Zawgyi
"အ့ဲေတာ့ ကိုကိုက သားကို လာမႀကိဳဘူးေပါ့"
"ဒီေန႔ေတာ့ မရဘူး"
"အာ.. ဒီေန႔ မိုးရြာမွာပါဆိုေန"
တစ္ဖက္က မေက်မနပ္နဲ႔အသံေသးေသးေလးေၾကာင့္ Sehun ထရယ္မတတ္ျဖစ္သြားရသည္။ ကားမွန္တံခါးကေန အျပင္ကိုေမာ့ၾကည့္လိုက္ေတာ့ သာယာေနတ့ဲရာသီဥတုက ၾကည္လင္လို႔..။ အယုတ္တမာေကာင္ေလး လို႔ စိတ္ထဲကပဲ က်ိန္ဆဲလိုက္မိသည္။
"ဒီေန႔ မအားဘူး အေရးႀကီးတ့ဲအလုပ္ကိစၥတစ္ခုရွိလို႔"
စတီယာရင္ကို လက္ဆစ္နဲ႔ တေထာက္ေထာက္ေခါက္ရင္း ေဘးဘီဝဲယာကို မ်က္ေျခမျပတ္ၾကည့္ေနရ၏။ ဒီေန႔မွပဲ လူေတြရႈပ္လိုက္တာ..။
"ကိုကို႔အေၾကာင္းမသိရင္ ခက္မယ္ေနာ္"
"ဒါပဲ.. ကိုကို မအားဘူး"
ဖုန္းကို ကမန္းကတန္းျဖတ္ခ်လိုက္ရတာ မ်က္လံုးေထာင့္ကေန ရိပ္ခနဲ ျမင္လိုက္မိသည့္ ပံုရိပ္ငယ္ေလးေၾကာင့္..။
ကားေပၚက ကမန္းကတန္းေျပးဆင္းကာ လႈပ္စိလႈပ္စိနဲ႔သြားေနတ့ဲ သူ႔ေနာက္ကို အမွီလိုက္ရ၏။ ရွပ္အက်ႌလက္ေအာက္က တစြန္းတစထြက္ေနသည့္ လက္ေကာက္ဝတ္ျဖဴျဖဴေလးကို ဆတ္ခနဲ ေဆာင့္ဆြဲၿပီး ေဆးရံုဝင္းထဲက ေခ်ာင္က်က်ေနရာကို ေခၚလာခ့ဲလိုက္သည္။ မဟုတ္ရင္ သူ႔ကိုႀကီးေတြ႕သြားမွာ၊ ဘယ္သူက ျပန္တိုင္မွာ စသျဖင့္ဆင္ေျခေတြေပးေတာ့မွာ..။
"လႊတ္"
လူကို အေမာဆို႔ေအာင္ ဝမ္းသားအားရဆီးႀကိဳတ့ဲစကား..။ သူ႔မ်က္ႏွာျမင္လို႔ ေပ်ာ္ေနတ့ဲအေပ်ာ္ေတြက ေရစုန္ေမ်ာသြားသလိုျဖစ္ၿပီး နဂိုကမွ စိတ္ဆတ္တတ္တ့ဲကိုယ္က မ်က္ႏွာေၾကာတင္းၿပီးသား။
"မလႊတ္ဘူး"
အ့ဲလိုက်ေတာ့လည္း မ႐ုန္းပဲ မ်က္ႏွာေလးငယ္က်သြားကာ ငိုမ့ဲမ့ဲ..။ မွန္းစမ္း.. ဒီႏွစ္ေတြအေတာအတြင္း သူ႔ရဲ႕ Han ေလး အသက္ႀကီးလာပါရဲ႕လား။
"ဖုန္းျပန္ေပးမလို႔လာတာ"
မ်က္လံုးေလးျပဴး၍ ေမာ့ၾကည့္လာသည္။ သူ႔လက္ထဲက ဖုန္းကို တေမ့တေမာေငးၾကည့္ေနလိုက္တာမ်ား။ ၾကည့္ရတာ ဖုန္းေပ်ာက္သြားၿပီပဲ စိတ္ထဲမွာထင္ေနခ့ဲပံုရသည္။
"ပလက္ေဖာင္းေပၚမွာ က်န္ရစ္ခ့ဲတာကို ကိုယ္သိမ္းထားတာ"
အ့ဲေတာ့မွ သတိရသြားပံုျဖင့္ ဪခနဲ..။ Sehun က သူ႔နႈတ္ခမ္းလံုးလံုးေလးရဲ႕ လႈပ္ရွားပံုကို ေသခ်ာအေသးစိတ္လိုက္ၾကည့္ေနမိလို႔လားမသိ.. မ်က္ႏွာလႊဲသြားသည္။ လည္ပင္းသားျဖဴျဖဴေလးက မ်က္စိေရွ႕မွာ လွစ္ခနဲ။
"ဖုန္းျပန္ေပးပါ"
အသံေလးက တိုးတိုးညင္းညင္းေလး။ ကိုယ္သာ သူ႔ကို အာရံုမစိုက္ေနမိရင္ ေလတိုးသံနဲ႔ ၾကားမိမွာေတာင္မဟုတ္။
"ေပးမွာပါ.. အခုေတာ့မဟုတ္ဘူး.. ကိုယ္နဲ႔ စကားခဏေျပာရေအာင္"
"ေျပာစရာစကားမရွိဘူး"
ဒီတစ္ခါက်ေတာ့ အသံေလးနည္းနည္းက်ယ္လာသည္။ ဒါေပမ့ဲ မ်က္လႊာခ်ထားဆဲ..။ သူစိမ္းဆန္တ့ဲ ဒီလိုပံုကို Sehun မႀကိဳက္လိုက္တာ။
"ကိုယ္ကေတာ့ရွိတယ္.. ဒီနားက ေကာ္ဖီဆိုင္မွာေျပာမလား.. ကိုယ့္ကားေပၚမွာေျပာခ်င္လား.. ေဆးရံုထဲမွာေျပာခ်င္လည္းရတယ္.. အေရးႀကီးတာ ကိုယ္ Han နဲ႔စကားေျပာရဖို႔ပဲ"
ခ်ီတံုခ်တံုျဖစ္ေနတ့ဲမ်က္ႏွာေလးကို Sehun အရသာခံၿပီး ၾကည့္ေနမိသည္။ လွ်ာနဲ႔ခဏခဏသပ္ခံရတ့ဲ နႈတ္ခမ္းသားေတြက သူ႔ကိုလာလာေႏွာင့္ယွက္ေနသလိုပင္..။ စိတ္ရွိလက္ရွိလုပ္လိုက္ရရင္ျဖင့္... ဟင္း..။
"ဒီမွာပဲေျပာ"
အေတာ္ႀကီးၾကာမွ ထြက္လာတ့ဲေလသံတိုးတိုး။
"အိုေခ.. ကိုယ္အရမ္းလြမ္းေနတာ.. ေနာက္ၿပီး ျပန္လာတာ အေၾကာင္းလည္းမၾကားဘူး"
"Oh Sehun ssi နဲ႔ ဘာဆိုင္လို႔ အေၾကာင္းၾကားရမွာလဲ"
"တကယ္ ဘာမွမဆိုင္ဘူးလား"
ငယ္ငယ္တုန္းကလို ဂ်စ္တစ္တစ္ေလသံနဲ႔ေမးလိုက္ေတာ့ Sehun ကို မ်က္ေစာင္းထိုးၾကည့္လာသည္။ ဒီတစ္ခါေတာ့ ေသခ်ာၿပီ။ ကိုယ့္ဘက္ကိုယ္ယက္ၿပီး စိတ္ကူးယဥ္ေနတာမဟုတ္ပဲ သူ႔ဘက္ကလည္းကိုယ့္ကို မျပတ္သားေသးတာ လံုးဝ ေသခ်ာသည္။
"လက္ကိုလႊတ္"
"အခုမွျပန္ေတြ႕ရလို႔ အလြမ္းသယ္ခ်င္ေသးတာကို ကိုယ့္ကိုစိမ္းကားလိုက္တာ"
"ကိုႀကီးသိရင္ ေသလိမ့္မယ္ သိရဲ႕လား"
"အခု မင္းေရွ႕မွာရပ္ေနတ့ဲကိုယ္က အရင္ကလို ဘာမွမလုပ္ႏိုင္တ့ဲ အသက္ ၂၀ အရြယ္ခ်ာတိတ္မဟုတ္ဘူး သိလား Han"
ေတြေတြေငးေငးေလးစိုက္ၾကည့္လာသည့္ Luhan မ်က္ဝန္းေတြထဲမွာ ေတာင္းပန္ျခင္းေတြ တစြန္းတစ။ မလိုပါဘူးေလ..။ အနက္ေရာင္ဆံပင္ႏုႏုအိအိေတြၾကားကို လက္ေခ်ာင္းေတြ ထည့္ဖြပစ္လိုက္သည္။ စုတ္ဖြားဖြားျဖစ္သြားတ့ဲဆံပင္အုပ္အုပ္က ဆရာဝန္ဆိုတ့ဲ ဂုဏ္ျဒပ္နဲ႔ မလိုက္ဖက္လွ။
Sehun တစ္ခ်က္ ရယ္လိုက္မိသည္။ ေပ်ာ္လို႔..။ ဒါေပမ့ဲ ေကာင္ေလးက အေတြးတစ္မ်ိဳးေပါက္သြားပံုရသည္။ သူ႔ဆံပင္ေတြကို လက္နဲ႔ အျမန္သပ္ခ်ၿပီး မပါမျဖစ္ မ်က္ေစာင္းခ်ိဳခ်ိဳတစ္ခုႏွင့္။
"သူမ်ားဆံပင္ကို"
ဆူပုတ္ပုတ္ျဖစ္သြားတ့ဲ Luhan ကို သေဘာတူတူ မတူတူ ရင္ခြင္ထဲထည့္ဖက္ထားပစ္လိုက္သည္။ ခပ္ေတာင့္ေတာင့္ျဖစ္သြားသည့္ ခႏၶာကိုယ္ေလးက ႐ုန္းကန္ျခင္းမရွိသလို အလိုက္သင့္လည္းမေနေပး..။
"ဂ်ဴတီခ်ိန္ေနာက္က်ေနေတာ့မယ္.. ဝင္ေတာ့ေလ.. ေန႔လည္စာစားခ်ိန္က်ရင္ လာေခၚမယ္"
"ဟာ.. ရႈပ္ရႈပ္ယွက္ယွက္"
ပက္ခနဲျပန္ေျပာစရာစကား ရွာမေတြ႕ခ့ဲ။ Oh Sehun တစ္ေယာက္ အလစ္တိုက္ခံရေလသလား..။ ပါးစပ္အေဟာင္းသားမျဖစ္ရံုတမည္ ထို ရႈပ္ရႈပ္ယွက္ယွက္ဆိုေသာစကားရဲ႕အဓိပၸာယ္ကို စဥ္းစားမိသည္။
အနည္းငယ္ ေအာင့္သက္သက္ျဖစ္သြားတာေတာ့မွန္ေပမ့ဲ ျပတ္သြားၿပီးတ့ဲဇာတ္လမ္းကို ျပန္စခ်င္ရင္ ဒီေလာက္ေတာ့အထိနာရမည္မွန္း ႀကိဳတြက္ထားၿပီးသား။
သတိျပန္ဝင္လာေတာ့ လက္ထဲမွာခပ္ေလ်ာ့ေလ်ာ့ကိုင္ထားမိတ့ဲဖုန္းေလးက Luhan လက္ထဲေရာက္ေနႏွင့္ၿပီ။
"ဟို... ေဆးရံုအေနာက္ေပါက္ကပဲ ေစာင့္ေန"
လည္ပင္းကိုပြတ္လ်က္ ေလသံတိုးတိုးျဖင့္ ေျပာၿပီးေနာက္ေတာ့ Luhan က လွစ္ခနဲ ေျပးထြက္သြား၏။ ေၾကာင္ေတာင္ေတာင္ျဖင့္ စကၠန္႔အေတာ္ၾကာ ရပ္ေနမိၿပီးမွ ဒါက လာခြင့္ျပဳတာမွန္း Sehun သေဘာေပါက္သြားရသည္။
ေျပးထြက္သြားသည့္ေက်ာျပင္ငယ္ကို မ်က္စိတစ္ဆံုးေငးၾကည့္ေနၿပီးမွ Sehun ကားရွိရာကို ျပန္လာခ့ဲလိုက္သည္။ ကုမၸဏီကို ဒီထက္ပိုၿပီးေနာက္က်မွေရာက္လို႔ေတာ့ မျဖစ္..။
____________________________
တကယ္က သူငယ္ခ်င္းအုပ္စုလိုက္ႀကီးနဲ႔ မုန္႔လာစားတာျဖစ္သည္။ ဒါေပမ့ဲ အျပန္က်ေတာ့ သူတို႔ကအတြဲေတြ အတြဲေတြနဲ႔ အလွ်ိလွ်ိဳျပန္ကုန္ၾကေတာ့ Baekhyun တစ္ေယာက္တည္း ထီးအဝါေလးကိုင္လ်က္ ဘာဂါဆိုင္ထဲေရာက္ေနရ၏။
အစ္ကိုတစ္ေယာက္ရွိပါသည္။ ဘာမွအားကိုးလို႔မရ.. ဒီက မိုးေလဝသၾကည့္ခ့ဲလို႔ မိုးရြာပါမယ္ေျပာတာေတာင္မယံုပဲ သူ႔အဆက္ေဟာင္းဆီသြားဖို႔ပဲစိတ္ကူးေနသည္။ အခုေတာ့ သနားလို႔ လႊတ္ေပးထားလိုက္ဦးမည္။ စိတ္ေပါက္လာတ့ဲတစ္ေန႔ေတာ့ ေမေမနဲ႔ တိုင္ပစ္မည္။
ေတြးရင္းေငးရင္းနဲ႔ မိုးသားျပာျပာေကာင္းကင္ႀကီးက မႈိင္းညိဳ႕လာသည္။ စိတ္ညစ္လိုက္တာ.. တကၠစီစီးရင္ မုန္႔ဖိုးကုန္မည္။ ဘတ္စ္ကားကလည္း အိမ္ေရွ႕အထိေရာက္တာမဟုတ္။ လာႀကိဳမ့ဲအစ္ကိုကလည္း ေယာက္ဖေလာင္းလ်ာနားကပ္ေနမွာ က်ိန္းေသသည္။ ေမေမကလည္း အလုပ္မအား။
ဗိုက္ထဲ ဘာဂါတစ္လံုးနဲ႔ အေအးတစ္ခြက္ဝင္ၿပီးသြားတာမို႔ နည္းနည္းဗိုက္ျပန္ေခ်ာင္ေစရန္ လမ္းထြက္ေလွ်ာက္၍ ဆိုင္တစ္ဆိုင္ထဲထပ္ဝင္ထိုင္ဖို႔ စိတ္ကူးလိုက္မိသည္..။
ခံုမွာခ်ိတ္ထားတ့ဲထီးအဝါေလးကို ျဖဳတ္ၿပီး မတ္တပ္ထအရပ္မွာ မ်က္စိက ဆိုင္အျပင္ဘက္မွာရပ္ထားတ့ဲ မီးခိုးေရာင္မာစီးဒီး Benz G65 ႀကီးဆီ တန္းခနဲ..။
"စီးခ်င္လိုက္တာ.."
တကယ္က ကိုကို ဟိုတေလာကကားလဲတုန္းက ဒါမ်ိဳးႀကီးလဲဖို႔ Baekhyun အသည္းအသန္ပူဆာဖူးသည္။ ဒါေပမ့ဲ မင္းေမာင္းမွာလည္းမဟုတ္ပဲနဲ႔ ဟု ႏွိမ္ကာ ကိုကိုက တျခားကားတစ္စီးကိုသာ ေရြးသြားသည္။ ျပန္ေတြးရင္ေတာင္ လံုးဝမေက်နပ္...။
"ဟြန္႔"
"ဟိတ္.. ဟာ"
အာေမဋိတ္ေတြေရာ၊ ခြမ္းခနဲက်ကြဲသံေတြေရာနဲ႔ ဆူညံသြား၏။ သူလုပ္လိုက္တာ ထီးဝါေလးကို ၾကမ္းျပင္ေပၚတစ္ခ်က္ေဆာင့္ခ်၍ ထိုင္ခံုေဘးကို ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ခုန္ထြက္လိုက္ျခင္းသာ...။
"မင္း! ဒီေလာက္ တိုက္မိမွာစိုးလို႔ အသံေပးေနတာကို"
လူကို စူးစူးရဲရဲႀကီးၾကည့္ၿပီး ေျပာလိုက္တာမို႔ Baekhyun မ်က္လံုးျပဴးခနဲျဖစ္သြားရသည္။ ဘာမွလည္း မလုပ္မိပါပဲနဲ႔ လူကို ေအာ္လား ဟစ္လား..။
မ်က္ေမွာင္ၾကံဳ႕ထားလိုက္တာမ်ား မ်က္ခံုးတန္းတန္းႏွစ္ဖက္က ထိစပ္ေတာ့မည့္အလား။ အျဖဴေရာင္ရွပ္အက်ႌကို လက္ဖ်ံအထိေခါက္တင္၍ဝတ္ထားၿပီး အက်ႌအနားစကို ေဘာင္းဘီထဲထည့္ဝတ္ထားတ့ဲပံုက နည္းနည္းေတာ့ လူႀကီးလူေကာင္းဆန္ဆန္..။ ဒါေပမ့ဲ ေအာ္ထည့္လိုက္တာ နားကိုအူလို႔။
"ခင္ဗ်ားက ျမင္တ့ဲသူေလ.. ေရွာင္ေပါ့"
အေခ်ာအလွေလးေတြကိုဆိုရင္ စိတ္ႏုတတ္ေပမ့ဲ လူလယ္ေခါင္မွာ ဘလိုင္းႀကီး အေအာ္ခံလိုက္ရတာေၾကာင့္ လူက နည္းနည္းေတာ့ စိတ္ေပါက္သြားရသည္။ ကိုင္ေပါက္ထည့္လိုက္ရလို႔.. လူေကာင္ေသးေပမ့ဲ သူကလည္း Hapkido ခါးပတ္နက္ပါေနာ္..။
"ေရွာင္ဖို႔ မမွီေတာ့လို႔ မင္းကို လူရွိေၾကာင္း အသံေပးလိုက္တာေလ"
"ဟာ.. အ့ဲဒါေၾကာင့္ ဘာလို႔ နီးနီးေလးကပ္ေလွ်ာက္လဲ.. ဟိုဘက္မွာ ေနရာအက်ယ္ႀကီးကို"
လူႀကီးလူေကာင္းႀကီးက ကပ္သီးကပ္ဖ့ဲအေျပာခံလိုက္ရေတာ့ ရွက္သြားပံုရသည္။ နီရဲတက္လာတာ မ်က္ႏွာတင္မက၊ နားရြက္ေတြေရာ၊ လည္ပင္းေတြေရာ။
"ဧည့္သည္တို႔.. ဆိုင္ထဲမွာေတာ့ ရန္မျဖစ္ၾကပါနဲ႔"
ဆိုင္မန္ေနဂ်ာေကာင္ေလးက ျပာျပာသလဲ ထြက္လာၿပီး ေျပာသည္။
"ဒါက ဖန္ခြက္ဖိုးေလ်ာ္ေၾကး"
ပိုက္ဆံအိတ္ထဲက ဝမ္ငါးေသာင္းတန္တစ္ရြက္ကို ဆတ္ခနဲထုတ္ၿပီး ေပးလိုက္တာမ်ား..။ ေနပါဦး.. ဖန္ခြက္ေလးတစ္ခြက္ကြဲတာကို ေလ်ာ္လိုက္တ့ဲပိုက္ဆံက မ်ားလိုက္တာ။ Baekhyun ကသာ ၾကားကဝင္ႏွေျမာေနတာ သူက ဆိုင္အျပင္ေတာင္ထြက္သြားၿပီ။
"ဖန္ခြက္ဖိုးႏုတ္ၿပီး က်န္တ့ဲပိုက္ဆံ ျပန္အမ္းေပးပါ.. ေဟ့လူ! ခဏေနဦး"
မန္ေနဂ်ာကိုလည္း ပိုက္ဆံအမ္းခိုင္းရ၊ ရွက္ရွက္နဲ႔ထြက္သြားတ့ဲ လူ႔ခြစာကိုလည္း လွမ္းေခၚရနဲ႔ Baekhyun အလုပ္ရႈပ္သြားရသည္။ ျပန္အမ္းေပးလာတ့ဲ ပိုက္ဆံကို ေဆာင့္ဆြဲယူၿပီး ဆိုင္အျပင္ဘက္ကိုအထြက္မွာ တံခါးေအာက္ေျခေဘာင္နဲ႔တိုက္မိၿပီး လမ္းမဘက္ကို တန္းခနဲ ေမွာက္ရက္လဲ၏။
ခုနကေတာ့ ကားႀကီးကလွလိုက္တာဆိုၿပီး ငမ္းေနသေလာက္ အခုေတာ့ စက္နႈိးၿပီးသားကားႀကီးေရွ႕မွာ ေခ်ာ္လဲက်သျဖင့္ လူကလန္႔ျဖန္႔သြား၍ မတ္တပ္ကုန္းအထမွာ ထပ္ၿပီး ကားေဘာနက္ဖံုးကို ဝင္တိုက္မိျပန္သည္။ အခုေတာ့ ကတၱရာလမ္းေပၚမွာ ဖင္ထိုင္လ်က္သား ကားယားေလး..။
လက္ဖဝါးမွာေသြးစို႔သြားတာမို႔ လူက ငိုမဲ့မဲ့ျဖစ္သြားရသည္။ ေမေမ့ဆီကအေမြရတ့ဲ လက္လွလွေလးေတြ အနာတရ,ရလို႔မျဖစ္..
"မင္းကြာ"
ေရစက္ဆံုႏိုင္လြန္းသည္။ ပိုက္ဆံအိတ္ျပဳတ္က်လို႔ ကုန္းေကာက္ၿပီး လီဗာနင္းမည္အလုပ္မွာ ဘြားခနဲ ေဘာနက္ဖံုးေရွ႕ကေပၚလာၿပီး လဲက်သြားတ့ဲလူေၾကာင့္ Chanyeol ရင္ထိတ္ခနဲျဖစ္ၿပီး ဆင္းၾကည့္မိတာပင္။
ကိုယ္က လီဗာမနင္းမိလိုက္ဘူးဆိုတာသိေပမ့ဲ ကိုယ့္ကားေရွ႕မွာျဖစ္ေနေတာ့ ကိုယ့္တာဝန္ရွိတယ္ဆိုၿပီး..။ အခုက်ေတာ့ ခုနက ဆိုင္ထဲမွာ သူ႔ရင္ဘတ္ကို ဝင္ေဆာင့္သည့္ ေမ်ာက္ေလာင္းေလးျဖစ္ေနသည္။ လက္ထဲမွာလည္း ပိုက္ဆံရြက္ေတြကို က်စ္က်စ္ဆုပ္လို႔..။
"ဟိတ္.."
အစကေတာ့ ဆူလိုက္ဦးမလို႔ပဲ။ ကားေရွ႕ေခ်ာ္လဲစရာလားဆိုၿပီး..။ ဒါေပမ့ဲ လက္ဖဝါးမွာ ေသြးေတြလည္းထြက္ေနၿပီး မ်က္ႏွာေလးကလည္း ငိုမ့ဲမ့ဲမို႔ Chanyeol လည္း စိတ္ေပ်ာ့သြားရသည္။
"ထေလ.. ထလို႔မရဘူးလား"
သူပါ ထိုေကာင္ေလးေဘးမွာ ေဆာင့္ေၾကာင့္ထိုင္ခ်ၿပီးေမးလိုက္သည္။
"ဒါ ဖန္ခြက္ဖိုးႏုတ္ၿပီး ျပန္အမ္းတာ"
လက္ထဲက ပိုက္ဆံေၾကမြမြေတြကို သူ႔ရင္ဘတ္ဆီ အစုပ္လိုက္ပစ္ေပါက္လာသည္။
"အိုေခ"
ပိုက္ဆံေတြကို ေဘာင္းဘီအိတ္ကပ္ထဲ ထိုးထည့္လိုက္ၿပီး သူ႔မတ္တပ္ရပ္လိုက္သည္။ ဘာမွ ဆက္ေျပာစရာမရွိေတာ့ဘူးမလား.. ကားတံခါးကို ဆြဲအဖြင့္၊ ေကာင္ေလးရဲ႕အသံေသးေသးက စူးခနဲ။
"ခင္ဗ်ား.. ကြ်န္ေတာ့္ကို အိမ္ျပန္လိုက္ပို႔ေပးရမယ္"
ဟာ.. ပိုင္စိုးပိုင္နင္းနဲ႔ပါလား။ အေဖနဲ႔အေမကလြဲလို႔ တစ္သက္လံုး ဘယ္သူမွ Park Chanyeol ကို အ့ဲလိုေလသံနဲ႔ အမိန္႔မေပးဖူးပါ။
"ေနစမ္းပါဦး.. ငါနဲ႔ဘာဆိုင္လို႔ ငါက မင္းကို အိမ္ျပန္ပို႔ရမွာလဲ"
"ခင္ဗ်ားကားနဲ႔ တိုက္မိတာေလ"
"မင္းက ငါ့ကားကို လာတိုက္တာမဟုတ္ဘူးလား"
မွန္တာျပန္ေျပာလိုက္ေတာ့ ႐ုပ္ေလးက ဆူပုတ္ပုတ္။
"မိုးရြာလာၿပီ"
ခပ္ႀကဲႀကဲက်လာေသာမိုးစက္ေတြေၾကာင့္ ေကာင္ေလးက တညည္းတညဴေျပာသည္။ Chanyeol ပဲ ေနာက္ဆံုးေတာ့ စိတ္ေလွ်ာ့လိုက္ရပါသည္။ ႏွစ္ေယာက္လံုးမိုးမရႊဲခင္ ေကာင္ေလးကို လက္ေမာင္းႏွစ္ဖက္ကေန ဆြဲထူပစ္လိုက္သည္။
"ေနာက္ခန္းမွာထိုင္"
____________________________
ဆက္ရန္။
Unicode
"အဲ့တော့ ကိုကိုက သားကို လာမကြိုဘူးပေါ့"
"ဒီနေ့တော့ မရဘူး"
"အာ.. ဒီနေ့ မိုးရွာမှာပါဆိုနေ"
တစ်ဖက်က မကျေမနပ်နဲ့အသံသေးသေးလေးကြောင့် Sehun ထရယ်မတတ်ဖြစ်သွားရသည်။ ကားမှန်တံခါးကနေ အပြင်ကိုမော့ကြည့်လိုက်တော့ သာယာနေတဲ့ရာသီဥတုက ကြည်လင်လို့..။ အယုတ်တမာကောင်လေး လို့ စိတ်ထဲကပဲ ကျိန်ဆဲလိုက်မိသည်။
"ဒီနေ့ မအားဘူး အရေးကြီးတဲ့အလုပ်ကိစ္စတစ်ခုရှိလို့"
စတီယာရင်ကို လက်ဆစ်နဲ့ တထောက်ထောက်ခေါက်ရင်း ဘေးဘီဝဲယာကို မျက်ခြေမပြတ်ကြည့်နေရ၏။ ဒီနေ့မှပဲ လူတွေရှုပ်လိုက်တာ..။
"ကိုကို့အကြောင်းမသိရင် ခက်မယ်နော်"
"ဒါပဲ.. ကိုကို မအားဘူး"
ဖုန်းကို ကမန်းကတန်းဖြတ်ချလိုက်ရတာ မျက်လုံးထောင့်ကနေ ရိပ်ခနဲ မြင်လိုက်မိသည့် ပုံရိပ်ငယ်လေးကြောင့်..။
ကားပေါ်က ကမန်းကတန်းပြေးဆင်းကာ လှုပ်စိလှုပ်စိနဲ့သွားနေတဲ့ သူ့နောက်ကို အမှီလိုက်ရ၏။ ရှပ်အကျႌလက်အောက်က တစွန်းတစထွက်နေသည့် လက်ကောက်ဝတ်ဖြူဖြူလေးကို ဆတ်ခနဲ ဆောင့်ဆွဲပြီး ဆေးရုံဝင်းထဲက ချောင်ကျကျနေရာကို ခေါ်လာခဲ့လိုက်သည်။ မဟုတ်ရင် သူ့ကိုကြီးတွေ့သွားမှာ၊ ဘယ်သူက ပြန်တိုင်မှာ စသဖြင့်ဆင်ခြေတွေပေးတော့မှာ..။
"လွှတ်"
လူကို အမောဆို့အောင် ဝမ်းသားအားရဆီးကြိုတဲ့စကား..။ သူ့မျက်နှာမြင်လို့ ပျော်နေတဲ့အပျော်တွေက ရေစုန်မျောသွားသလိုဖြစ်ပြီး နဂိုကမှ စိတ်ဆတ်တတ်တဲ့ကိုယ်က မျက်နှာကြောတင်းပြီးသား။
"မလွှတ်ဘူး"
အဲ့လိုကျတော့လည်း မရုန်းပဲ မျက်နှာလေးငယ်ကျသွားကာ ငိုမဲ့မဲ့..။ မှန်းစမ်း.. ဒီနှစ်တွေအတောအတွင်း သူ့ရဲ့ Han လေး အသက်ကြီးလာပါရဲ့လား။
"ဖုန်းပြန်ပေးမလို့လာတာ"
မျက်လုံးလေးပြူး၍ မော့ကြည့်လာသည်။ သူ့လက်ထဲက ဖုန်းကို တမေ့တမောငေးကြည့်နေလိုက်တာများ။ ကြည့်ရတာ ဖုန်းပျောက်သွားပြီပဲ စိတ်ထဲမှာထင်နေခဲ့ပုံရသည်။
"ပလက်ဖောင်းပေါ်မှာ ကျန်ရစ်ခဲ့တာကို ကိုယ်သိမ်းထားတာ"
အဲ့တော့မှ သတိရသွားပုံဖြင့် ဪခနဲ..။ Sehun က သူ့နှုတ်ခမ်းလုံးလုံးလေးရဲ့ လှုပ်ရှားပုံကို သေချာအသေးစိတ်လိုက်ကြည့်နေမိလို့လားမသိ.. မျက်နှာလွှဲသွားသည်။ လည်ပင်းသားဖြူဖြူလေးက မျက်စိရှေ့မှာ လှစ်ခနဲ။
"ဖုန်းပြန်ပေးပါ"
အသံလေးက တိုးတိုးညင်းညင်းလေး။ ကိုယ်သာ သူ့ကို အာရုံမစိုက်နေမိရင် လေတိုးသံနဲ့ ကြားမိမှာတောင်မဟုတ်။
"ပေးမှာပါ.. အခုတော့မဟုတ်ဘူး.. ကိုယ်နဲ့ စကားခဏပြောရအောင်"
"ပြောစရာစကားမရှိဘူး"
ဒီတစ်ခါကျတော့ အသံလေးနည်းနည်းကျယ်လာသည်။ ဒါပေမဲ့ မျက်လွှာချထားဆဲ..။ သူစိမ်းဆန်တဲ့ ဒီလိုပုံကို Sehun မကြိုက်လိုက်တာ။
"ကိုယ်ကတော့ရှိတယ်.. ဒီနားက ကော်ဖီဆိုင်မှာပြောမလား.. ကိုယ့်ကားပေါ်မှာပြောချင်လား.. ဆေးရုံထဲမှာပြောချင်လည်းရတယ်.. အရေးကြီးတာ ကိုယ် Han နဲ့စကားပြောရဖို့ပဲ"
ချီတုံချတုံဖြစ်နေတဲ့မျက်နှာလေးကို Sehun အရသာခံပြီး ကြည့်နေမိသည်။ လျှာနဲ့ခဏခဏသပ်ခံရတဲ့ နှုတ်ခမ်းသားတွေက သူ့ကိုလာလာနှောင့်ယှက်နေသလိုပင်..။ စိတ်ရှိလက်ရှိလုပ်လိုက်ရရင်ဖြင့်... ဟင်း..။
"ဒီမှာပဲပြော"
အတော်ကြီးကြာမှ ထွက်လာတဲ့လေသံတိုးတိုး။
"အိုခေ.. ကိုယ်အရမ်းလွမ်းနေတာ.. နောက်ပြီး ပြန်လာတာ အကြောင်းလည်းမကြားဘူး"
"Oh Sehun ssi နဲ့ ဘာဆိုင်လို့ အကြောင်းကြားရမှာလဲ"
"တကယ် ဘာမှမဆိုင်ဘူးလား"
ငယ်ငယ်တုန်းကလို ဂျစ်တစ်တစ်လေသံနဲ့မေးလိုက်တော့ Sehun ကို မျက်စောင်းထိုးကြည့်လာသည်။ ဒီတစ်ခါတော့ သေချာပြီ။ ကိုယ့်ဘက်ကိုယ်ယက်ပြီး စိတ်ကူးယဉ်နေတာမဟုတ်ပဲ သူ့ဘက်ကလည်းကိုယ့်ကို မပြတ်သားသေးတာ လုံးဝ သေချာသည်။
"လက်ကိုလွှတ်"
"အခုမှပြန်တွေ့ရလို့ အလွမ်းသယ်ချင်သေးတာကို ကိုယ့်ကိုစိမ်းကားလိုက်တာ"
"ကိုကြီးသိရင် သေလိမ့်မယ် သိရဲ့လား"
"အခု မင်းရှေ့မှာရပ်နေတဲ့ကိုယ်က အရင်ကလို ဘာမှမလုပ်နိုင်တဲ့ အသက် ၂၀ အရွယ်ချာတိတ်မဟုတ်ဘူး သိလား Han"
တွေတွေငေးငေးလေးစိုက်ကြည့်လာသည့် Luhan မျက်ဝန်းတွေထဲမှာ တောင်းပန်ခြင်းတွေ တစွန်းတစ။ မလိုပါဘူးလေ..။ အနက်ရောင်ဆံပင်နုနုအိအိတွေကြားကို လက်ချောင်းတွေ ထည့်ဖွပစ်လိုက်သည်။ စုတ်ဖွားဖွားဖြစ်သွားတဲ့ဆံပင်အုပ်အုပ်က ဆရာဝန်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ မလိုက်ဖက်လှ။
Sehun တစ်ချက် ရယ်လိုက်မိသည်။ ပျော်လို့..။ ဒါပေမဲ့ ကောင်လေးက အတွေးတစ်မျိုးပေါက်သွားပုံရသည်။ သူ့ဆံပင်တွေကို လက်နဲ့ အမြန်သပ်ချပြီး မပါမဖြစ် မျက်စောင်းချိုချိုတစ်ခုနှင့်။
"သူများဆံပင်ကို"
ဆူပုတ်ပုတ်ဖြစ်သွားတဲ့ Luhan ကို သဘောတူတူ မတူတူ ရင်ခွင်ထဲထည့်ဖက်ထားပစ်လိုက်သည်။ ခပ်တောင့်တောင့်ဖြစ်သွားသည့် ခန္ဓာကိုယ်လေးက ရုန်းကန်ခြင်းမရှိသလို အလိုက်သင့်လည်းမနေပေး..။
"ဂျူတီချိန်နောက်ကျနေတော့မယ်.. ဝင်တော့လေ.. နေ့လည်စာစားချိန်ကျရင် လာခေါ်မယ်"
"ဟာ.. ရှုပ်ရှုပ်ယှက်ယှက်"
ပက်ခနဲပြန်ပြောစရာစကား ရှာမတွေ့ခဲ့။ Oh Sehun တစ်ယောက် အလစ်တိုက်ခံရလေသလား..။ ပါးစပ်အဟောင်းသားမဖြစ်ရုံတမည် ထို ရှုပ်ရှုပ်ယှက်ယှက်ဆိုသောစကားရဲ့အဓိပ္ပာယ်ကို စဉ်းစားမိသည်။
အနည်းငယ် အောင့်သက်သက်ဖြစ်သွားတာတော့မှန်ပေမဲ့ ပြတ်သွားပြီးတဲ့ဇာတ်လမ်းကို ပြန်စချင်ရင် ဒီလောက်တော့အထိနာရမည်မှန်း ကြိုတွက်ထားပြီးသား။
သတိပြန်ဝင်လာတော့ လက်ထဲမှာခပ်လျော့လျော့ကိုင်ထားမိတဲ့ဖုန်းလေးက Luhan လက်ထဲရောက်နေနှင့်ပြီ။
"ဟို... ဆေးရုံအနောက်ပေါက်ကပဲ စောင့်နေ"
လည်ပင်းကိုပွတ်လျက် လေသံတိုးတိုးဖြင့် ပြောပြီးနောက်တော့ Luhan က လှစ်ခနဲ ပြေးထွက်သွား၏။ ကြောင်တောင်တောင်ဖြင့် စက္ကန့်အတော်ကြာ ရပ်နေမိပြီးမှ ဒါက လာခွင့်ပြုတာမှန်း Sehun သဘောပေါက်သွားရသည်။
ပြေးထွက်သွားသည့်ကျောပြင်ငယ်ကို မျက်စိတစ်ဆုံးငေးကြည့်နေပြီးမှ Sehun ကားရှိရာကို ပြန်လာခဲ့လိုက်သည်။ ကုမ္ပဏီကို ဒီထက်ပိုပြီးနောက်ကျမှရောက်လို့တော့ မဖြစ်..။
____________________________
တကယ်က သူငယ်ချင်းအုပ်စုလိုက်ကြီးနဲ့ မုန့်လာစားတာဖြစ်သည်။ ဒါပေမဲ့ အပြန်ကျတော့ သူတို့ကအတွဲတွေ အတွဲတွေနဲ့ အလျှိလျှိုပြန်ကုန်ကြတော့ Baekhyun တစ်ယောက်တည်း ထီးအဝါလေးကိုင်လျက် ဘာဂါဆိုင်ထဲရောက်နေရ၏။
အစ်ကိုတစ်ယောက်ရှိပါသည်။ ဘာမှအားကိုးလို့မရ.. ဒီက မိုးလေဝသကြည့်ခဲ့လို့ မိုးရွာပါမယ်ပြောတာတောင်မယုံပဲ သူ့အဆက်ဟောင်းဆီသွားဖို့ပဲစိတ်ကူးနေသည်။ အခုတော့ သနားလို့ လွှတ်ပေးထားလိုက်ဦးမည်။ စိတ်ပေါက်လာတဲ့တစ်နေ့တော့ မေမေနဲ့ တိုင်ပစ်မည်။
တွေးရင်းငေးရင်းနဲ့ မိုးသားပြာပြာကောင်းကင်ကြီးက မှိုင်းညို့လာသည်။ စိတ်ညစ်လိုက်တာ.. တက္ကစီစီးရင် မုန့်ဖိုးကုန်မည်။ ဘတ်စ်ကားကလည်း အိမ်ရှေ့အထိရောက်တာမဟုတ်။ လာကြိုမဲ့အစ်ကိုကလည်း ယောက်ဖလောင်းလျာနားကပ်နေမှာ ကျိန်းသေသည်။ မေမေကလည်း အလုပ်မအား။
ဗိုက်ထဲ ဘာဂါတစ်လုံးနဲ့ အအေးတစ်ခွက်ဝင်ပြီးသွားတာမို့ နည်းနည်းဗိုက်ပြန်ချောင်စေရန် လမ်းထွက်လျှောက်၍ ဆိုင်တစ်ဆိုင်ထဲထပ်ဝင်ထိုင်ဖို့ စိတ်ကူးလိုက်မိသည်..။
ခုံမှာချိတ်ထားတဲ့ထီးအဝါလေးကို ဖြုတ်ပြီး မတ်တပ်ထအရပ်မှာ မျက်စိက ဆိုင်အပြင်ဘက်မှာရပ်ထားတဲ့ မီးခိုးရောင်မာစီးဒီး Benz G65 ကြီးဆီ တန်းခနဲ..။
"စီးချင်လိုက်တာ.."
တကယ်က ကိုကို ဟိုတလောကကားလဲတုန်းက ဒါမျိုးကြီးလဲဖို့ Baekhyun အသည်းအသန်ပူဆာဖူးသည်။ ဒါပေမဲ့ မင်းမောင်းမှာလည်းမဟုတ်ပဲနဲ့ ဟု နှိမ်ကာ ကိုကိုက တခြားကားတစ်စီးကိုသာ ရွေးသွားသည်။ ပြန်တွေးရင်တောင် လုံးဝမကျေနပ်...။
"ဟွန့်"
"ဟိတ်.. ဟာ"
အာမေဋိတ်တွေရော၊ ခွမ်းခနဲကျကွဲသံတွေရောနဲ့ ဆူညံသွား၏။ သူလုပ်လိုက်တာ ထီးဝါလေးကို ကြမ်းပြင်ပေါ်တစ်ချက်ဆောင့်ချ၍ ထိုင်ခုံဘေးကို ဆောင့်ဆောင့်အောင့်အောင့် ခုန်ထွက်လိုက်ခြင်းသာ...။
"မင်း! ဒီလောက် တိုက်မိမှာစိုးလို့ အသံပေးနေတာကို"
လူကို စူးစူးရဲရဲကြီးကြည့်ပြီး ပြောလိုက်တာမို့ Baekhyun မျက်လုံးပြူးခနဲဖြစ်သွားရသည်။ ဘာမှလည်း မလုပ်မိပါပဲနဲ့ လူကို အော်လား ဟစ်လား..။
မျက်မှောင်ကြုံ့ထားလိုက်တာများ မျက်ခုံးတန်းတန်းနှစ်ဖက်က ထိစပ်တော့မည့်အလား။ အဖြူရောင်ရှပ်အကျႌကို လက်ဖျံအထိခေါက်တင်၍ဝတ်ထားပြီး အကျႌအနားစကို ဘောင်းဘီထဲထည့်ဝတ်ထားတဲ့ပုံက နည်းနည်းတော့ လူကြီးလူကောင်းဆန်ဆန်..။ ဒါပေမဲ့ အော်ထည့်လိုက်တာ နားကိုအူလို့။
"ခင်ဗျားက မြင်တဲ့သူလေ.. ရှောင်ပေါ့"
အချောအလှလေးတွေကိုဆိုရင် စိတ်နုတတ်ပေမဲ့ လူလယ်ခေါင်မှာ ဘလိုင်းကြီး အအော်ခံလိုက်ရတာကြောင့် လူက နည်းနည်းတော့ စိတ်ပေါက်သွားရသည်။ ကိုင်ပေါက်ထည့်လိုက်ရလို့.. လူကောင်သေးပေမဲ့ သူကလည်း Hapkido ခါးပတ်နက်ပါနော်..။
"ရှောင်ဖို့ မမှီတော့လို့ မင်းကို လူရှိကြောင်း အသံပေးလိုက်တာလေ"
"ဟာ.. အဲ့ဒါကြောင့် ဘာလို့ နီးနီးလေးကပ်လျှောက်လဲ.. ဟိုဘက်မှာ နေရာအကျယ်ကြီးကို"
လူကြီးလူကောင်းကြီးက ကပ်သီးကပ်ဖဲ့အပြောခံလိုက်ရတော့ ရှက်သွားပုံရသည်။ နီရဲတက်လာတာ မျက်နှာတင်မက၊ နားရွက်တွေရော၊ လည်ပင်းတွေရော။
"ဧည့်သည်တို့.. ဆိုင်ထဲမှာတော့ ရန်မဖြစ်ကြပါနဲ့"
ဆိုင်မန်နေဂျာကောင်လေးက ပြာပြာသလဲ ထွက်လာပြီး ပြောသည်။
"ဒါက ဖန်ခွက်ဖိုးလျော်ကြေး"
ပိုက်ဆံအိတ်ထဲက ဝမ်ငါးသောင်းတန်တစ်ရွက်ကို ဆတ်ခနဲထုတ်ပြီး ပေးလိုက်တာများ..။ နေပါဦး.. ဖန်ခွက်လေးတစ်ခွက်ကွဲတာကို လျော်လိုက်တဲ့ပိုက်ဆံက များလိုက်တာ။ Baekhyun ကသာ ကြားကဝင်နှမြောနေတာ သူက ဆိုင်အပြင်တောင်ထွက်သွားပြီ။
"ဖန်ခွက်ဖိုးနုတ်ပြီး ကျန်တဲ့ပိုက်ဆံ ပြန်အမ်းပေးပါ.. ဟေ့လူ! ခဏနေဦး"
မန်နေဂျာကိုလည်း ပိုက်ဆံအမ်းခိုင်းရ၊ ရှက်ရှက်နဲ့ထွက်သွားတဲ့ လူ့ခွစာကိုလည်း လှမ်းခေါ်ရနဲ့ Baekhyun အလုပ်ရှုပ်သွားရသည်။ ပြန်အမ်းပေးလာတဲ့ ပိုက်ဆံကို ဆောင့်ဆွဲယူပြီး ဆိုင်အပြင်ဘက်ကိုအထွက်မှာ တံခါးအောက်ခြေဘောင်နဲ့တိုက်မိပြီး လမ်းမဘက်ကို တန်းခနဲ မှောက်ရက်လဲ၏။
ခုနကတော့ ကားကြီးကလှလိုက်တာဆိုပြီး ငမ်းနေသလောက် အခုတော့ စက်နှိုးပြီးသားကားကြီးရှေ့မှာ ချော်လဲကျသဖြင့် လူကလန့်ဖြန့်သွား၍ မတ်တပ်ကုန်းအထမှာ ထပ်ပြီး ကားဘောနက်ဖုံးကို ဝင်တိုက်မိပြန်သည်။ အခုတော့ ကတ္တရာလမ်းပေါ်မှာ ဖင်ထိုင်လျက်သား ကားယားလေး..။
လက်ဖဝါးမှာသွေးစို့သွားတာမို့ လူက ငိုမဲ့မဲ့ဖြစ်သွားရသည်။ မေမေ့ဆီကအမွေရတဲ့ လက်လှလှလေးတွေ အနာတရ,ရလို့မဖြစ်..
"မင်းကွာ"
ရေစက်ဆုံနိုင်လွန်းသည်။ ပိုက်ဆံအိတ်ပြုတ်ကျလို့ ကုန်းကောက်ပြီး လီဗာနင်းမည်အလုပ်မှာ ဘွားခနဲ ဘောနက်ဖုံးရှေ့ကပေါ်လာပြီး လဲကျသွားတဲ့လူကြောင့် Chanyeol ရင်ထိတ်ခနဲဖြစ်ပြီး ဆင်းကြည့်မိတာပင်။
ကိုယ်က လီဗာမနင်းမိလိုက်ဘူးဆိုတာသိပေမဲ့ ကိုယ့်ကားရှေ့မှာဖြစ်နေတော့ ကိုယ့်တာဝန်ရှိတယ်ဆိုပြီး..။ အခုကျတော့ ခုနက ဆိုင်ထဲမှာ သူ့ရင်ဘတ်ကို ဝင်ဆောင့်သည့် မျောက်လောင်းလေးဖြစ်နေသည်။ လက်ထဲမှာလည်း ပိုက်ဆံရွက်တွေကို ကျစ်ကျစ်ဆုပ်လို့..။
"ဟိတ်.."
အစကတော့ ဆူလိုက်ဦးမလို့ပဲ။ ကားရှေ့ချော်လဲစရာလားဆိုပြီး..။ ဒါပေမဲ့ လက်ဖဝါးမှာ သွေးတွေလည်းထွက်နေပြီး မျက်နှာလေးကလည်း ငိုမဲ့မဲ့မို့ Chanyeol လည်း စိတ်ပျော့သွားရသည်။
"ထလေ.. ထလို့မရဘူးလား"
သူပါ ထိုကောင်လေးဘေးမှာ ဆောင့်ကြောင့်ထိုင်ချပြီးမေးလိုက်သည်။
"ဒါ ဖန်ခွက်ဖိုးနုတ်ပြီး ပြန်အမ်းတာ"
လက်ထဲက ပိုက်ဆံကြေမွမွတွေကို သူ့ရင်ဘတ်ဆီ အစုပ်လိုက်ပစ်ပေါက်လာသည်။
"အိုခေ"
ပိုက်ဆံတွေကို ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး သူ့မတ်တပ်ရပ်လိုက်သည်။ ဘာမှ ဆက်ပြောစရာမရှိတော့ဘူးမလား.. ကားတံခါးကို ဆွဲအဖွင့်၊ ကောင်လေးရဲ့အသံသေးသေးက စူးခနဲ။
"ခင်ဗျား.. ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့ပေးရမယ်"
ဟာ.. ပိုင်စိုးပိုင်နင်းနဲ့ပါလား။ အဖေနဲ့အမေကလွဲလို့ တစ်သက်လုံး ဘယ်သူမှ Park Chanyeol ကို အဲ့လိုလေသံနဲ့ အမိန့်မပေးဖူးပါ။
"နေစမ်းပါဦး.. ငါနဲ့ဘာဆိုင်လို့ ငါက မင်းကို အိမ်ပြန်ပို့ရမှာလဲ"
"ခင်ဗျားကားနဲ့ တိုက်မိတာလေ"
"မင်းက ငါ့ကားကို လာတိုက်တာမဟုတ်ဘူးလား"
မှန်တာပြန်ပြောလိုက်တော့ ရုပ်လေးက ဆူပုတ်ပုတ်။
"မိုးရွာလာပြီ"
ခပ်ကြဲကြဲကျလာသောမိုးစက်တွေကြောင့် ကောင်လေးက တညည်းတညူပြောသည်။ Chanyeol ပဲ နောက်ဆုံးတော့ စိတ်လျှော့လိုက်ရပါသည်။ နှစ်ယောက်လုံးမိုးမရွှဲခင် ကောင်လေးကို လက်မောင်းနှစ်ဖက်ကနေ ဆွဲထူပစ်လိုက်သည်။
"နောက်ခန်းမှာထိုင်"
____________________________
ဆက်ရန်။