💔 VILLAIN 💔

By XingNge

100K 6.8K 336

ဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင... More

{Intro} Z+U
Part~1💔 Z+U
Part~2💔Z+U
Part~3💔Z+U
Part~4💔Z+U
Part~5💔Z+U
Part~6💔Z+U
Part~7💔Z+U
Part~8💔Z+U
Part~9💔Z+U
Part~10💔Z+U
Part~11💔Z+U
Part~12💔Z+U
Part~13💔Z+U
Part~14💔Z+U
Part~15💔Z+U
Part~16💔Z+U
Part~18💔Z+U
Part~19💔Z+U
Part~20💔Z+U
Part~21💔Z+U
Part~22💔Final Part 💔Z+U
Season~2

Part~17💔Z+U

2.6K 243 20
By XingNge

(Unicode)

" အဲ့ဒီတော့ မင်း နဲ့သူက...ချစ်နေကြတာပေါ့..YuKi ရော သိနေတာလား..."

" omm.."

" မင်းကွာ လူသိရှင်ကြားစေ့စပ်ပွဲတွေထိလုပ်ပြီးမှကွာ YuKi ဘက်ကိုတစ်ချက်တောင်မကြည့်တော့ဘူးလား.."

" ငါမသိတော့ဘူး...ခုချိန်မှာ ငါ Chan ကိုချစ်တယ်ဆိုတာပဲသိတယ် ကျန်တဲ့သူတွေအတွက် မကြည့်ချင်တော့ဘူး.."

" တစ်ကိုယ်ကောင်းဆန်လိုက်တာ BaekHyun ရာ.."

" ငါ သူ့ကိုမချစ်ဘူး.."

" ဘာ...Byun Baek Hyun စကားကို ဘယ်လိုပြောလိုက်တာလဲ မချစ်ပဲ မိန်းကလေးတစ်ယောက်ကိုဘာလို့တွဲရတာလဲ..."

Baek အကျင်္ီ ကော်လံစနှစ်ခုကို ဆုပ်ကိုင်ကာမေးလာသော Dae ၏ မျက်ဝန်းတွေက ဒေါသကြောင့်နီရဲနေသည်

သူသံယောဇဉ်ရှိရတဲ့ သူမအတွက် သူလည်းစိတ်တိုမှာပေါ့လေ

အချစ်ဆိုတဲ့ စကားကိုတော့ လွယ်လွယ်မသုံးချင်တော့ဘူး

သံယောဇဉ်နဲ့ အချစ်ဆိုတာ မတူမှန်း ကောင်းကောင်းသိခဲ့ရလို့ပါ

" မင်းထွက်သွားပြီး သိပ်မကြာခင် သူမ ငါ့ကို ဖွင့်ပြောခဲ့တာ..သူမ သံယောဇဉ်ရှိရတဲ့ သူတစ်ယောက်ထွက်ခွာသွားတော့ ကျန်တဲ့သူကိုသူထပ်မဆုံးရှုံးချင်တော့ဘူးထင်တယ်

သူမဘက်ကဖွင့်ပြောခဲ့တာကြောင့်ရော အချစ်ဆိုတာကို မသိသေးတာကြောင့်ရော ငါ သူမကိုလက်ခံခဲ့တာ မင်းထွက်သွားလို့နာကျင်နေတဲ့အချိန်မှာ ငါ သူမကို မငြင်းပယ်ရက်ဘူး

ငါ သူမတစ်ယောက်တည်းကိုပဲ ကြည့်ပြီးနေပေးခဲ့တယ် မင်းကြောင့်ရတဲ့သူ့နာကျင်မှုတွေ ငါကုစားပေးခဲ့တယ် Dae သူမ ငါ့ကိုမချစ်ဘူးဆိုတာ မင်းကောင်းကောင်းသိပါတယ်

ငယ်စဉ်ကတည်းက ငါ့အပေါ်ထားတဲ့သူမသံယောဇဉ်က ဆိုးနွဲ့လို့ရတဲ့အစ်ကိုတစ်ယောက်ထက်မပိုဘူးဆိုတာ မင်းအသိဆုံးပါ မင်းတို့ဖုံးကွယ်ထားတဲ့ မင်းတို့ကြားကပါတ်သက်မှုကို ငါသိနေခဲ့လို့ ငါသူမကိုစောင့်ရှောက်ပေးခဲ့တာ

မင်းပြန်လာခဲ့လို့ မင်းတို့ဇာတ်လမ်း အဆင်ပြေသွားရင် ငါနောက်ဆုတ်ပေးဖို့ဆုံးဖြတ်ခဲ့ပြီးသား.."

" Baek..Hyun.."

သူ့စကားဆုံးတော့ Dae၏ လက်တွေက ပြေလျော့သွားသလို အံ့သြစွာလည်းကြည့်လာသည်

အထက်တန်းကျောင်းသား ဘဝပြီးကတည်းက Dae နဲ့ YuKi ရဲ့ဆက်ဆံရေးက သူငယ်ချင်းထက်ပိုခဲ့တယ်ဆိုတာသူကောင်းကောင်းသိခဲ့သည်

သူငယ်ချင်းသုံးယောက်ကြား တစ်ယောက်က ဆေးတက္ကသိုလ် တစ်ယောက်က ပညာရေးတက္ကသိုလ် တစ်ယောက်က အနုပညာတက္ကသိုလ် ဟူ၍ တနေရာစီ ကွဲပြားသွားတော့ သူ မပါပဲ သူမတို့နှစ်ယောက်၏ သီးသန့်တွေ့ဆုံမှုတွေရှိခဲ့သည်လေ

မာနကို ဦးစားပေးတတ်ကြလွန်းသူတို့နှစ်ယောက်ကြား ကျောင်းပြီးတော့ ပြဿနာတစ်ရပ်ပေါ်လာသည်

Dae က နိုင်ငံခြားမှာ မဟာဘွဲ့ထပ်ယူဖို့ကျောင်းသွားတက်မယ်ဆိုတော့ YuKi ကလက်မခံပေ

သူမနဲ့ Dae ၏ ရည်မှန်းချက်တွေကို အလဲအလှယ်လုပ်ခိုင်းသည့် YuKi က အတ္တကြီးခဲ့သည်

ဝါသနာကြီးလွန်းသည့် Dae ကလည်း အလျော့မပေးခဲ့ သူမ လက်ကို လွှတ်လို့ သူရည်မှန်းချက်ကိုသာ ဦးစားပေးခဲ့သည်

သူ့ကိုဘေးဖယ်ကာ ဖုံးကွယ်လို့ထားတဲ့ သူတို့ပါတ်သက်မှုတွေကို Baek သိနေခဲ့ပေမဲ့ တစ်ခွန်းမှ ဝင်မပါခဲ့ပါ...

သို့ပေမဲ့ Dae ထွက်သွားပြီးမကြာခင် သူ့ကို propose လုပ်လာတဲ့ သူမကြောင့် Baek အံ့သြခဲ့မိတယ်

သူမက သူ့ကို Dae နေရာမှာ အစားထိုးခဲ့တယ်လေ

သို့ပေမဲ့ Daeကြောင့်နာကျင်နေရတဲ့နှလုံးသားငယ်ကို ထပ်မနာကျင်စေချင်ခဲ့လို့ Baek သူမအချစ်ကို လက်ခံခဲ့တယ် သူမအပေါ် Dae ပြန်လာတဲ့အထိစောင့်ရှောက်ဖို့ဆုံးဖြတ်ခဲ့တယ်

ဒါပေမဲ့ နှစ်ဖက်မိဘအသိုင်းအဝိုင်းတွေက လက်ထပ်ဖို့ထိ သဘောတူလိုက်ကြတယ်..

သူမဘက်ကို ငဲ့ညာပေးခဲ့ပေမဲ့ ကိုယ့်ဘက်ကျ ဘာလို့နားမလည်ပေးနိုင်ရလဲ YuKi

သူ့ကို သူမမချစ်တာ သူသိသည်

Chan ကို အနိုင်ယူချင်လွန်း၍ သူမ လက်မလျော့တာ

အတ္တကြီးလွန်းသည့် သူမက ဘယ်အရာကိုမှ အရှုံးမပေးလိုဘူးထင်တယ်...

သူတို့ကြားက တိတ်ဆိတ်မှုက ဟန်မြစ်ဆီကလာတဲ့လေအေးတွေထက် အေးစက်ဆိတ်ငြိမ်နေခဲ့သည် ခဏကြာမှ

" ဘာဖြစ်ဖြစ် မင်းတို့ အချစ်ရေး ကြီးက မဖြစ်သင့်ဘူးလေ Baek ရာ.."

Daeဆီမှ မချိတင်ကဲဖြင့် အပြစ်တင်သံကြားတော့ Baek ပြုံးမိသည်

" အချစ်ဆိုတာ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ပဲ ကိုယ့်ဘဝထဲ နေရာဝင်ယူသွားတာမျိုး

မဖြစ်သင့်မှန်းသိတာပေါ့ ထိန်းချုပ်ဖို့ ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမဲ့

အချိန်တိုအတွင်း အချစ်က ခိုင်မာစွာ ငါ့နှလုံးသားမှာ အမြစ်တွယ်သွားခဲ့တယ်

အဲ့အမြစ်ကိုနှုတ်ယူဖို့ကြိုးစားတိုင်း သေလောက်အောင်နာကျင်ရတယ်

အဆိပ်ပင်ဖြစ်နေရင်တောင် ငါဆက်ပြီးပျိုးထောင်မယ် Dae

ဒီအချစ်အဆိပ်ပင်ကို ငါတို့ဆက်ပြီးရေလောင်းပြီး ရှင်သန်စေမှာ..

သူရော ငါရော ရဲ့ ထပ်တူကျတဲ့ ခံယူချက်ပဲ

သူလည်း ငါ့ကိုသိပ်ချစ်တယ် လက်လွှတ်ပေးမှာမဟုတ်ဘူး...

ငါလည်း သူ့ကို အဆုံးရှုံးမခံနိုင်ဘူး...ငါ သူ့ကို အရမ်းချစ်လို့ "

" ဟူး...မင်းရော သူရောက လက်ရှိ မင်းတို့မိသားစုလုပ်ငန်းတွေရဲ့ ဆက်ခံသူတွေနော်...မင်းနဲ့သူရဲ့အချစ်ရေးကြောင့် မင်းတို့မိသားစုတွေအကုန်ပြိုလဲကြလိမ့်မယ်..စီးပွားရေးသမားတွေက အချင်းချင်းပြစ်ချက်ရှာရင်း ပြိုင်ဘက်လုပ်ငန်းစုတွေကို ဖြုတ်ချချင်နေကြတာ..အဲ့ဒါတွေရော မင်းတို့စဉ်းစားမိရဲ့လား..."

" ငါ..."

" အနောက်နိုင်ငံတွေမှ လိင်တူချစ်သူလက်ခံနိုင်ကြပေမဲ့ ငါတို့နိုင်ငံမှာတော့ လက်ခံမဲ့သူရှားသေးတယ် ပြီးတော့ မင်းတို့နောက်ကွယ်က မိသားစုပုံရိပ်တွေကို မင်းတို့အချစ်ရေးကဖျက်ဆီးလိမ့်မယ်...မင်းမိဘတွေကို မငဲ့တော့ဘူးလား..."

" ငါတို့..ငါတို့...တိတ်တိတ်လေးချစ်နေရင်ရင်ရတာပဲလေ ငါတို့ကို လွှတ်ပေးထားလို့မရဘူးလား..လူသားနှစ်ဦးကြားက ချစ်ခြင်းက ဘာလို့အပြစ်ဖြစ်နေရတာလဲ ဘာလို့ငါတို့မှလဲ...ဟင့်.."

'' Baek ရာ..."

ခေါင်းငိုက်စိုက်ကျကာ ငိုနေသော သူငယ်ချင်းလေးကြောင့် Dae စိတ်မကောင်းပါ

ငယ်စဉ်ကလေးက စိတ်ထားနူးညံ့တဲ့ BaekHyun က အမြဲတမ်းသူတို့အပေါ် အလျော့ပေးချစ်ပေးခဲ့တာ သူတို့အပေါ်ငဲ့ညာခဲ့တာတွေက ခုချိန်မှာ သူ့ကိုနာကျင်စေတဲ့အကြောင်းတစ်ခုဖြစ်စေတဲ့အတွက် Dae စိတ်မကောင်းပါ

YuKi ကို ငါဖြောင်းဖျပေးမယ် Baek

သူမရဲ့အတ္တတွေကြောင့် မင်းထပ်မနာကျင်အောင် ငါကူညီပေးမယ်

ဒါပေမဲ့ Park Chan Yeol ရဲ့ဆိုင်သူကရော မင်းတို့ကိုခွင့်လွှတ်ပါ့မလား

အခက်အခဲတွေများတဲ့လမ်းကို ဘာလို့များရွေးချယ်ရသလဲ သူငယ်ချင်းရယ်.....

" ငါတို့ ထွက်ပြေးရမလား...ငါတို့ကို သိနေတဲ့အသိုင်းအဝိုင်းကနေ ထွက်ပြေးရင်ရော "

" Baek ဘာတွေစဉ်းစားနေတာလဲ.. Byun မိသားစုမှာ မင်းပဲရှိတာကို မမေ့ပါနဲ့.."

" ဟင့်အင်း...Byun မိသားစုက ငါတစ်ယောက်တည်းမှ မဟုတ်တာ Kim Jong Dae တစ်ဖြစ်လဲ Byun Chennie ဆိုတဲ့မင်းရှိတယ်လေ.."

" Baek မတူဘူး Byun အိမ်ရဲ့သွေးသားရင်းက အမွေဆက်ခံမဲ့သူက မင်းတစ်ယောက်တည်းရယ် မင်းမိဘတွေကို ပစ်ပယ်မလို့လား Baek "

" ငါတစ်သက်လုံး လိမ္မာပြီးပြီ Dae ရယ် ငါ တစ်ခါလောက်ဆိုးပါရစေ Byun မိသားစုကို မင်းလက်ထဲအပ်ပါရစေ..ငါ့ကို ငါတို့ကို နားလည်ပေးပါနော်..."

" ဟင့်အင်း ငါလက်မခံဘူး..YuKiကိုငါဖြောင်းဖျပေးမယ် ထွက်မသွားပါနဲ့ PaPa MaMa တို့ကို ငဲ့ပါ Baekရယ်...

" ဟင့်အင်း ခုချိန်ကစပြီး Chan ကိုပဲငါကြည့်တော့မှာ ငါ့ကြောင့် သူထိခိုက်နာကျင်ရတာများနေပြီ..."

" Byun Baek Hyun မင်းအဲ့လောက်တောင်မွှန်နေရလား..တောက်..မိသားစုကို ပစ်ဖို့အထိ တွေးရလောက်အောင်....မွှန်နေရလား..."

" မင်း လူတစ်ယောက်ကို တကယ်ချစ်တတ်လာရင် နားလည်လာလိမ့်မယ်..ငါပြန်နှင့်မယ်.."

" Baek.."

ပြန်မယ်ဆိုကာ ထ လိုက်သောကိုယ်လေးက ပြိုလဲကျသွားတော့ Daeတစ်ယောက်အမြန်ပွေ့ကာ ခုနလေးတင်ပြန်လာတဲ့ ဆေးရုံဆီသို့ဟန်မြစ်ကမ်းဘေးမှ ပြန်သွားရပြန်ပြီ

ကုတင်ပေါ် လှဲနေသည့် ဖြူသေးသေးကောင်လေးက နှလုံးအားနည်းနေတာတဲ့လား နှလုံးရောဂါ အခံမရှိပဲ စိတ်ဖိစီးမှုပြင်းထန်မှုကြောင့် နှလုံးကို ထိတာတဲ့

အရမ်းပင်ပန်းနေရင် လက်လျော့ဖို့ကြိုးစားကြည့်ပါလား BaekHyunee ရယ်

ဆေးရုံခန်းတွေထဲ မတူညီသော ထိခိုက်မှုတွေနဲ့ လှဲနေကြသည့်သူတို့နှစ်ယောက်ကြားက တူညီမှုတစ်ခုက မဖြစ်သင့်တဲ့အချစ်ရေးကြောင့် နာကျင်နေရသည်တဲ့...

°°°°°''°°°°°''°°°°°''°°°°°''°°°°°''°°°°
ParkChan တောင်ဆေးရုံကမဆင်းရသေးဘူး BaekHyunee လေးကပါ ဆေးရုံရောက်ပြန်ပြီ
ဘယ်လိုတွေများရေးနေမိလဲဆိုတာ ကိုယ့်ကိုကိုယ်လည်းမသိတော့ပါဘူး 🤧🤧🤧

(Zawgyi)

(Unicode)

" အဲ့ဒီေတာ့ မင္း နဲ႕သူက...ခ်စ္ေနၾကတာေပါ့..YuKi ေရာ သိေနတာလား..."

" omm.."

" မင္းကြာ လူသိရွင္ၾကားေစ့စပ္ပြဲေတြထိလုပ္ၿပီးမွကြာ YuKi ဘက္ကိုတစ္ခ်က္ေတာင္မၾကည့္ေတာ့ဘူးလား.."

" ငါမသိေတာ့ဘူး...ခုခ်ိန္မွာ ငါ Chan ကိုခ်စ္တယ္ဆိုတာပဲသိတယ္ က်န္တဲ့သူေတြအတြက္ မၾကည့္ခ်င္ေတာ့ဘူး.."

" တစ္ကိုယ္ေကာင္းဆန္လိုက္တာ BaekHyun ရာ.."

" ငါ သူ႕ကိုမခ်စ္ဘူး.."

" ဘာ...Byun Baek Hyun စကားကို ဘယ္လိုေျပာလိုက္တာလဲ မခ်စ္ပဲ မိန္းကေလးတစ္ေယာက္ကိုဘာလို႔တြဲရတာလဲ..."

Baek အက်ၤီ ေကာ္လံစႏွစ္ခုကို ဆုပ္ကိုင္ကာေမးလာေသာ Dae ၏ မ်က္ဝန္းေတြက ေဒါသေၾကာင့္နီရဲေနသည္

သူသံေယာဇဥ္ရွိရတဲ့ သူမအတြက္ သူလည္းစိတ္တိုမွာေပါ့ေလ

အခ်စ္ဆိုတဲ့ စကားကိုေတာ့ လြယ္လြယ္မသုံးခ်င္ေတာ့ဘူး

သံေယာဇဥ္နဲ႕ အခ်စ္ဆိုတာ မတူမွန္း ေကာင္းေကာင္းသိခဲ့ရလို႔ပါ

" မင္းထြက္သြားၿပီး သိပ္မၾကာခင္ သူမ ငါ့ကို ဖြင့္ေျပာခဲ့တာ..သူမ သံေယာဇဥ္ရွိရတဲ့ သူတစ္ေယာက္ထြက္ခြာသြားေတာ့ က်န္တဲ့သူကိုသူထပ္မဆုံးရႈံးခ်င္ေတာ့ဘူးထင္တယ္

သူမဘက္ကဖြင့္ေျပာခဲ့တာေၾကာင့္ေရာ အခ်စ္ဆိုတာကို မသိေသးတာေၾကာင့္ေရာ ငါ သူမကိုလက္ခံခဲ့တာ မင္းထြက္သြားလို႔နာက်င္ေနတဲ့အခ်ိန္မွာ ငါ သူမကို မျငင္းပယ္ရက္ဘူး

ငါ သူမတစ္ေယာက္တည္းကိုပဲ ၾကည့္ၿပီးေနေပးခဲ့တယ္ မင္းေၾကာင့္ရတဲ့သူ႕နာက်င္မႈေတြ ငါကုစားေပးခဲ့တယ္ Dae သူမ ငါ့ကိုမခ်စ္ဘူးဆိုတာ မင္းေကာင္းေကာင္းသိပါတယ္

ငယ္စဥ္ကတည္းက ငါ့အေပၚထားတဲ့သူမသံေယာဇဥ္က ဆိုးႏြဲ႕လို႔ရတဲ့အစ္ကိုတစ္ေယာက္ထက္မပိုဘူးဆိုတာ မင္းအသိဆုံးပါ မင္းတို႔ဖုံးကြယ္ထားတဲ့ မင္းတို႔ၾကားကပါတ္သက္မႈကို ငါသိေနခဲ့လို႔ ငါသူမကိုေစာင့္ေရွာက္ေပးခဲ့တာ

မင္းျပန္လာခဲ့လို႔ မင္းတို႔ဇာတ္လမ္း အဆင္ေျပသြားရင္ ငါေနာက္ဆုတ္ေပးဖို႔ဆုံးျဖတ္ခဲ့ၿပီးသား.."

" Baek..Hyun.."

သူ႕စကားဆုံးေတာ့ Dae၏ လက္ေတြက ေျပေလ်ာ့သြားသလို အံ့ၾသစြာလည္းၾကည့္လာသည္

အထက္တန္းေက်ာင္းသား ဘဝၿပီးကတည္းက Dae နဲ႕ YuKi ရဲ႕ဆက္ဆံေရးက သူငယ္ခ်င္းထက္ပိုခဲ့တယ္ဆိုတာသူေကာင္းေကာင္းသိခဲ့သည္

သူငယ္ခ်င္းသုံးေယာက္ၾကား တစ္ေယာက္က ေဆးတကၠသိုလ္ တစ္ေယာက္က ပညာေရးတကၠသိုလ္ တစ္ေယာက္က အႏုပညာတကၠသိုလ္ ဟူ၍ တေနရာစီ ကြဲျပားသြားေတာ့ သူ မပါပဲ သူမတို႔ႏွစ္ေယာက္၏ သီးသန႔္ေတြ႕ဆုံမႈေတြရွိခဲ့သည္ေလ

မာနကို ဦးစားေပးတတ္ၾကလြန္းသူတို႔ႏွစ္ေယာက္ၾကား ေက်ာင္းၿပီးေတာ့ ျပႆနာတစ္ရပ္ေပၚလာသည္

Dae က နိုင္ငံျခားမွာ မဟာဘြဲ႕ထပ္ယူဖို႔ေက်ာင္းသြားတက္မယ္ဆိုေတာ့ YuKi ကလက္မခံေပ

သူမနဲ႕ Dae ၏ ရည္မွန္းခ်က္ေတြကို အလဲအလွယ္လုပ္ခိုင္းသည့္ YuKi က အတၱႀကီးခဲ့သည္

ဝါသနာႀကီးလြန္းသည့္ Dae ကလည္း အေလ်ာ့မေပးခဲ့ သူမ လက္ကို လႊတ္လို႔ သူရည္မွန္းခ်က္ကိုသာ ဦးစားေပးခဲ့သည္

သူ႕ကိုေဘးဖယ္ကာ ဖုံးကြယ္လို႔ထားတဲ့ သူတို႔ပါတ္သက္မႈေတြကို Baek သိေနခဲ့ေပမဲ့ တစ္ခြန္းမွ ဝင္မပါခဲ့ပါ...

သို႔ေပမဲ့ Dae ထြက္သြားၿပီးမၾကာခင္ သူ႕ကို propose လုပ္လာတဲ့ သူမေၾကာင့္ Baek အံ့ၾသခဲ့မိတယ္

သူမက သူ႕ကို Dae ေနရာမွာ အစားထိုးခဲ့တယ္ေလ

သို႔ေပမဲ့ Daeေၾကာင့္နာက်င္ေနရတဲ့ႏွလုံးသားငယ္ကို ထပ္မနာက်င္ေစခ်င္ခဲ့လို႔ Baek သူမအခ်စ္ကို လက္ခံခဲ့တယ္ သူမအေပၚ Dae ျပန္လာတဲ့အထိေစာင့္ေရွာက္ဖို႔ဆုံးျဖတ္ခဲ့တယ္

ဒါေပမဲ့ ႏွစ္ဖက္မိဘအသိုင္းအဝိုင္းေတြက လက္ထပ္ဖို႔ထိ သေဘာတူလိုက္ၾကတယ္..

သူမဘက္ကို ငဲ့ညာေပးခဲ့ေပမဲ့ ကိုယ့္ဘက္က် ဘာလို႔နားမလည္ေပးနိုင္ရလဲ YuKi

သူ႕ကို သူမမခ်စ္တာ သူသိသည္

Chan ကို အနိုင္ယူခ်င္လြန္း၍ သူမ လက္မေလ်ာ့တာ

အတၱႀကီးလြန္းသည့္ သူမက ဘယ္အရာကိုမွ အရႈံးမေပးလိုဘူးထင္တယ္...

သူတို႔ၾကားက တိတ္ဆိတ္မႈက ဟန္ျမစ္ဆီကလာတဲ့ေလေအးေတြထက္ ေအးစက္ဆိတ္ၿငိမ္ေနခဲ့သည္ ခဏၾကာမွ

" ဘာျဖစ္ျဖစ္ မင္းတို႔ အခ်စ္ေရး ႀကီးက မျဖစ္သင့္ဘူးေလ Baek ရာ.."

Daeဆီမွ မခ်ိတင္ကဲျဖင့္ အျပစ္တင္သံၾကားေတာ့ Baek ၿပဳံးမိသည္

" အခ်စ္ဆိုတာ ကိုယ္ကိုယ္တိုင္ေတာင္ မသိလိုက္ပဲ ကိုယ့္ဘဝထဲ ေနရာဝင္ယူသြားတာမ်ိဳး

မျဖစ္သင့္မွန္းသိတာေပါ့ ထိန္းခ်ဳပ္ဖို႔ ရပ္တန႔္ဖို႔ ႀကိဳးစားခဲ့ေပမဲ့

အခ်ိန္တိုအတြင္း အခ်စ္က ခိုင္မာစြာ ငါ့ႏွလုံးသားမွာ အျမစ္တြယ္သြားခဲ့တယ္

အဲ့အျမစ္ကိုႏႈတ္ယူဖို႔ႀကိဳးစားတိုင္း ေသေလာက္ေအာင္နာက်င္ရတယ္

အဆိပ္ပင္ျဖစ္ေနရင္ေတာင္ ငါဆက္ၿပီးပ်ိဳးေထာင္မယ္ Dae

ဒီအခ်စ္အဆိပ္ပင္ကို ငါတို႔ဆက္ၿပီးေရေလာင္းၿပီး ရွင္သန္ေစမွာ..

သူေရာ ငါေရာ ရဲ႕ ထပ္တူက်တဲ့ ခံယူခ်က္ပဲ

သူလည္း ငါ့ကိုသိပ္ခ်စ္တယ္ လက္လႊတ္ေပးမွာမဟုတ္ဘူး...

ငါလည္း သူ႕ကို အဆုံးရႈံးမခံနိုင္ဘူး...ငါ သူ႕ကို အရမ္းခ်စ္လို႔ "

" ဟူး...မင္းေရာ သူေရာက လက္ရွိ မင္းတို႔မိသားစုလုပ္ငန္းေတြရဲ႕ ဆက္ခံသူေတြေနာ္...မင္းနဲ႕သူရဲ႕အခ်စ္ေရးေၾကာင့္ မင္းတို႔မိသားစုေတြအကုန္ၿပိဳလဲၾကလိမ့္မယ္..စီးပြားေရးသမားေတြက အခ်င္းခ်င္းျပစ္ခ်က္ရွာရင္း ၿပိဳင္ဘက္လုပ္ငန္းစုေတြကို ျဖဳတ္ခ်ခ်င္ေနၾကတာ..အဲ့ဒါေတြေရာ မင္းတို႔စဥ္းစားမိရဲ႕လား..."

" ငါ..."

" အေနာက္နိုင္ငံေတြမွ လိင္တူခ်စ္သူလက္ခံနိုင္ၾကေပမဲ့ ငါတို႔နိုင္ငံမွာေတာ့ လက္ခံမဲ့သူရွားေသးတယ္ ၿပီးေတာ့ မင္းတို႔ေနာက္ကြယ္က မိသားစုပုံရိပ္ေတြကို မင္းတို႔အခ်စ္ေရးကဖ်က္ဆီးလိမ့္မယ္...မင္းမိဘေတြကို မငဲ့ေတာ့ဘူးလား..."

" ငါတို႔..ငါတို႔...တိတ္တိတ္ေလးခ်စ္ေနရင္ရင္ရတာပဲေလ ငါတို႔ကို လႊတ္ေပးထားလို႔မရဘူးလား..လူသားႏွစ္ဦးၾကားက ခ်စ္ျခင္းက ဘာလို႔အျပစ္ျဖစ္ေနရတာလဲ ဘာလို႔ငါတို႔မွလဲ...ဟင့္.."

'' Baek ရာ..."

ေခါင္းငိုက္စိုက္က်ကာ ငိုေနေသာ သူငယ္ခ်င္းေလးေၾကာင့္ Dae စိတ္မေကာင္းပါ

ငယ္စဥ္ကေလးက စိတ္ထားႏူးညံ့တဲ့ BaekHyun က အၿမဲတမ္းသူတို႔အေပၚ အေလ်ာ့ေပးခ်စ္ေပးခဲ့တာ သူတို႔အေပၚငဲ့ညာခဲ့တာေတြက ခုခ်ိန္မွာ သူ႕ကိုနာက်င္ေစတဲ့အေၾကာင္းတစ္ခုျဖစ္ေစတဲ့အတြက္ Dae စိတ္မေကာင္းပါ

YuKi ကို ငါေျဖာင္းဖ်ေပးမယ္ Baek

သူမရဲ႕အတၱေတြေၾကာင့္ မင္းထပ္မနာက်င္ေအာင္ ငါကူညီေပးမယ္

ဒါေပမဲ့ Park Chan Yeol ရဲ႕ဆိုင္သူကေရာ မင္းတို႔ကိုခြင့္လႊတ္ပါ့မလား

အခက္အခဲေတြမ်ားတဲ့လမ္းကို ဘာလို႔မ်ားေ႐ြးခ်ယ္ရသလဲ သူငယ္ခ်င္းရယ္.....

" ငါတို႔ ထြက္ေျပးရမလား...ငါတို႔ကို သိေနတဲ့အသိုင္းအဝိုင္းကေန ထြက္ေျပးရင္ေရာ "

" Baek ဘာေတြစဥ္းစားေနတာလဲ.. Byun မိသားစုမွာ မင္းပဲရွိတာကို မေမ့ပါနဲ႕.."

" ဟင့္အင္း...Byun မိသားစုက ငါတစ္ေယာက္တည္းမွ မဟုတ္တာ Kim Jong Dae တစ္ျဖစ္လဲ Byun Chennie ဆိုတဲ့မင္းရွိတယ္ေလ.."

" Baek မတူဘူး Byun အိမ္ရဲ႕ေသြးသားရင္းက အေမြဆက္ခံမဲ့သူက မင္းတစ္ေယာက္တည္းရယ္ မင္းမိဘေတြကို ပစ္ပယ္မလို႔လား Baek "

" ငါတစ္သက္လုံး လိမၼာၿပီးၿပီ Dae ရယ္ ငါ တစ္ခါေလာက္ဆိုးပါရေစ Byun မိသားစုကို မင္းလက္ထဲအပ္ပါရေစ..ငါ့ကို ငါတို႔ကို နားလည္ေပးပါေနာ္..."

" ဟင့္အင္း ငါလက္မခံဘူး..YuKiကိုငါေျဖာင္းဖ်ေပးမယ္ ထြက္မသြားပါနဲ႕ PaPa MaMa တို႔ကို ငဲ့ပါ Baekရယ္...

" ဟင့္အင္း ခုခ်ိန္ကစၿပီး Chan ကိုပဲငါၾကည့္ေတာ့မွာ ငါ့ေၾကာင့္ သူထိခိုက္နာက်င္ရတာမ်ားေနၿပီ..."

" Byun Baek Hyun မင္းအဲ့ေလာက္ေတာင္မႊန္ေနရလား..ေတာက္..မိသားစုကို ပစ္ဖို႔အထိ ေတြးရေလာက္ေအာင္....မႊန္ေနရလား..."

" မင္း လူတစ္ေယာက္ကို တကယ္ခ်စ္တတ္လာရင္ နားလည္လာလိမ့္မယ္..ငါျပန္ႏွင့္မယ္.."

" Baek.."

ျပန္မယ္ဆိုကာ ထ လိုက္ေသာကိုယ္ေလးက ၿပိဳလဲက်သြားေတာ့ Daeတစ္ေယာက္အျမန္ေပြ႕ကာ ခုနေလးတင္ျပန္လာတဲ့ ေဆး႐ုံဆီသို႔ဟန္ျမစ္ကမ္းေဘးမွ ျပန္သြားရျပန္ၿပီ

ကုတင္ေပၚ လွဲေနသည့္ ျဖဴေသးေသးေကာင္ေလးက ႏွလုံးအားနည္းေနတာတဲ့လား ႏွလုံးေရာဂါ အခံမရွိပဲ စိတ္ဖိစီးမႈျပင္းထန္မႈေၾကာင့္ ႏွလုံးကို ထိတာတဲ့

အရမ္းပင္ပန္းေနရင္ လက္ေလ်ာ့ဖို႔ႀကိဳးစားၾကည့္ပါလား BaekHyunee ရယ္

ေဆး႐ုံခန္းေတြထဲ မတူညီေသာ ထိခိုက္မႈေတြနဲ႕ လွဲေနၾကသည့္သူတို႔ႏွစ္ေယာက္ၾကားက တူညီမႈတစ္ခုက မျဖစ္သင့္တဲ့အခ်စ္ေရးေၾကာင့္ နာက်င္ေနရသည္တဲ့...

°°°°°''°°°°°''°°°°°''°°°°°''°°°°°''°°°°
ParkChan ေတာင္ေဆး႐ုံကမဆင္းရေသးဘူး BaekHyunee ေလးကပါ ေဆး႐ုံေရာက္ျပန္ၿပီ
ဘယ္လိုေတြမ်ားေရးေနမိလဲဆိုတာ ကိုယ့္ကိုကိုယ္လည္းမသိေတာ့ပါဘူး 🤧🤧🤧

Continue Reading

You'll Also Like

71.8K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
57.9K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
21.8K 1K 7
[Both Unicode and Zawgyi] Started from 2019 November 25 1500 အခ်စ္​ကပဲပိုၿပီး ​ေလးနက္​​ေနမလား 528 အခ်စ္​ကပဲပိုၿပီး ခိုင္​ၿမဲ​ေနမလား ခ်စ္​တဲ့သူနဲ႔ ငယ္...
41.4K 2.9K 72
ဖတ်ကြည့်နော်😉😉