော့ အစားထိုးမရတဲ့လူတွေပဲ...အဲ့တော့...ကျွန်တော်ကဘာအတွက် အမေလိုချင်ရမှာလဲ..."

ခွန်းစစ်မင်းစကားအဆုံးမှာတော့ လင်းခေတ်ဦးဆီက သက်ပြင်းရှည်ကြီးချလိုက်တာကို ကြားလိုက်ရတယ်...။

" ငါကတော့ အမြဲလိုချင်ခဲ့တယ်..."

" အာ...ခင်များ...ခင်များမှာ အမေရှိတယ်မဟုတ်လား..."

" အမေမရှိလဲ အဖေနဲ့တင် မိသားစုကိုပြည့်စုံအောင်လုပ်နိုင်တယ်ဆိုတာ မင်းကသက်သေဆိုရင်...အမေရှိတိုင်းလဲ အဲ့မိသားစုက ပြည့်စုံပြီးပျော်စရာကောင်းနေတာမဟုတ်ဘူးဆိုတာ ငါကသက်သေပဲ..."

" ဘာလို့ အဲ့လိုပြောရတာလဲ..."

" သူအရင်ကပြောနေကျစကားတစ်ခွန်းရှိတယ်...အဖေနဲ့အဆင်မပြေဖြစ်တိုင်းပေါ့...ငါတို့မောင်နှမနှစ်ယေါက်ကြောင့်သာမဟုတ်ရင် သူ့ဘဝကဒီမှာတင်ရပ်တန့်နေမှာမဟုတ်ဘူးတဲ့..."

" သူ့ဘက်ကကြည့်ရင်လဲ ဟုတ်တော့လဲဟုတ်ပါတယ်...ဘာလို့ဆို ငါတို့နှစ်ယောက်လုံးက မရည်ရွယ်ပဲ မတော်တဆမွေးဖွားလာခဲ့တဲ့သူတွေလေ...အဖေ့ကြောင့်သာမဟုတ်ရင် ငါနဲ့မမက လူ့လောကထဲတောင်ခြေချခွင့်ရခဲ့မှာမဟုတ်ဘူး...အဲ့တာကြောင့် သူက အဖေ့ကိုမုန်းတယ်...မမကိုယ်ဝန်ကြောင့် အဖေနဲ့မြန်မြန်လက်ထပ်လိုက်ရတယ်...နှစ်ဖက်လုံးက ဆွေကြီးမျိုးကြီးမို့လို့ ဒီလိုအသေးအဖွဲ့လောက်နဲ့ ဂုဏ်သိက္ခာကိုအထိအခိုက်မခံနိုင်တော့ အမြန်ပေးစားကြတာပေါ့...နောက် ငါ့ကိုယ်ဝန်ကြောင့် သူနိုင်ငံခြားမှာ ကျောင်းဆက်တက်မဲ့အစီအစဉ်ကို လက်လျှော့လိုက်ရတယ်...သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သည်ကလေးအမေဖြစ်နေရတဲ့ သူ့ရဲ့ဘဝကိုမကျေနပ်နိုင်ဘူး...အထူးသဖြင့် အဖေ့ကိုပေါ့...အဖေနဲ့က ချစ်လို့တွဲခဲ့ကြတာလဲမဟုတ်တဲ့အပြင် ဒီအခြေအနေတွေထိဖြစ်ကုန်လိမ့်မယ်လို့ သူလဲထင်ထားမှာမဟုတ်ဘူး...တကယ်တန်းစဉ်းစားကြည့်တော့ ကိုယ်ဝန်မရအောင်လုပ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိရက်နဲ့ နှစ်ခါတောင်မတော်တဆဆိုတာကြီးက...သူတို့ တော်တော်ညံ့တာပဲနော်...ဟား ဟား!..."

" အဲ့တာ ရယ်စရာမှမဟုတ်တာ..."

" ခွန်း...မင်းသိလား... ငါ အဖေ့ကို စိတ်ဆိုးဘူးတယ်...အဖေဆုံးပြီးနောက်ပိုင်း ပြည်ဦးလွင်ကအိမ်မှာ အမေနဲ့အတူတူနေနေရတဲ့ ကာလတွေတုန်းကပေါ့...ဘာလို့များ...အဖေက ငါတို့နားမှာ ကြာကြာမနေနိုင်ဘဲနဲ့...ဘာလို့များ အဲ့တုန်းက အမေ့ကိုခွင့်မပြုခဲ့တာလဲလို့ပေါ့...အမေ ကိုယ်ဝန်ဖျက်ချဖို့လုပ်တုန်းက နှစ်ကြိမ်လုံးဘာလို့တားခဲ့တာလဲလို့...ဒီလို နေနေရတာထက်ဆာရင် ဘယ်တုန်းကမှ မမွေးလာခဲ့တာကမှ ပိုကောင်းအုံးမယ်လို့ပေါ့...အဖေက ကလေးကိုမွေးရုံပဲမွေးပေး...ကျန်တဲ့ကိစ္စအကုန်လုံး သူတာဝန်ယူတယ်ဆိုပြီး ငါတို့ကို အမေ့ဗိုက်ထဲ ကိုးလလုံးလုံး အန္တရာယ်ကင်းကင်းနေနိုင်အောင် လုပ်ပေးခဲ့တာ..."

" ဟုတ်တယ်..."

ပြတ်ရှစွာထွက်လာတဲ့ စကားသံကြောင့် လင်းခေတ်ဦးက ခွန်းစစ်မင်းကိုလှည့်ကြည့်တယ်...။

" ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပျင်းလာစေဖို့ တာဝန်မယူနိုင်ရင်...ကောင်းမွန်တဲ့အနာဂတ်အတွက် အာမမခံနိုင်ရင် မမွေးတာအကောင်းဆုံးပဲ...လူ့လောကထဲဆွဲခေါ်ပြီး ဒုက္ခတွေခံခိုင်းမှာထက်ဆာရင် မမွေးလာတာကမှ ပိုကောင်းလိမ့်မယ်...ကလေးတွေက ဘယ်မိဘဆီမှာလူဖြစ်မယ်လို့ ရွေးချယ်ခွင့်မရှိပေမဲ့...မိဘတွေကတော့ ဒီကလေးကိုမွေးဖို့မမွေးဖို့ ရွေးချယ်နိုင်တယ်...စဉ်းစားကြည့်တော့ ခင်များအမေ ကိုယ်ဝန်ဖျက်ချဖို့လုပ်ခဲ့တာကို အပြစ်မြင်လို့မရဘူး...သူက အဲ့တည်းကရှင်းရှင်းပြောပြီးသားလေ...အပြုအမူတွေကနေ ပြပြီးသား...သူခင်များတို့ကို မလိုချင်ပါဘူးလို့...အဲ့တာကို သူ့ဆီကနေ မိခင်မေတ္တာကိုမျှော်လင့်တာကတော့ တကယ့်ကိုအကြီးမားဆုံးတုံးအမှုပဲ... နွားကိုဂျေဒိုးနပ်ကျွေးသလို့ ဘာအဓိပ္ပါယ်မှမရှိဘူး...အဲ့မှာမှ ခင်များတို့ကိုတာဝန်ယူစောင့်ရှောက်ပေးမဲ့ အဖေက အစောကြီးထွက်သွားတာကတော့...ခင်များတို့ ကံဆိုးတာပေါ့လေ...ဒီမှာကိုလင်း...လူတိုင်းကတော့ လူကောင်းမဟုတ်ဘူး...အဲ့လိုပဲ...မိဘတိုင်းကလဲ မိဘပီသနေတာတော့မဟုတ်ဘူး...မိဘဆိုတာနဲ့ပဲ မိဘမေတ္တာတွေ ပြည့်ဝနေလိမ့်လို့မထင်နဲ့..."

ခွန်းစစ်မင်းပြောပြီးကာမှ သူ့ကိုစိုက်ကြည့်နေတဲ့ လင်းခေတ်ဦးကြောင့် ရုတ်ချည်းပဲကြက်သီးထလာရတယ်...။ သူမဆင်မခြင် ဒဲ့တိုးတွေပြောမိလိုက်တာကို သတိရသွားတယ်...။ ဒါနဲ့ သူ့ရဲ့စောက်လိုက်ကမ်းဆိုးမသိလှတဲ့ ပါးစပ်လေးကို ကန့်လန့်တွေထပ်မပြောမိအောင်...ဘီယာဘူးနဲ့ပိတ်ထားလိုက်မိတယ်...။ ခွန်းစစ်မင်း ဘီယာကိုမော့သောက်နေရင်း လင်းခေတ်ဦးကိုအကဲခတ်မိတော့...တဖြည်းဖြည်းပြုံးလာတာကို သူ့မျက်လုံးထောင့်ကနေ တွေ့ရတယ်...။

" မင်းပြောတာမှန်ပါတယ်...မှန်လွန်းလို့လဲ အသက်ရှုလို့တောင်မရတော့ဘူး..."

" လူတွေက အမှားကိုဝန်ခံရမှာထက် အမှန်ကိုရင်ဆိုင်ရမှာ ပိုကြောက်ကြတယ်...ရင်ဆိုင်လိုက်ပါ ကိုလင်း..."

သူခပ်တည်တည်နဲ့ပြန်ပြောတော့ လင်းခေတ်ဦးက ပြုံးလိုက်ပြီး...။

" အရင်တုန်းက သူ ငါတို့အပေါ်ဆက်ဆံပုံတွေနဲ့ အဖေ့အပေါ်မကောင်းခဲ့တာတွေကြောင့် သူ့ကိုအရမ်းမုန်းခဲ့မိတယ်...အခုတော့ ငါအဆင်ပြေနေပါပြီ...အခုငါ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က မမလိုပဲ ဘွဲ့ရတာနဲ့...သူ့အုပ်ထိန်းမှုအောက်ကနေ ရုန်းထွက်မယ်...ငါ့ဘဝကို ငါဘာသာစတင်တော့မယ်...အဲ့အချိန်ကျရင် ငါမလုပ်ချင်တာတွေ စိတ်မပါတာတွေကိုလဲ ကြိတ်မှိတ်ပြီးလုပ်စရာမလိုတော့ဘူး...မပတ်သတ်ချင်တဲ့သူတွေကိုလဲ ဟန်ဆောင်ပြီးကောင်းပြစရာမလိုတော့ဘူး...သူ့လက်အောက်ကလွတ်တာနဲ့ ငါကငါပဲဖြစ်ရမယ်..."

လင်းခေတ်ဦး သူ့အိမ်မက်တွေကို ပထမဆုံးအကြိမ်အဖြစ်ပါးစပ်ကထုတ်ပြောနေပေမဲ့... 'မင်းနဲ့လက်ထပ်ပြီး ကလေးတွေတစ်သီကြီးမွေးမယ်' ဆိုတဲ့ အိမ်မက်ကိုတော့ စိတ်ထဲမှာပဲဆက်သိမ်းထားလိုက်တယ်...။ မဟုတ်ရင် သူဒီအပေါ်ကနေ နေ့မကူးပဲ...ခွန်းစစ်မင်းရဲ့ ကန်ချခြင်းကိုခံရနိုင်တယ်ဆိုတာကို သိနေတာကိုး...။

" ငသစ်ပြောတာ သူ့မိဘတွေနဲ့ ခင်များအဖေနဲ့က အရမ်းရင်းနှီးနေတယ်ဆို..."

" အင်း...သူတို့ကကျောင်းနေဖက်တွေတဲ့...အဖေမဆုံးခင်ကတောင် သူတို့အိမ်ကိုတစ်ခါရောက်ဖူးသေးတယ်...အဖေဆုံးပြီးနောက်မှာတော့ အမေက အဖေနဲ့ပါတ်သတ်တဲ့ ဆွေမျိုးသားခြင်း မိတ်ဆွေမှန်သမျှကို အဆက်အသွယ် ဖြတ်ပစ်တာ...ဒါကြောင့် ငါလဲခန့်သူတို့မိသားစုနဲ့ မတွေ့ဖြစ်တော့ဘူး...အဲ့တာ ရန်ကုန်ရောက်မှ သူ့တို့ကိုပြန်ဆက်သွယ်ဖြစ်တာ..."

" ခင်များ ဒီမှာကျောင်းလာတက်တာ ခင်များအမေနဲ့ဝေးဝေးနေချင်လို့လား...ဘာလို့ဆို ခင်များ ဒီဆေးဝါးသက္ကသိုလ်မှတက်ချင်တာဆိုရင် မန္တလေးဆေးဝါးမှာတက်လို့ရတာပဲ...ပြည်ဦးလွင်နဲ့ပိုတောင်နီးသေးတာ..."

" အဟင်း...အမှန်ပဲ...ပြီးတော့ အဲ့အချိန်မှာ မမကလဲ ကိုမြတ်သူနဲ့ယူပြီး ရန်ကုန်ရောက်နေပြီလေ...အဲ့တာကြောင့် ရန်ကုန်ကိုလိုက်လာခဲ့တာ..."

အဲ့နောက် မိနစ်ပိုင်းလောက် သူတို့စကားဆက်မပြောဖြစ်ကြဘူး...။ လက်ထဲက ဘီယာကိုသာ တစ်ငုံချင်းစုတ်သောက်နေမိကြတယ်...။

" ခွန်း..."

" အင်း..."

" အကယ်၍ပေါ့...မင်းကိုမွေးပေးခဲ့တဲ့ အမေနဲ့ တွေ့ခွင့်ရမယ်ဆို မင်းတွေ့မှာလား...ဒါက ငါဒီအတိုင်းသိချင်လို့မေးတာ..."

" ကျွန်တော်အဲ့တာကို အရင်ကတစ်ခါမှမစဉ်းစားဖူးဘူး...အင်း...ကျွန်တော်...တွေ့ချင်တယ်...ဘယ်သူလဲဆိုတာသိချင်လို့တော့မဟုတ်ဘူး...ကျေးဇူးတင်ချင်လို့...ပါး'နဲ့ ပါပါး'လိုချင်ခဲ့တဲ့ ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှုလေးရှိလာအောင် ကူညီပေးခဲ့လို့..."

" မင်းက ဦးစစ်တို့ကို တော်တော်ချစ်တာပဲ...ငါတော့ Papa' boy လေးကိုမှ ကြိုက်မိပြီထင်ပါတယ်..."

" အဲ့တော့ ခင်များက သဘောမကျဘူးပေါ့..."

" အဓိပ္ပါယ်မရှိတာ..."

" ....."

အတည်ပေါက်နဲ့ပြောလာတဲ့ လင်းခေတ်ဦးကြောင့်...ခွန်းစစ်မင်း မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး စကားကိုဆက်လိုက်တယ်...။

" ပါပါးတို့က ကျွန်တော်ငယ်ငယ်တည်းက ကျွန်တော်ကမွေးစားထားတာမဟုတ်ဘူးဆိုတာ ပြောပြထားတယ်...ကျွန်တော့်ကိုရဖို့ သူတို့အကူအညီအချို့ယူခဲ့တယ်တဲ့...နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ကိစ္စပါပဲတဲ့...ဒီလောက်ပဲပြောတယ်...ကျွန်တော်ကို အငှါးကိုယ်ဝန်နဲ့မွေးခဲ့တာလို့တော့ သူတို့တိုက်ရိုက်မပြောဘူး...ပြီးတော့ အချို့ကသိချင်ကြတယ်...ကျွန်တော်က ပါး'နဲ့ရလာတာလား ပါပါး'နဲ့ရလာတာလားပေါ့...လူတွေများလဲ အကန့်ဆိုတာနားမလည်...အဲ့တာတွေကအစ သိပ်သိချင်ကြတာ...ဒါပေမဲ့ သူတို့ကိုသနားလို့ ဖြေချင်ရင်တောင် ဖြေလို့မရဘူး...ကျွန်တော်လဲမသိလို့...သိလဲမသိချင်ဘူး...ပါပါး'တို့ကလဲ ဘယ်တော့မှပြောမှာမဟုတ်ဘူး...မေးလဲ ထုံးစံအတိုင်း ကျွန်တော်က သူတို့နှစ်ယောက်လုံးရဲ့သားလို့ပဲ ပြန်ဖြေမှာ..."

" အဲ့တာကောင်းပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူတို့နှစ်ယောက်လုံးနဲ့ သတ်ဆိုင်တဲ့သူပဲလေ..."

" ပြီးတော့...အမေကိစ္စကလေ...ကျွန်တော့်ကိုမွေးထားတာနဲ့ပဲ ကျွန်တော့်အမေဖြစ်သွားတာမှမဟုတ်တာ...သူက ဒီအတိုင်း ကျွန်တော့်ကိုမွေးထုတ်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ပါပဲ...သူလဲ ကျွန်တော့်အဖေတွေဆီက အကျိုးတစ်ခုရလို့သာ မွေးပေးတာလေ...အငှါးကိုယ်ဝန်ဆောင်တယ်ဆိုတာ သံယောဇဉ်တွေ သွေးသားတွေလိုက်ဆက်နေလို့မှမရတာ...အခု ကျွန်တော်ပြောတာကို လူအများစုက သဘောကျမှာမဟုတ်ဘူး...အာ...မဟုတ်ဘူး...လူတိုင်းပဲ...ဒါပေမဲ့ ဒါက ကျွန်တော်လက်ခံထားတာပဲ..."

" မင်းက ငယ်ငယ်တည်းက ဒီလိုပဲလား..."

" Ommm...ပြီးတော့ ငယ်ငယ်ကအခြေအနေတွေကလဲ ဒီလိုပုံနဲ့နေမှပဲရမှာ...ခင်များသိပါတယ်...ကျွန်တော့်လိုကလေးတစ်ယောက်က ကျောင်းမှာဘာတွေကြုံနိုင်လဲဆိုတာ...အမြဲတမ်း အထူးအဆန်းကောင်လိုကြည့်တာတွေခံရတယ်...ကျွန်တော့်အဖေတွေက ဒီအခြေအနေကိုကြိုသိထားတာကြောင့် ကျွန်တော်မျက်နှာမငယ်ရအောင် ကျောင်းကိုအများကြီးငွေနဲ့ထောက်ပံ့ထားပေးတယ်...ဘာပွဲဖြစ်ဖြစ် ရက်ရက်ရောရောလှူပေးတယ်...ဒါပေမဲ့လဲ ဆရာဆရာမတွေကအစ အရှေ့မှာကောင်းပြပေမဲ့ ကွယ်ရာဆို ကျွန်တော်တို့သားအဖသုံးယောက်က သူတို့ရဲ့အပျင်းပြေပြောစရာကြီးပေါ့...ကျွန်တော်ကလဲ အဲ့ကွယ်ရာကကိစ္စတွေကိုသိပ်ဂရုမစိုက်ပါဘူး...ဒါပေမဲ့ ကျွန်တော့်ရှေ့လာပြောလို့ကတော့ သူတစ်ခွန်းဆို ကျွန်တော်တစ်ခွန်းပဲ...မတူတာက သူတို့ကမဟုတ်တာပြောတာ...ကျွန်တော်ကဟုတ်တာပြောတာ...အဲ့တော့ သူတို့က ပိုပြီးအထိနာတယ်...ဒါကြောင့် ကျောင်းသားတွေရော ဆရာတွေရောက ကျွန်တော့်ကိုချဉ်ကြတယ်...ကျောင်းအုပ်ကတော့ တော်တော်လေးကောင်းရှာပါတယ်...ငွေကြောင့်လားတော့မသိ...စော်ကားတာတော့မဟုတ်ပါဘူး...အဲ့လိုဆရာတွေနဲ့ အဆင်မပြေတာကလဲ ခင်များသိတဲ့အတိုင်း အခုထိပဲ...ကျွန်တော့်အပြောအဆိုတွေကြောင့် သိပ်သဘောမကျကြဘူးလေ..."

" ခန့်သူတို့နဲ့က ဘယ်နှစ်တန်းမှာစခင်တာလဲ..."

" သူတို့နှစ်ယောက်နဲ့က အလယ်တန်းစတက်တော့မှ သိကြတာ...ဘယ်သူမှမပေါင်းချင်တဲ့ ဘယ်သူ့ကိုမှမပေါင်းချင်တဲ့ကျွန်တော့်ကို သူတို့ကတော့ထူးထူးခြားခြား မရရအောင်ပေါင်းတာ...ကျွန်တော်ကတော့ ထုံးစံအတိုင်း မိန်းခလေးတွေဘာတွေလဲဂရုမစိုက်ဘူး ပြောချင်ရင်စွတ်ပြောပစ်တာ...ပထမကတော့ ကျွန်တော့်စိတ်ထဲမှာ ကြာရင်သူတို့လဲ အခြားသူတွေလို ခွာသွားမှာပဲပေါ့...ပြီးတော့ သူတို့ကိုလဲ ကျွန်တော်နဲ့လာမပတ်သတ်စေချင်ဘူး...သူတို့အတွက်လဲမကောင်းဘူးလေ...ဒါပေမဲ့ ကျွန်တော်ဘာတွေပဲပြောပြော ဘာတွေပဲလုပ်လုပ်...သူတို့က ကျွန်တော့်အနားကနေထွက်မသွားခဲ့ဘူး...အဲ့တာက ကျွန်တော့်ဘဝမှာ ကျွန်တော့်အဖေတွေပြီးရင် ကျွန်တော့်ကိုနားလည်တဲ့လူနှစ်ယောက်ကို ထပ်ရလိုက်တာပဲ...ကျွန်တော်သူတို့ကိုတန်ဖိုးထားတယ်..."

လင်းခေတ်ဦးက ခေါင်းလေးညိတ်ရင်း သူ့ထုံးစံအတိုင်း ခပ်ပြုံးပြုံးသာနေနေတယ်...။

" ကျွန်တော် ခင်များကို ယုံလို့ရတယ်မဟုတ်လား..."

" ဘာရယ်?..."

" ခင်များလဲ ခတ်နွယ်တို့လို ကျွန်တော့်အနားကနေ ဘယ်တော့မှထွက်မသွားပါဘူးလို့်လေ..."

" မင်းမထွက်သွားစေချင်သ၍ပေါ့..."

ရီဝေရွှန်းလဲ့စွာကြည့်လာတဲ့ လင်းခေတ်ဦးရဲ့မျက်လုံးတွေက...နဂိုကမှငြိမ်မနေတဲ့ ခွန်းစစ်မင်းရဲ့နှလုံးသားလေးကို စတင်ကလူကြည်စယ်လာတယ်...။ ရုတ်တရက် သူ့နှလုံးသားကနေ စည်းချက်မမှန်မှုတွေကို ခံစားလာရတဲ့ ခွန်းစစ်မင်းကတော့ လင်းခေတ်ဦးဆီကနေ အမြန်ပဲအကြည့်ကိုလွှဲမိရတယ်...။ ပြီးတော့ တိတ်ဆိတ်ပြီး နည်းနည်းရှက်ဖို့ကောင်းနေတဲ့ အခြေအနေကိုပြောင်းဖို့အတွက် စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်တယ်...။

" အာ...ကိုလင်း...ခင်များ ဖယောင်းတိုင်မမှုတ်ခင်က ဘာဆုတောင်းလိုက်လဲ..."

" မင်းက ဆုတောင်းတွေကိုယုံလို့လား..."

" ဟင့်အင်း...ဒါပေမဲ့ လူတိုင်းက အဲ့လိုပဲလုပ်ကြလို့လေ မေးတာ..."

" ဆုတောင်းတွေက ပြည့်တတ်လား...မင်းဘယ်လိုထင်လဲ..."

" မသိဘူး...ဒါပေမဲ့ ဆုတောင်းပြည့်ဖို့က ထိုင်ဆုတောင်းနေရုံနဲ့တော့မရဘူး...ဖြည့်ပေးမဲ့သူလိုသေးတယ်...ခင်များကိုယ်တိုင်လဲ အဲ့ဆုတောင်းတကယ်ပြည့်လာအောင် အားစိုက်ရအုံးမှာ..."

" မင်း ငါ့ဆုတောင်းကိုသိချင်လား..."

" အဲ့လိုမေးလာရင် မသိချင်တော့ဘူး..."

" ဟား ဟား! တကယ်တော့ အဲ့ဆုတောင်းပြည့်ဖို့ဆိုရင်... ငါက အားစိုက်ရတဲ့သူဆို မင်းကဖြည့်ပေးတဲ့သူဖြစ်မှရမှာ..."

" ဘာလဲ...ဟိုဒင်းဟိုဟာပဲလား..."

ခွန်းစစ်မင်းတမင်ရွဲ့ပြောတာကို သိတာကြောင့် လင်းခေတ်ဦးကလဲ မျက်မှောင်ကိုကြုံ့လိုက်ရင်း...။

" အဲ့ထက် ခက်တယ်..."

" ဘာလဲဗျာ...ပြောမှာဖြင့်မပြောဘူး..."

" ဒီည ငါ့မွေးနေ့မကုန်ခင်...မင်းရဲ့ ပါးချိုင့်လေးကို မြင်ရပါစေ...လို့ ဆုတောင်းလိုက်တာ..."

" အမ်!...ပါးချိုင့်များ အခုရောမမြင်ရလို့လား...စကားပြောရင်တောင် မြင်နေရတာကို..."

" ခွန်း...သေချာစဉ်းစားစမ်းပါ...ငါဘာကိုပြောချင်တာလဲ သိရဲ့သားနဲ့..."

" ဘာကို!..."

( အယ်!...နေပါအုံး...ငါ့ပါးချိုင့်ကိုမြင်ချင်တယ်ဆိုတော့...မဟုတ်မှလွဲရော ငါ့ကိုပြုံးခိုင်းနေတာလား...)

' မင်းသာပြုံးလိုက်ရင် ပါးချိုင့်လေးက ဘယ်လောက်ထိချစ်ဖို့ကောင်းအောင် ပေါ်လာမလဲ...' ဆိုတဲ့ ရှိန်းဆက်ပိုင်ပြောဖူးတဲ့စကားက သူ့ခေါင်းထဲရုတ်တရက်ပေါ်လာတာကြောင့်...ခွန်းစစ်မင်းရဲ့ မျက်နှာဖြူဖြူနုနုက ပန်ုးနုရောင်ကိုပြောင်းလာတော့တယ်...။

" မဖြစ်နိုင်တာ..."

" ဟင်းးး... ငါသိပါတယ်လေ..."

" ခင်များအရင်ကပြောတော့ ကျွန်တော်မလုပ်ချင်တဲ့အရာကို မတောင်းဆိုချင်ပါဘူးဆို...အဲ့လိုပြောပြီး အခုကျတော့ ကျွန်တော့်ကိုလာပြုံးခိုင်းနေတယ်...လူလိမ်..."

" အို! ငါမတောင်းဆိုပါဘူး...ငါကစိတ်ထဲကဆုတောင်းရုံပဲလေ...မင်းကမေးလို့သာ ပြောပြတဲ့ဟာကို...ရပါတယ်...မင်းအတွက်ခက်ခဲတယ်ဆိုတာသိတယ်...ဒါပေမဲ့လဲ မင်းသာငါ့ကို မွေးနေ့လက်ဆောင်အဖြစ် အပြုံးတစ်ပွင့်ပေးမယ်ဆိုရင် ငါအရမ်းပျော်မိမှာပဲ...ပြီးတော့ မင်း ငါ့မွေးနေ့ကိုနောက်ကျမှရောက်လာလို့ စိတ်မကောင်းဖြစ်နေတာကိုလဲ ဖြေရှင်းပြီးသားဖြစ်တာပေါ့..."

" ခင်များ...ခင်များဟာလေ...ကူလီကူမာနဲ့..."

" တစ်နေ့တစ်နေ့ ငါ့မှာလဲ နာမည်တွေဆုံလာလိုက်တာ..."

" ပိတ်ထား...ခင်များမှာ ဆုတောင်းစရာအဲ့လောက်ရှားလား..."

" ....."

" ဖြေလေ..."

" မင်းပဲပိတ်ထားဆို..."

" Wtf! လာနောက်နေတာလား... ဒီပေါ်က ကန်ချခံချင်နေတာလား..."

" အဟက် ဟက်! တကယ်တော့...အရံဆုတောင်းထားတာလဲရှိတယ်..."

" စောက်ကျိုးနဲ...အရံဆိုပဲ..."

" သိချင်လား..."

" ဟင့်အင်း..."

" ဟင့်အင်းဆိုလဲ ပြောမှာပဲ..."

အဲ့နောက်မှာတော့ လင်းခေတ်ဦးက ခွန်းစစ်မင်းရဲ့နားနားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်...။

" ဒီည ငါ့မွေးနေ့မကုန်ခင်... မင်းနဲ့ချစ်သူဖြစ်ရပါစေလို့်..."

==========

24 April, 2019


To be continue... 💕

Weiterlesen

Das wird dir gefallen

Agent of Joy Von Jonginee's

Aktuelle Literatur

909K 45.2K 129
- 1 - [ Warning: Mpreg in EXTRAS ]
71.8K 2.4K 95
ထချစ်ဆိုတာ α€œα€±α€•α€Όα€±α€œα€±α€Έα€œα€­α€―α€•α€² α€˜α€šα€Ία€‘α€α€»α€­α€”α€Ία€˜α€šα€Ία€”α€±α€›α€¬α€€α€α€­α€―α€Έα€α€„α€Ία€œα€¬α€œα€­α€―α€€α€Ία€™α€Ύα€”α€Ία€Έα€™α€žα€­α€›α€•α€±α€™α€šα€·α€Ί α€€α€»α€”α€±α€¬α€Ία€žα€α€­α€‘α€¬α€Έα€™α€­α€œα€­α€―α€€α€Ία€α€²α€·α€‘α€α€«α€™α€Ύα€¬α€α€±α€¬α€· ရင်ထဲမှာ α€‘α€­α€―α€œα€°α€žα€¬α€Έα€€α€­α€―α€α€»α€…α€Ία€α€²α€·α€‘α€α€»α€…α€Ία€α€½α€±α€”α€²α€· α€•α€Όα€Šα€·α€Ί...
1.5M 63.3K 74
α€„α€«α€œα€¬α€Έ.... စိတ်ချ...... α€”α€­α€—α€Ήα€—α€¬α€”α€Ία€›α€±α€¬α€€α€Ία€›α€„α€Ία€œα€Šα€Ία€Έ မင်းကိုပဲ ချစ်နေထုဢးမှာ.......... α€žα€―α€”α€±α€α€„α€Ία€‘α€½α€‹α€Ί α€€α€™α€Ήα€˜α€¬α€•α€»α€€α€Ία€žα€œα€­α€― α€œα€±α€•α€Όα€„α€Ία€Έα€™α€­α€―α€Έα€žα€Άα€α€½α€±α€‘...