Part (13)

938 97 18
                                    

Jaehyun's POV

ကျနော့် Taeyongကတော့ ကျနော့်ကို မယုံနိုင်သေးဘူးလားမသိပါဘူး။ သူ့ကိုကျနော်ထားသွားမှာကို အကြောက်ဆုံးတဲ့။ ကြားထဲမှာလည်း ဒီ 'ကျနော်က ထားခဲ့မှာ' ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခဏခဏရန်ဖြစ်ခဲ့ရတာ။ အရင်အပတ်ကဖြစ်ခဲ့တာ အဆိုးဝါးဆုံးပဲ။ သူလည်းတစ်ခါမှမအော်ဖူးသလို ကျနော်လည်း စိတ်လိုက်မာန်ပါနဲ့ လုပ်မိခဲ့တာ။ ဒီကြားထဲ Yeriကပါ ပြန်ရောက်လာတော့ ကျနော့်ကို သူလုံးဝမယုံတော့တာ။ နောက်၂ရက်လောက်နေရင် Yeriက နောက်ထပ်ပြန်ရောက်လာပြီး ကျနော် ခဏလိုက်သွားရမယ်။ ကလေးကိုပြောမယ်လုပ်တိုင်း သူကရှောင်ထွက်သွားသလိုလို၊ ကျနော့်စကားကိုဖြတ်ပစ်တာတွေလိုမျိုး လုပ်နေခဲ့တာ။
အခုတော့ ကျနော့်ပေါင်ပေါ်မှာထိုင်ပြီး ကျနော့်ကိုချွဲနေတယ်။ သူ့လက်နဲ့ ကျနော့်လက်နဲ့ လာတိုင်းလိုက်၊ ကျနော့်necktieကို ပြန်ဖြေလိုက် ပြန်ဆွဲတင်လိုက်၊ ကျနော့်ကိုရယ်ပြခိုင်းပြီး ကျနော်ရယ်တော့ ပါးချိုင့်ထဲကို လက်ညိုးနဲ့လက်ထည့်လိုက်နဲ့ စကားတွေကို ဟိုပြောဒီပြောလုပ်နေတာ။ ကြည့်ရတာ သူYeriနဲ့ပတ်သက်တာ နားမထောင်ချင်လို့ဖြစ်လိမ့်မယ်

ကျနော်လည်းသူ့ကိုပြုံးပြုံးကြီးနဲ့ကြည့်နေတုန်း အခန်းထဲကိုလူတစ်ယောက်က တံခါးလည်းမခေါက်ဘဲ ဝင်လာတယ်။

"Jaehyun...!! ဟာ..ဘာတွေဖြစ်နေကြတာလဲ??"

ကျနော်ကတော့ အပြုံးမပျက်ဘဲ

"လာလေ..မင်းလည်းမသိတာမဟုတ်ဘဲနဲ့"

Johnnyဆိုတဲ့ကောင်က သူကိုယ်တိုင်လည်း အကုန်သိပြီးသားကို လာအော်နေတယ်
ကလေးကသူရောက်လာတော့ ကျနော့်ပေါ်မှာ ထိုင်နေရာကနေ ထသွားမယ်လုပ်နေတယ်။ ကျနော်လည်း သူ့ခါးကိုပြန်ဖက်ပြီး ခေါင်းရမ်းပြလိုက်တော့ သူကJohnnyကို လှမ်းကြည့်နေရှာတယ်

"Jaehyun..ဒါက ဒီတစ်ခေါက်လက်မှတ်ထိုးရမယ့် ကြော်ငြာတွေ...။ ပြီးတော့ ဒါက ရှယ်ယာရှင်တွေရဲ့ အတည်ပြုချက်တွေ..ပြီးတော့............... နေပါဦး မင်းတို့က အဲ့လိုလုပ်နေတော့ ငါက ဘယ်သူ့သွားပြောရမှာလဲ?"

"ငါ နားထောင်နေတယ်လေ"

Johnnyကို ကြည့်လိုက် ကျနော့်ကိုကြည့်လိုက် လုပ်နေတဲ့ ကလေးက နောက်ဆုံးတော့ ကျနော့်နားရွက်နားကပ်လာပြီး 'ဦးဂျယ် ကျနော်သွားလိုက်ရင် ကောင်းမယ်ထင်တယ်နော်' ဆိုပြီး အသာလေးလာပြောနေတယ်။
ကျနော်လည်း 'အင်း'တစ်လုံးပဲပြောလိုက်တော့ သူလည်း ထသွားတယ်

Uncle Jae (Complete)Where stories live. Discover now