Uncle Jae (Complete)

By SueShaMay321

36.3K 3.4K 338

Zaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂ်ယ္လို႔... Jaehyun: ဒီကေလးေတာ့!!! ×× Taeyong: ဦးဂျယ်လ... More

Uncle Jae - A/N
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (8)
Part (9) March 20 & March 21, 2014
Part (10)
Part (11) May 16, 2014
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)

Part (7)

793 103 0
By SueShaMay321

Taeyong's POV

ၿပိဳင္ပဲြကိုေရာက္ဖို႔ ၁ပတ္ပဲ က်န္ေတာ့သလို စာေမးပဲြကိုေရာက္ဖို႔လည္း ထိုနည္းလည္းေကာင္းပဲ။
က်ေနာ္...မရေတာ့ဘူး။ Jazzက အရင္ကတည္းက က်ေနာ္ တစ္ခါမွမကဖူးဘူး။ Tenကိုယ္တိုင္ေတာင္ က်ေနာ့္ကိုေကာင္းေကာင္းမသင္ႏိုင္ေတာ့ဘူး။ ခုခ်ိန္မွာ ဆရာေျပး႐ွာၿပီး သင္မယ္ဆိုလည္း က်ေနာ့္မွာ ပိုက္ဆံမွေကာင္းေကာင္းမ႐ွိဘဲ...

ဒီသီခ်င္းနဲ႔ ဒီကကြက္ကေလး ၃မိနစ္စာကိုတင္ ေလ့က်င့္လာတာ ၄ရက္႐ွိေနၿပီ။ ဘယ္လိုမွအားမရဘူး။ တအားစိတ္ပ်က္ေနၿပီ။ သိတယ္ ဒီ့ထက္ပိုလုပ္မွ judgeေတြစိတ္ကို ဖမ္းႏိုင္မွာ။ အခုက ဒီဟာေလးကိုေတာင္ က်ေနာ္မရတာ ေနာက္အသစ္ကိုဆက္သစ္လို႔ကေတာ့ အိတ္ေပါက္နဲ႔ ဖားေကာက္ေနတဲ့ အတိုင္းျဖစ္ေနမွာပဲ

ေနာက္တစ္ႀကိမ္ အားတင္းၿပီး က်ေနာ္ကၾကည့္တယ္။ သီခ်င္းသံလည္းဆံုးေရာ တစ္ကိုယ္လံုးေပ်ာ့ေခြလာၿပီး အခန္းေထာင့္နားကိုအျမန္ေျပးသြားလိုက္တယ္။
ေနာက္ဆံုးေတာ့ က်ေနာ့္ရဲ႕ ခ်ဳပ္တည္းထားတဲ့ မ်က္ရည္ေတြကိုလႊတ္ခ်လိုက္တယ္။ က်ေနာ့္ကိုယ့္ကိုကိုယ္အားမရဘူး ဘယ္ေတာ့မွအားမရဘူး။ တကယ္လည္းဟုတ္တာပဲ က်ေနာ္ကိုယ္တိုင္ကိုက တစ္ခုခုလုပ္ရင္ အျမဲလိုအပ္ခ်က္ေတြနဲ႔ျဖစ္ေနတာ။ ဒီလိုျဖစ္ေနတဲ့ ကိုယ့္ကိုကိုယ္ အရမ္းမုန္းတယ္။
အခန္းေထာင့္မွာ ငိုေနတဲ့က်ေနာ့္ကို ဘယ္သူမွမေတြ႔ပါေစနဲ႔။ ဒီေန႔Tenကိုေစာေစာျပန္လႊတ္လိုက္တာ မွန္တယ္။ ဘာလို႔ဆို က်ေနာ့္ရဲ႕ ဒီလိုပံုစံကို ဘယ္သူ႔ကိုမွ မျပခ်င္ဘူး။
ဦးထုပ္ကိုေခါင္းေပၚမွာ တင္းက်ပ္ေနေအာင္ ေဆာင္းထားၿပီး ဦးထုပ္ေအာက္ကေနပဲ ငိုေနလိုက္ေတာ့တယ္။
ခဏေနေတာ့ dance roomရဲ႕ တံခါးပြင့္လာတာကို က်ေနာ္မွန္ထဲကတစ္ဆင့္ျမင္လိုက္ရလို႔ က်ေနာ့္မ်က္ရည္ေတြကိုသုတ္ၿပီးထၾကည့္လိုက္တယ္

Taeyong's POV END

                                     ***

Jaehyun's POV

Markကိုသြားႀကိဳတာ ေသာက္ကေလးေလးက ဖုန္းလည္း မကိုင္ေတာ့ သူတို႔ေက်ာင္းထဲဝင္႐ွာရေတာ့တာေပါ့။
က်ေနာ္ကလည္း..သိတဲ့အတိုင္းေပါ့ဗ်ာ...အခ်ိန္ကုန္မခံႏိုင္လို႔ ဝင္႐ွာရတာ..
ေက်ာင္းက က်ေနာ္တို႔ တက္ခဲ့တုန္းကအတိုင္းပဲ ဘာမွမေျပာင္းလဲဘူး။ အပင္ေလးေတြနည္းနည္းမ်ားလာတာလဲြလို႔ေပါ့။ တျဖည္းျဖည္းေလွ်ာက္ရင္းနဲ႔ ေက်ာင္းရဲ႕ အေနာက္ေပါက္နားေတာင္ ေရာက္ေတာ့မယ္။ ဘယ္သူမွမ႐ွိဘဲ တိတ္ဆိတ္ေနတဲ့တစ္ေက်ာင္းလံုးမွာ သီခ်င္းသံတစ္ခုပ်ံ႕လႊင့္လာတယ္။ Jazz သီခ်င္းသံ။
က်ေနာ္ေဘးဘီကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ ဟုတ္ပါတယ္ က်ေနာ္တို႔တုန္းက dance roomေလးက အခုထိ ဒီတိုင္းေလးပါပဲ။

က်ေနာ္မေရာက္ခင္ သီခ်င္းသံကေတာ့ ရပ္သြားၿပီ။ တဲခါးကိုဖြင့္လိုက္ေတာ့ ဘယ္သူမွမ႐ွိဘူးပဲ။ မွန္နဲ႔က်ေနာ္နဲ႔က မ်က္ႏွာခ်င္းဆိုင္ဆိုေတာ့ မွန္ထဲကိုၾကည့္လိုက္ေတာ့ ေထာင့္နားမွာ ေကာင္ေလးတစ္ေယာက္ ဦးထုပ္ေလးနဲ႔ ငုတ္တုတ္ထိုင္ေနတယ္။ ခဏေနေတာ့ သူလည္း ထလာတယ္ က်ေနာ့္ကိုျမင္သြားတာျဖစ္မွာေပါ့။ က်ေနာ္လည္း Markကို ေမးလို႔ရလိုရျငား အခန္းထဲဝင္သြားလိုက္ေတာ့ ေကာင္ေလးက က်ေနာ့္ကို မွတ္မိတဲ့ပံုနဲ႔ ကိုယ္ေလးကိုကိုင္းၿပီး ႏႈတ္ဆက္တယ္။ က်ေနာ္လည္း ဘာေျပာရမယ္မွန္းကိုမသိဘူး က်ေနာ္မွသူ႔ကိုမသိတာ။ ၿပီးေတာ့ ဦးထုပ္ႀကီးေဆာင္းထားတာေလ။

"ဟိုဟာ...Mark႐ွိလား မသိဘူး"

ေကာင္ေလးက ေတာ္ေတာ္နဲ႔ျပန္မေျဖဘဲ ေနာက္ဆံုးမွ ႏွာေခါင္းကို႐ွံု႕ၿပီးျပန္ေျဖ႐ွာတယ္။

"Markက ျပန္သြားၿပီ မဟုတ္ဘူးလားဗ်"

သူ႔အသံေတြက တုန္ေနတယ္။ဦးထုပ္နဲ႔ဖုံးေနလို႔ သူ႔မ်က္လံုးေတြကိုမျမင္ရဘဲ ပါးေတြကိုသာျမင္ေနရတယ္။
ပါးႏွစ္ဖက္ကလည္း နီရဲစက္လို႔။ ဘာေတြမ်ားျဖစ္ထားတာလည္း မသိဘူး။

"ဟုတ္လား.အစ္ကိုဖုန္းဆက္တာလည္းမရဘူး။သူ႔ကိုေတြ႔ရင္ေျပာေပးပါဦး။ သူ႔အစ္ကို႐ွာေနတယ္လို႔"

"ဟုတ္ကဲ့"

က်ေနာ့္ကိုျပန္ခါးကိုင္း ႏႈတ္ဆက္ၿပီး ေနာက္ျပန္လွည့္သြားကာ ဆန္႔က်င္ဘက္ေထာင့္က သူ႔လြယ္အိတ္ကေလးကိုသြားယူေနတယ္။ က်ေနာ္လည္း ဟိုဘက္လွည့္မယ့္ အလုပ္မွာ ေကာင္ေလးက ယိုင္က်သြားေတာ့မလိုျဖစ္တာမို႔ သူ႔ကို ထိန္းေပးလိုက္ရတယ္

💭ဟာ..အ႐ိုးေတြခ်ည္းပဲ💭

က်ေနာ္က အေနာက္ကေနေျပးလာၿပီး ထိန္းေပးလိုက္ရတာျဖစ္လို႔ ထိန္းေပးရင္း က်ေနာ့္အ႐ွိန္က်ေနာ္မထိန္းႏိုင္ဘဲ ေ႐ွ႕နည္းနည္းေရာက္သြားၿပီး က်ေနာ့္ေခါင္းနဲ႔ သူ႔ဦးထုပ္ေ႐ွ႕ဖ်ားနဲ႔ထိၿပီး ဦးထုပ္ကြၽတ္သြားပါေလေရာ
က်ေနာ္လည္း သူ႔ကိုမၾကည့္ႏိုင္ဘဲ ဦးထုပ္ကိုေကာက္ၿပီးေပးမယ္လုပ္ေတာ့

"Taeyong??"

ဒီေကာင္ေလးျဖစ္ေနတယ္။ ညေနႀကီးထိ ေက်ာင္းႀကီးမွာတစ္ေယာက္တည္း။ ၿပီးေတာ့ သူ႔မ်က္လံုးေတြက မို႔ေဖာင္းေနတာပဲ။

"Taeyong..မင္း ငိုထားတာလား"

"..."

က်ေနာ့္ကိုဘာမွမေျပာဘဲ ဦးထုပ္ကိုသာ ျပန္ေတာင္းေနတယ္။ ခါတိုင္းဆို က်ေနာ္ဘာမွဝင္မေျပာဘဲ ဦးထုပ္ေပးၿပီး ထြက္သြားလိုက္ခ်င္ေပမယ့္ ဟိုတစ္ေန႔က Markေျပာခဲ့တဲ့ စကားေတြက နားထဲမွာ တစ္ဝဲဝဲျပန္ၾကားလာရတယ္။

"Taeyong..ဘာေတြျဖစ္ထားတာလဲ ေျပာ"

"ဘာ...ဘာမွမဟုတ္ဘူး"

အသံေလးကို ေသးေသးေလးပဲက်န္ေတာ့တယ္။ အဲ့ဒါနဲ႔က်ေနာ္လည္း သူ႔ကို မွီစရာတစ္ခုခုေလး႐ွိေအာင္ဆိုၿပီး နံရံနားေခၚသြားလိုက္တယ္။ ၿပီးေတာ့ က်ေနာ္ကလည္း ေဘးမွာဝင္ထိုင္ၿပီး ေရကို ပါးစပ္ထဲဝင္ေအာင္မနည္းတိုက္ၿပီး စစ္ေတာ္မူရေတာ့တယ္

"ဘာေတြျဖစ္ခဲ့တာလဲ ေျပာ.."

သူက ေခါင္းသာရမ္းျပၿပီး ဒီတိုင္းႀကီးေနေနေတာ့တယ္။

"Taeyong မင္းဒီအခ်ိန္မွာ ငါ့ကိုမေျပာရင္ မင္းဘယ္သူ႔သြားေျပာမွာလဲ? ဒါမ်ိဳးဆိုတာ မ်ိဳသိပ္မထားနဲ႔။ ငါလည္းမင္းအရြယ္က ႀကီးလာတာပါ။ ငါအကုန္နားလည္ေပးႏိုင္တယ္ ေျပာ!"

က်ေနာ့္ေလသံမာသြားလို႔လား သူကပဲ ဝမ္းနည္းေနတဲ့အခ်ိန္မို႔လို႔လားမသိဘူး က်ေနာ္လည္း ေျပာၿပီးေရာ ခ်ံဳးပဲြခ်ငိုေတာ့တာပဲ။

႐ိႈက္ႀကီးတငင္ ငိုေနတဲ့ သူ႔ကိုျမင္ေတာ့ က်ေနာ္လည္း စိတ္ထဲ အားနာသလိုျဖစ္လာတာနဲ႔ က်ေနာ့္ပုခံုးေပၚကို သူ႔ေခါင္းေလး ဆဲြတင္လိုက္တယ္။ အမေလး ကိုယ္ေတာ္ေလးက က်ေနာ့္ပုခံုးေပၚ ေရာက္မွ ပိုငိုသြားလိုက္တာမ်ား ပုခံုးႀကီးတစ္ခုလံုးကို ရႊဲလို႔။ ခဏေနေတာ့ လက္ေမာင္းကိုပါ ဖက္လာၿပီး

"က်ေနာ္ေျပာတာေတြ ခင္ဗ်ား နားလည္ေပးမွာလား"တဲ့
(ခင္ဗ်ားလို႔ပဲ သံုးခ်င္ပါတယ္။ ကိုရီးယားလို 당신 ျဖစ္ေနတာေၾကာင့္ေရာ ေနာက္ၿပီး TYက emotional ျဖစ္ေနတဲ့ အခ်ိန္ေၾကာင့္ရယ္မို႔ ဒီနာမ္စားကိုသံုးလိုက္တာပါ)

"နားလည္ေပးမယ္ ေျပာ..။ငါ့ကို အကုန္ေျပာ"

ဒီလိုက်ေတာ့မွပဲ မ်က္ရည္ေတြကို သုတ္ၿပီး စကားစေျပာေတာ့တာပဲ

"က်ေနာ္ကေလ...အေမ့ကို တအားခ်စ္တာ။ အေမ့ကိုအပင္ပန္းမခံေစခ်င္ဘူး။ အေမ့မွာ က်ေနာ့္ကိစၥေတြေရာ တျခား ကိစၥေတြေရာ အမ်ားႀကီး စိတ္ပူစရာေတြ႐ွိတယ္။ ဒီေတာ့ ပိုက္ဆံကိစၥနဲ႔ပတ္သက္ၿပီး အေမ့ကိုဘာမွအပူအပင္မ႐ွိေစခ်င္ဘူး။ အဲ့ေတာ့ က်ေနာ္ဒီdance contestကို ၿပိဳင္မယ္။ ႏိုင္ေအာင္ထိၿပိဳင္ခ်င္တာ။ အေမ့မွာေလ အရယ္အျပံဳးဆိုတာ မ႐ွိေတာ့တာၾကာၿပီ။ ဒါေၾကာင့္ က်ေနာ္အေမ့ကို ျပန္ျပံဳးေအာင္လုပ္ေပးခ်င္တယ္။ က်ေနာ္ ႏိုင္မွျဖစ္မယ္ ဒီပဲြကို။ ဒါေပမယ့္ အခုၾကည့္ေလ။ ခင္ဗ်ားျမင္တဲ့အတိုင္းပဲ..ဒီကကြက္ေလးတင္ ကေနတာ ၄ရက္႐ွိၿပီ။ အခ်ိဳးကိုမေျပေသးဘူး။ ဒီၾကားထဲ ကရမယ့္ genreက Jazzျဖစ္ေနတယ္။ က်ေနာ္တစ္ခါမွ မကဖူးတဲ့ဟာႀကီး။ က်ေနာ္ႏိုင္ဖို႔ဆိုရင္ ခုခ်ိန္ဆရာနဲ႔သင္ရင္ေတာင္ က်ေနာ့္မွာ ဆရာေခၚစရာပိုက္ဆံကမ႐ွိဘူး။ က်ေနာ္က ဒီၿပိဳင္ပဲြကို ဘယ္သူ႔အကူအညီမွမပါဘဲ ႏိုင္ခ်င္တာ။ က်ေနာ္ေျပာတာကို ခင္ဗ်ားသေဘာေပါက္ပါတယ္။ ၿပီးေတာ့ 1st sem test! က်ေနာ့္အတြက္ေသမလို အေရးပါေနတယ္။ ဒါေပမယ့္ ရယ္စရာေကာင္းတာဘာလဲသိလား ဒီcontestၿပီး ေနာက္တစ္ရက္က testတဲ့ေလ။ က်ေနာ္ေလ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မ႐ွိေအာင္ကို ျဖစ္ေနၿပီ..က်ေနာ္....က်ေနာ္......."

ေျပာရင္းနဲ႔ ထပ္ငိုျပန္ၿပီ။

"Taeyong...Taeyong! ငါ့ကိုၾကည့္! ငါ့ကိုၾကည့္လို႔!!"

မ်က္ရည္ေတြျပည့္ေနတဲ့ မ်က္လံုးေတြက နီရဲေနၿပီး မ်က္ႏွာတစ္ခုလံုးကလည္း ခရမ္းခ်ဥ္သီးသာသာ

"မင္းဘာျဖစ္ခ်င္ေနတာလဲ?အစအဆံုးျပန္စဥ္းစား! စဥ္းစားၿပီးၿပီလား ၿပီးရင္ျပန္ေတြး။ မင္း လုပ္ႏိုင္တယ္လို႔ ျပန္ေတြး။ မင္းက မျဖစ္ေသးမယ့္ အရာေတြကို ႀကိဳေတြးၿပီး စိုးရိမ္ေနတာပဲ။ ၿပီးေတာ့ confidenceလည္း မ႐ွိဘူး။ ဒီေတာ့ မင္းဘယ္လိုေ႐ွ႕ဆက္ေတာ့မွာလဲ? ဒါေလးေတြက တကယ့္ ဘဝႀကီးနဲ႔ ျခံဳငံုၾကည့္ရင္ ျပႆနာ ေသးေသးေလး။ မင္းအတြက္ ဒီအခ်ိန္မွာေတာ့ အႀကီးႀကီး လို႔ထင္ေနရေပမယ့္ ေနာင္တစ္ခ်ိန္ျပန္ၾကည့္ရင္ေတာ့ အမွတ္ရစရာေလးတစ္ခုပဲျဖစ္ေနေတာ့မွာ။ မင္းက ဘာမွမလိုအပ္ဘူး မင္းအကုန္လုပ္ႏိုင္တယ္။ မင္းမွာလိုေနတာေလးက confidence ပဲ။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈထားစမ္းပါ ငါလုပ္ႏိုင္တယ္ ငါရႏိုင္တယ္ ငါျဖစ္ႏိုင္တယ္။ အဲ့လိုေတြးထားစမ္းပါ။ အစကတည္းကုိက ကိုယ့္ကိုကိုယ္ အ႐ွံုးသမားလို႔ လက္ခံထားရင္ မင္းလူတကာကို ႏိုင္ေနလည္းပဲ ႐ွံုးေနသလို ခံစားရလိမ့္မယ္"

က်ေနာ့္စကားလံုးေတြကို တစ္လံုးခ်င္စီ သူအာရံုစိုက္နားေထာင္ေနၿပီး ေနာက္ဆံုးမွာေတာ့ ေခါင္းေတြညိတ္ျပၿပီးေတာ့ က်ေနာ့္ကိုေက်းဇူးတင္စကားဆိုလာတယ္။က်ေနာ္လည္း မလိုေၾကာင္း ျပန္ေျပာၿပီး သူ႔ရဲ႕ က်န္ေနတဲ့ မ်က္ရည္ေတြကို သုတ္ေပးလိုက္မိတယ္။
အားပါးပါး ႏူးညံ့လိုက္တဲ့ပါးျပင္ေလးးးး။ တစ္ခါမွမခံစားဖူးဘူး ဒီလိုခံစားခ်က္ေလးက။ က်ေနာ္က သုတ္ေပးေနေတာ့ က်ေနာ့္ကိုစိုက္ၾကည့္ၿပီး သူ႔ႏႈတ္ခမ္းပါးပါးေလးကို ပါးသည္ထက္ပါးသြားေအာင္ ျပံဳးျပေနတယ္

ရင္ဘတ္ထဲတစ္မ်ိဳးႀကီးပဲ။ ေကာင္ေလးတစ္ေယာက္ကို ခံစားမိေနတာလား??Jeong Jaehyun အသိစိတ္ဝင္စမ္း!!

မနည္းလက္ကိုျပန္႐ုပ္ၿပီး သူ႔ကိုအိမ္ျပန္ခိုင္းလိုက္ရေတာ့တယ္။ က်ေနာ္ကသူ႔ထက္အရင္ဦးေအာင္ထြက္ဖို႔လုပ္ၿပီး တံခါးေပါက္နားေရာက္ေတာ့

"မင္း majorက graphic design မို႔လား"

သူက ႏွာေခါင္းတစ္ခ်က္႐ွံု႕ၿပီး "ဟုတ္"တဲ့

"အဲ့ဒါဆို ေနာက္ေန႔ကစၿပီး ငါသင္ေပးမယ္"

က်ေနာ္လည္း ဒါပဲေျပာၿပီးထြက္လာလိုက္တာ သူဘယ္လိုက်န္ေနခဲ့လဲမသိဘူး။ သိေတာ့သိခ်င္မိတယ္ ဒါေပမယ့္ ကိုယ့္ရင္ဘတ္က အေကာင္ကိုအရင္ကုရဦးမယ္။ အထဲမွာ ထိန္းမရသိမ္းမႏိုင္ျဖစ္ေနလို႔။

Jaehyun's POV END

                                   ---
°Unicode°

Taeyong's POV

ပြိုင်ပွဲကိုရောက်ဖို့ ၁ပတ်ပဲ ကျန်တော့သလို စာမေးပွဲကိုရောက်ဖို့လည်း ထိုနည်းလည်းကောင်းပဲ။
ကျနော်...မရတော့ဘူး။ Jazzက အရင်ကတည်းက ကျနော် တစ်ခါမှမကဖူးဘူး။ Tenကိုယ်တိုင်တောင် ကျနော့်ကိုကောင်းကောင်းမသင်နိုင်တော့ဘူး။ ခုချိန်မှာ ဆရာပြေးရှာပြီး သင်မယ်ဆိုလည်း ကျနော့်မှာ ပိုက်ဆံမှကောင်းကောင်းမရှိဘဲ...

ဒီသီချင်းနဲ့ ဒီကကွက်ကလေး ၃မိနစ်စာကိုတင် လေ့ကျင့်လာတာ ၄ရက်ရှိနေပြီ။ ဘယ်လိုမှအားမရဘူး။ တအားစိတ်ပျက်နေပြီ။ သိတယ် ဒီ့ထက်ပိုလုပ်မှ judgeတွေစိတ်ကို ဖမ်းနိုင်မှာ။ အခုက ဒီဟာလေးကိုတောင် ကျနော်မရတာ နောက်အသစ်ကိုဆက်သစ်လို့ကတော့ အိတ်ပေါက်နဲ့ ဖားကောက်နေတဲ့ အတိုင်းဖြစ်နေမှာပဲ

နောက်တစ်ကြိမ် အားတင်းပြီး ကျနော်ကကြည့်တယ်။ သီချင်းသံလည်းဆုံးရော တစ်ကိုယ်လုံးပျော့ခွေလာပြီး အခန်းထောင့်နားကိုအမြန်ပြေးသွားလိုက်တယ်။
နောက်ဆုံးတော့ ကျနော့်ရဲ့ ချုပ်တည်းထားတဲ့ မျက်ရည်တွေကိုလွှတ်ချလိုက်တယ်။ ကျနော့်ကိုယ့်ကိုကိုယ်အားမရဘူး ဘယ်တော့မှအားမရဘူး။ တကယ်လည်းဟုတ်တာပဲ ကျနော်ကိုယ်တိုင်ကိုက တစ်ခုခုလုပ်ရင် အမြဲလိုအပ်ချက်တွေနဲ့ဖြစ်နေတာ။ ဒီလိုဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် အရမ်းမုန်းတယ်။
အခန်းထောင့်မှာ ငိုနေတဲ့ကျနော့်ကို ဘယ်သူမှမတွေ့ပါစေနဲ့။ ဒီနေ့Tenကိုစောစောပြန်လွှတ်လိုက်တာ မှန်တယ်။ ဘာလို့ဆို ကျနော့်ရဲ့ ဒီလိုပုံစံကို ဘယ်သူ့ကိုမှ မပြချင်ဘူး။
ဦးထုပ်ကိုခေါင်းပေါ်မှာ တင်းကျပ်နေအောင် ဆောင်းထားပြီး ဦးထုပ်အောက်ကနေပဲ ငိုနေလိုက်တော့တယ်။
ခဏနေတော့ dance roomရဲ့ တံခါးပွင့်လာတာကို ကျနော်မှန်ထဲကတစ်ဆင့်မြင်လိုက်ရလို့ ကျနော့်မျက်ရည်တွေကိုသုတ်ပြီးထကြည့်လိုက်တယ်

Taeyong's POV END

                                     ***

Jaehyun's POV

Markကိုသွားကြိုတာ သောက်ကလေးလေးက ဖုန်းလည်း မကိုင်တော့ သူတို့ကျောင်းထဲဝင်ရှာရတော့တာပေါ့။
ကျနော်ကလည်း..သိတဲ့အတိုင်းပေါ့ဗျာ...အချိန်ကုန်မခံနိုင်လို့ ဝင်ရှာရတာ..
ကျောင်းက ကျနော်တို့ တက်ခဲ့တုန်းကအတိုင်းပဲ ဘာမှမပြောင်းလဲဘူး။ အပင်လေးတွေနည်းနည်းများလာတာလွဲလို့ပေါ့။ တဖြည်းဖြည်းလျှောက်ရင်းနဲ့ ကျောင်းရဲ့ အနောက်ပေါက်နားတောင် ရောက်တော့မယ်။ ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေတဲ့တစ်ကျောင်းလုံးမှာ သီချင်းသံတစ်ခုပျံ့လွှင့်လာတယ်။ Jazz သီချင်းသံ။
ကျနော်ဘေးဘီကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ ဟုတ်ပါတယ် ကျနော်တို့တုန်းက dance roomလေးက အခုထိ ဒီတိုင်းလေးပါပဲ။

ကျနော်မရောက်ခင် သီချင်းသံကတော့ ရပ်သွားပြီ။ တဲခါးကိုဖွင့်လိုက်တော့ ဘယ်သူမှမရှိဘူးပဲ။ မှန်နဲ့ကျနော်နဲ့က မျက်နှာချင်းဆိုင်ဆိုတော့ မှန်ထဲကိုကြည့်လိုက်တော့ ထောင့်နားမှာ ကောင်လေးတစ်ယောက် ဦးထုပ်လေးနဲ့ ငုတ်တုတ်ထိုင်နေတယ်။ ခဏနေတော့ သူလည်း ထလာတယ် ကျနော့်ကိုမြင်သွားတာဖြစ်မှာပေါ့။ ကျနော်လည်း Markကို မေးလို့ရလိုရငြား အခန်းထဲဝင်သွားလိုက်တော့ ကောင်လေးက ကျနော့်ကို မှတ်မိတဲ့ပုံနဲ့ ကိုယ်လေးကိုကိုင်းပြီး နှုတ်ဆက်တယ်။ ကျနော်လည်း ဘာပြောရမယ်မှန်းကိုမသိဘူး ကျနော်မှသူ့ကိုမသိတာ။ ပြီးတော့ ဦးထုပ်ကြီးဆောင်းထားတာလေ။

"ဟိုဟာ...Markရှိလား မသိဘူး"

ကောင်လေးက တော်တော်နဲ့ပြန်မဖြေဘဲ နောက်ဆုံးမှ နှာခေါင်းကိုရှုံ့ပြီးပြန်ဖြေရှာတယ်။

"Markက ပြန်သွားပြီ မဟုတ်ဘူးလားဗျ"

သူ့အသံတွေက တုန်နေတယ်။ဦးထုပ်နဲ့ဖုံးနေလို့ သူ့မျက်လုံးတွေကိုမမြင်ရဘဲ ပါးတွေကိုသာမြင်နေရတယ်။
ပါးနှစ်ဖက်ကလည်း နီရဲစက်လို့။ ဘာတွေများဖြစ်ထားတာလည်း မသိဘူး။

"ဟုတ်လား.အစ်ကိုဖုန်းဆက်တာလည်းမရဘူး။သူ့ကိုတွေ့ရင်ပြောပေးပါဦး။ သူ့အစ်ကိုရှာနေတယ်လို့"

"ဟုတ်ကဲ့"

ကျနော့်ကိုပြန်ခါးကိုင်း နှုတ်ဆက်ပြီး နောက်ပြန်လှည့်သွားကာ ဆန့်ကျင်ဘက်ထောင့်က သူ့လွယ်အိတ်ကလေးကိုသွားယူနေတယ်။ ကျနော်လည်း ဟိုဘက်လှည့်မယ့် အလုပ်မှာ ကောင်လေးက ယိုင်ကျသွားတော့မလိုဖြစ်တာမို့ သူ့ကို ထိန်းပေးလိုက်ရတယ်

💭ဟာ..အရိုးတွေချည်းပဲ💭

ကျနော်က အနောက်ကနေပြေးလာပြီး ထိန်းပေးလိုက်ရတာဖြစ်လို့ ထိန်းပေးရင်း ကျနော့်အရှိန်ကျနော်မထိန်းနိုင်ဘဲ ရှေ့နည်းနည်းရောက်သွားပြီး ကျနော့်ခေါင်းနဲ့ သူ့ဦးထုပ်ရှေ့ဖျားနဲ့ထိပြီး ဦးထုပ်ကျွတ်သွားပါလေရော
ကျနော်လည်း သူ့ကိုမကြည့်နိုင်ဘဲ ဦးထုပ်ကိုကောက်ပြီးပေးမယ်လုပ်တော့

"Taeyong??"

ဒီကောင်လေးဖြစ်နေတယ်။ ညနေကြီးထိ ကျောင်းကြီးမှာတစ်ယောက်တည်း။ ပြီးတော့ သူ့မျက်လုံးတွေက မို့ဖောင်းနေတာပဲ။

"Taeyong..မင်း ငိုထားတာလား"

"..."

ကျနော့်ကိုဘာမှမပြောဘဲ ဦးထုပ်ကိုသာ ပြန်တောင်းနေတယ်။ ခါတိုင်းဆို ကျနော်ဘာမှဝင်မပြောဘဲ ဦးထုပ်ပေးပြီး ထွက်သွားလိုက်ချင်ပေမယ့် ဟိုတစ်နေ့က Markပြောခဲ့တဲ့ စကားတွေက နားထဲမှာ တစ်ဝဲဝဲပြန်ကြားလာရတယ်။

"Taeyong..ဘာတွေဖြစ်ထားတာလဲ ပြော"

"ဘာ...ဘာမှမဟုတ်ဘူး"

အသံလေးကို သေးသေးလေးပဲကျန်တော့တယ်။ အဲ့ဒါနဲ့ကျနော်လည်း သူ့ကို မှီစရာတစ်ခုခုလေးရှိအောင်ဆိုပြီး နံရံနားခေါ်သွားလိုက်တယ်။ ပြီးတော့ ကျနော်ကလည်း ဘေးမှာဝင်ထိုင်ပြီး ရေကို ပါးစပ်ထဲဝင်အောင်မနည်းတိုက်ပြီး စစ်တော်မူရတော့တယ်

"ဘာတွေဖြစ်ခဲ့တာလဲ ပြော.."

သူက ခေါင်းသာရမ်းပြပြီး ဒီတိုင်းကြီးနေနေတော့တယ်။

"Taeyong မင်းဒီအချိန်မှာ ငါ့ကိုမပြောရင် မင်းဘယ်သူ့သွားပြောမှာလဲ? ဒါမျိုးဆိုတာ မျိုသိပ်မထားနဲ့။ ငါလည်းမင်းအရွယ်က ကြီးလာတာပါ။ ငါအကုန်နားလည်ပေးနိုင်တယ် ပြော!"

ကျနော့်လေသံမာသွားလို့လား သူကပဲ ဝမ်းနည်းနေတဲ့အချိန်မို့လို့လားမသိဘူး ကျနော်လည်း ပြောပြီးရော ချုံးပွဲချငိုတော့တာပဲ။

ရှိုက်ကြီးတငင် ငိုနေတဲ့ သူ့ကိုမြင်တော့ ကျနော်လည်း စိတ်ထဲ အားနာသလိုဖြစ်လာတာနဲ့ ကျနော့်ပုခုံးပေါ်ကို သူ့ခေါင်းလေး ဆွဲတင်လိုက်တယ်။ အမလေး ကိုယ်တော်လေးက ကျနော့်ပုခုံးပေါ် ရောက်မှ ပိုငိုသွားလိုက်တာများ ပုခုံးကြီးတစ်ခုလုံးကို ရွှဲလို့။ ခဏနေတော့ လက်မောင်းကိုပါ ဖက်လာပြီး

"ကျနော်ပြောတာတွေ ခင်ဗျား နားလည်ပေးမှာလား"တဲ့
(ခင်ဗျားလို့ပဲ သုံးချင်ပါတယ်။ ကိုရီးယားလို 당신 ဖြစ်နေတာကြောင့်ရော နောက်ပြီး TYက emotional ဖြစ်နေတဲ့ အချိန်ကြောင့်ရယ်မို့ ဒီနာမ်စားကိုသုံးလိုက်တာပါ)

"နားလည်ပေးမယ် ပြော..။ငါ့ကို အကုန်ပြော"

ဒီလိုကျတော့မှပဲ မျက်ရည်တွေကို သုတ်ပြီး စကားစပြောတော့တာပဲ

"ကျနော်ကလေ...အမေ့ကို တအားချစ်တာ။ အမေ့ကိုအပင်ပန်းမခံစေချင်ဘူး။ အမေ့မှာ ကျနော့်ကိစ္စတွေရော တခြား ကိစ္စတွေရော အများကြီး စိတ်ပူစရာတွေရှိတယ်။ ဒီတော့ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး အမေ့ကိုဘာမှအပူအပင်မရှိစေချင်ဘူး။ အဲ့တော့ ကျနော်ဒီdance contestကို ပြိုင်မယ်။ နိုင်အောင်ထိပြိုင်ချင်တာ။ အမေ့မှာလေ အရယ်အပြုံးဆိုတာ မရှိတော့တာကြာပြီ။ ဒါကြောင့် ကျနော်အမေ့ကို ပြန်ပြုံးအောင်လုပ်ပေးချင်တယ်။ ကျနော် နိုင်မှဖြစ်မယ် ဒီပွဲကို။ ဒါပေမယ့် အခုကြည့်လေ။ ခင်ဗျားမြင်တဲ့အတိုင်းပဲ..ဒီကကွက်လေးတင် ကနေတာ ၄ရက်ရှိပြီ။ အချိုးကိုမပြေသေးဘူး။ ဒီကြားထဲ ကရမယ့် genreက Jazzဖြစ်နေတယ်။ ကျနော်တစ်ခါမှ မကဖူးတဲ့ဟာကြီး။ ကျနော်နိုင်ဖို့ဆိုရင် ခုချိန်ဆရာနဲ့သင်ရင်တောင် ကျနော့်မှာ ဆရာခေါ်စရာပိုက်ဆံကမရှိဘူး။ ကျနော်က ဒီပြိုင်ပွဲကို ဘယ်သူ့အကူအညီမှမပါဘဲ နိုင်ချင်တာ။ ကျနော်ပြောတာကို ခင်ဗျားသဘောပေါက်ပါတယ်။ ပြီးတော့ 1st sem test! ကျနော့်အတွက်သေမလို အရေးပါနေတယ်။ ဒါပေမယ့် ရယ်စရာကောင်းတာဘာလဲသိလား ဒီcontestပြီး နောက်တစ်ရက်က testတဲ့လေ။ ကျနော်လေ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင်ကို ဖြစ်နေပြီ..ကျနော်....ကျနော်......."

ပြောရင်းနဲ့ ထပ်ငိုပြန်ပြီ။

"Taeyong...Taeyong! ငါ့ကိုကြည့်! ငါ့ကိုကြည့်လို့!!"

မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးတွေက နီရဲနေပြီး မျက်နှာတစ်ခုလုံးကလည်း ခရမ်းချဉ်သီးသာသာ

"မင်းဘာဖြစ်ချင်နေတာလဲ?အစအဆုံးပြန်စဉ်းစား! စဉ်းစားပြီးပြီလား ပြီးရင်ပြန်တွေး။ မင်း လုပ်နိုင်တယ်လို့ ပြန်တွေး။ မင်းက မဖြစ်သေးမယ့် အရာတွေကို ကြိုတွေးပြီး စိုးရိမ်နေတာပဲ။ ပြီးတော့ confidenceလည်း မရှိဘူး။ ဒီတော့ မင်းဘယ်လိုရှေ့ဆက်တော့မှာလဲ? ဒါလေးတွေက တကယ့် ဘဝကြီးနဲ့ ခြုံငုံကြည့်ရင် ပြဿနာ သေးသေးလေး။ မင်းအတွက် ဒီအချိန်မှာတော့ အကြီးကြီး လို့ထင်နေရပေမယ့် နောင်တစ်ချိန်ပြန်ကြည့်ရင်တော့ အမှတ်ရစရာလေးတစ်ခုပဲဖြစ်နေတော့မှာ။ မင်းက ဘာမှမလိုအပ်ဘူး မင်းအကုန်လုပ်နိုင်တယ်။ မင်းမှာလိုနေတာလေးက confidence ပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုထားစမ်းပါ ငါလုပ်နိုင်တယ် ငါရနိုင်တယ် ငါဖြစ်နိုင်တယ်။ အဲ့လိုတွေးထားစမ်းပါ။ အစကတည်းကိုက ကိုယ့်ကိုကိုယ် အရှုံးသမားလို့ လက်ခံထားရင် မင်းလူတကာကို နိုင်နေလည်းပဲ ရှုံးနေသလို ခံစားရလိမ့်မယ်"

ကျနော့်စကားလုံးတွေကို တစ်လုံးချင်စီ သူအာရုံစိုက်နားထောင်နေပြီး နောက်ဆုံးမှာတော့ ခေါင်းတွေညိတ်ပြပြီးတော့ ကျနော့်ကိုကျေးဇူးတင်စကားဆိုလာတယ်။ကျနော်လည်း မလိုကြောင်း ပြန်ပြောပြီး သူ့ရဲ့ ကျန်နေတဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်မိတယ်။
အားပါးပါး နူးညံ့လိုက်တဲ့ပါးပြင်လေးးးး။ တစ်ခါမှမခံစားဖူးဘူး ဒီလိုခံစားချက်လေးက။ ကျနော်က သုတ်ပေးနေတော့ ကျနော့်ကိုစိုက်ကြည့်ပြီး သူ့နှုတ်ခမ်းပါးပါးလေးကို ပါးသည်ထက်ပါးသွားအောင် ပြုံးပြနေတယ်

ရင်ဘတ်ထဲတစ်မျိုးကြီးပဲ။ ကောင်လေးတစ်ယောက်ကို ခံစားမိနေတာလား??Jeong Jaehyun အသိစိတ်ဝင်စမ်း!!

မနည်းလက်ကိုပြန်ရုပ်ပြီး သူ့ကိုအိမ်ပြန်ခိုင်းလိုက်ရတော့တယ်။ ကျနော်ကသူ့ထက်အရင်ဦးအောင်ထွက်ဖို့လုပ်ပြီး တံခါးပေါက်နားရောက်တော့

"မင်း majorက graphic design မို့လား"

သူက နှာခေါင်းတစ်ချက်ရှုံ့ပြီး "ဟုတ်"တဲ့

"အဲ့ဒါဆို နောက်နေ့ကစပြီး ငါသင်ပေးမယ်"

ကျနော်လည်း ဒါပဲပြောပြီးထွက်လာလိုက်တာ သူဘယ်လိုကျန်နေခဲ့လဲမသိဘူး။ သိတော့သိချင်မိတယ် ဒါပေမယ့် ကိုယ့်ရင်ဘတ်က အကောင်ကိုအရင်ကုရဦးမယ်။ အထဲမှာ ထိန်းမရသိမ်းမနိုင်ဖြစ်နေလို့။

Jaehyun's POV END

                                   ---

Continue Reading

You'll Also Like

11.3K 1.1K 9
ကိုယ်က မောင့်ရဲ့ တစ်ပွင့်တည်းသော နှင်းပန်းရိုင်းကလေး။ Binhao/Haobin fanfiction
6.9K 1K 31
......🥀 ආදරේ...........ආදරේ කියන්නෙ ඇත්තටම මොනවගේ හැඟීමක් ද කියන්න මං තාමත් හොයනව........ මම ජියෝන් ජන්කුක්.....ඇත්තටම මට මං ගැ...
2.6K 314 12
We loved with a love that was more than love
2.2K 60 5
This is my story and opinion of teen depression and anxiety.