Taeyong's POV
*ring ring*
📱"Ten!!"
"အင်းအင်း"
"အေးအေး ကျေးဇူးပဲ Ten.."📱
"အစ်ကိုတို့!!"
"ဟင်..ဘာလို့လဲ?"-Ten
"Taeyong hyungကရော??"
"ဟေ့ကောင်!"-Doyoung
"Taeyong!!!"-Ten
"Wae~~~?"
"Jeong..ဘာ??"
"ဟင်."
"ဟုတ်သားပဲ..Taeyong..။ သွားလိုက်ပါ"-Doyoung
"ထိုင်ခုံခါးပတ်ပတ်!"
အမလေး ကြောက်လိုက်တာ..။
"ကျနော်ကတော့ &$-&:&=#&."
"ဗျာ..ဟာ ဒါဆိုယူမှာပေါ့!"
"ဟဟ ဖြစ်လို့လား?"
"ဘာ..ဘာကြီးလဲ"
"ဟုတ်...xxx-xxx-xxxx"
"အေး..သွားလို့ရပြီ"
Taeyong's POV END
××
°Unicode°
Taeyong's POV
ကျနော်တော့သေတာမှ အကြီးကြီးကိုသေတာပါပဲ။ ဘယ်နှယ့် ဒီလူကြီးနဲ့မှ လာတွေ့နေရတယ်လို့။ ကြောက်လွန်းလို့ ရင်တွေခုန်တာ ပေါက်ထွက်မတတ်ပဲ။
အမြန်ပြေးလာလို့ပေါ့ မဟုတ်ရင် လူကိုတောင်လျှောက်စိုက်ကြည့်နေပြီး နှိပ်စက်နေဦးမှာ
*ring ring*
📱"Ten!!"
"ဖြည်းဖြည်းအော်ပါဟ..ခုပဲ အဖွားရောက်တယ်။ ငါကြိုခဲ့ပြီ"
"အင်းအင်း"
"ဘယ်လိုဖြစ်တာလဲ အသံကြီးက။ မောနေတာလား။ ဘာတွေဖြစ်လို့လဲ?"
"Ten...ဟို NCT groupက လူကြီးက..အဲ့လူကြီးကလေ.."
"Jeong Jaehyunလေ..ဘာဖြစ်လို့လဲ"
"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး။ ငါ..ငါ strawberry milkထွေးခဲ့တဲ့ လူဟ"
"ဘယ်လို??အဲ့တော့ မင်းကိုမှတ်မိလား သူက"
"မှတ်မိတာပေါ့။ ငါ့ကိုစိုက်ကြည့်ပြီး နောက်ဆုံးinterviewလုပ်မှာလား မလုပ်ဘူးလားတွေပြောနေတာ၊ ငါလည်း မသိတော့လို့ ထွက်ပြေးလာခဲ့တာ"
"ထွက်ပြေးလာတာ??အဲ့တော့ မင်းမလုပ်ခဲ့ရဘူးပေါ့"
"အင်းလေ..မင်းကလည်း သူ့အကြည့်တွေမင်းခံကြည့်ပါလား"
"သူ့အကြည့်တော့မသိဘူး။ Doyoungပါးစပ်တော့ ငါကြောက်တယ်ဟ...ငါတော့ နားငြီးပြန်ဦးမှာ"
"သြော် အေး!Doyoung...ဟုတ်သားပဲ..။ငါ..ငါဘယ်လိုပြောရမလဲ?"
"တော်ပြီ မင်းအခုလမ်းမှာလား?မဖြစ်သင့်တာတွေဖြစ်နေမယ်..အမြန်ပြန်တော့..Doyoungကိုငါကြည့်ပြောလိုက်မယ်"
"အေးအေး ကျေးဇူးပဲ Ten.."📱
Next day(i mean tomorrow xD)
မနေ့ကတော့ ရာဇဝင်ပဲဗျို့။ ယောက်ျားလေး၃ယောက်မတန်မဲ့ အာပြဲကြီးတွေနဲ့ video callကို ၄နာရီပြောကြပြီး fightကြတာ။ ကျနော်က အဆောင်နေတော့ပိုဆိုးသေး။ screenပေါ်ကDoyoungပါးစပ်ကြီးကိုလည်း လှမ်းအုပ်ရသေး ကျနော့်နားနှစ်ဖက်လည်း ပိတ်ထားရသေး..ဒုက္ခကလည်း မသေးရှာဘူး။ Thursdayကို တင်ရမှာဆိုတော့ Wednesdayကို သွားviewပြီး editလိုက်ရင်ရသွားပြီ။ ကျနော်လည်း အဆင်ပြေသွားတာပေါ့ Tenက သူပဲလုပ်လိုက်တော့မယ် ဆိုပြီးပြောပေလို့။
ဘာပဲဖြစ်ဖြစ် ကျနော်အဲ့လူကြီးနဲ့ မတွေ့ရတော့ဘူးလေ။ ထပ်တွေ့နေရင် ကျနော်သေမှာ...
ကျနော်တို့က seniorကြီးတွေ ပီပီ ကျောင်းက fresherလေးတွေကို ဖေးမရမယ်လေ။ fresherတွေထဲမှာ ကျနော်မျက်မှန်းတန်းမိတဲ့ ကောင်ကလေးတစ်ယောက်ရှိတယ်။ သူကအမြဲကြိုးကြိုးစားစားနေပေမယ့် အပေါင်းအသင်းမရှိရှာဘူး..မနာလိုကြတာနေမှာပေါ့။ သူ့ကြည့်လိုက်တိုင်း ထမင်းစားလည်းတစ်ယောက်တည်း သွားလည်းတစ်ယောက်တည်းဆိုတော့ ကျနော်တို့၃ယောက်က ခေါ်ခေါ်ပြီး ကျွေးမွေးပေးရတာ။
ခုလည်း အဲ့ကောင်လေးက အစ်ကိုတို့နဲ့ ထမင်းတစ်နပ်လောက်စားချင်လို့ဆိုပြီး pizzaဆိုင်မှာ ချိန်းထားတယ်။ (pizzaကို ထမင်းလုပ်စားကြမှာတဲ့ 😖)
Awwဒါနဲ့ သူ့နာမည်က Markတဲ့
"ဟုတ် Hyung..ကျနော်တို့စောင့်နေမယ်နော်"📱
"အစ်ကိုတို့!!"
အငွေ့တထောင်းထောင်းနဲ့မျက်စိရှေ့ရောက်လာတဲ့ pizzaကို မျက်လုံးမလွှဲရင်း Markပြောတဲ့ စကားကိုအာရုံထားလိုက်တယ်
"ကျနော့် Hyungက အစ်ကိုတို့ကို အိမ်ပြန်လိုက်ပို့ပေးမယ်တဲ့"
"ဟင်..ဘာလို့လဲ?"-Ten
"အစ်ကိုတို့ကို ကျေးဇူးတင်လို့တဲ့..ကျနော်နဲ့တူတူ ထမင်းစားပေးလို့တဲ့ဗျ"
"မလိုပါဘူးကွာ..ပြီးတော့ အစ်ကိုတို့က busနဲ့ပြန်လိုက်လို့ရပါတယ်။မင်းသာ ကောင်းကောင်းပြန်"-Doyoung
"ဟုတ်တယ်..အစ်ကိုကလည်း Taxiနဲ့သွားလို့ရတယ်"-Ten
ကျနော်ကတော့ pizzaတစ်စိတ်ကိုလှမ်းယူရင်း Tenနဲ့ Doyoungပြောသမျှကို ဘာတစ်ခွန်းမှမပြောဘဲ နားထောင်နေလိုက်တယ်။
"Taeyong hyungကရော??"
Markက ငြိမ်နေတဲ့ ကျနော့်ကိုလှမ်းကြည့်ပြီးမေးလာတော့
"အစ်ကိုကလည်း ရတယ်..။ဒါပေမယ့် လိုက်ပို့ပေးရင်တော့ ကောင်းတာပေါ့ကွာ"
"ဟေ့ကောင်!"-Doyoung
"Taeyong!!!"-Ten
"Wae~~~?"
ကျနော် Wae~~~?လိုက်တော့ ကျန်တဲ့၂ကောင် ကျနော့်ကိုသနားသွားပုံရတယ်။ ဟုတ်တယ်လေ။ ဒီseoulမှာ ကျောင်းတက်နေတဲ့ ကျနော်တို့၃ယောက်ထဲမှာ ကျနော်ကပဲ ဘာမှမရှိ။ ဘာမှမရှိဆိုတာက Tenကလည်း သူ့အိမ်က အိမ်တစ်လုံးဝယ်ပေးထားပြီး ဘာမှလိုလေသေးမရှိစေရ။ Doyoungဆိုတာလည်း သူ့မိသားစုနဲ့ သူ့အိမ်နဲ့ရှိတယ်လေ။ ကျနော်တစ်ယောက်ပဲ အဆောင်မှာနေရပြီး နေ့တိုင်းbusနဲ့သွားလာနေရတာ။ တစ်ခါတစ်ခါ ပိုက်ဆံမရှိတော့ဘူးဆိုရင် ကျောင်းနဲ့အဆောင်နဲ့ကို ခြေထောက်နှစ်ချောင်းသုံးပြီးပြေးရတာ။ ကျနော်တို့ အိမ်ကိုလည်း သိပ်ဒုက္ခမပေးချင်ဘူးဗျာ..ပိုက်ဆံမရှိတော့ရင် ကျနော့်မှာတောင်းဖို့လက်တွန့်နေရတာ။ Taxiမပြောနဲ့ busတောင် အနိုင်နိုင်စီးနေရတာ။
"Taeyong hyungလည်း ပါပြီဆိုတော့...အစ်ကိုတို့ ၂ယောက်လည်း လိုက်ခဲ့တော့ပေါ့ဗျာ..နော်"
"အေးပါ..လိုက်ခဲ့မယ်"-Doyoung
ကျနော်ကတော့ ဒီနေ့ကျနော် ခြေထောက်မညောင်းတော့ဘူးဆိုတဲ့အတွေးနဲ့တင် ပါးစပ်ထဲpizzaနောက်တစ်စိတ်ရောက်သွားပြီ။ လူကလည်း ပြုံးစိစိနဲ့ဆိုတော့ ကျနော့်ကိုတောင် Tenက ခြေထောက်နဲ့လှမ်းတို့ပြီး မျက်နှာရိပ်မျက်နှာကဲ ပြနေသေးတယ်။
စားသောက်နေကြတုန်း ဆိုင်ထဲကိုနောက်ထပ်လူတွေရောက်လာကြတယ်။ ကျနော်အရေးမလုပ်ပါဘူး ဒါပေမယ့် ဝင်လာတဲ့လူတွေက ကျနော်တို့ဝိုင်းကိုတည့်တည့်လာနေတာဗျ။ ကျနော်လည်း ခေါင်းကိုတစ်ချက်မော့ကြည့်လိုက်တော့....Jeo..Jeong Jaehyunကြီးဟ!!!!
သေစမ်းးးး!!ကျနော်လည်း မျက်နှာကိုအောက်စိုက်ပြီး Hoodieမှာပါတဲ့ ဦးထုပ်ကိုခေါင်းပေါ်ဆောင်း၊ ကိုယ်ကိုအတတ်နိုင်ဆုံး ကျုံ့ထားလိုက်တယ်။
💭သူကဘာလာလုပ်တာလဲ?? ငါ့တွေ့သွားလို့များ ရန်လာလုပ်တာလား??💭
ခဏနေတော့ Markရဲ့ 'Hyung'ဆိုတဲ့ခေါ်သံကြီးကိုကြားလိုက်ရတယ်။ သေသေသေ သေစမ်းဟ။ ဒီလောက်လူတွေအများကြီးထဲမှာမှ Markရဲ့ အစ်ကိုက Jeong Jaehyunလာဖြစ်နေရတယ်လို့!
သူလည်း ကျနော့်ကိုမှတ်မိပုံပေါ်ပါတယ်။ ကျနော့်ရှေ့တည့်တည့် လာထိုင်ပြီး လူကိုမချိပြုံးပြုံးပြီး ကြည့်နေတယ်။
"Taeyong??ဘာဖြစ်လို့လဲ?"-Ten
ဟာ ငါ့လာမခေါ်နဲ့လေ။ ဒီသူငယ်ချင်းတွေကလည်း သုံးစားမရပြန်ဘူး။
"Ten...အဲ့ဒါ Jeong Jaehyunကြီးဟ (whisper)"
"Jeong..ဘာ??"
သြော်..လဒက ခုမှ နားတွေကန်းနေတာ။ ခေါင်းကိုနည်းနည်းပင့်ပြီး လှမ်းကြည့်တော့ အံမယ် သူကဟို Jeong Jaehyunနဲ့ တူတူပါလာတဲ့ ကျနော့်ကိုလည်း interviewတုန်းက ကူညီခဲ့တဲ့ Johnnyဆိုတဲ့ လူကြီးနဲ့ ကြာပစ်နေကြတယ်။ awwww မိုက်လိုက်တာနော်။
ကျနော်က ခေါင်းနည်းနည်းမော့ကြည့်နေတော့ ဟိုလူကြီးက မြင်ပြီး ကျနော့်ကို စိုက်ကြည့်လာတယ်။ အာ...မနေတတ်ဘူး သေတော့မှာပဲ။
"အစ်ကိုတို့ စားလို့ပြီးပြီလား?ကျနော်တို့ ပြန်ရအောင်လေ"-Mark
အေး ဟုတ်တယ်..ပြန်မယ် ပြန်ကြမယ်။ ပြန်တာအကောင်းဆုံးပဲ..။ ဟင် မဟုတ်သေးပါဘူး။ Jeong Jaehyunက သူ့အစ်ကိုဆိုတော့ သူက လိုက်ပို့မှာပေါ့။ သေပြီဟေ့ Lee Taeyongလေးတော့ သွားရှာပြီ...
ဆိုင်အပြင်လည်းရောက်တော့ Jeong Jaehyunကြီးက parkingကနေ ကားသွားယူနေတယ်။ ကျနော်လည်း အဲ့ဒါကိုအခွင့်ကောင်းယူပြီး
"Mark..အစ်ကိုမလိုက်တော့ဘူး။ အစ်ကိုဒီတိုင်းပဲ ပြန်လိုက်တော့မယ်"
"ဟာ..ဘာလို့လဲ..? ကျနော့်အစ်ကိုကြီးက ဒီနေ့မှ ခေါ်လို့ရတာဗျ။ သူ့ကိုရတုန်းလေး နှိပ်စက်ထားမလို့ပါ"
"ဟင်."
"အေးလေ..Taeyong ခုနကပဲ မင်းပဲသက်သောင့်သက်သာပြန်ရတော့မယ်ဆိုပြီး ပျော်နေပြီတော့ ခုကျဘယ်လိုဖြစ်သွားတာလဲ??"
"Ten..ငါမင်းကို ပြောတယ်လေ..အဲ့ဒါက Jeon---"
"ကလေးတွေ..ကားပေါ်တက်မယ်"
ကြားထဲကနေ ဝင်ဖျက်သွားတဲ့ လေသံမာမာကြီးပါပဲ။ ကြောက်လိုက်တာ..လေသံကြားရတာတောင် ကျနော့်မှာကြောက်နေတာ။ ရတယ်လေ ဘာမှမဖြစ်ဘူး ခဏလေးပဲ ခဏလေးပဲ ပြီးသွားမှာ။ အေးဆေး။
ဟင်...ကျနော်က ကိုယ့်ကိုကိုယ် အေးဆေးအောင်လုပ်တုန်းရှိသေးတယ် သူတို့ကအကုန်တက်ပြီးနေကြပြီ။ နေပါဦး ဒင်းတို့၃ယောက်လုံးက နောက်ခန်းထဲထိုင်နေကြတော့ ငါကရှေ့ခန်း...သူ့ဘေးကြီးထိုင်ရမှာပေါ့!!!!!
သေပြီ..Mark Mark..ဟုတ်တယ် သူ့ကိုဆွဲထုတ်မှဖြစ်မယ်။
"Mark..ရှေ့ခန်းလာလေ..အစ်ကိုဒီမှာထိုင်လိုက်မယ်"
"အာ..hyung...။ သွားလိုက်ပါ..ကျနော်ဒီမှာပဲထိုင်လိုက်မယ်"
"ဟုတ်သားပဲ..Taeyong..။ သွားလိုက်ပါ"-Doyoung
ဘာသွားလိုက်ပါလဲ..ငါသေမှာကျမမြင်ကြဘူး။ ရှေ့ခန်းက ဟိုလူကြီးလှမ်းကြည့်တော့ ကျနော်တို့ပြောတာတွေ နားထောင်နေတာလိုလို လမ်းကိုကြည့်နေတာလိုလိုလုပ်နေတယ်။ ကျနော်လည်း ရှေ့ခန်းထဲအမြန်ဝင်ထိုင်လိုက်တော့ သူက ကျနော့်ဘက်လှည့်ကြည့်လာပြီး
"ထိုင်ခုံခါးပတ်ပတ်!"
အမလေး ကြောက်လိုက်တာ..။
"လမ်းတွေပြောကြဦးလေ..ငါ တစ်ခုမှမသိဘူးလေ"-Jaehyun
"သြော်..ဟုတ်သား ကျနော်က xx st, xxxဘာညာဘာညာ"-Doyoung
"ကျနော်က Doyoungတို့နဲ့ ၂ဘလောက်ပဲ ကွာတယ်"-Ten
ဟူးးးး ကျနော်လည်းအားမွေးပြီး
"ကျနော်ကတော့ &$-&:&=#&."
"ဒါဆို Taeyongက အဝေးကြီးပဲ.."-Jaehyun
သူက ကျနော့်နာမည်ခေါ်ချပစ်တော့ အကုန်လုံးက နားမလည်တဲ့အကြည့်တွေနဲ့လာကြည့်နေကြတယ်။ ဒေါင်းဇားလေးတွေကြည့်မနေနဲ့။ ငါပြောတုန်းကကျ အရေးမလုပ်ကြဘဲ
ဒီလိုနဲ့ ကားဘီးတစ်လှိမ့်လှိမ့် လှိမ့်ရင်း Doyoungနဲ့Tenလည်း ဆင်းသွားပြီ။ ကားပေါ်မှာ ကျနော်တို့၃ယောက်သာ ကျန်တော့တယ်။ ဒီနေ့မှပဲ ကျနော့်အိမ်က ဝေးနေသလားမသိ။ လူနဲ့မျက်လုံးကအိပ်ချင်နေပေမယ့် စိတ်ကအိပ်မရဘူး။
"Mark..ဒေါ်လေးက မင်းကို laptopပေးစရာရှိတယ်တဲ့"-Jaehyun
"ဗျာ..ဟာ ဒါဆိုယူမှာပေါ့!"
"သူက မင်းလာမှပေးမှာတဲ့"
"ခု လမ်းကြုံတယ်မို့လား..။ ကျနော့်ကိုချခဲ့လိုက်လေ။ ပြီးမှ သူတို့ဆီကနေ ပြန်လာခဲ့လိုက်မယ်"
ဟင် Markက ထွက်သွားတော့ ကျနော်က ဘယ်လိုနေခဲ့ရမှာလဲ..။ သွားပါပြီ~~~
"ဟဟ ဖြစ်လို့လား?"
"ဖြစ်တာပေါ့ Hyung!! ခုကို သူတို့လမ်းကြားရောက်နေပြီ ကွေ့လိုက်တော့"
သူနဲ့ဘေးချင်းကပ်ထိုင်ခိုင်းတာ အားမရကြလို့ နှစ်ယောက်တည်းပါ ထားခဲ့တဲ့ ကံကြမ္မာပါပဲ..
တစ်လမ်းလုံး သူရောကျနော်ရော ဘာစကားမှမပြောခဲ့ကြဘူး။ ကျနော်ကလည်း တောင်းပန်စကားမပြောသလို သူကလည်း ကျနော်ထင်သလို ငေါက်တာမျိုးတွေ မလုပ်ခဲ့ဘူး။
ကျနော့်အဆောင်ရှေ့လည်းရောက်တော့ ကျနော်က 'ကျေးဇူးတင်ပါတယ်'ပဲ ပြောပြီး ကားထဲကပြေးထွက်မယ်အလုပ်ကို အနောက်ကနေ အင်္ကျီကိုလှမ်းဆွဲပြီး ကားထဲပြန်ထိုင်ချခိုင်းတယ်
"ကောင်လေး...မင်း နံပါတ်ပေး!"
ဟမ်...အရင်းမရှိ အဖျားမရှိ။ ဘာနံပါတ်တွေလာတောင်းနေတာလဲဟ
"ဘာ..ဘာကြီးလဲ"
"ဟာကွာ..မင်း ဖုန်းနံပါတ်လေ။ Interviewက မလုပ်တော့ဘူးလား..မင်းတို့ကျောင်းရဲ့ အစဉ်အလာဆို။ ငါ သနားလို့လုပ်ပေးလိုက်မယ်။ ပေး နံပါတ်!"
"ဟုတ်...xxx-xxx-xxxx"
"အေး..သွားလို့ရပြီ"
"ဟို...ကျေးဇူးတင်ပါတယ်ဗျ!"
အဲ့ဒီ့တစ်လုံးပဲ လည်ပင်းထဲက ထွက်ပြီးကောင်းကောင်းပြောခဲ့လိုက်ရတယ်။ သူကတော့ ပြုံးပြီးကျန်နေခဲ့မလား ဒေါသထွက်ပြီး ကျန်နေခဲ့မလား မသိတော့ဘူး။
Taeyong's POV END