Uncle Jae (Complete)

By SueShaMay321

36.3K 3.4K 338

Zaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂ်ယ္လို႔... Jaehyun: ဒီကေလးေတာ့!!! ×× Taeyong: ဦးဂျယ်လ... More

Uncle Jae - A/N
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9) March 20 & March 21, 2014
Part (10)
Part (11) May 16, 2014
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)

Part (25)

658 81 11
By SueShaMay321

Taeyong's POV

ဦးဂ်ယ္ခုတင္ေဘးက ထိုင္ခံုမွာ က်ေနာ္ ငိုရင္းနဲ႔ အိပ္ေပ်ာ္သြားခဲ့တာပဲ။ ေနေတာင္ေကာင္းေကာင္းထြက္ေနၿပီ။ က်ေနာ္ခါးေတြလည္း ေညာင္းေနၿပီ။က်ေနာ္ မ်က္လံုးကိုတစ္ခ်က္ခ်င္းပြတ္ေနလိုက္ၿပီး သမ္းေဝေနမိတယ္။ မအိပ္စဖူး ထိုင္လ်က္ႀကီးနဲ႔ အိပ္မိသြားေတာ့ မတ္တပ္ေတာင္ရပ္မရဘူးျဖစ္ေနတယ္။ ဒါေပမယ့္ ဒါအေရးႀကီးတာမဟုတ္ဘူး။ အေရးႀကီးတာ ဦးဂ်ယ္!!

ဦးဂ်ယ္ကို အျမန္ဆံုးၾကည့္လိုက္ေတာ့ သူက မေန႔ညက အတိုင္းပါပဲ။ ေအးေအးခ်မ္းခ်မ္းေလးနဲ႔ အိပ္ေနတုန္းပဲ..

က်ေနာ္ကေတာ့ ဒီမွာပူေလာင္ေနလိုက္ရတာ....
သူက ခုထိ အိပ္ေနတုန္းပဲ
က်ေနာ့္ကို သနားရင္ ထပါေတာ့ ဦးဂ်ယ္ရယ္..

အေနာက္ကတံခါးဖြင့္သံၾကားလို႔ က်ေနာ္လွည့္လိုက္ေတာ့ Markေရာက္လာတာျဖစ္တယ္

"Jaehyun hyung??"

သူလည္းပဲ က်ေနာ့္လိုပဲ။ တစ္ကိုယ္လံုးတုန္ရီေနၿပီး စကားေတာင္ ေကာင္းေကာင္းမေျပာႏိုင္ဘူး

"ဘယ္..ဘယ္လိုျဖစ္တာလဲ"

က်ေနာ္ ျပန္မေျပာႏိုင္ခဲ့ဘူး။ Markကို အကုန္စင္ ႐ွင္းျပဖို႔က်ေနာ့္မွာ အားမ႐ွိေတာ့ဘူး။ က်ေနာ္မွားတာေလ က်ေနာ့္ေၾကာင့္ ဦးဂ်ယ္ဒီလိုျဖစ္ခဲ့ရတာ။ က်ေနာ္ Markကို ေကာင္းေကာင္း ရင္မဆိုင္ရဲဘူး

က်ေနာ့္ဘက္က စကားသံမၾကားလို႔ Markလည္း ဆက္မေမးေတာ့ဘဲ အျပင္ကိုျပန္ထြက္သြားတယ္

"ဦးဂ်ယ္..က်ေနာ္ အရမ္းမွားခဲ့ၿပီ"

"လူေတြက က်ေနာ့္ကို ဦးဂ်ယ္နဲ႔ပတ္သက္ၿပီး မေကာင္းျမင္ၾကေတာ့မယ္။ က်ေနာ္ ဘယ္လိုတံု႔ျပန္ရမလဲ huh? ဦးဂ်ယ္!"

က်ေနာ္ ထပ္ငိုျပန္ၿပီ။ မ်က္လံုးေတြလည္း စပ္လွၿပီ။ အသံေတြလည္းနာေနၿပီ။ လက္ေတြလည္း အၾကာႀကီးဆုပ္ကိုင္ထားရလို႔ နီရဲေနၿပီ။ ဒါေတြထက္ပိုဆိုးတာက က်ေနာ့္ရင္ဘတ္တစ္ခုလံုးလည္း စုတ္ျပတ္ေနၿပီ။ အထဲက ႏွလံုးသားဟာလည္း ဦးဂ်ယ္ကိုျမင္တိုင္း တစ္ဆစ္ဆစ္နဲ႔ ခံစားရတယ္။

အျပစ္သားတစ္ေယာက္လိုပဲ ခံစားေနရတယ္။ ဘာမဟုတ္တဲ့အရာတစ္ခုအတြက္နဲ႔ ကိုယ္ခ်စ္ရတဲ့သူတစ္ေယာက္လံုး ဆံုး႐ွံုးရေတာ့မလိုျဖစ္ခဲ့တာ...
က်ေနာ္ အေတာ္အသံုးမက်တာပဲ

ခဏေနေတာ့ Johnny, Tenနဲ႔ Markတို႔ ဝင္လာၾကတယ္။ အကုန္လံုးမ်က္ႏွာမေကာင္းၾကဘူး

"Taeyong ငါတို႔ ဆရာဝန္နဲ႔ထပ္ေတြ႔လာတယ္"-Johnny

Johnnyစကားကိုၾကားေတာ့ က်ေနာ္ခ်က္ခ်င္းပဲ ထိုင္ရာက ထမိတယ္။ သူတို႔႐ွိေနတဲ့ေနရာကို သြားလိုက္ၿပီး ဝင္ထိုင္လိုက္တယ္

"Jaehyunရဲ႕ အေျခအေနက...50-50ပဲ..အသက္႐ွင္ဖို႔နဲ႔....ဆံုးရံႈးရဖို႔က တစ္ဝက္စီပဲ။ ဒီလိုcomaျဖစ္ေနတဲ့အခ်ိန္မွာ ငါတို႔ သူ႔ကိုဆံုး႐ွံုးသြားႏိုင္ေခ်႐ွိတယ္"-Johnny

က်ေနာ္ ေခါင္းရမ္းျပလိုက္တယ္

"ဟင့္အင္း မျဖစ္ႏိုင္ဘူး..ဦးဂ်ယ္ ေသခ်ာေပါက္ အသက္႐ွင္မွာ! ဘယ္ေလာက္ေစာင့္ရ ေစာင့္ရ က်ေနာ္ ေစာင့္မယ္!! သူ အသက္ျပန္႐ွင္မွာ!!!"

သူတို႔၃ေယာက္လံုး လိမ္ေနၾကတာ! မဟုတ္တာေတြေျပာေနတာ။ ဦးဂ်ယ္ က်ေနာ့္ကို ထားမသြားဘူး။ ဘယ္ေတာ့မွထားမသြားဘူး။

"Taeyong မင္း စိတ္ကိုအသင့္ျပင္ထားဖို႔ေျပာတာ"-Ten

"ဘာကိုအသင့္ျပင္ရမွာလဲ? သူငါ့ကို ထားမသြားဘူး! ငါသိတယ္။ သူ ငါ့ကိုကတိေတြေပးထားတယ္။ ငါ့ကို အဲ့လိုရာခိုင္ႏႈန္းေတြနဲ႔ လာမေျပာနဲ႔ ငါမႀကိဳက္ဘူး!!!"

က်ေနာ့္ကို အံ့ၾသတာနဲ႔ သနားတာေရာေနတဲ့ မ်က္လံုးေတြနဲ႔ ၾကည့္ေနၾကတယ္။ မၾကည့္နဲ႔! ဦးဂ်ယ္က ျပန္လာမွာ! က်ေနာ့္ကို ဘယ္ေတာ့မွ ထားမသြားဘူး။

                                     ~~~

3 weeks later~~

'ဦးဂ်ယ္ကိုေလ က်ေနာ္အရမ္းခ်စ္တာ သိလား? ဦးဂ်ယ္.. အဲ့ဒီစကားလံုးႀကီးႏွစ္လံုးနဲ႔တင္ က်ေနာ့္ကိုျပံဳးေအာင္လုပ္ႏိုင္တာ ဦးဂ်ယ္ပဲ႐ွိတာ..

                                                ေစာင့္ေနလ်က္
ဦးဂ်ယ္ရဲ႕ကေလး~~'

ေနာက္ထပ္စာရြက္ကေလးတစ္ခုကို က်ေနာ္ေရးၿပီးလို႔ ညီညီညာညာေခါက္ၿပီး အရင္ကစာရြက္ေလးေတြ႐ွိေနတဲ့ ဖန္ပုလင္းေလးထဲကို ထည့္လိုက္တယ္။
လြန္ခဲ့တဲ့၃ပတ္က ပုလင္းအလြတ္ကေလးဟာ အခုျပည့္သေလာက္ျဖစ္ေနၿပီ။ က်ေနာ္ ဦးဂ်ယ္ကို သတိရတိုင္း၊ လြမ္းတိုင္း ေနာက္ၿပီး သူ႔ကို မေျပာမိခဲ့တဲ့ မေျပာျဖစ္ခဲ့တဲ့ စကားေလးေတြ၊ က်ေနာ့္ရဲ႕ daily workေတြ ဒါေတြကို သူ႔ကိုေျပာျပတဲ့အေနနဲ႔ တစ္ရြက္ခ်င္းေရးၿပီး သိမ္းလာခဲ့တာ။

က်ေနာ္ ဦးဂ်ယ္ဆီကို ေန႔တိုင္းသြားတယ္။ ဒီမွာပဲ စာလုပ္တယ္။ တစ္ေနကုန္ ေက်ာင္းမွာေနၿပီး ညေနကေန ညအထိ ဦးဂ်ယ္ကို စကားေတြေျပာရင္း အခ်ိန္ေတြကိုကုန္ဆံုးေစခဲ့တယ္။ တစ္ခါတစ္ေလ ဒီမွာ ညအိပ္တဲ့ေန႔ေတြေတာင္႐ွိတယ္။ က်ေနာ္ သူနဲ႔ပဲေနခ်င္ခဲ့တာ..
အရင္က သူဖက္ေပးထားမွ ေႏြးေထြးမယ္လို႔ထင္ခဲ့ေပမယ့္ မဟုတ္ပါဘူး..သူ႔ အေငြ႔အသက္ရရင္ကို က်ေနာ္က ေႏြးေထြးေနတာ

ပုလင္းအလြတ္ကေလးက တျဖည္းျဖည္းျပည့္လာေပမယ့္ ဦးဂ်ယ္ကေတာ့ ဒီတိုင္းပါပဲ...

ဦးဂ်ယ္ဆီမွာ ေျပာင္းလဲလာတာဆိုလို႔ ေန႔စဥ္နဲ႔အမွ်တျဖည္းျဖည္း႐ွည္႐ွည္လာတဲ့ ဦးဂ်ယ္ ဆံပင္ေတြနဲ႔ လက္သည္းေလးေတြပဲ ႐ွိတယ္။ ေတာ္ေတာ္ၾကာလာေတာ့ ဦးဂ်ယ္မွာ မုတ္ဆိတ္စိမ္းေလးေတြေတာင္ တေရးေရးေပၚလာေနပီ။

ဒါကို မေန႔က က်ေနာ္သတိထားမိေတာ့ ဒီေန႔ ရိတ္ေပးဖို႔အတြက္ အသင့္ဝယ္လာတဲ့ shaving bladeကို ထုတ္လိုက္တယ္။ shaving creamကိာ သူ႔မ်က္ႏွာမွာ ေနရာတက် လိမ္းေပးလိုက္တယ္

"ဦးဂ်ယ္...က်ေနာ္ ေနာက္အပတ္ဆို ဘဲြ႔ယူလို႔ရၿပီသိလား"

shaving bladeကို ထုတ္လိုက္ၿပီး creamေတြကို တစ္ခ်က္ခ်င္းဆဲြခ်ရင္း စကားေတြဆက္ေျပာေနလိုက္တယ္

"ဦးဂ်ယ္ မေမ့ဘူးမို႔လား? က်ေနာ့္ကို ေျပာထားတာေလ..ဘဲြ႔ယူတဲ့ေန႔က် ဦးဂ်ယ္ ကုန္းပိုးၿပီးေခၚသြားမယ္ဆိုတာကို"

႐ူးေၾကာင္ေၾကာင္ႏိုင္မွန္းေတာ့သိေပမယ့္ သူ႔အေျဖကို ေစာင့္ေနဟန္နဲ႔ က်ေနာ္ဘာတစ္ခြန္းမွဆက္မေျပာခဲ့ဘူး။ ဒီအခ်ိန္မွာပဲ shaveလုပ္တာလည္း ၿပီးသြားခဲ့တယ္။

"Wahh--က်ေနာ့္ ဦးဂ်ယ္ႀကီးက သန္႔လိုက္တာ...
သူမ်ားလက္ထဲေရာက္မွာေတာင္ ေၾကာက္ေနပါၿပီေနာ္"

တစ္လက္စတည္းနဲ႔ သူ႔မ်က္ႏွာကိုပါ ေရပတ္ဝတ္နဲ႔သုတ္ေပးေနလိုက္တယ္

"က်ေနာ္ ဝလာၿပီ သိလား? ဦးဂ်ယ္ က်ေနာ့္ကို ပိန္ပိန္ပါးပါးေလးလို႔ ေျပာလို႔။ အခု ဦးဂ်ယ္ ကုန္းပိုးရင္ မႏိုင္ေအာင္ က်ေနာ္ အမ်ားႀကီးစားထားတယ္ သိလား?"

က်ေနာ္ သူ႔ကိုတစ္ခ်က္ျပံဳးျပလိုက္ၿပီး

"ဦးဂ်ယ္ ဒီေလာက္ပဲအိပ္ေတာ့ေလ...*sobbing*
အိပ္ေရးမဝေသးဘူးလား? Hmm?"

တကယ္ေတာ့ ဦးဂ်ယ္နားမွာ ေနတဲ့ေန႔ေတြဆိုတာ သူ႔ေဘးမွာ စကားေျပာရင္း ငိုမိလို႔ မ်က္ရည္နဲ႔ အဆံုးသတ္ခဲ့ရတဲ့ ေန႔ေတြပဲမ်ားေနခဲ့တာ

"ေနာက္တစ္ပတ္ေတာ့ ေသခ်ာေပါက္ ထလာမယ္မို႔လား? က်ေနာ့္ကို ကတိေပး!"

သူ႔လက္ကိုယူၿပီး လက္သန္းခ်င္းခ်ိတ္လိုက္ေပမယ့္ ခ်ိတ္တုန္းခဏပဲ ၿပီးတာနဲ႔ ျပန္ျပဳတ္က်သြားတဲ့ သူ႔လက္ေတြ...

ရတယ္ က်ေနာ္ေစာင့္မယ္... ဦးဂ်ယ္ ျပန္လာဖို႔ အခြင့္အေရး႐ွိေနသေရြ႔ က်ေနာ္ ေစာင့္ေနဦးမယ္

                                       ~~~

Graduation day~~

ေနာက္ဆံုးေတာ့ ဘဲြ႔ယူတဲ့ေန႔ေရာက္လာၿပီ။ က်ေနာ့္ အေမ၊ အေဖနဲ႔ အစ္မလည္း ေရာက္လာတယ္။ Tenရဲ႕ မိဘေတြကစ ထိုင္းကေရာက္လာတယ္။ Doyoungအေမနဲ႔ က်ေနာ့္အေမကေတာ့ ေတြ႔လိုက္တာနဲ႔ စကားေတြကိုေျပာေနၾကတာမ်ား။
Tenဘဲြ႔ယူရတာဆိုေတာ့ Johnnyပါေရာက္လာတယ္။

လူစံုတက္စံုလာၾကေပမယ့္ က်ေနာ့္ရဲ႕ တစ္ေယာက္ေသာသူကေတာ့ ႐ွိမေနခဲ့ဘူး။ အေမနဲ႔ အေဖ႐ွိေနလို္႔ မ်က္ရည္က်ရင္မျဖစ္တာမို႔ က်ေနာ္အတတ္ႏိုင္ဆံုးခ်ဳပ္တည္းေနခဲ့တယ္။

ပဲြၿပီးေတာ့ က်ေနာ္ ဝတ္စံုကိုမခြၽတ္ဘဲ ေဆးရံုကိုဒီတိုင္းသြားလိုက္တယ္။

"ဦးဂ်ယ္ ဒီမွာၾကည့္! က်ေနာ္ ဘဲြ႔ရသြားၿပီ!!"

သူကေတာ့ ဒီတိုင္းပါပဲ...

"ဒီေန႔ေလ အစ္မကေမးတယ္သိလား 'ဦးဂ်ယ္ ဘယ္မွာလဲ'တဲ့ က်ေနာ္ အမွန္တိုင္းမေျဖခဲ့မိဘူး ဦးဂ်ယ္.."

"Johnnyေတာင္ ေရာက္လာေသးတယ္။ သူက Tenကို ပက္လက္ႀကီးခ်ီသြားတာ hahhahaha"

ရယ္ေနရင္းကပဲ သူ႔ကိုၾကည့္ၿပီး တျဖည္းျဖည္း စိတ္ထဲ ေလးလာတယ္

"လူလိမ္ႀကီး! က်ေနာ့္ကို ကုန္းပိုးေပးမယ္ဆို! ထေလ အခု ထ!!"

"ထလို႔! *sobbing* ဦးဂ်ယ္ ကုန္းပိုးေပးမယ္ဆိုလို႔ အဝတ္အစားမလဲဘဲ ဒီတိုင္းလာခဲ့တာ!*sobbing* ထပါဆို"

"ဦးဂ်ယ္မ႐ွိေတာ့ က်ေနာ့္ကို မုန္႔ဝယ္ေကြၽးမယ့္သူမ႐ွိေတာ့ဘူး*sobbing* က်ေနာ့္ ဆံပင္ေတြကို သပ္ေပးလိုက္ ဖြေပးလိုက္နဲ႔ လုပ္ေပးမယ့္သူ မ႐ွိေတာ့ဘူး။ 'ကေလးေလး'လို႔ ေခၚမယ့္သူလည္း မ႐ွိေတာ့ဘူး *sobbing*"

"လြမ္းတယ္ ဦးဂ်ယ္ရယ္...အရမ္း လြမ္းတယ္"

Taeyong's POV END

                                      ---

°Unicode°

Taeyong's POV

ဦးဂျယ်ခုတင်ဘေးက ထိုင်ခုံမှာ ကျနော် ငိုရင်းနဲ့ အိပ်ပျော်သွားခဲ့တာပဲ။ နေတောင်ကောင်းကောင်းထွက်နေပြီ။ ကျနော်ခါးတွေလည်း ညောင်းနေပြီ။ကျနော် မျက်လုံးကိုတစ်ချက်ချင်းပွတ်နေလိုက်ပြီး သမ်းဝေနေမိတယ်။ မအိပ်စဖူး ထိုင်လျက်ကြီးနဲ့ အိပ်မိသွားတော့ မတ်တပ်တောင်ရပ်မရဘူးဖြစ်နေတယ်။ ဒါပေမယ့် ဒါအရေးကြီးတာမဟုတ်ဘူး။ အရေးကြီးတာ ဦးဂျယ်!!

ဦးဂျယ်ကို အမြန်ဆုံးကြည့်လိုက်တော့ သူက မနေ့ညက အတိုင်းပါပဲ။ အေးအေးချမ်းချမ်းလေးနဲ့ အိပ်နေတုန်းပဲ..

ကျနော်ကတော့ ဒီမှာပူလောင်နေလိုက်ရတာ....
သူက ခုထိ အိပ်နေတုန်းပဲ
ကျနော့်ကို သနားရင် ထပါတော့ ဦးဂျယ်ရယ်..

အနောက်ကတံခါးဖွင့်သံကြားလို့ ကျနော်လှည့်လိုက်တော့ Markရောက်လာတာဖြစ်တယ်

"Jaehyun hyung??"

သူလည်းပဲ ကျနော့်လိုပဲ။ တစ်ကိုယ်လုံးတုန်ရီနေပြီး စကားတောင် ကောင်းကောင်းမပြောနိုင်ဘူး

"ဘယ်..ဘယ်လိုဖြစ်တာလဲ"

ကျနော် ပြန်မပြောနိုင်ခဲ့ဘူး။ Markကို အကုန်စင် ရှင်းပြဖို့ကျနော့်မှာ အားမရှိတော့ဘူး။ ကျနော်မှားတာလေ ကျနော့်ကြောင့် ဦးဂျယ်ဒီလိုဖြစ်ခဲ့ရတာ။ ကျနော် Markကို ကောင်းကောင်း ရင်မဆိုင်ရဲဘူး

ကျနော့်ဘက်က စကားသံမကြားလို့ Markလည်း ဆက်မမေးတော့ဘဲ အပြင်ကိုပြန်ထွက်သွားတယ်

"ဦးဂျယ်..ကျနော် အရမ်းမှားခဲ့ပြီ"

"လူတွေက ကျနော့်ကို ဦးဂျယ်နဲ့ပတ်သက်ပြီး မကောင်းမြင်ကြတော့မယ်။ ကျနော် ဘယ်လိုတုံ့ပြန်ရမလဲ huh? ဦးဂျယ်!"

ကျနော် ထပ်ငိုပြန်ပြီ။ မျက်လုံးတွေလည်း စပ်လှပြီ။ အသံတွေလည်းနာနေပြီ။ လက်တွေလည်း အကြာကြီးဆုပ်ကိုင်ထားရလို့ နီရဲနေပြီ။ ဒါတွေထက်ပိုဆိုးတာက ကျနော့်ရင်ဘတ်တစ်ခုလုံးလည်း စုတ်ပြတ်နေပြီ။ အထဲက နှလုံးသားဟာလည်း ဦးဂျယ်ကိုမြင်တိုင်း တစ်ဆစ်ဆစ်နဲ့ ခံစားရတယ်။

အပြစ်သားတစ်ယောက်လိုပဲ ခံစားနေရတယ်။ ဘာမဟုတ်တဲ့အရာတစ်ခုအတွက်နဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်လုံး ဆုံးရှုံးရတော့မလိုဖြစ်ခဲ့တာ...
ကျနော် အတော်အသုံးမကျတာပဲ

ခဏနေတော့ Johnny, Tenနဲ့ Markတို့ ဝင်လာကြတယ်။ အကုန်လုံးမျက်နှာမကောင်းကြဘူး

"Taeyong ငါတို့ ဆရာဝန်နဲ့ထပ်တွေ့လာတယ်"-Johnny

Johnnyစကားကိုကြားတော့ ကျနော်ချက်ချင်းပဲ ထိုင်ရာက ထမိတယ်။ သူတို့ရှိနေတဲ့နေရာကို သွားလိုက်ပြီး ဝင်ထိုင်လိုက်တယ်

"Jaehyunရဲ့ အခြေအနေက...50-50ပဲ..အသက်ရှင်ဖို့နဲ့....ဆုံးရှုံးရဖို့က တစ်ဝက်စီပဲ။ ဒီလိုcomaဖြစ်နေတဲ့အချိန်မှာ ငါတို့ သူ့ကိုဆုံးရှုံးသွားနိုင်ချေရှိတယ်"-Johnny

ကျနော် ခေါင်းရမ်းပြလိုက်တယ်

"ဟင့်အင်း မဖြစ်နိုင်ဘူး..ဦးဂျယ် သေချာပေါက် အသက်ရှင်မှာ! ဘယ်လောက်စောင့်ရ စောင့်ရ ကျနော် စောင့်မယ်!! သူ အသက်ပြန်ရှင်မှာ!!!"

သူတို့၃ယောက်လုံး လိမ်နေကြတာ! မဟုတ်တာတွေပြောနေတာ။ ဦးဂျယ် ကျနော့်ကို ထားမသွားဘူး။ ဘယ်တော့မှထားမသွားဘူး။

"Taeyong မင်း စိတ်ကိုအသင့်ပြင်ထားဖို့ပြောတာ"-Ten

"ဘာကိုအသင့်ပြင်ရမှာလဲ? သူငါ့ကို ထားမသွားဘူး! ငါသိတယ်။ သူ ငါ့ကိုကတိတွေပေးထားတယ်။ ငါ့ကို အဲ့လိုရာခိုင်နှုန်းတွေနဲ့ လာမပြောနဲ့ ငါမကြိုက်ဘူး!!!"

ကျနော့်ကို အံ့သြတာနဲ့ သနားတာရောနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ မကြည့်နဲ့! ဦးဂျယ်က ပြန်လာမှာ! ကျနော့်ကို ဘယ်တော့မှ ထားမသွားဘူး။

                                     ~~~

3 weeks later~~

'ဦးဂျယ်ကိုလေ ကျနော်အရမ်းချစ်တာ သိလား? ဦးဂျယ်.. အဲ့ဒီစကားလုံးကြီးနှစ်လုံးနဲ့တင် ကျနော့်ကိုပြုံးအောင်လုပ်နိုင်တာ ဦးဂျယ်ပဲရှိတာ..

                                                စောင့်နေလျက်
ဦးဂျယ်ရဲ့ကလေး~~'

နောက်ထပ်စာရွက်ကလေးတစ်ခုကို ကျနော်ရေးပြီးလို့ ညီညီညာညာခေါက်ပြီး အရင်ကစာရွက်လေးတွေရှိနေတဲ့ ဖန်ပုလင်းလေးထဲကို ထည့်လိုက်တယ်။
လွန်ခဲ့တဲ့၃ပတ်က ပုလင်းအလွတ်ကလေးဟာ အခုပြည့်သလောက်ဖြစ်နေပြီ။ ကျနော် ဦးဂျယ်ကို သတိရတိုင်း၊ လွမ်းတိုင်း နောက်ပြီး သူ့ကို မပြောမိခဲ့တဲ့ မပြောဖြစ်ခဲ့တဲ့ စကားလေးတွေ၊ ကျနော့်ရဲ့ daily workတွေ ဒါတွေကို သူ့ကိုပြောပြတဲ့အနေနဲ့ တစ်ရွက်ချင်းရေးပြီး သိမ်းလာခဲ့တာ။

ကျနော် ဦးဂျယ်ဆီကို နေ့တိုင်းသွားတယ်။ ဒီမှာပဲ စာလုပ်တယ်။ တစ်နေကုန် ကျောင်းမှာနေပြီး ညနေကနေ ညအထိ ဦးဂျယ်ကို စကားတွေပြောရင်း အချိန်တွေကိုကုန်ဆုံးစေခဲ့တယ်။ တစ်ခါတစ်လေ ဒီမှာ ညအိပ်တဲ့နေ့တွေတောင်ရှိတယ်။ ကျနော် သူနဲ့ပဲနေချင်ခဲ့တာ..
အရင်က သူဖက်ပေးထားမှ နွေးထွေးမယ်လို့ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး..သူ့ အငွေ့အသက်ရရင်ကို ကျနော်က နွေးထွေးနေတာ

ပုလင်းအလွတ်ကလေးက တဖြည်းဖြည်းပြည့်လာပေမယ့် ဦးဂျယ်ကတော့ ဒီတိုင်းပါပဲ...

ဦးဂျယ်ဆီမှာ ပြောင်းလဲလာတာဆိုလို့ နေ့စဉ်နဲ့အမျှတဖြည်းဖြည်းရှည်ရှည်လာတဲ့ ဦးဂျယ် ဆံပင်တွေနဲ့ လက်သည်းလေးတွေပဲ ရှိတယ်။ တော်တော်ကြာလာတော့ ဦးဂျယ်မှာ မုတ်ဆိတ်စိမ်းလေးတွေတောင် တရေးရေးပေါ်လာနေပီ။

ဒါကို မနေ့က ကျနော်သတိထားမိတော့ ဒီနေ့ ရိတ်ပေးဖို့အတွက် အသင့်ဝယ်လာတဲ့ shaving bladeကို ထုတ်လိုက်တယ်။ shaving creamကိာ သူ့မျက်နှာမှာ နေရာတကျ လိမ်းပေးလိုက်တယ်

"ဦးဂျယ်...ကျနော် နောက်အပတ်ဆို ဘွဲ့ယူလို့ရပြီသိလား"

shaving bladeကို ထုတ်လိုက်ပြီး creamတွေကို တစ်ချက်ချင်းဆွဲချရင်း စကားတွေဆက်ပြောနေလိုက်တယ်

"ဦးဂျယ် မမေ့ဘူးမို့လား? ကျနော့်ကို ပြောထားတာလေ..ဘွဲ့ယူတဲ့နေ့ကျ ဦးဂျယ် ကုန်းပိုးပြီးခေါ်သွားမယ်ဆိုတာကို"

ရူးကြောင်ကြောင်နိုင်မှန်းတော့သိပေမယ့် သူ့အဖြေကို စောင့်နေဟန်နဲ့ ကျနော်ဘာတစ်ခွန်းမှဆက်မပြောခဲ့ဘူး။ ဒီအချိန်မှာပဲ shaveလုပ်တာလည်း ပြီးသွားခဲ့တယ်။

"Wahh--ကျနော့် ဦးဂျယ်ကြီးက သန့်လိုက်တာ...
သူများလက်ထဲရောက်မှာတောင် ကြောက်နေပါပြီနော်"

တစ်လက်စတည်းနဲ့ သူ့မျက်နှာကိုပါ ရေပတ်ဝတ်နဲ့သုတ်ပေးနေလိုက်တယ်

"ကျနော် ဝလာပြီ သိလား? ဦးဂျယ် ကျနော့်ကို ပိန်ပိန်ပါးပါးလေးလို့ ပြောလို့။ အခု ဦးဂျယ် ကုန်းပိုးရင် မနိုင်အောင် ကျနော် အများကြီးစားထားတယ် သိလား?"

ကျနော် သူ့ကိုတစ်ချက်ပြုံးပြလိုက်ပြီး

"ဦးဂျယ် ဒီလောက်ပဲအိပ်တော့လေ...*sobbing*
အိပ်ရေးမဝသေးဘူးလား? Hmm?"

တကယ်တော့ ဦးဂျယ်နားမှာ နေတဲ့နေ့တွေဆိုတာ သူ့ဘေးမှာ စကားပြောရင်း ငိုမိလို့ မျက်ရည်နဲ့ အဆုံးသတ်ခဲ့ရတဲ့ နေ့တွေပဲများနေခဲ့တာ

"နောက်တစ်ပတ်တော့ သေချာပေါက် ထလာမယ်မို့လား? ကျနော့်ကို ကတိပေး!"

သူ့လက်ကိုယူပြီး လက်သန်းချင်းချိတ်လိုက်ပေမယ့် ချိတ်တုန်းခဏပဲ ပြီးတာနဲ့ ပြန်ပြုတ်ကျသွားတဲ့ သူ့လက်တွေ...

ရတယ် ကျနော်စောင့်မယ်... ဦးဂျယ် ပြန်လာဖို့ အခွင့်အရေးရှိနေသရွေ့ ကျနော် စောင့်နေဦးမယ်

                                       ~~~

Graduation day~~

နောက်ဆုံးတော့ ဘွဲ့ယူတဲ့နေ့ရောက်လာပြီ။ ကျနော့် အမေ၊ အဖေနဲ့ အစ်မလည်း ရောက်လာတယ်။ Tenရဲ့ မိဘတွေကစ ထိုင်းကရောက်လာတယ်။ Doyoungအမေနဲ့ ကျနော့်အမေကတော့ တွေ့လိုက်တာနဲ့ စကားတွေကိုပြောနေကြတာများ။
Tenဘွဲ့ယူရတာဆိုတော့ Johnnyပါရောက်လာတယ်။

လူစုံတက်စုံလာကြပေမယ့် ကျနော့်ရဲ့ တစ်ယောက်သောသူကတော့ ရှိမနေခဲ့ဘူး။ အမေနဲ့ အဖေရှိနေလို့် မျက်ရည်ကျရင်မဖြစ်တာမို့ ကျနော်အတတ်နိုင်ဆုံးချုပ်တည်းနေခဲ့တယ်။

ပွဲပြီးတော့ ကျနော် ဝတ်စုံကိုမချွတ်ဘဲ ဆေးရုံကိုဒီတိုင်းသွားလိုက်တယ်။

"ဦးဂျယ် ဒီမှာကြည့်! ကျနော် ဘွဲ့ရသွားပြီ!!"

သူကတော့ ဒီတိုင်းပါပဲ...

"ဒီနေ့လေ အစ်မကမေးတယ်သိလား 'ဦးဂျယ် ဘယ်မှာလဲ'တဲ့ ကျနော် အမှန်တိုင်းမဖြေခဲ့မိဘူး ဦးဂျယ်.."

"Johnnyတောင် ရောက်လာသေးတယ်။ သူက Tenကို ပက်လက်ကြီးချီသွားတာ hahhahaha"

ရယ်နေရင်းကပဲ သူ့ကိုကြည့်ပြီး တဖြည်းဖြည်း စိတ်ထဲ လေးလာတယ်

"လူလိမ်ကြီး! ကျနော့်ကို ကုန်းပိုးပေးမယ်ဆို! ထလေ အခု ထ!!"

"ထလို့! *sobbing* ဦးဂျယ် ကုန်းပိုးပေးမယ်ဆိုလို့ အဝတ်အစားမလဲဘဲ ဒီတိုင်းလာခဲ့တာ!*sobbing* ထပါဆို"

"ဦးဂျယ်မရှိတော့ ကျနော့်ကို မုန့်ဝယ်ကျွေးမယ့်သူမရှိတော့ဘူး*sobbing* ကျနော့် ဆံပင်တွေကို သပ်ပေးလိုက် ဖွပေးလိုက်နဲ့ လုပ်ပေးမယ့်သူ မရှိတော့ဘူး။ 'ကလေးလေး'လို့ ခေါ်မယ့်သူလည်း မရှိတော့ဘူး *sobbing*"

"လွမ်းတယ် ဦးဂျယ်ရယ်...အရမ်း လွမ်းတယ်"

Taeyong's POV END

                                      ---

X﹏X

Continue Reading

You'll Also Like

578K 21K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
11.3K 1.1K 9
ကိုယ်က မောင့်ရဲ့ တစ်ပွင့်တည်းသော နှင်းပန်းရိုင်းကလေး။ Binhao/Haobin fanfiction
1.3M 51.9K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
10.8K 1K 18
Credit to @pengennulisau on Wattpad Enigma ဆိုတာက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး သူရဲ့ရှားပါးလွန်းမှုကြောင့် ဒဏ္ဍာရီလာ မျိုးစိတ်ဟုပင် သတ်မှတ်ခြင်းခံရ...