Uni...
အိမ်ပေါ်သို့ရောက်ထဲက စကားမပြောပဲ ထိုင်ခုံပေါ်မှာပဲထိုင်နေတဲ့ ကြည်သာတစ်ယောက်။
" ဟျောင့် ကြည်သာ ဘယ်လိုဖြစ်လာတာလဲ"
" မသိပါဘူးကွာ၊ ငါ စက်ဘီးနဲ့ခေါ်လာတော့လည်း ငါကသာ စကားပြောနေတာ သူက ဘာအသံမှမထွက်ဘူး၊ မသိရင်ငါက အရူးကျနေတာပဲ"
" အေး ကြည်သာ မင်း ဘာဖြစ်လာလဲ ပြောမှ ငါတို့က အကြံပေးလို့ရမှာပေါ့"
" ဘာ ဘာမှမဖြစ်ဘူး"
" ဘာမှသာ မဖြစ်တာ မင်းမျက်နှာရဲလာတယ်နော်"
"အေးလေ မသိရင် မဟုတ်တာလုပ်ပြီး..ရှက်လာသလိုလိုနဲ့"
" အာ မသိတော့ဘူးကွာ ရော့ ဒီမှာ မင်းတို့အတွက် လက်ဆောင်ထုတ် ငါ ဒီနေ့ အိမ်မပြန်ဘူး ဒီမှာ အိပ်မယ်နော်"
" ဟာ ဟျောင့် မရဘူးနော်၊ မင်း ဒီမှာအိပ်တော့ မင်း ယောကျာ်းကကော"
" မသိဘူး၊ သူ့ဘာသူ အိပ်ချင်သလိုအိပ်ကွာ"
" အင်းပါ မင်း မပြောပြချင်ဘူးဆိုလည်း သဘော၊ အခုတော့ ငါတို့ကို မင်းရဲ့အတွေ့အကြုံလေးပြောဦး"
" ဘာ ဘာ အတွေ့ကြုံ"
" ဟ မင်း ဂျပန်သွားတာ ဂျပန်ရဲ့အတွေ့အကြုံအကြောင်းမမေးတော့ မင်းရဲ့.မင်္ဂလာဦး"
" အာ..မင်း မင်းတို့ ဘာတွေလျှောက်ပြောနေတာလဲ"
" အေး နေပါအုန်း၊ ကြည်သာ မင်းက ဟုတ်ရောဟုတ်ရဲ့လား"
" ဘာကို ဟုတ်ရမှာ"
" မင်းတို့ အခုထိ."
" ရာ..မင်း မင်းတို့အတွေးတွေ အရမ်းညစ်ပတ်တယ်"
" အေးပါကွာ ငါတို့ကပဲ အမှောင်သခင်ကြီးပါ"
" မင်းတို့ကလည်း ငါက အဲ့လိုပြောတာမှမဟုတ်တာကို"
" ထားပါ မင်း မပြောချင်ရင်လည်း ငါတို့ တစ်ခြားအကြောင်းပြောကြရအောင်"
" အင်း"
ဘယ်တက်နိုင်မလဲလေ၊ ကိုယ်တွေက သိချင်ပါသော်လည်း ဒင်းက ဘာတွေဒီလောက်ရှက်ပြီး မပြောရဲလဲမှမသိတာ၊ ခွေးကောင် ငါတို့က သိချင်တာကို ဟွန်း။
" ဘာလဲ..မင်းတို့အကြည့်က"
" ဟဲ ဘာမှမဟုတ်ပါဘူး၊ ဟျောင့်ရေ မျိုးမင်း ကြည့်စမ်း လက်ဆောင်လေးက လှတယ်ကွနော်"
" အေးကွ ငါတို့ သူငယ်ချင်းက အဝယ်တော်သားပဲ"
" ဟွင်း အကြည့်တွေနော်"
သူငယ်ချင်းတွေစုံလျှင် ကြုံရာအကြောင်းပြောရင်းက ဘယ်လိုတောင်မိုးချုပ်သွားတယ် မသိ၊ အရှေ့က ကားဟွန်းသံကြားမှ သတိဝင်လာရတော့သည်။
တီ..တီ...
" ကြည်သာ ဟိုမှာ မင်း ကိုကို လာခေါ်နေပြီ"
" ဟာ ငါ ဒီမှာအိပ်မလို့ မလိုက်တော့ဘူးလို့ ပြောလိုက်ကွာ"
" မင်းကလည်းကွာ အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ"
" အေးလေးကွာ မင်းကလည်း မင်းက အရင်လိုမှမဟုတ်တော့တာ"
" မင်းတို့ကလည်း..ဟင့်"
" အေးနော် ငိုလည်းမချော့ဘူး ဟျောင့်.သွား မင်းယောကျာ်းဆီ မင်းပြန်"
" မင်းတို့ကလေ သိလား စိတ်ဓာတ်ပဲ"
" ပညာပဲ ဟျောင့်"
" ကိုမဟော်ရေ အိမ်ထဲသာ လာဆွဲခေါ်လိုက်တော့"
" အားနာလိုက်တာ ညီတို့ရာ"
" ရပါတယ်ဗျာ ဒီကောင်မူနေလို့"
" မင်းတို့.."
" လာပါ ကလေးရာ သူငယ်ချင်းတွေကို အားနာစရာကြီးလေးနော်"
" ဟျောင့်တွေ ငါ မင်းတို့ကို အားနာလို့ပြန်လိုက်သွားတာနော်"
" အေးပါကွာ အေးပါ ကျေးဇူးတင်ပါတယ် ဟုတ်ပြီလား"
" ဟွန်း"
//**//
သူငယ်ချင်းတွေကို စိတ်ဆိုးကာ ဘောက်ဆက်ဘောက်ဆက်ဖြင့် ကားထဲဝင်ထိုင်တဲ့ ကလေးငယ်။ ရှက်နေမယ်ဆိုတာသိတာကြောင့် ဘာမှမပြောဖြစ်တော့။ အမှတ်မထင်တိုက်ဆိုင်သွားနဲ့ သီချင်းတစ်ပုတ်ကိုတော့ dowl ကာ အမြဲဖွင့်ထားတက်သည်မို့ သီချင်းသံက တိုးညင်းစွာ
ကလေးလေး သိပ့်ချစ်တယ်
ကိုယ် ဒါလေးပဲပြောပြောနေတယ်
" ဟင့် ရွှတ်"
သီချင်းသံတိုးတိုးလေးကြားမှာ ထွက်ပေါ်လာတဲ့ ကလေးငယ်ရဲ့ ရှိုက်သံ။
" ကလေး ဘာဖြစ်လို့လဲ ဟင် ဘာလို့လဲ ကိုကို ဘာမှားသွားလို့လဲ"
" ဟင့် ကိုကို"
လွတ်ရာလမ်းဘေးသို့ ကားကိုထိုးရပ်လိုက်တာနဲ့ ငိုကြွေးကာ ကိုယ့်ကိုယ်အားကိုးစွာနဲ့ ဖက်တွယ်လာတဲ့ ကလေးငယ်။
" အင်း ကိုကို ရှိတယ်နော်"
" ဟင့် ကျွန်တော်လေ နှလုံးရောဂါရနေပြီထင်တယ် ဟင့်"
" ဘယ်လို ကလေးက ဘာလို့အဲ့လိုထင်ရတာလဲ"
" ဟင့် ကျွန်တော် အခုရက်ပိုင်လေ၊ ရင်တွေဘာတွေတုန်လာတယ်၊ တစ်ခုခုဆို နှလုံးခုန်တာတွေမြန်လာတယ်၊ ဟင့်"
" မဟုတ်လောက်ပါဘူး ကလေးရာ"
" ဟင့် ဟုတ်ပါတယ်ဆို အခုတောင် ရင်တွေခုန်နေတာ၊ ကိုင်ကြည့်ပါလား"
ဖက်တွယ်ထားရင်းမှ သူ့ရင်ဘက်ကိုအရှေ့သို့ကော့ပေးလာတဲ့ ကလေးငယ်၊ အီး.. စိတ်ထိန်းသင့်တယ်၊ ကလေးငယ် ငိုနေတာမို့။
ကလေးငယ်ရဲ့ နှလုံးသားရှိရာဘက်ကို လက်တစ်ဖက်တင်လိုက်တော့ အဆမတန်ခုန်နေတဲ့ ကလေးရဲ့ရင်ခုန်သံ၊ ဒီရင်ခုန်သံက ကိုယ့်ကြောင့်ဖြစ်လာတယ်ဆိုတာ သိလိုက်ရတော့..အတိုင်းထက်အလွန်။
" ပြီးတော့လေ ညဘက်ရောက်ရင် အသက်လည်းရှုကြပ်တယ် ဟင့်"
" ဟင်..အဲ့ အဲ့ဒါကလေ"
" ကျွန်တော့်အခြေအနေ တော်တော်ဆိုးနေလားဟင်"
" ကိုကို သက်သေပြမလို့ မတွန်းလွှတ်နဲ့နော်"
" ဟင် ဘာကို.."
စီးကျနေသော မျက်ရည်တွေကိုသုတ်ကာ ကလေးရဲ့နှုတ်ခမ်းကို နမ်းရှိုက်လိုက်တော့ ပထမတော့တွန့်သွားပေမယ့် ကိုယ့်ရဲ့ဖမ်းချုပ်မှုကြောင့် ငြိမ်ကျသွားသည်။ တရားဝင် ဒုတိယအကြိမ် နမ်းရှိုက်ခွင့်ရသည်မို့ လွှတ်ပေးဖို့ဆန္ဒကတော့မရှိ။
သို့ပေမယ့်လည်း အချိန်တစ်ခုအကြာ တွန်းလွှတ်လာသော ကလေးရဲ့လက်တစ်စုံကြောင့် နှမြောတသစွာ။
" အခု ကလေးရဲ့ နှလုံးခုန်သံကို ပြန်စမ်းကြည့်"
" ဟို စောနတုန်းက ပိုခုန်နေတယ်"
" ဟုတ်လား ဒါဆို ကလေးရောဂါရနေတာပဲ"
" ဟင် တ.တစ်ကယ်ကြီးလား ဟင်"
စနောက်မှုမှာ အသဲအသန်ထိတ်လန့်သွားတဲ့ ကလေးငယ်ရဲ့ပုံရိပ် တစ်သက်လုံးသိမ်းထားချင်မိတယ်ဆို လွန်သွားမလား။
" အင်း ကလေးရဲ့ရောဂါက ကိုကို့ကိုယ် ချစ်တဲ့ရောဂါပါဗျ"
" အိုဗျာ ခင်ဗျားက လည်လိုက်တာ..ကျွန်တော့်ကို ညာ..ညာပြီးနမ်းတယ်"
" ကလေးရောဂါကို အတိပြုပေးတာပါဗျ"
" မုန်းစရာကြီးဗျာ"
" ကလေးရဲ့ ချစ်ကိုကိုပါဗျ"
ကိုယ့်ရဲ့စနောက်မှုကြောင့် ရောက်ရှိလာတဲ့ ကလေးငယ်ရဲ့ မျက်စောင်းတစ်ချက် မက်မောရပါသည်။
" အဟမ်း..ဒါဆို ညဘက် ညဘက် အသက်ရှုကြပ်တာကကော"
ဘူးသာဘူး လူမသိစေချင်။
" အာ..အဲ့ဒါကလေ..အော်..ကလေးကို ကိုကိုက ညဘက်ကျရင် ရင်ခွင်ထဲအတင်းထည့်ပြီးဖက်အိပ်တော့လေ၊ အင်း ဟုတ်တယ် အဲ့ဒါကြောင့် ကလေး အသက်ရှုကြပ်တာ ဟုတ်တယ် အဲ့ဒါကြောင့်"
" အော်.အဲ့လိုလား"
ပြောပါတယ်၊ ဘယ်အမှုမဆို အလျှောက်ကောင်းရင် အထောင်းသက်သာပါတယ်လို့။
" ကလေး"
" ဟင်"
" ဒါဆို ကိုကိုတို့ နောက်တစ်ကြိမ် အတည်ပြုကြရအောင်"
" ဘာကိုလဲ"
" ကလေး ကိုကို့ကို ချစ်တာ တစ်ကယ်လား၊ မတစ်ကယ်လားဆိုတာလေ"
" အိုဗျာ ခင်ဗျားကလည်း"
တိုးတိုးလေးလွှင့်ပျံလာတဲ့ သီချင်းသံလေးက...
ကလေးလေး မပြောတက်ရင်
ဘာမှမင်းပြောဖို့မလိုဘူး
တဲ့..။ ဒါပေမယ့် ကိုကိုကတော့ လိုအပ်တယ်လေ ကလေးရယ်။
" ကလေး.."
ကိုယ်ရဲ့စကားသံအဆုံး ရင်ခွင်ထဲတိုးကာ တိုးတိုးလေးပြောပြလာတဲ့ စကားက
" ကျွန်တော် ကိုကို့ကို ချစ်ပါတယ်ဗျ"
ကျေနပ်တယ် နောက်ဆုံးတော့ ကလေးငယ်ရဲ့စကားကို ကြားခွင့်ရပြီ။ ကလေးငယ်ကို အဝဖက်ပြီးနောက် ရင်ခွင်ထဲကထုတ်လိုက်ရင်း ကလေးငယ်ရဲ့မျက်ဝန်းကို ဆိုက်ကြည့်လိုက်တော့..အလိုသင့်မျက်ဝန်းတွေကိုမှိတ်ချပေးလာတဲ့ ကလေး။
အချစ်ရေးအဆောင်လက်ဖွဲ့လေးက တစ်ကယ်ကံကောင်းစေတယ်ထင်ပါတယ်၊ ကလေးငယ်ရဲ့အနမ်းကို တရားဝင် ၃ကြိမ်မြောက် နမ်းရှိုက်ခွင့်ရခဲ့သည်မှတ်လား။
လိုအပ်ချက်များစွာဖြင့်။
Zaw..
အိမ္ေပၚသို႔ေရာက္ထဲက စကားမေျပာပဲ ထိုင္ခုံေပၚမွာပဲထိုင္ေနတဲ႔ ၾကည္သာတစ္ေယာက္။
" ေဟ်ာင့္ ၾကည္သာ ဘယ္လိုျဖစ္လာတာလဲ"
" မသိပါဘူးကြာ၊ ငါ စက္ဘီးနဲ႔ေခၚလာေတာ႔လည္း ငါကသာ စကားေျပာေနတာ သူက ဘာအသံမွမထြက္ဘူး၊ မသိရင္ငါက အရူးက်ေနတာပဲ"
" ေအး ၾကည္သာ မင္း ဘာျဖစ္လာလဲ ေျပာမွ ငါတို႔က အၾကံေပးလို႔ရမွာေပါ႔"
" ဘာ ဘာမွမျဖစ္ဘူး"
" ဘာမွသာ မျဖစ္တာ မင္းမ်က္ႏွာရဲလာတယ္ေနာ္"
"ေအးေလ မသိရင္ မဟုတ္တာလုပ္ျပီး..ရွက္လာသလိုလိုနဲ႕"
" အာ မသိေတာ႔ဘူးကြာ ေရာ႔ ဒီမွာ မင္းတို႔အတြက္ လက္ေဆာင္ထုတ္ ငါ ဒီေန႔ အိမ္မျပန္ဘူး ဒီမွာ အိပ္မယ္ေနာ္"
" ဟာ ေဟ်ာင္႔ မရဘူးေနာ္၊ မင္း ဒီမွာအိပ္ေတာ႔ မင္း ေယာက်ာ္းကေကာ"
" မသိဘူး၊ သူ႔ဘာသူ အိပ္ခ်င္သလိုအိပ္ကြာ"
" အင္းပါ မင္း မေျပာျပခ်င္ဘူးဆိုလည္း သေဘာ၊ အခုေတာ႔ ငါတို႔ကို မင္းရဲ႕အေတြ႔အၾကဳံေလးေျပာဦး"
" ဘာ ဘာ အေတြ႔ၾကဳံ"
" ဟ မင္း ဂ်ပန္သြားတာ ဂ်ပန္ရဲ႕အေတြ႔အၾကဳံအေၾကာင္းမေမးေတာ႔ မင္းရဲ႕.မဂၤလာဦး"
" အာ..မင္း မင္းတို႔ ဘာေတြေလွ်ာက္ေျပာေနတာလဲ"
" ေအး ေနပါအုန္း၊ ၾကည္သာ မင္းက ဟုတ္ေရာဟုတ္ရဲ႕လား"
" ဘာကို ဟုတ္ရမွာ"
" မင္းတို႔ အခုထိ."
" ရာ..မင္း မင္းတို႔အေတြးေတြ အရမ္းညစ္ပတ္တယ္"
" ေအးပါကြာ ငါတုိ႔ကပဲ အေမွာင္သခင္ၾကီးပါ"
" မင္းတို႔ကလည္း ငါက အဲ႔လိုေျပာတာမွမဟုတ္တာကို"
" ထားပါ မင္း မေျပာခ်င္ရင္လည္း ငါတို႔ တစ္ျခားအေၾကာင္းေျပာၾကရေအာင္"
" အင္း"
ဘယ္တက္ႏိုင္မလဲေလ၊ ကိုယ္ေတြက သိခ်င္ပါေသာ္လည္း ဒင္းက ဘာေတြဒီေလာက္ရွက္ျပီး မေျပာရဲလဲမွမသိတာ၊ ေခြးေကာင္ ငါတို႔က သိခ်င္တာကို ဟြန္း။
" ဘာလဲ..မင္းတို႔အၾကည္႔က"
" ဟဲ ဘာမွမဟုတ္ပါဘူး၊ ေဟ်ာင္႔ေရ မ်ိဳးမင္း ၾကည္႔စမ္း လက္ေဆာင္ေလးက လွတယ္ကြေနာ္"
" ေအးကြ ငါတို႔ သူငယ္ခ်င္းက အ၀ယ္ေတာ္သားပဲ"
" ဟြင္း အၾကည္႔ေတြေနာ္"
သူငယ္ခ်င္းေတြစုံလွ်င္ ၾကဳံရာအေၾကာင္းေျပာရင္းက ဘယ္လိုေတာင္မိုးခ်ဳပ္သြားတယ္ မသိ၊ အေရွ႕က ကားဟြန္းသံၾကားမွ သတိ၀င္လာရေတာ႔သည္။
တီ..တီ...
" ၾကည္သာ ဟိုမွာ မင္း ကိုကို လာေခၚေနျပီ"
" ဟာ ငါ ဒီမွာအိပ္မလို႔ မလိုက္ေတာ႔ဘူးလို႔ ေျပာလိုက္ကြာ"
" မင္းကလည္းကြာ အဲ႔လိုလည္း ဘယ္ဟုတ္ပါ႔မလဲ"
" ေအးေလးကြာ မင္းကလည္း မင္းက အရင္လိုမွမဟုတ္ေတာ႔တာ"
" မင္းတို႔ကလည္း..ဟင္႔"
" ေအးေနာ္ ငိုလည္းမေခ်ာ႔ဘူး ေဟ်ာင္႔.သြား မင္းေယာက်ာ္းဆီ မင္းျပန္"
" မင္းတို႔ကေလ သိလား စိတ္ဓာတ္ပဲ"
" ပညာပဲ ေဟ်ာင္႔"
" ကိုမေဟာ္ေရ အိမ္ထဲသာ လာဆြဲေခၚလိုက္ေတာ႔"
" အားနာလိုက္တာ ညီတို႔ရာ"
" ရပါတယ္ဗ်ာ ဒီေကာင္မူေနလို႔"
" မင္းတို႔.."
" လာပါ ကေလးရာ သူငယ္ခ်င္းေတြကို အားနာစရာၾကီးေလးေနာ္"
" ေဟ်ာင္႔ေတြ ငါ မင္းတုိ႔ကို အားနာလို႔ျပန္လိုက္သြားတာေနာ္"
" ေအးပါကြာ ေအးပါ ေက်းဇူးတင္ပါတယ္ ဟုတ္ျပီလား"
" ဟြန္း"
//**//
သူငယ္ခ်င္းေတြကို စိတ္ဆိုးကာ ေဘာက္ဆက္ေဘာက္ဆက္ျဖင္႔ ကားထဲ၀င္ထိုင္တဲ႔ ကေလးငယ္။ ရွက္ေနမယ္ဆိုတာသိတာေၾကာင္႔ ဘာမွမေျပာျဖစ္ေတာ႔။ အမွတ္မထင္တိုက္ဆိုင္သြားနဲ႔ သီခ်င္းတစ္ပုတ္ကိုေတာ႔ dowl ကာ အျမဲဖြင္႔ထားတက္သည္မုိ႔ သီခ်င္းသံက တုိးညင္းစြာ
ကေလးေလး သိပ္႔ခ်စ္တယ္
ကိုယ္ ဒါေလးပဲေျပာေျပာေနတယ္
" ဟင္႔ ရႊတ္"
သီခ်င္းသံတိုးတိုးေလးၾကားမွာ ထြက္ေပၚလာတဲ႔ ကေလးငယ္ရဲ႕ ရိႈက္သံ။
" ကေလး ဘာျဖစ္လို႔လဲ ဟင္ ဘာလို႔လဲ ကိုကို ဘာမွားသြားလို႔လဲ"
" ဟင္႔ ကိုကို"
လြတ္ရာလမ္းေဘးသို႔ ကားကိုထိုးရပ္လိုက္တာနဲ႔ ငိုေၾကြးကာ ကိုယ္႔ကိုယ္အားကိုးစြာနဲ႔ ဖက္တြယ္လာတဲ႔ ကေလးငယ္။
" အင္း ကိုကို ရွိတယ္ေနာ္"
" ဟင္႔ ကြ်န္ေတာ္ေလ ႏွလုံးေရာဂါရေနျပီထင္တယ္ ဟင္႔"
" ဘယ္လို ကေလးက ဘာလို႔အဲ႔လိုထင္ရတာလဲ"
" ဟင္႔ ကြ်န္ေတာ္ အခုရက္ပိုင္ေလ၊ ရင္ေတြဘာေတြတုန္လာတယ္၊ တစ္ခုခုဆို ႏွလုံးခုန္တာေတြျမန္လာတယ္၊ ဟင္႔"
" မဟုတ္ေလာက္ပါဘူး ကေလးရာ"
" ဟင္႔ ဟုတ္ပါတယ္ဆို အခုေတာင္ ရင္ေတြခုန္ေနတာ၊ ကိုင္ၾကည္႔ပါလား"
ဖက္တြယ္ထားရင္းမွ သူ႔ရင္ဘက္ကိုအေရွ႕သို႔ေကာ႔ေပးလာတဲ႔ ကေလးငယ္၊ အီး.. စိတ္ထိန္းသင္႔တယ္၊ ကေလးငယ္ ငိုေနတာမို႔။
ကေလးငယ္ရဲ႕ ႏွလုံးသားရွိရာဘက္ကို လက္တစ္ဖက္တင္လိုက္ေတာ႔ အဆမတန္ခုန္ေနတဲ႔ ကေလးရဲ႕ရင္ခုန္သံ၊ ဒီရင္ခုန္သံက ကိုယ္႔ေၾကာင္႔ျဖစ္လာတယ္ဆိုတာ သိလိုက္ရေတာ႔..အတိုင္းထက္အလြန္။
" ျပီးေတာ႔ေလ ညဘက္ေရာက္ရင္ အသက္လည္းရႈၾကပ္တယ္ ဟင္႔"
" ဟင္..အဲ႔ အဲ႔ဒါကေလ"
" ကြ်န္ေတာ္႔အေျခအေန ေတာ္ေတာ္ဆိုးေနလားဟင္"
" ကိုကို သက္ေသျပမလို႔ မတြန္းလႊတ္နဲ႔ေနာ္"
" ဟင္ ဘာကို.."
စီးက်ေနေသာ မ်က္ရည္ေတြကိုသုတ္ကာ ကေလးရဲ႕ႏႈတ္ခမ္းကို နမ္းရိႈက္လိုက္ေတာ႔ ပထမေတာ႔တြန္႔သြားေပမယ္႔ ကိုယ္႔ရဲ႕ဖမ္းခ်ဳပ္မႈေၾကာင္႔ ျငိမ္က်သြားသည္။ တရား၀င္ ဒုတိယအၾကိမ္ နမ္းရိႈက္ခြင္႔ရသည္မို႔ လႊတ္ေပးဖို႔ဆႏၵကေတာ႔မရွိ။
သို႔ေပမယ္႔လည္း အခ်ိန္တစ္ခုအၾကာ တြန္းလႊတ္လာေသာ ကေလးရဲ႕လက္တစ္စုံေၾကာင္႔ ႏွေျမာတသစြာ။
" အခု ကေလးရဲ႕ ႏွလုံးခုန္သံကို ျပန္စမ္းၾကည္႔"
" ဟို ေစာနတုန္းက ပိုခုန္ေနတယ္"
" ဟုတ္လား ဒါဆို ကေလးေရာဂါရေနတာပဲ"
" ဟင္ တ.တစ္ကယ္ၾကီးလား ဟင္"
စေနာက္မႈမွာ အသဲအသန္ထိတ္လန္႔သြားတဲ႔ ကေလးငယ္ရဲ႕ပုံရိပ္ တစ္သက္လုံးသိမ္းထားခ်င္မိတယ္ဆို လြန္သြားမလား။
" အင္း ကေလးရဲ႕ေရာဂါက ကိုကို႔ကိုယ္ ခ်စ္တဲ႔ေရာဂါပါဗ်"
" အိုဗ်ာ ခင္ဗ်ားက လည္လိုက္တာ..ကြ်န္ေတာ္႔ကို ညာ..ညာျပီးနမ္းတယ္"
" ကေလးေရာဂါကို အတိျပဳေပးတာပါဗ်"
" မုန္းစရာၾကီးဗ်ာ"
" ကေလးရဲ႕ ခ်စ္ကိုကိုပါဗ်"
ကိုယ္႔ရဲ႕စေနာက္မႈေၾကာင္႔ ေရာက္ရွိလာတဲ႔ ကေလးငယ္ရဲ႕ မ်က္ေစာင္းတစ္ခ်က္ မက္ေမာရပါသည္။
" အဟမ္း..ဒါဆို ညဘက္ ညဘက္ အသက္ရႈၾကပ္တာကေကာ"
ဘူးသာဘူး လူမသိေစခ်င္။
" အာ..အဲ႔ဒါကေလ..ေအာ္..ကေလးကို ကိုကိုက ညဘက္က်ရင္ ရင္ခြင္ထဲအတင္းထည္႔ျပီးဖက္အိပ္ေတာ႔ေလ၊ အင္း ဟုတ္တယ္ အဲ႔ဒါေၾကာင္႔ ကေလး အသက္ရႈၾကပ္တာ ဟုတ္တယ္ အဲ႔ဒါေၾကာင္႔"
" ေအာ္.အဲ႔လိုလား"
ေျပာပါတယ္၊ ဘယ္အမႈမဆို အေလွ်ာက္ေကာင္းရင္ အေထာင္းသက္သာပါတယ္လို႔။
" ကေလး"
" ဟင္"
" ဒါဆို ကိုကိုတို႔ ေနာက္တစ္ၾကိမ္ အတည္ျပဳၾကရေအာင္"
" ဘာကိုလဲ"
" ကေလး ကိုကို႔ကို ခ်စ္တာ တစ္ကယ္လား၊ မတစ္ကယ္လားဆိုတာေလ"
" အိုဗ်ာ ခင္ဗ်ားကလည္း"
တိုးတိုးေလးလႊင္႔ပ်ံလာတဲ႔ သီခ်င္းသံေလးက...
ကေလးေလး မေျပာတက္ရင္
ဘာမွမင္းေျပာဖို႔မလိုဘူး
တဲ႔..။ ဒါေပမယ္႔ ကိုကိုကေတာ႔ လိုအပ္တယ္ေလ ကေလးရယ္။
" ကေလး.."
ကိုယ္ရဲ႕စကားသံအဆုံး ရင္ခြင္ထဲတိုးကာ တိုးတိုးေလးေျပာျပလာတဲ႔ စကားက
" ကြ်န္ေတာ္ ကိုကို႔ကို ခ်စ္ပါတယ္ဗ်"
ေက်နပ္တယ္ ေနာက္ဆုံးေတာ႔ ကေလးငယ္ရဲ႕စကားကို ၾကားခြင္႔ရျပီ။ ကေလးငယ္ကို အ၀ဖက္ျပီးေနာက္ ရင္ခြင္ထဲကထုတ္လိုက္ရင္း ကေလးငယ္ရဲ႕မ်က္၀န္းကို ဆိုက္ၾကည္႔လိုက္ေတာ႔..အလိုသင္႔မ်က္၀န္းေတြကိုမွိတ္ခ်ေပးလာတဲ႔ ကေလး။
အခ်စ္ေရးအေဆာင္လက္ဖြဲ႔ေလးက တစ္ကယ္ကံေကာင္းေစတယ္ထင္ပါတယ္၊ ကေလးငယ္ရဲ႕အနမ္းကို တရား၀င္ ၃ၾကိမ္ေျမာက္ နမ္းရိႈက္ခြင္႔ရခဲ႔သည္မွတ္လား။
လိုအပ္ခ်က္မ်ားစြာျဖင္႔။