Part (10)

918 99 2
                                    

Taeyong's POV

"ဘာ? LEE TAEYONG!!!!"

"ဟာ...ဖြည်းဖြည်းအော်စမ်းပါဟ"

လူကြားထဲ ထအော်လိုက်တဲ့ Tenကို ပါးစပ်ပိတ်ပြီး မနည်းတားလိုက်ရတယ်။ ကျနော်နဲ့ ဦးဂျယ် ဖြစ်ကြောင်းကို ပြောပြလိုက်ရတာပေါ့။ မပြောလို့လည်းမရတော့ဘူးလေ။ သူမသိလို့ဘယ်ဖြစ်မလဲ။

"မင်းက ငါ့ကိုသာ ဟိုJohnnyနဲ့ ဘာညာဘာညာ လာပြောနေတာ...။ နေပါဦး ဘယ်လိုလုပ်ဖြစ်သွားကြတာလဲ"

"ငါလည်းမသိဘူး။ အဲ့နေ့မတိုင်ခင်ညက ငါတို့karaokeမှာကတည်းကိုက ငါ့ကို Johnny hyungလို့ ထင်ပြီး သူမူးပြီး ဖွင့်ပြောနေတာ။ အစက နားထောင်နေတုန်းတော့ ငါလည်းတခြားတစ်ယောက်ထင်နေလို့ ငြိမ်နေလိုက်တာ။ နောက်တော့မှ ငါတဲ့လေ..ငါတဲ့...။ Tenရေ...ငါ့ကိုချစ်နေတာတဲ့"

"အာ....ဘာထဖြစ်တာလဲဟာ..။ဆက်ပြော"

"အဲ့လိုတွေလည်းပြောပြီးရော သူလည်းမှောက်သွားတာနဲ့ ငါသူ့ကိုအိမ်ခေါ်သွားလိုက်တယ်။ သူ့ရဲ့ အိပ်ပျော်နေတဲ့ ပုံကစ ဘယ်လောက်ကြည့်ကောင်းလဲဆိုတာ မင်းယုံနိင်မှာမဟုတ်ဘူး။ ယောက်ျားတစ်ယောက်ကလေ အသားဖြူဖြူ ပါးချိုင့်ထင်းထင်း နှာခေါင်းလုံးလုံးနဲ့ ကြည့်ကောင်းတာ ဒီကမ္ဘာမှာ သူတစ်ယောက်ပဲ ရှိတာပဲ.."

"အမလေး..ပိုလိုက်တာ..သူ့ sugar daddyကြီးကိုများ"

"ဘာsugar daddyလဲ?ငါ လုပ်ထည့်လိုက်ရ"

"ဆက်ပြော..ဆက်ပြော"

"သူ့အိမ်လည်းရောက်တော့ Markကို လှမ်းခေါ်ပြီး ထားခဲ့လိုက်ရတာပဲ။ ပြီးတော့ လာခဲ့တဲ့ taxiပေါ်ပြန်တက်လိုက်တော့ လေးထောင့်အတုံးလေးက ငါ့ဖင်အောက်လာခုနေတာနဲ့ ကြည့်လိုက်တော့ သူ့မီးခြစ်ဖြစ်နေတာ။ taxi driverကလည်း စက်နှိုးနေပြီဆိုတော့ ငါလည်းဆင်းမပေးလိုက်တော့တာ.."

"ဒေါင်းချား..မီးခြစ်ကိုဆင်းပေးလိုက်လို့ရရဲ့သားနဲ့ ဇာတ်လမ်းတွေဆင်နေတာ"

"လျှာမရှည်နဲ့..။ ငါ့မှာအဲ့နေ့ညက ကောင်းကောင်းကိုအိပ်လို့မပျော်ဘူး။ သူငါ့ကိုတကယ်ချစ်ပါ့မလားလို့တွေးနေရင်း မိုးလင်းတဲ့ထိပဲ။ ငါလည်း တအားသိချင်လာတာနဲ့ ဖုန်းဆက်ပြီး မီးခြစ်ကိုလာပေးရမလား ဆက်ယူထားရမလားဆိုပြီး မေးတော့ 7th senseမှာစောင့်နေတဲ့။ ငါလည်းအဲ့ကိုသွားစောင့်ပြီး မီးခြစ်ပြန်ပေးရင်း ဒီလိုတွေဖြစ်သွားကြတာပဲ"

Uncle Jae (Complete)Where stories live. Discover now