-ZAWGYI-
"... ..."
"၂၀ ဆို တော်ပြီလေ.."
"ဟင်! ဟင့်အင်း!"
"မင်း အဆင်ပြေရဲ့လား?"
"မသေရုံတမယ်ပဲ"
"တော်လိုက်တော့"
──────⊹⊱✫⊰⊹──────
အနုပညာ ဋ္ဌာန ညဈေးကတော့ ပုံမှန်ညဈေးနဲ့ ဘာမှ မကွာပါဘူး.. ဒါပေမဲ့လို့ ဒီက ကျောင်းထဲမှာပဲ လုပ်ပြီး ကျောင်းသားကျောင်းသူတွေပဲ ၀ယ်ရောင်းလို့ ရပါတယ်.. အဲတော့ ကျွန်တော်တို့ ဒီမှာ ထူးထူးခြားခြား ရောင်းတဲ့ ပစ္စည်းတွေကို တွေ့ရတတ်ပါတယ်.. ဥပမာ ညာဘက်က စင်မှာ လှပလွန်းတဲ့ မိန်းမလေးတွေချည်းပဲ Nightclub တက်နိုင်ဖို့ ရောင်းတဲ့ အ၀တ်အစားတွေ ရောင်းနေကြပါတယ်.. ယောက်ျားထုကြီးတသိုက်ကတော့ ရင်သားတွေကို ကြည့်ဖို့ တန်းစီ အုံနေကြတယ်လေ..
"သူ ကျွန်တော်နဲ့ လာတာ"
"ဟုတ်တယ်"
"ဟုတ်ကဲ့"
"... ...!"
"အဲတော့ ဘာဖြစ်လဲ?"
Third က ၀င်ပြောလေသည်။
"ကျွန်တော်လဲ ပါမယ်"
"ဘာလုပ်ချင်တာလဲ?!"
"ခင်ဗျား နားမလည်ပါဘူး"
"ဘာကို ဆိုလိုတာလဲ?"
"... ..."
"မင်းဟာ"
"ငါ့အတွက်လား?"
──────⊹⊱✫⊰⊹──────
-UNICODE-
အင်္ဂါနေ့ကတော့ ကျွန်တော်အတွက် တော်တော် ဆိုးအောင် လုပ်ထားသလား မှတ်ရပါတယ်.. ကျွန်တော် မနေ့က လေ့ကျင့်ရေးပြီးတော့ ပင်ပန်းလွန်းတာမို့ အသံပါ ဝင်နေပါပြီ.. ကျွန်တော် မဖျားပေမဲ့လို့ ထဖို့ကိုတောင် မနည်း အားယူနေရပါတယ်..
ထုံးစံအတိုင်းပဲ ကျွန်တော် ဆိုင်ကယ်စီးကာ ကျောင်းသွားဖို့ ပြင်တော့ ကျွန်တော် သူငယ်ချင်း Too က ဖုန်းဆက်လာပါတယ်..
"ငါ လာနေပြီ.. မလောနဲ့ဟ"
အခုနောက်ပိုင်း ကျွန်တော် ဆိုင်ကယ် မောင်းတဲ့ နှုန်းကတော့ တော်တော်လေးကို နှေးသွားပါပြီ.. အဲဒါကြောင့် ကျွန်တော်အဖွဲ့က သူတွေက ကျွန်တော် မြန်မြန်လာဖို့ ဖုန်းဆက် လောကြပါတယ်..
[အဲဒါပြောမလို့ မဟုတ်ဘူး.. မင်း Third ကို သွားခေါ်ပေးလို့ ရလား? Bone နဲ့ ငါက ကျောင်းရောက်နေပြီမို့ သွားမရတော့ဘူး..]
"ချီးပဲ.. Third ဘာဖြစ်လို့လဲ?"
[သူ့ကား ရေတိုင်ကီ မီးလောင်ခါနီး ဖြစ်သွားလို့တဲ့.. သူပြောတာတော့ မီးခိုးတွေ ထွက်လာတာတဲ့..]
"ကောင်းပြီ.. ငါ သွားခေါ်လိုက်မယ်.. သူက ဘယ်မှာလဲ?"
[တိုက်ခန်း ရှေ့မှာပဲတဲ့.. ကံကောင်းလို့ အဝေးကြီး မဟုတ်တာ.. မင်း မြန်မြန်သွား.. မဟုတ်ရင် နောက်ကျတယ်ဆိုပြီး ကောခံနေရအုံးမယ်..]
ဖုန်းကတော့ ကျသွားပါပြီ.. ကျွန်တော် မြန်မြန် ဆိုင်ကယ်ပေါ်ကို တက်လိုက်ကာ Third ကို လိုက်ရှာပါတော့တယ်.. မလှမ်းမကမ်းမှာတော့ သူ လုံခြုံရေး ဦးလေးကြီးနဲ့ စကားပြောကာ ဂိတ်ဝမှာ ရပ်နေတာကို တွေ့လိုက်ရတယ်.. ဒါပေမဲ့ သူ ကျွန်တော်ကို မြင်တဲ့ အခါမှာတော့ သူ တခြားသူတွေကိုပဲ မေးပါတယ်..
"Too ရော? ငါ သူ့ကို လာခေါ်ဖို့ ခေါ်ထားတာလေ?"
အဲတော့ မင်းက ငါ့ကို မခေါ်ချင်ဘူးပေါ့?
"သူက ကျောင်းရောက်နေပြီ.. အာ့ကြောင့် မင်းကို လာခေါ်ဖို့ ငါ့ကို ပြောတာ.. ပြီးတော့ မင်းကရော.. ကားကို ဘယ်လိုမောင်းတာလဲ? ရေတိုင်ကီတောင် မီးစွဲအောင်"
"မသိဘူး.. ငါ သတိမထားလိုက်မိလို့.."
"နောက်ဆို မင်းကိုယ်မင်း ဂရုစိုက်.. 4S ဆိုင်က မင်းရေတိုင်ကီကို ရေဖြည့်ဖို့ လုပ်ပေးတာ မဟုတ်ဘူးလား?"
"ပြင်ဖို့ ဆိုင်ပို့လိုက်တာ ကြာလှပြီ"
"ငါလေ မင်းကို တကယ် လုပ်ပစ်လိုက်ချင်တယ်"
"အဲတော့ ငါတို့ ကျောင်းကို ဘယ်လိုသွားမှာလဲ?"
"ငါ့ဆိုင်ကယ်စီးပြီး သွားမယ်လေ.. မဟုတ်ရင် မင်းက ပြေးသွားချင်လို့လား "
"ဒါပေမဲ့ မင်းက မိန်းမတွေကိုပဲ မင်းဆိုင်ကယ်ကို စီးခိုင်းတာလေ"
ဟုတ်ပြီ.. အခု သူ ဘာလို့ မေးလဲ ကျွန်တော် သဘောပေါက်ပြီ ...
"အရင်ကလေ.. အခု မဟုတ်တော့ဘူး"
"အခုက မင်းရည်းစားတင် မဟုတ်ပဲ သူငယ်ချင်းတွေပါ ပါပြီပေါ့.. ကြက်သီးတောင် ထမိတယ်"
"ငါ သူငယ်ချင်းတွေကိုလဲ ပေးမစီးပါဘူး.."
"... ..."
"ချစ်သူတယောက်ပဲ စီးလို့ရတာ.. မြန်မြန်တက်.. မဟုတ်ရင် ကျောင်းနောက်ကျတော့မယ်"
သူ ဘာမှ မပြောနိုင်ခင် ကျွန်တော် သူ့ကို ဦးထုပ် ကမ်းပေးလိုက်ကာ သူ ဆိုင်ကယ်ပေါ် တက်မဲ့အချိန်ကို စောင့်နေလိုက်သည်။
သူကတော့ အချိန်တော်တော်ကြာအောင် တုံ့ဆိုင်းနေပေမဲ့လို့ နောက်ဆုံးမှာတော့ ကျွန်တော်ဆိုင်ကယ်နောက်မှာ ထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့်လည်ပင်းနောက်က အသက်ရှုသံကြောင့် သူ ဒါနဲ့ မရင်းနှီးတာ အသိသာကြီး
"မကြောက်ပါနဲ့.. ငါ မြန်အောင် မမောင်းပါဘူး.. 40 နဲ့ပဲ မောင်းတာ"
ကျွန်တော် သူ့ကို နှစ်သိမ့်လိုက်ပါတယ်
"၂၀ ဆို တော်ပြီလေ.."
"Third.. ငါတို့ ဒီနေ့ ကျောင်းသွားမှာမလား? ငါ ၄၀ နဲ့ မောင်းနေတာတောင် ခရုစီးနေလား အပြောခံရတာ.. မကြောက်နဲ့ဆို"
"မင်းက မောင်းတဲ့သူဆိုတော့ ပြောအားရှိတာပေါ့"
"မင်းကြောက်ရင် ငါ့ခါးကို ဖက်ထား"
"ဟင်! ဟင့်အင်း!"
ဘာမှ မပြောတော့ပဲ ကျွန်တော် စက်နှိုးကာ ထွက်လာခဲ့လိုက်တယ်။ နောက်မှန်ကနေ ကြည့်လိုက်တော့ Third က အနေရခက်သလို ချွေးစို့ကာ ကျုံ့ထိုင်နေတာက တော်တော်လေး ကြည့်ရတာ အဆင်မပြေပါဘူး.. ဒါ သူ Chawee နောက်မှာ လိုက်စီးတာ ပထမဆုံးလေ.. သူက ဒီနေရာမှာ ပထမဆုံးထိုင်ခွင့် ရတဲ့သူ မဟုတ်ပေမဲ့တော့ သူက နောက်ဆုံးပဲ ဖြစ်မှာပါ..
"မင်း ငါ့ခါး မဖက်ချင်ရင်တောင် ငါ့ပခုံးကို ကိုင်ထား.. မင်း ပြုတ်ကျရင် ငါ ပြန်လိုက်ကောက်မှာ မဟုတ်ဘူးနော်"
ကျွန်တော် ထပ်ပြောလိုက်ကာ ဒီတခေါက်တော့ သူ လက်ခံမလား မျှော်လင့်နေမိသည်။ ဒီအခါမှာတော့ အကြံက အောင်မြင်ပါတယ်.. သူ ဖြေးဖြေးချည်း ကျွန်တော်ပခုံးပေါ်ကို ယုံယုံကြည်ကြည် လက်တင်လိုက်တယ်လေ..
ဒီနေ့တော့ ကျွန်တော် အိပ်မက်လှလှ မက်တော့မှာပါ.. အနည်းဆုံးတော့ တနေ့မှာ ကျွန်တော် Third ကို မှီအောင် လိုက်နိုင်မယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်လေ..
ကျွန်တော်တို့ ကျောင်းကို ရောက်တော့ နောက်ခုံမှာ ထိုင်နေတဲ့ အသေးလေး မျက်နှာမှာ ချွေးတွေ စိုလို့ရွှဲလို့ပေါ့။ သူ ဘာမှ မပြောပေမဲ့ ကျွန်တော် စိတ်မကောင်းဖြစ်ရုံမှ တပါး မတတ်နိုင်ပါဘူး.. ဘာကြောင့်ဆို သူက အကြိမ်တော်တော်များများ ငိုမတတ် ဖြစ်နေတာ ကျွန်တော် တွေ့ခဲ့ရတယ်လေ..
"မင်း အဆင်ပြေရဲ့လား?"
ကျွန်တော် သူ့ကို မေးလိုက်မိသည်။
"မသေရုံတမယ်ပဲ"
သူ အသက်လုရှုကာ ပြောလိုက်လေသည်။
"နောက်ဆို ငါ အိမ်က ကားပဲ ယူမောင်းတော့မယ်"
"ဘာလဲ? မင်း ချမ်းသာကြောင်း ပြမလို့လား?"
"မင်း အဆင်မပြေဖြစ်မှာ ဆိုးလို့"
"ငါ့ကို စိတ်မပူနဲ့.. ဒီတခါပဲဟာကို.."
"အဲဒါဆို စိတ်ပူရမယ်.. ဘာကြောင့်ဆို ဒီတခါဖြစ်ရင် နောက်တခါလဲ ဖြစ်လာမှာ"
"တော်လိုက်တော့"
──────⊹⊱✫⊰⊹──────
ကျွန်တော် တနေ့လည်ခင်းလုံး Third ဘယ်သွားသွား ကျွန်တော် နောက်က လိုက်နေခဲ့ပါတယ်.. သူ အဲ ရန်ပုံငွေပွဲကို မသွားနိုင်အောင် ကျွန်တော် နည်းလမ်း ရှာနေမိတော့သည်။ ဒါကြောင့်လဲဆို ကျွန်တော် အဲကိစ္စ မစခင် အဆုံးသတ်အောင် ကြံရမယ်လေ.. အကယ်၍ Third သာ P' An ကို မတွေ့ခဲ့ရင် အရာအားလုံးက သူ့အလိုလို ပြီးသွားမှာ.. သူတို့ကြားက ဆက်ဆံရေး ဒီထက်ပိုပြီး အဆင့်တက်လာဖို့လဲ မရှိဘူးလေ..ဒါပေမဲ့ အရာရာတိုင်းက ကျွန်တော် မျှော်လင့်ထားသလိုတွေနဲ့ လုံး၀ ကွာခြားပါတယ်.. အတန်းက ညနေ ၅ နာရီ ပြီးတာနဲ့ ဝက်ဝံကြီးကတော့ တံခါးဝမှာ ပြုံးရင်း စောင့်နေလေသည်။
မြေနိုး P'Cent! မုန်းတယ်! ခင်ဗျား ဒီလို သူငယ်ချင်းကို ဓားပြတိုက်တာ မကောင်းဘူး!
နောက်ဆုံးတော့ ကျွန်တော် Third နဲ့ အတူ အနုပညာဋ္ဌာန ညဈေးကို တူတူ လိုက်ရပါတော့တယ်.. ကျန်တဲ့ ၂ ကောင်ကတော့ အနှိပ်ခံတဲ့နေရာမှာ လှဲနေကာ ကျွန်တော်ကို အားပေးကြပါတယ်.. သေလေ..! ကျွန်တော် ဒီ ရက်စက်လှတဲ့ ၂ ယောက် တစ် ယောက် စစ်ပွဲမှာ တယောက်ထဲ ထားခဲ့ခံရတာ..
အနုပညာ ဋ္ဌာန ညဈေးကတော့ ပုံမှန်ညဈေးနဲ့ ဘာမှ မကွာပါဘူး.. ဒါပေမဲ့လို့ ဒီက ကျောင်းထဲမှာပဲ လုပ်ပြီး ကျောင်းသားကျောင်းသူတွေပဲ ဝယ်ရောင်းလို့ ရပါတယ်.. အဲတော့ ကျွန်တော်တို့ ဒီမှာ ထူးထူးခြားခြား ရောင်းတဲ့ ပစ္စည်းတွေကို တွေ့ရတတ်ပါတယ်.. ဥပမာ ညာဘက်က စင်မှာ လှပလွန်းတဲ့ မိန်းမလေးတွေချည်းပဲ Nightclub တက်နိုင်ဖို့ ရောင်းတဲ့ အဝတ်အစားတွေ ရောင်းနေကြပါတယ်.. ယောကျ်ားထုကြီးတသိုက်ကတော့ ရင်သားတွေကို ကြည့်ဖို့ တန်းစီ အုံနေကြတယ်လေ..
ကျွန်တော်အတန်းဖော်နဲ့ ကျွန်တော်ကတော့ ကြိုပြီး ဘိုကင်ယူထားတဲ့ ဘာမှ မရှိတဲ့ စင်ရှေ့မှာ ရပ်နေကြပါတယ်.. ကျွန်တော်တို့မှာတော့ စုဆောင်းပစ္စည်းတွေနဲ့ တခြား နာမည်ကြီး တံဆိပ်ပစ္စည်း တွေပါတဲ့ ဘူးကြီး ၂ ဘူး ရှိနေပါတယ်.. Third နဲ့ P' Cent ကတော့ တစ် ယောက် တစ် ဘူးဆီ ကိုင်ထားကြပါတယ်.. ကျွန်တော်နဲ့ P' Chen ကတော့ ဖြတ်သွားဖြတ်လာတွေကို ပြုံးပြ ရောင်းဖို့ တာဝန်ရှိပါတယ်.. တချို့သောသူတွေက ဖြတ်သွားဖြတ်လာတွေကို ဆောင်ပုဒ်ရွတ်ကာ လော်စပီကာတွေနဲ့ ဆွဲဆောင်နေတဲ့ အချိန်မှာပေါ့
"Third.. ကူညီပေးတာ ကျေးဇူးတင်ပါတယ်.. Khai လဲ ကျေးဇူးပဲ"
စလာပြန်ပြီ.. သူတော်ယောင်ဆောင် ပြဿနာကောင် P' Un ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?
"ကျေးဇူးတင်စရာမလိုပါဘူး.. ဋ္ဌာနအတွက်ပဲဟာ.. အချင်းချင်း တာဝန်ခွဲယူရမှာပေါ့"
"ဟုတ်တာပေါ့ ဟုတ်တာပေါ့"
ကျွန်တော် အချစ်ဆုံး သူငယ်ချင်းကို ကျွန်တော်နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကာ အဲလူနဲ့ ဝေးအောင် လုပ်တာတောင်မှ အကျိုး လုံး၀ မရှိပဲ အခု စကားပြောနေတာကို ကြည့်ရတာ တော်တော်လေး ခံပြင်းပါတယ်.. ပြီးတော့ သူတို့ ပိုက်ဆံရှာဖို့အတွက် ကျွန်တော် ချောင်မှာတောင် အထိုးခံလိုက်ရသေး..
"အင်း.. Third မင်း ဒီနေ့ ကျောင်းကို ဘယ်လိုလာလဲ? မင်း ကားပျက်သွားတယ် ကြားတယ်"
"သူ ကျွန်တော်နဲ့ လာတာ"
ကျွန်တော် ကြားဖြတ်ကာ ခပ်မြန်မြန် ဖြေလိုက်လေသည်။ ကျွန်တော်နာမည်က Third မဟုတ်ပေမယ့် ကျွန်တော် ဖြေချင်လို့ကို ဖြေတာ.. ခင်ဗျား အရင် လာစတာ!
"အို.. မင်းနဲ့လား Khai? မင်း မောင်းရင် သတိထားမောင်းအုံး.. မင်း တခါတလေ မောင်းတာ မြင်လွန်းလို့ အရိပ်တောင် မမြင်ရဘူး"
"အခု ကျွန်တော် ဖြေးဖြေးမောင်းနေပါတယ်.. မစိုးရိမ်ပါနဲ့"
"ဟုတ်တယ်"
Third က ကြားကနေ ခပ်တိုးတိုး ဝင်ပြောရှာပါတယ်။
အမှန်အတိုင်း ပြောရရင် ကျွန်တော် P' Un က ကျွန်တော်သူငယ်ချင်းကို သူနဲ့ အိမ်ပြန်ဖို့ ခေါ်မှာကို ကျွန်တော် ကြောက်နေတာပါ.. ဒါပေမဲ့ သူ ဘာမှ မပြောတာမို့ ကျွန်တော် နောက်ဆုံးတော့ စိတ်သက်သာသွားသလို သက်ပြင်းချလိုက်မိသည်။
"မင်း အိမ်ရောက်တာနဲ့ Line ကို ချက်ချင်း ပို့ပေးနော်.. အဲဒါမှ စိတ်အေးရမှာ"
"ဟုတ်ကဲ့"
"... ...!"
ကျွန်တော် အဲနားမှာပဲ ရပ်နေလိုက်ကာ ပြောသွားတဲ့ စကားကို ပြန်စဉ်းစားနေလိုက်မိသည်။ ကျွန်တော် နားကြားမှားတာလား? Line ကနေ message ပို့ဆိုတာ ဘာလဲ? မင်းတို့ တချိန်လုံး Line မှာ စကားပြောနေခဲ့တာလား?
ကျွန်တော်စိတ်တွေ လုံး၀ လစ်ဟာသွားတယ်.. Too က Third ရဲ့ ဖုန်းကို ချောင်းကြည့်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ နောက်ဆုံးတော့မှာ ကျွန်တော်တို့ ပေါ့ဆခဲ့မိတယ်.. အဲတော့ Third က ကျွန်တော် မျက်နှာကောင်းရအောင် လုပ်နေခဲ့တဲ့ တချိန်လုံးမှာ P' Un နဲ့ အဆက်အသွယ် တောက်လျှောက် ရှိနေခဲ့တာပေါ့?
ကျွန်တော် သေသာ သေလိုက်ချင်တော့တယ်..
ဒါပေမဲ့လို့ ကျွန်တော် သူတို့ ပြောတာတွေကိုသာ တိတ်တိတ်လေး နားထောင်နေလိုက်တယ်.. P' Chen နဲ့ ကျွန်တော်က ဒီအတွဲ ပလစ်တာ ခံနေရသလိုပါပဲ..
"ဒီနေ့ ငွေတွေ အများကြီး ဝင်မှာ.. ဘာလို့ဆို Khai က အရမ်းကြည့်ကောင်းတော့ မိန်းကလေးတွေက သူ့အတွက်ဆို ပိုက်ဆံကို ထုတ်သုံးချင်ကြမှာပဲလေ"
ကျွန်တော် တနာရီလောက် အဲမှာ ရပ်ပြီး ဘာမှ မပြောပဲ နေနေတယ်လေ.. ဘာလို့ ကျွန်တော်ကို မီးလာစနေပြန်တာလဲ?
"အဲတော့ ဘာဖြစ်လဲ?"
ကျွန်တော် မခံချင်သလို ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး.. အဲဒါ ကောင်းပါတယ်"
"ငါ့အထင် အဲဒါကောင်းတယ်.. ဒါပေမဲ့ ဟိုမှာ မင်းရဲ့ အရင်က အသည်းလေးမလား? ရင်းနှီးနေသလိုပဲ"
"မရင်းနှီးပါဘူး.. ခင်ဗျားရဲ့ မိန်းမ ဖြစ်ရင်လဲ ဖြစ်မှာပေါ့.. ခင်ဗျားကြည့်ရတာ လူအများကြီးနဲ့ အိပ်ခဲ့ဖူးတော့ ဘယ်သူက ဘယ်သူဆိုတာ မမှတ်မိနိုင်တော့ဘူး ထင်တယ်"
သေလိုက်တော့.. အကယ်၍ ကျွန်တော်သာ ပွဲဈေးအလယ်တည့်တည့်မှာ ရပ်နေတာ မဟုတ်ရင် လက်သီးရွယ်ပြီးပြီ.. ဒီလောကမှာ ကျွန်တော် မုန်းတဲ့သူ နည်းပေမဲ့ အဲထဲက တယောက်ကတော့ သူများတကာရဲ့ အတိတ်မည်းတွေကို လိုက်ပြောနေတတ်တဲ့ သူပါပဲ..
"Khai က မိန်းမတိုင်းလိုလိုရဲ့ အကြိုက်ပဲလေ.."
"သူက ဂိုဏ်းခေါင်းဆောင်နဲ့ တူတယ်"
Third က ဝင်ပြောလေသည်။
"အို.. မင်းကျတော့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာ မကြိုက်တာကျလို့"
ဘာပဲဖြစ်ဖြစ် သူ ကျွန်တော်ကို ကြိုက်ခဲ့ဖူးတယ်လေ.. ဘယ်သူကမှ ကျွန်တော်စကားကို ပြန်မပြောပေမဲ့ Third ကတော့ ကျွန်တော် အဲစကားပြောတာ ကြားလိုက်တဲ့အချိန်မှာ ပါးစပ်ပိတ်လိုက်ပါတော့တယ်.. ဒီနေ့ ရန်ပုံငွေပွဲကတော့ လူတော်တော်များများ ပါဝင်ကြပါတယ်.. ၃ နာရီလောက်ကြာပြီးတော့ ကျွန်တော်တို့ ခြေထောက်တွေ ညောင်းကိုက်လာတာမို့ ကျွန်တော်တို့ ရန်ပုံငွေ ရှာတာ ရပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်..
"ဒီနေ့ ရတဲ့ ငွေတွေကို မိနစ်ပိုင်းအတွင်း မြန်မြန်ရေကြမယ်.. အခု စားစရာ ဝယ်ချင်တဲ့သူ ရှိရင် မြန်မြန် သွားဝယ်ထားကြ.."
P' Chen စကားအဆုံးမှာတော့ P' An က Third ဆီကို ပြေးကာ
"ငါတို့ စားဖို့ တခုခု သွားဝယ်ကြမလား?"
"ကျွန်တော်လဲ ပါမယ်"
ကျွန်တော် ဝင်ကာ သူတို့ ၂ ယောက်ထဲ ဖြစ်စေမဲ့ အခွင့်အရေးကို ဖျက်ဆီးဖို့ ကြိုးစားပေမဲ့ P' Cent ကြောင့် အဲအကြံက လုံး၀ ရေစုန်မျောပါတော့တယ်..
"Khai.. ငါ့ကို အရင် ဒါလာကူ.."
"ဘာစောက်တလွဲ လုပ်တာလဲ? ကျွန်တော် ဗိုက်ဆာနေပြီ.. Third နဲ့ အတူတူ တခုခု သွားဝယ်မယ်"
"အင်း.. Third.. ကျေးဇူးပြုပြီး မင်းသူငယ်ချင်းအတွက် တခုခု ဝယ်လာခဲ့လိုက်ပါ.. ငါ Khai ကို ခဏ ခေါ်ထားမယ်"
ပြောတာကို ကြားလိုက်တဲ့ သူကတော့ ခေါင်းငြိမ့်ပြကာ သူနားလည်ကြောင်း ပြလေသည်။ ပြီးနောက် သူ အဲစိတ်ပျက်စရာကောင်းတဲ့ စီနီယာနဲ့ ထွက်သွားလေသည်။ လခွမ်းပဲကွာ
"ဘာလုပ်ချင်တာလဲ?!"
ကျွန်တော်အသံက အလိုမကျတာတွေ ပြည့်နှက်နေပြီး ကျွန်တော်ရင်ထဲမှာတော့ ဒေါသတွေ ပြည့်နေပါတယ်..
"ဘာမှ မလုပ်ဘူး.. မင်း သူတို့နဲ့ ဝေးဝေးနေတာ လိုချင်တာ.. သူတို့ အဆင်ပြေနေတယ်လေ"
"ဘာအတွက်လဲ? ကျွန်တော် ခင်ဗျားကို တကယ် နားမလည်နိုင်တော့ဘူး"
"Un က ငါ့သူငယ်ချင်း ပြီးတော့ Third က ငါ့ညီလေး.. အဲအကြောင်းပြချက်က မင်းအတွက် မလုံလောက်ဘူးလား?"
"ငါကျတော့ရော? မင်းညီလေးပဲ မဟုတ်ဘူးလား?"
ကျွန်တော် မနေနိုင်တော့တာမို့ "မင်း/ငါ" သုံးပြီး ပြောချလိုက်ပါတော့တယ်.. အကယ်၍ ခင်ဗျားကာ P' Un ရဲ့ သူငယ်ချင်းကောင်းဆို ကျွန်တော် သူ့ကို ပြောလိုက်တာကို သူက ဘာကြောင့် ပြန်မပြောတာလဲ? ကျွန်တော် Third ကို ကြိုက်တယ် လို့ ပြောခဲ့ပြီးပြီ.. ကျွန်တော် Third နဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမှ အလျော့မပေးဘူး ပြောခဲ့ပြီးပြီ.. အခု ဘာကြောင့်လဲ?!
"ငါ ဘက်လိုက်သလို ဖြစ်သွားတာပဲ.... လာပါဦး"
P' Cent ကတော့ အနားလာကာ ကျွန်တော်ကို နှစ်သိမ့်ဟန်ပြင်ပေမယ့် ကျွန်တော် ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေလိုပဲ ကျောပေးကာ ရပ်နေလိုက်လေသည်။
"ကျွန်တော် မကျေနပ်ဘူးလို့ ပြောတယ်လေ!"
"အေး အေး.. မင်း ဋ္ဌာနကို ပြန်တဲ့အချိန်ကျရင် မင်းစိတ်ကို သေချာ ထိန်းအုံး.. သူတို့ ၂ ယောက် ခဏနေရင် ပြန်လာတော့မှာ.. မင်း ဘာကြောင့် မင်း သူငယ်ချင်းတွေကို အရမ်း ချုပ်ချယ် ကာကွယ်ချင်နေရတာလဲ?"
ကျွန်တော် သူငယ်ချင်းတွေကို အဲလို ဖြစ်တာမဟုတ်ဘူး.. ကျွန်တော် Third ကိုပဲ တယောက်ထဲ ပိုင်ဆိုင် ချုပ်ချယ် ကာကွယ်ချင်တာ ဘာကြောင့်လဲဆို သူက ကျွန်တော်ရဲ့ အနာဂတ် မိန်းမမို့လို့!
ကျွန်တော် စိတ်ကို ပြောဖို့ ကျွန်တော် ပြင်ဆင်ပြီးချိန်မှာ တခြားကျောင်းသားတွေ ဝင်လာတာမို့ ကျွန်တော် တိတ်ငြိမ်စွာ ရပ်နေလိုက်ပီးတော့ P' Cent က ကျွန်တော်ဆီ မျက်နှာတည်ကြီးနဲ့ လျှောက်လာကာ
"မင်း ဆက်တိတ်တိတ်နေ.. မင်း မကျေနပ်ကြောင်း ပြရင် သူများတွေ ရှက်ကုန်မယ်"
"ခင်ဗျား နားမလည်ပါဘူး"
"ငါ သိပါတယ်.. မင်း ဘယ်လောက် ကလေးဆန်တယ်ဆိုတာ.. Khai.. ဒါပေမဲ့ မင်းက အဓိက မဟုတ်ဘူးလေ.. မင်းကို တခြားသူတွေက လည်ပတ်နေရမဲ့ အကြောင်း မရှိဘူးလေ.."
တဖက်သူရဲ့ အကြည့်က ကျတော့်ကို အေးစက်စက်နိုင်စေပါတယ်
"ဘာကို ဆိုလိုတာလဲ?"
"Third က ရှေ့ဆက်ဖို့ ကြိုးစားနေတာကို မင်းက နောက်ကို ပြန်ဆွဲချင်နေတာ.. မင်းလဲ သူ အရင်နေရာမှာ မပျော်နိုင်ဘူးဆိုတာ သိနေတာပဲ"
"အဲလိုဆိုရင် သူ ရှေ့ဆက်မယ်ဆို သူပျော်ရမယ်ဆိုတာ ခင်ဗျားက ဘယ်လို သိတာလဲ?"
"ဘယ်သူမှ မသိဘူးလေ.. ပျော်ရွှင်ခြင်းဖြစ်မလား နာကျင်ခြင်းဖြစ်မလားဆိုတာ.. ဒါပေမဲ့ အရင်နေရာမှာပဲ ရပ်နေတာက နာကျင်တာတွေပဲ ပေးနိုင်တယ်ဆိုရင် ရှေ့ဆက်ဖို့ ကြိုးစားကြည့်တာက ပိုမကောင်းဘူးလား?"
"... ..."
"မင်းရောပဲ.. Third ကို အဲလောက် ဖက်တွယ်မနေနဲ့.. မင်းသာ သူ့ကို တားမနေရင် သူနဲ့ Un က အခုလောက်ဆို အစကောင်းတွေ ဖြစ်နေလောက်ပြီ"
"ဒါပေမဲ့ Third က ကျွန်တော်သူငယ်ချင်းလေ.. သူ့ကို စိတ်ပူတာ ဘာမှားနေလို့လဲ?"
"အော်.. ဘာမှ မမှားပါဘူး.. ဒါပေမဲ့ သေချာ စဉ်းစားကြည့်.. မင်း သူ့ကို စိုးရိမ်နေတာလား? မင်းကိုယ်မင်း စိုးရိမ်နေတာလားဆိုတာ.."
တစ်၅ မိနစ်အကြာမှာတော့ ကျွန်တော်ကို ပူပင်မှုတွေ ပေးတဲ့ သူက မုန့်တွေနဲ့ အတူ အဲ စီနီယာနဲ့ ပြန်ရောက်လာပါတယ်.. P' Cent ကတော့ လျှောက်ထွက်သွားကာ တယောက်ယောက်နဲ့ စကားသွားပြောနေပြီး ဝက်အူချောင်း သယ်လာတဲ့ အသေးလေးကို ကျွန်တော် ကြည့်နေလိုက်တယ်။
"မင်းဟာ"
"ငါ့အတွက်လား?"
"အင်း.. ဘယ်သူ့ဟာ ဖြစ်ရမှာလဲ? ပြီးတော့ ခဏနေ ငါ P' An နဲ့ ပြန်ရမယ်.. ဋ္ဌာန ရောက်မှ ပြန်တွေ့မယ်"
"ဘာလို့ ငါနဲ့ မလိုက်တာလဲ? ငါ မောင်းတာ မြန်လို့လား? ဒီတခေါက် ပိုပြီး အရှိန်လျော့ပေးမယ်လေ"
ကျွန်တော် သူ့ကို ဆွဲထားဖို့ အသည်းအသန် ကြိုးစားနေမိတယ်.. တကယ်တမ်း သူတို့ ထွက်သွားတဲ့အချိန်မှာ ဘာတွေ ပြောကြလဲ ကျွန်တော် မသိတာတောင်မှပေါ့
"အဲလိုမဟုတ်ပါဘူး.. ငါ သူ့ကို ဒီရန်ပုံငွေ ပစ္စည်းတွေ ကူသယ်ရအုံးမယ်.. ပြီးတော့ ငါ သူကို ဋ္ဌာနမှာ ပြန်တွေ့ရမှာပဲလေ.. အဲဒါကြောင့်"
"ငါ့ဆိုင်ကယ်ကလဲ သယ်နိုင်ပါတယ်"
"မင်းဟာက ဆိုင်ကယ်မလား? ပြီးတော့ အဆင်မပြေဖြစ်မှာ မင်းလဲ သိနေတာပဲ.. အဲတော့ ဋ္ဌာနရောက်မှ ပြန်တွေ့မယ်"
အဲနောက်မှာတော့ သူ စီနီယာတွေနဲ့ ထွက်သွားကာ ကျွန်တော်ကတော့ အသည်းကွဲ MV ရိုက်နေသလို ဆယ်မိနစ်လောက် တယောက်ထဲ ရပ်ကျန်နေခဲ့လေသည်။
စွန့်ပစ်ခံရတယ်ဆိုတာ ဒီလို ခံစားချက်မျိုးလား? အစွမ်းကုန် ကြိုးစားနေပေမဲ့လို့ ဘာတုံ့ပြန်မှုမှ မရရင် ဒီလို ခံစားရတာလား?
──────⊹⊱✫⊰⊹──────