Taeyong's POV
Dance contestၿပီးတာလည္း တစ္ပတ္ျပည့္သြားၿပီ။ က်ေနာ္တို႔ေတြ အကုန္လုံုးစာေမးပဲြၿပီးသြားၾကတာလည္း တစ္ပတ္ျပည့္ၿပီ။ ခုလို အခ်ိန္က်မွပဲ ေအာင္ပဲြခံတဲ့ေလ မဟုတ္ရင္စာေမးပဲြမေျဖႏိုင္မွာစိုးလို႔တဲ့။ ေအာင္ပဲြခံဆိုေတာ့ karaokeဆိုင္ေလးတစ္ခုမွာပဲ သီခ်င္းေတြဆိုလိုက္ 🍺ေလးေတြ နည္းနည္းပါလိုက္နဲ႔ေပါ့။
လူကလည္းမ်ားမ်ားစားစားသိပ္မ႐ွိပါဘူး။ Mark,Doyoung, Ten, Jaehyun, Johnnyနဲ႔ က်ေနာ္ပါပဲ။ ခါတိုင္းလူေတြပဲေပါ့ဗ်ာ။
Tenနဲ႔ Johnnyကေတာ့ ေတာ္ေတာ့္ကိုရင္းႏွီးတဲ့အဆင့္ကိုေရာက္ေနၾကပီ။ ႏွစ္ေယာက္လံုးအ႐ွိန္ကေကာင္းေကာင္းနဲ႔ဆိုေတာ့လည္း ျဖစ္ေနၾကပီေပါ့ဗ်ာ။ Markကိုေတာ့ အေစာႀကီးအိမ္ျပန္လႊတ္လိုက္တယ္ ေတာ္ၾကာ ကေလးကိုမျမင္သင့္တာေတြျမင္သြားမွာစိုးလို႔။ Doyoungကေတာ့ micတစ္လံုးကိုင္ၿပီး ဘယ္သူမွလည္းသူ႔စကားနားမေထာင္ဘဲ ေျပာခ်င္ရာေတြေျပာေနေတာ့တယ္။ သီခ်င္းေတြေအာ္ဆိုလိုက္နဲ႔ေပါ့။ က်ေနာ္ကေတာ့ ေကာင္းေကာင္းမေသာက္ဘူး။ ဘာလို႔ဆို ေသာက္လိုက္ရင္ ရစ္ခ်ိန္ေတာင္မရလိုက္ဘဲ တန္းေမွာက္မိမွာစိုးလို႔။ Jaehyunႀကီးကေတာ့ ေထာင့္တစ္ေနရာမွာ တစ္ေယာက္တည္းေသာက္ေနတယ္။ သူတစ္ေယာက္ပဲ ေသာက္ေနတဲ့ whiskeyဟာလည္း ပုလင္းတစ္ဝက္ေတာင္ေက်ာ္ေနၿပီ။ အင္းေပါ့..သူက လူႀကီးျဖစ္ေနၿပီပဲ ဒီေလာက္ကေတာ့ အေပ်ာ့ပဲေပါ့။
ၾကာေတာ့က်ေနာ္လည္းပ်င္းလာၿပီ။ သီခ်င္းဆိုတဲ့အဖဲြ႔ထဲJohnTenအတဲြကဘယ္လိုလုပ္ေရာက္သြားလဲမသိဘူး။ နားေတြလည္းၿငီးလွၿပီ အရမ္းလည္းပ်င္းလာေရာ။ Jaehyunႀကီးၾကည့္လိုက္ေတာ့ ေခါင္းႀကီးကိုစိုက္လို႔ ေမွာက္ေနၿပီ။ က်ေနာ္လည္း ထူေပးဖို႔ သူ႔နားသြားလိုက္တယ္။
Taeyong's POV END
***
Jaehyun's POV
Taeyongကို ဂုဏ္ျပဳေပးေနၾကတာလား သူတို႔ေပ်ာ္ပဲြစားထြက္လာတာလား မသဲကြဲဘူး။ တကယ့္ MVPျဖစ္တဲ့ Taeyongက ေခ်ာင္မွာေရာက္ေနၿပီး က်န္တဲ့သူေတြကလုပ္ခ်င္တာလုပ္ေနၾကတယ္။ Johnnyနဲ႔ က်ေနာ္က ကေလးေတြကို ထိန္းဖို႔ေရာက္လာတာ။ အခုေတာ့ Tenဆိုတဲ့ေကာင္ေလးက သူ႔ကိုျပန္ထိန္းေနရတယ္။
က်ေနာ္လည္း ဘာမွမွလုပ္စရာမ႐ွိတာ အဲ့ေတာ့ စားပဲြေပၚမွာ ဒီတိုင္းေနေနတဲ့ whiskey ပုလင္းေလးက ျမဴဆြယ္သေယာင္႐ွိေနတာနဲ႔ ေဖာက္ေသာက္ပစ္လိုက္တယ္။တစ္ခြက္ကေန ႏွစ္ခြက္၊ ႏွစ္ခြက္ကေန ေလးခြက္။ ေရခဲမထည့္ဘဲ ေသာက္ေနတာ ပုလင္းတစ္ဝက္ေတာင္႐ွိေနၿပီ။
"ေအ့..."
"Jaehyun..အဆင္ေျပလား"
အေျခအေနေကာင္းေသးပံုေပၚတဲ့ Johnnyက က်ေနာ့္ပုခံုးလာပုတ္ၿပီးေမး႐ွာတယ္
"Johnny...ငါေျပာတာေတြမင္းနားေထာင္ေပးမလား...အစ္"
Johnnyမ်က္ႏွာကိုက်ေနာ္ေသခ်ာၾကည့္ေနေပမယ့္ ေကာင္းေကာင္းမျမင္ရဘူး။ အကုန္လံုးကဝါးတားတားေတြပဲ။က်ေနာ္လည္းမူးေနေတာ့ စကားေတြ ကရားလြတ္အကုန္ေျပာခ်ပစ္မိလိုက္တယ္။
"ငါေလ..ေအ့...မင္းေျပာသလိုပဲ။ ငါ ဟိုေကာင္ေလးကို ခ်စ္မိေနၿပီ။ မင္းမအ့ံျသဘူးလား အံ့ျသေလ။ ဘာလုပ္ေနတာလဲ...အစ္"
"ဟဟဟ ငါထင္ၿပီးသားပါ။ ေကာင္ေလးက မင္းထက္ငယ္တယ္ေနာ္!!"
"မသိဘူးကြာ..မသိဘူး။ ငါခ်စ္တာပဲသိတယ္"
"ေအး ခ်စ္...ခ်စ္!!ခဏေလး ငါဟိုဘက္သြားလိုက္ဦးမယ္"
Johnnyက က်ေနာ့္ကိုထားခဲ့ၿပီး ဟိုဘက္ခဏသြားတုန္း က်ေနာ့္ေခါင္းက ဘယ္လိုမွေထာင္လို႔မရေတာ့ဘူး။ စားပဲြနဲ႔ နဖူးနဲ႔ထိေနၿပီ။ ခဏေနေတာ့ လူတစ္ေယာက္ က်ေနာ့္နားေရာက္လာတယ္။
Johnnyပဲ ေနမွာပါ.....
"အသက္က နံပါတ္သက္သက္ပဲကြ..ေအ့...။ ခ်စ္ဖို႔ပဲလိုတာ ခ်စ္ဖို႔ပဲလိုတာ...။ ငါသူ႔ကိုဘယ္ေလာက္ခ်စ္လဲ မင္းတို႔မသိပါဘူး။ သူ႔အတြက္ဆိုၿပီး ငါgraphic designကိုေတာင္ ေလ့လာခဲ့တာကြ။ ၿပီးေတာ့ တစ္ရက္မွာ ၄၊ ၅နာရီသူနဲ႔တူတူ႐ွိေနရတာ ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းလဲ သိလား... အစ္.....
ငါ့ဘဝမွာ ဒီလိုမ်ိဳးေနာက္ထပ္မခံစားရေတာ့ဘူးလို႔ထင္ခဲ့တာ...။ သူ႔ကိုျမင္ရင္ေလ ေဟာဒီ့ ရင္ဘတ္ႀကီးက ငလ်င္လႈပ္ေနတဲ့အတိုင္းပဲ။ ေအ့......ေသမလို ခုန္ေနတာ..။
သူ ျပန္မခ်စ္ဘူးလား...ရတယ္ ငါေစာင့္ႏိုင္တယ္။ ငါေစာင့္မွာ...ငါ့ဘဝမွာ ဒီလိုေကာင္ေလးမ်ိဳးထပ္ေတြ႔ႏိုင္မယ္မထင္ေတာ့ဘူး"
Johnnyက ဘာမွမေျပာဘဲ ၿငိမ္ၿငိမ္ႀကီးရပ္ၿပီး နားေထာင္ေနတယ္
"ဒီနာမည္ေလးသံုးလံုးနဲ႔ ေကာင္ေလး....LEE TAE YONG ဆိုတာေလးက ငါ့ကို ႐ူးေအာင္...ေအ့...လုပ္ႏိုင္လိမ့္မယ္လို႔ ဘယ္သူကထင္မွာလဲကြာ..အရမ္းခ်စ္တယ္ ကေလး........"
ဒါေတြကိုေျပာအၿပီး က်ေနာ္လည္းေမွာင္မိုက္သြားေတာ့တာပဲ။ ႏိုးလာေတာ့ ၾကည့္လိုက္ေတာ့ အိမ္ေတာင္ျပန္ေရာက္ေနၿပီ။ Johnnyပဲ ျပန္ပို႔ထားတာေနမွာ။ ေတာ္ေသးတယ္ ဒီေန႔ပိတ္ရက္မို႔လို႔။ တစ္ခါမွက်ေနာ္ဒီလိုမမူးဖူဘူး မေန႔က ဘာခံစားခ်က္ေတြနဲ႔ ေရာသြားလဲမသိဘူး။
ဟိုေကာင္ေလးအေပၚမွာခံစားေနရတဲ့ ခံစားခ်က္ေတြအကုန္ဖြင့္ေျပာပစ္ၿပီး ေမွာက္ပါေမွာက္သြားခဲ့တာ
က်ေနာ္လည္း မ်က္လံုးကိုအားခဲဖြင့္ၿပီး ဖုန္းကိုယူၿပီး Johnnyကို ဖုန္းဆက္လိုက္တယ္။ ေက်းဇူးတင္စကားဆိုရမယ္ေလ
📱"Johnny? ေက်းဇူးပဲ..ငါ့ကိုအိမ္ျပန္လိုက္ပို႔တာ"
"Jaehyun..ခုထိ အမူးမေျပေသးဘူးလား"
"ဘာလဲ?"
"ငါ လိုက္ပို႔တာမဟုတ္ဘူးဟ။ မေန႔က မင္းကိုျပန္လိုက္ပို႔မယ္လုပ္ေတာ့ မင္းလည္းမ႐ွိေတာ့ဘူးေလ..Taeyongလည္း မ႐ွိေတာ့ဘူး။ မင္းကိုသူျပန္ပို႔တာျဖစ္မွာေပါ့"
Taeyong???ဘာေတြလဲ??
"အဲ့ဒါဆို မင္းက ဘယ္ေရာက္ေနလို႔လဲ?"
"ငါက မင္းနားခဏလာၿပီး Tenက အန္ခ်င္တယ္ဆိုလို႔ အိမ္သာထဲမွာ သူနဲ႔တစ္ခ်ိန္လံုး႐ွိေပးေနခဲ့တာ"
"ဟမ္???ဒါဆို ငါ့ေဘးကိုမင္းျပန္မလာခဲ့ဘူးေပါ့"
"ေအးေလ..ငါတို႔ျပန္လာေတာ့ မင္းတို႔ေတြမ႐ွိၾကေတာ့ဘူး"
ေသၿပီ....။ က်ေနာ္ မေန႔ကစကားေတြကိုေျပာခဲ့မိတာ...Taeyongမ်ားျဖစ္....ေနမလား
"ေအးေအး Johnny ေက်းဇူးပဲ။ ငါျပန္ေခၚလိုက္မယ္"📱
သြားပါပီ။ က်ေနာ္ဘာေတြလုပ္မိလိုက္တာလဲ
"Mark !!!! MARK!!!!!!"
"အစ္ကို!! ဘာျဖစ္လို႔လဲ?"
"မေန႔က ငါ့ကိုအိမ္ျပန္လိုက္ပို႔တာ ဘယ္သူလဲ?"
"အာ...Taeyong hyungေလ..။ အဲ႔တုန္းက အစ္ကို မ်က္လံုးကိုမဖြင့္ႏိုင္ခဲ့ဘူး။ Taeyong hyungတဲြလာတာ..Hyungကို ဖုန္းဆက္လိုက္ဦး သနားပါတယ္။ အစ္ကို႔ခႏၶာကိုယ္ႀကီးသယ္လာရတာ"
ဒါဆို မေန႔ညက က်ေနာ္တစ္ခ်ိန္လံုးစကားေတြေျပာေနခဲ့တာ Taeyongကိုေပါ့။ ေသပါၿပီ!!!!
*ring ring*
အားးးး ဖုန္းဆက္ေနၿပီ က်ေနာ့္ကို။ စိတ္ညစ္တယ္ ဘာျပန္ေျပာရမလဲ? ျငင္းလိုက္ရမလား? ငါမူးေနခဲ့လို႔ျဖစ္သြားတာလို႔ေျပာလိုက္ရမလား?မသိေတာ့ဘူး
📱"Hello?"
"Hello..ႏိုးၿပီလား?မေန႔က ခင္ဗ်ား မီးျခစ္က်န္ခဲ့လို႔ က်ေနာ္လာေပးရမလား?ဆက္ယူထားလိုက္ရမလား?"
"ဆက္ယူ..အဲ..လာေပး...မဟုတ္ဘူး။ 7th senseမွာေစာင့္ေန ငါလာခဲ့မယ္"
"ဟုတ္ကဲ့ပါ..ဒါနဲ႔ ပ်ားရည္နဲ႔ေရနဲ႔ေရာၿပီးေသာက္လိုက္ဦး။ အမူးေျပေအာင္လို႔"
"ေအးေအး..ေနာက္မက်နဲ႔ ငါအခုထြက္လာၿပီ"📱
အာ...ေဂါက္ေၾကာင္ကေတာ့ ခ်ိန္းမိလိုက္ျပန္ၿပီ။ ပါးစပ္ကလည္း အခုတေလာမွ အထိန္းအကြပ္မဲ့ေနလိုက္တာဆိုတာ...အခု ဘယ္လိုလုပ္ရေတာ့မလဲ?လာခဲ့လို႔ေျပာမိလိုက္ေတာ့ ဟုိကေရာက္လာေတာ့မယ္။ ျငင္းလိုက္ရမလား အမွန္တိုင္းေျပာရမလား??Aishhhh! မသိေတာ့ဘူး အေျခအေနၾကည့္ၿပီးေျပာရေတာ့မယ္
At 7th sense cafe,
သူကေတာင္ ေစာေရာက္ေနေသးတယ္။ ငါ့ကိုမ်ားေလွာင္မလို႔ ေရာက္ေနတာလားမသိဘူး။ စိတ္ကိုအ႐ွင္းဆံုးထားလိုက္ၿပီး ဆိုင္ထဲဝင္သြားေတာ့ က်ေနာ့္ကိုျပံဳးၿပီးၾကည့္ေနတယ္။ ေခြးေကာင္ေလး ငါ့ကိုေျပာင္မို႔ လုပ္ေနတာ
"ေခါင္းကိုက္ေနေသးလား"
"အင္း...မကိုက္ေတာ့ဘူး"
ကဲ ဒါပဲ။ ရပ္သြားၿပီ ႏွစ္ေယာက္လံုးစကားေတြက..
"ဒီမွာ ခင္ဗ်ား မီးျခစ္..."
"ေၾသာ္ ေပး..."
က်ေနာ္လည္း သူေပးတဲ့မီးျခစ္ကိုယူၿပီး အိတ္ထဲမထည့္ဘဲ စားပဲြေပၚမွာ တင္ထားလိုက္တယ္။ သူက မီးျခစ္ကိုအၾကာႀကီးစိုက္ၾကည့္ၿပီး
"ခင္ဗ်ား..ေဆးလိပ္ေသာက္တတ္တာလား?"
"အင္...stressမ်ားတဲ့ အခ်ိန္ေတြေပါ့.."
"ေၾသာ္....."
ေၾသာ္ နဲ႔ ျပန္တိတ္သြားျပန္ၿပီ။ အာ...ဘယ္ကေနဘယ္လို ျပန္စရမယ္မွန္းကိုမသိေတာ့ဘူး။
"Taeyong" "ခင္ဗ်ား"
"အရင္ေျပာပါ.."
"ရတယ္..ခင္ဗ်ား အရင္ေျပာ"
"ဟုတ္ပီေလ...ငါ မေန႔ကေျပာခဲ့တာေတြကေလ မူးသြား----"
"မူးေနခဲ့လို႔ပါ ဟုတ္တယ္မို႔လား? က်ေနာ္ နားလည္ပါတယ္။ တစ္ခါမွေတာ့ မမူးဖူးေပမယ့္ မူးတဲ့လူေတြရဲ႕ စိတ္ကိုသိပါတယ္။ သူတို႔က စိတ္ထဲကမပါတဲ့ စကားေတြကိုပါ ေျပာတတ္ၾကတယ္ေလ"
ဘာ???ဘယ္လို?????
"စိတ္ထဲက မပါဘူးလို႔ ဘယ္သူေျပာလဲ?"
က်ေနာ့္ကို မ်က္လံုးျပဴးေလးနဲ႔ၾကည့္လာတဲ့ ႐ုပ္ကေလးက ဆဲြပစ္ခ်င္စရာ..
"Ok! Taeyong..ငါ လိုရင္းပဲေျပာေတာ့မယ္။ ငါ မင္းကို ခ်စ္တယ္!"
ေသၿပီ။ ဒီပါးစပ္က ထြက္သြားျပန္ၿပီ။ ဟာကြာ မ႐ိုလိုက္တာ..အရင္က ႐ိုခဲ့သေလာက္ ခုမွဘာေတြေလာေနမွန္းမသိဘူး
"ငါ သိတယ္။ မင္းငါ့ကို လက္မခံႏိုင္ေသးဘူးဆိုတာကို။ ရတယ္ ငါေစာင့္ႏိုင္တယ္။ ေစာင့္မယ္ Taeyong..ဒါေပမယ့္ ငါ့ကိုေတာ့ အဆက္အသြယ္မျဖတ္ပါနဲ႔..မင္းမ႐ွိဘဲ--"
က်ေနာ့္စကားေတြကိုျဖတ္ခ်ၿပီး
"ဘယ္ကတည္းက စခဲ့တာလဲ?"
"ဟမ္?"
"ဘယ္ကတည္းက က်ေနာ့္ကို ခ်စ္.... သေဘာက်ခဲ့တာလဲလို႔"
"မသိဘူး ငါကိုယ္တိုင္လည္း မသိဘူး။ ငါ သိတာတစ္ခုကေတာ့ မင္းကို ေကာင္းေကာင္းႀကီးခ်စ္ေနၿပီ ဆိုတာပဲ သိတာ"
က်ေနာ့္အေျဖကို ေခါင္းတညိတ္ညိတ္နဲ႔ လုပ္ေနၿပီး က်ေနာ့္ကိုအၾကည့္လဲႊထားတယ္။ က်ေနာ္လည္း အမွန္ေတြလုပ္ေနသလား အမွားေတြပဲလားလည္း မသိေတာ့ဘူး။
၃မိနစ္ေလာက္ၾကာေတာ့ သူက ေဖ်ာ္ရည္ကိုေကာက္ေသာက္ၿပီး လည္ေခ်ာင္း႐ွင္းလိုက္တယ္
"ဒါဆို က်ေနာ္တို႔က ဒီေန႔က စၿပီး တဲြၿပီေပါ့"
"Taeyong..မင္း ငါ့ကိုလက္မခံ--အမ္ ဘာ..တဲြၿပီ?"
"အင္းေလ.."
"ဘာလို႔လဲ?"
"ဘာကိုဘာလို႔ရမွာလဲ?relationship တစ္ခုကို တစ္ေယာက္တည္းကပဲ သေဘာက်ေနရံုနဲ႔ တည္ေဆာက္လို႔မရဘူးေလ"
"မင္းေျပာခ်င္တာက.."
"က်ေနာ္လည္း ခ်စ္တာေပါ့"
"ဟဟဟ ဘယ္လိုျဖစ္လို႔လဲ..ဘယ္ကတည္းကလဲ..ဘာလို႔လဲ?"
"က်ေနာ္လည္း ခင္ဗ်ားလိုပဲ မသိဘူး။ အရင္ကခင္ဗ်ားနဲ႔ေတြ႔ရေတာ့မယ္ဆိုရင္ ရင္ေတြခုန္ေနတာ အရမ္းေၾကာက္ခဲ့ရလို႔ေလ။ ေနာက္ပိုင္းက်ေတာ့ ခင္ဗ်ား က်ေနာ့္အနားမွာ႐ွိေနရင္ ကိုယ့္ကိုကိုယ္ လံုျခံဳတယ္လို႔ ခံစားရတယ္"
"Taeyong...."
က်ေနာ့္လက္ကို စားပဲြေပၚတင္ၿပီး လက္ျဖန္႔လိုက္ေတာ့ သူ႔ေပါင္ေပၚတင္ထားတဲ့ လက္ေလးကို က်ေနာ့္လက္ထဲ လာထည့္ေပးတယ္။
"ကိုယ့္ကိုေတာ့ စေနတာမဟုတ္ဘူးမို႔လား။ ကိုယ္ မင္းမခ်စ္ရင္..မင္း မ႐ွိရင္ မျဖစ္ဘူး။ ဒီစကားေတြက ကိုယ့္ရင္ထဲကလာတဲ့ အတည္စကားေတြခ်ည္းပဲ.."
"က်ေနာ္ကသာ ခင္ဗ်ားပစ္သြားမွာကို ေၾကာက္တာ..။ ခင္ဗ်ားက ေအာင္ျမင္ၿပီးသား CEOတစ္ေယာက္ေလ..လိုခ်င္တဲ့ မိန္းကေလးေတြကလည္း ဝိုင္းဝုိင္းလည္ေနတာ။ က်ေနာ္ကေတာ့ ဘာမွမ႐ွိတဲ့ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္။ စိုးရိမ္မယ့္စိုးရိမ္ ခင္ဗ်ားကို စိုးရိမ္ရမွာ.."
"စကားတတ္လိုက္တာ"
က်ေနာ္ သူ႔ပါးေလးကို ဆဲြလိုက္ေတာ့ 'အ'ဆိုတဲ့ အသံေလးထြက္လာၿပီး သူ႔ပါးေလးသူ ျပန္ပြတ္ေနတယ္။
ခ်စ္လိုက္တာ ဒီ လံုးလံုးေလးကို
"ကိုယ္အခုထိမယံုႏိုင္ေသးဘူး။ ကေလးကိုယ့္ကို ဘာလို႔ခ်က္ခ်င္းႀကီး လက္ခံေပးလဲဆိုတာကို"
"ေျပာၿပီးၿပီေလ..ခင္ဗ်ားေဘးနားေနရရင္ လံုျခံဳသလိုခံစားရတယ္လို႔။ ၿပီးေတာ့ စာသင္ေနတဲ့ ခင္ဗ်ားရဲ႕ပံုစံက ဘယ္ေလာက္အသက္႐ွဴေမ့စရာေကာင္းလဲ သိလား?"
"မင္းေလးရဲ႕ စာနားေထာင္ေနတဲ့ ပံုေလးကလည္း ငုတ္တုတ္ေမ့စရာပါပဲ"
က်ေနာ့္စကားေတြကို ႐ွက္ျပံဳးေလးနဲ႔ နားေထာင္ေနၿပီး ေခါင္းေလးကိုငံု႔ထားတယ္
"Jaehyunႀကီး......က်ေနာ္ တစ္ခုေလာက္ေမးခ်င္လို႔။"
"ေမးေစသတည္း.."
"က်ေနာ့္မတိုင္ခင္ ဘယ္ႏွေယာက္႐ွိခဲ့လဲ?"
"ဟာ..ဘာလုပ္မလို႔လဲ?"
"သိခ်င္လို႔ေပါ့။ သိလို႔မရဘူးလား"
"ရပါတယ္....၅ေယာက္ ၆ေယာက္ေလာက္ေပါ့"
"ဟင္ အမ်ားႀကီးပဲ.."
"ကေလးကေရာ?"
က်ေနာ္ ကေလးလို႔ ေခၚတာကို ႐ွက္တဲ့ပံုပါပဲ။ မ်က္ေစာင္းေလးထိုးၿပီး
"မ႐ွိဘူး.."
"တကယ္?"
"အင္း!!အဲ့ဒါေၾကာင့္ က်ေနာ့္ကို ေကာင္းေကာင္းဆက္ဆံေနာ္။ ခင္ဗ်ားက က်ေနာ့္ရဲ႕ပထမဦးဆံုးပဲ"
"ဘယ္လိုႀကီးလဲ စကားႀကီးက? ကိုယ္ကမင္းရဲ႕ ပထမဆံုးမို႔ ေကာင္းေကာင္းဆက္ဆံရမယ္?ဘာကို ေကာင္းေကာင္း ဆက္ဆံရမွာလဲ? မင္းရဲ႕ အရာရာအတြက္ ပထမဆံုးေပါ့"
"ဟာ..ဘာေတြလာေျပာေနတာလဲ? အဲ့လိုေတြလည္း စဥ္းစားတတ္တာပဲလား??"
"စတာပါ..စတာပါ။ ဒါေပမယ့္ ကေလးကလည္း ကိုယ့္ရဲ႕ ပထမဆံုးပဲေလ။ ကေလးမတိုင္ခင္ သူေတြထဲမွာ ကေလးလို ေယာက္်ားေလးတစ္ေယာက္မွ မပါခဲ့ဘူး။ မင္းေလးနဲ႔မွခ်စ္တတ္လာတာ"
"အပိုေတြ..ခင္ဗ်ားက ဒီအေျပာေတြနဲ႔လုပ္စားေနတဲ့အတိုင္းပဲ..။ ဒါနဲ႔ အဲ့၅ေယာက္ ၆ေယာက္ထဲမွာ အၾကာဆံုးက ဘယ္ေလာက္႐ွိခဲ့လဲ?"
"တစ္ႏွစ္လား တစ္ႏွစ္ေက်ာ္ေက်ာ္လား မသိေတာ့ဘူး"
"အၾကာႀကီးပဲ..က်ေနာ္နဲ႔ေရာ ဘယ္ေလာက္ၾကာမယ္လို႔ထင္လဲ?"
"တစ္သက္လံုး"
"ပိုျပန္ၿပီ။ ခင္ဗ်ားကေလ စကားေတာ္ေတာ္အေျပာေကာင္း--"
"ကေလးငယ္.."
"ဟင္"
"ကိုယ့္ကိုေလ ခင္ဗ်ားလို႔ မေခၚပါနဲ႔လား..သူစိမ္းဆန္သလိုခံစားရလို႔"
"အာ့ဆို..ဘယ္လိုေခၚရမွာလဲ?"
"အစ္ကိုျဖစ္ျဖစ္..ကိုကိုျဖစ္ျဖစ္ေပါ့"
"ဟာ..မေခၚခ်င္ပါဘူး။ အသက္လည္းကြာေတာ့ ဦးေလး လို႔ေခၚမယ္"
"ဦးေလး? မင္းထက္ငယ္တဲ့ Markေတာင္ အစ္ကို ေခၚတာကို ဘာဦးေလးလဲ?"
"မသိဘူး ဦေလးပဲ။ ဦးေလးဂ်ယ္ဟြၽန္းဆိုေတာ့....ဦးဂ်ယ္ဟြၽန္း..ဦးဂ်ယ္ေပါ့..။ ဟဟ လိုက္တယ္ ဦးဂ်ယ္ေရ..ဦးဂ်ယ္!!"
"ေခၚေခၚ သေဘာက်တယ္မို႔လား။ ၿပီးတာပဲ"
အခုမွသတိထားမိတယ္။ က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ လက္ေတြကိုင္ထားၾကတုန္းပဲ။ သေဘာက်လိုက္တာ..
သူက ေနာက္ထပ္လက္တစ္ဖက္ကို အေပၚကေန ျပန္ကိုင္လာၿပီး
"က်ေနာ့္ကို ခ်စ္ႏိုင္တယ္ေနာ္"
"ဒါေပါ့ ကေလး.."
"မထားခဲ့ရဘူးေနာ္"
"အင္း!!"
"ကိုယ္မတည္ႏိုင္တဲ့ ကတိေတြကို မေပးနဲ႔ေနာ္။ က်ေနာ္မႀကိဳက္ဘူး"
"ကိုယ္ကပိုလို႔ေတာင္ မႀကိဳက္ေသး။ ကေလးသာ ကိုယ့္ကိုလက္ခံေပးတာ ကိုယ္ကဝမ္းသာေနရမွာ"
က်ေနာ့္ကို အလွဆံုးျပန္ျပံဳးျပၿပီးေတာ့ သူ႔မ်က္လံုးလဲ့လဲ့ေလးေတြနဲ႔ စိုက္ၾကည့္ေနတယ္
"ဦးဂ်ယ္...ဒီေန႔က ေနလည္းသာေနတယ္ဆိုေတာ့ အျပင္ထြက္ရေအာင္..။ ရံုးလည္းပိတ္တယ္မို႔လား?"
"အင္း သြားမယ္ေလ..ခုေတာ့ ကိုယ္ဘာမွမစားရေသးဘူး။ သြားဝယ္ရေအာင္"
"က်ေနာ္လည္း လိုက္ခဲ့မယ္"
Counterကိုေရာက္ေတာ့ က်ေနာ္လည္း မုန္႔နဲ႔ americanoမွာလိုက္တယ္။ ခဏေနေတာ့ ရလာေတာ့ မုန္႔ထုပ္ထဲက americanoကို ခ်က္ခ်င္းထုတ္ၿပီးေသာက္ၾကည့္လိုက္ေတာ့
"ကေလး!!"
"ဟင္??"
"Chai teaႀကီး!!!"
"aha ha ha ha ha ha ha ha "
သူေရာက်ေနာ္ေရာ အျဖစ္အပ်က္ကိုသေဘာေပါက္မိေနလို႔ ႏွစ္ေယာက္သား ဘယ္သူ႔မွအေရးမလုပ္ႏိုင္ဘဲ ေအာ္ရယ္ခဲ့မိၾကတယ္
Jaehyun's POV END
---
°Unicode°
Taeyong's POV
Dance contestပြီးတာလည်း တစ်ပတ်ပြည့်သွားပြီ။ ကျနော်တို့တွေ အကုန်လုံးစာမေးပွဲပြီးသွားကြတာလည်း တစ်ပတ်ပြည့်ပြီ။ ခုလို အချိန်ကျမှပဲ အောင်ပွဲခံတဲ့လေ မဟုတ်ရင်စာမေးပွဲမဖြေနိုင်မှာစိုးလို့တဲ့။ အောင်ပွဲခံဆိုတော့ karaokeဆိုင်လေးတစ်ခုမှာပဲ သီချင်းတွေဆိုလိုက် 🍺လေးတွေ နည်းနည်းပါလိုက်နဲ့ပေါ့။
လူကလည်းများများစားစားသိပ်မရှိပါဘူး။ Mark,Doyoung, Ten, Jaehyun, Johnnyနဲ့ ကျနော်ပါပဲ။ ခါတိုင်းလူတွေပဲပေါ့ဗျာ။
Tenနဲ့ Johnnyကတော့ တော်တော့်ကိုရင်းနှီးတဲ့အဆင့်ကိုရောက်နေကြပီ။ နှစ်ယောက်လုံးအရှိန်ကကောင်းကောင်းနဲ့ဆိုတော့လည်း ဖြစ်နေကြပီပေါ့ဗျာ။ Markကိုတော့ အစောကြီးအိမ်ပြန်လွှတ်လိုက်တယ် တော်ကြာ ကလေးကိုမမြင်သင့်တာတွေမြင်သွားမှာစိုးလို့။ Doyoungကတော့ micတစ်လုံးကိုင်ပြီး ဘယ်သူမှလည်းသူ့စကားနားမထောင်ဘဲ ပြောချင်ရာတွေပြောနေတော့တယ်။ သီချင်းတွေအော်ဆိုလိုက်နဲ့ပေါ့။ ကျနော်ကတော့ ကောင်းကောင်းမသောက်ဘူး။ ဘာလို့ဆို သောက်လိုက်ရင် ရစ်ချိန်တောင်မရလိုက်ဘဲ တန်းမှောက်မိမှာစိုးလို့။ Jaehyunကြီးကတော့ ထောင့်တစ်နေရာမှာ တစ်ယောက်တည်းသောက်နေတယ်။ သူတစ်ယောက်ပဲ သောက်နေတဲ့ whiskeyဟာလည်း ပုလင်းတစ်ဝက်တောင်ကျော်နေပြီ။ အင်းပေါ့..သူက လူကြီးဖြစ်နေပြီပဲ ဒီလောက်ကတော့ အပျော့ပဲပေါ့။
ကြာတော့ကျနော်လည်းပျင်းလာပြီ။ သီချင်းဆိုတဲ့အဖွဲ့ထဲJohnTenအတွဲကဘယ်လိုလုပ်ရောက်သွားလဲမသိဘူး။ နားတွေလည်းငြီးလှပြီ အရမ်းလည်းပျင်းလာရော။ Jaehyunကြီးကြည့်လိုက်တော့ ခေါင်းကြီးကိုစိုက်လို့ မှောက်နေပြီ။ ကျနော်လည်း ထူပေးဖို့ သူ့နားသွားလိုက်တယ်။
Taeyong's POV END
***
Jaehyun's POV
Taeyongကို ဂုဏ်ပြုပေးနေကြတာလား သူတို့ပျော်ပွဲစားထွက်လာတာလား မသဲကွဲဘူး။ တကယ့် MVPဖြစ်တဲ့ Taeyongက ချောင်မှာရောက်နေပြီး ကျန်တဲ့သူတွေကလုပ်ချင်တာလုပ်နေကြတယ်။ Johnnyနဲ့ ကျနော်က ကလေးတွေကို ထိန်းဖို့ရောက်လာတာ။ အခုတော့ Tenဆိုတဲ့ကောင်လေးက သူ့ကိုပြန်ထိန်းနေရတယ်။
ကျနော်လည်း ဘာမှမှလုပ်စရာမရှိတာ အဲ့တော့ စားပွဲပေါ်မှာ ဒီတိုင်းနေနေတဲ့ whiskey ပုလင်းလေးက မြူဆွယ်သယောင်ရှိနေတာနဲ့ ဖောက်သောက်ပစ်လိုက်တယ်။တစ်ခွက်ကနေ နှစ်ခွက်၊ နှစ်ခွက်ကနေ လေးခွက်။ ရေခဲမထည့်ဘဲ သောက်နေတာ ပုလင်းတစ်ဝက်တောင်ရှိနေပြီ။
"အေ့..."
"Jaehyun..အဆင်ပြေလား"
အခြေအနေကောင်းသေးပုံပေါ်တဲ့ Johnnyက ကျနော့်ပုခုံးလာပုတ်ပြီးမေးရှာတယ်
"Johnny...ငါပြောတာတွေမင်းနားထောင်ပေးမလား...အစ်"
Johnnyမျက်နှာကိုကျနော်သေချာကြည့်နေပေမယ့် ကောင်းကောင်းမမြင်ရဘူး။ အကုန်လုံးကဝါးတားတားတွေပဲ။ကျနော်လည်းမူးနေတော့ စကားတွေ ကရားလွတ်အကုန်ပြောချပစ်မိလိုက်တယ်။
"ငါလေ..အေ့...မင်းပြောသလိုပဲ။ ငါ ဟိုကောင်လေးကို ချစ်မိနေပြီ။ မင်းမအံ့သြဘူးလား အံ့သြလေ။ ဘာလုပ်နေတာလဲ...အစ်"
"ဟဟဟ ငါထင်ပြီးသားပါ။ ကောင်လေးက မင်းထက်ငယ်တယ်နော်!!"
"မသိဘူးကွာ..မသိဘူး။ ငါချစ်တာပဲသိတယ်"
"အေး ချစ်...ချစ်!!ခဏလေး ငါဟိုဘက်သွားလိုက်ဦးမယ်"
Johnnyက ကျနော့်ကိုထားခဲ့ပြီး ဟိုဘက်ခဏသွားတုန်း ကျနော့်ခေါင်းက ဘယ်လိုမှထောင်လို့မရတော့ဘူး။ စားပွဲနဲ့ နဖူးနဲ့ထိနေပြီ။ ခဏနေတော့ လူတစ်ယောက် ကျနော့်နားရောက်လာတယ်။
Johnnyပဲ နေမှာပါ.....
"အသက်က နံပါတ်သက်သက်ပဲကွ..အေ့...။ ချစ်ဖို့ပဲလိုတာ ချစ်ဖို့ပဲလိုတာ...။ ငါသူ့ကိုဘယ်လောက်ချစ်လဲ မင်းတို့မသိပါဘူး။ သူ့အတွက်ဆိုပြီး ငါgraphic designကိုတောင် လေ့လာခဲ့တာကွ။ ပြီးတော့ တစ်ရက်မှာ ၄၊ ၅နာရီသူနဲ့တူတူရှိနေရတာ ဘယ်လောက်တောင် ပျော်စရာကောင်းလဲ သိလား... အစ်.....
ငါ့ဘဝမှာ ဒီလိုမျိုးနောက်ထပ်မခံစားရတော့ဘူးလို့ထင်ခဲ့တာ...။ သူ့ကိုမြင်ရင်လေ ဟောဒီ့ ရင်ဘတ်ကြီးက ငလျင်လှုပ်နေတဲ့အတိုင်းပဲ။ အေ့......သေမလို ခုန်နေတာ..။
သူ ပြန်မချစ်ဘူးလား...ရတယ် ငါစောင့်နိုင်တယ်။ ငါစောင့်မှာ...ငါ့ဘဝမှာ ဒီလိုကောင်လေးမျိုးထပ်တွေ့နိုင်မယ်မထင်တော့ဘူး"
Johnnyက ဘာမှမပြောဘဲ ငြိမ်ငြိမ်ကြီးရပ်ပြီး နားထောင်နေတယ်
"ဒီနာမည်လေးသုံးလုံးနဲ့ ကောင်လေး....LEE TAE YONG ဆိုတာလေးက ငါ့ကို ရူးအောင်...အေ့...လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲကွာ..အရမ်းချစ်တယ် ကလေး........"
ဒါတွေကိုပြောအပြီး ကျနော်လည်းမှောင်မိုက်သွားတော့တာပဲ။ နိုးလာတော့ ကြည့်လိုက်တော့ အိမ်တောင်ပြန်ရောက်နေပြီ။ Johnnyပဲ ပြန်ပို့ထားတာနေမှာ။ တော်သေးတယ် ဒီနေ့ပိတ်ရက်မို့လို့။ တစ်ခါမှကျနော်ဒီလိုမမူးဖူဘူး မနေ့က ဘာခံစားချက်တွေနဲ့ ရောသွားလဲမသိဘူး။
ဟိုကောင်လေးအပေါ်မှာခံစားနေရတဲ့ ခံစားချက်တွေအကုန်ဖွင့်ပြောပစ်ပြီး မှောက်ပါမှောက်သွားခဲ့တာ
ကျနော်လည်း မျက်လုံးကိုအားခဲဖွင့်ပြီး ဖုန်းကိုယူပြီး Johnnyကို ဖုန်းဆက်လိုက်တယ်။ ကျေးဇူးတင်စကားဆိုရမယ်လေ
📱"Johnny? ကျေးဇူးပဲ..ငါ့ကိုအိမ်ပြန်လိုက်ပို့တာ"
"Jaehyun..ခုထိ အမူးမပြေသေးဘူးလား"
"ဘာလဲ?"
"ငါ လိုက်ပို့တာမဟုတ်ဘူးဟ။ မနေ့က မင်းကိုပြန်လိုက်ပို့မယ်လုပ်တော့ မင်းလည်းမရှိတော့ဘူးလေ..Taeyongလည်း မရှိတော့ဘူး။ မင်းကိုသူပြန်ပို့တာဖြစ်မှာပေါ့"
Taeyong???ဘာတွေလဲ??
"အဲ့ဒါဆို မင်းက ဘယ်ရောက်နေလို့လဲ?"
"ငါက မင်းနားခဏလာပြီး Tenက အန်ချင်တယ်ဆိုလို့ အိမ်သာထဲမှာ သူနဲ့တစ်ချိန်လုံးရှိပေးနေခဲ့တာ"
"ဟမ်???ဒါဆို ငါ့ဘေးကိုမင်းပြန်မလာခဲ့ဘူးပေါ့"
"အေးလေ..ငါတို့ပြန်လာတော့ မင်းတို့တွေမရှိကြတော့ဘူး"
သေပြီ....။ ကျနော် မနေ့ကစကားတွေကိုပြောခဲ့မိတာ...Taeyongများဖြစ်....နေမလား
"အေးအေး Johnny ကျေးဇူးပဲ။ ငါပြန်ခေါ်လိုက်မယ်"📱
သွားပါပီ။ ကျနော်ဘာတွေလုပ်မိလိုက်တာလဲ
"Mark !!!! MARK!!!!!!"
"အစ်ကို!! ဘာဖြစ်လို့လဲ?"
"မနေ့က ငါ့ကိုအိမ်ပြန်လိုက်ပို့တာ ဘယ်သူလဲ?"
"အာ...Taeyong hyungလေ..။ အဲ့တုန်းက အစ်ကို မျက်လုံးကိုမဖွင့်နိုင်ခဲ့ဘူး။ Taeyong hyungတွဲလာတာ..Hyungကို ဖုန်းဆက်လိုက်ဦး သနားပါတယ်။ အစ်ကို့ခန္ဓာကိုယ်ကြီးသယ်လာရတာ"
ဒါဆို မနေ့ညက ကျနော်တစ်ချိန်လုံးစကားတွေပြောနေခဲ့တာ Taeyongကိုပေါ့။ သေပါပြီ!!!!
*ring ring*
အားးးး ဖုန်းဆက်နေပြီ ကျနော့်ကို။ စိတ်ညစ်တယ် ဘာပြန်ပြောရမလဲ? ငြင်းလိုက်ရမလား? ငါမူးနေခဲ့လို့ဖြစ်သွားတာလို့ပြောလိုက်ရမလား?မသိတော့ဘူး
📱"Hello?"
"Hello..နိုးပြီလား?မနေ့က ခင်ဗျား မီးခြစ်ကျန်ခဲ့လို့ ကျနော်လာပေးရမလား?ဆက်ယူထားလိုက်ရမလား?"
"ဆက်ယူ..အဲ..လာပေး...မဟုတ်ဘူး။ 7th senseမှာစောင့်နေ ငါလာခဲ့မယ်"
"ဟုတ်ကဲ့ပါ..ဒါနဲ့ ပျားရည်နဲ့ရေနဲ့ရောပြီးသောက်လိုက်ဦး။ အမူးပြေအောင်လို့"
"အေးအေး..နောက်မကျနဲ့ ငါအခုထွက်လာပြီ"📱
အာ...ဂေါက်ကြောင်ကတော့ ချိန်းမိလိုက်ပြန်ပြီ။ ပါးစပ်ကလည်း အခုတလောမှ အထိန်းအကွပ်မဲ့နေလိုက်တာဆိုတာ...အခု ဘယ်လိုလုပ်ရတော့မလဲ?လာခဲ့လို့ပြောမိလိုက်တော့ ဟိုကရောက်လာတော့မယ်။ ငြင်းလိုက်ရမလား အမှန်တိုင်းပြောရမလား??Aishhhh! မသိတော့ဘူး အခြေအနေကြည့်ပြီးပြောရတော့မယ်
At 7th sense cafe,
သူကတောင် စောရောက်နေသေးတယ်။ ငါ့ကိုများလှောင်မလို့ ရောက်နေတာလားမသိဘူး။ စိတ်ကိုအရှင်းဆုံးထားလိုက်ပြီး ဆိုင်ထဲဝင်သွားတော့ ကျနော့်ကိုပြုံးပြီးကြည့်နေတယ်။ ခွေးကောင်လေး ငါ့ကိုပြောင်မို့ လုပ်နေတာ
"ခေါင်းကိုက်နေသေးလား"
"အင်း...မကိုက်တော့ဘူး"
ကဲ ဒါပဲ။ ရပ်သွားပြီ နှစ်ယောက်လုံးစကားတွေက..
"ဒီမှာ ခင်ဗျား မီးခြစ်..."
"သြော် ပေး..."
ကျနော်လည်း သူပေးတဲ့မီးခြစ်ကိုယူပြီး အိတ်ထဲမထည့်ဘဲ စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ သူက မီးခြစ်ကိုအကြာကြီးစိုက်ကြည့်ပြီး
"ခင်ဗျား..ဆေးလိပ်သောက်တတ်တာလား?"
"အင်...stressများတဲ့ အချိန်တွေပေါ့.."
"သြော်....."
သြော် နဲ့ ပြန်တိတ်သွားပြန်ပြီ။ အာ...ဘယ်ကနေဘယ်လို ပြန်စရမယ်မှန်းကိုမသိတော့ဘူး။
"Taeyong" "ခင်ဗျား"
"အရင်ပြောပါ.."
"ရတယ်..ခင်ဗျား အရင်ပြော"
"ဟုတ်ပီလေ...ငါ မနေ့ကပြောခဲ့တာတွေကလေ မူးသွား----"
"မူးနေခဲ့လို့ပါ ဟုတ်တယ်မို့လား? ကျနော် နားလည်ပါတယ်။ တစ်ခါမှတော့ မမူးဖူးပေမယ့် မူးတဲ့လူတွေရဲ့ စိတ်ကိုသိပါတယ်။ သူတို့က စိတ်ထဲကမပါတဲ့ စကားတွေကိုပါ ပြောတတ်ကြတယ်လေ"
ဘာ???ဘယ်လို?????
"စိတ်ထဲက မပါဘူးလို့ ဘယ်သူပြောလဲ?"
ကျနော့်ကို မျက်လုံးပြူးလေးနဲ့ကြည့်လာတဲ့ ရုပ်ကလေးက ဆွဲပစ်ချင်စရာ..
"Ok! Taeyong..ငါ လိုရင်းပဲပြောတော့မယ်။ ငါ မင်းကို ချစ်တယ်!"
သေပြီ။ ဒီပါးစပ်က ထွက်သွားပြန်ပြီ။ ဟာကွာ မရိုလိုက်တာ..အရင်က ရိုခဲ့သလောက် ခုမှဘာတွေလောနေမှန်းမသိဘူး
"ငါ သိတယ်။ မင်းငါ့ကို လက်မခံနိုင်သေးဘူးဆိုတာကို။ ရတယ် ငါစောင့်နိုင်တယ်။ စောင့်မယ် Taeyong..ဒါပေမယ့် ငါ့ကိုတော့ အဆက်အသွယ်မဖြတ်ပါနဲ့..မင်းမရှိဘဲ--"
ကျနော့်စကားတွေကိုဖြတ်ချပြီး
"ဘယ်ကတည်းက စခဲ့တာလဲ?"
"ဟမ်?"
"ဘယ်ကတည်းက ကျနော့်ကို ချစ်.... သဘောကျခဲ့တာလဲလို့"
"မသိဘူး ငါကိုယ်တိုင်လည်း မသိဘူး။ ငါ သိတာတစ်ခုကတော့ မင်းကို ကောင်းကောင်းကြီးချစ်နေပြီ ဆိုတာပဲ သိတာ"
ကျနော့်အဖြေကို ခေါင်းတညိတ်ညိတ်နဲ့ လုပ်နေပြီး ကျနော့်ကိုအကြည့်လွှဲထားတယ်။ ကျနော်လည်း အမှန်တွေလုပ်နေသလား အမှားတွေပဲလားလည်း မသိတော့ဘူး။
၃မိနစ်လောက်ကြာတော့ သူက ဖျော်ရည်ကိုကောက်သောက်ပြီး လည်ချောင်းရှင်းလိုက်တယ်
"ဒါဆို ကျနော်တို့က ဒီနေ့က စပြီး တွဲပြီပေါ့"
"Taeyong..မင်း ငါ့ကိုလက်မခံ--အမ် ဘာ..တွဲပြီ?"
"အင်းလေ.."
"ဘာလို့လဲ?"
"ဘာကိုဘာလို့ရမှာလဲ?relationship တစ်ခုကို တစ်ယောက်တည်းကပဲ သဘောကျနေရုံနဲ့ တည်ဆောက်လို့မရဘူးလေ"
"မင်းပြောချင်တာက.."
"ကျနော်လည်း ချစ်တာပေါ့"
"ဟဟဟ ဘယ်လိုဖြစ်လို့လဲ..ဘယ်ကတည်းကလဲ..ဘာလို့လဲ?"
"ကျနော်လည်း ခင်ဗျားလိုပဲ မသိဘူး။ အရင်ကခင်ဗျားနဲ့တွေ့ရတော့မယ်ဆိုရင် ရင်တွေခုန်နေတာ အရမ်းကြောက်ခဲ့ရလို့လေ။ နောက်ပိုင်းကျတော့ ခင်ဗျား ကျနော့်အနားမှာရှိနေရင် ကိုယ့်ကိုကိုယ် လုံခြုံတယ်လို့ ခံစားရတယ်"
"Taeyong...."
ကျနော့်လက်ကို စားပွဲပေါ်တင်ပြီး လက်ဖြန့်လိုက်တော့ သူ့ပေါင်ပေါ်တင်ထားတဲ့ လက်လေးကို ကျနော့်လက်ထဲ လာထည့်ပေးတယ်။
"ကိုယ့်ကိုတော့ စနေတာမဟုတ်ဘူးမို့လား။ ကိုယ် မင်းမချစ်ရင်..မင်း မရှိရင် မဖြစ်ဘူး။ ဒီစကားတွေက ကိုယ့်ရင်ထဲကလာတဲ့ အတည်စကားတွေချည်းပဲ.."
"ကျနော်ကသာ ခင်ဗျားပစ်သွားမှာကို ကြောက်တာ..။ ခင်ဗျားက အောင်မြင်ပြီးသား CEOတစ်ယောက်လေ..လိုချင်တဲ့ မိန်းကလေးတွေကလည်း ဝိုင်းဝိုင်းလည်နေတာ။ ကျနော်ကတော့ ဘာမှမရှိတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်။ စိုးရိမ်မယ့်စိုးရိမ် ခင်ဗျားကို စိုးရိမ်ရမှာ.."
"စကားတတ်လိုက်တာ"
ကျနော် သူ့ပါးလေးကို ဆွဲလိုက်တော့ 'အ'ဆိုတဲ့ အသံလေးထွက်လာပြီး သူ့ပါးလေးသူ ပြန်ပွတ်နေတယ်။
ချစ်လိုက်တာ ဒီ လုံးလုံးလေးကို
"ကိုယ်အခုထိမယုံနိုင်သေးဘူး။ ကလေးကိုယ့်ကို ဘာလို့ချက်ချင်းကြီး လက်ခံပေးလဲဆိုတာကို"
"ပြောပြီးပြီလေ..ခင်ဗျားဘေးနားနေရရင် လုံခြုံသလိုခံစားရတယ်လို့။ ပြီးတော့ စာသင်နေတဲ့ ခင်ဗျားရဲ့ပုံစံက ဘယ်လောက်အသက်ရှူမေ့စရာကောင်းလဲ သိလား?"
"မင်းလေးရဲ့ စာနားထောင်နေတဲ့ ပုံလေးကလည်း ငုတ်တုတ်မေ့စရာပါပဲ"
ကျနော့်စကားတွေကို ရှက်ပြုံးလေးနဲ့ နားထောင်နေပြီး ခေါင်းလေးကိုငုံ့ထားတယ်
"Jaehyunကြီး......ကျနော် တစ်ခုလောက်မေးချင်လို့။"
"မေးစေသတည်း.."
"ကျနော့်မတိုင်ခင် ဘယ်နှယောက်ရှိခဲ့လဲ?"
"ဟာ..ဘာလုပ်မလို့လဲ?"
"သိချင်လို့ပေါ့။ သိလို့မရဘူးလား"
"ရပါတယ်....၅ယောက် ၆ယောက်လောက်ပေါ့"
"ဟင် အများကြီးပဲ.."
"ကလေးကရော?"
ကျနော် ကလေးလို့ ခေါ်တာကို ရှက်တဲ့ပုံပါပဲ။ မျက်စောင်းလေးထိုးပြီး
"မရှိဘူး.."
"တကယ်?"
"အင်း!!အဲ့ဒါကြောင့် ကျနော့်ကို ကောင်းကောင်းဆက်ဆံနော်။ ခင်ဗျားက ကျနော့်ရဲ့ပထမဦးဆုံးပဲ"
"ဘယ်လိုကြီးလဲ စကားကြီးက? ကိုယ်ကမင်းရဲ့ ပထမဆုံးမို့ ကောင်းကောင်းဆက်ဆံရမယ်?ဘာကို ကောင်းကောင်း ဆက်ဆံရမှာလဲ? မင်းရဲ့ အရာရာအတွက် ပထမဆုံးပေါ့"
"ဟာ..ဘာတွေလာပြောနေတာလဲ? အဲ့လိုတွေလည်း စဉ်းစားတတ်တာပဲလား??"
"စတာပါ..စတာပါ။ ဒါပေမယ့် ကလေးကလည်း ကိုယ့်ရဲ့ ပထမဆုံးပဲလေ။ ကလေးမတိုင်ခင် သူတွေထဲမှာ ကလေးလို ယောက်ျားလေးတစ်ယောက်မှ မပါခဲ့ဘူး။ မင်းလေးနဲ့မှချစ်တတ်လာတာ"
"အပိုတွေ..ခင်ဗျားက ဒီအပြောတွေနဲ့လုပ်စားနေတဲ့အတိုင်းပဲ..။ ဒါနဲ့ အဲ့၅ယောက် ၆ယောက်ထဲမှာ အကြာဆုံးက ဘယ်လောက်ရှိခဲ့လဲ?"
"တစ်နှစ်လား တစ်နှစ်ကျော်ကျော်လား မသိတော့ဘူး"
"အကြာကြီးပဲ..ကျနော်နဲ့ရော ဘယ်လောက်ကြာမယ်လို့ထင်လဲ?"
"တစ်သက်လုံး"
"ပိုပြန်ပြီ။ ခင်ဗျားကလေ စကားတော်တော်အပြောကောင်း--"
"ကလေးငယ်.."
"ဟင်"
"ကိုယ့်ကိုလေ ခင်ဗျားလို့ မခေါ်ပါနဲ့လား..သူစိမ်းဆန်သလိုခံစားရလို့"
"အာ့ဆို..ဘယ်လိုခေါ်ရမှာလဲ?"
"အစ်ကိုဖြစ်ဖြစ်..ကိုကိုဖြစ်ဖြစ်ပေါ့"
"ဟာ..မခေါ်ချင်ပါဘူး။ အသက်လည်းကွာတော့ ဦးလေး လို့ခေါ်မယ်"
"ဦးလေး? မင်းထက်ငယ်တဲ့ Markတောင် အစ်ကို ခေါ်တာကို ဘာဦးလေးလဲ?"
"မသိဘူး ဦလေးပဲ။ ဦးလေးဂျယ်ဟျွန်းဆိုတော့....ဦးဂျယ်ဟျွန်း..ဦးဂျယ်ပေါ့..။ ဟဟ လိုက်တယ် ဦးဂျယ်ရေ..ဦးဂျယ်!!"
"ခေါ်ခေါ် သဘောကျတယ်မို့လား။ ပြီးတာပဲ"
အခုမှသတိထားမိတယ်။ ကျနော်တို့နှစ်ယောက်ရဲ့ လက်တွေကိုင်ထားကြတုန်းပဲ။ သဘောကျလိုက်တာ..
သူက နောက်ထပ်လက်တစ်ဖက်ကို အပေါ်ကနေ ပြန်ကိုင်လာပြီး
"ကျနော့်ကို ချစ်နိုင်တယ်နော်"
"ဒါပေါ့ ကလေး.."
"မထားခဲ့ရဘူးနော်"
"အင်း!!"
"ကိုယ်မတည်နိုင်တဲ့ ကတိတွေကို မပေးနဲ့နော်။ ကျနော်မကြိုက်ဘူး"
"ကိုယ်ကပိုလို့တောင် မကြိုက်သေး။ ကလေးသာ ကိုယ့်ကိုလက်ခံပေးတာ ကိုယ်ကဝမ်းသာနေရမှာ"
ကျနော့်ကို အလှဆုံးပြန်ပြုံးပြပြီးတော့ သူ့မျက်လုံးလဲ့လဲ့လေးတွေနဲ့ စိုက်ကြည့်နေတယ်
"ဦးဂျယ်...ဒီနေ့က နေလည်းသာနေတယ်ဆိုတော့ အပြင်ထွက်ရအောင်..။ ရုံးလည်းပိတ်တယ်မို့လား?"
"အင်း သွားမယ်လေ..ခုတော့ ကိုယ်ဘာမှမစားရသေးဘူး။ သွားဝယ်ရအောင်"
"ကျနော်လည်း လိုက်ခဲ့မယ်"
Counterကိုရောက်တော့ ကျနော်လည်း မုန့်နဲ့ americanoမှာလိုက်တယ်။ ခဏနေတော့ ရလာတော့ မုန့်ထုပ်ထဲက americanoကို ချက်ချင်းထုတ်ပြီးသောက်ကြည့်လိုက်တော့
"ကလေး!!"
"ဟင်??"
"Thai teaကြီး!!!"
"aha ha ha ha ha ha ha ha "
သူရောကျနော်ရော အဖြစ်အပျက်ကိုသဘောပေါက်မိနေလို့ နှစ်ယောက်သား ဘယ်သူ့မှအရေးမလုပ်နိုင်ဘဲ အော်ရယ်ခဲ့မိကြတယ်
Jaehyun's POV END
--