ညား၍ခ်စ္ခဲ့သည္။ ( ၉ ) ( Z+U)

10.7K 688 5
                                    

Uni...

Hitachi Seaside Park တစ်နှစ်မှာ တစ်ခါ ၁၀လပိုင်းလလယ်မှ လကုန်ထိ သိုးမွှေးလိုမျိုးပန်းဖွားပုံစံ တစ်နည်း Kochia လို့ခေါ်တဲ့ ဘောလုံးပန်းနီနီလေးတွေရှိတဲ့နေရာတစ်ခုဆိုလည်းမမှား။

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီရောက်တိုင်း မြင်နေကြရွက်ကြွေတွေအပြင်၊ Kochia ပန်းပေါင်း 32000 နဲ့အနီရောင်းပန်းလှလှလေးတွေကို မြင်တွေ့နေရတဲ့နေရာဆိုလည်းမှန်သည်။

ပန်းခြံထဲမှာစက်ဘီးဌားလို့ရပြီး လည်ပတ်လို့ရတာမို့ ကလေးငယ်ရဲ့စိတ်ကြိုက်ဌားပြီးလည်ပတ်နေတာအခုထိမမောနိုင်သေး။ သူသဘောကျတဲ့နေရာများတွေ့ရင် ဓာတ်ပုံရိုက်ခိုင်းရသည်မှာလည်းအမော။

ကျေနပ်တယ် ကလေးငယ်ပျော်ရွှင်နေသလို၊ အခုမှ နှစ်ယောက်တွဲပုံတွေစိတ်တိုင်းကြိုက်ရခွင့်ရသည်သာ။

" ပင်ပန်းနေလား ကလေး"

" ဟင့်အင်း မပင်ပန်းဘူး၊ ပျော်တယ်၊ တစ်ခါမှမရောက်ဖူးလို့ပျော်တယ်"

" ကလေးပျော်တယ်ဆိုရင် ကိုကို ကျေနပ်ပြီ"

" ဒါနဲ့ ဒီပန်းတွေကို ဘယ်လိုခေါ်တာလဲ ကိုမဟော်"

" Kochia ပန်းလို့ခေါ်တယ်ကလေးရဲ့၊ ဂျွန်လဆိုစစိုက်ပြီ၊ အဲ့အချိန်ကနေစလို့ ဒီ Kochia ပန်းလေးတွေက 15 စင်တီမီတာကနေ 80 စင်တီမိတာလောက်ထိ ကြီးတယ်တဲ့"

" အော်.ဒါနဲ့ သူတို့က ဒီအရောင်ပဲလား ဟင်"

"သူတို့က ဇူလိုင်နဲ့အောက်တိုဘာကြားဆိုရင် အစိမ်းရောင်ကနေပြီး အနီဘက်ကိုပြောင်းလာတာ ကလေးရ၊ နောက်ပြီး နွေရာသီရက်တွေဆိုရင် သူတို့က အစိမ်း..အစိမ်းကနေ အဝါ၊ အဝါကနေ အနီရောင်အဖြစ်နဲ့ပြောင်းလဲသွားတာ စက်တင်ဘာလလယ်ကနေ လကုန်လောက်ထိပေါ့"

" အော် ဒါဆို ကျွန်တော်တို့က ဆောင်းဦးဖြစ်နေတော့ ပန်းအနီတွေကိုပဲတွေ့ရတာပေါ့နော်"

"ဒါပေါ့ ကလေးရဲ့.အော် ကိုကိုတို့ ဓာတ်ပုံထပ်ရိုက်ရအောင် မာမီတို့ကိုပြရမယ်"

" ဟီး.ဟုတ်"

အနီရောင် Kochia ပန်းပွင့်တွေကိုနောက်ခံထားလို့ ကလေးကိုဖက်ထားလိုက်သည်။ ရုန်းကန်ခြင်းမရှိတဲ့ ကလေးငယ်က ရင်ခွင်ထဲမှာအလိုက်သင့်။ ကင်မရာဖွင့်ကာ Sec တွေကိုချိန်ထားလိုက်ရင်း..နောက်ဆုံး 1 sec အလိုမှာတော့..။

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now