Part (32)

787 75 8
                                    

Taeyong's POV

ကျနော်တို့ အိမ်ထောင်ရေးမှာ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ မရှိသလောက်ဆိုတာထက် ဦးဂျယ်က အိမ်မှာ မရှိတာများတော့ ကောင်းကောင်းမတွေ့ဖြစ်လို့လည်း ပါမှာပဲ။ နှစ်ယောက်လုံး မယူခင်ကတည်းကိုက တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးပြီး နေခဲ့ကြတယ် တော်ရုံနဲ့ ရန်သိပ်မဖြစ်ကြဘူး။ ဖြစ်ရင်လည်း ဦးဂျယ်က အလျှော့ပေးတာများတယ်

အခုတလောတော့ ဦးဂျယ်တို့ companyက အဆင်ပြေတာလေးတွေရှိလာပုံပေါ်ပါတယ်။ အိမ်ပြန်တာလည်း စောလာတယ်။ ပြီးတော့ အခုဆို နားရက် ၄ရက်လောက်ယူထားတယ်။ ကျနော်နဲ့ အိမ်မှာတူတူနေချင်လို့တဲ့။

ပထမ ၂ရက်အထိ ပြဿနာ မစသေးဘူး။ ၃ရက်မြောက်မှာ စတော့တာပဲ။ ဘယ်လိုဟာမျိုးက ဦးဂျယ်ကို PS4 discပေးလိုက်လဲ မသိပါဘူး ဆော့လို့ကို မပြီးတော့ဘူး။ ကျနော့်ကိုလှည့်မကြည့်နိုင်တော့တဲ့အထိပဲ။ အခုလည်း တစ်မနက်ခင်းလုံး ဆော့နေတာ မနက် ၅နာရီကနေ အခု၁၀နာရီအထိပဲ။ အရင်က ကျနော် ဂိမ်းသရဲတောင် မလုပ်တော့ဘူး။ သူက မကြီးမငယ်နဲ့။ မနက်ကတည်းကိုက မစားမသောက်နဲ့ အားထုတ်နေတာမို့ အခုသူ့အတွက် စွပ်ပြုတ်လုပ်ပေးနေရတယ်

"သေစမ်း သေစမ်း!!!"

ကြည့်လေ...အော်ချင်တိုင်းအော်နေတာ။ ဒါလား အသက်၃၀အရွယ် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် အိမ်ထောင်သည်ယောက်ျားတစ်ယောက်တဲ့။ အထက်တန်းကျောင်းသားနဲ့တောင် မှားရလိမ့်မယ်

*dding*

အိမ်ရှေ့က bellသံကြားလို့ ကျနော် ကြည့်လိုက်တော့ online shopက ပစ္စည်းမှာထားတာလာပို့တာဖြစ်တယ်။ ကျနော်အရမ်းကြိုက်တဲ့ နားကြပ်ဘူးလေးလာပို့တာပဲဖြစ်ရမယ်။ ကျနော့်မှာ အဲ့ဒါလေးကို လိုချင်နေတာ ကြာပီ။ sold outဖြစ်ဖြစ်သွားလို့ စောင့်နေလိုက်ရတာ အခုတော့ရောက်လာပြီ

"ဦးဂျယ်!!!! စွပ်ပြုတ်အိုးလေးလာကြည့်ပေးပါဦး!!"

"..."

ဘာသံမှမကြားရဘူး ဂိမ်းထဲကအသံတွေကလွဲလို့

"ဦးဂျယ်!!!!!" *dding*

အပြင်ဘက်က bellတီးသံက ပိုပြီးကျယ်ကျယ်လာတာမို့လို့ မနေနိုင်တော့လို့ ထွက်ကြည့်လိုက်တော့မှ သူကtvရှေ့က တစ်ဖဝါးမှ မခွာဘူးလေ။

Uncle Jae (Complete)Där berättelser lever. Upptäck nu