Uncle Jae (Complete)

By SueShaMay321

36.3K 3.4K 338

Zaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂ်ယ္လို႔... Jaehyun: ဒီကေလးေတာ့!!! ×× Taeyong: ဦးဂျယ်လ... More

Uncle Jae - A/N
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9) March 20 & March 21, 2014
Part (10)
Part (11) May 16, 2014
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)

Part (23)

755 77 10
By SueShaMay321

Jaehyun's POV

December ~~

တစ္ႏွစ္လံုးရဲ႕ အေအးဆံုးအခ်ိန္ဟာ ဒီလမွာ က်ေရာက္တာ ျဖစ္တယ္။ အဲ့လိုပဲ က်ေနာ္တို႔ seoulရဲ႕ tempကလည္း ဒီေန႔ -7°C ကိုေရာက္ေနၿပီ။
က်ေနာ္ကေတာ့ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနေပမယ့္ ေက်းဇူး႐ွင္ေလးက အက်ႌလက္ျပတ္နဲ႔ေနေနတယ္

"ကေလး မေအးဘူးလား? ကိုယ္ေတာင္ coatနဲ႔မေနႏိုင္ဘူး"

"ေအးပါဘူး...။ က်ေနာ့္မွာ ဦးဂ်ယ္ရင္ခြင္ႀကီး႐ွိတာကို~ လံုးဝမေအးဘူး"

"Haha ဟုတ္ပါပီ"

ေတြ႔လား?အဲ့လို စကားေလးေတြကလည္း တတ္ေသးတာ

"ကေလး ေက်ာင္းတက္ရတာအဆင္ေျပတယ္မို္႔လား? ဒီsemisterၿပီးရင္ ဘဲြ႔ယူလို႔ရၿပီမို႔လား"

"Omm ဦးဂ်ယ္.."

"ဘဲြ႔ယူတဲ့ေန႔က်ရင္ ကိုယ္က ကေလးကို ကိုယ့္ ပုခံုးေပၚတင္ျပီး ဓာတ္ပံု႐ိုက္မယ္။ ၿပီးရင္ ကုန္းပိုးၿပီး ေနရာအစံုေခၚသြားမယ္"

"တကယ္လား? ဦးဂ်ယ္က ႏိုင္လို႔လား"

"ႏိုင္တာေပါ့ ဒီေလာက္ပိန္ပိန္ပါးပါးေလးကို"

က်ေနာ္ သူ႔ကိုပိန္တယ္လို႔ေျပာေတာ့ သေဘာမက်တဲ့ပံုပါပဲ က်ေနာ့္ကို စကားမေျပာေတာ့ဘူး။ က်ေနာ္သိတယ္ သူ ေကာက္ေတာ့မွာ။ က်ေနာ္လည္း စကားကို တျခားဘက္အျမန္လဲႊပစ္ရတယ္

"ကေလးဘဲြ႔ယူၿပီးရင္ ကိုယ္တို႔လည္း.....ယူၾကရေအာင္"

"ဟင္!!!"

ဒီေတာ့မွ မ်က္လံုးကိုအျပဴးသားနဲ႔ အလန္႔တၾကား ထေအာ္ေနတယ္။

"ဟုတ္တယ္ေလ အေဖနဲ႔အေမကလည္း ကိုယ္တို႔ကို ဘာမွမေျပာဘူးဆိုေတာ့ ကိုယ္တို႔ လက္ထပ္ၾကရေအာင္ေလ။ လက္စြပ္ကလည္း ကေလးလက္မွာေရာက္ေနၿပီပဲဟာ"

"ဒါေပမယ့္လည္း....က်ေနာ္တို႔က တဲြတာမွမၾကာေသးတာ"

"လက္ထပ္ၿပီးရင္ ၾကာသြားမွာပဲကို...။ ဘာလဲ ကေလးက ကိုယ့္ကို တစ္သက္လံုးစာ ခ်စ္မသြားႏိုင္ဘူးေပါ့?"

"အမ္..အဲ့လိုမဟုတ္ပါဘူး။ ဦးဂ်ယ္ေျပာတာႀကီးက အရမ္းျမန္ေနသလားလို႔"

"ဘာမွမျမန္ဘူး။ စိတ္ထဲကအတိုင္းသာဆိုရင္ ဒီတိုင္းအိမ္ေပၚပစ္တင္ ေခၚထားလိုက္ခ်င္တာ"

က်ေနာ္ ေျပာတာကို စဥ္းစားေနဟန္လုပ္ေနၿပီး ခဏေနေတာ့မွ စကားဟလာတယ္

"ဦးဂ်ယ္...convenient storeသြားရေအာင္ ဗိုက္ဆာလို႔!"

"သြားေစဗ်ာ.."

                                       ~~~

ဝယ္ခ်င္တာေတြအကုန္ဝယ္ၿပီးခုန္ေပါက္ေနလိုက္တာမ်ား။

Temperatureက ေရခဲမွတ္ေအာက္ကိုေရာက္ေနေတာ့ ကားလမ္းေတြေပၚမွာကအစ ေရခဲေတြတင္ေနၿပီး ေနရာတိုင္းမွာလည္း ႏွင္းေတြနဲ႔ ျပည့္ေနတယ္

"Taeyong!! မေျပးနဲ႔ ေခ်ာ္လဲမယ္ လမ္းကေရခဲေတြနဲ႔ကို"

"ဦးဂ်ယ္ကလည္း ဟိုဘက္လမ္းနဲ႔ဒီဘက္လမ္းတင္ပဲကို--အာ့"

ေဟာ ေျပာေနရင္းနဲ႔ လဲသြားၿပီ။

"ကဲ ဟိုဘက္လမ္းနဲ႔ဒီဘက္လမ္းဆို!"

တစ္ဘက္လမ္းကို က်ေနာ္တို႔ကူးၿပီးေတာ့မွ သူ႔ဦးထုပ္ေလးကြၽတ္ေနလို႔ က်ေနာ္ေဆာင္းေပးလိုက္တယ္။ သူက က်ေနာ့္ကို စူးစုိက္ၿပီး ျပန္ၾကည့္ေနတယ္

"ဘာလဲ?"

"ဦးဂ်ယ္ က်ေနာ့္ကို ဆူမွာလား?"

"ဘာထပ္လုပ္ထားျပန္ၿပီလဲ"

က်ေနာ္ ေငါက္တဲ့အသံနဲ႔ေျပာလိုက္ေတာ့ ေခါင္းေလးငံု႔သြားၿပီး က်ေနာ္ မၾကားရေလာက္တဲ့ အသံေလးနဲ႔ တီးတိုးေျပာေနတယ္။

"ဘာေတြေျပာေနတာလဲ"

"က်ေနာ္ ေရခဲမုန္႔စားခ်င္လို႔"

"Lee Taeyong!!!!??!!!"

"သိတယ္ က်ေနာ္သိတယ္။ ဒါေပမယ့္ စားလို႔မရဘူးလား? တစ္ဇြန္းေလးပဲေလ.....ေနာ္"

သူလိုခ်င္ရင္ ထုတ္သံုးတတ္တဲ့ puppy eyesလက္နက္နဲ႔လူကို လာၾကည့္ေနတယ္

"ဟုတ္ၿပီ ဟုတ္ၿပီ ဒါေပမယ့္ မလိုက္ခဲ့နဲ႔ေတာ့။ ကိုယ္ပဲ သြားမယ္။ လမ္းေတြကေခ်ာ္ေနတာ ထပ္ေခ်ာ္လဲလိမ့္မယ္"

"ဦးဂ်ယ္!!!!!! Cookiesအရသာနဲ႔ဝယ္ခဲ့ေနာ္!!!!"

အေနာက္ကေန အသံေသးေသးေလးနဲ႔ လွမ္းေအာ္ၿပီးမွာေနျပန္တယ္။

တကယ္ေတာ့ convenient storeနဲ႔ က်ေနာ္တို႔ ႏွစ္ေယာက္ရပ္ေနတဲ့လမ္းက ကားလမ္းတစ္လမ္းစာပဲ ျခားတာ။ က်ေနာ္က သူထပ္ေခ်ာ္လဲမွာစိုးလို႔ ေခၚမသြားခဲ့တာ....

က်ေနာ္ မွန္ခဲ့တယ္......

Jaehyun's POV END---

                                      ***

Taeyong's POV

တစ္ဘက္လမ္းမွာ ဦးဂ်ယ္ကို ေစာင့္ေနရင္း ေဆာင္းရာသီရဲ႕ ေျမာက္ေလေတြက တစ္သုန္သုန္နဲ႔။ အမေလး ႐ူးေတာ့မွာပဲ။ အက်ႌလက္ျပတ္ကို အေပၚက အေႏြးထည့္ပါးေလးနဲ႔ ေဖ့ဘႀကီးသား လုပ္လိုက္တာ ခုေတာ့ ေလတိုက္တိုင္း ပါးေတြကိုစပ္ေနတာပဲ။ ေအးလိုက္တာ

အမွန္ေတာ့ ေရခဲမုန္႔စားခ်င္တာမဟုတ္ဘူး။ ဦးဂ်ယ္ကို စလိုက္တာ။ က်ေနာ္လုပ္ခ်င္တာကို လုပ္ခိုင္းပါ့မလားလို႔။ သူတကယ္လုပ္ေပး႐ွာပါတယ္

ေနာက္ဆံုးေတာ့ convenient store တံခါးကေန ဦးဂ်ယ္ထြက္လာတာကိုျမင္လိုက္ရတယ္။ က်ေနာ္လည္း ဝမ္းသာအားရနဲ႔ လက္လွမ္းျပလိုက္ေတာ့ ဦးဂ်ယ္က ျပန္ရယ္ျပၿပီး က်ေနာ့္ဘက္ကို လမ္းေလွ်ာက္လာတုန္း

"ဦးဂ်ယ္!!!!!!!!!!!!!!!!!!!!!!"

က်ေနာ့္တစ္ကိုယ္လံုးမွာ စီးေနတဲ့ ေသြးေၾကာေတြအကုန္ရပ္တန္႔သြားတဲ့ အတိုင္းပဲ ဒီျမင္ကြင္းကို က်ေနာ့္မ်က္စိေ႐ွ႕မွာတင္ ျမင္လိုက္ရတာ။

ဦးဂ်ယ္ကူးေနတဲ့လမ္းနဲ႔ ဆန္႔က်င္ဘက္လမ္းက ကားတစ္စီးက ဘီးေခ်ာ္ၿပီးဝင္လာတာ...။ လမ္းက ေရခဲေတြနဲ႔ ေခ်ာ္ၿပီး ဦးဂ်ယ္ဆီကို တည့္တည့္ဝင္လာတာ..

က်ေနာ္...က်ေနာ္ အရမ္းတုန္လႈပ္ေနတယ္။ ခုေလးတင္မွ က်ေနာ့္ကို ေကာင္းေကာင္းရယ္ျပေနတဲ့ ဦးဂ်ယ္က ခုလို ေသြးအိုင္ထဲမွာ လဲေနတယ္....

"ဦး..ဦးဂ်ယ္..."

က်ေနာ့္ရဲ႕ အသက္႐ွဴသံေတြလည္း မမွန္ေတာ့ဘူး။ ခုလိုအခ်ိန္က်မွ က်ေနာ့္ေျခလွမ္းေတြက သာမန္ထက္ပိုေႏွးေနတယ္။ မယံုၾကည္ေသးႏိုင္ေပမယ့္လည္း ဆက္အားတင္းၿပီး ေ႐ွ႕ကိုတိုးသြားလိုက္တယ္

တကယ္ပဲ ဦးဂ်ယ္ပဲ.....နီရဲေနတဲ့ေသြးေတြေၾကာင့္ သူ႔ရဲ႕ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ဆံသားေတြလည္း နီညစ္ေနၿပီ။ သူ႔ရဲ႕အသားေရာင္ coatကလည္း အနီေရာင္ဘက္ကိုသမ္းေနၿပီ။ ၿပီးေတာ့....ခုနက က်ေနာ္ စိတ္မပါဘဲ မွာလိုက္တဲ့ cookiesေရခဲမုန္႔လည္း ဘူးထဲကေန အျပင္ကိုထြက္က်ေနၿပီး ေသြးေတြနဲ႔ ေပက်ံေနတယ္

"ဦးဂ်ယ္???"

က်ေနာ္ ေခၚလိုက္ေပမယ့္ တံု႔ျပန္မႈမ႐ွိတဲ့ ဦးဂ်ယ္။

က်ေနာ္ထိုင္ခ်လိုက္ၿပီး ဦးဂ်ယ္ကိုကိုင္လိုက္ေတာ့ ေအးစက္ေတာင့္တင္းေနၿပီ။ သူ႐ွိေနရင္ ေႏြးတယ္ဆိုတဲ့ က်ေနာ္၊ သူ႐ွိေနလို႔ အေႏြးထည္ မလိုပါဘူးဆိုတဲ့ က်ေနာ့္အတြက္ေတာ့ အခု ဦးဂ်ယ္က ေအးစက္ခဲေနတယ္

"က်ေနာ္...က်ေနာ္ မရည္ရြယ္ပါဘူး"

Car driverလို႔ယူဆရတဲ့ လူတစ္ေယာက္က က်ေနာ့္အေနာက္ကေန လာေျပာတယ္

"ဘာကိုမရည္ရြယ္တာလဲ!!!!!!!!!ခုခ်က္ခ်င္း ေဆးရံုကားကိုေခၚ!!!!!!!အခု!!!!!!!!"

ဦးဂ်ယ္ ေခါင္းကို က်ေနာ္ျဖည္းျဖည္းေလး မ,လိုက္ၿပီး က်ေနာ့္ေပါင္ေပၚကိုတင္ထားလိုက္တယ္

"ဦးဂ်ယ္...ဦးဂ်ယ္..*sobbing*....က်ေနာ္ေရာက္လာၿပီေလ..။ ေတာင္းပန္ပါတယ္ ဦးဂ်ယ္...မ်က္လံုးေတြကို မပိတ္လိုက္ပါနဲ႔ ဦးဂ်ယ္...*sobbing*"

က်ေနာ္မရေတာ့ဘူး။ က်ေနာ့္အျမင္အာရံုေတြကစ ေဝဝါးေနၿပီ။ မ်က္လံုးကလည္း မ်က္ရည္ေတြအဆက္မျပတ္က်ေနၿပီ။

"ကေလး..~~"

"အင္း! ဦးဂ်ယ္ က်ေနာ္႐ွိတယ္... ေက်းဇူးျပဳၿပီး မ်က္လံုးေတြကိုမပိတ္လိုက္နဲ႔ေနာ္ ဦးဂ်ယ္"

နဂိုကမွ အားမ႐ွိပါဘူးဆိုတဲ့ ဦးဂ်ယ္က သူ႔လက္ေတြကိုေျမႇာက္ၿပီး က်ေနာ့္ပါးေပၚက မ်က္ရည္ေတြကို လာသုတ္ေပးေနတယ္။ အရမ္းရင္နာရတာပဲ ဦးဂ်ယ္ကို ဒီလိုပံုစံနဲ႔ မျမင္ခ်င္ဘူး

"ကေလးေလး.."

မနည္းအားယူၿပီး စကားေျပာေနတဲ့ ဦးဂ်ယ္ပံုျမင္ရတာ က်ေနာ့္ရင္ကို ဓားနဲ႔ေမႊေနသလိုပါပဲ

"သူတို႔လာေနၿပီ..ဦးဂ်ယ္ ခဏေလးပဲ ေတာင့္ထားေနာ္"

က်ေနာ္ သူ႔လက္ေတြကို အတင္းၾကပ္ဆံုးကိုင္ထားမိတယ္

"ကေလးကို ခ်စ္တယ္ေနာ္"

"အာ....အဲ့လိုႀကီးမေျပာနဲ႔ေလ ဦးဂ်ယ္!!! ဘာလို႔ ထြက္သြားရေတာ့မယ့္ လူတစ္ေယာက္လို ႏႈတ္ဆက္ေနတာလဲ"

က်ေနာ့္ျပန္ေျပာတာကို ၾကားေတာ့ သူက ျပန္ျပံဳးျပေနတယ္။ ဒီလိုအေျခအေနမွာ ျပံဳးေနႏိုင္ေသးတာလား? ဦးဂ်ယ္...

"ကိုယ္ အိပ္ခ်င္တယ္ ကေလး.."

"ဟင့္အင္း ဦးဂ်ယ္ အိပ္လို႔မရဘူး။ က်ေနာ့္ကိုၾကည့္! ဦးဂ်ယ္ က်ေနာ့္ကို ၾကည့္လို႔!!"

မရေတာ့ဘူး။ တျဖည္းျဖည္း မွိတ္က်သြားတဲ့ ဦးဂ်ယ္ရဲ႕ မ်က္ခြံေတြနဲ႔အတူ သူ႔ရဲ႕လက္ကပါ ေလွ်ာက်သြားတယ္။

"ေကာင္ေလး ဖယ္ေပးပါ"

က်ေနာ္ ဒီအခ်ိန္မွာ ဘာမွမၾကားေတာ့ဘူး။ က်ေနာ္ သိတာ က်ေနာ္မွားခဲ့ၿပီ။ က်ေနာ္ တကယ္လိုခ်င္တဲ့အရာလည္း မဟုတ္ဘဲ ဦးဂ်ယ္ကို အလကားသက္သက္ခိုင္းခဲ့မိတာ...အခု မလိုလားအပ္တဲ့ အရာေတြျဖစ္ကုန္ၿပီ

"ေဟ့ မင္းသူ႔ကို ကယ္ခ်င္ရင္ ဖယ္ေပးပါ"

ဦးဂ်ယ္...က်ေနာ့္ကို ထားသြားလို႔မျဖစ္ဘူးေနာ္
ဦးဂ်ယ္ က်ေနာ္နဲ႔ တူတူေနေပးရမယ္
က်ေနာ္ ဦးဂ်ယ္ကို လိုအပ္တယ္
ေက်းဇူးျပဳၿပီး..

Taeyong's POV END

                                    ---

°Unicode°

Jaehyun's POV

December ~~

တစ်နှစ်လုံးရဲ့ အအေးဆုံးအချိန်ဟာ ဒီလမှာ ကျရောက်တာ ဖြစ်တယ်။ အဲ့လိုပဲ ကျနော်တို့ seoulရဲ့ tempကလည်း ဒီနေ့ -7°C ကိုရောက်နေပြီ။
ကျနော်ကတော့ ခိုက်ခိုက်တုန်အောင်ချမ်းနေပေမယ့် ကျေးဇူးရှင်လေးက အင်္ကျီလက်ပြတ်နဲ့နေနေတယ်

"ကလေး မအေးဘူးလား? ကိုယ်တောင် coatနဲ့မနေနိုင်ဘူး"

"အေးပါဘူး...။ ကျနော့်မှာ ဦးဂျယ်ရင်ခွင်ကြီးရှိတာကို~ လုံးဝမအေးဘူး"

"Haha ဟုတ်ပါပီ"

တွေ့လား?အဲ့လို စကားလေးတွေကလည်း တတ်သေးတာ

"ကလေး ကျောင်းတက်ရတာအဆင်ပြေတယ်မို့်လား? ဒီsemisterပြီးရင် ဘွဲ့ယူလို့ရပြီမို့လား"

"Omm ဦးဂျယ်.."

"ဘွဲ့ယူတဲ့နေ့ကျရင် ကိုယ်က ကလေးကို ကိုယ့် ပုခုံးပေါ်တင်ပြီး ဓာတ်ပုံရိုက်မယ်။ ပြီးရင် ကုန်းပိုးပြီး နေရာအစုံခေါ်သွားမယ်"

"တကယ်လား? ဦးဂျယ်က နိုင်လို့လား"

"နိုင်တာပေါ့ ဒီလောက်ပိန်ပိန်ပါးပါးလေးကို"

ကျနော် သူ့ကိုပိန်တယ်လို့ပြောတော့ သဘောမကျတဲ့ပုံပါပဲ ကျနော့်ကို စကားမပြောတော့ဘူး။ ကျနော်သိတယ် သူ ကောက်တော့မှာ။ ကျနော်လည်း စကားကို တခြားဘက်အမြန်လွှဲပစ်ရတယ်

"ကလေးဘွဲ့ယူပြီးရင် ကိုယ်တို့လည်း.....ယူကြရအောင်"

"ဟင်!!!"

ဒီတော့မှ မျက်လုံးကိုအပြူးသားနဲ့ အလန့်တကြား ထအော်နေတယ်။

"ဟုတ်တယ်လေ အဖေနဲ့အမေကလည်း ကိုယ်တို့ကို ဘာမှမပြောဘူးဆိုတော့ ကိုယ်တို့ လက်ထပ်ကြရအောင်လေ။ လက်စွပ်ကလည်း ကလေးလက်မှာရောက်နေပြီပဲဟာ"

"ဒါပေမယ့်လည်း....ကျနော်တို့က တွဲတာမှမကြာသေးတာ"

"လက်ထပ်ပြီးရင် ကြာသွားမှာပဲကို...။ ဘာလဲ ကလေးက ကိုယ့်ကို တစ်သက်လုံးစာ ချစ်မသွားနိုင်ဘူးပေါ့?"

"အမ်..အဲ့လိုမဟုတ်ပါဘူး။ ဦးဂျယ်ပြောတာကြီးက အရမ်းမြန်နေသလားလို့"

"ဘာမှမမြန်ဘူး။ စိတ်ထဲကအတိုင်းသာဆိုရင် ဒီတိုင်းအိမ်ပေါ်ပစ်တင် ခေါ်ထားလိုက်ချင်တာ"

ကျနော် ပြောတာကို စဉ်းစားနေဟန်လုပ်နေပြီး ခဏနေတော့မှ စကားဟလာတယ်

"ဦးဂျယ်...convenient storeသွားရအောင် ဗိုက်ဆာလို့!"

"သွားစေဗျာ.."

                                       ~~~

ဝယ်ချင်တာတွေအကုန်ဝယ်ပြီးခုန်ပေါက်နေလိုက်တာများ။

Temperatureက ရေခဲမှတ်အောက်ကိုရောက်နေတော့ ကားလမ်းတွေပေါ်မှာကအစ ရေခဲတွေတင်နေပြီး နေရာတိုင်းမှာလည်း နှင်းတွေနဲ့ ပြည့်နေတယ်

"Taeyong!! မပြေးနဲ့ ချော်လဲမယ် လမ်းကရေခဲတွေနဲ့ကို"

"ဦးဂျယ်ကလည်း ဟိုဘက်လမ်းနဲ့ဒီဘက်လမ်းတင်ပဲကို--အာ့"

ဟော ပြောနေရင်းနဲ့ လဲသွားပြီ။

"ကဲ ဟိုဘက်လမ်းနဲ့ဒီဘက်လမ်းဆို!"

တစ်ဘက်လမ်းကို ကျနော်တို့ကူးပြီးတော့မှ သူ့ဦးထုပ်လေးကျွတ်နေလို့ ကျနော်ဆောင်းပေးလိုက်တယ်။ သူက ကျနော့်ကို စူးစိုက်ပြီး ပြန်ကြည့်နေတယ်

"ဘာလဲ?"

"ဦးဂျယ် ကျနော့်ကို ဆူမှာလား?"

"ဘာထပ်လုပ်ထားပြန်ပြီလဲ"

ကျနော် ငေါက်တဲ့အသံနဲ့ပြောလိုက်တော့ ခေါင်းလေးငုံ့သွားပြီး ကျနော် မကြားရလောက်တဲ့ အသံလေးနဲ့ တီးတိုးပြောနေတယ်။

"ဘာတွေပြောနေတာလဲ"

"ကျနော် ရေခဲမုန့်စားချင်လို့"

"Lee Taeyong!!!!??!!!"

"သိတယ် ကျနော်သိတယ်။ ဒါပေမယ့် စားလို့မရဘူးလား? တစ်ဇွန်းလေးပဲလေ.....နော်"

သူလိုချင်ရင် ထုတ်သုံးတတ်တဲ့ puppy eyesလက်နက်နဲ့လူကို လာကြည့်နေတယ်

"ဟုတ်ပြီ ဟုတ်ပြီ ဒါပေမယ့် မလိုက်ခဲ့နဲ့တော့။ ကိုယ်ပဲ သွားမယ်။ လမ်းတွေကချော်နေတာ ထပ်ချော်လဲလိမ့်မယ်"

"ဦးဂျယ်!!!!!! Cookiesအရသာနဲ့ဝယ်ခဲ့နော်!!!!"

အနောက်ကနေ အသံသေးသေးလေးနဲ့ လှမ်းအော်ပြီးမှာနေပြန်တယ်။

တကယ်တော့ convenient storeနဲ့ ကျနော်တို့ နှစ်ယောက်ရပ်နေတဲ့လမ်းက ကားလမ်းတစ်လမ်းစာပဲ ခြားတာ။ ကျနော်က သူထပ်ချော်လဲမှာစိုးလို့ ခေါ်မသွားခဲ့တာ....

ကျနော် မှန်ခဲ့တယ်......

Jaehyun's POV END---

                                      ***

Taeyong's POV

တစ်ဘက်လမ်းမှာ ဦးဂျယ်ကို စောင့်နေရင်း ဆောင်းရာသီရဲ့ မြောက်လေတွေက တစ်သုန်သုန်နဲ့။ အမလေး ရူးတော့မှာပဲ။ အင်္ကျီလက်ပြတ်ကို အပေါ်က အနွေးထည့်ပါးလေးနဲ့ ဖေ့ဘကြီးသား လုပ်လိုက်တာ ခုတော့ လေတိုက်တိုင်း ပါးတွေကိုစပ်နေတာပဲ။ အေးလိုက်တာ

အမှန်တော့ ရေခဲမုန့်စားချင်တာမဟုတ်ဘူး။ ဦးဂျယ်ကို စလိုက်တာ။ ကျနော်လုပ်ချင်တာကို လုပ်ခိုင်းပါ့မလားလို့။ သူတကယ်လုပ်ပေးရှာပါတယ်

နောက်ဆုံးတော့ convenient store တံခါးကနေ ဦးဂျယ်ထွက်လာတာကိုမြင်လိုက်ရတယ်။ ကျနော်လည်း ဝမ်းသာအားရနဲ့ လက်လှမ်းပြလိုက်တော့ ဦးဂျယ်က ပြန်ရယ်ပြပြီး ကျနော့်ဘက်ကို လမ်းလျှောက်လာတုန်း

"ဦးဂျယ်!!!!!!!!!!!!!!!!!!!!!!"

ကျနော့်တစ်ကိုယ်လုံးမှာ စီးနေတဲ့ သွေးကြောတွေအကုန်ရပ်တန့်သွားတဲ့ အတိုင်းပဲ ဒီမြင်ကွင်းကို ကျနော့်မျက်စိရှေ့မှာတင် မြင်လိုက်ရတာ။

ဦးဂျယ်ကူးနေတဲ့လမ်းနဲ့ ဆန့်ကျင်ဘက်လမ်းက ကားတစ်စီးက ဘီးချော်ပြီးဝင်လာတာ...။ လမ်းက ရေခဲတွေနဲ့ ချော်ပြီး ဦးဂျယ်ဆီကို တည့်တည့်ဝင်လာတာ..

ကျနော်...ကျနော် အရမ်းတုန်လှုပ်နေတယ်။ ခုလေးတင်မှ ကျနော့်ကို ကောင်းကောင်းရယ်ပြနေတဲ့ ဦးဂျယ်က ခုလို သွေးအိုင်ထဲမှာ လဲနေတယ်....

"ဦး..ဦးဂျယ်..."

ကျနော့်ရဲ့ အသက်ရှူသံတွေလည်း မမှန်တော့ဘူး။ ခုလိုအချိန်ကျမှ ကျနော့်ခြေလှမ်းတွေက သာမန်ထက်ပိုနှေးနေတယ်။ မယုံကြည်သေးနိုင်ပေမယ့်လည်း ဆက်အားတင်းပြီး ရှေ့ကိုတိုးသွားလိုက်တယ်

တကယ်ပဲ ဦးဂျယ်ပဲ.....နီရဲနေတဲ့သွေးတွေကြောင့် သူ့ရဲ့ခရမ်းရောင်ဖျော့ဖျော့ဆံသားတွေလည်း နီညစ်နေပြီ။ သူ့ရဲ့အသားရောင် coatကလည်း အနီရောင်ဘက်ကိုသမ်းနေပြီ။ ပြီးတော့....ခုနက ကျနော် စိတ်မပါဘဲ မှာလိုက်တဲ့ cookiesရေခဲမုန့်လည်း ဘူးထဲကနေ အပြင်ကိုထွက်ကျနေပြီး သွေးတွေနဲ့ ပေကျံနေတယ်

"ဦးဂျယ်???"

ကျနော် ခေါ်လိုက်ပေမယ့် တုံ့ပြန်မှုမရှိတဲ့ ဦးဂျယ်။

ကျနော်ထိုင်ချလိုက်ပြီး ဦးဂျယ်ကိုကိုင်လိုက်တော့ အေးစက်တောင့်တင်းနေပြီ။ သူရှိနေရင် နွေးတယ်ဆိုတဲ့ ကျနော်၊ သူရှိနေလို့ အနွေးထည် မလိုပါဘူးဆိုတဲ့ ကျနော့်အတွက်တော့ အခု ဦးဂျယ်က အေးစက်ခဲနေတယ်

"ကျနော်...ကျနော် မရည်ရွယ်ပါဘူး"

Car driverလို့ယူဆရတဲ့ လူတစ်ယောက်က ကျနော့်အနောက်ကနေ လာပြောတယ်

"ဘာကိုမရည်ရွယ်တာလဲ!!!!!!!!!ခုချက်ချင်း ဆေးရုံကားကိုခေါ်!!!!!!!အခု!!!!!!!!"

ဦးဂျယ် ခေါင်းကို ကျနော်ဖြည်းဖြည်းလေး မ,လိုက်ပြီး ကျနော့်ပေါင်ပေါ်ကိုတင်ထားလိုက်တယ်

"ဦးဂျယ်...ဦးဂျယ်..*sobbing*....ကျနော်ရောက်လာပြီလေ..။ တောင်းပန်ပါတယ် ဦးဂျယ်...မျက်လုံးတွေကို မပိတ်လိုက်ပါနဲ့ ဦးဂျယ်...*sobbing*"

ကျနော်မရတော့ဘူး။ ကျနော့်အမြင်အာရုံတွေကစ ဝေဝါးနေပြီ။ မျက်လုံးကလည်း မျက်ရည်တွေအဆက်မပြတ်ကျနေပြီ။

"ကလေး..~~"

"အင်း! ဦးဂျယ် ကျနော်ရှိတယ်... ကျေးဇူးပြုပြီး မျက်လုံးတွေကိုမပိတ်လိုက်နဲ့နော် ဦးဂျယ်"

နဂိုကမှ အားမရှိပါဘူးဆိုတဲ့ ဦးဂျယ်က သူ့လက်တွေကိုမြှောက်ပြီး ကျနော့်ပါးပေါ်က မျက်ရည်တွေကို လာသုတ်ပေးနေတယ်။ အရမ်းရင်နာရတာပဲ ဦးဂျယ်ကို ဒီလိုပုံစံနဲ့ မမြင်ချင်ဘူး

"ကလေးလေး.."

မနည်းအားယူပြီး စကားပြောနေတဲ့ ဦးဂျယ်ပုံမြင်ရတာ ကျနော့်ရင်ကို ဓားနဲ့မွှေနေသလိုပါပဲ

"သူတို့လာနေပြီ..ဦးဂျယ် ခဏလေးပဲ တောင့်ထားနော်"

ကျနော် သူ့လက်တွေကို အတင်းကြပ်ဆုံးကိုင်ထားမိတယ်

"ကလေးကို ချစ်တယ်နော်"

"အာ....အဲ့လိုကြီးမပြောနဲ့လေ ဦးဂျယ်!!! ဘာလို့ ထွက်သွားရတော့မယ့် လူတစ်ယောက်လို နှုတ်ဆက်နေတာလဲ"

ကျနော့်ပြန်ပြောတာကို ကြားတော့ သူက ပြန်ပြုံးပြနေတယ်။ ဒီလိုအခြေအနေမှာ ပြုံးနေနိုင်သေးတာလား? ဦးဂျယ်...

"ကိုယ် အိပ်ချင်တယ် ကလေး.."

"ဟင့်အင်း ဦးဂျယ် အိပ်လို့မရဘူး။ ကျနော့်ကိုကြည့်! ဦးဂျယ် ကျနော့်ကို ကြည့်လို့!!"

မရတော့ဘူး။ တဖြည်းဖြည်း မှိတ်ကျသွားတဲ့ ဦးဂျယ်ရဲ့ မျက်ခွံတွေနဲ့အတူ သူ့ရဲ့လက်ကပါ လျှောကျသွားတယ်။

"ကောင်လေး ဖယ်ပေးပါ"

ကျနော် ဒီအချိန်မှာ ဘာမှမကြားတော့ဘူး။ ကျနော် သိတာ ကျနော်မှားခဲ့ပြီ။ ကျနော် တကယ်လိုချင်တဲ့အရာလည်း မဟုတ်ဘဲ ဦးဂျယ်ကို အလကားသက်သက်ခိုင်းခဲ့မိတာ...အခု မလိုလားအပ်တဲ့ အရာတွေဖြစ်ကုန်ပြီ

"ဟေ့ မင်းသူ့ကို ကယ်ချင်ရင် ဖယ်ပေးပါ"

ဦးဂျယ်...ကျနော့်ကို ထားသွားလို့မဖြစ်ဘူးနော်
ဦးဂျယ် ကျနော်နဲ့ တူတူနေပေးရမယ်
ကျနော် ဦးဂျယ်ကို လိုအပ်တယ်
ကျေးဇူးပြုပြီး..

Taeyong's POV END

                                    ---

ㅠㅠ

Continue Reading

You'll Also Like

6.9K 1K 31
......🥀 ආදරේ...........ආදරේ කියන්නෙ ඇත්තටම මොනවගේ හැඟීමක් ද කියන්න මං තාමත් හොයනව........ මම ජියෝන් ජන්කුක්.....ඇත්තටම මට මං ගැ...
168K 4.8K 65
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
50.6K 1.1K 8
After a mysterious figure saves him from HYDRA agents, Steve Rodgers/Captain America is drawn towards the mysterious Wolf Girl. Who is she and what s...
566 83 19
Haruto.... ကိုယ်နဲ့အမြဲလိုလိုရှိနေပေးနိုင်တယ်မလား....? Yoon Jeahyuk... ခပ်ချေချေနေတဲ့ကောင်လေးကို ငါကဘာလို့ချစ်မိသွားရတာလဲ....? Jeasahi, Harukyu...