Give and Take

By oohsehunkuco

406K 56.4K 3.9K

Overprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020) More

၁ (Zawgyi + Unicode)
၂ (Zawgyi + Unicode)
၃ (Zawgyi + Unicode)
၄ (Zawgyi + Unicode)
၅ (Zawgyi + Unicode)
၆ (Zawgyi + Unicode)
၇ (Zawgyi + Unicode)
၈ (Zawgyi + Unicode)
၉ (Zawgyi + Unicode)
၁၀ (Zawgyi + Unicode)
၁၁ (Zawgyi + Unicode)
၁၂ (Zawgyi + Unicode)
၁၃ (Zawgyi + Unicode)
၁၄ (Zawgyi + Unicode)
၁၅ (Zawgyi + Unicode)
၁၆ (Zawgyi + Unicode)
၁၈ (Zawgyi + Unicode)
၁၉ (Zawgyi + Unicode)
၂၀ (Zawgyi + Unicode)
၂၁ (Zawgyi + Unicode)
၂၂ (Zawgyi + Unicode)
၂၃ (Zawgyi + Unicode)
၂၄ (Zawgyi + Unicode)
၂၅ (Zawgyi + Unicode)
၂၆ (Zawgyi + Unicode)
၂၇ (Zawgyi + Unicode)
၂၈ (Zawgyi + Unicode)
၂၉ (Zawgyi + Unicode)
၃၀ (Zawgyi + Unicode)
၃၁ (Zawgyi + Unicode)
၃၂ (Zawgyi + Unicode)
၃၃ (Zawgyi + Unicode)
၃၄ (Zawgyi + Unicode)
၃၅ (Zawgyi + Unicode)
၃၆ (Zawgyi + Unicode)
၃၇ (ဇာတ်သိမ်း) (Zawgyi + Unicode)

၁၇ (Zawgyi + Unicode)

10.3K 1.5K 55
By oohsehunkuco

Zawgyi

မေန႔က စိတ္အခန္႔မသင့္တာနဲ႔ Luhan လည္း တစ္ညလံုးနီးပါး ကိုႀကီးအခန္းမွာပဲ အခ်ိန္ကုန္သည္။ Sehun ကလည္း သူစိတ္ဆိုးေနသည္ကို ျပန္စိတ္ဆိုးသြားပံုရသည္.. ဖုန္းေခၚဖို႔မေျပာနဲ႔၊ မက္ေဆ့ခ်္ေလးတစ္ေစာင္ေတာင္မပို႔။ ဒီမနက္ သူ ဂ်ဴတီဆင္းခါနီး ရီဆက္ပ္ရွင္က သူနာျပဳေလးေတြကိုေမးမိမွ ခဏေနရင္ ေဆးရံုဆင္းေတာ့မတဲ့။

သူ႔ကို အက်ိဳးအေၾကာင္းေလးေတာင္မေျပာပဲ ရုတ္တရက္ႀကီး ေဆးရံုဆင္းျဖစ္တာ ေသခ်ာေပါက္ မေန႔ကကိစၥေၾကာင့္ပင္ျဖစ္ရမည္။

လူကပင္ပန္းေနေတာ့ Sehun နဲ႔ စကားေျပာရင္ ဘုနဲ႔ေဘာက္ျဖစ္ၿပီး ပိုစိတ္ဆင္းရဲရမွာျဖစ္ေပမဲ့ ဒီတိုင္းထားလိုက္လို႔ Sehun က စိတ္ေျပသြားပါမယ္လို႔လည္း အာမ,မခံႏိုင္။ အထူးသျဖင့္ ကိုႀကီးေၾကာင့္ဆိုၿပီး ပိုစိတ္ဆိုးေနမွာကို သူကပါ ပစ္ထားလိုက္ရင္ ဘာမဟုတ္တဲ့ကိစၥေလးကေန သူတို႔ မေခၚႏိုင္မေျပာႏိုင္ျဖစ္ၾကေတာ့မည္။

အခုမွ ျပန္လည္တည္ေဆာက္ေနရတဲ့ အခ်စ္ေရးမွာ တစ္ခုခုအဖုအထစ္ရွိေနမွာမ်ိဳး Luhan မလိုလား။

"Sehun"

အိတ္တစ္လံုးဆြဲၿပီး အခန္းထဲကထြက္လာတဲ့သူက Luhan ကို လွမ္းၾကည့္ေပမဲ့ ဘာမွျပန္မေျပာ။ အေနာက္ကပါလာတဲ့ Baekhyun မွာလည္း သူတို႔ႏွစ္ေယာက္ကိုသာ ေၾကာင္ေတာင္ေတာင္ေလး ေငးၾကည့္ေနသည္။ Luhan ကလည္း ေခၚသာေခၚလိုက္ရသည္၊ ဘာမွမတုန္႔ျပန္ေတာ့ ဘာဆက္ေျပာရမွန္းမသိပဲ သံုးေယာက္သား ခဏရပ္ေနမိၾကသည္။

စကၠန္႔ပိုင္းေလာက္ေစာင့္အၿပီးမွာ Luhan ဆီက ဘာစကားမွထြက္မလာတာနဲ႔ Sehun က ေဘးကေကြ႕ထြက္သြားဖို႔ျပင္၏။

"ဟို.. Baekhyunee ခဏေလာက္ ေစာင့္ေနေပးမလား.. မင္းကိုကိုနဲ႔ ခဏစကားေျပာခ်င္လို႔"

Sehun လက္ေမာင္းကို ကမန္းကတန္းလွမ္းဆြဲၿပီး သူ Baekhyun ကို အသိေပးမိသည္။ ေကာင္ေလးကေတာ့ ခပ္ျမန္ျမန္ေခါင္းညိတ္ျပရွာသည္။

"ကားေသာ့ယူသြား.. ပါကင္မွာ ေစာင့္ေန"

Sehun အသံက မာထန္ေနတာမို႔ သူေတာင္ လန္႔ျဖန္႔သြားရသည္။ အဲ့ေလာက္ေတာင္ စိတ္ဆိုးေနတာလား...။ ဘယ္ကစၿပီး ဘယ္လိုေခ်ာ့ရမွန္းမသိေပမဲ့ သူက အူေၾကာင္ေၾကာင္လုပ္ျပမိလိုက္ရင္ ပိုစိတ္ဆိုးသြားဦးမွာ။

ေဆးရံုခန္းထဲကိုပဲ ျပန္ဆြဲသြင္းလာကာ Sehun လက္ထဲကအိတ္ကို ဆြဲယူမိသည္။ လႊတ္မေပးတာမို႔ အိတ္က သူ႔လက္ထဲေတာ့ ပါမလာပဲ အတင္းဆြဲလိုက္ရတာေၾကာင့္ လက္ဖဝါးေလး နီရဲသြားတာသာရွိသည္။

"Sehun..."

ဒီတစ္ခါေတာ့ ငိုေတာ့မေယာင္အသံနဲ႔ေခၚလိုက္တာမို႔ Sehun ကငံု႔ၾကည့္လာသည္။ မ်က္လံုးေသေတြနဲ႔ ငံု႔ၾကည့္တယ္ဆိုရံုပဲ ငံု႔ၾကည့္လာတာ..။ သူနဲ႔ပတ္သက္ရင္ အၾကည့္ေလးတစ္ခုကအစ အေသးစိတ္လိုက္ခံစားေနမိတာလည္း Luhan အားနည္းခ်က္ပဲထင္၏။

"Sehun ကလည္း... ေခ်ာ့ေနတာကို"

အသံကတျဖည္းျဖည္းတိမ္ဝင္သြားတာ ကိုယ့္ဘာသာသိသည္။ Sehun မ်ား စိတ္ဆိုးမေျပရင္ ဒီေနရာမွာတင္ ေျခဆင္းၿပီး ထိုင္ငိုပစ္လိုက္ခ်င္ေတာ့သည္အထိ စိတ္ကအားငယ္လာရသည္။ တစ္ခုခုဆို ေပ်ာ့ညံ့လြန္းတဲ့ကိုယ့္ကိုယ္ကို အားမရ..။ ဒါေပမဲ့လည္း ထိုအက်င့္ကိုမျပင္ႏိုင္ျပန္။

"Sehun...."

နာမည္ကိုပဲတအီအီေခၚေနၿပီး စိတ္ဆိုးေျပေအာင္ေခ်ာ့ေနပါသတဲ့။ Sehun မွာ မရယ္ခ်င္ေအာင္ မနည္းစိတ္ထိန္းထားရသည္။ Han ဟာ အဲ့လို ေပါက္ကရေတြလည္း လုပ္တတ္ေသးသည္။ သူမ်က္ႏွာတည္ထားတာနဲ႔ မ်က္ရည္ကဝဲေနၿပီ..။ ဒီလိုပံုစံနဲ႔ ဒီေလာက္ႏွစ္ေတြအၾကာႀကီး သူ႔ကိုအဆက္အသြယ္ျဖတ္ၿပီး ဘယ္လိုေနခဲ့သလဲမသိ....

"ကဲ.. ငိုေတာ့မငိုပါနဲ႔ Han ရယ္"

Luhan မ်က္ဝန္းအစပ္ကေန စိမ့္ထြက္စျပဳေနတဲ့မ်က္ရည္ေတြကို သူပဲသုတ္ေပးလိုက္ရသည္။

"Sehun က စိတ္ဆိုးေနတာကိုး"

အခုမွ ႏွာေခါင္းေလးတရႈံ႕ရႈံ႕ျဖင့္ Sehun ရင္ခြင္ထဲတိုးဝင္လာသည့္ အေကာင္ေပါက္ကေလး...။ ကိုယ္လံုးေသးေသးေလးကို ဖက္ပစ္လိုက္ေတာ့ အိခနဲ။

"ကိုယ္က မနက္ႏိုးကတည္းက စိတ္ေျပသြားတာ ၾကာေပါ့"

"ဒါဆို ဘာလို႔စာတစ္ေစာင္ေတာင္မပို႔ထားလဲ.. ခုနကလည္း မ်က္ႏွာႀကီးကတည္ေနၿပီးေတာ့.... ရုတ္တရက္ႀကီးေဆးရံုလည္းဆင္းမယ္ဆို"

မေက်နပ္တာေတြကို တန္းစီၿပီး ဖြင့္ဟေျပာျပလာေသာ သူ႔အခ်စ္ကေလး။

"Park Chanyeol အခန္းမွာပဲ Han က ရွိေနရတယ္ထင္လို႔ေလ.. ကိုယ္စာပို႔တာျဖစ္ျဖစ္၊ ဖုန္းေခၚတာျဖစ္ျဖစ္လုပ္လိုက္ရင္ Han က ေပ်ာ္သြားမွာမလား.. အဲ့လိုဆို ဟိုေကာင္ကရိပ္မိသြားေတာ့မွာေလ"

ကိုယ့္ဘက္ကိုယ္ယက္ၿပီး ဆင္ေျခေပးလိုက္ေတာ့ မ်က္ေမွာင္ၾကံဳ႕၍ၾကည့္လာသည္။ ဘာမွေတာ့ျပန္မေျပာ။ သူ႔ကိုယ္သူလည္း မ်က္ႏွာအမူအရာမထိန္းခ်ဳပ္ႏိုင္တာ သိပံုရသည္။

"မ်က္ႏွာတည္ထားတာကေတာ့ Han ကို စခ်င္လို႔... ေနာက္ၿပီး ပက္က်ိေကာင္ေလးက ေဆးရံုတင္ထားစရာမွမလိုေတာ့ပဲေလ.. ကိုယ္က အစကေတာ့ စိတ္ခ်ရေအာင္ထားမလို႔ကို အခု Park Chanyeol ရွိေနလို႔ ကိုယ္လည္းလာလို႔မရမဲ့အတူတူ အိမ္မွာပဲ ထားမလို႔ ေဆးရံုဆင္းတာပါခင္ဗ်"

"လူကို စ,စရာလား.. ေနာက္စရာလား"

ရင္ဘတ္ကို ဘုန္းခနဲထထုသည့္လက္ေလးေတြကို Sehun လွမ္းခ်ဳပ္ရျပန္၏။ လူေကာင္ေသးၿပီး အားနဲ႔မာန္နဲ႔ထုတတ္ရိုက္တတ္တဲ့သူေတြဆိုရင္ ေသခ်ာတယ္.. အိမ္ကပက္က်ိနဲ႔ Han ပါပဲ..။

လက္ေကာက္ဝတ္ေလးႏွစ္ဖက္ကို သူ႔လက္တစ္ဖက္တည္းနဲ႔စုစည္းခ်ဳပ္ကိုင္ကာ မ်က္ႏွာေသးေသးေလးကို အေပၚစီးကေန အားပါးတရစိုက္ၾကည့္ပစ္လိုက္ေတာ့ ရင္ခြင္ထဲကလူသားေလးက မ်က္လႊာေလးခ်၍ ၿငိမ္က်သြားသည္။ ျဖဴဥဥပါးျပင္ႏွစ္ဖက္ တျဖည္းျဖည္းေသြးေရာင္လႊမ္းလာတာေလးကိုကအစ ျမတ္ႏိုးလြန္းပါ၏။

မ်က္ေတာင္ရွည္ေတြဝန္းရံေဘာင္ခတ္ထားသည့္ မ်က္လံုးအိမ္ၾကည္ၾကည္ေတာက္ေတာက္ေလးကိုလည္း ခ်စ္သည္။ သူ႔ရင္ခြင္နဲ႔ အံဝင္ခြင္က်ျဖစ္သည့္ ခႏၶာကိုယ္ေသးေသးကိုလည္း ခ်စ္သည္။ Han အစ္ကိုကလြဲလို႔ Han နဲ႔ပတ္သက္တာ အကုန္လံုးကိုခ်စ္သည္။

ပါးအိအိေလးထက္ကို အနမ္းတစ္ပြင့္ေႁခြခ်ရင္း ရင္ခြင္ထဲကေကာင္ေလးကို တင္းေနေအာင္ဖက္ထားလိုက္ေတာ့သည္။

ဘယ္ေတာ့မ်ားမွ... ဒီလူသားကို သူ ပိုင္ခြင့္ရွိေလမလဲ...။

_________________________

"Eunbin ေလးတို႔လာရင္ နည္းနည္းေျပေျပလည္လည္ဆက္ဆံပါဦး သားရယ္"

တစ္မနက္လံုး ဒါပဲေျပာေနေတာ့ လူက အရြဲ႕တိုက္ခ်င္လာ၏။ ေမေမ့ကို ဘုကလန္႔ျပန္ေျပာရေအာင္လည္း သူက ဆယ္ေက်ာ္သက္ေလးမဟုတ္လို႔သာ ၿငိမ္ေနရတာ..။ ေနာက္ၿပီးစာျပန္မပို႔တဲ့ ခ်ာတိတ္ဆီကို စိတ္ကေရာက္ေနေတာ့လည္း ေမေမေျပာတာ ၾကားတစ္လွည့္ မၾကားတစ္လွည့္။

ဖုန္းေခၚခ်င္ေပမဲ့လည္း ေမေမက တစ္ခ်ိန္လံုးေဘးမွာရွိေနေတာ့ သူ႔မွာ အခြင့္အေရးကမရျပန္။ အခုအသက္အရြယ္ႀကီးက်မွ ေမေမ့အလစ္ကိုေခ်ာင္းေနရတာ စိတ္မသက္သာလွ။

"Eunbin ေလးက ခ်စ္စရာေလးပါ သားရယ္..ဘာလို႔ သေဘာမက်တာလဲ"

"ေမေမကလည္း.. ရႈပ္ရႈပ္ယွက္ယွက္ေတြ.."

ဖုန္းကို ေခါင္းအံုးေဘးမွာ ျပန္ထားလိုက္ၿပီး Chanyeol ေမေမ့ကို မ်က္ေမွာင္ၾကံဳ႕၍ၾကည့္မိသည္။ အရင္လူေတြတုန္းက သူ မႀကိဳက္ဘူးဆိုရင္ တစ္ခြန္းတည္းနဲ႔ၿပီးသေလာက္ ဒီကေလးမ,က်မွ ေမေမက ဘယ္လိုျဖစ္လို႔ လာအပတ္သက္ခံေနရသလဲ။

ခဏေနေတာ့ ေမေမ့ဖုန္းဝင္လာ၏။ အဲ့သားအမိဆီကပဲေနမွာ...။

"ေမေမ ေအာက္ထပ္ကေန သူတို႔ကို သြားႀကိဳလိုက္ဦးမယ္.. ေသခ်ာေလး ေကာင္းေကာင္းမြန္မြန္ျပန္ေျပာ ၾကားလား"

ေမေမထြက္သြားတာနဲ႔ သူလည္း ဖုန္းကိုထားပစ္ခဲ့ၿပီး အျပင္ထြက္လာခဲ့လိုက္သည္။ ခ်ာတိတ္အခန္းကို သြားၾကည့္ရမည္။ သူ႔ကို ေတာ္ေတာ္ေလးစိတ္ဆိုးေနသလားမသိ..။

ဓာတ္ေလွကားတံခါးပိတ္သြားသည္အထိ သူတစ္ေယာက္တည္းမို႔ ေတာ္ေသးသည္။ ေတာ္ၾကာ Luhan နဲ႔ တည့္တည့္တိုးေနမွ စစ္လားေဆးလားအလုပ္ခံေနရဦးမည္မလား။ အိမ္မွာဆိုရင္ ေအးေဆးသေလာက္ အလုပ္ခြင္မွာေတာ့ ဆူညံပူညံလုပ္တတ္သည့္ သူ႔ညီေလး။

"ဦးေလးႀကီး"

ဓာတ္ေလွကားတံခါးပြင့္သြားတာနဲ႔ ၾကားလိုက္ရတဲ့ အသံေလးက ေရွ႕ဆင့္ေနာက္ဆင့္။ သူ႔ကို လူနာဝတ္စံုနဲ႔ျမင္လိုက္ရလို႔ ပါးစပ္ေလးအေဟာင္းသားျဖင့္ အံ့အားသင့္ေနတဲ့ေကာင္ေလးကို လက္ကဆြဲၿပီး ကမန္းကတန္း အေရးေပၚေလွကားဘက္ကို ထြက္လာရသည္။ ဓာတ္ေလွကားက ဘယ္လိုမွ မလံုျခံဳ။

"ဦးေလးႀကီး.. ဘာျဖစ္လို႔ ေဆးရံုေရာက္ေနတာလဲ.. သားေတာင္ ဒီေန႔ ေဆးရံုဆင္းရၿပီသိလား"

ေဆးရံုဆိုတာ ေနလို႔ေကာင္းတဲ့ေနရာမဟုတ္ေပမဲ့ သူေရာက္လာေတာ့မွ ဒီေကာင္ေလးေဆးရံုဆင္းရၿပီဆိုေတာ့ နည္းနည္းေတာ့ စိတ္ထဲႏွေျမာသြား၏။

"ခ်ာတိတ္ ကိုယ့္ကို စိတ္ဆိုးေနတာလား"

"အာ.. မေန႔ကဖုန္းခ်သြားတာကိုလား"

"ဖုန္းခ်လိုက္တာမဟုတ္ဘူး.. ကိုယ္.. လူကို ေရွာင္ၿပီး အက္စီးဒန္႔အေသးစားေလးျဖစ္သြားလို႔"

ေကာင္ေလးက မ်က္လံုးေလးဝိုင္း၍ အံ့ဩတႀကီးျဖင့္ သူ႔လက္ေမာင္းကို ျဖတ္ခနဲလွမ္းရိုက္သည္။

"သတိထားတာမဟုတ္ဘူး ဦးေလးႀကီးကလည္း.. နဖူးေပါက္သြားတာလား.. အမ်ားႀကီးနာေနမွာပဲေနာ္.. သားေတာင္ ေဆးစစ္ဖို႔ ေသြးေလးယူတာ နာေနတာကို"

လက္ဖမိုးေပၚက အပ္ေပါက္ရာေသးေသးေလးကို သူျမင္ေအာင္ အတင္းေထာင္ျပၿပီးေျပာေနတဲ့ေကာင္ေလးက အလိုလိုေနရင္း ခ်စ္ဖို႔ေကာင္းေနသလိုပဲ..။ ဘာလို႔ သူ ရင္ေတြခုန္ေနရတာလဲ။ ႏွလံုးအခုန္ျမန္ေနတဲ့ ဘယ္ဘက္ရင္ဘတ္ကို လက္နဲ႔ဖိမိေတာ့ ခ်ာတိတ္ေလးက ျပဴးျပဴးျပာျပာျဖင့္ သူ႔လက္ဖဝါးေလးပါ ရင္ဘတ္ေပၚကို ေရာက္လာသည္။

"ဘယ္နားကနာလို႔လဲ... ဟင္.. ဦးေလးႀကီး ႏွလံုးက အရမ္းခုန္ေနတယ္.. တအားခုန္ေနတာ ဒုကၡပဲ.."

ႏွလံုးတအားခုန္ေနတယ္ဆိုၿပီး လူကပါ ခုန္ဆြခုန္ဆြျဖစ္ေနသည့္ Baekhyun ေၾကာင့္ သူ ဟက္ခနဲ ရယ္လိုက္မိသည္။

"ဘာလို႔ရယ္ေနတာလဲ.. ပိုခုန္လာရင္ ဒုကၡပဲ... ဆရာဝန္ေခၚရမယ္ ခဏေလး"

အျပင္ကိုေျပးထြက္မလို႔လုပ္ေနသည့္ေကာင္ေလးကို လက္ေမာင္းႏွစ္ဖက္ကေန ျပန္ေဆာင့္ဆြဲလိုက္ေတာ့ ေစြ႕ခနဲျပန္ပါလာ၏။ ဒါေတာင္ ေလွကားထစ္ေတြမွာ သူတို႔ႏွစ္ေယာက္တည္းမို႔ ေတာ္ေသးသည္။

"ကိုယ္ဘာမွမျဖစ္ဘူး.. ေနေကာင္းတယ္"

"ႏွလံုးခုန္ေနတာႀကီးကို"

"ႏွလံုးပဲ.. ခုန္မွာေပါ့ ခ်ာတိတ္ကလည္း"

အဲ့ေတာ့မွ ဟုတ္သားပဲ ဆိုၿပီး ၿငိမ္က်သြားသည့္ ခ်ာတိတ္။

ေလွကားထစ္တစ္ထစ္မွာ သူ ငုတ္တုတ္ထိုင္ခ်လိုက္ေတာ့ သူ႔ေဘးကေနရာလြတ္ေသးေသးေလးမွာ ေကာင္ေလးကပါ အတင္းကပ္ထိုင္လာသည္။

"ေမေမကေတာ့ ဦးေလးႀကီးကို သားခ်စ္သူလို႔ပဲ ထင္ေနေတာ့တာ"

သူ အခုမွ ဆက္စပ္မိေတာ့သည္။ ခ်ာတိတ္ရဲ႕ စိတ္ဆိုးမွာလားဆိုတာ ဒီကိစၥကိုေျပာတာျဖစ္ရမည္..။ တစ္ေယာက္တည္း အထိတ္တလန္႔ေတြျဖစ္သြားေပမဲ့ ဒီအေျခအေနကလည္း တစ္မ်ိဳးေကာင္းသည္မဟုတ္လား။

"ဒါဆို ကိုယ္တို႔အခ်င္းခ်င္းအေႂကြးမတင္ေတာ့ဘူးေပါ့ေနာ္.."

"စိတ္မပူပါနဲ႔.. ဦးေလးႀကီး ေနေကာင္းသြားရင္ သားက ကူညီေပးမွာပါ.. လူကို မယံုသကၤာျဖစ္စရာမလိုပါဘူး"

ေကာင္ေလးက သူစိုးရိမ္ေနတာကို ခပ္ေထ့ေထ့ေလးျပန္ေခ်ပေျပာသည္။ သူကလည္း သူ႔အမွားနဲ႔သူဆိုေတာ့ ၿငိမ္ခံေနရံုကလြဲၿပီးမရွိ။

"ခ်ာတိတ္ အဆင္ေျပမဲ့အက်ႌေရြးဝယ္ပါလား.. အရင္တစ္ခါဝတ္တဲ့ဂါဝန္က အရမ္း.. အဟမ္း.. တိုေနလားလို႔"

"ဦးေလးႀကီး ဝယ္ေပးမွာမလား"

"အင္းေပါ့.. တျခားလိုခ်င္တာရွိရင္လည္း ကိုယ္ဝယ္ေပးမယ္ေလ"

"အင္းေလ.. အဲ့ဒါဆိုလည္း ဝယ္ရတာေပါ့"

ေဆးရံုေလွကားထစ္မွာ ငုတ္တုတ္ထိုင္ၿပီး စကားေျပာရတာ အဲ့ေလာက္ေပ်ာ္စရာေကာင္းမယ္မွန္းမထင္ခဲ့။ Oh Sehun လိုခ်င္ေနတဲ့ေျမကြက္ကို ျဖတ္လုႏိုင္ခဲ့တုန္းကထက္ ပိုေပ်ာ္သည္..။

"ဦးေလးႀကီးက ပါးခ်ိဳင့္ပါတာပဲေနာ္.. လွတယ္.. ျပံဳးစမ္းပါ.. ျပံဳးရင္ ဒီေလာက္ၾကည့္ေကာင္းတာကို"

ကိုယ္ျပံဳးလိုက္လို႔ ပါးခ်ိဳင့္ခြက္ဝင္သြားတဲ့အခါ ကမန္းကတန္းလက္ညိႇဳးတစ္ေခ်ာင္းအတင္းထိုးရင္း တဝိုးဝိုးနဲ႔ အားက်ေနသည့္ေကာင္ေလးကို သူ႔ေရွ႕ေရာက္မွ မရည္ရြယ္ပဲ ခဏခဏျပံဳးမိေနတာေတာ့ Chanyeol မေျပာျပမိခဲ့ပါ။

လွပတဲ့အရာေလးေတြဆိုတာ... အလွၾကည့္ေနမွပဲ ပိုတန္ဖိုးရွိတာမလား။ အပိုင္လိုခ်င္ေနလို႔ေတာ့ ဘယ္ျဖစ္မလဲေလ....

_________________________

ဆက္ရန္။

Unicode

မနေ့က စိတ်အခန့်မသင့်တာနဲ့ Luhan လည်း တစ်ညလုံးနီးပါး ကိုကြီးအခန်းမှာပဲ အချိန်ကုန်သည်။ Sehun ကလည်း သူစိတ်ဆိုးနေသည်ကို ပြန်စိတ်ဆိုးသွားပုံရသည်.. ဖုန်းခေါ်ဖို့မပြောနဲ့၊ မက်ဆေ့ချ်လေးတစ်စောင်တောင်မပို့။ ဒီမနက် သူ ဂျူတီဆင်းခါနီး ရီဆက်ပ်ရှင်က သူနာပြုလေးတွေကိုမေးမိမှ ခဏနေရင် ဆေးရုံဆင်းတော့မတဲ့။

သူ့ကို အကျိုးအကြောင်းလေးတောင်မပြောပဲ ရုတ်တရက်ကြီး ဆေးရုံဆင်းဖြစ်တာ သေချာပေါက် မနေ့ကကိစ္စကြောင့်ပင်ဖြစ်ရမည်။

လူကပင်ပန်းနေတော့ Sehun နဲ့ စကားပြောရင် ဘုနဲ့ဘောက်ဖြစ်ပြီး ပိုစိတ်ဆင်းရဲရမှာဖြစ်ပေမဲ့ ဒီတိုင်းထားလိုက်လို့ Sehun က စိတ်ပြေသွားပါမယ်လို့လည်း အာမ,မခံနိုင်။ အထူးသဖြင့် ကိုကြီးကြောင့်ဆိုပြီး ပိုစိတ်ဆိုးနေမှာကို သူကပါ ပစ်ထားလိုက်ရင် ဘာမဟုတ်တဲ့ကိစ္စလေးကနေ သူတို့ မခေါ်နိုင်မပြောနိုင်ဖြစ်ကြတော့မည်။

အခုမှ ပြန်လည်တည်ဆောက်နေရတဲ့ အချစ်ရေးမှာ တစ်ခုခုအဖုအထစ်ရှိနေမှာမျိုး Luhan မလိုလား။

"Sehun"

အိတ်တစ်လုံးဆွဲပြီး အခန်းထဲကထွက်လာတဲ့သူက Luhan ကို လှမ်းကြည့်ပေမဲ့ ဘာမှပြန်မပြော။ အနောက်ကပါလာတဲ့ Baekhyun မှာလည်း သူတို့နှစ်ယောက်ကိုသာ ကြောင်တောင်တောင်လေး ငေးကြည့်နေသည်။ Luhan ကလည်း ခေါ်သာခေါ်လိုက်ရသည်၊ ဘာမှမတုန့်ပြန်တော့ ဘာဆက်ပြောရမှန်းမသိပဲ သုံးယောက်သား ခဏရပ်နေမိကြသည်။

စက္ကန့်ပိုင်းလောက်စောင့်အပြီးမှာ Luhan ဆီက ဘာစကားမှထွက်မလာတာနဲ့ Sehun က ဘေးကကွေ့ထွက်သွားဖို့ပြင်၏။

"ဟို.. Baekhyunee ခဏလောက် စောင့်နေပေးမလား.. မင်းကိုကိုနဲ့ ခဏစကားပြောချင်လို့"

Sehun လက်မောင်းကို ကမန်းကတန်းလှမ်းဆွဲပြီး သူ Baekhyun ကို အသိပေးမိသည်။ ကောင်လေးကတော့ ခပ်မြန်မြန်ခေါင်းညိတ်ပြရှာသည်။

"ကားသော့ယူသွား.. ပါကင်မှာ စောင့်နေ"

Sehun အသံက မာထန်နေတာမို့ သူတောင် လန့်ဖြန့်သွားရသည်။ အဲ့လောက်တောင် စိတ်ဆိုးနေတာလား...။ ဘယ်ကစပြီး ဘယ်လိုချော့ရမှန်းမသိပေမဲ့ သူက အူကြောင်ကြောင်လုပ်ပြမိလိုက်ရင် ပိုစိတ်ဆိုးသွားဦးမှာ။

ဆေးရုံခန်းထဲကိုပဲ ပြန်ဆွဲသွင်းလာကာ Sehun လက်ထဲကအိတ်ကို ဆွဲယူမိသည်။ လွှတ်မပေးတာမို့ အိတ်က သူ့လက်ထဲတော့ ပါမလာပဲ အတင်းဆွဲလိုက်ရတာကြောင့် လက်ဖဝါးလေး နီရဲသွားတာသာရှိသည်။

"Sehun..."

ဒီတစ်ခါတော့ ငိုတော့မယောင်အသံနဲ့ခေါ်လိုက်တာမို့ Sehun ကငုံ့ကြည့်လာသည်။ မျက်လုံးသေတွေနဲ့ ငုံ့ကြည့်တယ်ဆိုရုံပဲ ငုံ့ကြည့်လာတာ..။ သူနဲ့ပတ်သက်ရင် အကြည့်လေးတစ်ခုကအစ အသေးစိတ်လိုက်ခံစားနေမိတာလည်း Luhan အားနည်းချက်ပဲထင်၏။

"Sehun ကလည်း... ချော့နေတာကို"

အသံကတဖြည်းဖြည်းတိမ်ဝင်သွားတာ ကိုယ့်ဘာသာသိသည်။ Sehun များ စိတ်ဆိုးမပြေရင် ဒီနေရာမှာတင် ခြေဆင်းပြီး ထိုင်ငိုပစ်လိုက်ချင်တော့သည်အထိ စိတ်ကအားငယ်လာရသည်။ တစ်ခုခုဆို ပျော့ညံ့လွန်းတဲ့ကိုယ့်ကိုယ်ကို အားမရ..။ ဒါပေမဲ့လည်း ထိုအကျင့်ကိုမပြင်နိုင်ပြန်။

"Sehun...."

နာမည်ကိုပဲတအီအီခေါ်နေပြီး စိတ်ဆိုးပြေအောင်ချော့နေပါသတဲ့။ Sehun မှာ မရယ်ချင်အောင် မနည်းစိတ်ထိန်းထားရသည်။ Han ဟာ အဲ့လို ပေါက်ကရတွေလည်း လုပ်တတ်သေးသည်။ သူမျက်နှာတည်ထားတာနဲ့ မျက်ရည်ကဝဲနေပြီ..။ ဒီလိုပုံစံနဲ့ ဒီလောက်နှစ်တွေအကြာကြီး သူ့ကိုအဆက်အသွယ်ဖြတ်ပြီး ဘယ်လိုနေခဲ့သလဲမသိ....

"ကဲ.. ငိုတော့မငိုပါနဲ့ Han ရယ်"

Luhan မျက်ဝန်းအစပ်ကနေ စိမ့်ထွက်စပြုနေတဲ့မျက်ရည်တွေကို သူပဲသုတ်ပေးလိုက်ရသည်။

"Sehun က စိတ်ဆိုးနေတာကိုး"

အခုမှ နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့် Sehun ရင်ခွင်ထဲတိုးဝင်လာသည့် အကောင်ပေါက်ကလေး...။ ကိုယ်လုံးသေးသေးလေးကို ဖက်ပစ်လိုက်တော့ အိခနဲ။

"ကိုယ်က မနက်နိုးကတည်းက စိတ်ပြေသွားတာ ကြာပေါ့"

"ဒါဆို ဘာလို့စာတစ်စောင်တောင်မပို့ထားလဲ.. ခုနကလည်း မျက်နှာကြီးကတည်နေပြီးတော့.... ရုတ်တရက်ကြီးဆေးရုံလည်းဆင်းမယ်ဆို"

မကျေနပ်တာတွေကို တန်းစီပြီး ဖွင့်ဟပြောပြလာသော သူ့အချစ်ကလေး။

"Park Chanyeol အခန်းမှာပဲ Han က ရှိနေရတယ်ထင်လို့လေ.. ကိုယ်စာပို့တာဖြစ်ဖြစ်၊ ဖုန်းခေါ်တာဖြစ်ဖြစ်လုပ်လိုက်ရင် Han က ပျော်သွားမှာမလား.. အဲ့လိုဆို ဟိုကောင်ကရိပ်မိသွားတော့မှာလေ"

ကိုယ့်ဘက်ကိုယ်ယက်ပြီး ဆင်ခြေပေးလိုက်တော့ မျက်မှောင်ကြုံ့၍ကြည့်လာသည်။ ဘာမှတော့ပြန်မပြော။ သူ့ကိုယ်သူလည်း မျက်နှာအမူအရာမထိန်းချုပ်နိုင်တာ သိပုံရသည်။

"မျက်နှာတည်ထားတာကတော့ Han ကို စချင်လို့... နောက်ပြီး ပက်ကျိကောင်လေးက ဆေးရုံတင်ထားစရာမှမလိုတော့ပဲလေ.. ကိုယ်က အစကတော့ စိတ်ချရအောင်ထားမလို့ကို အခု Park Chanyeol ရှိနေလို့ ကိုယ်လည်းလာလို့မရမဲ့အတူတူ အိမ်မှာပဲ ထားမလို့ ဆေးရုံဆင်းတာပါခင်ဗျ"

"လူကို စ,စရာလား.. နောက်စရာလား"

ရင်ဘတ်ကို ဘုန်းခနဲထထုသည့်လက်လေးတွေကို Sehun လှမ်းချုပ်ရပြန်၏။ လူကောင်သေးပြီး အားနဲ့မာန်နဲ့ထုတတ်ရိုက်တတ်တဲ့သူတွေဆိုရင် သေချာတယ်.. အိမ်ကပက်ကျိနဲ့ Han ပါပဲ..။

လက်ကောက်ဝတ်လေးနှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းနဲ့စုစည်းချုပ်ကိုင်ကာ မျက်နှာသေးသေးလေးကို အပေါ်စီးကနေ အားပါးတရစိုက်ကြည့်ပစ်လိုက်တော့ ရင်ခွင်ထဲကလူသားလေးက မျက်လွှာလေးချ၍ ငြိမ်ကျသွားသည်။ ဖြူဥဥပါးပြင်နှစ်ဖက် တဖြည်းဖြည်းသွေးရောင်လွှမ်းလာတာလေးကိုကအစ မြတ်နိုးလွန်းပါ၏။

မျက်တောင်ရှည်တွေဝန်းရံဘောင်ခတ်ထားသည့် မျက်လုံးအိမ်ကြည်ကြည်တောက်တောက်လေးကိုလည်း ချစ်သည်။ သူ့ရင်ခွင်နဲ့ အံဝင်ခွင်ကျဖြစ်သည့် ခန္ဓာကိုယ်သေးသေးကိုလည်း ချစ်သည်။ Han အစ်ကိုကလွဲလို့ Han နဲ့ပတ်သက်တာ အကုန်လုံးကိုချစ်သည်။

ပါးအိအိလေးထက်ကို အနမ်းတစ်ပွင့်ခြွေချရင်း ရင်ခွင်ထဲကကောင်လေးကို တင်းနေအောင်ဖက်ထားလိုက်တော့သည်။

ဘယ်တော့များမှ... ဒီလူသားကို သူ ပိုင်ခွင့်ရှိလေမလဲ...။

_________________________

"Eunbin လေးတို့လာရင် နည်းနည်းပြေပြေလည်လည်ဆက်ဆံပါဦး သားရယ်"

တစ်မနက်လုံး ဒါပဲပြောနေတော့ လူက အရွဲ့တိုက်ချင်လာ၏။ မေမေ့ကို ဘုကလန့်ပြန်ပြောရအောင်လည်း သူက ဆယ်ကျော်သက်လေးမဟုတ်လို့သာ ငြိမ်နေရတာ..။ နောက်ပြီးစာပြန်မပို့တဲ့ ချာတိတ်ဆီကို စိတ်ကရောက်နေတော့လည်း မေမေပြောတာ ကြားတစ်လှည့် မကြားတစ်လှည့်။

ဖုန်းခေါ်ချင်ပေမဲ့လည်း မေမေက တစ်ချိန်လုံးဘေးမှာရှိနေတော့ သူ့မှာ အခွင့်အရေးကမရပြန်။ အခုအသက်အရွယ်ကြီးကျမှ မေမေ့အလစ်ကိုချောင်းနေရတာ စိတ်မသက်သာလှ။

"Eunbin လေးက ချစ်စရာလေးပါ သားရယ်..ဘာလို့ သဘောမကျတာလဲ"

"မေမေကလည်း.. ရှုပ်ရှုပ်ယှက်ယှက်တွေ.."

ဖုန်းကို ခေါင်းအုံးဘေးမှာ ပြန်ထားလိုက်ပြီး Chanyeol မေမေ့ကို မျက်မှောင်ကြုံ့၍ကြည့်မိသည်။ အရင်လူတွေတုန်းက သူ မကြိုက်ဘူးဆိုရင် တစ်ခွန်းတည်းနဲ့ပြီးသလောက် ဒီကလေးမ,ကျမှ မေမေက ဘယ်လိုဖြစ်လို့ လာအပတ်သက်ခံနေရသလဲ။

ခဏနေတော့ မေမေ့ဖုန်းဝင်လာ၏။ အဲ့သားအမိဆီကပဲနေမှာ...။

"မေမေ အောက်ထပ်ကနေ သူတို့ကို သွားကြိုလိုက်ဦးမယ်.. သေချာလေး ကောင်းကောင်းမွန်မွန်ပြန်ပြော ကြားလား"

မေမေထွက်သွားတာနဲ့ သူလည်း ဖုန်းကိုထားပစ်ခဲ့ပြီး အပြင်ထွက်လာခဲ့လိုက်သည်။ ချာတိတ်အခန်းကို သွားကြည့်ရမည်။ သူ့ကို တော်တော်လေးစိတ်ဆိုးနေသလားမသိ..။

ဓာတ်လှေကားတံခါးပိတ်သွားသည်အထိ သူတစ်ယောက်တည်းမို့ တော်သေးသည်။ တော်ကြာ Luhan နဲ့ တည့်တည့်တိုးနေမှ စစ်လားဆေးလားအလုပ်ခံနေရဦးမည်မလား။ အိမ်မှာဆိုရင် အေးဆေးသလောက် အလုပ်ခွင်မှာတော့ ဆူညံပူညံလုပ်တတ်သည့် သူ့ညီလေး။

"ဦးလေးကြီး"

ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ ကြားလိုက်ရတဲ့ အသံလေးက ရှေ့ဆင့်နောက်ဆင့်။ သူ့ကို လူနာဝတ်စုံနဲ့မြင်လိုက်ရလို့ ပါးစပ်လေးအဟောင်းသားဖြင့် အံ့အားသင့်နေတဲ့ကောင်လေးကို လက်ကဆွဲပြီး ကမန်းကတန်း အရေးပေါ်လှေကားဘက်ကို ထွက်လာရသည်။ ဓာတ်လှေကားက ဘယ်လိုမှ မလုံခြုံ။

"ဦးလေးကြီး.. ဘာဖြစ်လို့ ဆေးရုံရောက်နေတာလဲ.. သားတောင် ဒီနေ့ ဆေးရုံဆင်းရပြီသိလား"

ဆေးရုံဆိုတာ နေလို့ကောင်းတဲ့နေရာမဟုတ်ပေမဲ့ သူရောက်လာတော့မှ ဒီကောင်လေးဆေးရုံဆင်းရပြီဆိုတော့ နည်းနည်းတော့ စိတ်ထဲနှမြောသွား၏။

"ချာတိတ် ကိုယ့်ကို စိတ်ဆိုးနေတာလား"

"အာ.. မနေ့ကဖုန်းချသွားတာကိုလား"

"ဖုန်းချလိုက်တာမဟုတ်ဘူး.. ကိုယ်.. လူကို ရှောင်ပြီး အက်စီးဒန့်အသေးစားလေးဖြစ်သွားလို့"

ကောင်လေးက မျက်လုံးလေးဝိုင်း၍ အံ့ဩတကြီးဖြင့် သူ့လက်မောင်းကို ဖြတ်ခနဲလှမ်းရိုက်သည်။

"သတိထားတာမဟုတ်ဘူး ဦးလေးကြီးကလည်း.. နဖူးပေါက်သွားတာလား.. အများကြီးနာနေမှာပဲနော်.. သားတောင် ဆေးစစ်ဖို့ သွေးလေးယူတာ နာနေတာကို"

လက်ဖမိုးပေါ်က အပ်ပေါက်ရာသေးသေးလေးကို သူမြင်အောင် အတင်းထောင်ပြပြီးပြောနေတဲ့ကောင်လေးက အလိုလိုနေရင်း ချစ်ဖို့ကောင်းနေသလိုပဲ..။ ဘာလို့ သူ ရင်တွေခုန်နေရတာလဲ။ နှလုံးအခုန်မြန်နေတဲ့ ဘယ်ဘက်ရင်ဘတ်ကို လက်နဲ့ဖိမိတော့ ချာတိတ်လေးက ပြူးပြူးပြာပြာဖြင့် သူ့လက်ဖဝါးလေးပါ ရင်ဘတ်ပေါ်ကို ရောက်လာသည်။

"ဘယ်နားကနာလို့လဲ... ဟင်.. ဦးလေးကြီး နှလုံးက အရမ်းခုန်နေတယ်.. တအားခုန်နေတာ ဒုက္ခပဲ.."

နှလုံးတအားခုန်နေတယ်ဆိုပြီး လူကပါ ခုန်ဆွခုန်ဆွဖြစ်နေသည့် Baekhyun ကြောင့် သူ ဟက်ခနဲ ရယ်လိုက်မိသည်။

"ဘာလို့ရယ်နေတာလဲ.. ပိုခုန်လာရင် ဒုက္ခပဲ... ဆရာဝန်ခေါ်ရမယ် ခဏလေး"

အပြင်ကိုပြေးထွက်မလို့လုပ်နေသည့်ကောင်လေးကို လက်မောင်းနှစ်ဖက်ကနေ ပြန်ဆောင့်ဆွဲလိုက်တော့ စွေ့ခနဲပြန်ပါလာ၏။ ဒါတောင် လှေကားထစ်တွေမှာ သူတို့နှစ်ယောက်တည်းမို့ တော်သေးသည်။

"ကိုယ်ဘာမှမဖြစ်ဘူး.. နေကောင်းတယ်"

"နှလုံးခုန်နေတာကြီးကို"

"နှလုံးပဲ.. ခုန်မှာပေါ့ ချာတိတ်ကလည်း"

အဲ့တော့မှ ဟုတ်သားပဲ ဆိုပြီး ငြိမ်ကျသွားသည့် ချာတိတ်။

လှေကားထစ်တစ်ထစ်မှာ သူ ငုတ်တုတ်ထိုင်ချလိုက်တော့ သူ့ဘေးကနေရာလွတ်သေးသေးလေးမှာ ကောင်လေးကပါ အတင်းကပ်ထိုင်လာသည်။

"မေမေကတော့ ဦးလေးကြီးကို သားချစ်သူလို့ပဲ ထင်နေတော့တာ"

သူ အခုမှ ဆက်စပ်မိတော့သည်။ ချာတိတ်ရဲ့ စိတ်ဆိုးမှာလားဆိုတာ ဒီကိစ္စကိုပြောတာဖြစ်ရမည်..။ တစ်ယောက်တည်း အထိတ်တလန့်တွေဖြစ်သွားပေမဲ့ ဒီအခြေအနေကလည်း တစ်မျိုးကောင်းသည်မဟုတ်လား။

"ဒါဆို ကိုယ်တို့အချင်းချင်းအကြွေးမတင်တော့ဘူးပေါ့နော်.."

"စိတ်မပူပါနဲ့.. ဦးလေးကြီး နေကောင်းသွားရင် သားက ကူညီပေးမှာပါ.. လူကို မယုံသင်္ကာဖြစ်စရာမလိုပါဘူး"

ကောင်လေးက သူစိုးရိမ်နေတာကို ခပ်ထေ့ထေ့လေးပြန်ချေပပြောသည်။ သူကလည်း သူ့အမှားနဲ့သူဆိုတော့ ငြိမ်ခံနေရုံကလွဲပြီးမရှိ။

"ချာတိတ် အဆင်ပြေမဲ့အကျႌရွေးဝယ်ပါလား.. အရင်တစ်ခါဝတ်တဲ့ဂါဝန်က အရမ်း.. အဟမ်း.. တိုနေလားလို့"

"ဦးလေးကြီး ဝယ်ပေးမှာမလား"

"အင်းပေါ့.. တခြားလိုချင်တာရှိရင်လည်း ကိုယ်ဝယ်ပေးမယ်လေ"

"အင်းလေ.. အဲ့ဒါဆိုလည်း ဝယ်ရတာပေါ့"

ဆေးရုံလှေကားထစ်မှာ ငုတ်တုတ်ထိုင်ပြီး စကားပြောရတာ အဲ့လောက်ပျော်စရာကောင်းမယ်မှန်းမထင်ခဲ့။ Oh Sehun လိုချင်နေတဲ့မြေကွက်ကို ဖြတ်လုနိုင်ခဲ့တုန်းကထက် ပိုပျော်သည်..။

"ဦးလေးကြီးက ပါးချိုင့်ပါတာပဲနော်.. လှတယ်.. ပြုံးစမ်းပါ.. ပြုံးရင် ဒီလောက်ကြည့်ကောင်းတာကို"

ကိုယ်ပြုံးလိုက်လို့ ပါးချိုင့်ခွက်ဝင်သွားတဲ့အခါ ကမန်းကတန်းလက်ညှိုးတစ်ချောင်းအတင်းထိုးရင်း တဝိုးဝိုးနဲ့ အားကျနေသည့်ကောင်လေးကို သူ့ရှေ့ရောက်မှ မရည်ရွယ်ပဲ ခဏခဏပြုံးမိနေတာတော့ Chanyeol မပြောပြမိခဲ့ပါ။

လှပတဲ့အရာလေးတွေဆိုတာ... အလှကြည့်နေမှပဲ ပိုတန်ဖိုးရှိတာမလား။ အပိုင်လိုချင်နေလို့တော့ ဘယ်ဖြစ်မလဲလေ....

_________________________

ဆက်ရန်။

Continue Reading

You'll Also Like

286K 19.5K 47
လက္စားေခ်ရန္တစ္ခုသာ ဦးေႏွာက္ထဲ ေနရာအျပည့္ယူခဲ႔ျပီး နာက်င္ေနသည္ လိုအပ္ေနသည္ ကိုေတာင္ ေဝဖန္ပိုင္းျခားႏိုင္စြမ္း မရွိေတာ့သည္အထိ ရက္စက္တတ္တဲ႔ ႏွလုံးသားက...
23.8K 3.1K 40
I love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂
72.3K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
2.5K 260 10
Unicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက...