Uncle Jae (Complete)

By SueShaMay321

36.3K 3.4K 338

Zaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂ်ယ္လို႔... Jaehyun: ဒီကေလးေတာ့!!! ×× Taeyong: ဦးဂျယ်လ... More

Uncle Jae - A/N
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9) March 20 & March 21, 2014
Part (10)
Part (11) May 16, 2014
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)

Part (31)

777 74 12
By SueShaMay321

Taeyong's POV

က်ေနာ္တို႔ႏွစ္ေယာက္ မဂၤလာေဆာင္ထားတာ ၁ပတ္ေတာင္႐ွိၿပီ။ အဲ့တစ္ပတ္အတြင္း ဘာေတြျဖစ္လဲေတာ့လာမေမးပါနဲ႔...
ဦးဂ်ယ္က သူေဆးရံုတက္ထားရတုန္း ပ်က္ကြက္ထားတဲ့ အလုပ္ေတြအစား လုပ္ေနရေတာ့ ၃ရက္ေလာက္က အိမ္ျပန္မလာဘူး။ companyမွာပဲ အိပ္တယ္။ျပန္လာေတာ့လည္း က်ေနာ့္ကိုေတြ႔ရင္ ျပံဳးတာရယ္တာပဲ လုပ္တယ္။ တစ္ေခါက္ေလးေတာင္ လာမဖက္ဘူး...

က်ေနာ္လည္း ေက်ာင္းေလးဘာေလးၿပီးေတာ႔ အလုပ္လုပ္ရမယ္မ႐ွိဘူး အိမ္ေထာင္ေတြဘာေတြက်ၿပီး အိမ္ေစာင့္ေနရတဲ့အလုပ္ပဲလုပ္ေနရမယ္
ဒီၾကားထဲ ခ်စ္ေယာက္်ားက အလုပ္႐ႈပ္ေနေတာ့ ဟူးးးး ဘာေျပာရမယ္မွန္းကို မသိေတာ့ပါဘူး

ဒီေန႔လည္း ထံုးစံအတိုင္းပဲ မနက္ကေန ညေနထိ သူျပန္လာမယ့္ အခ်ိန္ကိုပဲ ေစာင့္ေနရတယ္။ အခု ညေန ၆နာရီခဲြေနၿပီ...ေတာ္ေတာ္နဲ႔ ျပန္မေရာက္ေသးဘူး။ စိတ္ပူတာက လမ္းမွာတစ္ခုခုျဖစ္မွာကို စိတ္ပူတာပါ။

ျပတင္းေပါက္ေဘာင္မွာ ေမးတင္ေငးရင္း အိမ္ေ႐ွ႕ကျဖတ္သြားတဲ့ မိသားစုေလးတစ္ခုကိုေတြ႔လိုက္တယ္။ ကေလးေလးက ေသးေသးေလး...။ ကေလးေသးေသးေလးကို အေဖကတစ္ဖက္ အေမကတစ္ဖက္ လက္ေမာင္းကေနကိုင္ၿပီးေဆာ့ေနၾကတာ...
သာယာလိုက္တာ..

ဒီလိုေလးေတြျမင္တိုင္း က်ေနာ္ ဦးဂ်ယ္ကို အရမ္း အားနာမိတယ္။ ဘာလို႔ဆို က်ေနာ္က သူ႔ကို ဒီလိုေတြမေပးႏိုင္ဘူးေလ...

အေတြးေခါင္ေနတုန္း ျခံထဲကိုဝင္လာတဲ့ကားတစ္စီးေၾကာင့္ ေခါင္းေထာင္သြားတယ္။
ဦးဂ်ယ္ ျပန္လာၿပီ!!!!!
အျမန္ဆံုးနည္းနဲ႔ အိမ္ေအာက္ကိုေျပးဆင္းသြားၿပီး သူ႔ကားေဘးမွာ ဝင္ရပ္လိုက္တယ္

ကားတံခါးကိုဆဲြဖြင့္လိုက္ေတာ့ ျမင္လိုက္ရတဲ့ ဦးဂ်ယ္မ်က္ႏွာႀကီးဟာ မသာမယာ...။ အရမ္းပင္ပန္းလို႔လား မသိဘူး

"ေပး..က်ေနာ့္ကို ေပး"

သူ႔လက္ထဲက သူ႔ရဲ႕အိတ္ကို ရင္ခြင္မွာပိုက္ၿပီးေတာ့ပဲ အေနာက္ကေန တိတ္တိတ္ေလး လိုက္သြားလိုက္တယ္။ အေနာက္ကလိုက္ရင္း သူ႔ေက်ာျပင္ႀကီးကို ၾကည့္လိုက္ေတာ့ စိုက္က်ေနတဲ့ ေခါင္းနဲ႔ ပင္ပန္းလြန္းလို႔ အေနာက္ကၾကည့္တာေတာင္ ႏြမ္းေနတဲ့ ပုခံုး။

အေပၚထပ္ က်ေနာ္တို႔အခန္းထဲေရာက္တဲ့ထိ စကားတစ္ခြန္းမွ မေျပာေသာပါပဲ။ မ်က္ႏွာထား တည္တည္ႀကီးနဲ႔  အေပၚcoatကို ခြၽတ္ၿပီး အတြင္းshirtက ၾကယ္သီးေတြကိုပါ စိတ္ပ်က္ပ်က္နဲ႔ ျဖဳတ္ဆဲြခြၽတ္ေနတယ္။ ၿပီးေတာ့ necktieကိုပါ စိတ္မပါလက္မပါနဲ႔ ျဖဳတ္ေနေတာ့ လည္ပင္းမွာတစ္ၿပီေပါ့

က်ေနာ္လည္း သူ႔ဒီလိုပံုစံႀကီး ဆက္ၾကည့္မေနႏိုင္ေတာ့လို႔ သူ႔အိတ္ကိုခ်ၿပီး အနားကပ္သြားလိုက္တယ္။

"က်ေနာ္ ျဖည္ေပးမယ္"

ဘာစကားမွျပန္မေျပာခဲ့ဘူး။ က်ေနာ့္ကိုၾကည့္ေတာင္ ၾကည့္ေနလားဆိုတာ မသိတဲ့အေျခအေနႀကီး။ က်ေနာ္လည္း သူ႔မ်က္ႏွာႀကီး ျပန္ေမာ့မၾကည့္ခဲ့ဘူး။ မၾကည့္ရဲဘူးဆိုရင္ ပိုမွန္လိမ့္မယ္

က်ေနာ့္လက္ထဲေရာက္တာေတာင္ ေတာ္ေတာ္နဲ႔ျဖည္မရတဲ့necktie။ ထံုးေနတာေတြကို တစ္ခ်က္ခ်င္းစိတ္႐ွည္႐ွည္နဲ႔ ေသခ်ာျဖည္လိုက္ေတာ့မွ ေနာက္ဆံုး က်ေနာ့္လက္ထဲမွာ ေခြက်သြားတယ္

"ရသြားၿပီ"

ျဖည္ၿပီးသြားတဲ့ necktieကို သူ႔လည္ပင္းကေန ဖယ္ယူလိုက္ၿပီး သူ႔ကိုၾကည့္လိုက္တယ္။ မ်က္လံုးေတြက ရီေဝေဝနဲ႔ က်ေနာ့္ကို အၾကာႀကီး ၾကည့္ေနတယ္။ က်ေနာ္လည္း သူ႔အၾကည့္ေတြကို မလႊဲခဲ့ပါဘူး။ ဒါေပမယ့္ ေနာက္ဆံုးေတာ့ မေနႏိုင္ေတာ့လုိ႔ သူ႔ေ႐ွ႕ကေန ထြက္လာခဲ့တယ္

က်ေနာ္လွည့္ထြက္သြားေတာ့ အေနာက္ကေန လွမ္းတားတဲ့ဟန္နဲ႔ က်ေနာ့္ခါးမွာဖက္လာတဲ့ လက္တစ္စံု။
ေနာက္ဆံုးေတာ့ သူဖက္လာၿပီပဲ။ က်ေနာ္ေတာင္ မသိဘဲ နည္းနည္းေလး ရင္ထဲမွာ ႐ွိန္းသြားတယ္။ တကယ္ပါ သူ႔အထိအေတြ႔ေတြကို မရတာ ၾကာသြားတဲ့အခ်ိန္မွာ ႐ုတ္တရက္ႀကီး ျပန္ရလိုက္ေတာ့ အရာအားလံုးဟာ အသစ္အဆန္းလိုပဲ။

"ကိုယ္...ကေလးကို ပစ္ထားမိေနလား"

ေျပာရင္းနဲ႔ က်ေနာ့္ပုခံုးေပၚကို ေမးလာတင္ၿပီး သူ႔ရဲ႕ အာေငြ႔ပူပူေတြနဲ႔ က်ေနာ္လည္ပင္းကို ဒုကၡေပးေနတယ္

"မဟုတ္ပါဘူး..ဘာလို႔ပစ္ထားရမွာလဲ။ ဦးဂ်ယ္က အလုပ္႐ႈပ္ေနတာပဲကို.. က်ေနာ္ နားလည္ေပးႏိုင္ပါတယ္"

က်ေနာ္ သူ႔ဘက္ကိုလွည့္ရင္း သူ႔ကိုမ်က္လံုးခ်င္းဆံုၾကည့္ၿပီး ေျပာလိုက္တယ္။ ဒီေတာ့မွ သူ႔မ်က္ႏွာက အျပံဳးပန္းတစ္ခုပြင့္လာၿပီး က်ေနာ့္ကိုျပန္ၾကည့္လာတယ္

"သြား ဦးဂ်ယ္...ေရသြားခ်ိဳးေတာ့! က်ေနာ္ ထမင္းစားဖို႔ျပင္လိုက္မယ္"

က်ေနာ့္ကို ေခါင္းညိတ္ျပေနတဲ့ ဦးဂ်ယ္ႀကီးကို ထားခဲ့ၿပီး ၾက်ေနာ္လည္း ေအာက္ထပ္ကို ဆင္းလာလိုက္တယ္

Taeyong's POV END

                                       ***

Jaehyun's POV

က်ေနာ္ အျပစ္႐ွိတဲ့သူတစ္ေယာက္လို ခံစားေနရတယ္။ က်ေနာ္ရဲ႕ ေဒါသေတြကို အျပစ္မ႐ွိတဲ့သူ၊ မဆိုင္တဲ့သူေတြအေပၚကို ပစ္မခ်ခ်င္ဘူး။ အခု က်ေနာ့္ ပ်က္ကြက္ထားတာေတြမ်ားေနေတာ့ companyက ျဖစ္ခ်င္ရာျဖစ္ေနတယ္။ ဒါေတြကို ျပန္လုပ္ေနရတာကိုက တကယ့္ေခါင္းကိုက္စရာ။ အရမ္းလည္းေဒါသထြက္တယ္။
ဒီလိုေဒါသလြယ္ေနတဲ့အခ်ိန္မွာ က်ေနာ့္စိတ္ကို တစ္ေယာက္ေယာက္လာခုသြားရင္ က်ေနာ္သတ္မိမွာပဲ။
ဒါေပမယ့္ Taeyongေလးက က်ေနာ့္ကို အျပည့္အဝနားလည္ေပးတယ္။ က်ေနာ္ အိမ္ျပန္မအိပ္တဲ့ညေတြကိုလည္း အျပစ္မေျပာဘူး။ အိမ္ျပန္ေနာက္က်တာေတြ၊ ျပန္လာရင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္တဲ့ႀကိဳတဲ့သူ႔ကိုအေရးမလုပ္ဘဲ အိမ္ထဲဝင္ခဲ့တာေတြ ဒါေတြတစ္ခုမွကို က်ေနာ့္ကို ျပန္မေျပာခဲ့ဘူး

"ဦးဂ်ယ္!! စားလို႔ရၿပီ!!"

အိမ္ေအာက္ထပ္က သူ႔ေအာ္သံေလးၾကားလို႔ က်ေနာ္အျမန္ေအာက္ဆင္းၿပီး ေျပးသြားလိုက္တယ္။

ဟင္းေတြမ်ား ႐ွယ္ခ်က္ထားလိုက္တာမ်ား မ်ားျပားလို႔!
ဝက္သားအစပ္ခ်က္။ ပဲၾကာဇံသုပ္။ ပဲျပားေၾကာ္။ ပဲပိစပ္ဟင္းရည္။

"ကေလး..ပဲေတြခ်ည္းပဲ"

"Hmm?? ေၾသာ္..ဦးဂ်ယ္ အခုတေလာ အားမ႐ွိတဲ့ပံုေပါက္ေနလို႔ ပဲေတြခ်ည္းခ်က္ေပးထားတာ။ ဦးဂ်ယ္ မႀကိဳက္လို႔လား? အဲ့ဒါဆိုေနာက္ မခ်က္--"

"ဘာလို႔မႀကိဳက္ရမွာလဲ? ကေလးသာ ေကြၽးရင္ အဆိပ္ေတာင္ ေသာက္မွာ"

က်ေနာ့္ စကားၾကားလိုက္လို႔ ဟက္ပက္ပက္နဲ႔ရယ္ေနတဲ့ သူေလးက အရမ္းအျပစ္ကင္းတာ။ ဒီလိုကေလးေလးကို က်ေနာ္ ပစ္ထားမိေနတာပဲ

"စားၾကစို႔!"

ထမင္းစားရင္း က်ေနာ္တို႔ စကားေတြေလွ်ာက္ေပါက္ေျပာေနၾကမိတယ္။ တကယ္တမ္းဆို က်ေနာ္ အရင္ေန႔ေတြကတည္းကိုက ဒီလိုေလးလုပ္ေပးခဲ့ရမွာ။ အခုၾကည့္ေလ က်ေနာ့္ရဲ႕ ဘာမွမရယ္ရတဲ့ ဟာသေတြကိုမ်ား သူအူနာေအာင္ရယ္ေနတာ။ က်ေနာ့္ကို သူလိုအပ္ေနခဲ့တာပဲ။ ဒါမ်ဳိးကိုမွ အိမ္ေထာင္သည္ဘဝလို႔ မေခၚရင္ ဘယ္လိုေခၚမလဲ

"ကိုယ့္ အိမ္လည္း ကေလးေရာက္လာမွပဲ အိမ္နဲ႔တူေတာ့တယ္"

ုက်ေနာ္ ဒီစကားကို ေျပာမိလိုက္ေတာ့မွပဲ ရယ္ေနတဲ့ သူ႔ရယ္သံေတြ႐ုတ္ခ်ည္းဆိုသလို ေပ်ာက္သြားတယ္။ မ်က္ႏွာေလးကလည္း တျဖည္းျဖည္းေမွာင္သြားတယ္

"ေဟးး ဘာျဖစ္သြားတာလဲ"

က်ေနာ္ သူ႔မ်က္ႏွာေလးကို အသာအယာကိုင္ၿပီး မ,လိုက္ေတာ့ သူ မ်က္ရည္ေတြဝဲေနတယ္

"ကေလး..ဘာျဖစ္တာလဲ??! ဦးဂ်ယ္ ဘာမွားေျပာမိလိုက္လို႔လဲ?"

သူ႔ႏႈတ္ခမ္းေတြကို တင္းေနေအာင္ ပိတ္ထားၿပီး ေခါင္းပဲရမ္းျပေနတယ္

"အဲ့ဒါအေျဖမဟုတ္ဘူးေလ။ ေျပာ ကိုယ့္ကို ေျပာ! ဘာျဖစ္သြားတာလဲ?"

"က်ေနာ္ ဦးဂ်ယ္ကို....အားနာမိလို႔"

"ကိုယ့္ကို ဘာအားနာစရာ႐ွိလို႔လဲ?"

"ဦးဂ်ယ္ ခုနက ေျပာတယ္ေလ...အိမ္က ကေလးေရာက္လာမွ အိမ္နဲ႔တူေတာ့တယ္လို႔"

"အဲ့ဒါက ကေလးက ကိုယ့္အိမ္ကို ေရာက္လာမွ--"

က်ေနာ္ သိၿပီ။ က်ေနာ္ သိသြားၿပီ။ က်ေနာ္တို႔ မရခင္ကတည္းကိုက ေျပာခဲ့တဲ့ စကားကို သူျပန္ေျပာေနတာပဲ။
တျဖည္းျဖည္းနဲ႔ ေခါင္းကို ငံု႔ငံု႔သြားတဲ့ သူက ၾကာရင္ ေခါင္းပါမျမင္ရေတာ့ဘူး။ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနရာကေန သူ႔ေဘးနားသြားၿပီး ခံုတစ္ခုကို ဆဲြယူထိုင္လိုက္တယ္။ ၿပီးေတာ့ သူ႔ေက်ာကို လက္နဲ႔ တစ္ခ်က္ခ်င္းပုတ္ေပးၿပီး သူ႔ကိုဆဲြလွည့္လိုက္တယ္

"ကိုယ္က အဲ့ဒါေတြလိုခ်င္တယ္လို႔ ထင္ေနတာလား"

ၾကည့္စမ္းပါဦး ဘာမွမဟုတ္တာေလးကိုမ်က္ရည္ေတြက်ေနလိုက္တာ။ ကေလးေလးရာ..ဘာလို႔ အဲ့လိုေတြေတြးေနရတာလဲ?

"*sobbing*မဟုတ္လို႔လား? ဦးဂ်ယ္ေရာ? ဦးဂ်ယ္နဲ႔တူတဲ့ ကေလးေလးကို မလိုခ်င္ဘူးလား"

"ဘာလို႔ လိုခ်င္ရမွာလဲ? ကိုယ္တစ္သက္လံုးခ်စ္သြားရမယ့္ ဒီကေလးေလး႐ွိေနတာကို...။ မလိုခ်င္ပါဘူး အဲ့ကေလးေတြ!"

"အပိုေတြ။ ေနာက္က်ရင္ ကေလးလိုခ်င္လာတယ္ဆိုၿပီး က်ေနာ့္ကိုပစ္သြားမွာ"

က်ေနာ္ သူ႔စကားၾကားမိၿပီး ေခါင္းေလးကိုေခါက္လိုက္တယ္

"Hey!! ေနာက္တစ္ခါ အဲ့လိုေျပာရဲေျပာၾကည့္ေနာ္။ တကယ္မလိုခ်င္ဘူး...အဲ့ကေလးေတြက သူတို႔႐ႈပ္တာေတြ႐ွင္းရနဲ႔ အႏွီးကလည္း ေလွ်ာ္ရဦးမယ္ အိုးး လုပ္စရာေတြမွအမ်ားႀကီး"

"အဲ့လိုေတြသာေျပာေနတာ တကယ္တမ္းရမယ္ဆိုရင္ ယူမွာပဲမလား? အဲ့ကေလးကို ခ်စ္မွာပဲမလား?"

"အဲ့ကေလးကို ခ်စ္ရမယ္ဆိုရင္ ကေလးက ေမြးမယ့္ ကေလးကိုပဲ ခ်စ္ခ်င္တာေလ။ တျခားသူကေမြးမယ္ဆိုရင္ ဘာလို႔ခ်စ္ရမွာလဲ??"

"က်ေနာ္က....ဘယ္လိုလုပ္ေမြးေပးႏိုင္မွာလဲ?"

"မေျပာႏိုင္ဘူးေလ....ဘုရားသခင္က ကိုယ္တို႔ႏွစ္ေယာက္ကို ၾကင္နာသနားၿပီး ေဟာဒီ့က ကေလးဗိုက္ထဲကို ကေလးေလးတစ္ေယာက္ထည့္ေပးလိုက္ရင္ ဘယ္လိုလုပ္မလဲ"

က်ေနာ္ ဒီလိုေတြေျပာလိုက္ေတာ့မွ သေဘာက်သြားတဲ့ ကေလးေလး။ သူ႔မ်က္ႏွာေလးလည္း ျပန္ရႊင္လာၿပီး ရယ္ရယ္ေမာေမာျပန္ျဖစ္လာတယ္

တကယ္ပါ က်ေနာ္ ကတိေပးတယ္...
က်ေနာ့္ဘဝေရာ ေနာက္ဘဝအတြက္ေရာ ဒီကေလးရဲ႕ အေကာင္းဆံုးေသာ ပိုင္႐ွင္ျဖစ္ပါရေစ ...

Jaehyun's POV END

                                         ---

°Unicode°

Taeyong's POV

ကျနော်တို့နှစ်ယောက် မင်္ဂလာဆောင်ထားတာ ၁ပတ်တောင်ရှိပြီ။ အဲ့တစ်ပတ်အတွင်း ဘာတွေဖြစ်လဲတော့လာမမေးပါနဲ့...
ဦးဂျယ်က သူဆေးရုံတက်ထားရတုန်း ပျက်ကွက်ထားတဲ့ အလုပ်တွေအစား လုပ်နေရတော့ ၃ရက်လောက်က အိမ်ပြန်မလာဘူး။ companyမှာပဲ အိပ်တယ်။ပြန်လာတော့လည်း ကျနော့်ကိုတွေ့ရင် ပြုံးတာရယ်တာပဲ လုပ်တယ်။ တစ်ခေါက်လေးတောင် လာမဖက်ဘူး...

ကျနော်လည်း ကျောင်းလေးဘာလေးပြီးတော့ အလုပ်လုပ်ရမယ်မရှိဘူး အိမ်ထောင်တွေဘာတွေကျပြီး အိမ်စောင့်နေရတဲ့အလုပ်ပဲလုပ်နေရမယ်
ဒီကြားထဲ ချစ်ယောက်ျားက အလုပ်ရှုပ်နေတော့ ဟူးးးး ဘာပြောရမယ်မှန်းကို မသိတော့ပါဘူး

ဒီနေ့လည်း ထုံးစံအတိုင်းပဲ မနက်ကနေ ညနေထိ သူပြန်လာမယ့် အချိန်ကိုပဲ စောင့်နေရတယ်။ အခု ညနေ ၆နာရီခွဲနေပြီ...တော်တော်နဲ့ ပြန်မရောက်သေးဘူး။ စိတ်ပူတာက လမ်းမှာတစ်ခုခုဖြစ်မှာကို စိတ်ပူတာပါ။

ပြတင်းပေါက်ဘောင်မှာ မေးတင်ငေးရင်း အိမ်ရှေ့ကဖြတ်သွားတဲ့ မိသားစုလေးတစ်ခုကိုတွေ့လိုက်တယ်။ ကလေးလေးက သေးသေးလေး...။ ကလေးသေးသေးလေးကို အဖေကတစ်ဖက် အမေကတစ်ဖက် လက်မောင်းကနေကိုင်ပြီးဆော့နေကြတာ...
သာယာလိုက်တာ..

ဒီလိုလေးတွေမြင်တိုင်း ကျနော် ဦးဂျယ်ကို အရမ်း အားနာမိတယ်။ ဘာလို့ဆို ကျနော်က သူ့ကို ဒီလိုတွေမပေးနိုင်ဘူးလေ...

အတွေးခေါင်နေတုန်း ခြံထဲကိုဝင်လာတဲ့ကားတစ်စီးကြောင့် ခေါင်းထောင်သွားတယ်။
ဦးဂျယ် ပြန်လာပြီ!!!!!
အမြန်ဆုံးနည်းနဲ့ အိမ်အောက်ကိုပြေးဆင်းသွားပြီး သူ့ကားဘေးမှာ ဝင်ရပ်လိုက်တယ်

ကားတံခါးကိုဆွဲဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ ဦးဂျယ်မျက်နှာကြီးဟာ မသာမယာ...။ အရမ်းပင်ပန်းလို့လား မသိဘူး

"ပေး..ကျနော့်ကို ပေး"

သူ့လက်ထဲက သူ့ရဲ့အိတ်ကို ရင်ခွင်မှာပိုက်ပြီးတော့ပဲ အနောက်ကနေ တိတ်တိတ်လေး လိုက်သွားလိုက်တယ်။ အနောက်ကလိုက်ရင်း သူ့ကျောပြင်ကြီးကို ကြည့်လိုက်တော့ စိုက်ကျနေတဲ့ ခေါင်းနဲ့ ပင်ပန်းလွန်းလို့ အနောက်ကကြည့်တာတောင် နွမ်းနေတဲ့ ပုခုံး။

အပေါ်ထပ် ကျနော်တို့အခန်းထဲရောက်တဲ့ထိ စကားတစ်ခွန်းမှ မပြောသောပါပဲ။ မျက်နှာထား တည်တည်ကြီးနဲ့  အပေါ်coatကို ချွတ်ပြီး အတွင်းshirtက ကြယ်သီးတွေကိုပါ စိတ်ပျက်ပျက်နဲ့ ဖြုတ်ဆွဲချွတ်နေတယ်။ ပြီးတော့ necktieကိုပါ စိတ်မပါလက်မပါနဲ့ ဖြုတ်နေတော့ လည်ပင်းမှာတစ်ပြီပေါ့

ကျနော်လည်း သူ့ဒီလိုပုံစံကြီး ဆက်ကြည့်မနေနိုင်တော့လို့ သူ့အိတ်ကိုချပြီး အနားကပ်သွားလိုက်တယ်။

"ကျနော် ဖြည်ပေးမယ်"

ဘာစကားမှပြန်မပြောခဲ့ဘူး။ ကျနော့်ကိုကြည့်တောင် ကြည့်နေလားဆိုတာ မသိတဲ့အခြေအနေကြီး။ ကျနော်လည်း သူ့မျက်နှာကြီး ပြန်မော့မကြည့်ခဲ့ဘူး။ မကြည့်ရဲဘူးဆိုရင် ပိုမှန်လိမ့်မယ်

ကျနော့်လက်ထဲရောက်တာတောင် တော်တော်နဲ့ဖြည်မရတဲ့necktie။ ထုံးနေတာတွေကို တစ်ချက်ချင်းစိတ်ရှည်ရှည်နဲ့ သေချာဖြည်လိုက်တော့မှ နောက်ဆုံး ကျနော့်လက်ထဲမှာ ခွေကျသွားတယ်

"ရသွားပြီ"

ဖြည်ပြီးသွားတဲ့ necktieကို သူ့လည်ပင်းကနေ ဖယ်ယူလိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။ မျက်လုံးတွေက ရီဝေဝေနဲ့ ကျနော့်ကို အကြာကြီး ကြည့်နေတယ်။ ကျနော်လည်း သူ့အကြည့်တွေကို မလွှဲခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ မနေနိုင်တော့လို့ သူ့ရှေ့ကနေ ထွက်လာခဲ့တယ်

ကျနော်လှည့်ထွက်သွားတော့ အနောက်ကနေ လှမ်းတားတဲ့ဟန်နဲ့ ကျနော့်ခါးမှာဖက်လာတဲ့ လက်တစ်စုံ။
နောက်ဆုံးတော့ သူဖက်လာပြီပဲ။ ကျနော်တောင် မသိဘဲ နည်းနည်းလေး ရင်ထဲမှာ ရှိန်းသွားတယ်။ တကယ်ပါ သူ့အထိအတွေ့တွေကို မရတာ ကြာသွားတဲ့အချိန်မှာ ရုတ်တရက်ကြီး ပြန်ရလိုက်တော့ အရာအားလုံးဟာ အသစ်အဆန်းလိုပဲ။

"ကိုယ်...ကလေးကို ပစ်ထားမိနေလား"

ပြောရင်းနဲ့ ကျနော့်ပုခုံးပေါ်ကို မေးလာတင်ပြီး သူ့ရဲ့ အာငွေ့ပူပူတွေနဲ့ ကျနော်လည်ပင်းကို ဒုက္ခပေးနေတယ်

"မဟုတ်ပါဘူး..ဘာလို့ပစ်ထားရမှာလဲ။ ဦးဂျယ်က အလုပ်ရှုပ်နေတာပဲကို.. ကျနော် နားလည်ပေးနိုင်ပါတယ်"

ကျနော် သူ့ဘက်ကိုလှည့်ရင်း သူ့ကိုမျက်လုံးချင်းဆုံကြည့်ပြီး ပြောလိုက်တယ်။ ဒီတော့မှ သူ့မျက်နှာက အပြုံးပန်းတစ်ခုပွင့်လာပြီး ကျနော့်ကိုပြန်ကြည့်လာတယ်

"သွား ဦးဂျယ်...ရေသွားချိုးတော့! ကျနော် ထမင်းစားဖို့ပြင်လိုက်မယ်"

ကျနော့်ကို ခေါင်းညိတ်ပြနေတဲ့ ဦးဂျယ်ကြီးကို ထားခဲ့ပြီး ကျြနော်လည်း အောက်ထပ်ကို ဆင်းလာလိုက်တယ်

Taeyong's POV END

                                       ***

Jaehyun's POV

ကျနော် အပြစ်ရှိတဲ့သူတစ်ယောက်လို ခံစားနေရတယ်။ ကျနော်ရဲ့ ဒေါသတွေကို အပြစ်မရှိတဲ့သူ၊ မဆိုင်တဲ့သူတွေအပေါ်ကို ပစ်မချချင်ဘူး။ အခု ကျနော့် ပျက်ကွက်ထားတာတွေများနေတော့ companyက ဖြစ်ချင်ရာဖြစ်နေတယ်။ ဒါတွေကို ပြန်လုပ်နေရတာကိုက တကယ့်ခေါင်းကိုက်စရာ။ အရမ်းလည်းဒေါသထွက်တယ်။
ဒီလိုဒေါသလွယ်နေတဲ့အချိန်မှာ ကျနော့်စိတ်ကို တစ်ယောက်ယောက်လာခုသွားရင် ကျနော်သတ်မိမှာပဲ။
ဒါပေမယ့် Taeyongလေးက ကျနော့်ကို အပြည့်အဝနားလည်ပေးတယ်။ ကျနော် အိမ်ပြန်မအိပ်တဲ့ညတွေကိုလည်း အပြစ်မပြောဘူး။ အိမ်ပြန်နောက်ကျတာတွေ၊ ပြန်လာရင် ပျော်ပျော်ရွှင်ရွှင်တဲ့ကြိုတဲ့သူ့ကိုအရေးမလုပ်ဘဲ အိမ်ထဲဝင်ခဲ့တာတွေ ဒါတွေတစ်ခုမှကို ကျနော့်ကို ပြန်မပြောခဲ့ဘူး

"ဦးဂျယ်!! စားလို့ရပြီ!!"

အိမ်အောက်ထပ်က သူ့အော်သံလေးကြားလို့ ကျနော်အမြန်အောက်ဆင်းပြီး ပြေးသွားလိုက်တယ်။

ဟင်းတွေများ ရှယ်ချက်ထားလိုက်တာများ များပြားလို့!
ဝက်သားအစပ်ချက်။ ပဲကြာဇံသုပ်။ ပဲပြားကြော်။ ပဲပိစပ်ဟင်းရည်။

"ကလေး..ပဲတွေချည်းပဲ"

"Hmm?? သြော်..ဦးဂျယ် အခုတလော အားမရှိတဲ့ပုံပေါက်နေလို့ ပဲတွေချည်းချက်ပေးထားတာ။ ဦးဂျယ် မကြိုက်လို့လား? အဲ့ဒါဆိုနောက် မချက်--"

"ဘာလို့မကြိုက်ရမှာလဲ? ကလေးသာ ကျွေးရင် အဆိပ်တောင် သောက်မှာ"

ကျနော့် စကားကြားလိုက်လို့ ဟက်ပက်ပက်နဲ့ရယ်နေတဲ့ သူလေးက အရမ်းအပြစ်ကင်းတာ။ ဒီလိုကလေးလေးကို ကျနော် ပစ်ထားမိနေတာပဲ

"စားကြစို့!"

ထမင်းစားရင်း ကျနော်တို့ စကားတွေလျှောက်ပေါက်ပြောနေကြမိတယ်။ တကယ်တမ်းဆို ကျနော် အရင်နေ့တွေကတည်းကိုက ဒီလိုလေးလုပ်ပေးခဲ့ရမှာ။ အခုကြည့်လေ ကျနော့်ရဲ့ ဘာမှမရယ်ရတဲ့ ဟာသတွေကိုများ သူအူနာအောင်ရယ်နေတာ။ ကျနော့်ကို သူလိုအပ်နေခဲ့တာပဲ။ ဒါမျိုးကိုမှ အိမ်ထောင်သည်ဘဝလို့ မခေါ်ရင် ဘယ်လိုခေါ်မလဲ

"ကိုယ့် အိမ်လည်း ကလေးရောက်လာမှပဲ အိမ်နဲ့တူတော့တယ်"

ုကျနော် ဒီစကားကို ပြောမိလိုက်တော့မှပဲ ရယ်နေတဲ့ သူ့ရယ်သံတွေရုတ်ချည်းဆိုသလို ပျောက်သွားတယ်။ မျက်နှာလေးကလည်း တဖြည်းဖြည်းမှောင်သွားတယ်

"ဟေးး ဘာဖြစ်သွားတာလဲ"

ကျနော် သူ့မျက်နှာလေးကို အသာအယာကိုင်ပြီး မ,လိုက်တော့ သူ မျက်ရည်တွေဝဲနေတယ်

"ကလေး..ဘာဖြစ်တာလဲ??! ဦးဂျယ် ဘာမှားပြောမိလိုက်လို့လဲ?"

သူ့နှုတ်ခမ်းတွေကို တင်းနေအောင် ပိတ်ထားပြီး ခေါင်းပဲရမ်းပြနေတယ်

"အဲ့ဒါအဖြေမဟုတ်ဘူးလေ။ ပြော ကိုယ့်ကို ပြော! ဘာဖြစ်သွားတာလဲ?"

"ကျနော် ဦးဂျယ်ကို....အားနာမိလို့"

"ကိုယ့်ကို ဘာအားနာစရာရှိလို့လဲ?"

"ဦးဂျယ် ခုနက ပြောတယ်လေ...အိမ်က ကလေးရောက်လာမှ အိမ်နဲ့တူတော့တယ်လို့"

"အဲ့ဒါက ကလေးက ကိုယ့်အိမ်ကို ရောက်လာမှ--"

ကျနော် သိပြီ။ ကျနော် သိသွားပြီ။ ကျနော်တို့ မရခင်ကတည်းကိုက ပြောခဲ့တဲ့ စကားကို သူပြန်ပြောနေတာပဲ။
တဖြည်းဖြည်းနဲ့ ခေါင်းကို ငုံ့ငုံ့သွားတဲ့ သူက ကြာရင် ခေါင်းပါမမြင်ရတော့ဘူး။ သူနဲ့မျက်နှာချင်းဆိုင် ထိုင်နေရာကနေ သူ့ဘေးနားသွားပြီး ခုံတစ်ခုကို ဆွဲယူထိုင်လိုက်တယ်။ ပြီးတော့ သူ့ကျောကို လက်နဲ့ တစ်ချက်ချင်းပုတ်ပေးပြီး သူ့ကိုဆွဲလှည့်လိုက်တယ်

"ကိုယ်က အဲ့ဒါတွေလိုချင်တယ်လို့ ထင်နေတာလား"

ကြည့်စမ်းပါဦး ဘာမှမဟုတ်တာလေးကိုမျက်ရည်တွေကျနေလိုက်တာ။ ကလေးလေးရာ..ဘာလို့ အဲ့လိုတွေတွေးနေရတာလဲ?

"*sobbing*မဟုတ်လို့လား? ဦးဂျယ်ရော? ဦးဂျယ်နဲ့တူတဲ့ ကလေးလေးကို မလိုချင်ဘူးလား"

"ဘာလို့ လိုချင်ရမှာလဲ? ကိုယ်တစ်သက်လုံးချစ်သွားရမယ့် ဒီကလေးလေးရှိနေတာကို...။ မလိုချင်ပါဘူး အဲ့ကလေးတွေ!"

"အပိုတွေ။ နောက်ကျရင် ကလေးလိုချင်လာတယ်ဆိုပြီး ကျနော့်ကိုပစ်သွားမှာ"

ကျနော် သူ့စကားကြားမိပြီး ခေါင်းလေးကိုခေါက်လိုက်တယ်

"Hey!! နောက်တစ်ခါ အဲ့လိုပြောရဲပြောကြည့်နော်။ တကယ်မလိုချင်ဘူး...အဲ့ကလေးတွေက သူတို့ရှုပ်တာတွေရှင်းရနဲ့ အနှီးကလည်း လျှော်ရဦးမယ် အိုးး လုပ်စရာတွေမှအများကြီး"

"အဲ့လိုတွေသာပြောနေတာ တကယ်တမ်းရမယ်ဆိုရင် ယူမှာပဲမလား? အဲ့ကလေးကို ချစ်မှာပဲမလား?"

"အဲ့ကလေးကို ချစ်ရမယ်ဆိုရင် ကလေးက မွေးမယ့် ကလေးကိုပဲ ချစ်ချင်တာလေ။ တခြားသူကမွေးမယ်ဆိုရင် ဘာလို့ချစ်ရမှာလဲ??"

"ကျနော်က....ဘယ်လိုလုပ်မွေးပေးနိုင်မှာလဲ?"

"မပြောနိုင်ဘူးလေ....ဘုရားသခင်က ကိုယ်တို့နှစ်ယောက်ကို ကြင်နာသနားပြီး ဟောဒီ့က ကလေးဗိုက်ထဲကို ကလေးလေးတစ်ယောက်ထည့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ"

ကျနော် ဒီလိုတွေပြောလိုက်တော့မှ သဘောကျသွားတဲ့ ကလေးလေး။ သူ့မျက်နှာလေးလည်း ပြန်ရွှင်လာပြီး ရယ်ရယ်မောမောပြန်ဖြစ်လာတယ်

တကယ်ပါ ကျနော် ကတိပေးတယ်...
ကျနော့်ဘဝရော နောက်ဘဝအတွက်ရော ဒီကလေးရဲ့ အကောင်းဆုံးသော ပိုင်ရှင်ဖြစ်ပါရစေ ...

Jaehyun's POV END

                                         ---

Continue Reading

You'll Also Like

586K 21.3K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
891K 54.8K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
10.8K 1K 18
Credit to @pengennulisau on Wattpad Enigma ဆိုတာက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး သူရဲ့ရှားပါးလွန်းမှုကြောင့် ဒဏ္ဍာရီလာ မျိုးစိတ်ဟုပင် သတ်မှတ်ခြင်းခံရ...
1.1M 19.2K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...