ညား၍ခ်စ္ခဲ့သည္။ ( ၁၅ )(Z+U)

11.7K 637 21
                                    

Uni...

ရလေလိုလေ အိုတစ္ဆေ သို့မဟုတ် သောက်လေသောက်လေ ငတ်မပြေသည့်အထဲ ကလေးငယ်လည်းပါဝင်သည်။ အရင်ထက်တိုးတက်လာသော အခြေအနေထက် ပို၍လောဘကြီးလာသော မိမိစိတ်က ကြီးစိုးနေသည်။

အထိအတွေ့နဲ့မလုံလောက်သောမိမိ၊ နမ်းရှိုက်မှုနဲ့မတင်းတိမ်သောစိတ်။ ကိုယ့်ရဲ့လောင်မြိုက်နေသော စိတ်တွေကို ငြိမ်သက်အောင်လုပ်ပေးသူက ကလေးငယ်သာ။

" က.ကလေး ကိုကိုတို့ အ အဆင့်တက်ရောက်အောင်လေ"

"ကိုကို..ကလေးကို ချစ်တယ်ဆို၊ ချစ်တယ်ဆိုရင် ကလေး ကြောက်လို့ရှောင်နေတာကို..မပြောနဲ့လေ နော် ကိုကိုနော်"

ထိန်းသိမ်းရခက်နေသော အချစ်စိတ်တွေက ကလေးငယ်ရဲ့ နော် ကိုကို နော် ဆိုတဲ့စကားအောက်မှာ ပြားပြားဝပ်စွာ။ သို့ပေမယ့်လည်း ချစ်လို့ယူထားရသည့် ကလေးငယ်မို့ လွှတ်ပေးဖို့စိတ်ကူးတော့မရှိ။

အဆင့်တက်ခွင့်မရှိပေမယ့်လည်း အနမ်းကိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြည့်ပြည့်၀၀ပေးတက်သော ကလေးငယ်၊ ကြင်နာနေရင်းကအရှိန်မြင့်ချိန်ရောက်တိုင်း

" အင့်.ကို.ကိုကို တော် တော်ပြီလေ နော်"

ဒါကတော့ ချစ်ပြီးနောက်ပိုင်း ကလေးငယ်ရဲ့ တရားဝင်ချုပ်ကွက်ပင်။ ထိုအကွက်မှာခံနေရတဲ့ ကိုယ်ကတော့ နောက်ဆုံးအိမ်သာနဲ့နှစ်ပါးသွားရသည့်အဖြစ်။

ဒီကြားထဲ သူငယ်ချင်းဖြစ်သူရဲ့ လှောင်ပြောင်ခြင်းကိုခံနေရသေးသည်။ တစ်နေ့ကျရင်တော့ အဲ့လောက်ဖြစ်တဲ့အကောင်ကို ဗီဒီယိုဖိုင်ကြီးပို့..အာ ဟင့်အင်း ကလေးငယ်ရဲ့ သေးသေးဖွဲဖွဲလေးကအစ ဘယ်သူ့မှမသထာနိုင်၊ အခုတော့ ကလေးငယ်သည် သွေးအေးအေးနဲ့ရက်စက်သည်။

ကိုယ်အရမ်းဝမ်းနည်းတယ် ကလေးငယ်။

//**//

" ကလေး"

" ဗျ ကိုကို"

" မနက်ဖြန် ကိုကိုတို့ မင်္ဂလာဆောင်သွားရမယ်နော်"

" ဟင် မင်္ဂလာဆောင်"

" ဟုတ်တယ်လေ၊ ကလေးက ဟော့ဒီက ကိုကိုရဲ့အရမ်းချစ်ရသော ခင်ပွန်းလေးဖြစ်သလို၊ ဒီက ခင်ပွန်းလေးရဲ့ ချစ်ကိုကိုပါခင်ဗျ ဆိုပြီး မိတ်ဆက်ပေးလိုက်တဲ့ မမဆီလေ"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now