Penchant
Ep _ 8
"ကျွန်တော် အလုပ် လျှောက်ချင်လို့ပါ အစ်ကို "
မျက်လုံးပြူးသွားသော အစ်ကို့ကို ခပ်တည်တည်ဖြင့် ဆက်တိုက် ထပ်ပြောလိုက်သည် ။
"ကျွန်တော် အရင်ကလည်း လုပ်ဖူးပါတယ် အလုပ်ကောင်းကောင်း လုပ်နိုင်ပါတယ် စာရင်းကိုင်လည်း ရပါတယ် ပန်းကန်ဆေးလည်း တော်ပါတယ် ကော်ဖီတို့ အအေးတို့လည်း ရှယ်ဖျော်တတ်ပါတယ် "
"နေ .. နေပါဦး "
"ဟုတ်ကဲ့ "
ရယ်ပြနေသော ထောပတ်သီးလေးက ဒီအလုပ်မှ မရရင် ပြန်မည့်ပုံ မပေါ် ။
"မင်းက ကျောင်းတက်နေတာ မဟုတ်လား ? "
"ဟို ... အတန်းက သိပ်မတက်ဘူး စိတ်ချ final ဆိုတော့ အေးဆေး "
ပြောသာ ပြောလိုက်ရတာ တကယ်တမ်းက Tuto တွေ presentation တွေ အပြည့် ။ ဒီကြားထဲ term paper .... Proposal .... Assignment ....project စုံနေရော ။
ကြည့်ကျက် လုပ်ရတော့မှာပဲ မတတ်နိုင် ... အဓိက က အလုပ်ရဖို့ ။
"လစာက ... "
"ရတယ် အစ်ကို ငွေရေးကြေးရေးက ပြောစရာမလိုပါဘူး ကျွန်တော်က အတွေ့အကြုံ လိုချင်လို့ပါ "
"ဟမ် အင်းပါ "
"ဒါဆို ကျွန်တော့်ကို ခန့်လိုက်ပြီလား "
"CV form တွေ ဘာတွေ မတင်ဘူးလား ထောပတ်သီး ! "
"ဟာဗျာ အစ်ကိုကလည်း သိနေတဲ့ သူတွေပဲကို မလိုပါဘူး ဟဲဟဲ "
"သြော် အေးပါ "
သူက ဆိုင်ရှင်လား ကျွန်တော်က ဆိုင်ရှင်လား မသဲကွဲတော့ ။ ဘယ်လို ကောင်လေးနဲ့ လာတွေ့နေမှန်း မသိ ။
"နာမည်က "
အစ်ကို့ ဆိုင်မှာ ကျွန်တော့် စာအုပ်တွေ ရှိနေတော့ မှိုင်းညှို့သွင် လို့ မပြောချင် ။
သိသွားရင် နေရထိုင်ရ ခက်နေလိမ့်မည် ။ အဲ့လိုမျိုးဆို ရှက်စရာကြီး ကျွန်တော် မနေတတ် ။
"ထောပတ်သီးလေ အစ်ကိုပဲ ခေါ်နေပြီးတော့ "
"မနောက်နဲ့ နာမည် အရင်း မေးတာ "
"အစ်ကို့ နာမည်ကရော "
"ရှင်း "
သိပြီးသား ဆိုပေမယ့် အစ်ကို့ နှုတ်ခမ်းလွှာလေးတွေနဲ့ ကိုယ်တိုင် ပြောတော့ ပိုပြီး နားထောင်လို့ ကောင်းသည် ။
"တစ်လုံးတည်းလား "
"အင်း "
"ဒါဆို ကိုရှင်းလို့ ခေါ်မယ် "
"ကြိုက်သလိုသာ ခေါ် "
"ဟီး "
ထောပတ်သီး က ပြုံးဖြီးနေသည် ။ ရုပ်ကိုက အမြဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘယ်လို ကောင်လေးမှန်း မသိ ။
"ကိုရှင်းက ဒီဆိုင်ပိုင်ရှင်လား "
"အင်း ဘာလို့လဲ "
"ဆိုင်မှာ အမြဲတမ်း မတွေ့လို့ "
"ကိုယ်က ဆရာဝန်ဆိုတော့ ရန်ကုန် ဆေးရုံကြီးမှာ အလုပ်ဝင်နေရသေးလို့ "
အစ်ကိုက ဆရာဝန်မှန်း သိခဲ့ပေမယ့် မြို့ထဲထိ အလုပ်သွားနေမှန်း မသိခဲ့ ။
"ဒါဆို ကျွန်တော် အတန်းတက်နေရင် ဆိုင်ကို ဘယ်လို လုပ်မလဲ "
"ကိစ္စမရှိဘူး ကိုယ် အလုပ်က ထွက်လိုက်ပြီ "
"ဗျာ "
"တကယ်တမ်းက ဒီဆေးကုတဲ့ အလုပ်ကို ဝါသနာ ပါတာ မဟုတ်ဘူး "
"ဒါဆို ဆိုင်မှာပဲ အမြဲ နေတော့မှာပေါ့ "
"အင်း ဟုတ်တယ် "
ရင်ထဲ အပျော်လှိုင်းလေးက မသိမသာ ဖြတ်ပြေးသွားသည် ။ အစ်ကိုက အဲလေ ... နောက်ဆို ကိုရှင်းလို့ပဲ ခေါ်လို့ရနေပြီ ... ကိုရှင်းက ဆိုင်မှာ အမြဲ ရှိနေတော့မှာ ။
"ကိုယ် တိုက်ခန်း ရှာရဦးမယ် "
"သန်လျှင်မှာ နေတော့မလို့လား ? "
"အင်းလေ ကိုယ့်ဆိုင်နဲ့လည်း နီးအောင် "
"ကောင်းတာပါ့ ဒီအပေါ်မှာတောင် အိမ်ငှားတင်မယ်လို့ ကြားတယ် "
"သိတယ် ဈေးကြီးတော့ အဆင်မပြေဘူး ၂ ယောက်လောက် စပ်တူ ငှားနေရရင်တော့ မဆိုးဘူး "
"ဒါဆို ကျွန်တော်နဲ့ တူတူ ငှားမလား "
"ဟမ် "
"ကျွန်တော်လည်း ကျောင်းနဲ့ နီးသွားတာပေါ့ "
"မင်းက အခု ဘယ်မှာနေတာလဲ "
"အဆောင် "
အဆောင်က ကိစ္စမရှိ ။ ရင်းနှီးပြီးသားမို့ အဆင်ပြေအောင် ပြောလိုက်လို့ ရသည် ။ အဓိက လိုနေတာက အိမ်ငှားခ ။ အဖေ့ဆီ ဖုန်းဆက်ရင်တော့ ဆဲသံကိုသာ ကြားရလိမ့်မည် ။ သိပ်တော့ မခက်ခဲ ... ဒေါ်လေးငယ်ဆီ ကပ်ချွဲလိုက်ရင် အိုခေပြီ ။
"နေပါဦး အဆောင်က ထွက်ချင်တိုင်း ထွက်လို့ ရလား "
"ရတယ် ကိုရှင်း ကျွန်တော် ပိုင်ပြီးသား "
ပြုံးရွှင်နေသော ထောပတ်သီးကို မြင်ရတာ နည်းနည်းတောင် ရယ်ချင်လာသည် ။ ဘာတွေ ဒီလောက်ထိ တက်ကြွနေမှန်း မသိ ။
"ပြီးရော ဒါဆို ကိုယ်စုံစမ်းလိုက်မယ် "
"ဟုတ် "
"ဒီနေ့တော့ ပြန်တော့ မနက်ဖြန်မှ အလုပ်လာခဲ့ "
"ဟုတ် တာ့တာ ကိုရှင်း "
"အင်း "
ရယ်မောပြီး ထွက်သွားသော ကောင်လေးကို ကြည့်ပြီး ခေါင်းရမ်းမိသည် ။
ဘယ်လို ကောင်လေးနဲ့ လာတွေ့နေပါလိမ့် .... ။
>>>>>>>>>>>>>>>>
Hello 😁😁
အကြာကြီး ပျောက်သွားလို့ ချောင်းရိုက်ခံရတော့မယ့် အရွှန်းလေးပါ ^-^
RL ထဲ ထည့်ပေးတဲ့ သူတွေရော စောင့်နေပေးတဲ့ သူတွေကိုရောကို အရမ်းတွေ အားနာရပါတယ် ... တာဝန်မကျေသလို ခံစားလို့ -_-
အများကြီး ရေးနိုင်အောင် ကြိုးစားပါ့မယ်
ဒီက အဆိုးလေးကို ခွင့်လွှတ်ကြပါ T.T
(ကပ်ချွဲနေတာ ဟိဟိ )
Love u ❤
>>>>>>>>>>>>>>>>>