ညား၍ခ်စ္ခဲ့သည္။ ( ၂ ) ( Z+U)

15.5K 1.1K 42
                                    

Uni....

" ဟီး သတိုးသားလေးရဲ့ မျက်နှာက မိတ်ကပ်သိပ့်ဖို့စရာမလိုဘူးနော် နဂိုထဲက အသားလေးနူးအိနေတော့လေ..ခ်ခ်"

" ဟုတ်ပါပြီ မာမီရယ် ကျွန်မသားလေးက နဂိုထဲက ချစ်ဖို့ကောင်းပြီးသားဆိုတော့လေ"

" မေမေ မဟော်က မလာသေးဘူးလား ဟင်"

" လာနေပြီတဲ့ ဖုန်းဆက်ထားတယ် သားရဲ့ ဘာလဲ အရမ်းတွေ့ချင်နေပြီလား"

" ဟို တွေ့ချင်တယ်ဆိုတာထက် သူ ပြင်ဆင်ချိန်တွေလိုနေမှာစိုးလို့ပါ မေမေရဲ့"

" အို သားရယ် မလိုဘူး ရတယ် ရတယ် သူက အကျီဝတ်လိုက်တာနဲ့ ပြီးပြီလေ"

" ဟင်"

" မဟင်နဲ့ တစ်အောင့်နေ သူလာတော့မယ် အဲ့လိုပဲသိထား..ဟင်း ဟင်း"

သိရသလောက် ကိုယ့်သားသမီးလက်ထပ်ရင် တစ်ချို့မိဘတွေက ဝမ်းနည်းတက်ကြတယ်တဲ့ အခုတော့ မေမေ့ဆီက ဝမ်းနည်းမျက်နှာမြင်ရမယ့်အစား ဟင်း ဟင်းဆိုတာကြီးပဲ ကျန်ခဲ့သည်။

" ဟယ် ကြည့်စမ်း သားလေးက အခုလိုကျတော့လည်း ချစ်စရာလေး အခုမှပဲ သေသေချာချာတွေ့ရတော့တယ်"

" ဟော် ဖြူ ဘယ်လိုလဲ ကိုယ့်သားက ချောတယ်မို့လား"

" ဟားဟား ဒါပေါ့ သမက်လေးက အချောလေး"

" မဟော်လေးကော ရောက်တေ့ာမလား"

" ဖုန်းဆက်ထားတယ် ဒီကိုတန်းလာမှာမို့ စိတ်မပူပါနဲ့ကွ"

" ဒါပဲနော် ဖြူ ကိုယ်တို့သားတွေ အခြေကျသွားရင် ကိုယ်တို့တွေ လျှောက်လည်ကြဖို့ကတိပေးထားတယ်နော်"

" တို့ မမေ့ပါဘူး နှင်းရာ"

အမေနှစ်ယောက်ထဲရဲ့ ပြောစကားကြားထဲမှာ နှစ်မြောနေသူက ကြည်သာရယ်သာ။

" ဒါနဲ့ ဘယ်လိုလဲ သမက်လေး စိတ်လှုပ်ရှားနေလား"

" ဟီး နည်းနည်းပါဗျ ဟို ကျွန် ကျွန်တော် မဟော်လေးကို အတက်နိုင်ဆုံးပျော်အောင်ထားပါမယ် အန်တီ..ကျွန်တော်ကြောင့် မဟော် မျက်ရည်မကျစေရပါဘူး"

" ဟယ်တော့ နှင်း တို့သမက်လေးကို ကြိုမပြောထားဘူးလားကွာ"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now