Penchant
By ShoonLaeYiNaing
141K 7.9K 703
Cover by _ nong_thelea ❤ မှိုင်းညှို့သွင် ရှင်း More
Penchant 💜
Intro
Ep _ 1
Ep _ 2
Ep _ 4
Ep _ 5
Ep _ 6
Ep _ 7
Ep _ 8
Ep _ 9
Ep _ 10
Ep _11
Ep _ 12
Ep _ 13
Ep _ 14
Ep_ 15
Ep _ 16
Ep _ 17
Ep _ 18
Ep _ 19
Ep _ 20 (Final )
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
19.
20. Final
Ep _ 3
3.8K 281 4
By ShoonLaeYiNaing
Penchant
Ep _ 3
စားပွဲတွင် ထိုင်ပြီး စာအုပ်ဖတ်နေသည့် လူကြီး .... ရှပ်အင်္ကျီ မိုးပြာရောင် ကို ကြယ်သီးအပြည့် တပ်ထားသည် ။ အသားညိုညိုနှင့် လိုက်ဖက်မှု ရှိပြီး လူကြီးဆန်ဆန်ဖြင့် ခန့်ညားသည် ။
စာအုပ်ကိုသာ အာရုံစိုက်နေပြီး မျက်ခုံးတွေက တန်းနေသည် ။ ဖတ်နေရင်းပင် တစ်ချက် တစ်ချက် မျက်ခုံးလေးများက တွန့်ကွေး သွားသည် ။
အကြောစိမ်းများဖြင့် ပြည့်နေသော လက်ချောင်းရှည်တို့က စာအုပ်ကို ခပ်ဖွဖွ ကိုင်ထားပြီး ကျန်လက်တစ်ဖက်က စာရွက်တွေကို ခပ်ဖြေးဖြေး လှန်နေသည် ။
ခပ်တိုတို ခပ်ပါးပါး ဆံပင်ပုံစံကြောင့် ပိုပြီး ယောက်ျားပီသသည် ။ အသက် ၃၀ ဝန်းကျင် ဖြစ်မည်ဟု ခန့်မှန်းမိသော်လည်း အစ်ကိုက ခုခေတ် လူငယ်တွေထက်ပင် နုပျိုနေပြီး အတော်လေး ကြည့်ကောင်းသည် ။
အစ်ကို့ နာမည်ကို အဲ့တုန်းက ကြားလိုက်ပါသည် ... ရှင်း .... ဟုတ်သည် .. ရှင်း ... ။
"ကိုရှင်း "
နှုတ်ဖျားမှ ခပ်ဖွဖွ ထွက်သွားသော အစ်ကို့နာမည်ကို လျစ်လျုရှုရင်း စိတ်ကူးယဉ် ကမ္ဘာသို့ ပျော်မွေ့နေဟန်တူသော အစ်ကို့ကိုသာ ပြန်ငေးကြည့်နေမိသည် ။
စိတ်ထဲက ကြည်နူးလာသည့် ခံစားချက်ကြောင့် မှိုင်း အံ့ဩရပြန်သည် ။
ကျွန်တော် အနှစ်နှစ်အလလ ကြိုးစား ဖန်တီးထားသည့် ဝတ္တုတစ်ပုဒ်ကို စာဖတ်သူတစ်ဦးက " သဘောကျတယ် " ဟု
တုန့်ပြန်လာသည့်အချိန် ခံစားရသည့် အပျော်မျိုး .... ကြည်နူးသည် ...ပီတိဖြစ်သည် ။
ကျွန်တော် လေးစားရပါသော စာရေးဆရာ တစ်ဦး၏ အနှိုင်းမဲ့သည့် ဖန်တီးမှုမျိုးကို စီးမြောခံစားခွင့်ရသည့် အပျော်မျိုး ။
နူးညံ့သိမ်မွေ့သည် .... ကျေနပ်အားရသည်။
မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်မှုဆိုသည်မှာ လူသားတိုင်းအတွက် အရေးပါသည့် ခံစားချက်တစ်ခုဖြစ်သည် ။ ထို့ကြောင့် ကျွန်တော်လည်း ဘာကြောင့် ကြည်နူးမိသည်ကို မစဉ်းစားမိတော့ ။
ကျွန်တော် ကိုရှင်း ကို ငေးကြည့်နေရတာ ပျော်ရင် ဆက်ငေးကြည့်သွားမည် ...ဤမျှသာ ။
"အစ်ကို ပြန်တော့မလို့လား "
စာအုပ်ဖတ်ပြီးတော့ ဖုန်းနဲ့ ကားသော့ကို ယူကာ ပြန်ဟန်ပြင်တော့ စားပွဲထိုးလေးက မေးသည် ။
"အင်း ဒီည ဂျုတီ ရှိလို့ "
"ဟုတ်ကဲ့ "
မှန်တံခါးမှ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ပြုံးလိုက်မိသည် ။
* ကိုရှင်း ကို လိုက်ကြည့်နေတာနဲ့ အအေးသောက်ဖို့တောင် မေ့နေပြီ *
ဖန်ခွက်အပြင်တွင် ရေစက်ကလေးများပင် တွဲလွဲခိုနေလေပြီ ။ တစ်ငုံ သောက်လိုက်သည်နှင့် ရင်ထဲကို အေးမြသွားစေသည် ။
ထူးထူးဆန်းဆန်း စိတ်ထဲတွင် နူးနူးညံ့ညံ့ အတွေးများက ဝင်လာသည် ။ အတွေးတွေ ဝင်လာခိုက်ပင် ဖုန်းထုတ်ကာ နူးညံ့သော စကားလုံးများကို ချက်ချင်း Note ထဲတွင် မှတ်သားထားလိုက်သည် ။
》》》》》》》》》》》
အဆောင်အခန်းထဲတွင် တိတ်ဆိတ်နေပြီး ပြတင်းပေါက်မှ လေတိုက်သံကြောင့် သစ်ရွက်လေးများ လှုပ်ခတ်ပြီး အချင်းချင်း ထိသွားသည့် အသံလေးများသာ ကြားနေရသည် ။
တစ်ခါတစ်ရံ စာကလေးများ၏ "ပကျိ ပကျိ " အော်သံ သေးသေးလေးများက ပေါ်ထွက်လာတတ်သည် ။ နေရောင်ခြည် အလင်းတန်းက ပြတင်းပေါက်မှ ဖြာကျနေသည် ။
ဒီလို သာယာသည့် မနက်ခင်းမျိုးတွင် စာရေးလျှင် အာရုံစိုက်၍ သိပ်ကောင်းသည်။
ကျွန်တော်က စာရေးရင် တိတ်ဆိတ်နေမှ သဘောကျသည် ။ များသောအားဖြင့် မနက်စောစောနှင့် ညနက်နက်များတွင် ရေးဖြစ်သည် ။
ရေးဖြစ်သည်ဆိုသော်လည်း ပုံမှန်တော့မရှိ ။
ခံစားချက်အတိုင်း စီးမြောပြီး ရေးသည်ဖြစ်၍ ကျွန်တော် စာရေးခြင်း မရေးခြင်းသည် ကျွန်တော့် စိတ်ခံစားမှုနှင့် စိတ်အခြေအနေပေါ်တွင် အများကြီး မူတည်သည် ။
ကျွန်တော့် စိတ်ကလည်း သိပ်တော့ အကျင့် မကောင်းပေ ။ စာမေးပွဲ ဖြေနေရချိန် အတောအတွင်းတွင် စာရေးချင်စိတ်တွေက ထိန်းမရ သိမ်းမရ ။
အတွေးတွေကလည်း တအားကို ဆန်းသစ်နေပြီး ချရေးချင်စရာ plot တွေကလည်း စိတ်ကူးထဲတွင် တန်းစီပြီး ပေါ်လာလေသည် ။ ကျောင်းလည်း ပိတ်ရော ... စာရေးချင်စိတ်က လုံးဝ မရှိတော့ ။
ကျွန်တော့် အဖေ စိတ်ပူလည်း စိတ်ပူချင်စရာပင် ။ ကျွန်တော်ကလည်း စာရေးချင်စိတ်တအားဖြစ်နေရင် ချရေးလိုက်ရမှ ကျေနပ်သည့် လူမျိုး ။
စာရေးသည် ဆိုတာကလည်း လွယ်တော့ မလွယ် ။ လူပင်ပန်းသည်ထက် စိတ်ပင်ပန်းသည့် အချိန်များလည်း ရှိတတ်သည် ။ ကိုယ်ရေးသည့် ဇာတ်လမ်းတွင် တအား စိတ်နှစ်ပြီး စီးမြောခံစားမိရင် ပိုပင်ပန်းရသည် ။
ရေးချင်စိတ် ဖြစ်နေပြီး စိတ်ကူးထဲတွင် ပုံဖော်ထားပြီးသားကို ရေးရင်တောင် တကယ်တမ်း ချရေးရင် စာလုံးရေ ၃ထောင်ကျော်ကို ၃ နာရီလောက်ကြာသည်။
ကျွန်တော်က စိတ်ခံစားချက်အတိုင်း လိုက်ပြီး ရေးတော့ ဝတ္တုတစ်ပုဒ်ပြီးဖို့ကို အတော်လေး အချိန်ယူရသည် ။ အမြန်ပြီးချင်ရင် စိတ်တွေက တအားပင်ပန်းရော ။
ထိုကြောင့် ဖတ်ရန် စိတ်လောနေသည့် ကျွန်တော့် သူငယ်ချင်းတွေကို အားနာသော်လည်း ခံစားချက်ကိုလိုက်ပြီး အချိန်ယူကာ ခပ်ဖြေးဖြေးသာ ဖန်တီးဖြစ်သည် ။
ကျွန်တော့် ဖန်တီးမှုတွေကို စောင့်နေပေးသည်ကလည်း ကျွန်တော့် သူငယ်ချင်းတွေသာ ရှိသည်လေ ။ ကျွန်တော့်ကို အားပေးသည့် ပထမဆုံး စာဖတ်သူများက သူငယ်ချင်းတွေပင် ဖြစ်သည် ။
ဒုတိယကတော့ အမေ ... မရဲတရဲဖြင့် ထုဆစ်ပုံဖော်ထားသည်ကို အတင်း ဖတ်ကြည့်ခိုင်းပြီး အခြေနေကို မေးမြန်းရသည် ။ အမေ့ရဲ့ "မဆိုးပါဘူး " ဆိုသည့် အဖြေစကားနှင့်အတူ ကျွန်တော်လည်း ပြုံးမိသည် ။
ဒါက မနူးမနပ် စာရေးဆရာပေါက်စလေး၏ ဖြတ်သန်းခဲ့သော ခပ်သေးသေး အတွေ့အကြုံလေးများဖြစ်သည် ။
"Dinnn Dinnn "
ဖုန်းရဲ့ Vibrate ကြောင့် ကြည့်လိုက်တော့ ပျောက်ဆုံးနေသည့် သူငယ်ချင်းကြီး ။
"ဘာလဲ "
"လန့်တာ မှိုင်းရာ .. ဘာလုပ်နေလဲ "
"စာရေးနေတယ်ဟ မင်းလုပ်လို့ ဒီနေ့ mood တော့ ပျက်ပြီ "
"သေလိုက် "
"ပြောစရာရှိတာ မြန်မြန်ပြော "
"ငါဆဲလိုက်ရ မကောင်းရှိတော့မယ် သတိရလို့ ဆက်တာလေ "
"အဲ့တာ စာရေးနေတဲ့အချိန် ရွေးဆက်ရသလား "
စာရေးနေချိန် လာနှောင့်ယှက်ရင် စာက ဆက်ရေးချင်စိတ်မရှိတော့ ။
"ငါက မင်းစာရေးနေမှန်း ဘယ်လိုလုပ်သိမှာလဲ လဒရဲ့ "
"မင်းဒီတစ်သက် ပြန်လာဦးမှာလား "
"အေးဆေးပေါ့ ကျောင်းဖွင့်ဖို့က လိုသေးတာဘဲ "
"ငါဒီမှာ ပျင်းလို့သေတော့မယ် ! "
သူငယ်ချင်းတွေလည်း တစ်ယောက်မှ မရှိတော့ အဆောင်ကြီးကလည်း ပျင်းခြောက်ခြောက်ဖြင့် ... ဘာမှ လုပ်စရာလည်း မရှိတော့ လူက ပျင်းလို့ သေတော့မည် ။
စာတောင် ဒီရက်ပိုင်း ရေးချင်စိတ် ရှိသည် မဟုတ် ... မနေ့က ကိုရှင်းနဲ့ တွေ့ပြီးတော့မှ ... ထားပါလေ ။
"မင်းအကြောင်းသိလို့ ငါပြန်လာတာပေါ့ ခဏနေ ရောက်မယ် ကားဂိတ်ကို လာခေါ် "
"ဘာ ! တကယ်လား "
"အေး ဒါဘဲ "
ပြောချင်ရာပြောပြီး ဖုန်းချသွားသော လဒကို ဂရုမစိုက်အားသေး ။ ဗီရိုကို ဖွင့်ပြီး အမြန် အဝတ်တစ်စုံရွေးလိုက်သည် ။ ရေမချိုးရသေးသည်မို့ ရေချိုးခန်းထဲကို ဒုန်းစိုင်းပြေးဝင်လိုက်သည် ။
Ha ha ....နောက်ဆုံးတော့ အပျင်းပြေပြီ !
》》》》》》》》
ကားဂိတ်မှာ တစ်နာရီကျော်လောက် စောင့်နေသော်လည်း သူငယ်ချင်းဆိုသည့် ဂြိုလ်သားက ပေါ်မလာ ။ ဒီနေ့မလာသေးဘဲ တမင် ပြသနာရှာလိုက်သည်လား မပြောတတ် ။
စိတ်မရှည်လို့ ပြန်မည်လုပ်ကာမှ ကားဂိတ်ကို ပြေးလာနေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည် ။
"ကိုရှင်း ..... "
》》》》》》》》
Continue Reading
You'll Also Like
1.2M 91.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
144K 19K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
9.8K 725 10
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...