Taeyong's POV
က်ေနာ္ ဟိုလူႀကီး Jeong Jaehyunနဲ႔ စကားေျပာလိုက္တာ မွန္သြားတယ္။ သူနဲ႔ေျပာၿပီးတဲ့ေနာက္ပိုင္း ကိုယ့္ကိုကိုယ္ အားေတြ႐ွိလာတယ္။ ယံုၾကည္မႈလည္း ႐ွိလာတယ္။ ၿပီးေတာ့ Jazzကလည္း ထင္သေလာက္မခက္ဘူးရယ္ hee
အခုဆို ၿပိဳင္ဖို႔ ၃ရက္ပဲလိုေတာ့တယ္ စာေမးပဲြေျဖဖို႔ကေတာ့ ၄ရက္ေပါ့ဗ်ာ။
တစ္ေန႔ထက္တစ္ေန႔ ကိုယ့္အကေတြကလည္း ပိုေကာင္းလာတယ္ထင္တာပါပဲ။ စာကလည္း Jaehyunႀကီးနဲ႔ သင္ေနရေတာ့ အသင္လြယ္သလိုပဲ။
က်ေနာ့္သူငယ္ခ်င္းေတြနဲ႔ေတာင္ မေတြ႔ရတာၾကာေနၿပီ။ Jaehyunက မေတြ႔နဲ႔တဲ့ေလ။ အာရံုမ်ားလိမ့္မယ္တဲ့။ သူလည္း ဘယ္လိုလူႀကီးလဲေတာ့ မသိဘူး။ ထူးေတာ့ထူးဆန္းတယ္။ က်ေနာ္ကို သတ္မယ္ျဖဲမယ္ဆိုၿပီး ၾကည့္ခဲ့တာမွမၾကာေသးဘူး။ အခု အစစအရာရာ သူကပဲလုပ္ေပးေနတာ။
စာသင္တာ ၂နာရီေလာက္႐ွိေနၿပီဆိုေတာ့ က်ေနာ္လည္းပ်င္းလာၿပီ။ က်ေနာ္တစ္ခ်က္သန္းလိုက္မိေတာ့ ေခါင္းကိုလာပုတ္ၿပီး ခဏေလးပဲတဲ့။ က်ေနာ္ကေတာ့ ခဏလို႔မရေတာ့ပါဘူးေနာ္။
"ခင္ဗ်ားကေလ မလုပ္တတ္တာ ဘာ႐ွိလဲဟင္"
"ဘာေတြလာေမးေနတာလဲ?"
"ဟုတ္တယ္ေလ..ဘက္စံုေတာ္ေနတာကိုး။ ႐ုပ္အဆင္းကလည္း ေျခာက္ျပစ္ကင္းသဲလဲစင္၊ ခႏၶာကိုယ္အေနအထား အသားအေရ အကုန္ပါပဲ ျပည့္စံုေနတာ။ အားကစားလည္း လာထား ဟုတ္တယ္မို႔လား။ ဟင္းခ်က္တာေရာ?ရမွာပါပဲ...ခင္ဗ်ားကိုသာ သမက္ေတာ္ရရင္ အဲ့အေမႀကီးေတာ့ ေတာ္ေတာ္ေပ်ာ္မွာပဲ"
"ဟုတ္လား "
"ဒါေပါ့..ခုလည္း ၾကည့္ေလ ခင္ဗ်ားက businessနဲ႔ ေက်ာင္းၿပီးတာမို႔လား? အဲ့ဒါကို graphic designက ေက်ာင္းသားကို စာလာသင္ေပးေနတယ္။ မမိုက္ဘူးလား?"
"ဟုတ္ပါၿပီ"
က်ေနာ္ေျပာတာကို ေကာင္းေကာင္းမတံု႔ုျပန္ဘဲနဲ႔ အင္းအဲ လုပ္ေနတာ။ မႀကိဳက္ပါဘူး။ ဒါမ်ိဳးေတြ။
"Jaehyun-sshi က်ေနာ္တို႔ရင္းႏွီးသြားၿပီမို႔လား?"
"အင္....အဲ့လိုေျပာလို႔ရပါတယ္"
"အာ...ဘာလဲ? ေကာင္းေကာင္းေျဖပါ..က်ေနာ္ကေနာ္ ဘယ္သူ႔မွေျပာမျပတဲ့ secretႀကီးကို ခင္ဗ်ားကိုေျပာျပထားတာကို"
"အင္း ရင္းႏွီးသြားၿပီ"
"အဲ့ဒါဆိုေလ ခင္ဗ်ားအသက္ေလးေျပာျပပါ့လား??"
"A ha ha ha ha ha"
"ေအာင္မယ္ေလး တစ္မိုးေအာက္ Jeong Jaehyunက ဒီလိုလည္း ရယ္တတ္တာလား?အဲ့ဒါမ်ားဘာလို႔ ေတာက္ေလွ်ာက္လူ႔ဂြစာႀကီးလိုေနလာတာလဲ? မသိရင္ Dr. Strange တပည့္ႀကီးက်လို႔ေရာပဲ။ အခ်ိန္ အခ်ိန္ အခ်ိန္နဲ႔ ေနတာပဲ"
"ငါက...အသက္ ၃၀႐ွိၿပီ။ ငယ္ငယ္ေလးနဲ႔ CEOရာထူးရတယ္ companyအႀကီးႀကီးမွာ လုပ္ရတယ္ဆိုေတာ့ ဘယ္သူမွမေလးစားမွာစိုးလို႔ ငါ့ကိုေလးစားေအာင္ေနေပးရတာ...။ လူေတြက ေကာင္းေပးရင္ ေခါင္းေပၚခ်ီးတက္ပါတဲ့ အမ်ိဳးေတြေလ..။ အဲ့လိုလုပ္ပစ္ရတာေပါ့"
"Awwwww"
"အဲ့ထဲမွာ မင္းမပါဖို႔ ေမွ်ာ္လင့္ပါတယ္"
"အံမယ္ က်ေနာ့္ကို ဘာမ်ားထင္ေနလဲ?"
"ေအးပါ..ေတာ္ပါၿပီ။ ဟိုေန႔က ငါ့ပုခံုးေပၚငိုေနတဲ့ ကေလးနဲ႔မ်ားတျခားစီပဲ"
"ဘာ ကေလးလဲ?တကယ္တမ္းဆို က်ေနာ္က ခင္ဗ်ားနဲ႔ ၇ႏွစ္ပဲ ကြာတာ"
"၇ႏွစ္ကြာလည္း ငယ္တာကငယ္တာပဲ"
"ဟင္းးးးး.... မျငင္းဘူး။"
"ခုတေလာ စိတ္ထဲဘယ္လိုေနလဲ?ေပါ့ပါးလာၿပီလား?"
"နည္းနည္းေပါ့.....။Jeong Jaehyunႀကီး!"
"ဟင္!!"
"ေက်းဇူးတင္ပါတယ္"
"Ha ha ha ha ha ေအးပါ.."
Taeyong's POV END
***
Jaehyun's POV
ဒီတစ္လအတြင္းမွာ က်ေနာ္သိခဲ့ရတာ ႏွစ္ခု႐ွိတယ္။ပထမတစ္ခုက လူတစ္ေယာက္ကို အေပၚယံနဲ႔ မဆံုးျဖတ္ပါနဲ႔။ ေနာက္တစ္ခုက ေယာက္်ားေလးတစ္ေယာက္ကို တျခားေယာက္်ားေလးတစ္ေယာက္က ခ်စ္လို႔ရတယ္ဆိုတာ။
ဟုတ္တယ္ က်ေနာ္Taeyongေလးကို ခ်စ္မိေနၿပီ။
မသိဘူး ဘာေတြဘယ္လိုျဖစ္သြားလဲဆိုတာ က်ေနာ္မသိဘူး။ Johnnyက်ေနာ့္ကို သတိေပးခဲ့တုန္းက အမႈမဲ့အမွတ္မဲ့ ေနခဲ့လိုက္ေပမယ့္ အခု က်ေနာ္ကိုယ္တိုင္ေတာင္ မသိေတာ့ဘူး။
သူက်ေနာ့္ကို strawberry milkေတြ ေထြးသြားတဲ့ ေန႔ကစခဲ့တာလား၊ သူနဲ႔cafeမွာ ေတြ႔ခဲ့တုန္းကလား၊ သူငိုတာကို ထိုင္ေခ်ာ့ေပးခဲ့ရတုန္းကလား၊ သူ႔ကိုစာသင္ေပးေနရင္းနဲ႔လား က်ေနာ္တစ္ခုမွမသိေတာ့ဘူး။ က်ေနာ္သိတာတစ္ခုကေတာ့ က်ေနာ္ သူ႔အနားေရာက္ရင္ သူ႔ကိုယ္သင္းနံ႔ေလး ႐ွဴရတာ ႀကိဳက္တယ္။ က်ေနာ့္ႏွာေခါင္းနဲ႔ သူ႔ေခါင္းေလးနဲ႔က ကြက္တိျဖစ္ေနေတာ့ သူ႔ရဲ႕shampooနံ႔ေလးကို ခိုး႐ွဴမိတတ္ေနၿပီ။ တစ္ခါတစ္ခါဆို ေလာကႀကီးကို ေမ့ေအာင္အထိ သူ႔ကိုစိုက္ၾကည့္တတ္ေနၿပီ။ က်ေနာ္ကသူ႔ကို graphic designဘာသာရပ္နဲ႔ ပတ္သက္ၿပီး သင္ေပးတယ္။ သူက က်ေနာ့္ကို ႏွလံုးသားနဲ႔ပတ္သက္ၿပီး ျပန္သင္ေပးသြားတယ္။
ဒီေန႔က သူ႔အတြက္ D-day! နက္ျဖန္က ေနာက္ထပ္ D-day!စာေတြေတာ့ ရပီလို႔ေျပာတာပဲ။ သူတို႔ကတစ္ဘာသာတည္းေျဖရတာမွမဟုတ္တာ။ သူမရတာ majorပဲမရတာဆိုေတာ့ majorပဲသင္ေပးရတာေပါ့။
ခဏေနရင္ သူစင္ေပၚတက္ရေတာ့မွာ။ က်ေနာ့္ေ႐ွ႕မွာ အႀကိမ္ႀကိမ္ကျပၿပီးသားျဖစ္ေနေပမယ့္ လူအမ်ားႀကီးေ႐ွ႕မွာေတာ့ ပထမဆံုးေလ။ ခါတိုင္းနဲ႔မတူဘဲ ဒီေန႔သူ႔ရဲ႕ပံုစံေလးက ေကာင္းကင္မွာ အဆင္သင့္ေတာက္ပေတာ့မယ့္ ၾကယ္ေလးတစ္ပြင့္နဲ႔တူေနတယ္။ မိတ္ကပ္ေျပာင္ေျပာင္ေလးလိမ္းထားၿပီးေတာ့ မ်က္လံုးကိုလည္း ပိုၿပီးဆဲြေဆာင္မႈ႐ွိေအာင္ ျခယ္သထားတယ္။ ဆံပင္ကလည္း အရင္လိုသူ႔နဖူးေလးေပၚမွာ ဝဲက်မေနဘဲ ေခါင္းေပၚမွာ သိုသိုသိပ္သိပ္နဲ႔ ေနရာတက်႐ွိေနတယ္။
အခုဆို သူ အရမ္းစိတ္ေတြလႈပ္႐ွားေနပံုရတယ္။ သူ႔နားေနခန္းရဲ႕ ေခ်ာင္ေလးမွာ သြားထိုင္ၿပီး လက္သည္းေတြကိုက္ေနျပန္ၿပီ
"LEE TAEYONG!!!!လက္သည္းေတြကို!! ပဲ့ပါခ်င္လို႔လား"
က်ေနာ္လွမ္းေငါက္လိုက္ေတာ့ သူ႔လက္ေတြကို ေအာက္ခ်ၿပီး အျမန္ဖြက္လိုက္တယ္။က်ေနာ္လည္း ဒီbackstageမွာ ၾကာၾကာေနလို႔ မျဖစ္တာနဲ႔ သူ႔အနားကိုအခုပဲသြားလိုက္တယ္။
ေပါင္ေတြေရာ ဒူးေတြေရာလႈပ္ေနတာေတြက သူစိတ္မၿငိမ္ဘူးဆိုတာကို ေျပာျပေနတယ္။
"Hey! အကုန္အဆင္ေျပသြားမွာပါ"
က်ေနာ္ကအားေပးစကားေလးေျပာလိုက္ေတာ့ ေခါင္းေလးညိမ့္ျပၿပီး ခဏပဲၿငိမ္သြားတယ္။ ၿပီးေတာ့ က်ေနာ့္ကိုျပန္ၾကည့္လာၿပီး
"က်ေနာ့္ကို အာရံုစုစည္းႏိုင္ေအာင္ တစ္ခုခုေျပာေပးပါ့လား"
က်ေနာ္လည္း ေတြေဝမေနဘဲ သူ႔ကိုခ်က္ခ်င္းဖက္လိုက္ၿပီး သူ႔ နားရြက္နားေလးကို သြားၿပီး ခပ္တိုးတိုးေလးေျပာလိုက္တယ္
"ငါတို႔ Taeyongေလးက လုပ္နုိင္တယ္"
ဖက္ေနရာကေနခြာလိုက္ေတာ့ အေက်နပ္ဆံုးအျပံဳးေလးေတြနဲ႔ ျပန္ၾကည့္ေနတုန္း
*ယခု ဆက္လက္ယွဥ္ၿပိဳင္မွာကေတာ့ အမွတ္စဥ္ ၈ LEE TAEYONG!!!!!!!!*
သူ႔နာမည္ေခၚသံနဲ႔အတူ staffေတြကလည္း သူ႔ကိုလိုက္႐ွာေနပံုရပါတယ္။ သူလည္း က်ေနာ့္ေတာင္ ႏႈတ္မဆက္ေတာ့ဘဲ အေျပးအလႊား စင္ေပၚကိုတက္သြားတယ္။
က်ေနာ္ကေတာ့ ဟန္မပ်က္ဘဲ အေနာက္ထြက္ေပါက္ကေန စင္ေ႐ွ႕က အဆင္သင့္႐ွိေနတဲ့ ခံုမွာဝင္ထိုင္လိုက္တယ္။
လူေတြအမ်ားႀကီးက သူ႔နာမည္ကို ေအာ္ဟစ္ေနၾကၿပီးေတာ့ သူကေတာ့ စင္ေပၚမွာ အလင္းဆံုး ေတာက္ပေနတယ္။ သူ႔အလွည့္လည္းၿပီးသြားေရာ..စင္ေအာက္ကိုတန္းေျပးေတာ့တာပဲ..MCက လိုက္ဖမ္းလို႔သာ ျပန္ေရာက္လာတာ။ ဒါနဲ႔ပဲ ေမးခြန္းေတြေမးၾကရင္းနဲ႔ ေနာက္ဆံုး judgeေတြရဲ႕ commentေတြအလွည့္ေရာက္လာေတာ့ မဆိုးပါဘူး။ သူ႔အတြက္commentေတြကေတာ့။ က်ေနာ္ကdanceပိုင္းကိုနားမလည္ေတာ့ ဝင္ေျပာလို႔မရဘူးျဖစ္ေနတယ္။ ကေလးရဲ႕ မ်က္ႏွာကိုၾကည့္လိုက္ေတာ့ သိပ္ဘဝင္မက်တာကို ေတြ႔ေနရတယ္
ဒီလိုနဲ႔ပဲ marksေတြစေရၾကေတာ့
Taemin: 92
Sicheng: 97
Gikwang:91
Hoya:88
Hwidong:90
Audience: 98
Total: 556 ရတာေပါ့ဗ်ာ။ လက္႐ွိမွာ သူက အကုန္လံုးထဲမွာ တတိယေနရာကို ရေနတာ။ ဒါေပမယ့္ က်ေနာ္စိတ္မပူဘူး online votingမွာ သူလံုးဝအေျခအေနေကာင္းမွာေလ။ ဘာလို႔ဆို videoေတြတင္ကတည္းကိုက သူက အေျခအေနေကာင္းၿပီးသားပဲကို။ က်ေနာ္ကေတာ့ သူ႔ကိုယံုတယ္
အခ်ိန္ေတြလည္း တျဖည္းျဖည္းကုန္လာၿပီ။ ေနာက္ဆံုး ေၾကျငာမယ့္အခ်ိန္ကိုေရာက္ေနၿပီ၊ သူတို႔က ၇ေယာက္ကို ဆဲြထုတ္ၿပီး အဲ့၇ေယာက္ထဲကမွ အဆင့္ ၃၊ ၄၊ ၅ ကိုေပးၿပီးၿပီ
က်န္ေတာ့တာက အဆင့္ ၁နဲ႔ ၂ပဲ။ က်ေနာ့္ကေလးက အဲ့ထဲမွာ ပါေနတယ္။ ဆိုလိုခ်င္တာကေတာ့ သူ၁ရရင္ရ မရရင္ ၂ရ။ ဒါေတြမွမဟုတ္ရင္ေတာ့ တစ္ခုမွမရေတာ့ဘူးပဲ
ေနာက္ဆံုး ၂ကိုေပးၿပီး ၁ပဲက်န္ေတာ့တဲ့ အခ်ိန္မွာ ကေလးက မ်က္လံုးထဲမွာ မ်က္ရည္ေတြျပည့္ေနၿပီ။ ငိုလုနီးပါးျဖစ္ေနၿပီ။ မီးေတြက ဘက္ေပါင္းစံုကထိုးေနေတာ့ အလင္းျပန္အားနဲ႔ သူ႔မ်က္ရည္ေတြက အတုိင္းသားျမင္ေနရတယ္။
အဆင့္ ၁ကို ေၾကျငာေတာ့မယ့္ အခ်ိန္မွာ က်ေနာ့္နားထဲမွာ Lee Taeyong! Lee Taeyong!ကိုပဲ ၾကားေနရတယ္။ တကယ္လည္းမွန္ခဲ့ပါတယ္
သူ ရခဲ့ပါတယ္။ ထင္တဲ့အတိုင္းပဲ သူ႔မ်က္ေတာင္ေတြကိုခတ္ခ်လိုက္ေတာ့ တင္ေနတဲ့ မ်က္ရည္ေတြအကုန္ေအာက္ကိုျပဳတ္က်လာတယ္။ က်ေနာ္ကေတာ့ မငိုႏိုင္ပါဘူး။ သူ႔ကိုအားေပးခဲ့တဲ့က်ေနာ္ကပါ ငိုေနရင္ သူဘယ္လိုလုပ္အငိုတိတ္ေတာ့မလဲ?ေနာက္ဆံုးေက်းဇူးတင္စကားေျပာတဲ့အခ်ိန္
"အရင္ဆံုး...က်ေနာ့္ကိုေမြးဖြားေပးခဲ့တဲ့ အေဖနဲ႔အေမကို ေက်းဇူးတစ္သန္းပါ။ ဒီၿပိဳင္ပဲြကို ၿပိဳင္ေအာင္လုပ္ေပးခဲ့တဲ့ သူငယ္ခ်င္းေတြကိုလည္း ေက်းဇူးအရမ္းတင္ပါတယ္။ က်ေနာ့္ကိုvoteေပးခဲ့ၾကတဲ့ ပရိသတ္ေတြ၊ အကဲျဖတ္ေပးတဲ့ judgeေတြ ေက်းဇူးအရမ္းတင္ပါတယ္။ ေနာက္ဆံုး လြန္ခဲ့တဲ့၂ပတ္လံုးမွာ က်ေနာ့္ေဘးမွာ ေတာက္ေလွ်ာက္႐ွိေနေပးခဲ့တဲ့ က်ေနာ့္ရဲ႕ သူငယ္ခ်င္းသစ္ႀကီးကိုလည္းေက်းဇူးတင္ပါတယ္"
သူက က်ေနာ့္ကို သူငယ္ခ်င္းသစ္ႀကီးတဲ့...အားးး ခ်စ္ဖို႔ေကာင္းလိုက္တာ...။
Backstageေရာက္ေတာ့ သူ႔သူငယ္ခ်င္းေလးေတြလည္း ဘယ္ကေပၚလာၾကလဲမသိ။ သူနဲ႔ဖက္ေနၾကတယ္။ က်ေနာ့္ကိုျမင္ေတာ့ ေခါင္းေလးတစ္ခ်က္ပဲညိတ္ျပၿပီး ခဏေလးလို႔ signေလးလုပ္ျပတယ္
Jaehyun's POV END
---
°Unicode°
Taeyong's POV
ကျနော် ဟိုလူကြီး Jeong Jaehyunနဲ့ စကားပြောလိုက်တာ မှန်သွားတယ်။ သူနဲ့ပြောပြီးတဲ့နောက်ပိုင်း ကိုယ့်ကိုကိုယ် အားတွေရှိလာတယ်။ ယုံကြည်မှုလည်း ရှိလာတယ်။ ပြီးတော့ Jazzကလည်း ထင်သလောက်မခက်ဘူးရယ် hee
အခုဆို ပြိုင်ဖို့ ၃ရက်ပဲလိုတော့တယ် စာမေးပွဲဖြေဖို့ကတော့ ၄ရက်ပေါ့ဗျာ။
တစ်နေ့ထက်တစ်နေ့ ကိုယ့်အကတွေကလည်း ပိုကောင်းလာတယ်ထင်တာပါပဲ။ စာကလည်း Jaehyunကြီးနဲ့ သင်နေရတော့ အသင်လွယ်သလိုပဲ။
ကျနော့်သူငယ်ချင်းတွေနဲ့တောင် မတွေ့ရတာကြာနေပြီ။ Jaehyunက မတွေ့နဲ့တဲ့လေ။ အာရုံများလိမ့်မယ်တဲ့။ သူလည်း ဘယ်လိုလူကြီးလဲတော့ မသိဘူး။ ထူးတော့ထူးဆန်းတယ်။ ကျနော်ကို သတ်မယ်ဖြဲမယ်ဆိုပြီး ကြည့်ခဲ့တာမှမကြာသေးဘူး။ အခု အစစအရာရာ သူကပဲလုပ်ပေးနေတာ။
စာသင်တာ ၂နာရီလောက်ရှိနေပြီဆိုတော့ ကျနော်လည်းပျင်းလာပြီ။ ကျနော်တစ်ချက်သန်းလိုက်မိတော့ ခေါင်းကိုလာပုတ်ပြီး ခဏလေးပဲတဲ့။ ကျနော်ကတော့ ခဏလို့မရတော့ပါဘူးနော်။
"ခင်ဗျားကလေ မလုပ်တတ်တာ ဘာရှိလဲဟင်"
"ဘာတွေလာမေးနေတာလဲ?"
"ဟုတ်တယ်လေ..ဘက်စုံတော်နေတာကိုး။ ရုပ်အဆင်းကလည်း ခြောက်ပြစ်ကင်းသဲလဲစင်၊ ခန္ဓာကိုယ်အနေအထား အသားအရေ အကုန်ပါပဲ ပြည့်စုံနေတာ။ အားကစားလည်း လာထား ဟုတ်တယ်မို့လား။ ဟင်းချက်တာရော?ရမှာပါပဲ...ခင်ဗျားကိုသာ သမက်တော်ရရင် အဲ့အမေကြီးတော့ တော်တော်ပျော်မှာပဲ"
"ဟုတ်လား "
"ဒါပေါ့..ခုလည်း ကြည့်လေ ခင်ဗျားက businessနဲ့ ကျောင်းပြီးတာမို့လား? အဲ့ဒါကို graphic designက ကျောင်းသားကို စာလာသင်ပေးနေတယ်။ မမိုက်ဘူးလား?"
"ဟုတ်ပါပြီ"
ကျနော်ပြောတာကို ကောင်းကောင်းမတုံ့ပြန်ဘဲနဲ့ အင်းအဲ လုပ်နေတာ။ မကြိုက်ပါဘူး။ ဒါမျိုးတွေ။
"Jaehyun-sshi ကျနော်တို့ရင်းနှီးသွားပြီမို့လား?"
"အင်....အဲ့လိုပြောလို့ရပါတယ်"
"အာ...ဘာလဲ? ကောင်းကောင်းဖြေပါ..ကျနော်ကနော် ဘယ်သူ့မှပြောမပြတဲ့ secretကြီးကို ခင်ဗျားကိုပြောပြထားတာကို"
"အင်း ရင်းနှီးသွားပြီ"
"အဲ့ဒါဆိုလေ ခင်ဗျားအသက်လေးပြောပြပါ့လား??"
"A ha ha ha ha ha"
"အောင်မယ်လေး တစ်မိုးအောက် Jeong Jaehyunက ဒီလိုလည်း ရယ်တတ်တာလား?အဲ့ဒါများဘာလို့ တောက်လျှောက်လူ့ဂွစာကြီးလိုနေလာတာလဲ? မသိရင် Dr. Strange တပည့်ကြီးကျလို့ရောပဲ။ အချိန် အချိန် အချိန်နဲ့ နေတာပဲ"
"ငါက...အသက် ၃၀ရှိပြီ။ ငယ်ငယ်လေးနဲ့ CEOရာထူးရတယ် companyအကြီးကြီးမှာ လုပ်ရတယ်ဆိုတော့ ဘယ်သူမှမလေးစားမှာစိုးလို့ ငါ့ကိုလေးစားအောင်နေပေးရတာ...။ လူတွေက ကောင်းပေးရင် ခေါင်းပေါ်ချီးတက်ပါတဲ့ အမျိုးတွေလေ..။ အဲ့လိုလုပ်ပစ်ရတာပေါ့"
"Awwwww"
"အဲ့ထဲမှာ မင်းမပါဖို့ မျှော်လင့်ပါတယ်"
"အံမယ် ကျနော့်ကို ဘာများထင်နေလဲ?"
"အေးပါ..တော်ပါပြီ။ ဟိုနေ့က ငါ့ပုခုံးပေါ်ငိုနေတဲ့ ကလေးနဲ့များတခြားစီပဲ"
"ဘာ ကလေးလဲ?တကယ်တမ်းဆို ကျနော်က ခင်ဗျားနဲ့ ၇နှစ်ပဲ ကွာတာ"
"၇နှစ်ကွာလည်း ငယ်တာကငယ်တာပဲ"
"ဟင်းးးးး.... မငြင်းဘူး။"
"ခုတလော စိတ်ထဲဘယ်လိုနေလဲ?ပေါ့ပါးလာပြီလား?"
"နည်းနည်းပေါ့.....။Jeong Jaehyunကြီး!"
"ဟင်!!"
"ကျေးဇူးတင်ပါတယ်"
"Ha ha ha ha ha အေးပါ.."
Taeyong's POV END
***
Jaehyun's POV
ဒီတစ်လအတွင်းမှာ ကျနော်သိခဲ့ရတာ နှစ်ခုရှိတယ်။ပထမတစ်ခုက လူတစ်ယောက်ကို အပေါ်ယံနဲ့ မဆုံးဖြတ်ပါနဲ့။ နောက်တစ်ခုက ယောက်ျားလေးတစ်ယောက်ကို တခြားယောက်ျားလေးတစ်ယောက်က ချစ်လို့ရတယ်ဆိုတာ။
ဟုတ်တယ် ကျနော်Taeyongလေးကို ချစ်မိနေပြီ။
မသိဘူး ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ ကျနော်မသိဘူး။ Johnnyကျနော့်ကို သတိပေးခဲ့တုန်းက အမှုမဲ့အမှတ်မဲ့ နေခဲ့လိုက်ပေမယ့် အခု ကျနော်ကိုယ်တိုင်တောင် မသိတော့ဘူး။
သူကျနော့်ကို strawberry milkတွေ ထွေးသွားတဲ့ နေ့ကစခဲ့တာလား၊ သူနဲ့cafeမှာ တွေ့ခဲ့တုန်းကလား၊ သူငိုတာကို ထိုင်ချော့ပေးခဲ့ရတုန်းကလား၊ သူ့ကိုစာသင်ပေးနေရင်းနဲ့လား ကျနော်တစ်ခုမှမသိတော့ဘူး။ ကျနော်သိတာတစ်ခုကတော့ ကျနော် သူ့အနားရောက်ရင် သူ့ကိုယ်သင်းနံ့လေး ရှူရတာ ကြိုက်တယ်။ ကျနော့်နှာခေါင်းနဲ့ သူ့ခေါင်းလေးနဲ့က ကွက်တိဖြစ်နေတော့ သူ့ရဲ့shampooနံ့လေးကို ခိုးရှူမိတတ်နေပြီ။ တစ်ခါတစ်ခါဆို လောကကြီးကို မေ့အောင်အထိ သူ့ကိုစိုက်ကြည့်တတ်နေပြီ။ ကျနော်ကသူ့ကို graphic designဘာသာရပ်နဲ့ ပတ်သက်ပြီး သင်ပေးတယ်။ သူက ကျနော့်ကို နှလုံးသားနဲ့ပတ်သက်ပြီး ပြန်သင်ပေးသွားတယ်။
ဒီနေ့က သူ့အတွက် D-day! နက်ဖြန်က နောက်ထပ် D-day!စာတွေတော့ ရပီလို့ပြောတာပဲ။ သူတို့ကတစ်ဘာသာတည်းဖြေရတာမှမဟုတ်တာ။ သူမရတာ majorပဲမရတာဆိုတော့ majorပဲသင်ပေးရတာပေါ့။
ခဏနေရင် သူစင်ပေါ်တက်ရတော့မှာ။ ကျနော့်ရှေ့မှာ အကြိမ်ကြိမ်ကပြပြီးသားဖြစ်နေပေမယ့် လူအများကြီးရှေ့မှာတော့ ပထမဆုံးလေ။ ခါတိုင်းနဲ့မတူဘဲ ဒီနေ့သူ့ရဲ့ပုံစံလေးက ကောင်းကင်မှာ အဆင်သင့်တောက်ပတော့မယ့် ကြယ်လေးတစ်ပွင့်နဲ့တူနေတယ်။ မိတ်ကပ်ပြောင်ပြောင်လေးလိမ်းထားပြီးတော့ မျက်လုံးကိုလည်း ပိုပြီးဆွဲဆောင်မှုရှိအောင် ခြယ်သထားတယ်။ ဆံပင်ကလည်း အရင်လိုသူ့နဖူးလေးပေါ်မှာ ဝဲကျမနေဘဲ ခေါင်းပေါ်မှာ သိုသိုသိပ်သိပ်နဲ့ နေရာတကျရှိနေတယ်။
အခုဆို သူ အရမ်းစိတ်တွေလှုပ်ရှားနေပုံရတယ်။ သူ့နားနေခန်းရဲ့ ချောင်လေးမှာ သွားထိုင်ပြီး လက်သည်းတွေကိုက်နေပြန်ပြီ
"LEE TAEYONG!!!!လက်သည်းတွေကို!! ပဲ့ပါချင်လို့လား"
ကျနော်လှမ်းငေါက်လိုက်တော့ သူ့လက်တွေကို အောက်ချပြီး အမြန်ဖွက်လိုက်တယ်။ကျနော်လည်း ဒီbackstageမှာ ကြာကြာနေလို့ မဖြစ်တာနဲ့ သူ့အနားကိုအခုပဲသွားလိုက်တယ်။
ပေါင်တွေရော ဒူးတွေရောလှုပ်နေတာတွေက သူစိတ်မငြိမ်ဘူးဆိုတာကို ပြောပြနေတယ်။
"Hey! အကုန်အဆင်ပြေသွားမှာပါ"
ကျနော်ကအားပေးစကားလေးပြောလိုက်တော့ ခေါင်းလေးညိမ့်ပြပြီး ခဏပဲငြိမ်သွားတယ်။ ပြီးတော့ ကျနော့်ကိုပြန်ကြည့်လာပြီး
"ကျနော့်ကို အာရုံစုစည်းနိုင်အောင် တစ်ခုခုပြောပေးပါ့လား"
ကျနော်လည်း တွေဝေမနေဘဲ သူ့ကိုချက်ချင်းဖက်လိုက်ပြီး သူ့ နားရွက်နားလေးကို သွားပြီး ခပ်တိုးတိုးလေးပြောလိုက်တယ်
"ငါတို့ Taeyongလေးက လုပ်နိုင်တယ်"
ဖက်နေရာကနေခွာလိုက်တော့ အကျေနပ်ဆုံးအပြုံးလေးတွေနဲ့ ပြန်ကြည့်နေတုန်း
*ယခု ဆက်လက်ယှဉ်ပြိုင်မှာကတော့ အမှတ်စဉ် ၈ LEE TAEYONG!!!!!!!!*
သူ့နာမည်ခေါ်သံနဲ့အတူ staffတွေကလည်း သူ့ကိုလိုက်ရှာနေပုံရပါတယ်။ သူလည်း ကျနော့်တောင် နှုတ်မဆက်တော့ဘဲ အပြေးအလွှား စင်ပေါ်ကိုတက်သွားတယ်။
ကျနော်ကတော့ ဟန်မပျက်ဘဲ အနောက်ထွက်ပေါက်ကနေ စင်ရှေ့က အဆင်သင့်ရှိနေတဲ့ ခုံမှာဝင်ထိုင်လိုက်တယ်။
လူတွေအများကြီးက သူ့နာမည်ကို အော်ဟစ်နေကြပြီးတော့ သူကတော့ စင်ပေါ်မှာ အလင်းဆုံး တောက်ပနေတယ်။ သူ့အလှည့်လည်းပြီးသွားရော..စင်အောက်ကိုတန်းပြေးတော့တာပဲ..MCက လိုက်ဖမ်းလို့သာ ပြန်ရောက်လာတာ။ ဒါနဲ့ပဲ မေးခွန်းတွေမေးကြရင်းနဲ့ နောက်ဆုံး judgeတွေရဲ့ commentတွေအလှည့်ရောက်လာတော့ မဆိုးပါဘူး။ သူ့အတွက်commentတွေကတော့။ ကျနော်ကdanceပိုင်းကိုနားမလည်တော့ ဝင်ပြောလို့မရဘူးဖြစ်နေတယ်။ ကလေးရဲ့ မျက်နှာကိုကြည့်လိုက်တော့ သိပ်ဘဝင်မကျတာကို တွေ့နေရတယ်
ဒီလိုနဲ့ပဲ marksတွေစရေကြတော့
Taemin: 92
Sicheng: 97
Gikwang:91
Hoya:88
Hwidong:90
Audience: 98
Total: 556 ရတာပေါ့ဗျာ။ လက်ရှိမှာ သူက အကုန်လုံးထဲမှာ တတိယနေရာကို ရနေတာ။ ဒါပေမယ့် ကျနော်စိတ်မပူဘူး online votingမှာ သူလုံးဝအခြေအနေကောင်းမှာလေ။ ဘာလို့ဆို videoတွေတင်ကတည်းကိုက သူက အခြေအနေကောင်းပြီးသားပဲကို။ ကျနော်ကတော့ သူ့ကိုယုံတယ်
အချိန်တွေလည်း တဖြည်းဖြည်းကုန်လာပြီ။ နောက်ဆုံး ကြေငြာမယ့်အချိန်ကိုရောက်နေပြီ၊ သူတို့က ၇ယောက်ကို ဆွဲထုတ်ပြီး အဲ့၇ယောက်ထဲကမှ အဆင့် ၃၊ ၄၊ ၅ ကိုပေးပြီးပြီ
ကျန်တော့တာက အဆင့် ၁နဲ့ ၂ပဲ။ ကျနော့်ကလေးက အဲ့ထဲမှာ ပါနေတယ်။ ဆိုလိုချင်တာကတော့ သူ၁ရရင်ရ မရရင် ၂ရ။ ဒါတွေမှမဟုတ်ရင်တော့ တစ်ခုမှမရတော့ဘူးပဲ
နောက်ဆုံး ၂ကိုပေးပြီး ၁ပဲကျန်တော့တဲ့ အချိန်မှာ ကလေးက မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေပြီ။ ငိုလုနီးပါးဖြစ်နေပြီ။ မီးတွေက ဘက်ပေါင်းစုံကထိုးနေတော့ အလင်းပြန်အားနဲ့ သူ့မျက်ရည်တွေက အတိုင်းသားမြင်နေရတယ်။
အဆင့် ၁ကို ကြေငြာတော့မယ့် အချိန်မှာ ကျနော့်နားထဲမှာ Lee Taeyong! Lee Taeyong!ကိုပဲ ကြားနေရတယ်။ တကယ်လည်းမှန်ခဲ့ပါတယ်
သူ ရခဲ့ပါတယ်။ ထင်တဲ့အတိုင်းပဲ သူ့မျက်တောင်တွေကိုခတ်ချလိုက်တော့ တင်နေတဲ့ မျက်ရည်တွေအကုန်အောက်ကိုပြုတ်ကျလာတယ်။ ကျနော်ကတော့ မငိုနိုင်ပါဘူး။ သူ့ကိုအားပေးခဲ့တဲ့ကျနော်ကပါ ငိုနေရင် သူဘယ်လိုလုပ်အငိုတိတ်တော့မလဲ?နောက်ဆုံးကျေးဇူးတင်စကားပြောတဲ့အချိန်
"အရင်ဆုံး...ကျနော့်ကိုမွေးဖွားပေးခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးတစ်သန်းပါ။ ဒီပြိုင်ပွဲကို ပြိုင်အောင်လုပ်ပေးခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ ကျနော့်ကိုvoteပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ အကဲဖြတ်ပေးတဲ့ judgeတွေ ကျေးဇူးအရမ်းတင်ပါတယ်။ နောက်ဆုံး လွန်ခဲ့တဲ့၂ပတ်လုံးမှာ ကျနော့်ဘေးမှာ တောက်လျှောက်ရှိနေပေးခဲ့တဲ့ ကျနော့်ရဲ့ သူငယ်ချင်းသစ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်"
သူက ကျနော့်ကို သူငယ်ချင်းသစ်ကြီးတဲ့...အားးး ချစ်ဖို့ကောင်းလိုက်တာ...။
Backstageရောက်တော့ သူ့သူငယ်ချင်းလေးတွေလည်း ဘယ်ကပေါ်လာကြလဲမသိ။ သူနဲ့ဖက်နေကြတယ်။ ကျနော့်ကိုမြင်တော့ ခေါင်းလေးတစ်ချက်ပဲညိတ်ပြပြီး ခဏလေးလို့ signလေးလုပ်ပြတယ်
Jaehyun's POV END