ME, MYSELF AND MY FUCKIN' WOR...
By socalled_emily
1.8M 128K 4.1K
📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တွင် အလွ... More
Introduction 💕
Chapter ~ 1
Chapter ~ 2
Chapter ~ 3
Chapter ~ 4
Chapter ~ 5
Chapter ~ 6
Chapter ~ 7
Chapter ~ 8
Chapter ~ 9
Chapter ~ 10
Chapter ~ 11
Chapter ~ 13
Chapter ~ 14
Chapter ~ 15
Chapter ~ 16
Chapter ~ 17
Chapter ~ 18
Chapter ~ 19
Chapter ~ 20
Chapter ~ 21
Chapter ~ 22
Chapter ~ 23
Chapter ~ 24
Chapter ~ 25
Chapter ~ 26
Chapter ~ 27
Chapter ~ 28
Chapter ~ 29
Chapter ~ 30
Chapter ~ 31
Chapter ~ 32
Chapter ~ 33
Chapter ~ 34
Chapter ~ 35
Chapter ~ 36
Chapter ~ 37
Chapter ~ 38
Chapter ~ 39
Chapter ~ 40
Chapter ~ 41
Chapter ~ 42
Chapter ~ 43
Chapter ~ 44
Chapter ~ 45
Chapter ~ 46
Chapter ~ 47
Chapter ~ 48
Chapter ~ 49
Chapter ~ 50
Chapter ~ 51
Chapter ~ 52
Chapter ~ 53
Chapter ~ 54
Chapter ~ 55
Chapter ~ 56
Chapter ~ 57
Chapter ~ 58 (End)
Extra Part ~ 1
Extra Part ~ 2
Extra Part ~ 3
Extra Part ~ 4 (End)
✨Bonus Chapter✨
🌻For My Invisible Readers🌻
Chapter ~ 12
22.6K 2.1K 27
By socalled_emily
[Zawgyi]
" ဘယ်လိုတစ်ခုခုလဲ..."
" ဟုတ်လား..."
" ဘာလို့လဲ..."
" မနှစ်ကဆိုမှ သတိရတယ်..."
" ဘာလဲ..."
" ဟုတ်တယ်..."
" ဂါးးး!!!..."
" www.por..."
" gay porn........"
" Fuck!!!..."
" ဟင်???..."
( ငါ...ငါက gay များလား...)
" ခွန်းစစ်...ဘယ်လဲ..."
" အာ...ဒီနားခဏပဲ ပါး'..."
" ဟုတ်..."
" ခွန်း..."
" ဪ..."
" ဘယ်ကပြန်လာတာလဲ..."
" ဟန့်!...တစ်ခုတော့ပြောပါရစေ...အဲ့လို ညဘက်ကြီး ရုတ်တရက်ပေါ်မလာစမ်းပါနဲ့...ကောင်မလေးတွေသာဆို အင်္ကျီကြီးလွင့်နေတယ်ထင်ပြီး လန့်ကုန်မလားပဲ..."
" ခွန်း..."
" ရတယ်...စာမသင်ရလို့ မပျော်တဲ့ကျောင်းသား မြင်ဖူးလို့လား...အဲ့လောက်မလိုပါဘူး..."
" ဟင့်အင်း...ကျွန်တော့်အလုပ်မှမဟုတ်တာပဲ...ခင်များသာ ကျွန်တော့်နောက်ကို stalker လိုက်လုပ်နေတာမဟုတ်ရင် ပြီးတာပဲ..."
" အဲ့လိုမဟုတ်ပါဘူး...သူက..."
" ခွန်း..."
( နေပါအုံး...အဲ့တာဘာထူးဆန်းလို့လဲ...သူတို့က ယောက်ျားလေးတွေပဲဟာ...ပြီးတော့...ကိုမြတ်သူထွဋ်မှာက မိန်းမကြီးနဲ့လေ...ဘာလို့ ငါကမဟုတ်တာတွေတွေးနေမိရတာလဲ...အဲ့တာအပြင် ဒါက ငါ့ကိစ္စလဲမဟုတ်ဘူးလေ...)
--------------------
[Unicode]
Practical ပြီးပြီးချင်း လင်းခေတ်ဦးစောင့်နေမယ်ဆိုတဲ့အသိကြောင့်... ခတ်နွယ်နဲ့ခန့်သူရိန်သစ်ကိုတောင်မစောင့်ပဲ ခပ်သွက်သွက်ထွက်လာမိတယ်...။ သူက သူ့ကြောင့် အခြားသူအပေါ်အားနာရမဲ့ အခြေအနေမျိုးဖြစ်လာမှာကို လုံးဝမကြိုက်ဘူး...။
ဒါပေမဲ့...Final ဆောင်ရှေ့အရောက်မှာ အသင့်စောင့်နေတဲ့ Cara နဲ့တွေ့ပြီး... ဒီနေ့တစ်နေ့လုံး လင်းခေတ်ဦးကကျောင်းပင်မလာကြောင်း... အခုသူ့အချိန်ကိုလဲ ပိတ်ပေးကြောင်း သိလိုက်ရတယ်...။
( ဒီလူဘာတွေလုပ်နေတာလဲ...သောကြာနေ့ကတစ်ခါ..အခုတစ်ခါ...ဒီနေ့ကရော ဘာအကြောင်းပြချက်နဲ့လဲ...)
ခွန်းစစ်မင်း ထိုစကားတွေကို စိတ်ထဲမှာသာထားလိုက်ပြီး Cara နဲ့အတူ ခတ်နွယ်တို့နှစ်ယောက်ကိုရပ်စောင့်နေလိုက်တယ်...။ အဲ့နောက်မှာတော့... လေးယောက်လုံး သူ့အိမ်ဆီသာဦးတည်ခဲ့ကြတယ်...။ Cara ကလဲ မရောက်ဖြစ်တာ ကြာတာကြောင့် လိုက်ချင်သည်တဲ့လေ...။
သူတို့ဘာမှတော့ ထွေထွေထူးထူးမလုပ်ဖြစ်ကြဘူး...။သူ့အဖေတွေလဲ အိမ်မှာမရှိတာမို့...ဧည့်ခန်းထဲမှာပဲ အေးအေးလူလူနေပြီး စကားပြောခြင်းနဲ့ မုန့်စားခြင်းအမှုကို လုပ်ဆောင်ဖြစ်ကြတယ်...။ ပြီးတော့...နေ့လည်ကဖြစ်ခဲ့တဲ့ ဆူးပွင့်လွှာနဲ့ကိစ္စကို ခတ်နွယ်က Cara သိအောင် အကျဉ်းချုပ်ပြီးပြောပြတယ်...။
ခတ်နွယ်ပြောနေတဲ့အချိန်မှာ ခွန်းစစ်မင်းက တစ်ယောက်ချင်းရဲ့ အမူအရာတွေကို လိုက်အကဲခတ်မိတယ်...။ ခန့်သူရိန်သစ်ကတော့ ထုံးစံအတိုင်း မျက်နှာမကောင်းစွာနဲ့ပဲ ငြိမ်ပြီးမုန့်ထိုင်စားနေတယ်...။
Cara...သူ့ကိုအစကစိတ်ထဲမှာ ဒီအကြောင်းတွေသိလိုက်ရတဲ့အခါ အနည်းနဲ့အများတော့ အံ့ဩသွားလိမ့်လို့ထင်ထားခဲ့တာ...။ ဒါပေမဲ့ Cara က ဒီလိုကိစ္စတွေဖြစ်ကိုဖြစ်လာမယ်ဆိုတာ ကြိုသိထားသလိုမျိုး အရမ်းကိုတည်ငြိမ်နေတယ်...။
( မ'ကပါ ဆူးပွင့်လွှာ ငသစ်ကိုကြိုက်နေတာကို သိနေခဲ့တာလား...)
ခတ်နွယ်စကားအဆုံးမှာတော့ Cara က စဉ်းစားနေဟန်နဲ့ နှုတ်ဟလာတယ်...။
" တကယ်တော့လေ...သူက အမကိုလဲတစ်ခုခုတော့တစ်ခုခုပဲ..."
" ဘယ်လိုတစ်ခုခုလဲ..."
" အဲ့လိုဖြစ်နေတာကြာတော့ကြာပြီ...ဘယ်လိုပြောရမလဲ...အမကို သိပ်ပြီး ပတ်သတ်ဆက်ဆံတာမျိုးမရှိတော့တာ...ဒါပေမဲ့လဲ...သူက ခတ်နွယ်တို့ရဲ့သူငယ်ချင်းလဲဖြစ်ပြန်...အမနဲ့ဆိုလဲ ခင်နေတာ တစ်နှစ်ကျော်ပြီဆိုတော့...သူလဲအကြောင်းတစ်ခုခုရှိမှာပါလေဆိုပြီး...မသိချင်ယောင်ဆောင်နေခဲ့တာ...အချင်းချင်းကြားထဲလဲ အဖုမဖြစ်ချင်တာကြောင့်...ခတ်နွယ်တို့ကို မပြောဖြစ်ခဲ့ဘူး..."
ထိုစကားကိုကြားလိုက်ရတဲ့သကာလ...ဆူးပွင့်လွှာဘာကြောင့် Cara ကိုဒီလိုဆက်ဆံရလဲသိနေတဲ့ ခွန်းစစ်မင်းတို့သုံးယောက်ကတော့ မလုံမလဲချောင်းဟန့်မိရုံမှအပ...။
" ဒါနဲ့...ကိုလင်းက ဒီနေ့ဘာလို့ကျောင်းမလာတာလဲ..."
ဆူးပွင့်လွှာနဲ့အကြောင်းကို ဆက်ပြောနေဖို့မသင့်တော့တာကြောင့် ခတ်နွယ်က စကားလမ်းကြောင်းလွှဲပြီးမေးလိုက်တယ်...။ မဟုတ်ရင်လဲ...ခန့်သူရိန်သစ်က Cara ကိုကြိုက်နေပါတယ်ဆိုတဲ့ ကိစ္စတွေပါပါလာတော့မှာလေ...။ ခွန်းစစ်မင်းနဲ့ခတ်နွယ်ရဲ့ အလိုအရဆိုရင် တမင်သိအောင်တောင်ပြောပြလိုက်ချင်ပေမဲ့...သူတော်ကောင်းလေး ခန့်သူရိန်သစ်ကတော့...လင်းခေတ်ဦးက Cara ကိုကြိုက်နေလားဆိုတာ မသေချာမချင်း ဖွင့်မပြောဘူးတဲ့...။
" မသိဘူး...မနက်က မ'ကို message ပဲပို့တာ...တစ်နေကုန်ဖုန်းဆက်တာလဲ မကိုင်ဘူး..."
" ဟုတ်လား..."
" အင်း...ဪ...ဟိုးတစ်နေ့ကတောင် သူပြောသေးတယ်သိလား...အခုလက်ရှိနေနေတဲ့ တိုက်ခန်းကနေပြောင်းမလိုတဲ့...အဲ့နေ့က ဘာလို့လဲမသိဘူး စကားစပြတ်သွားတာနဲ့ ဆက်မမေးဖြစ်ဘူး..."
ကြားလိုက်ရတဲ့အကြောင်းအရာက တစ်ချိန်လုံးပျင်းရိနေမိတဲ့ ခွန်းစစ်မင်းကို ခါးကြောဆန့်သွားစေတယ်...။ အဲ့အချိန်မှာပဲ သူသိချင်နေတဲ့မေးခွန်းကို ခတ်နွယ်ကဝင်မေးလာတယ်...။
" ဘာလို့ပြောင်းမှာလဲ...အဲ့တိုက်ခန်းက တော်တော်လေးကောင်းတာပဲဟာ...ကျောင်းနဲ့လဲနီးနေတာကို..."
" အဲ့တိုက်ခန်းက သူ့အမေငှားပေးထားတာလေ..."
'သူ့အမေ' ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားရတယ်...။ အရာရာကိုဖြည့်တွေးဖို့ လုံလောက်သွားသည့်အလား...။ လင်းခေတ်ဦးက သူ့အမေနဲ့ အဆင်မပြေဘူးဆိုတဲ့ကိစ္စကို Cara ပြောဖူးလို့ သူတို့အနည်းအကျဉ်းတော့သိထားတယ်...။
" ကိုလင်းက သူ့မိသားစုအကြောင်း သိပ်မပြောဘူးနော်..."
ခန့်သူရိန်သစ်ပြောတော့ ခတ်နွယ်ကလဲ...။
" ဟုတ်တယ်...သူ့မိဘတွေဘာလုပ်တယ်...မိသားစုဝင်တွေရော ဘယ်နှစ်ယောက်ရှိတယ်...ဘာတစ်ခုမှမသိဘူး..."
" အမဆို တစ်ချိန်လုံးသူနဲ့အနီးကပ်နေနေတာတောင်...သူ့ဇာတိက ပြည်ဦးလွင်ဆိုတာရယ်...သူ့ပိုက်ဆံအိတ်ထဲက သူ့အဖေဓာတ်ပုံလေးရယ်ပဲ တွေ့ဖူးသေးတယ်..."
" ပြည်ဦးလွင်ဆိုမှ...သစ်သစ်...နင်လဲအဲ့ကပဲဟာ...နင်တို့မိဘချင်းလဲသိနေတာကို...ကိုလင်းနဲ့ပါတ်သတ်ပြီး နည်းနည်းလေးတောင်မသိဘူးလား..."
ခွန်းစစ်မင်းအပါအဝင် မျက်လုံးသုံးစုံက သူ့ဆီဆိုက်ကပ်လာတော့...ခန့်သူရိန်သစ်က ကြောင်အမ်းအမ်းနဲ့ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...။
" အာ...အဲ့တာက ပြောရမှာခက်တယ်...မိဘချင်းသိတယ်ဆိုတာထက်...ကိုလင်းအဖေနဲ့ပဲသိတာပါ...ငါ့မိဘတွေနဲ့က ငယ်သူငယ်ချင်းတွေလို့တော့ပြောတယ်...ကိုလင်းကိုတောင် အဲ့တစ်ခေါက် သူ့အဖေနဲ့အတူ အိမ်လာလည်လို့တွေ့ဖူးတာ...ငါက ပြည်ဦးလွင်ဇာတိဆိုပေမဲ့ ငယ်ငယ်တည်းက ဒီမှာပဲ အဘိုးအဘွားတွေနဲ့နေတယ်ဆိုတာ မင်းတို့သိတာပဲ...အဲ့တစ်ခေါက်ကလဲ ပိတ်ရက်အိမ်ပြန်တုန်း သူတို့သားအဖရောက်လာတာ...ငါ ၈ နှစ်ပဲရှိသေးတယ်ထင်တယ်...ငါကနဂိုတည်းက လူကြောက်တတ်တယ်လေ...သူစိမ်းဆိုစကားမပြောရဲဘူး...ဒါပေမဲ့...သူက ပြုံးပြီးတော့ ငါနဲ့ရင်းနှီးအောင်လုပ်တယ်... အဲ့နေ့တစ်နေ့လုံးလဲ အတူဆော့ပေးတယ်...မင်းတို့ယုံမလားတော့မသိဘူး...ကိုလင်းရဲ့ အဲ့တုန်းက သူ့အဖေနဲ့အတူရှိနေလို့ ပြုံးနေတဲ့အပြုံးမျိုးကို အခုထိထပ်မတွေ့ရတော့ဘူး...အဲ့အပြုံးကိုလဲ ငါအခုထိမမေ့သေးဘူး..."
" ကိုလင်းက သူ့အဖေကိုတော်တော်ချစ်တာပဲ..."
" သူ့အဖေဆုံးသွားတော့ သူတော်တော်ခံစားရမှာပဲနော်..."
" Ommm...အဲ့လိုနဲ့ နောက် နွေရာသီပိတ်ရက်အိမ်ပြန်တော့...ကိုလင်းကို အရမ်းတွေ့ချင်လာလို့ အဖေ့ကိုမေးကြည့်တော့...အဖေက သူဒီကို ထပ်လာနိုင်တော့မှာမဟုတ်ဘူးတဲ့...ပြီးတော့ သူ့အဖေဆုံးသွားတာလဲ လပိုင်းလောက်ရှိပြီတဲ့...အဲ့ကစပြီး ကိုလင်းနဲ့ထပ်မတွေ့ရတော့ဘူး...ဒါပေမဲ့ ဒီကျောင်းမှာမထင်မှတ်ပဲ ပြန်ဆုံရတယ်...အဟင်း..."
" ဒါဆို...ကိုလင်းမှာ မွေးချင်းရှိမရှိ မသိဘူးပေါ့..."
" မသိဘူး...ဒါပေမဲ့ အဖေ အမေနဲ့စကားပြောရင်းညည်းနေတာတော့ ကြားဖူးတယ်...'ဟိုမိန်းမနဲ့တော့ ကလေးတွေဒုက္ခရောက်တော့မှာပဲ' တဲ့..."
" ကလေးတွေဆိုတော့ ကိုလင်းမှာ မောင်နှမရှိမှာပေါ့...ဘာလို့ ကိုလင်းက လုံးဝစကားတောင်မဟရတာလဲနော်..."
" ဟိုမိန်းမဆိုတာက သူ့အမေကိုပြောတာများလား..."
" ဟုတ်မယ်...သိရသလောက်တော့...သူ့အမေက ပြည်ဦးလွင်ရဲ့ ဒိတ်ဒိတ်ကျဲဆွေကြီးမျိုးကြီးထဲကပဲတဲ့..."
" ဪ...ဒါနဲ့...ခန့်သူက ကိုလင်းကိုပြန်တွေ့တော့ မှတ်မိတယ်ပေါ့..."
" ဘယ်ဟုတ်မလဲ မ'ရဲ့...ကျောင်းစစတက်တဲ့နေ့မှာပဲ ကိုလင်းက ခန့်သူရိန်သစ်မလားဆိုပြီး လာနှုတ်ဆက်တာ...အဲ့တုန်းကဆို လန့်ပါလန့်တယ်...ပြီးမှ သူ့ကိုယ်သူမိတ်ဆက်ပြမှ မှတ်မိတာ...သူပြောတာတော့ ကျွန်တော့် မိဘတွေနဲ့သူနဲ့ အဆက်အသွယ်ရှိတယ်တဲ့...ကျွန်တော်လဲ အဲ့ထက်ပိုမမေးရဲဘူး..."
" ဘာလို့လဲ..."
" ကိုလင်းပုံစံက ငယ်ငယ်တုန်းကနဲ့မှမတူတော့တာ...သူ့အပြုံးတွေက အေးစက်စက်နဲ့ရယ်...ကြောက်ဖို့ကောင်းတယ်...ဒါပေမဲ့...အခုနောက်ပိုင်း ကိုလင်းပုံစံက မနှစ်ကလို ကြောက်စရာသိပ်မကောင်းတော့သလိုပဲ..."
" မနှစ်ကဆိုမှ သတိရတယ်..."
" ဘာလဲ..."
" မ' မှတ်မိသေးလား...မနှစ်က ခတ်နွယ်တို့အတူခရီးထွက်ဖြစ်ကြတယ်လေ...အဲ့ကပြန်လာပြီး လေးငါးလလောက်ရှိမယ်ထင်တယ်...ကိုလင်းလုံးဝပြောင်းလဲသွားတာလေ..."
" အင်း မှတ်မိတာပေါ့...အဲ့တုန်းက ဘယ်သူမှသူဘာဖြစ်မှန်းမသိဘူး...မေးလို့လဲမရ..."
" Ommm...အဲ့တာလဲ...သူ့မိသားစုအတွင်းရေးတွေကြောင့်များလား မသိဘူးနော်...ကိုလင်းက အဲ့အကြောင်းတွေသိပ်မပြောတော့ ခတ်နွယ်တို့က ကိုလင်းကိုပျော်ပျော်နေတတ်တယ်ပဲဆိုပြီး လစ်လျူရှုထားမိကြတယ်ထင်တယ်..."
" ဟုတ်တယ်..."
ငြိမ်နားထောင်နေရာကနေ 'မနှစ်က' ဆိုတဲ့စကားကြောင့်... ခွန်းစစ်မင်းခေါင်းထဲ ထိုကာလတုန်းကအဖြစ်အပျက်တွေက ပြန်ဝင်လာတယ်...။ သူသေသေချာချာကိုမှတ်မိနေသေးတယ်...။ ပြောရရင် အဲ့အဖြစ်အပျက်တွေက သူနဲ့ လင်းခေတ်ဦးနဲ့ကို စိမ်းသွားစေတဲ့ အကြောင်းအရင်းခံပဲ...။
အဲ့နှစ် သင်္ကြန်ပိတ်ရက်မှာ သူတို့အားလုံးစုပြီး ချောင်းသာသွားခဲ့ကြတယ်...။ ဆူးပွင့်လွှာလဲပါတာပေါ့...။ အဲ့အချိန် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အခုလောက်မဆိုးသေးဘူး...။ လင်းခေတ်ဦးကို ခန့်သူရိန်သစ်နဲ့ပါတ်သတ်ပြီးမှ သိရတာဆိုပေမဲ့...သူတို့ ပြောပြောဆိုဆိုတော့ ရှိခဲ့ကြတယ်...။ ခတ်နွယ်နဲ့ Cara ကတော့ အဲ့တည်းက တော်တော်လေးခင်နေကြပြီ...။
သူတို့ခရီးကမပြန်ခင်...နောက်ဆုံးရက်မှာ Hotel မှာရေကူးနေရင်း...သူကြွက်တက်သွားတာကြောင့် ရေနစ်မလိုဖြစ်ခဲ့တာကိုတောင် လင်းခေတ်ဦးပဲကယ်ပေးခဲ့တာ...။
ဒါပေမဲ့...အဲ့ခရီးကပြန်ရောက်ပြီး ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာ လင်းခေတ်ဦးကလုံးဝပြောင်းလဲသွားခဲ့တယ်...။ အမြဲပြုံးနေတဲ့သူ့ရဲ့မျက်နှာက အချိန်အများစုမှာတည်နေသလို...တလက်လက်တောက်ပနေတတ်တဲ့ လခြမ်းကွေးမျက်လုံးအစုံကလဲ မှိုင်းညို့နေတော့တယ်...။ Cara နဲ့တောင် တွဲသွားတွဲလာလုပ်နေပေမဲ့ အမြဲတတ်ဆိတ်နေတယ်...။ ဘယ်သူနဲ့မှလဲမရောတော့သလို...အထူးသဖြင့်...သူ့ကို ရှောင်နေတတ်တယ်...။
အဲ့အချက်က ခွန်းစစ်မင်းရဲ့ စိတ်တစ်ဆစ်ကို ကလိကလိဖြစ်စေတယ်...။ သူ့ဟာသူအဆင်မပြေတာရှိရင်တောင် သူ့ကိုအသားလွတ် ဒီလိုလာဆက်ဆံနေတာက မဖြစ်သင့်ဘူးလို့ သူထင်တယ်လေ...။ "ငါစိတ်မကြည်လို့ပါ" ဆိုတဲ့ ပေါတောတောစကားတစ်ခွန်းနဲ့ လာပတ်ရမ်းတာကို ပြုံးပြီးခံနေမဲ့အထဲ သူမပါဘူး...။
သူ့စိတ်ထဲ လင်းခေတ်ဦးကို မကျေနပ်တာကလဲ ခဏပါပဲ...။ ခွန်းစစ်မင်းဆိုတာက ဘယ်တော့မှ ကြာကြာစိတ်ရှုပ်ခံတတ်တဲ့သူမျိုးမဟုတ်ဘူး...။ ဒါကြောင့်... နဂိုတည်းက ရင်းနှီးမှုမရှိတဲ့ဆက်ဆံရေးကို...သူ့ဘက်ကပဲစေတနာပဲ စပြီးဖြတ်ပေးလိုက်တယ်...။
ဒါပေမဲ့...လေးလကျော်လောက်အကြာမှာတော့...အနှီမျက်နှာသေနဲ့လင်းခေတ်ဦးရဲ့မျက်နှာမှာ...အရင်ကလို လူယုတ်မာအပြုံးတွေပြန်ပေါ်လာတယ်...။ နဂိုအတိုင်းပဲ ဖွန်ကြောင်တဲ့အကျင့်တွေပါ ပြန်ပေါ်လာခဲ့တယ်...။
တစ်ခုပဲပြောင်းလဲသွားတယ်...။ အဲ့တာကတော့...အရင်ကလို ကိုယ့်ဟာကို ကောင်မလေးတွေကိုအေးအေးဆေးဆေး နှာဘူးလိုက်ထမနေပဲ...သူ့ရဲ့ ကန့်လန့်စကားတွေကို ကတ်သီးကတ်ဖဲ့လိုက်လုပ်တာပါပဲ...။ ဘယ်လိုအမြင်ကပ်ပုဒ်မမျိုးနဲ့လဲ...။
( သေချာစဉ်းစားကြည့်မှ...ဒီ motherfxxker ကြီးက တော်တော်ထူးဆန်းတာတွေများတာပဲ...)
ညနေ နေစောင်းလာတော့ ခတ်နွယ်တို့အုပ်စုလဲပြန်သွားကြတယ်...။ သူတို့ပြန်သွားတာနဲ့ ခွန်းစစ်မင်းလဲ ကိုယ့်အခန်းထဲကိုဝင်လာလိုက်တယ်... ။ ဒီနေ့က သူ့အတွက် စိတ်အညစ်ရဆုံးနေ့ပဲ...။ အများကြီးတွေးရတာမကြိုက်တဲ့ သူ့ခေါင်းထဲမှာ အတွေးတွေအများကြီးပြည့်နေတယ်...။
ဆူးပွင့်လွှာနဲ့ဖြစ်ခဲ့တာတွေ...လင်းခေတ်ဦးနဲ့သူ့မိသားစုအကြောင်းတွေ...အဲ့တာအပြင် ဟိုသေခြင်းဆိုး...ရှိန်းဆက်ပိုင်...။
သူတွေးမိရတော့ နှုတ်ခမ်းကို အလိုလိုထိကိုင်မိပြန်တယ်...။
" ဂါးးး!!!..."
သူအော်ဟစ်ရင်း ခေါင်းအုံးပေါ်မျက်နှာအပ်ထားမိတယ်...။ ဒီအတွေးတွေကနေသွေဖယ်အောင် ဘာလုပ်ရင်ကောင်းမလဲလို့လဲ စဉ်းစားနေမိတယ်...။
ခဏအကြာ... သူ့ခေါင်းပေါ်မှာ မီးသီးလေးလင်းသွားတာနဲ့အတူ...ချက်ချင်းပဲ ခေါင်းအုံးကိုအဆင်ပြေအောင်ပြင်ဆင်ပြီး အိပ်ရာပေါ်မှာပဲ ခြေဆန့်ပြီးထိုင်လိုက်တယ်...။ အဲ့နောက် ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ပြီး နားကြပ်တပ်လိုက်တယ်...။
( ငါ musterbate မလုပ်မိတာ တော်တော်ကြာပြီပဲ...ကိုလင်းပြောသလိုပဲ...ငါက တစ်ပါတ်တစ်ခါတောင်ပုံမှန်မလုပ်ဖြစ်ဘူး...အဲ့တာမမှန်သေးဘူး...ငါ့ညီလေးကို ငါပစ်ထားမိပြီ...sorry ပါ ညီလေးရယ်...)
သူအတွေးစကိုဖြတ်ပြီး အင်တာနက်ဖွင့်လိုက်တယ်...။ အဲ့နောက် search box မှာ စာလုံးတွေကိုပီသစွာရိုက်လိုက်တယ်...။
" www.por..."
ရုတ်တရက် သူ့လက်ချောင်းတွေ ရပ်တန့်သွားတယ်...။ အနက်ရောင်အငွေ့အသက်တွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသလာလိုခံစားလိုက်ရတါနဲ့တစ်ပြိုင်နက်...ရှိန်းဆက်ပိုင်ရဲ့နှုတ်ခမ်းလွှာတွေကို မြင်ယောင်မိလာတယ်...။
သူတွေဝေစွာနဲ့ပဲ search box က ရိုက်ပြီးသားစာလုံးတွေကို ပြန်ဖျက်လိုက်တယ်...။ ပြီးတော့... လက်မလေးကိုအသာလှုပ်ရှားလိုက်တယ်...။
" gay porn........"
လေတစ်ချက်ရှုသွင်းလိုက်ပြီး စီတန်းကျလာတဲ့ link တွေထဲကတစ်ခုကိုနှိပ်လိုက်တယ်...။
" Fuck!!!..."
ယောကျ်ားနှစ်ယောက် လိင်ဆက်ဆံတယ်ဆိုတာ ဘယ်လိုလဲသူသိထားပေမဲ့...သူကိုယ်တိုင်က စိတ်မဝင်စားဖူးခဲ့တဲ့အတွက်... ဒီလိုမျိုးအကောင်အထည်လိုက်ကြီးလဲ သူမမြင်ဖူးဘူး...။ အေးလေ...စိတ်ဝင်စားစရာအကြောင်းရော ရှိခဲ့လို့လား...။
မျက်စိရှေ့မှာ ပြတ်ပြတ်သားသားကြီးမြင်နေရတဲ့ ဝင်လိုက်ထွက်အရာက ခွန်းစစ်မင်းရဲ့ခြေဖျားလက်ဖျားတွေကို အေးလာစေတယ်...။ ကြည့်နေရင်း သူ့ခေါင်းထဲဝင်လာတာက ဘယ်လောက်တောင်ကျပ်ပြီး နာလိုက်မလဲ???...။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမကိုယ်လောက်တော့ အထုတ်အသွင်းလွယ်မှာမဟုတ်ဘူးဆိုတာ သူသိတယ်...။ နောက်တံခါးဆိုတာက ရှေ့တံခါးလို arousal fluid တွေ ထုတ်လွှတ်တတ်တာလဲမဟုတ်...။
Vedio ထဲက ညည်းသံတွေကြောင့် သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေထလာရတယ်...။ အာခေါင်တွေပါခြောက်သလို ခံစားလာရပြီးနောက်...ခွန်းစစ်မင်း သူကြားဖူးတာတစ်ခုကို သတိရသွားမိတယ်...။ "ဒီအရာက စွဲတတ်တယ်" တဲ့...။
ဥပမာပြောရရင်...နားယားလို့ လက်နဲ့ဖြစ်ဖြစ် ဂွမ်းလုံးနဲ့ဖြစ်ဖြစ်ထိုးမွှေတာမျိုး...အီအီးပါတဲ့အခါ anal canal ကနေ faeces ထွက်သွားတာမျိုး...။ အဲ့တာတွေက တစ်နည်းအားဖြင့်တော့ ခင်များတို့ကိုစိတ်ကျေနပ်မှုရစေတာပဲလေ...။ ခံစားချက်ကကောင်းတယ်ဆိုတာ ငြင်းလို့တော့မရဘူး...။ ဒီအရာကလဲ အဲ့လိုမျိုးပဲ...။ ဒါကြောင့်လဲ...အချို့အချို့သောအဖြောင့်ကောင်တွေက လက်တည့်စမ်းဖို့သော်လည်းကောင်း...အရသာခံဖို့သော်လည်းကောင်း...gay တွေနဲ့ အတူအိပ်တတ်တာမျိုးတွေရှိတယ်...။
" ဟင်???..."
ခွန်းစစ်မင်း ဖုန်းကိုကျော်ပြီး အောက်ပိုင်းကိုလှမ်းကြည့်လိုက်မိတယ်...။ တစ်ခုခုမူမမှန်တော့တာကို ခံစားလိုက်ရပြီလေ...။ သူရဲ့ ချည်ဘောင်းဘီရှည်ကို အတင်းတိုးထွက်ဖို့လုပ်နေတဲ့ သကောင့်သားကိုမြင်လိုက်ရတာနဲ့အတူ လန့်ဖြန့်သွားရတယ်...။
( ဘုရားရေ...ငါက gay porn ကြည့်ပြီးတောင် ထကြွနေပြီပေါ့...)
သူချက်ချင်းပဲ ဖုန်းကိုပစ်ချလိုက်ပြီး ကုတင်းပေါ်ကခုန်ဆင်းလိုက်တယ်...။ အဲ့နောက် အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေရင်း...။
" ဟူးးး... မဖြစ်ရဘူး...အဲ့လိုမဖြစ်ရဘူး..."
သူအတတ်နိုင်ဆုံး စိတ်ကိုဖြေလျှော့နေမိတယ်...။ ဒီလိုမျိုးတော့ သူအဖြစ်မခံနိုင်ဘူး...။
( ငါ...ငါက gay များလား...)
" ဟင့်အင်း...ဟင့်အင်း...မဟုတ်ဘူး...ငါကဘာမှမဟုတ်ဘူး...ငါ့ကိုယ်ငါတောင် ဘာမှန်းသိတာမဟုတ်ဘူး..."
အမောက်ထောင်နေတဲ့ ငနဲသားကို အချိန်တစ်ခုကြာအောင် ချော့ပြီးသွားတော့...ဘောင်းဘီထူထူတစ်ထည်လဲဝတ်လိုက်ပြီး အခန်းထဲကထွက်လာလိုက်တယ်...။ စိတ်ပြောင်းအောင် တစ်နေရာရာသွားမှဖြစ်တော့မယ်ဆိုတာ သူသိတယ်...။
" ခွန်းစစ်...ဘယ်လဲ..."
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် တံခါးစီသွားနေတဲ့ သူ့ခြေလှမ်းတွေကိုရပ်လိုက်မိတယ်...။
" အာ...ဒီနားခဏပဲ ပါး'..."
" မြန်မြန်ပြန်လာနော်...ညစာရတော့မယ်..."
" ဟုတ်..."
ဦးစစ်နိုင် မီးဖိုခန်းထဲပြန်ဝင်သွားမှ...ခွန်းစစ်မင်းလဲ အိမ်နားက Mini mart လေးဆီ ထွက်လာခဲ့လိုက်တယ်...။
Mart ထဲ ရောက်တော့လဲ သူသောက်နေကျ မိုင်လိုဘူးတစ်ဘူးပဲဝယ်လိုက်တယ်...။ အဲ့နောက်...အရသာခံသောက်ရင်း အိမ်ကိုဖြည်းဖြည်းချင်းပဲ လမ်းလျှောက်ပြန်နေမိတယ်...။ တကယ်လဲ ဘာမှဝယ်ဖို့ရည်ရွယ်ချက်မှမရှိတာ...။
သူ တစ်လှမ်းချင်းလှမ်းနေရင်း gym ရှေ့အရောက်မှာပဲ...။
" ခွန်း..."
တစ်ခုခုကို ကြုံရပါများရင် ရိုးသွားတတ်ကြတယ်တဲ့...။ အဲ့လိုပဲ...ခွန်းစစ်မင်းလဲ သူ့ရှေ့ကအရာကိုကြည့်ပြီး အံ့ဩရမှာတောင် ပျင်းနေမိတယ်... ။
" ဪ..."
လင်းခေတ်ဦးကို မထင်မှတ်ပဲတွေ့လိုက်ရပေမဲ့...သူမအံ့ဩမိသလို...မျက်မှောင်တစ်ချက်သာကြုတ်လိုက်မိတယ်...။ လင်းခေတ်ဦးက သူ့ကိုပြုံးပြီးကြည့်လာတယ်...။ သူ့မျက်နှာအမူအရာက တစ်ခုခုကိုကျေနပ်နေသလိုလို... ။
" ဘယ်ကပြန်လာတာလဲ..."
" ဘာလုပ်ဖို့လဲ...ခင်များကရော ဒီနားကိုဘာလာလုပ်တာလဲ..."
" ဒီလိုပဲ အကြောင်းရှိလို့..."
" ဟန့်!...တစ်ခုတော့ပြောပါရစေ...အဲ့လို ညဘက်ကြီး ရုတ်တရက်ပေါ်မလာစမ်းပါနဲ့...ကောင်မလေးတွေသာဆို အကျႌကြီးလွင့်နေတယ်ထင်ပြီး လန့်ကုန်မလားပဲ..."
" အံမယ်...ဒီက ကလေးလေးက အကိုကြီးရဲ့ညိုစိမ့်စိမ့်အသားအရည်ကိုပဲ လာလာခလုတ်တိုက်နေတာဆိုတော့...မဟုတ်မှမှန်နေရော...အကိုကြီးရဲ့ကာလာကို ကြိတ်နှစ်သက်နေတာတော့ မဟုတ်ပါဘူးနော်..."
" ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့..."
" ကလေးလေးလို့ခေါ်တာတော့ မကြိုက်ဘူး...သောက်နေတော့ကျ မိုင်လိုဘူးတွေ..."
" ဘာဆိုင်လဲဗျ...တော်ဗျာ... ဒီနေ့ ခင်များကိုကန့်လန့်တိုက်ဖို့ စိတ်မပါဘူး...အဲ့တော့ ခင်များလုပ်စရာရှိတာလုပ်...ကျွန်တော်သွားမယ်..."
" နေပါအုံး...ငါ့ကိုအိမ်လည်တောင်မခေါ်တော့ဘူးလား... "
" မခေါ်ဘူး...ခင်များသွားတော့..."
ခပ်ဆတ်ဆတ်ပြောပြီး လှည့်ထွက်ဖို့လုပ်လိုက်တယ်...။ ဒီပေါင်းသင်းလာတဲ့ တစ်နှစ်ကျော်အတွင်းမှာ Cara သာ ခွန်းစစ်မင်းအိမ်ကိုခဏခဏ လိုက်လည်ဖူးပြီး...ဦးစစ်နိုင်၊ ဦးမင်းစေသော်တို့နဲ့ ရင်းနှီးတာ...။ လင်းခေတ်ဦးကတော့ အရင်အိမ်ဟောင်းရော...အခုလက်ရှိအိမ်အသစ်ကိုပါ တစ်ခါမှလိုက်မလာဖူးဘူး...။ အလွန်ဆုံးရောက် အိမ်ရှေ့ထိပဲ...။
" ခွန်း..."
" ဘာပြောစရာရှိသေးလို့လဲ..."
" ဒီနေ့အတွက် ဆောရီးပါ...မင်းပေးထားတဲ့လစာနဲ့တန်အောင် ငါအစားပြန်ခေါ်သင်ပေးပါ့မယ်..."
ခွန်းစစ်မင်း မိုင်လိုဘူးထဲကလက်ကျန်ကို ကုန်အောင်စုတ်သောက်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်...။
" ရတယ်...စာမသင်ရလို့ မပျေ်ာတဲ့ကျောင်းသား မြင်ဖူးလို့လား...အဲ့လောက်မလိုပါဘူး..."
" ကောင်းပြီလေ...ဒါနဲ့...ငါဒီကိုဘာလို့ရောက်နေလဲ သိချင်သေးလား..."
လက်ထဲရှိနေတဲ့ မိုင်လိုဘူးခွံလေးကို မသိမသာညှစ်လိုက်မိတယ်...။
" ဟင့်အင်း...ကျွန်တော့်အလုပ်မှမဟုတ်တာပဲ...ခင်များသာ ကျွန်တော့်နောက်ကို stalker လိုက်လုုပ်နေတာမဟုတ်ရင် ပြီးတာပဲ..."
လင်းခေတ်ဦး ရယ်မောရင်းနဲ့ပဲ ခွန်းစစ်မင်းကို ငေးကြည့်လာတယ်...။ ထိုအပြုအမူတွေကြောင့် ခွန်းစစ်မင်းရင်ထဲမှာ တစ်မျိုးတစ်မည်ခံစားသွားရတယ်...။ လင်းခေတ်ဦး တဖြည်းဖြည်းနဲ့ ပိုပိုပြီးထူးဆန်းလာတာကိုလဲ သူသတိထားမိလာတယ်...။ အထူးသဖြင့် သူ လင်းခေတ်ဦးအိမ်မှာအိပ်မိပြီးတည်းကပဲ...။ အခေါ်အဝေါ်တွေကအစ ပြောင်းလဲသွားတာကို သူသိပေမဲ့...အရေးလုပ်စရာကိစ္စလဲမဟုတ်တာကြောင့် ဒီအတိုင်းပဲထားထားလိုက်တာ...။
အဲ့အချိန် gym ထဲက ထွက်လာတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်...။ ထိုသူက ခွန်းစစ်မင်းတို့နှစ်ယောက် ရပ်နေတာကိုတွေ့တာနဲ့ ပြုံးရွှင်ပြီး အနားကိုရောက်ချလာတယ်... ။ ပြီးတာနဲ့ လင်းခေတ်ဦးရဲ့ပခုံးကို သူ့ပိုင်ပစ္စည်းအလား ဆတ်ခနဲဖက်ချလိုက်တယ်...။
" လင်းခေတ်...အကိုက မင်းပြန်မဝင်လာသေးလို့ ဘာများလုပ်နေလဲမှတ်တယ်...ဟား ဟား..."
" ဟုတ်တယ်...ခွန်းနဲ့တွေ့နေလို့..."
" ဪ...ငါက မင်းနဲ့ ညီလေးခွန်းနဲ့ ကျောင်းမှာတွေ့မှတွေ့ဖူးပါ့မလားလို့..."
ခွန်းစစ်မင်း စိတ်ရှုပ်သွားမိတယ်...။ ဘာတွေလဲ...။ ကြားနေရတဲ့စကားတွေအရ...မြတ်သူထွဋ်က သူနဲ့လင်းခေတ်ဦး တစ်ကျောင်းတည်းဆိုတာသိနေသလို...လင်းခေတ်ဦးကလဲ သူနဲ့မြတ်သူထွဋ်တို့ အဆက်အဆံရှိတာကိုသိနေတယ်ပေါ့...။ သူတို့နှစ်ယောက်ဆက်ဆံရေးကရော အဲ့လောက်တောင်ရင်းနှီးကြတာလား...။
သူစဉ်းစားနေတုန်း လင်းခေတ်ဦးက ခွန်းစစ်မင်းကိုကြည့်ပြီးပြောတယ်...။
" ခွန်း...မိတ်ဆက်ပေးရအုံးမယ်...ဒါက..."
" ကိုမြတ်သူထွဋ်လေ...ကိုယ့်အိမ်နီးချင်းပဲ ကိုယ်သိတာပေါ့..."
" အဲ့လိုမဟုတ်ပါဘူး...သူက..."
" ခင်များမိတ်ဆွေရောက်လာပြီဆိုတော့ ကျွန်တော်လဲ အထဲဝင်တော့မယ်...ကောင်းသောညပါ..."
" ခွန်း..."
မြင်နေရတဲ့ ပူးကပ်ကပ်အနေအထားတွေကြောင့် သူကြည့်မရစွာ လှည့်ထွက်လာခဲ့လိုက်တယ်...။ တစ်ဆက်တည်းမှာပဲ သူသဘောပေါက်သွားမိတယ်...။
( ဒါဆို ကိုလင်းဒီကိုရောက်နေတဲ့အကြောင်းပြချက်က ကိုမြတ်သူထွဋ်ကြောင့်ပေါ့...ဒါနဲ့များ သူက သူဒီရောက်နေရတဲ့အကြောင်းကို ရေးကြီးခွင်ကျယ်လုပ်ပြီး သိချင်လားတဲ့...ဟန့်! အဲ့တာဆို...သူဒီနေ့ကျောင်းပျက်တာကလဲ ဒီအကိုနဲ့တစ်နေကုန်အတူရှိနေလို့လား...ဟင့်အင်းမဖြစ်နိုင်တာ...)
သူအိမ်ထဲရောက်တော့ တံခါးကိုပြန်ပိတ်ပြီး မှီရပ်နေမိတယ်...။ ပြီးတော့ စိတ်အလိုမကျစွာနဲ့ ခေါင်းခါနေမိပြန်တယ်...။
( နေပါအုံး...အဲ့တာဘာထူးဆန်းလို့လဲ...သူတို့က ယောကျ်ားလေးတွေပဲဟာ...ပြီးတော့...ကိုမြတ်သူထွဋ်မှာက မိန်းမကြီးနဲ့လေ...ဘာလို့ ငါကမဟုတ်တာတွေတွေးနေမိရတာလဲ...အဲ့တာအပြင် ဒါက ငါ့ကိစ္စလဲမဟုတ်ဘူးလေ...)
" ကိုလင်း ... ခင်များက?... Shit! ဘောလိုပဲ...ငါဘာတွေဖြစ်နေတာလဲ..."
==========
2 March, 2019
To be continue... 💕
Continue Reading
You'll Also Like
534K 39.3K 31
#Both with Zawgyi & Unicode အချစ်က နယ်နမိတ်တစ်ခုဆို ကိုယ်တို့ တည်ဆောက်မှာက နှစ်ကိုယ်တူ တိုင်းပြည်... #Own creation #boy love အခ်စ္က နယ္နမိတ္တစ္ခုဆို...
911K 45.4K 129
- 1 - [ Warning: Mpreg in EXTRAS ]
264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.9K 334 31
ဒီရဲ့၀တ္ထုလေးက If(အကယ်၍) extraရဲ့ အဆက်လေးပါ။ extraမှာ သီဟ တစ်ယောက် ဘာဖြစ်သွားလဲ မှတ်မိကြသေးတယ်မလား။ ဒီရဲ့ ၀တ္ထုက အဲ့ကနေ စမှာဖြစ်ပါတယ်။ ဒီရဲ့ ၀တ္ထုကို...