Part (38)

1.2K 78 16
                                    

°Unicode°
Zawgyi below

Jaehyun's POV

"ဦးဂျယ် ကျနော် အရမ်းကြောက်နေတယ်"

ခုတင်ပေါ်ကနေ ကျနော့်လက်တစ်ဖက်ကို ကိုင်ထားပြီး မျက်ရည်ဝဲနေတဲ့ကလေးမျက်နှာလေးကို ကြည့်ရတာ ကျနော့်ရင်ဘတ်တစ်ခုလုံးကို မီးနဲ့မြှိုက်နေသလိုပါပဲလား

"စိတ်မပူနဲ့ ကိုယ်အမြဲ ကလေးဘေးမှာရှိတယ်နော်! အခုက ခဏလေးပါပဲ ခဏလေးပဲ တောင့်ခံလိုက်ရင် ပြီးသွားမှာပါ!! အားတင်းထားရမယ်လေ ကိုယ်တို့Yoonjaeလေးကို မြင်ရတော့မှာ!"

ကျနော် ဖြေသိမ့်ပေးလိုက်တော့ စိတ်သက်သာရာရသွားတဲ့ အပြုံးလေးတစ်ခုကို မျက်နှာပေါ်မှာချန်ရင်း မျက်စိလေးမှိတ်သွားတယ်
ကလေးရယ်.. ကလေးရဲ့ဝေဒနာတွေ ကိုယ်သာခံစားလိုက်ချင်တယ်
အခုအချိန်မှာ ကျနော်သူ့ကိုလုပ်ပေးနိုင်တာက သူ့လက်ကလေးကို ကိုင်ပြီး အားပေးနေရုံမှတစ်ပါး မတတ်နိုင်။
ခွဲစိတ်ရမယ့်အချိန်နီးလာလေလေ ကျနော့်ရဲ့ ရင်ဘတ်တစ်ခုလုံးပေါက်ထွက်မလိုဖြစ်လေလေပါပဲ

ခဏအကြာ~

"Jae... Taeyongဝင်ရတော့မယ်"

Johnnyရဲ့အသံကြောင့် ကျနော်ပိုပြီးတုန်လှုပ်သွားတယ်
ကလေး တစ်ခုခုမှားသွားလို့ မဖြစ်ဘူး
ဒါကြောင့် သူ့ရဲ့မျက်နှာကို သေချာကြည့်ပြီး အနမ်းလေးတစ်ချက်ပေးလိုက်တယ်
ကျနော်တို့ချစ်ခြင်းမှာ စကားလုံးတွေမလိုအပ်တော့ပါဘူး...

ကလေး ခွဲခန်းထဲဝင်သွားပြီးတဲ့နောက်ပိုင်း ကျနော် ဘယ်လိုမှစိတ်အေးလို့ မရခဲ့ဘူး
ကလေး အဆင်ပြေပါ့မလား
Yoonjaeလေးရော အဆင်ပြေပြေနဲ့ လူ့လောကထဲ ရောက်လာပါ့မလား

ကလေးရဲ့ အဖေနဲ့အမေကတော့ စိတ်မပူဖို့ပြောပေမယ့် ခွဲစိတ်ဓားတွေအောက်မှာ ရှိနေတာက ကျနော့်ဘဝရဲ့ အရေးကြီးဆုံးလူနှစ်ယောက်လေ။
ကျနော့်စိတ်ကို ဘယ်လိုမှထိန်းချုပ်မရခဲ့ဘူး

၄၅မိနစ်လောက်ကြာတော့ ဆရာဝန်ကြီးထွက်လာတယ်
ကျနော်ကိုယ်တိုင်လည်း ချွေးတစ်လုံးလုံးဖြစ်နေပြီး စကားတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ တစ်ကိုယ်လုံးတောင့်တင်းနေပြီး ရုပ်ထုသဏ္ဌာန်ဖြစ်နေပီ

Uncle Jae (Complete)Where stories live. Discover now