-ZAWGYI-
Too ရဲ႕ ဖုန္းကို ခ်လိုက္ျပီးေနာက္ ကြ်န္ေတာ္ အိမ္သာထဲမွာ ေတာ္ေတာ္ၾကာေအာင္ ေနေနခဲ့တယ္။ ကြ်န္ေတာ့္ ခံစားခ်က္ေတြကို ကြ်န္ေတာ္ သံုးသပ္ေနရင္း Khai ရဲ႕ ခံစားခ်က္ေတြကိုလဲ ေတြးေနမိတယ္။ ကြ်န္ေတာ့္ရင္ထဲက သံသယေတြကို ရွင္းပစ္ခ်င္တယ္။ ကြ်န္ေတာ္သိခ်င္တာက သူ ကြ်န္ေတာ္ကို အေလးထားရဲ႕လားဆိုတာပဲ။ ဒါေပမဲ့ ဘယ္လိုနည္းနဲ႔လဲ။ ခ်စ္သူ တစ္ေယာက္အေနနဲ႔လား။ ဒါမွမဟုတ္ သူငယ္ခ်င္းေကာင္း တစ္ေယာက္အေနနဲ႔လား။
ကြ်န္ေတာ္ ကိုယ့္ကိုယ္ကိုယ္ သနားတဲ့စိတ္က လံုး၀ ဟုိးေအာက္ဆံုးထိေရာက္သြားခဲ့တယ္။ ကြ်န္ေတာ္က ဘာလို႔မ်ား တန္ဖိုးရွိေနရမွာလဲ။ ကြ်န္ေတာ္ အိမ္သာခန္းထဲက ထြက္လာျပီးေနာက္ ကို္ယ့္ကိုယ္ကိုယ္ မွန္ထဲ ၾကည့္မိလိုက္တယ္။ အသိသာဆံုးအရာကေတာ့ ကြ်န္ေတာ့္ရဲ႕ နီရဲေဖာင္းကားေနတဲ့ မ်က္လံုးေတြပါပဲ။ ကြ်န္ေတာ္ ဘယ္ေလာက္ေတာင္ ငိုထားလဲဆိုတာ ၾကည့္လုိက္ရံုနဲ႔တင္ သိသာေနတာရယ္။ ဒီမ်က္ႏွာနဲ႔ သူငယ္ခ်င္းေတြဆီကို ဘယ္လို မ်က္ႏွာျပရပါ့။
ကြ်န္ေတာ္ Khai ကို မေတြ႔ရဖို႔အတြက္ ဒီေန႔ အတန္းမတက္ဖုိ႔ ဆံုးျဖတ္လိုက္တယ္။ ကြ်န္ေတာ္ Khai ရဲ႕ အိမ္ကိုပဲ ျပန္ေမာင္းလာခဲ့ကာ အခန္းေျပာင္းဖို႔ ပစၥည္းေတြ သိမ္းေနလိုက္ေတာ့တယ္။ ကြ်န္ေတာ္ သူနဲ႔ နီးနီးမွာေရာ၊ သူ႔အိမ္မွာပါ မေနခ်င္ေတာ့ပါဘူး။ ဒီ ႏွစ္ႏွစ္လံုးမွာေတာ့ သူ ကြ်န္ေတာ့္ဆီကို ယူလာေပးတာ မေရတြက္ႏိုင္တဲ့ အသည္းကြဲျခင္းေတြမွတပါး တျခား မရွိပါဘူး။
ကြ်န္ေတာ္ အက်ီေတြနဲ႔ ပစၥည္းေတြ သိမ္းေနတဲ့အခ်ိန္မွာ ဖုန္းက ေတာက္ေလွ်ာက္ကို ျမည္ေနပါေတာ့တာ။ ပထမဆံုး သုံး၊ေလး ခါေလာက္က Khai နဲ႔ Bone ဆီကမို႔ ကြ်န္ေတာ္ မကိုင္ခဲ့ပါဘူး။ ေနာက္တေခါက္ ဖုန္းက screen လင္းကာ ျမည္လာျပန္္တယ္။ ငါး ခါေျမာက္မွာေတာ့ screen ေပၚ Too နာမည္ ေပၚလာတာမို႔ ကြ်န္ေတာ္ အားယူကာ ဖုန္းကို လွမ္းယူ ေျဖလုိက္တယ္။
[Third.. မင္း ဘယ္မွာလဲ။ ဘာလို႔ အတန္းမတက္တာလဲ]
ေျပာေနတဲ့ စကားသံက စိုးရိမ္ေနတဲ့ေလသံပါ။
ကြ်န္ေတာ္ ျပႆနာ တစ္ခုခု ရွိတဲ့အခ်ိန္မွာ ပုန္းကြယ္ ထြက္ေျပးတတ္တဲ့သူမ်ိဳး မျဖစ္ခ်င္ပါဘူး။ ဒါေပမဲ့ ဒီ တစ္ခါကေတာ့ ကြ်န္ေတာ္အတြက္ ေတာ္ေတာ္ခက္ခဲပါတယ္။ ကြ်န္ေတာ့္ ခံစားခ်က္ေတြကို ကစားခဲ့တဲ့ သူေတြေရွ႕မွာ ဘာမွမျဖစ္သလို ဟန္ေဆာင္ မေနႏိုင္ပါဘူး။ ကြ်န္ေတာ့္မွာ ဘာနည္းလမ္းမွ မရွိဘူး။ ကြ်န္ေတာ္ကိုယ္ ကြ်န္ေတာ္လည္း မထိန္းခ်ဳပ္ႏိုင္ဘူးေလ။
"ငါ Khai အိမ္မွာ.."
[မင္း အဲဒီမွာ ဘာလုပ္ေနတာလဲ?]
"ပစၥည္း သိမ္းေနတာ။ မင္းအတန္းျပီးရင္ ဘာေတြ သင္သြားလဲ ငါ့ ျပန္ေျပာျပ"
[ေနဦး. မင္း တကယ္ ေျပာင္းေတာ့မလို႔လား။ အရင္ စိတ္ေအးေအး ထားပါဦးကြာ]
"ငါ့ အရင္ condo ကိုပဲ ျပန္ေျပာင္းေတာ့မယ္။ အရင္အခန္းက ငွားလိုက္ျပီဆိုေပမဲ့ တျခားအထပ္ေတြမွာ အခန္းလြတ္ေတြ ရွိေသးတာပဲ"
[Third ... ငါ ေမးပါရေစ။ မင္း တစ္ခုခု၊ ျမင္လိုက္ ၾကားလိုက္ရလို႔လား။ ဟမ္]
"ငါ ပစၥည္း ျမန္ျမန္သိမ္းရမယ္။ အတန္းျပီးရင္ condo lobby မွာ ဆံုမယ္"
ကြ်န္ေတာ္ ဖုန္းကို ခ်ပစ္လိုက္သည္။ ကြ်န္ေတာ္ မေတာ္တဆ ၾကားခဲ့ရတဲ့ အရာကို ျပန္ေျပာဖို႔ ကြ်န္ေတာ္မွာ အင္အား ရွိမယ္ မထင္ဘူး။ ဘာေၾကာင့္လဲဆုိ ကြ်န္ေတာ္ ေၾကာက္လို႔။ ကြ်န္ေတာ္ Khai ကို ၾကိဳက္ေနတာကို သူတို႔ သိေနပီး လက္မခံႏိုင္မွာကို ကြ်န္ေတာ္ ေၾကာက္တယ္။ Straight တစ္ ေယာက္၊ သူငယ္ခ်င္းေတြနဲ႔ ဘယ္ေတာ့မွ မတြဲဘူးလို႔ အဲပီးတိုင္ ဆံုးျဖတ္ထားတဲ့ သူတေယာက္က ကိုယ့္သူငယ္ခ်င္းအေပၚကိုေတာင္ မရိုးသားတဲ့ ကြ်န္ေတာ္ကို လက္ခံႏိုင္မယ္တဲ့လား။
ကြ်န္ေတာ္လို လူမ်ိဳးေၾကာင့္ ေျပာင္းလဲရမယ္ဆိုတဲ့ ခင္မင္မႈကို သူက လက္ခံႏိုင္မယ္တဲ့လား။ Khai ကေတာ့ သူ လုပ္ခဲ့တာေတြရဲ႕ အက်ိဳးဆက္က ဒီေလာက္ ၾကီးသြားလိုက္မယ္ဆိုတာကို ေတြးထားမွာ မဟုတ္ဘူး။ သူ႔လို လူမ်ိဳး အဲမဲ လိင္ကိစၥပဲ ေတြးေနတဲ့သူက ဘယ္ေတာ့မွ တစ္စံုတစ္ေယာက္ကို ခ်စ္မိမွာ မဟုတ္သလို ကြ်န္ေတာ္လို ငတံုးငအ တစ္ေယာက္ကလည္း သူရဲ႕ ခင္မင္မႈနဲ႔ မထို္က္တန္ဘူး။
ကြ်န္ေတာ့္ပစၥည္းေတြကို တြန္းလွည္းထဲ ထည့္လိုက္ျပီးတဲ့ေနာက္ ကြ်န္ေတာ့္အ၀တ္ေတြကို ခရီးေဆာင္အိတ္ထဲ ထိုးထည့္လိုက္သည္။ laptop ကိုေတာ့ ထိပ္မွာ တင္ထားလိုက္သည္။ က်ေတာ့္မွာ ပစၥည္းေတြ အမ်ားၾကီး မရွိေပမဲ့ သိမ္းဆည္းေနတာနဲ႕တင္ ေတာ္ေတာ္ၾကာသြားသည္ေလ။ ဒီေန႔ အတန္းခ်ိန္ေတြက ေတာက္ေလွ်ာက္ ျပည့္ေနတာမို႔ အိမ္ပိုင္ရွင္ ျပန္လာတဲ့အခ်ိန္ေလာက္ဆုိ ကြ်န္ေတာ္ အကုန္ ေရြ႕ေနျပီးေလာက္ပါျပီ။
ဒါေပမဲ့ ကြ်န္ေတာ္ မထင္မွတ္ထားတာက ေနာက္နာရီ၀က္အၾကာမွာေတာ့ အက္ရွရွအသံနဲ႔ အတူ အိမ္တံခါးမၾကီး ပြင့္သြားတာပါပဲ။ ကြ်န္ေတာ္ မျမင္ခ်င္တဲ့သူက တံခါး၀မွာ ရပ္ေနေလရဲ႕။
Khai က ကြ်န္ေတာ္အခန္းတံခါးဆီကို ေျပးလာေနတယ္။ သူ႔ပံုစံက တခုခုျဖစ္ေနသေယာင္။ မ်က္ႏွာတခုလံုး ေခၽြးေတြ အဲပည့္နဲ႔ အသက္ကို လုကာ ရႈေနရတာ။ သူ႔ပံုစံက သူ ဒီကို ေရာက္ဖုိ႔ အစြမ္းကုန္ ၾကိဳးစားခဲ့တယ္ဆိုတာ ေပၚေပၚလြင္လြင္။
ဒီလိုသာ အရင္က ျဖစ္ခဲ့ရင္ ကြ်န္ေတာ္ သူ႔ပံုစံကို ျမင္ျပီး စိတ္ေျပာင္းရင္ ေျပာင္းမိမွာ။ သူ ဘယ္လို ခံစားေနရတယ္ဆိုတာကို ထည့္တြက္ေပးမိမွာ။ ဒါေပမဲ့ အခုေတာ့ အရာအားလံုး ေနာက္က်သြားျပီ။ Khai ကိုယ္တိုင္ အားလံုးကို ဖ်က္ဆီးပစ္လိုက္တာ။
သူေျပာတဲ့ ကြ်န္ေတာ္တို႔ တစ္ေယာက္ကို တစ္ေယာက္ခ်စ္တယ္ဆိုတာ သူေျပာတဲ့ ကြ်န္ေတာ္တို႔က သူငယ္ခ်င္းေကာင္းေတြဆိုတာ၊ သူေျပာတဲ့ ဘာပဲျဖစ္ျဖစ္ ကြ်န္ေတာ့္ကို ေရြးမယ္ဆိုတာ အဲဒါေတြအားလံုးက အလိမ္အညာေတြ။ ဒီလို တကုိယ္ေကာင္းဆန္တဲ့သူနဲ႔ တူတူဆက္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။
"မင္း ဘာလို႔ ပစၥည္းေတြ သိမ္းေနတာလဲ?"
သူကေမးတယ္။
ေခၽြးေတြေၾကာင့္ သူ႔မ်က္ႏွာမွာ ကပ္ေနတဲ့ ဆံပင္ေတြကုိ ေသခ်ာ ျပန္သပ္တင္ရင္းက။
"ငါ အခန္းေျပာင္းခ်င္လို႔"
"မင္း ဘယ္မွာ သြားေနမွာလဲ။ မင္းမိသားစု ျပႆနာျဖစ္ေနတာကို မင္း ဒီမွာပဲ ေနသင့္တယ္"
"မင္း ငါနဲ႔ ေနလို႔ရတယ္။ ငါ မင္းကို ကူညီမယ္"
Too က ေနာက္ကေန ရပ္ေနရင္း ၀င္ေျပာကာ စကားစကို ျဖတ္လိုက္တယ္။ သူ ကြ်န္ေတာ္တို႔ ဒါကို စီစဥ္ထားတယ္ဆုိတာ မွတ္မိပါေသးတယ္။ အဲဒါ အေရးမၾကီးေတာ့ဘူး ကြ်န္ေတာ္ Khai နားကေန ထြက္သြားလို႔ ရမယ္ဆို ဘာပဲျဖစ္ျဖစ္ ကြ်န္ေတာ္ လုပ္မွာပဲ။
"Too ... မင္း ပါးစပ္ပိတ္ထား! ဒါ ငါနဲ႔ Third ရွင္းရမွာ"
"ေအး အဲဒါဆိုလည္း ဆက္ေျပာ"
Too က ျမန္ျမန္ပဲ တံခါးကို ပိတ္လုိက္ေတာ့။ ကြ်န္ေတာ္နဲ႔ Khai ပဲ တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ရင္း အခန္းထဲ က်န္ခဲ့ရတယ္။
"Third.. ငါ ဘာအမွားလုပ္မိလဲဆိုတာပဲ သိခ်င္တယ္"
"ဒီအခ်ိန္မွာ မင္းက ဘာကို သိခ်င္တာလဲ?"
"ငါ မွားတာဆုိ ငါ ျပင္ေပးလို႔ရတယ္။ မင္းအေနနဲ႔ ငါ မိန္းမေတြ အိမ္ေခၚလာတာ မၾကိဳက္ရင္ ငါ မေခၚလာေတာ့ဘူးေလ ဟုတ္ျပီလား"
"အဲဒီကိစၥနဲ႔ ဘာမွ မဆိုင္ဘူး။ မင္း ေျပာင္းလဲစရာလဲ မလိုဘူး။ ဘာလို႔လဲဆို အဲဒါ ငါ့အမွားမို႔"
ဟုတ္ပါတယ္။ ကြ်န္ေတာ္က သူငယ္ခ်င္းကို ခ်စ္မိခဲ့တာေလ။ သူငယ္ခ်င္းေပၚ မရိုးသားခဲ့တဲ့ ကြ်န္ေတာ့္အမွား။ အခုခ်ိန္မွာ သူ ကြ်န္ေတာ့္အေပၚ ဒီလုိေကာင္းေနတာက သူရဲ႕ သံသယေတြကို ရွင္းလင္းႏိုင္ဖုိ႔ဆိုတာ သိလိုက္ရတာေတာင္ ဒီစိတ္ပ်က္မႈေတြနဲ႔ ညွင္းဆဲမႈေတြကို ကြ်န္ေတာ္ပဲ ၾကိတ္ခံရမွာ။
"ငါ မင္းကို ေမးမယ္.. ငါတို႔ သိလာတာ ဘယ္ေလာက္ၾကာျပီလဲ?"
" ႏွစ္ႏွစ္ေက်ာ္ျပီ"
နွစ္နွစ္နဲ႕ ေလးလ.. ငါ မင္းကို ခ်စ္ေနခဲ့တာ။
"ငါက မင္းအတြက္ သူငယ္ခ်င္းေကာင္းဆို"
"အင္း .. သူငယ္ခ်င္းေတြထဲမွာေတာ့ မင္းက ေကာင္းတယ္"
ဒါေပမဲ့ မင္းကို ငါက ဒီလိုေတြ ေတြးေနတယ္ဆိုတာ မင္းမသိဘူးေလ။ ငါ့အတြက္ကေတာ့ ငါ့မွာ သူငယ္ခ်င္းေကာင္း ႏွစ္ေယာက္နဲ႔ ငါ ခ်စ္ရတဲ့ မင္း လုိ႔ပဲ ေတြးေနတာ။
"ငါ ဘာၾကိဳက္တယ္ မၾကိဳက္ဘူးလည္း မင္းသိတယ္"
"အင္း .. ငါ အကုန္သိတယ္"
ဒါေပမဲ့ မင္းမသိတာက မင္းက အခု တစ္ခ်ိန္တည္းမွာ ငါခ်စ္ရတဲ့သူနဲ႔ မုန္းရတဲ့သူျဖစ္ေနတာပဲ။
"မင္းေျပာေတာ့ ငါ့ကုိ အေလးထားတယ္ဆို ဒါေပမဲ့ မင္း လုပ္ေနတာက မဟုတ္ေသးဘူး။ ငါတို႔ တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ၾကေသးရဲ႕လား"
"ငါ မင္းကို ခ်စ္ပါတယ္"
ဒါေပမဲ့ မင္းနဲ႔ Bone လုပ္ခဲ့တာက အခ်စ္မဟုတ္ဘူး။ ငါ အမွန္တရားကို သိသြားရင္ ျဖစ္လာမဲ့ အက်ိဳးဆက္ေတြကို မင္းမေတြးခဲ့ဘူးလား။ ကြ်န္ေတာ္ တကယ္လို႔ Khai ကို မခ်စ္ခဲ့ဘူးဆိုရင္ေတာင္ သူငယ္ခ်င္းဆီက သစၥာေဖာက္ခံရတယ္ဆိုတဲ့ ခံစားခ်က္က ကြ်န္ေတာ္ရင္ထဲမွာ လံုး၀စူး၀င္ေနခဲ့ျပီ။
"....."
" ဒါေပမယ့္ မင္းေျပာလိုက္တဲ့စကားကုိ ယံုၾကည္မႈ ရွိလား?"
"ငါ ဘာလုပ္မိလို႔လဲ။ ငါ မင္း စိတ္ထိခိုက္ေအာင္ လုပ္မိတာ ရွိရင္ ငါ ေတာင္းပန္မယ္။ ငါ တကယ္ ဘာျဖစ္ေနလဲဆိုတာ မသိလို႔ပါ"
"ငါ့ကို အခန္းေျပာင္းခြင့္ေပး"
"Third.."
Khai ပံုစံက ငိုေတာ့မလိုပါပဲ။ ကြ်န္ေတာ္လည္းကြ်န္ေတာ္မ်က္ရည္ေတြကို မထိန္းႏို္င္ေတာ့ဘူး။ ကြ်န္ေတာ္တို႔ အခ်ိန္အၾကာၾကီး သူငယ္ခ်င္းျဖစ္လာခဲ့ျပီးျပီ။ ဒီလို ဆိုးရြားတဲ့ အျပဴအမူမ်ိဳး ကြ်န္ေတာ္ မလုပ္ခဲ့ဖူးဘူး။ ကြ်န္ေတာ္ ဒီလို စိတ္ပ်က္စရာ ေကာင္းတဲ့သူ ျဖစ္ေနတာကို မုန္းတယ္။
"ငါ့အိတ္ကို အရင္ေရြ႕မယ္.. ျပီးရင္ က်န္တာ ယူဖို႔ ျပန္လာမယ္ေနာ္"
ကြ်န္ေတာ္ အိတ္ကို ဆြဲကာ အခန္းထဲက မထြက္ႏိုင္ခင္မွာ Khai က ကြ်န္ေတာ္လက္ကို လွမ္းဆြဲထားတယ္။ ဘယ္ေလာက္ အားနဲ႔ ဆြဲထားလဲဆိုတာ ကြ်န္ေတာ္လက္ေကာက္၀တ္ေတြ က်ိဳးမတတ္ နာက်င္မိရသည္အထိ။
"ငါ မင္းကို သြားခြင့္ မျပဳဘူး!"
"အခန္းေသာ့ကို စားပြဲေပၚမွာ တင္ခဲ့တယ္။ ငါ သံုးခဲ့တဲ့ ပစၥည္းေတြ မင္းကို ျပန္ေပးခဲ့တယ္"
"......"
"မင္းရဲ႕ ႏွလံုးသားေတာ့ ငါ ျပန္ေပးလို႔ မရဘူး ဘာလို႔လဲဆိုေတာ့ မင္း ငါ့ကို တစ္ခါမွ မေပးခဲ့ဖူးလို႔"
"Third ... မင္းက ငါ့သူငယ္ခ်င္းေလ.. ငါ ေပးမသြားႏိုင္ဘူး!"
"မင္း ငါ့ကို မေႏွာင့္ယွက္ပဲ ေနလို႔မရဘူးလား။ ငါ မင္းကို တစ္ခါမွ သူငယ္ခ်င္းလို မဆက္ဆံခဲ့ဘူး မင္းက နားမလည္တာ"
ငါ မင္းကို ဘယ္တုန္းကမွ သူငယ္ခ်င္းလို သေဘာမထားခဲ့ဘူး။
"မင္း ဘာစကားေတြ ေျပာေနလဲဆိုတာ မင္းသိလား။ ငါတို႔ ဒီလိုပဲ ျပီးေတာ့မွာလား ဟမ္ ငါ ဘာလုပ္ခဲ့မိလဲ မသိတဲ့အရာ တစ္ခုအတြက္ မင္းက ငါနဲ႔ ဒီလိုပဲ ခြဲေတာ့မွာလား"
"......"
ကြ်န္ေတာ္ ဘာေျပာရမယ္ မသိေတာ့ပါဘူး။ ကြ်န္ေတာ္ ရွိသမွ် အားနဲ႔ မ်က္ရည္ေတြကိုသာ ထိန္းထားႏုိင္ေတာ့တယ္။ သူ ဒီလို ထင္ေနရင္လည္း ကြ်န္ေတာ္ ဒီတိုင္းပဲ ထားလိုက္ေတာ့မယ္။
" ေအး ... မင္းက ငါ့သူငယ္ခ်င္း မဟုတ္ဘူး။ ျပီးေတာ့ ငါ့မွာ မင္းလို ေစာက္သံုးမက်တဲ့ သူငယ္ခ်င္း မရွိဘူး"
"....."
"မင္း သြားခ်င္ သြားလုိက္ေတာ့"
ကြ်န္ေတာ္ အခုခ်ိန္ လက္ေလွ်ာ့ဖို႔ ဆံုးျဖတ္ခဲ့ရင္ ကြ်န္ေတာ္ ဘယ္ေတာ့မွ နာက်င္ရေတာ့မွာ မဟုတ္ဘူး။ ဒါက အေကာင္းဆံုးနဲ႔ အဆိုးဆံုး အဆံုးသတ္ျခင္းပဲ။
ဒီလထဲမွာတင္ ဒုတိယအၾကိမ္ ေျပာင္းတာဆုိေတာ့Too က ပင္ပန္းေနပါျပီ။ Khai ကေတာ့ ကြ်န္ေတာ့္လက္ကို လႊတ္လိုက္ျပီးကတည္းက ကြ်န္ေတာ့္ကို ပစၥည္းေတြ ကူေရႊ႕မေပးေတာ့ပါဘူး။ ကြ်န္ေတာ့္ကို Too နဲ႔ Bone နဲ႔ကပဲ ၀ုိင္းကူေပးေတာ့တာ။
ကြ်န္ေတာ္ Too နဲ႔ ၾကံစည္တဲ့ အၾကံေပၚမွာ စုိးတာမို႔ ကြ်န္ေတာ္ သူ႔အခန္းမွာ ခဏေတာ့ ေနရဦးမွ။ Bone ျပန္သြားတဲ့အခ်ိန္မွာ Too နဲ႔ ကြ်န္ေတာ္ နွစ္ေယာက္တည္းဆုိေတာ့ ကြ်န္ေတာ့္ ရင္ထဲမွာ လြန္ခဲ့တဲ့ ၂ရက္ထဲက စုိက္၀င္ေနတဲ့ အေၾကာင္းအရာကို ထိုင္ေျပာဖို႔ အခ်ိန္ရလာပါတယ္။
" ေျပာစမ္းပါဦး ဘာျဖစ္သြားတာလဲ။ မင္း ဒီတစ္ေခါက္ Khai နဲ႔ ဘာလုိ႔ဒီလိုျဖစ္တာလဲကို သိတဲ့သူ ရွိလား"
ကြ်န္ေတာ္တို႔ ႏွစ္ေယာက္လံုး TV ေရွ႕မွာ ထိုင္ကာ ျပေနတဲ့ ဇာတ္ကားေဟာင္းကို ၾကည့္ရင္းသူကေတာ့ သိခ်င္လြန္းတဲ့ အသံနဲ႔ ေဘးကေန တတြတ္တြတ္ေမးေနပါတယ္။
"ဘယ္က စေျပာရမလဲ..."
"ၾကိဳက္တဲ့ေနရာကေျပာ။ အစျဖစ္ျဖစ္၊ အလယ္ျဖစ္ျဖစ္ ငါ နားလည္ႏိုင္ရင္ ျပီးျပီ"
"အဲဒီညက ငါတုိ႔ ေသာက္ေနတုန္း Khai နဲ႔ Bone ငါ့အေၾကာင္း ေျပာေနတာကို ၾကားခဲ့တယ္"
"ဘာတဲ့ ဘာတဲ့ သူေရာ မင္းကို ၾကိဳက္တယ္တဲ့လား"
သူကေတာ့ စိတ္လႈပ္ရွားသလို သူ႔မ်က္ခံုးေတြ တပင့္ပင့္နဲ႔ ေျပာေတာ့တာ။ ႏြားလိုပဲ တံုးလိုက္တာ။ သူက ငါ့ကို ၾကိဳက္ရင္ ငါ ဒီလို ျဖစ္ေနမလား။
"မင္း ငါ ေနာက္ေနတယ္ ထင္ေနလား?"
"ဘယ္သိမလဲ။ မင္းဘာလို႔ သူ႔ကို စိတ္ဆိုးေနတာလဲ"
" Khai ကို ငါ ၾကိဳက္ေနတယ္ ထင္တယ္ဆိုျပီး Bone က ေျပာေနတာ ၾကားခဲ့တယ္။ အဲဒါေၾကာင့္ ငါ့ခံစားခ်က္ေတြကို စမ္းသပ္ဖို႔ သူတို႔ အၾကံအစည္ေတြ လုပ္ေနခဲ့တာ။ အတိုခ်ဳပ္ေျပာရရင္ေတာ့ကြာ Khai အခု ေတာက္ေလွ်ာက္လုပ္ေနခဲ့သမွ်က ငါ့ကို အေပ်ာ္တမ္း စမ္းသပ္ဖို႔ပဲ.."
"ေခြးေကာင္ ႏွစ္ေကာင္..."
"မင္းသာ ငါ့ေနရာမွာဆို သူ႔ကို ခြင့္လႊတ္မွာလား။ သူ႔ကို မင္း ဆက္ၾကိဳက္မွာလား"
"......"
"ငါ အမွန္ကို သိလိုက္တဲ့အခ်ိန္ ငါ့ရင္ေတြ တစစီ ကြဲသြားတာ"
ကြ်န္ေတာ္ေဘးမွာ ထိုင္ေနတဲ့ သူကေတာ့ ဘာမွ မေျပာခဲ့ပါဘူး။ သက္ျပင္းသာ ခ်ရင္း TV screen ကို ေငးၾကည့္ေနခဲ့တာ။ တစ္၀မိနစ္ေလာက္ ၾကာေတာ့မွ အာရုံေျပာင္းဖုိ႔ၾကိဳးစားတယ္။
"ဒီဇာတ္လမ္းက ဘာမွလည္း မေကာင္းဘူး.."
"ဒါေပမဲ့ ဒါ မင္းအၾကိဳက္ဆံုးကားေလ "
သူ အျမဲေျပာေနက်ကေတာ့ "The Perks of Being a Wallflower" ထဲက မင္းသမီးလို မိန္းမမ်ိဳး ယူခ်င္တယ္တဲ့ေလ။ ျပီးေတာ့ သူ ဒီဇာတ္ကားကို ခဏခဏ ၾကည့္ပါတယ္။
"ငါ အခုမၾကိဳက္ေတာ့ဘူး။အဲဒီေတာ့ မင္း ဘာဆက္လုပ္မွာလဲ?"
"ငါ ရုန္းထြက္မယ္ ျပီးေတာ့ ငါ သူ႔ကို လက္ေလွ်ာ့မယ္"
"ငါတို႔ ေလးေယာက္ ဆက္ျပီးေတာ့ သူငယ္ခ်င္း ျဖစ္ဦးမယ္မလား?"
"အားလံုးက အရင္အတိုင္းပါပဲ။ ငါအခ်ိန္ေလး နည္းနည္းပဲ လိုတာ"
အခ်ိန္က ဘယ္ေလာက္လိုမလဲဆိုတာ ကြ်န္ေတာ္ မသိေပမဲ့ တစ္ေန႔ေတာ့ အရာအားလံုး နဂိုအတိုင္း ျပန္ျဖစ္သြားမွာပါ။ ကြ်န္ေတာ္တို႔ တူတူ ျပန္ျပီး တြဲႏိုင္ၾကမွာပါ။ ကြ်န္ေတာ့္တုိ႔ထဲက တစ္ေယာက္ေယာက္ အခ်စ္စစ္နဲ႔ ေတြ႔တဲ့အခ်ိန္မွာ ေဘးကေန ေပ်ာ္ေပးႏိုင္မွာပါ။ အရင္လုိ အတူတူ အဖြဲ႔လုိက္ၾကီး ေပ်ာ္ရႊင္ေနတာမ်ိဳးလည္း ျပန္ျဖစ္ႏိုင္မွာပါ။ အဲဒီလို ေန႔တစ္ေန႔ေပါ့။
"မင္း လုပ္ႏိုင္ပါ့မလား။ မင္း သူ႔ကို ဒီေလာက္ အၾကာၾကီး ၾကိဳက္လာတာ"
"ငါ သူ႔ကုိၾကိဳက္ေတာင္ၾကိဳက္ႏိုင္တာပဲ မၾကိဳက္ေအာင္လည္း လုပ္ႏုိင္ရမွာေပ့ါ။ ငါ လုပ္ႏိုင္ပါတယ္"
"အင္း ငါ မင္းေဘးမွာ အျမဲ ရွိတယ္။ သူ႔ဆီက မင္း လြတ္ေအာင္ ရုန္းႏိုင္ဖို႔ ငါ ကူညီမယ္။ အခု မင္းသူ႔ကို ေမ့ႏိုင္ေအာင္ ငါ ကူညီမယ္။ ဒီိလိုနည္းနဲ႔ပဲ မင္း မခံစားရေအာင္ မင္း ရပ္ႏိုင္မွာ"
"ငါ အခ်ိန္လိုတယ္"
"အခ်ိန္နဲ႔တင္ မင္းဘာမွ ေကာင္းေအာင္ မလုပ္ႏိုင္ဘူး။ မင္း သူ႔ရဲ႕ မေကာင္းတဲ့ အခ်က္ေတြကိုလည္း ရွာဖို႔လိုတယ္။ မင္း သည္းမခံႏိုင္တဲ့ မေကာင္းတာေတြ ေတြ႔ရင္ မင္း သူ႔ကို မၾကိဳက္ေတာ့ဘဲ ေနမွာပဲ။ မင္း လုပ္ႏိုင္မွာပါ ငါ့သူငယ္ခ်င္း"
"ေက်းဇူး"
ညသန္းေခါင္မွာေတာ့ Too က သူ႔အခန္းထဲ ပုန္းကာ သူ႔ေကာင္မေလးနဲ႔ video call ေျပာေနတယ္။ သူကေတာ့ ကြ်န္ေတာ္ စိတ္ကသိကေအာက္ မျဖစ္ေအာင္ သူနဲ႔ တူတူ ေနေနတဲ့ အေတာအတြင္း မိန္းကေလးေတြ အိမ္မေခၚလာဘူးလို႔ ေျပာပါတယ္။ သူ အဲဒါ ေျပာတဲ့အခ်ိန္မွာ ကြ်န္ေတာ္ သူ႔ကို ထိုင္ရွိခိုးခ်င္စိတ္ေတာင္ ေပါက္တယ္။
Too က Khai ရဲ႕ မေကာင္းတဲ့ အခ်က္ေတြ ရွာခိုင္းတာနဲ႔ပတ္သတ္ျပီး ကြ်န္ေတာ္ နည္းနည္းေတာ့ စဥ္းစားမိပါတယ္။
ပထမဆံုးက သူ ဆုိင္ကယ္ေမာင္းတာ အရမ္းျမန္လြန္းတယ္။ အဲဒါ သူ႔မေကာင္းတဲ့အခ်က္ ထင္တာပဲ။ ဒီဘ၀မွာ ကြ်န္ေတာ္ သူ႔ဆိုင္ကယ္ေနာက္မွာ လိုက္စီးခြင့္ မရေပမဲ့ေပါ့။
ဒုတိယအခ်က္က သူက အားသြန္ခြန္စိုက္မလုပ္ဘဲ လြယ္လြယ္ လက္ေလွ်ာ့တတ္တယ္။ ကြ်န္ေတာ္ အရင္ထဲက အဲဒီအခ်က္ကို မေကာင္းတဲ့ အခ်က္လို႔ ျမင္ခဲ့တာပါ။ ကြ်န္ေတာ္ ကိုယ့္ကိုယ္ကိုယ္ လိမ္ေနတာမ်ားလား။ ျဖစ္ႏိုင္ပါတာပါပဲ။ ကြ်န္ေတာ္ အခ်စ္ကို အမုန္းေျပာင္းဖို႔ မလြယ္မွန္း ၀န္ခံပါတယ္။ ဒါေပမဲ့ အခ်ိန္ကေတာ့ တတ္ႏိုင္သမွ် တျဖည္းျဖည္းခ်င္း ကုသသြားမွာပါ။
──────⊹⊱✫⊰⊹──────
-UNICODE-
Too ရဲ့ ဖုန်းကို ချလိုက်ပြီးနောက် ကျွန်တော် အိမ်သာထဲမှာ တော်တော်ကြာအောင် နေနေခဲ့တယ်။ ကျွန်တော့် ခံစားချက်တွေကို ကျွန်တော် သုံးသပ်နေရင်း Khai ရဲ့ ခံစားချက်တွေကိုလဲ တွေးနေမိတယ်။ ကျွန်တော့်ရင်ထဲက သံသယတွေကို ရှင်းပစ်ချင်တယ်။ ကျွန်တော်သိချင်တာက သူ ကျွန်တော်ကို အလေးထားရဲ့လားဆိုတာပဲ။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့လဲ။ ချစ်သူ တစ်ယောက်အနေနဲ့လား။ ဒါမှမဟုတ် သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့လား။
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သနားတဲ့စိတ်က လုံး၀ ဟိုးအောက်ဆုံးထိရောက်သွားခဲ့တယ်။ ကျွန်တော်က ဘာလို့များ တန်ဖိုးရှိနေရမှာလဲ။ ကျွန်တော် အိမ်သာခန်းထဲက ထွက်လာပြီးနောက် ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်မိလိုက်တယ်။ အသိသာဆုံးအရာကတော့ ကျွန်တော့်ရဲ့ နီရဲဖောင်းကားနေတဲ့ မျက်လုံးတွေပါပဲ။ ကျွန်တော် ဘယ်လောက်တောင် ငိုထားလဲဆိုတာ ကြည့်လိုက်ရုံနဲ့တင် သိသာနေတာရယ်။ ဒီမျက်နှာနဲ့ သူငယ်ချင်းတွေဆီကို ဘယ်လို မျက်နှာပြရပါ့။
ကျွန်တော် Khai ကို မတွေ့ရဖို့အတွက် ဒီနေ့ အတန်းမတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် Khai ရဲ့ အိမ်ကိုပဲ ပြန်မောင်းလာခဲ့ကာ အခန်းပြောင်းဖို့ ပစ္စည်းတွေ သိမ်းနေလိုက်တော့တယ်။ ကျွန်တော် သူနဲ့ နီးနီးမှာရော၊ သူ့အိမ်မှာပါ မနေချင်တော့ပါဘူး။ ဒီ နှစ်နှစ်လုံးမှာတော့ သူ ကျွန်တော့်ဆီကို ယူလာပေးတာ မရေတွက်နိုင်တဲ့ အသည်းကွဲခြင်းတွေမှတပါး တခြား မရှိပါဘူး။
ကျွန်တော် အကျီတွေနဲ့ ပစ္စည်းတွေ သိမ်းနေတဲ့အချိန်မှာ ဖုန်းက တောက်လျှောက်ကို မြည်နေပါတော့တာ။ ပထမဆုံး သုံး၊လေး ခါလောက်က Khai နဲ့ Bone ဆီကမို့ ကျွန်တော် မကိုင်ခဲ့ပါဘူး။ နောက်တခေါက် ဖုန်းက screen လင်းကာ မြည်လာပြန်တယ်။ ငါး ခါမြောက်မှာတော့ screen ပေါ် Too နာမည် ပေါ်လာတာမို့ ကျွန်တော် အားယူကာ ဖုန်းကို လှမ်းယူ ဖြေလိုက်တယ်။
[Third.. မင်း ဘယ်မှာလဲ။ ဘာလို့ အတန်းမတက်တာလဲ]
ပြောနေတဲ့ စကားသံက စိုးရိမ်နေတဲ့လေသံပါ။
ကျွန်တော် ပြဿနာ တစ်ခုခု ရှိတဲ့အချိန်မှာ ပုန်းကွယ် ထွက်ပြေးတတ်တဲ့သူမျိုး မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ဒီ တစ်ခါကတော့ ကျွန်တော်အတွက် တော်တော်ခက်ခဲပါတယ်။ ကျွန်တော့် ခံစားချက်တွေကို ကစားခဲ့တဲ့ သူတွေရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင် မနေနိုင်ပါဘူး။ ကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိဘူး။ ကျွန်တော်ကိုယ် ကျွန်တော်လည်း မထိန်းချုပ်နိုင်ဘူးလေ။
"ငါ Khai အိမ်မှာ.."
[မင်း အဲဒီမှာ ဘာလုပ်နေတာလဲ?]
"ပစ္စည်း သိမ်းနေတာ။ မင်းအတန်းပြီးရင် ဘာတွေ သင်သွားလဲ ငါ့ ပြန်ပြောပြ"
[နေဦး. မင်း တကယ် ပြောင်းတော့မလို့လား။ အရင် စိတ်အေးအေး ထားပါဦးကွာ]
"ငါ့ အရင် condo ကိုပဲ ပြန်ပြောင်းတော့မယ်။ အရင်အခန်းက ငှားလိုက်ပြီဆိုပေမဲ့ တခြားအထပ်တွေမှာ အခန်းလွတ်တွေ ရှိသေးတာပဲ"
[Third ... ငါ မေးပါရစေ။ မင်း တစ်ခုခု၊ မြင်လိုက် ကြားလိုက်ရလို့လား။ ဟမ်]
"ငါ ပစ္စည်း မြန်မြန်သိမ်းရမယ်။ အတန်းပြီးရင် condo lobby မှာ ဆုံမယ်"
ကျွန်တော် ဖုန်းကို ချပစ်လိုက်သည်။ ကျွန်တော် မတော်တဆ ကြားခဲ့ရတဲ့ အရာကို ပြန်ပြောဖို့ ကျွန်တော်မှာ အင်အား ရှိမယ် မထင်ဘူး။ ဘာကြောင့်လဲဆို ကျွန်တော် ကြောက်လို့။ ကျွန်တော် Khai ကို ကြိုက်နေတာကို သူတို့ သိနေပီး လက်မခံနိုင်မှာကို ကျွန်တော် ကြောက်တယ်။ Straight တစ် ယောက်၊ သူငယ်ချင်းတွေနဲ့ ဘယ်တော့မှ မတွဲဘူးလို့ အဲပီးတိုင် ဆုံးဖြတ်ထားတဲ့ သူတယောက်က ကိုယ့်သူငယ်ချင်းအပေါ်ကိုတောင် မရိုးသားတဲ့ ကျွန်တော်ကို လက်ခံနိုင်မယ်တဲ့လား။
ကျွန်တော်လို လူမျိုးကြောင့် ပြောင်းလဲရမယ်ဆိုတဲ့ ခင်မင်မှုကို သူက လက်ခံနိုင်မယ်တဲ့လား။ Khai ကတော့ သူ လုပ်ခဲ့တာတွေရဲ့ အကျိုးဆက်က ဒီလောက် ကြီးသွားလိုက်မယ်ဆိုတာကို တွေးထားမှာ မဟုတ်ဘူး။ သူ့လို လူမျိုး အဲမဲ လိင်ကိစ္စပဲ တွေးနေတဲ့သူက ဘယ်တော့မှ တစ်စုံတစ်ယောက်ကို ချစ်မိမှာ မဟုတ်သလို ကျွန်တော်လို ငတုံးငအ တစ်ယောက်ကလည်း သူရဲ့ ခင်မင်မှုနဲ့ မထိုက်တန်ဘူး။
ကျွန်တော့်ပစ္စည်းတွေကို တွန်းလှည်းထဲ ထည့်လိုက်ပြီးတဲ့နောက် ကျွန်တော့်အဝတ်တွေကို ခရီးဆောင်အိတ်ထဲ ထိုးထည့်လိုက်သည်။ laptop ကိုတော့ ထိပ်မှာ တင်ထားလိုက်သည်။ ကျတော့်မှာ ပစ္စည်းတွေ အများကြီး မရှိပေမဲ့ သိမ်းဆည်းနေတာနဲ့တင် တော်တော်ကြာသွားသည်လေ။ ဒီနေ့ အတန်းချိန်တွေက တောက်လျှောက် ပြည့်နေတာမို့ အိမ်ပိုင်ရှင် ပြန်လာတဲ့အချိန်လောက်ဆို ကျွန်တော် အကုန် ရွေ့နေပြီးလောက်ပါပြီ။
ဒါပေမဲ့ ကျွန်တော် မထင်မှတ်ထားတာက နောက်နာရီဝက်အကြာမှာတော့ အက်ရှရှအသံနဲ့ အတူ အိမ်တံခါးမကြီး ပွင့်သွားတာပါပဲ။ ကျွန်တော် မမြင်ချင်တဲ့သူက တံခါးဝမှာ ရပ်နေလေရဲ့။
Khai က ကျွန်တော်အခန်းတံခါးဆီကို ပြေးလာနေတယ်။ သူ့ပုံစံက တခုခုဖြစ်နေသယောင်။ မျက်နှာတခုလုံး ချွေးတွေ အဲပည့်နဲ့ အသက်ကို လုကာ ရှုနေရတာ။ သူ့ပုံစံက သူ ဒီကို ရောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်ဆိုတာ ပေါ်ပေါ်လွင်လွင်။
ဒီလိုသာ အရင်က ဖြစ်ခဲ့ရင် ကျွန်တော် သူ့ပုံစံကို မြင်ပြီး စိတ်ပြောင်းရင် ပြောင်းမိမှာ။ သူ ဘယ်လို ခံစားနေရတယ်ဆိုတာကို ထည့်တွက်ပေးမိမှာ။ ဒါပေမဲ့ အခုတော့ အရာအားလုံး နောက်ကျသွားပြီ။ Khai ကိုယ်တိုင် အားလုံးကို ဖျက်ဆီးပစ်လိုက်တာ။
သူပြောတဲ့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုတာ သူပြောတဲ့ ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေဆိုတာ၊ သူပြောတဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ရွေးမယ်ဆိုတာ အဲဒါတွေအားလုံးက အလိမ်အညာတွေ။ ဒီလို တကိုယ်ကောင်းဆန်တဲ့သူနဲ့ တူတူဆက်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။
"မင်း ဘာလို့ ပစ္စည်းတွေ သိမ်းနေတာလဲ?"
သူကမေးတယ်။
ချွေးတွေကြောင့် သူ့မျက်နှာမှာ ကပ်နေတဲ့ ဆံပင်တွေကို သေချာ ပြန်သပ်တင်ရင်းက။
"ငါ အခန်းပြောင်းချင်လို့"
"မင်း ဘယ်မှာ သွားနေမှာလဲ။ မင်းမိသားစု ပြဿနာဖြစ်နေတာကို မင်း ဒီမှာပဲ နေသင့်တယ်"
"မင်း ငါနဲ့ နေလို့ရတယ်။ ငါ မင်းကို ကူညီမယ်"
Too က နောက်ကနေ ရပ်နေရင်း ဝင်ပြောကာ စကားစကို ဖြတ်လိုက်တယ်။ သူ ကျွန်တော်တို့ ဒါကို စီစဉ်ထားတယ်ဆိုတာ မှတ်မိပါသေးတယ်။ အဲဒါ အရေးမကြီးတော့ဘူး ကျွန်တော် Khai နားကနေ ထွက်သွားလို့ ရမယ်ဆို ဘာပဲဖြစ်ဖြစ် ကျွန်တော် လုပ်မှာပဲ။
"Too ... မင်း ပါးစပ်ပိတ်ထား! ဒါ ငါနဲ့ Third ရှင်းရမှာ"
"အေး အဲဒါဆိုလည်း ဆက်ပြော"
Too က မြန်မြန်ပဲ တံခါးကို ပိတ်လိုက်တော့။ ကျွန်တော်နဲ့ Khai ပဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း အခန်းထဲ ကျန်ခဲ့ရတယ်။
"Third.. ငါ ဘာအမှားလုပ်မိလဲဆိုတာပဲ သိချင်တယ်"
"ဒီအချိန်မှာ မင်းက ဘာကို သိချင်တာလဲ?"
"ငါ မှားတာဆို ငါ ပြင်ပေးလို့ရတယ်။ မင်းအနေနဲ့ ငါ မိန်းမတွေ အိမ်ခေါ်လာတာ မကြိုက်ရင် ငါ မခေါ်လာတော့ဘူးလေ ဟုတ်ပြီလား"
"အဲဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ မင်း ပြောင်းလဲစရာလဲ မလိုဘူး။ ဘာလို့လဲဆို အဲဒါ ငါ့အမှားမို့"
ဟုတ်ပါတယ်။ ကျွန်တော်က သူငယ်ချင်းကို ချစ်မိခဲ့တာလေ။ သူငယ်ချင်းပေါ် မရိုးသားခဲ့တဲ့ ကျွန်တော့်အမှား။ အခုချိန်မှာ သူ ကျွန်တော့်အပေါ် ဒီလိုကောင်းနေတာက သူရဲ့ သံသယတွေကို ရှင်းလင်းနိုင်ဖို့ဆိုတာ သိလိုက်ရတာတောင် ဒီစိတ်ပျက်မှုတွေနဲ့ ညှင်းဆဲမှုတွေကို ကျွန်တော်ပဲ ကြိတ်ခံရမှာ။
"ငါ မင်းကို မေးမယ်.. ငါတို့ သိလာတာ ဘယ်လောက်ကြာပြီလဲ?"
" နှစ်နှစ်ကျော်ပြီ"
နှစ်နှစ်နဲ့ လေးလ.. ငါ မင်းကို ချစ်နေခဲ့တာ။
"ငါက မင်းအတွက် သူငယ်ချင်းကောင်းဆို"
"အင်း .. သူငယ်ချင်းတွေထဲမှာတော့ မင်းက ကောင်းတယ်"
ဒါပေမဲ့ မင်းကို ငါက ဒီလိုတွေ တွေးနေတယ်ဆိုတာ မင်းမသိဘူးလေ။ ငါ့အတွက်ကတော့ ငါ့မှာ သူငယ်ချင်းကောင်း နှစ်ယောက်နဲ့ ငါ ချစ်ရတဲ့ မင်း လို့ပဲ တွေးနေတာ။
"ငါ ဘာကြိုက်တယ် မကြိုက်ဘူးလည်း မင်းသိတယ်"
"အင်း .. ငါ အကုန်သိတယ်"
ဒါပေမဲ့ မင်းမသိတာက မင်းက အခု တစ်ချိန်တည်းမှာ ငါချစ်ရတဲ့သူနဲ့ မုန်းရတဲ့သူဖြစ်နေတာပဲ။
"မင်းပြောတော့ ငါ့ကို အလေးထားတယ်ဆို ဒါပေမဲ့ မင်း လုပ်နေတာက မဟုတ်သေးဘူး။ ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ကြသေးရဲ့လား"
"ငါ မင်းကို ချစ်ပါတယ်"
ဒါပေမဲ့ မင်းနဲ့ Bone လုပ်ခဲ့တာက အချစ်မဟုတ်ဘူး။ ငါ အမှန်တရားကို သိသွားရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို မင်းမတွေးခဲ့ဘူးလား။ ကျွန်တော် တကယ်လို့ Khai ကို မချစ်ခဲ့ဘူးဆိုရင်တောင် သူငယ်ချင်းဆီက သစ္စာဖောက်ခံရတယ်ဆိုတဲ့ ခံစားချက်က ကျွန်တော်ရင်ထဲမှာ လုံးဝစူးဝင်နေခဲ့ပြီ။
"....."
" ဒါပေမယ့် မင်းပြောလိုက်တဲ့စကားကို ယုံကြည်မှု ရှိလား?"
"ငါ ဘာလုပ်မိလို့လဲ။ ငါ မင်း စိတ်ထိခိုက်အောင် လုပ်မိတာ ရှိရင် ငါ တောင်းပန်မယ်။ ငါ တကယ် ဘာဖြစ်နေလဲဆိုတာ မသိလို့ပါ"
"ငါ့ကို အခန်းပြောင်းခွင့်ပေး"
"Third.."
Khai ပုံစံက ငိုတော့မလိုပါပဲ။ ကျွန်တော်လည်းကျွန်တော်မျက်ရည်တွေကို မထိန်းနိုင်တော့ဘူး။ ကျွန်တော်တို့ အချိန်အကြာကြီး သူငယ်ချင်းဖြစ်လာခဲ့ပြီးပြီ။ ဒီလို ဆိုးရွားတဲ့ အပြူအမူမျိုး ကျွန်တော် မလုပ်ခဲ့ဖူးဘူး။ ကျွန်တော် ဒီလို စိတ်ပျက်စရာ ကောင်းတဲ့သူ ဖြစ်နေတာကို မုန်းတယ်။
"ငါ့အိတ်ကို အရင်ရွေ့မယ်.. ပြီးရင် ကျန်တာ ယူဖို့ ပြန်လာမယ်နော်"
ကျွန်တော် အိတ်ကို ဆွဲကာ အခန်းထဲက မထွက်နိုင်ခင်မှာ Khai က ကျွန်တော်လက်ကို လှမ်းဆွဲထားတယ်။ ဘယ်လောက် အားနဲ့ ဆွဲထားလဲဆိုတာ ကျွန်တော်လက်ကောက်ဝတ်တွေ ကျိုးမတတ် နာကျင်မိရသည်အထိ။
"ငါ မင်းကို သွားခွင့် မပြုဘူး!"
"အခန်းသော့ကို စားပွဲပေါ်မှာ တင်ခဲ့တယ်။ ငါ သုံးခဲ့တဲ့ ပစ္စည်းတွေ မင်းကို ပြန်ပေးခဲ့တယ်"
"......"
"မင်းရဲ့ နှလုံးသားတော့ ငါ ပြန်ပေးလို့ မရဘူး ဘာလို့လဲဆိုတော့ မင်း ငါ့ကို တစ်ခါမှ မပေးခဲ့ဖူးလို့"
"Third ... မင်းက ငါ့သူငယ်ချင်းလေ.. ငါ ပေးမသွားနိုင်ဘူး!"
"မင်း ငါ့ကို မနှောင့်ယှက်ပဲ နေလို့မရဘူးလား။ ငါ မင်းကို တစ်ခါမှ သူငယ်ချင်းလို မဆက်ဆံခဲ့ဘူး မင်းက နားမလည်တာ"
ငါ မင်းကို ဘယ်တုန်းကမှ သူငယ်ချင်းလို သဘောမထားခဲ့ဘူး။
"မင်း ဘာစကားတွေ ပြောနေလဲဆိုတာ မင်းသိလား။ ငါတို့ ဒီလိုပဲ ပြီးတော့မှာလား ဟမ် ငါ ဘာလုပ်ခဲ့မိလဲ မသိတဲ့အရာ တစ်ခုအတွက် မင်းက ငါနဲ့ ဒီလိုပဲ ခွဲတော့မှာလား"
"......"
ကျွန်တော် ဘာပြောရမယ် မသိတော့ပါဘူး။ ကျွန်တော် ရှိသမျှ အားနဲ့ မျက်ရည်တွေကိုသာ ထိန်းထားနိုင်တော့တယ်။ သူ ဒီလို ထင်နေရင်လည်း ကျွန်တော် ဒီတိုင်းပဲ ထားလိုက်တော့မယ်။
" အေး ... မင်းက ငါ့သူငယ်ချင်း မဟုတ်ဘူး။ ပြီးတော့ ငါ့မှာ မင်းလို စောက်သုံးမကျတဲ့ သူငယ်ချင်း မရှိဘူး"
"....."
"မင်း သွားချင် သွားလိုက်တော့"
ကျွန်တော် အခုချိန် လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့ရင် ကျွန်တော် ဘယ်တော့မှ နာကျင်ရတော့မှာ မဟုတ်ဘူး။ ဒါက အကောင်းဆုံးနဲ့ အဆိုးဆုံး အဆုံးသတ်ခြင်းပဲ။
ဒီလထဲမှာတင် ဒုတိယအကြိမ် ပြောင်းတာဆိုတော့Too က ပင်ပန်းနေပါပြီ။ Khai ကတော့ ကျွန်တော့်လက်ကို လွှတ်လိုက်ပြီးကတည်းက ကျွန်တော့်ကို ပစ္စည်းတွေ ကူရွှေ့မပေးတော့ပါဘူး။ ကျွန်တော့်ကို Too နဲ့ Bone နဲ့ကပဲ ဝိုင်းကူပေးတော့တာ။
ကျွန်တော် Too နဲ့ ကြံစည်တဲ့ အကြံပေါ်မှာ စိုးတာမို့ ကျွန်တော် သူ့အခန်းမှာ ခဏတော့ နေရဦးမှ။ Bone ပြန်သွားတဲ့အချိန်မှာ Too နဲ့ ကျွန်တော် နှစ်ယောက်တည်းဆိုတော့ ကျွန်တော့် ရင်ထဲမှာ လွန်ခဲ့တဲ့ ၂ရက်ထဲက စိုက်ဝင်နေတဲ့ အကြောင်းအရာကို ထိုင်ပြောဖို့ အချိန်ရလာပါတယ်။
" ပြောစမ်းပါဦး ဘာဖြစ်သွားတာလဲ။ မင်း ဒီတစ်ခေါက် Khai နဲ့ ဘာလို့ဒီလိုဖြစ်တာလဲကို သိတဲ့သူ ရှိလား"
ကျွန်တော်တို့ နှစ်ယောက်လုံး TV ရှေ့မှာ ထိုင်ကာ ပြနေတဲ့ ဇာတ်ကားဟောင်းကို ကြည့်ရင်းသူကတော့ သိချင်လွန်းတဲ့ အသံနဲ့ ဘေးကနေ တတွတ်တွတ်မေးနေပါတယ်။
"ဘယ်က စပြောရမလဲ..."
"ကြိုက်တဲ့နေရာကပြော။ အစဖြစ်ဖြစ်၊ အလယ်ဖြစ်ဖြစ် ငါ နားလည်နိုင်ရင် ပြီးပြီ"
"အဲဒီညက ငါတို့ သောက်နေတုန်း Khai နဲ့ Bone ငါ့အကြောင်း ပြောနေတာကို ကြားခဲ့တယ်"
"ဘာတဲ့ ဘာတဲ့ သူရော မင်းကို ကြိုက်တယ်တဲ့လား"
သူကတော့ စိတ်လှုပ်ရှားသလို သူ့မျက်ခုံးတွေ တပင့်ပင့်နဲ့ ပြောတော့တာ။ နွားလိုပဲ တုံးလိုက်တာ။ သူက ငါ့ကို ကြိုက်ရင် ငါ ဒီလို ဖြစ်နေမလား။
"မင်း ငါ နောက်နေတယ် ထင်နေလား?"
"ဘယ်သိမလဲ။ မင်းဘာလို့ သူ့ကို စိတ်ဆိုးနေတာလဲ"
" Khai ကို ငါ ကြိုက်နေတယ် ထင်တယ်ဆိုပြီး Bone က ပြောနေတာ ကြားခဲ့တယ်။ အဲဒါကြောင့် ငါ့ခံစားချက်တွေကို စမ်းသပ်ဖို့ သူတို့ အကြံအစည်တွေ လုပ်နေခဲ့တာ။ အတိုချုပ်ပြောရရင်တော့ကွာ Khai အခု တောက်လျှောက်လုပ်နေခဲ့သမျှက ငါ့ကို အပျော်တမ်း စမ်းသပ်ဖို့ပဲ.."
"ခွေးကောင် နှစ်ကောင်..."
"မင်းသာ ငါ့နေရာမှာဆို သူ့ကို ခွင့်လွှတ်မှာလား။ သူ့ကို မင်း ဆက်ကြိုက်မှာလား"
"......"
"ငါ အမှန်ကို သိလိုက်တဲ့အချိန် ငါ့ရင်တွေ တစစီ ကွဲသွားတာ"
ကျွန်တော်ဘေးမှာ ထိုင်နေတဲ့ သူကတော့ ဘာမှ မပြောခဲ့ပါဘူး။ သက်ပြင်းသာ ချရင်း TV screen ကို ငေးကြည့်နေခဲ့တာ။ တစ်ဝမိနစ်လောက် ကြာတော့မှ အာရုံပြောင်းဖို့ကြိုးစားတယ်။
"ဒီဇာတ်လမ်းက ဘာမှလည်း မကောင်းဘူး.."
"ဒါပေမဲ့ ဒါ မင်းအကြိုက်ဆုံးကားလေ "
သူ အမြဲပြောနေကျကတော့ "The Perks of Being a Wallflower" ထဲက မင်းသမီးလို မိန်းမမျိုး ယူချင်တယ်တဲ့လေ။ ပြီးတော့ သူ ဒီဇာတ်ကားကို ခဏခဏ ကြည့်ပါတယ်။
"ငါ အခုမကြိုက်တော့ဘူး။အဲဒီတော့ မင်း ဘာဆက်လုပ်မှာလဲ?"
"ငါ ရုန်းထွက်မယ် ပြီးတော့ ငါ သူ့ကို လက်လျှော့မယ်"
"ငါတို့ လေးယောက် ဆက်ပြီးတော့ သူငယ်ချင်း ဖြစ်ဦးမယ်မလား?"
"အားလုံးက အရင်အတိုင်းပါပဲ။ ငါအချိန်လေး နည်းနည်းပဲ လိုတာ"
အချိန်က ဘယ်လောက်လိုမလဲဆိုတာ ကျွန်တော် မသိပေမဲ့ တစ်နေ့တော့ အရာအားလုံး နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ။ ကျွန်တော်တို့ တူတူ ပြန်ပြီး တွဲနိုင်ကြမှာပါ။ ကျွန်တော့်တို့ထဲက တစ်ယောက်ယောက် အချစ်စစ်နဲ့ တွေ့တဲ့အချိန်မှာ ဘေးကနေ ပျော်ပေးနိုင်မှာပါ။ အရင်လို အတူတူ အဖွဲ့လိုက်ကြီး ပျော်ရွှင်နေတာမျိုးလည်း ပြန်ဖြစ်နိုင်မှာပါ။ အဲဒီလို နေ့တစ်နေ့ပေါ့။
"မင်း လုပ်နိုင်ပါ့မလား။ မင်း သူ့ကို ဒီလောက် အကြာကြီး ကြိုက်လာတာ"
"ငါ သူ့ကိုကြိုက်တောင်ကြိုက်နိုင်တာပဲ မကြိုက်အောင်လည်း လုပ်နိုင်ရမှာပေ့ါ။ ငါ လုပ်နိုင်ပါတယ်"
"အင်း ငါ မင်းဘေးမှာ အမြဲ ရှိတယ်။ သူ့ဆီက မင်း လွတ်အောင် ရုန်းနိုင်ဖို့ ငါ ကူညီမယ်။ အခု မင်းသူ့ကို မေ့နိုင်အောင် ငါ ကူညီမယ်။ ဒီလိုနည်းနဲ့ပဲ မင်း မခံစားရအောင် မင်း ရပ်နိုင်မှာ"
"ငါ အချိန်လိုတယ်"
"အချိန်နဲ့တင် မင်းဘာမှ ကောင်းအောင် မလုပ်နိုင်ဘူး။ မင်း သူ့ရဲ့ မကောင်းတဲ့ အချက်တွေကိုလည်း ရှာဖို့လိုတယ်။ မင်း သည်းမခံနိုင်တဲ့ မကောင်းတာတွေ တွေ့ရင် မင်း သူ့ကို မကြိုက်တော့ဘဲ နေမှာပဲ။ မင်း လုပ်နိုင်မှာပါ ငါ့သူငယ်ချင်း"
"ကျေးဇူး"
ညသန်းခေါင်မှာတော့ Too က သူ့အခန်းထဲ ပုန်းကာ သူ့ကောင်မလေးနဲ့ video call ပြောနေတယ်။ သူကတော့ ကျွန်တော် စိတ်ကသိကအောက် မဖြစ်အောင် သူနဲ့ တူတူ နေနေတဲ့ အတောအတွင်း မိန်းကလေးတွေ အိမ်မခေါ်လာဘူးလို့ ပြောပါတယ်။ သူ အဲဒါ ပြောတဲ့အချိန်မှာ ကျွန်တော် သူ့ကို ထိုင်ရှိခိုးချင်စိတ်တောင် ပေါက်တယ်။
Too က Khai ရဲ့ မကောင်းတဲ့ အချက်တွေ ရှာခိုင်းတာနဲ့ပတ်သတ်ပြီး ကျွန်တော် နည်းနည်းတော့ စဉ်းစားမိပါတယ်။
ပထမဆုံးက သူ ဆိုင်ကယ်မောင်းတာ အရမ်းမြန်လွန်းတယ်။ အဲဒါ သူ့မကောင်းတဲ့အချက် ထင်တာပဲ။ ဒီဘဝမှာ ကျွန်တော် သူ့ဆိုင်ကယ်နောက်မှာ လိုက်စီးခွင့် မရပေမဲ့ပေါ့။
ဒုတိယအချက်က သူက အားသွန်ခွန်စိုက်မလုပ်ဘဲ လွယ်လွယ် လက်လျှော့တတ်တယ်။ ကျွန်တော် အရင်ထဲက အဲဒီအချက်ကို မကောင်းတဲ့ အချက်လို့ မြင်ခဲ့တာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လိမ်နေတာများလား။ ဖြစ်နိုင်ပါတာပါပဲ။ ကျွန်တော် အချစ်ကို အမုန်းပြောင်းဖို့ မလွယ်မှန်း ဝန်ခံပါတယ်။ ဒါပေမဲ့ အချိန်ကတော့ တတ်နိုင်သမျှ တဖြည်းဖြည်းချင်း ကုသသွားမှာပါ။
──────⊹⊱✫⊰⊹──────