Penchant
Ep _ 12
"မင်းက မှိုင်းညှို့သွင် လား "
"ခင်ဗျာ ! "
အလန့်တကြား ကြည့်နေမိတော့ ကိုရှင်းက ပြုံးပြီး စိုက်ကြည့်နေသည် ။
"ဘယ်လိုလုပ် .... "
တအံ့တသြဖြစ်နေသော ထောပတ်သီး ။
မျက်လုံးတွေက ပြူးကျယ်ပြီး ဝိုင်းစက်နေသည် ။ နှုတ်ခမ်းတွေက ခပ်ဟဟဖြင့် ။
" မှိုင်း .... "
"ဗျာ ! "
လက်ထဲက စာအုပ်ကို စင်ပေါ်ပြန်တင်ပြီး ကိုရှင်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည် ။ နောက်မှ ကျွန်တော့်ကို ခပ်တည်တည်ဖြင့် ပြန်ကြည့်သည် ။
"မှိုင်း ကို တွေ့ချင်နေခဲ့တာ ကြာပြီ "
"ကျွန်တော့်ကို ? "
ခုချိန်ထိ ဘာတွေ ဖြစ်ကုန်မှန်း လိုက်မမှီသော ထောပတ်သီးလေးက ဦးနှောက်ကို အတော်လေး အလုပ်ပေးနေပုံ ရသည် ။
ထောပတ်သီးလေး တစ်ယောက် အူကြောင်ကြောင်လေးဖြင့် ပြူးကြည့်နေဆဲ ။
"မင်းမသိတာတွေကို လိုက်တွေးမနေနဲ့ သွား အလုပ်သွားလုပ်တော့ ဟိုမှာ ဧည့်သည်လာနေပြီ "
"ဟမ် "
ကိုရှင်းက ကျွန်တော့် ကိုယ်ကို ဆွဲလှည့် လိုက်ပြီး ပုခုံးပေါ်ကို လက်နှစ်ဖက် တင်ကာ အရှေ့ကို တွန်းပို့လိုက်သည် ။
တကယ်ပင် မှန်တံခါးမှ ကောင်မလေး ၃ ယောက် ဝင်လာနေသည် ။ ကျွန်တော်လည်း အလုပ်ထဲ စိတ်ပြန်ထည့်လိုက်ရသည် ။
"မဂၤလာပါ ခင္မ် ... ဘာမ်ား မွာခ်င္ပါလဲ ခင္မ်ာ "
ဧည့်သည်တွေ မြင်တာနှင့် အပြုံးချိုချိုဖြင့် ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှု ပေးနေသည့် ထောပတ်သီး ။ ထောပတ်သီးလေးက မြင်ရသူတိုင်း စိတ်ကျေနပ်ပြီး ရင်ထဲမှာ အေးချမ်းမှု တစ်ခုကို ခံစားရစေသည် ။
"နည်းနည်းလေးမှ မပြောင်းလဲပါလား "
>>>>>>>>>>>>>>
ရေဗူးတွေ ဖြည့်ရန် ကြည့်လိုက်တော့ ရေသန့်ဗူးကြီးထဲတွင် ရေက မကျန်တော့ ။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ စားပွဲခုံ အောက်မှာ ရေသန့်ဗူးကြီး တစ်ဗူးက အခန့်သား နေရာယူထားသည် ။ မဖောက်ရသေးသည့် အသစ်စက်စက် ။
"ဗူးသစ်ရှိနေတာပဲ "
ကုန်သွားသည့် ဗူးအလွတ်ကို စားပွဲအောက် ချပြီး ရေသန့်ဗူး အသစ်ကို မတင်လိုက်သည် ။ ရေပိုက်ခေါင်းက ပါကင်ကို ဆွဲခွာရင်း ရေသန့်ဗူးတွေထဲ ရေအပြည့်ဖြစ်အောင် လိုက်ပြီးဖြည့် လိုက်သည် ။
"မှိုင်း ! ဒီဗူးကြီးကို ဘယ်သူ တင်လိုက်တာလဲ "
အလန့်တကြားနဲ့ ဘေးနား ရောက်လာသော ကိုရှင်း ။
"ကျွန်တော်လေ "
"ဘာ ! "
ဒီကလေးနှယ် .... နည်းနည်းပါးပါး ပြောမည် မရှိ ။ ဒီလောက် အလေးကြီးကို မ စရာလား ။
"နောက်ဆို တစ်ခုခုဆို ကိုယ့်ကိုပြော မင်းက ကလေးပဲ ရှိသေးတယ် ဒါမျိုးတွေ ကိုယ်ပဲ လုပ်ပေးမယ် "
"ခွီး "
မှိုင်းက ဗိုက်နှိပ်ပြီးကို ရယ်မောနေသည် ။
"ဘာရယ်တာလဲ "
"ကိုရှင်းရာ ကျွန်တော် ကလေး မဟုတ်ပါဘူး ပြီးတော့ ကျွန်တော့် အဒေါ်ဆိုင်မှာဆို ကျွန်တော်ပဲ အကုန် လုပ်ပေးတာ "
ကိုရှင်းက မျက်မှောင်ကြုံ့ပြီး ...
"ကိုယ့်ထက် ငယ်ရင် ကလေးပဲ ပြီးတော့ ဒါက ကိုယ့်ဆိုင် ... မင်းအဒေါ် ဆိုင်မဟုတ်ဘူး "
"ဟုတ္ကဲ့ပါ ခင္မ် "
ပြုံးစိစိဖြင့် အရယ်အမောပင် မပြတ် ။
"ရယ်မနေနဲ့ လိုက်ခဲ့ လက်ဖက်ရည် သွားသောက်ရအောင် "
"ဆိုင်မှာ ဘယ်သူစောင့်မှာလဲ "
ကိုရှင်းက စိတ်ပျက် လက်ပျက် ခေါင်းခါရင်း လက်ကို ပိုက်ကာ ခေါင်းမော့ပြီး ကြည့်သည် ။
"အချိန်ကိုလည်း ကြည့်ဦး "
"ဟင် ၆ နာရီတောင် ထိုးသွားပြီလား "
"အင်း ဆိုင်ပိတ်မယ် "
"ဟုတ်ကဲ့ "
>>>>>>>>>>
"မနက်ဖြန် အိမ်စာချုပ် ချုပ်မလို့ "
"တကယ်လား "
"အင်း မင်းဘယ်တော့ ပြောင်းလာမလဲ "
"သဘက်ခါ ပြောင်းလိုက်မယ်လေ ကိုရှင်းရဲ့ "
"မြန်လိုက်တာ ထောပတ်သီးရာ အဆောင်က တကယ် ထွက်လို့ ရတယ်လား "
"ရတာပေါ့ ဟဲဟဲ "
နှစ်ယောက်သား စကားတွေ ပြောရင်း လမ်းလျှောက် နေကြသည် ။ ညမီးရောင် ခပ်မှိန်မှိန် အောက်တွင်လည်း ကိုရှင်းရဲ့ ခန့်ညားမှုက ပျောက်မသွား ။
အနည်းငယ် ရှည်နေသော ဆံနွယ်တွေက လေအဝေ့မှာ လှုပ်ခတ်သွားတတ်သည် ။
မျက်ဝန်းတွေက တည်ငြိမ်နေပြီး စကားပြောရင်း နှုတ်ခမ်း ထောင့်လေးတွေက မသိမသာ ကွေးတက်သွား တတ်သည် ။
"တီတီ "
"မှိုင်း ! သတိထား "
အနောက်က အရှိန်နှင့် မောင်းလာသော ဆိုင်ကယ်က စည်းမရှိ ကမ်းမရှိ လူသွားနေသည့် နေရာကို ကပ်ပြီး မောင်းသွားသည် ။ ကိုရှင်းက အမြန် ဆွဲလိုက်သော်လည်း နှစ်ယောက်သား လမ်းပေါ် ပစ်လဲကုန်သည် ။
"အ .. နာလိုက်တာ "
လဲကျရင်း တံတောင်ဆစ်နားက လမ်းမနှင့် ပွတ်မိသလို ဖြစ်သွားပြီး ပေါက်ပြဲကုန်သည် ။ သွေးအနည်းငယ် ထွက်သွားရုံက လွဲပြီး ဘာမှ မဖြစ် ။
"အရမ်း နာသွားလား ဆောရီး ကိုယ်လည်း မင်း ဆိုင်ကယ် တိုက်မိမှာ စိုးလို့ ဆွဲလိုက်တာ အရှိန် အရမ်း များသွားတယ် "
"အာ ရပါတယ် မနာဘူးရယ် "
"မဖြစ်ဘူး ဆေးဆိုင် သွားမယ် "
"ခင်မျာ ! "
>>>>>>>>>>>>>