💔 VILLAIN 💔

By XingNge

100K 6.8K 336

ဒီရင်ထဲက ထပ်တူကျနေတဲ့ နှလုံးသားတစ်စုံအတွက် ရဲရင့်ကြရအောင် တစ်ပါးသူရဲ့ နှလုံးသားကို နင်းချေကြမယ် အသိုင်းအဝိုင... More

{Intro} Z+U
Part~1💔 Z+U
Part~2💔Z+U
Part~3💔Z+U
Part~4💔Z+U
Part~5💔Z+U
Part~6💔Z+U
Part~7💔Z+U
Part~8💔Z+U
Part~10💔Z+U
Part~11💔Z+U
Part~12💔Z+U
Part~13💔Z+U
Part~14💔Z+U
Part~15💔Z+U
Part~16💔Z+U
Part~17💔Z+U
Part~18💔Z+U
Part~19💔Z+U
Part~20💔Z+U
Part~21💔Z+U
Part~22💔Final Part 💔Z+U
Season~2

Part~9💔Z+U

3.2K 274 6
By XingNge

(Unicode)

" အချစ်.."

" ဟီး...ဒီတိုင်းလေးနေချင်လို့."

ဟင်းချက်နေသော ကိုယ့်အား စားပွဲပေါ်မေးလေးထောက်ကြည့်နေရင်းမှ နောက်ကျောကနေ ကိုယ့်ခါးလေးအားသွယ်ယှက်ဖက်တွယ်လာသည်

ကိုယ့်ကျောပြင်ထက်မျက်နှာအပ်နေတဲ့သူလေးကြောင့်ရှေ့ကလုပ်လက်စအလုပ်တွေဟာအယောင်ယောင်အမှားမှား...

အချစ်ရယ် မင်းနဲ့ပါတ်သက်ရင် ကိုယ်ကအချိန်တိုင်းရင်တွေခုန်နေတတ်တယ်

" အချစ်ရာ...."

" ဟိ...အသည်းယားလို့...အချစ်ကျောပြင်ကျယ်ကြီးကို အသည်းတွေယားလို့..ဟီး.."

ကိုယ့်ကျောပြင်တစ်လျှောက်နမ်းရှိုက်လာသောသူလေးကြောင့် ကိုယ့်ရင်ခုန်နှုန်းတွေဟာ အဆမတန်မြန်လာ၏

လုပ်လက်စအလုပ်တွေအကုန်လုံးအားရပ်တန့်လိုက်ပြီးနောက်ကဆိုးနေသော ကောင်လေးအား လှည့်ကာပွေ့ချီလို့ စားပွဲပေါ်တင်လိုက်သည်

နဖူးချင်းထိစပ်လိုက်တော့ ပြုံးရင်း ကိုယ့်လည်တိုင်လက်လေးတွေသွယ်ယှက်လာသော သူလေးရယ်ပါ

" အသည်းတွေယားတယ် ခင်ဗျားကို..ဟိ.."

" မင်းလေးကို ကိုယ်ကပိုအသည်းယားတယ် အချစ်ကလေးရဲ့.."

" ကျွန်တော်ဘာမှလည်းမလုပ်ပါဘူးနော်.."

" နောက်ကနေ မရိုးမရွဖြစ်အောင် လုပ်နေတာဘယ်သူလေးလဲ..."

" ဘယ်သူလဲဟင်..ခ်.."

" မသိဘူးပါဘူး..ဘယ်ကကောင်လေးလဲမသိဘူး ကိုယ့်ကိုခိုးနမ်းနေတာ.."

" ခိုးမနမ်းပါဘူး...ပေါ်တင်နမ်းတာ...."

" အွန်း....အာ့ဆို ခုလည်းနမ်း.."

" ဟား..."

တခစ်ခစ်ရယ်ကာ ကိုယ့်နှုတ်ခမ်းအားဖိကပ်လိုက်ခွာလိုက်လုပ်နေသောကောင်လေးအား အသည်းတွေယားလွန်း၍ ခန္ဓာကိုယ်ချင်းပိုနီးအောင်ဆွဲကပ်လျက် နှုတ်ခမ်းပါးလေးတွေအား ထွေးငုံလိုက်တော့အလိုက်သင့်လေးပြန်နမ်းလာသည်

ကလေးငယ်က အတော်ကြာဆက်မိတဲ့အနမ်းခရီးတွေကြားကနေ ရုန်းထွက်လျက်

" အွန်း..တော်တော့..အချစ်..ဟီး..ဗိုက်ဆာပြီ..."

"" ကိုယ့်အနမ်းတွေကျွေးထားတာတောင်ဗိုက်ဆာတုန်းလားအသည်းလေးရဲ့ ထပ်ကျွေးရမလား..."

" ဟီး...အာ့ကဗိုက်မဝဘူး.ဟင်းပဲ.မြန်မြန်ချက်နော်..."

" ကိုယ်ချက်နေတာကို ဘယ်အဆိုးလေးကလာနှောင့်ယှက်တာတုန်းပြောပါဦး..."

" မနှောင့်ယှက်ပါဘူးနော်..အသည်းယားလို့နမ်းမိတာလေးပဲရှိတာကို...ဟီး..."

"ထားပါတော့ဗျာ...ခဏလေးစောင့်နော်..ကိုယ်မြန်မြန်ချက်လိုက်မယ်.ကိုယ့်ကိုထပ်ပြီးရင်ခုန်အောင်မလုပ်နဲ့..ဒီတစ်ခါဆိုအချစ်ရောကိုယ်ရောညစာငတ်သွားလိမ့်မယ်...ကိုယ်ကညစာမစားရရင် အချစ်ကိုစားမှာနော်..."

"..ဟာဗျာ...ဘာတွေပြောနေမှန်းမသိဘူး..TV သွားကြည့်တော့မယ်.."

" ဟား...အသည်းယားစရာလေးကွာ..."

မျက်နှာလေးရဲကာ..အိမ်ရှေ့ခန်းကို လုံးနေအောင်ပြေးသွားသော ကောင်လေးအားကြည့်ကာ ChanYeol သဘောတွေကျနေမိသည်

°°°'''°°°'''°°°'''°°°'''°°°'''°°°'''°

" ဗိုက်ကိုတင်းသွားတာပဲ..အချစ်လက်ရာတကယ်ကောင်းတယ်သိလား..."

" Lotto ရဲ့Chief တစ်ယောက်ပဲလေ ဒီလောက်တော့ရှိမှာပေါ့.."

ဗိုက်ကလေးပုတ်ကာ ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ကိုယ့်လက်ရာအားချီးကျူးနေသော သူလေးပေါင်ပေါ်၌ ChanYeol လဲှလိုက်တော့ ကိုယ့်ဆံပင်တွေကို လက်လေးနဲ့သပ်လာသည်

" အချစ်လက်ရာကို...တစ်သက်လုံးစားခွင့်တော့ ကျွန်တော့်မှာ မရှိဘူးနော်...အချစ်...ကျွန်တော်ကံဆိုးလိုက်တာ..."

ကိုယ့်မျက်နှာအစိတ်အပိုင်းတွေကို တစ်ခုချင်းထိတွေ့ရင်း..ပြုံးနေရာမှ.မျက်နှာလေးနွမ်းကာ ပြောလာသောစကားကြောင့်..သူလေးအားရင်ခွင်ထဲသွင်းကာဖက်ထားလိုက်မိသည်

" ကိုယ်တို့တွေ့တဲ့အချိန်လေးမှာ စိတ်မကောင်းစရာတွေမတွေးပါနဲ့အချစ်ရာ...နော်..ကိုယ်တို့ မမြင်ရတဲ့အနာဂတ်အတွက်တွေးမပူပဲ လက်ရှိအချိန်လေးတွေကိုပဲတန်ဖိုးထားရအောင်နော်..."

" ကျွန်တော်..ခင်ဗျားကိုသိပ်ချစ်တာပဲ...."

ရင်ခွင်ထဲမှီလာသော သူလေး၏ စကားသံနဲ့အတူ ရင်ခွင်တစ်စုံဟာစိုစွတ်ခဲ့ပြန်သည်

ဒီတစ်ခါသူလေး၏ မျက်ရည်နဲ့အတူ ကိုယ့်နှလုံးသားလည်းနာကျင်ရ၏....

" Byun Nabi.."

" ဟင်..."

" ကျွန်တော်က Byun NaBi ရိုးရာစားသောက်ဆိုင်မိသားစုက.."

"Byun NaBi..." ရိုးရာစားသောက်ဆိုင်.."Lotto" စားသောက်ဆိုင်တွေလိုပဲ ဆိုင်ခွဲတွေအများကြီးရှိသော Seoul မြို့ရဲ့အထင်ကရတစ်ခုဖြစ်သည့်အထဲပါသည်

"Byun NaBi " က ရိုးရာအစားအစာ သီးသန့်ပဲရသည့်ဆိုင်တွေဖြစ်သလို မိသားစုကလည်းရှေးရိုးစွဲဆန်လွန်းသည်ဟု နာမည်ကျော်သည်

" Yuki..က ကျွန်တော်နဲ့ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ...မိဘချင်းသဘောတူထားကြတာ...

မေမေတို့ဖွားဖွားတို့အကြောင်းကတော့ Chanလည်းကြားဖူးမှာပါ ရှေးရိုးဆန်တယ် မိသားစုရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ တစ်ဦးတည်းသောသား ကျွန်တော်က မျိုးဆက်အတွက် Yuki နဲ့မဖြစ်မနေလက်ထပ်ရမှာ...

သူငယ်ချင်းတွေဖြစ်တဲ့အပြင် သူမဘက်က စဝန်ခံခဲ့တာမို့ မေမေတို့လည်းသဘောကျသူမို့ ကျွန်တော် သူမကိုရွေးချယ်ခဲ့တယ်..

အချစ်ဆို ဘာမှန်းမသိတဲ့ ကျွန်တော့်အတွက် သံယောဇဉ်အပိုဆုံးဖြစ်တဲ့သူမအတွက် ကျွန်တော့်စိတ်တွေကို သူမကိုအပိုင်ပေးခဲ့တယ်..

ခင်ဗျားနဲ့မတွေ့ခင်ထိပေါ့..

Chan ကိုစတွေ့တဲ့နေ့မှာပဲ..အချစ်ကို ကျွန်တော်သင်ယူမိတယ်...အချစ်ဆိုတာ..ဘာလဲသိခဲ့ရတယ်..အဲ့ဒီနေ့ကတည်း..Chanကိုကျွန်တော်ချစ်နေခဲ့တယ်..

ကျွန်တော့်မှာ..သူမရှိတယ်ဆိုတာ..သိလျက်နဲ့ပေါ့...

ခင်ဗျားနဲ့ပြန်တွေ့ခွင့်ရတော့ ကျွန်တော်ပျော်ခဲ့ပေမဲ့ ခင်ဗျားမှာလည်း ဆိုင်သူရှိတယ်ဆိုတာ သိရတော့ ကျွန်တော်ရင်တွေအရမ်းနာရတယ်

ဒါပေမဲ့..အချစ်ရဲ့..ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့..အရာအားလုံးကိုမေ့ပစ်ရင်း..ဒီလမ်းကိုရွေးခဲ့မိပြန်တယ်...

ဇာတ်သိမ်းမှာ ပေါင်းစပ်ခွင့်မရှိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဆိုသိလျက်နဲ့

နောက်ဆုံးမှာ လက်တွဲခွင့်မရှိဘူးဆိုတာ သိလျက်နဲ့....ဟင့်...

ကျွန်တော်..ခင်ဗျားနဲ့မခွဲချင်ဘူး..ကျွန်တော်..အချစ်ကို..သိပ်ချစ်တယ်...ဟင့်..."

သူ့စကားတွေကို ငြိမ်သက်နားထောင်နေတဲ့ကိုယ်ဟာလည်း ရင်ခွင်ထဲမှာ ပြောရင်း ငိုရှိုက်နေတဲ့ကောင်လေးလိုပင် အသံတိတ်ငိုနေမိပါသည်

စကားတစ်ခွန်းမှမဆိုမိပဲ သူလေး၏ကိုယ်လေးကိုသာ လွတ်ထွက်မတတ်ဖက်ထားရင်း ကြိတ်ငိုမိသည်...

" အချစ်ရယ်...ကိုယ်တို့နှလုံးသားတွေနီးနေသရွေ့ ကိုယ်တို့လည်းမဝေးပါဘူးကွာ.."

" တခါတရံကျ အချစ်က ကဗျာမဆန်ဘူး Chan.ခင်ဗျားနဲ့မတွေ့ရရင် ကျွန်တော် ခင်ဗျားရဲ့နှုတ်ခမ်းတွေကိုလွမ်းတယ် ကျွန်တော့်လက်တွေကို ဆုပ်ကိုင်ထားတတ်တဲ့ လက်ဖဝါးပြင်ကျယ်တွေကို လွမ်းတယ်..ကျွန်တော့်ကိုနွေးထွေးမှုပေးတဲ့ ခင်ဗျားရင်ခွင်ကိုလွမ်းတယ် ကျွန်တော်မြတ်နိုးတဲ့ခင်ဗျားရဲ့အစိတ်အပိုင်းတွေကို သူမထိတွေ့နေတဲအခါ ကျွန်တော့်နှလုံးသားက ကဗျာမဆန်ဘူး Chan အရိုင်းဆန်စွာပဲ သူမကို မုန်းမိတယ်..."

" ကလေးရယ်..တော်ပြီနော်..မတွေးနဲ့တော့.အဲ့ဒါတွေ...ကိုယ်တို့ရဲ့အချိန်လေးတွေကို သူမတို့အကြောင်းတွေတွေးပြီးကုန်ဆုံးစေမလို့လား..."

ရင်ခွင်ထဲက ကလေးငယ်၏ မျက်ရည်တွေကို သုတ်ပေးရင်း ချော့မြူရသည် ဒီကလေးငယ်၏ မျက်ရည်တွေကို မမြင်ရက်လို့ပါ

" ကျွန်တော့်ကို နမ်းပါ..အချစ်..."

ရင်ခွင်ထဲကခေါင်းလေးမော့ကာပြောလာသော သူလေး၏ မျက်နှာလေးအား အုပ်ကိုင်ကာ နှုတ်ခမ်းပါးလေးတွေကို နမ်းရှိုက်လိုက်သည်

နှုတ်ခမ်းတွေကြားစီးဆင်းလာသော ခပ်နွေးနွေးအထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ မှေးမှိတ်ထားသောမျက်ဝန်းလေးတွေက မျက်ရည်တွေကျဆင်းနေသည်လေ

မငိုပါနဲ့အချစ်ရယ် ကိုယ့်အချစ်တွေအောက်မှာမင်းလေး ပြုံးနေတာပဲမြင်ချင်တာပါ

ကိုယ့်အနမ်းတွေအောက်မှာ မင်းလေးကြည်နူးနေတာပဲ မြင်ချင်တာပါ

ကိုယ့်ရဲ့အရာရာဟာ မင်းအပိုင်မို့ အရှုံးသမားတစ်ယောက်လို မျက်ရည်မကျပါနဲ့

ကိုယ်တို့က ဗီလိန်တွေပဲ ဗီလိန်ဆန်စွာ အတ္တကြီးရင်း ကိုယ့်ကို သူမဆီကနေ ဆွဲထုတ်ပါ

ကိုယ်လည်းအရာအားလုံးကို ဆန့်ကျင်လို့ မင်းလေးကိုပဲရွေးချယ်မှာပါ

ရွေးချယ်ခွင့်မရှိတဲ့ မင်းလေးရဲ့ ဘဝထဲက သူမကို ကိုယ်ဖယ်ထုတ်မယ် သူမနှလုံးသားကို နင်းချေဖျက်ဆီးလို့ ကိုယ့်ဘဝထဲမင်းကို ဆွဲခေါ်မယ်

ကိုယ်တို့က ဗီလိန်တွေပါ...

အချစ်အား ပွေ့ချီလို့ အိပ်ခန်းတွေဆီ ကိုယ့်ခြေလှမ်းအား ဦးတည်နေတော့ ရင်ခွင်ထဲခေါင်းလေးမှီလို့ ကိုယ့်နှလုံးသားကိုနမ်းရှိုက်ရင်းလိုက်ပါလာလေရဲ့

သူမတို့အပေါ် မနှီးနှောနိုင်တဲ့ ကိုယ်တို့ရဲ့ပေါင်းစပ်မှုတွေဟာ သူမတို့အပေါ် ကိုယ်တို့ရဲ့အနိုင်တစ်ခုပါ

မင်းက ကိုယ့်တစ်ယောက်တည်း အပိုင်ဖြစ်သလို ကိုယ်ဟာလည်းမင်းလေးတစ်ယောက်တည်းရဲ့ အပိုင်ဆိုတာ ဒီအချစ်ခရီးလမ်းတွေက သက်သေပါ

မောပန်းနွမ်းလို့အိပ်ပျော်သွားတဲ့ကောင်လေး၏ နဖူးပြင်လေးအားနမ်းရှိုက်ရင်း ရင်ခွင်ထဲထည့်လို့ အိပ်မက်လှလှတွေဆီဦးတည်လိုက်သည်

သိပ်ချစ်တယ်...အချစ်...

°°''°°''°°''°°''°°''°°''°°''°°''°°''°
Fic ပုံစံက နည်းနည်း ထူးဆန်းတာမို့ အရေးအသားတွေကလည်းနည်းနည်းပြောင်းလဲရတာမို့ နားလည်ပေးပါ 😁ကလေးတွေမဖတ်ပါနက် 😁

(Zawgyi)

(Unicode)

" အချစ်.."





" အချစ်ရာ...."









" ဘယ်သူလဲဟင်..ခ်.."




" ဟား..."












°°°'''°°°'''°°°'''°°°'''°°°'''°°°'''°



ဗိုက်ကလေးပုတ်ကာ ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ကိုယ့်လက်ရာအားချီးကျူးနေသော သူလေးပေါင်ပေါ်၌ ChanYeol လှဲလိုက်တော့ ကိုယ့်ဆံပင်တွေကို လက်လေးနဲ့သပ်လာသည်







" Byun Nabi.."

" ဟင်..."




































သိပ်ချစ်တယ်...အချစ်...

°°''°°''°°''°°''°°''°°''°°''°°''°°''°

Continue Reading

You'll Also Like

21.8K 1K 7
[Both Unicode and Zawgyi] Started from 2019 November 25 1500 အချစ်​ကပဲပိုပြီး ​လေးနက်​​နေမလား 528 အချစ်​ကပဲပိုပြီး ခိုင်​မြဲ​နေမလား ချစ်​တဲ့သူနဲ့ ငယ်...
313K 9.5K 40
"Kookie i'm sorry ,I promise to never hangout or look at any body else the way I look at you " #topkook #bottomtae
91.1K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
44.4K 3.1K 72
ဖတ်ကြည့်နော်😉😉