💔 VILLAIN 💔

By XingNge

100K 6.8K 336

ဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင... More

{Intro} Z+U
Part~1💔 Z+U
Part~2💔Z+U
Part~3💔Z+U
Part~4💔Z+U
Part~5💔Z+U
Part~6💔Z+U
Part~7💔Z+U
Part~8💔Z+U
Part~9💔Z+U
Part~10💔Z+U
Part~11💔Z+U
Part~13💔Z+U
Part~14💔Z+U
Part~15💔Z+U
Part~16💔Z+U
Part~17💔Z+U
Part~18💔Z+U
Part~19💔Z+U
Part~20💔Z+U
Part~21💔Z+U
Part~22💔Final Part 💔Z+U
Season~2

Part~12💔Z+U

2.7K 252 2
By XingNge

(Unicode)

အိမ်ပြန်ရောက်တော့ နေမကောင်းဘူးဟု ပြောသည့် ဖိုးဖိုးက ဒေါင်ဒေါင်မြည်ကာ အိမ်၌လည်းဆွေစုံမျိုးစုံရောက်နေသည့်အတွက် Baek အံ့သြသွားရသည်

Baekအား ဘာမှ မရှင်းပြပဲ တိုးတိုးကျိတ်ကျိတ် တစ်ခုခုကို စီစဉ်နေပုံရသည်ကို Baek အလိုမကျဖြစ်နေရသည့်ကြားထဲ YuKi ကအနားနားအမြဲရှိနေတာမို့ အချစ်အားလည်း Ph မဆက်နိုင်

နောက်ရက်တွေကျ YuKi မိဘတွေပါရောက်လာခဲ့ပြီး ကျွန်တော့်ကို အံ့သြစေချင်လို့ YuKi ဘက်မှတောင်းဆိုကာ စီစဉ်ခဲ့သည့် စေ့စပ်ပွဲဆိုတာ ကြားလိုက်ရတော့ စိတ်တွေအရမ်းရှုပ်သွားရပေမဲ့ ငြင်းခွင့်မရှိသည့်အခြေအနေကြောင့် သူ ဘာမှလုပ်ခွင့်မရပေ

ထိုကြားထဲ၌ YuKi အားလည်း စကားမပြောပဲ ရှောင်နေမိသလို အချစ်အားလည်း phမဆက်မိ

စိတ်နဲ့လူနဲ့ပင် သိပ်မကပ်ချင်ဖြစ်နေရသည်

ဒီချိန်ဆို အချစ် အထင်လွဲနေတော့မည်မှာ အသေအချာပင်..

" မောင်..."

ပြတင်းတံခါးဆီမှ ကောင်းကင်ကျယ်ကိုငေးရင်း အချစ်ကိုလွမ်းဆွတ်နေသော့ ကိုယ့်အားနောက်မှ ဖက်တွယ်လာသည့် သူမ၏ လက်တွေကို ခပ်ကြမ်းကြမ်းဖယ်ထုတ်မိတော့ သူမဆီမှ အံသြဟန် အသံထွက်လာသည်

" တစ်ယောက်တည်းနေချင်တယ် YuKi "

" YuKi ကိုစိတ်ဆိုးနေတာလား မောင်..ဒီစေ့စပ်ပွဲကို မောင့်ကိုအသိမပေးမိလို့..တောင်းပန်ပါတယ်မောင်ရယ်..YuKi ဒီလိုလုပ်ရတာမောင့်ကိုချစ်လွန်းလ်ို့ပါ.."

" ငါ့ကိုချစ်တယ်ဆို ငါပြောခဲ့တဲ့စကားတွေ အလေးထားသင့်တယ်မထင်ဘူးလား.."

မိဘတွေ၏ လုပ်ငန်းကိုဆက်ခံရမည့်အစားမိဘတွေနဲ့အတိုက်အခံလုပ်ကာ Designer သင်တန်းကျောင်းကိုတက်ခဲ့သည် ကျောင်းပြီးတော့လညး ကုမ္ပဏီ မှာပဲဝင်လုပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့မောင်က ကျွန်မတို့ရှေ့ရေးကိုပဲ မိဘတွေအကူအညီထက်သူ့အရည်အချင်းနဲ့သူ တည်ဆောက်မည် ဟုပြောခဲ့ဖူးသည်

မိဘတွေကို ဆန့်ကျင်ခဲ့ပြီးမှ သူ့ဘဝအနာဂတ်ကို မိဘတွေအကူအညီနဲ့တည်ဆောက်ရအောင် သူကအရည်အချင်းမရှိတဲ့ယောကျ်ားတစ်ယောက်မဟုတ်ဘူးဟု ပြောကာ သူမအားစောင့်ဆိုင်းစေခဲ့သည့်မောင်ကို အရင်က ကျွန်မလေးစားခဲ့ပေမဲ့ ခုချိန်မှာတော့ မယုံရဲဘူးမောင်

" YuKi ကြောက်လို့ ပြောင်းလဲလာတဲ့မောင့်ပုံစံတွေကြောင့် YuKi မောင့်ကိုဆုံးရှုံးရမှာကြောက်လို့ပါ မောင်ရယ်..YuKi က မောင့်ကို သိပ်ချစ်တာမို့..ဟင့်..."

ခေါင်းလေးငုံ့ကာ တုန်ရီစွာပြောလာအသံငယ်လေးကြောင့် Baek စိတ်မကောင်းဖြစ်သွားရပြန်သည်

အမှန်ဆို သူမတို့က အပြစ်မရှိဘူးမလား

သူသာဖောက်ပြန်နေခဲ့မိတာ သူမအပေါ်ရက်စက့မိခဲ့တာမလား

သူကသာ အချစ်ကိုချစ်နေမိလို့ အချစ်အထင်လွဲမှာစိုးလို့ သူမကိုစိတ်တိုပြီးအော်ဟစ်ခဲ့မိတာမလား

တုန်ရီနေတဲ့သူမ ကိုယ်လေးကို ရင်ခွင်ထဲထွေးပွေ့လိုက်တယ်

" မောင် တောင်းပန်ပါတယ် မငိုနဲ့တော့နော်..."

" မောင်....YuKi ကိုချစ်သေးတယ်မလား..."

"....."

အချိန်တစ်ခဏကြာ တိတ်ဆိတ်သွားတဲ့ Bakကြောင့် Baekရင်ခွင်ထဲကို ပိုတိုးဝင်ရင်း YuKi ကြိတ်ငိုမိပြန်သည်

မရက်စက်ပါနဲ့ မောင် ရယ်..
ကျွန်မအပေါ် မရက်စက်ပါနဲ့

ရင်ခွင်ထဲပိုတိုးဝင်လို့ ငိုနေတဲ့ သူမလေးကြောင့် Baek မျက်ရည်ကျလာမိသည်

မောင် ဘာလုပ်ရမလဲ YuKi ရယ် မောင် မင်းအပေါ် သိပ်ရက်စက်နေမိထင်တယ်

မောင်ကိုယ်တိုင်ရော YuKi ရောမပိုင်တော့တဲ့ မောင့်နှလုံးသားကြောင့် မောင် မင်းကိုတောင်းပန်ပါတယ်

နာကျင်နေစေမိတဲ့အတွက် တောင်းပန်ပါတယ် မောင့်မိန်းကလေးရယ်

မောင် မင်းကိုချစ်ခဲ့ပါတယ် .......အဖြူစင်ဆုံးသံယောဇဉ်တစ်ခုနဲ့ပေါ့...

" ချစ်တယ်..YuKi ကိုမောင်ချစ်တာမို့ မငိုနဲ့တော့နော်..."

နဖူးပြင်ပြေပြေလေးထက် ခပ်ဖွဖွအနမ်းခြွေလိုက်တော့ စိတ်အေးသွားသည့်အပြုံးတစ်ခု သူမမျက်နှာ၌ တွေ့လိုက်ရသည်

ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ အချစ်ရယ် အချစ်ရဲ့ပိုင်ရှင်သူမကိုကျ ကျွန်တော်မုန်းပေမဲ့ ကျွန်တော့်ရဲ့သူမကိုကျ ကျွန်တော်သနားနေမိတာ မတရားဘူးထင်တယ်နော်

အချစ်ရော အဲ့လိုပဲမလား..ကျွန်တော်တို့က တကယ့်ကို လူယုတ်မာတွေဖြစ်နေခဲ့ပြီမလား

" သား...အိမ်ပြန်လာတော့..YuKi နဲ့လက်ထပ်ပြီးရင် Byun Na Bi လုပ်ငန်းက သားပဲဦးစီးရမှာ ဒီကြားထဲမှာ အလုပ်နဲ့ပါတ်သက်တာလေ့လာသင်ယူသင့်ပြီထင်တယ်.."

Appa ၏ စကားတွေက သူ့အား တကယ်ကိုမွန်းကျပ်စေသည် ။

" သား ပြန်လာမှာပါ...ဒါမဲ့ အချိန်ခဏတော့ပေးပါဦး..."

" သားရဲ့ဝါသနာပါတာကို စွန့်လွှတ်ဖို့ မပြောဘူးနော် Byunလုပ်ငန်းကိုဦးဆောင်ရင်း အထိုင်ကျရင် သားဝါသနာပါတာလည်း တစ်ဖက်ကလုပ်ပါ ခုတော့ ကုမ္ပဏီ ကထွက်ပြီး အိမ်ကိုပြန်လာပါ..."

" Nae..သားဒီစာချုပ်ပြည့်ရင် ကုမ္ပဏီ ကထွက်ခဲ့ပါ့မယ်..."

" လျော်ကြေးပေးလို့မရဘူးလား..."

" သားကိုခဏလေးတောင် အချိန်မပေးနိုင်ဘူးလား..Appa.!!! "

" မောင် "

"သား..''

အိမ်ပြန်လာရင်အချစ်နဲ့တွေ့ဖိ်ု့အခွင့်အရေးတွေနည်းသွားတော့မည့်အပြင် YuKi နဲ့လက်ထပ်ဖို့ပိုနီးစပ်လာတာတွေတွေးမိရင်း စိတ်ရှုပ်ရသည့်ကြား ကိုယ်မြတ်နိုးတဲ့ဝါသနာကို အတင်းအကျပ်စွန့်လွှတ်ဖို့ပြောလာသော Appa ကြောင့် Baek အသံနည်းနည်းကျယ်သွားရသည်

" တောင်းပန်ပါတယ် Appa သား ဘယ်လောက်ထိဝါသနာပါတဲ့ အလုပ်လဲဆိုတာ Appaသိပါတယ် အတင်းစွန့်လွှတ်စေချင်နေတာမို့ စိတ်ရှုပ်သွားမိလို့ပါ ရိုင်းသွားတဲ့အတွက် တောင်းပန်ပါတယ် Appa "

" အင်းပါ..Appaလည်းစိတ်အရမ်းလောသွားတယ် ဒီစာချုပ်ကုန်ရင်တော့ အိမ်ပြန်လာပါ သားငယ်..."

" Nae Appa.."

Byun Appa အား အော်လိုက်သည့် မောင့် ပုံစံကြောင့် YuKi လန့်သွားရသည်

ယဉ်ကျေးနူးညံ့သည့်မောင်က လူကြီးသူမကိုအော်ဟစ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တာပါ

တကယ်ပဲ မောင့် ဝါသနာကို စွန့်လွှတ်ခိုင်းလို့ စိတ်တိုသွားတာမှ ဟုတ်ရဲ့လား မောင်

သူ့ကြောင့် တော့ မဟုတ်ဘူးမလား မောင်

ကျွန်မချစ်တဲ့ မောင် အဖြစ်ပဲ ရှိနေပေးပါ မောင်ရယ်...

°°°°'''°°°°'''°°°°'''°°°°'''°°°°'''°°

" ဟို လက်မှတ်ထိုးပေးဖို့File တွေပါ.."

" ထားခဲ့.."

အိမ်မှပြန်လာတော့ အချစ်phကိုဆက်တော့ ph မကိုင်သည့်အပြင် ရုံးရောက်တော့လည်း သူ့ကိုမြင်တော့ မျက်မှောင်ကျုံ့ရင်း မျက်နှာလွှဲသွားခဲ့သည်

သူစိတ်ဆိုးနေမှာမှန်း ကြိုသိထားပေမဲ့လည်း ခုလိုလစ်လျူရှုထားခံရပြန်တော့ ခံနိုင်ရည်ကမရှိပြန်

လက်မှတ်ထိုးမဲ့ File တွေကို Yoona noona ဆီက သွားတောင်းရင်း သူ့အခန်းဆီ မဝံ့မရဲဝင်လာပေမဲ့ မော့မကြည့်ပဲ ခပ်မာမာပြောလာသောကြောင့် Baek မျက်ရည်တွေဝဲလာရသည်

" Chan..."

ခပ်တိုးတိုး ခေါ်မိတော့ လက်မှတ်ထိုးနေသည့် လက်တွေရပ်တန့်သွားပေမဲ့ မော့ကြည့်မလာ

" စေ့စပ်ပွဲကလေ.."

" Congratulation..စေ့စပ်ပွဲ အတွက်.."

" အချစ်..."

" ဒါ ကုမ္ပဏီ နော် Byun Baek Hyun အပြောအဆို ဆင်ခြင်ပါ!!! "

လက်ထဲမှ ဘောပင်အား ပစ်ချလိုက်ရင်း အော်ပြောလာသော Chanကြောင့် Baek ကိုယ်လေးတုန်သွားရသည်

" တောင်း...တောင်းပန်ပါတယ်..သွားခွင့်ပြုပါဦး.."

လျှံကျလာတော့မည် မျက်ရည်တွေကို ထိန်းချုပ်ရင်း အခန်းပြင်သို့အမြန်ထွက်လာမိသည်

သန့်စင်ခန်းရောက်မှ ထိန်းချုပ်ထားသမျှ မျက်ရည်တွေကို ကျဆင်းခွင့်ပြုလိုက်သည်

တင်းမာနေသော မျက်နှာထားဖြင့် သူ့အားအော်လိုက်သည့် အချစ်ကြောင့် ရင်ဘတ်ထဲမှ အတိုင်းအဆမရှိနာကျင်လာသည်

ရှင်းပြခွင့်လေးတော့ပေးပါ အချစ်ရယ်

ကျွန်တော် အချစ်ကို သိပ်ချစ်တာ သိတယ်မလား

ကျွန်တော့်ကို အထင်မလွဲပါနဲ့ မမုန်းပါနဲ့...

" တောက်...ဟာကွာ..."

ပုံရိပ်ငယ်လေး အခန်းထဲကထွက်သွားတော့မှ ChanYeol စားပွဲခုံအားလက်ဖြင့် အကြိမ်ကြိမ်ထိုးလိုက်မိသည်

လက်မှသွေးတွေ တစ်စက်စက်ကျနေပေမဲ့ နာကျင်မှုကိုမခံစားရ ရင်ထဲကနာကျင်မှုက ပြင်ပကနာကျင်မှုကို ကြီးစိုးထားသည်မလား

မျက်ရည်တွေဝိုင်းလာသော မျက်ဝန်းသေးသေးတွေကိုမြင်ယောင်မိရင်း ရင်ထဲမွန်းကျပ်လာသည်

မင်းကိုယ့်ကို လှည့်စားနေတာလား အချစ်ရာ...

မင်းဆီက လမ်းခွဲကြမယ်ဆိုတဲ့စကား ထပ်ထွက်လာမှာ ကိုယ်သေမလောက်ကြောက်နေတယ်....

ခုချိန်မှာ မင်းဆီက ဘာအကြောင်းအရာကိုမှ ကြားနိုင်စွမ်းမရှိသေးဘူး..

ရုံးဆင်းတော့ မျက်နှာငယ်လေးဖြင့် ထွက်သွားသော ကောင်လေး၏ မျက်ဝန်းတွေက မို့အစ်နေသည်ကို ChanYeol သတိထားမိသည်

အရမ်းငိုခဲ့တာလား အချစ်ရယ် ကိုယ်ကမင်းထက်ပိုငိုခဲ့ရပါတယ်

" မောင်.."

ကုမ္ပဏီ ရှေ့မှာ စောင့်နေသော YuKi ကြောင့် Baek မျက်ရည်ကြည်တွေကို အမြန်သုတ်လိုက်ရသည်

" ဘယ်လိုလုပ်ပြီးရောက်လာတာလဲ.YuKi "

" မောင်နဲ့ညဈေးလျှောက်ချင်လို့...လာစောင့်နေတာ.."

ကိုယ့်လက်မောင်းက်ိို ဆွဲချိတ်လို့ ပြုံးကာပြောလာသော သူမက တကယ်ကိုချစ်ဖို့်ကောင်းပေမဲ့ ခုချိန်မှာတော့ သူ သူမ၏အလှအားမမြင်နိုင်တော့ပါ

" မောင်  နေသိပ်မကောင်းလို့ နောက်နေ့မှ သွားလို့မရဘူးလား YuKi "

" မောင်နေမကောင်းဘူးလား...ဖျားတာလား.."

" ခေါင်းနည်းနည်းကိုက်တာပါ "

သူလေး၏ နဖူးပြင် ပါးပြင်တွေထက် ရွေ့လျားနေတဲ့ သူမ၏ လက်တွေကို ရိုက်ချိုးပစ်လိုက်ချင်သည်

အံကိုကြိတ်ရင်း ထိုမြင်ကွင်းကိုကြည့်နေမိသည့် သူ့ကို သူမမြင်သွားတော့ လာနှုတ်ဆက်သည်

" ChanYeol shi က ဒီကုမ္ပဏီကိုဘယ်လိုရောက်.."

သူမကအပြုံးလေးနဲ့နှုတ်ဆက်လာတော့ ကိုယ်လည်းဟန်ဆောင်အပြုံးပြန်ပြုံးပြရင်းနှုတ်ဆက်ရသည်

" ကျွန်တော်က ဒီကုမ္ပဏီက CEO အသစ်ပါ "

" အော်..ဒါနဲ့ စေ့စပ်ပွဲတုန်းက မဖိတ်လိုက်မိတာ miyan ပါနော် ရုတ်တရတ်ကြီးဖြစ်သွားတော့လေ.."

" ရပါတယ် Congratulation ပါနော်.."

" ကျေးဇူးပါ ChanYeol shi လက်ထပ်ပွဲကျရင်တော့ ဆက်ဆက်ဖိတ်စာပို့ပါ့မယ်.."

"Ar..nae..nae....."

"  နောက်နေ့ကျ ထမင်းတစ်နပ်လောက်ဖိတ်ကျွေးပါရစေနော် YwelHwaနဲ့လည်းမတွေ့ရတာကြာပြီမို့ "

" ဟုတ်ကဲ့..သွားခွင့်ပြုပါဦး.."

" Nae..."

ထွက်သွားသည့် ChanYeol ကျောပြင်ကို မျက်ရည်ကြည်တွေဝေ့လျက် သတိလက်လွတ်ငေးကြည့်နေသည့် မောင့်ကြောင့် ကျွန်မရင်ထဲနာကျင်သွားရသည်

မောင် ရယ် မောင့်ဘေးက ကျွန်မက မောင့်ချစ်သူဆိုတာ သတိထားပါဦး

" တောက်..."

သူက သူမအပိုင်ဖြစ်ကြောင်း တစ်နည်းတစ်ဖုံဖြင့် ပြောနေသော သူမအား သတ်ပစ်ချင်စိတ်တွေကို မျိုသိပ်ရင်း လှည့်ထွက်လာခဲ့ရသည်

မုန်းလိုက်တာအချစ်ရာ....သူမကိုရော မင်းကိုရော...

°°°°°'''''°°°°°'''''°°°°°'''''°°°°°''
Baekရှင်းပြတာ နားထောင်လိုက်ပါ Chan ရယ် 😥😥😥

(Zawgyi)

(Unicode)







" မောင်..."



" YuKi ကိုစိတ်ဆိုးနေတာလား မောင်..ဒီစေ့စပ်ပွဲကို မောင့်ကိုအသိမပေးမိလို့..တောင်းပန်ပါတယ်မောင်ရယ်..YuKi ဒီလိုလုပ်ရတာမောင့်ကိုချစ်လွန်းလို့ပါ.."



မိဘတွေကို ဆန့်ကျင်ခဲ့ပြီးမှ သူ့ဘဝအနာဂတ်ကို မိဘတွေအကူအညီနဲ့တည်ဆောက်ရအောင် သူကအရည်အချင်းမရှိတဲ့ယောက်ျားတစ်ယောက်မဟုတ်ဘူးဟု ပြောကာ သူမအားစောင့်ဆိုင်းစေခဲ့သည့်မောင်ကို အရင်က ကျွန်မလေးစားခဲ့ပေမဲ့ ခုချိန်မှာတော့ မယုံရဲဘူးမောင်









"....."



















" မောင် "

"သား..''

အိမ်ပြန်လာရင်အချစ်နဲ့တွေ့ဖို့အခွင့်အရေးတွေနည်းသွားတော့မည့်အပြင် YuKi နဲ့လက်ထပ်ဖို့ပိုနီးစပ်လာတာတွေတွေးမိရင်း စိတ်ရှုပ်ရသည့်ကြား ကိုယ်မြတ်နိုးတဲ့ဝါသနာကို အတင်းအကျပ်စွန့်လွှတ်ဖို့ပြောလာသော Appa ကြောင့် Baek အသံနည်းနည်းကျယ်သွားရသည်



" Nae Appa.."






°°°°'''°°°°'''°°°°'''°°°°'''°°°°'''°°


" ထားခဲ့.."




" Chan..."


" စေ့စပ်ပွဲကလေ.."


" အချစ်..."










" တောက်...ဟာကွာ..."









" မောင်.."




ကိုယ့်လက်မောင်းကို ဆွဲချိတ်လို့ ပြုံးကာပြောလာသော သူမက တကယ်ကိုချစ်ဖို့်ကောင်းပေမဲ့ ခုချိန်မှာတော့ သူ သူမ၏အလှအားမမြင်နိုင်တော့ပါ












"Ar..nae..nae....."



" Nae..."



" တောက်..."



°°°°°'''''°°°°°'''''°°°°°'''''°°°°°''

Continue Reading

You'll Also Like

24.8K 3.6K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
85.1K 6K 61
ဒီFic လေးကတော့ TayNew ကိုရည်ရွယ်ပြီးရေးထားတာပါ😍...Nameတွေကိုလည်းTaynew နဲ့ပဲရေးမှာFan Fic ဖြစ်တဲ့အတွက်Idol တွေမူလဇာတ်ကောင်ပျက်ပြားစေသောအရေးအသားများအ...
136K 8.2K 28
မောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ