💙အပြာ​ရောင်​နွေဦး💙 {Complet...

By jay_m_01

59.8K 4.2K 532

မထင်​မှတ်​ထားတဲ့..​တွေဆုံမှု​လေးသည်​... အပြာ​ရောင်​နွေဦးမှာစခဲ့တာမို့.... ကျွန်​တော့်​ရဲ့အချစ်​တွေသည်​လည်း..အ... More

💙-1
💙-2
💙အပြာ​ရောင်​​နွေဦး💙 _ 3
💙အပြာ​ရောင်​​နွေဦး 💙_4
💙အပြာရောင်နွေဦး 💙_ 5
💙အပြာရောင်နွေဦး 💙_6
💙အပြာ​ရောင်​​နွေဦး💙 _ 7
💙အပြာ​ရောင်​​နွေဦး 💙_ 8
💙 အပြာရောင်နွေဦး 💙 _ 9
💙 အပြာရောင်နွေဦး 💙 _ 10
💙 အပြာရောင်နွေဦး 💙 _ 11
💙အပြာရောင်နွေဦး 💙_ 12
💙အပြာရောင်နွေဦး 💙_ 13
💙အပြာရောင်နွေဦး 💙 _ 15
💙 အပြာရောင်နွေဦး 💙_ Final
ကြေညာချက်လေးပါ😍
Dika Day Special Part
💙Choice For U💙
💙1💙 (Uni)
💙2💙 (Uni)
💙3💙(Uni)
💙4💙(Uni)
💙5💙(Uni)
💙6💙(Uni)
💙7💙(Uni)
💙8💙(Uni)
💙9💙(Uni)
💙10💙(Uni)
💙11💙(Uni)
💙12💙(Uni)
💙13💙(Uni)
💙14💙(Uni)
💙15💙(Uni)
💙Final💙(Uni)
Dika Day Special Part
💙fic cover💙
💙
Mini Story
To Read

💙အပြာရောင်နွေဦး 💙 _14

1.6K 185 2
By jay_m_01

ရင်ခွင်ထဲကနေ ခုထိမထသေးဘဲ
ပိုပြီးတော့တောင် တိုးဝှေ့ပြီး အိပ်နေတာ ကိုယ့်အိမ်ကိုယ်ရာလိုပင်

နှုတ်ခမ်းလေ ဟစိဟစိနဲ့ အိပ်ပျော်နေတဲ့ ချစ်ရသောသူ

အင်း~~~ကိုယ်လည်း သူနဲ့မှ ကဗျာတွေပါ စန်တတ်နေပြီ။

"အင်း...ဟင့်!!! "

ကြောင်ပေါက်လေးတစ်ကောင်လို တဟင့်ဟင့်နဲ့ အော်နေပြန်ပြီ။
ဘယ်လို ကောင်လေးမှန်းကိုမသိဘူး

ချစ်တယ်...ဘယ်တော့မှ မရိုးတဲ့ ချစ်စကား

"နိုးပြီလား ကောင်လေး.."

"Kyung.. "

ခေါင်းငြိမ့်ရုံလေးသာ ငြိမ့်ပြပြီး Kyung ဆိုတဲ့ စကားအသံလေးထွက်လာတာ

"ဘာပြောတာလဲ ကောင်လေး "

"Kyung ကျွန်တော့်ကို Kyungလို့ခေါ်နော် "

ဟား...သူ့နာမည်လေးကို ခေါ်ခိုင်းတာတောင် မပွင့်မလင်းတိုးရှရှနဲ့

"အဲ့တာများကွာ ကိုယ့်ကို ကျယ်ကျယ်ပြောပါလား ဟင်"

"ရှက်လို့ ဟီး!!"

အမယ်...အခုမှ ရှက်တတ်နေတာတဲ့

"ရှက်လို့ ကိုယ့်နဖူးကို အရင်နမ်းတုန်းက မရှက်ဘူးပေါ့ ဟုတ်လား
ဟမ်!! ပြောပါဦး Kyungရဲ့ "

"Jong jonginနော် အဲ့ အဲ့တုန်းက ခင်ဗျားက ရေခဲတုန်းကြီးလေ
အဲ့တော့ ကျွန်တော်က ကြိုးစားရတာပေါ့ဗျ
အားကြိုးမာန်တတ်လေ ဟီး ^_^ "

တဟီးဟီးနဲ့ ချွဲနေပြန်ပြီ

"ဟုတ်ပါပြီဗျာ ခုတော့ သွားကြမယ် ညနေစောင်းနေပြီနော်
အိပ်ပုတ်လေးရဲ့ ကိုယ်က အိပ်ပုတ်တွေကိုချစ်ဘူး"

နှာခေါင်းလုံးလုံးလေးကို ဆွဲပီး ပြောလိုက်တော့

"ကျွန်တော်က အိပ်ပုတ်လေးကိုမချစ်ဘူးပြောတဲ့
ဲ့ လူကြီးကို ချစ်တာ သိလား မွ!!"

အော်ဟော်~~ လူကိုနမ်းသွားပြန်ပြီ!!!

ထပြေးတော့မယ့် ကောင်လေးရဲ့ လက်ကိုလှမ်းဆွဲပြီး..
နှုတိခမ်းနှစ်ခုထိကပ်စေလိုက်တယ်

အခုအခြေအနေက ကောင်လေးက ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်နေတာရယ်

နူးညံတယ်~~
ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေတဲ့ ချယ်ရီရောင် နှုတ်ခမ်းနုနုလေး~~
ထိကပ်လိုက်တာနဲ့ မလွှတ်ချငိအောင် ရစ်မူးစေတဲ့ နှုတ်ခမ်းပါးရှရှလေး~

ကျေးဇူးပါ မှောင်မိုက်နေတဲ့ ဘဝထဲ ဝင်လာပေးလို့
ကျေးဇူးပါ ရယ်မောရအောင် လုပ်ပေးလို့
ကျေးဇူးပါ ချစ်တတ်လာအောင် သင်ပေးလို့
ကျေးဇူးပါ ကိုယ့်ဘဝထဲ ဝင်လာပေးလို့

အရာရာထက် မြတိနိုးတဲ့ တစ်ယောက်သောသူ
မလွှတ်တမ်း အနားမှာနေပေးမယ့်တစ်ယောက်သောသူ
ဘဝရဲ့ တစ်စိတ်တစ်ဒေသထက် တစ်ဘဝစားလုံး ဖြစ်ပေးတဲ့အတွက်

ချစ်တယ် ကိုယ်မင်းကို အရမ်းချစ်တာ....

နမ်းရှိုက်ပြီးတော့မှ ကောင်လေးကို ကြည့်လိုက်တော့
ရှက်ပြုံးလေး ပြုံးနေတာ
ချစ်လို့မဝတဲ့ ကြွေရုပ်လေး

"First kiss!!!!  jongin ကျွန်တော့်ကို နမ်းတာ ပထမဆုံးပဲ"

ဟား...ရင်ထဲ ပျော်ရွှင်မှုက အတိုငိးမဆပင်....

"သိတယ် ကိုယ့်အတွက်လည်း Kyungက ပထမဆုံးပဲ"

"တကယ် တကယ်လား ဟိ!! တကယ်နော် မနောက်ကဘူးနော်"

"မနောက်ပါဘူးနော်တကယ်ပါကွာ"

"ချစ်တယ် Kyungsooလေးက Jonginကြီးကို များကြီးချစ်တယ်"

ချစ်တယ်ပြောပြီး ရင်ခွင်ထဲ ဝင်လာပြန်ပြီ!!!

ဒါ ချစ်သူစဖြစ်ကတည်းက ဖြစ်လာတဲ့ အမူအရာလေးက ချစ်ဖို့ကောင်းတယ်

"အင်းပါ ကိုယ်ကလည်း Kyungကို အရမ်းချစ်တယ်"

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး..
အနူးညံဆုံး ပြုံးမိကြတယ်

Kim Jongin ဘဝမှာ Do Kyungsoo သာရှိရင် အရာရာပြည့်စုံပါပြီ

"မနက်ကြ ကိုယ်နဲ့အတူ သွားစရာရှိတယ် လိုက်ခဲ့စေချင်တယ် "

"အင်းပါ jonginဘယ်သွားသွား ကျွန်တော် လိုက်ပါ့မယ်ဗျာ"

တစ်ယောက်လက် တစ်ယောက်တွဲပြီး...
ချယ်ရီပင်တွေအောက် လမိးလျှောက်ရတာ ကြည်နူးစရာကောင်းလှတယ်

အင်း...အမှန်ပြောရင်တော့...
ချစ်ရသူ ရှိတာကြောင့် ဖြစ်မှာပါ..

*ကောင်လေးမရှိရင် ကိုယ်မနေတတ်တော့ဘူး ဖြစ်နေပြီ
အဲ့တာကြောင့် ဘေးမှာ အမြဲအတူရှိနေပေးပါ*

💙💙 အပြာရောင်နွေဦး 💙💙

မနက်စောစော...ကောင်းကင်ပြာက ကြည်လင်လွန်းနေတယ်
စိတ်ထဲတောင် အတိုင်းမသိ ကြည်နူးနေရပြန်!!!

"ဟွန့်...လာခေါ်မယ်ပြောပြီး မလာသေးဘူး
ကြာနေပြီ Kim Jonginရေ.."

အိမ်ရှေ့မှာ ရပ်စောင့်နေရတာ 10မိနစ်တောင်ရှိနေပြီ!!!!!

"စိတ်ပုတ်တစ်ယောက် နောက်ကျနေပြန်ပြီ.."

"ကိုယ့်ကို စောင့်နေတာလား Kyung"

ရှပ်အဖြူလေးနဲ့ ချောသန့်နေတဲ့ Jongin
မနာလိုတာတွေထဲ အဲ့တာလည်းပါတယ်

"မစောင့်ပါဘူး...စိတ်ပုတ်တစ်ယောက်ကို စောင့်နေတာပါ "

"လာပါ Kyungရာ သွားကြမယ်ဆို..."

လက်ကိုဆွဲပြီး ယုယုယယ ပြောပြန်တော့လည်း...
ဆူနေတဲ့ နှုတ်ခမ်းက ဖြေလျော့လာရပြီ!!

"အင်းပါ သွားပါ့မယ် လာပါ"

Jonginခေါ်လာတဲ့ နေရာကို ကြည့်မိတော့....
စိမ်းစိုစို မြတ်ပင်တွေပြည့်ဝစွာ ပေါက်နေတဲ့ အုတ်ပုံတစ်ခုပင်

"Jongin ဒါ..ဒါက.."

"အင်း...ကိုယ့်မေမေလေ...."

ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်နှာလေးနဲ့ ဆွေးမြေ့နေတဲ့ Jongin

"မေမေ နေကောင်းတယ်မလား....သား မလာဖြစ်လို့ စိတ်ဆိုးနေလား ဟင်
သားကလေ သိလား အသက်ရှိတုန်းကကော ဂရုမစိုက်သလို
ခုကြတော့လည်း တစ်လတစ်ခါတောင် မလာနိုင်ဘူးနော်
သားက ဆိုးတယ်မလား မလိမ္မာဘူးနော် ဟင့်!!
သားလောက် မိုက်တဲ့သူ မရှိဘူးနော် ဟင့်!!"

ရိုက်ကြီးတငင်ငိုနေတဲ့ သူ့ကျောကုံးကို လက်လေးနဲ့ ပွတ်သတ် နှစ်သိမ့်ပေးရုံပြင် ကျွန်တော် ဘာမှမတတ်နိုင်ခဲ့ပါ

ငိုပါ ရင်ထဲက အစိုင်အတွေ ကုန်တဲ့ထိ!!
ငိုပါ အရင်လိုအချိန်တွေကို နောင်တရစရာ မရှိတော့တဲ့အထိ!!

"Kyung "

ခပ်တိုးတိုးဖွင့်ဟလာတဲ့ Jonginအသံ~~~~

"ကိုယ့်ကို ခဏလေး ဖက်ထားပေးနော် ရင်ထဲတင်းကျပ်နေလို့!"

တိုးလျလျထွက်လာတဲ့ စကားသံအနောက်
သူ့ရဲ့ တကိုယ်လုံးကို ပျောက်ကွယ်သွားမတတ် တင်းကျပ်စွာ
ဖက်ထားပေးမိတယ် ကျွန်တော့်ရင်ခွင်ထဲ ဖြေဖြောက်ပါ jongin~~

ငိုလို့တိတ်သွားတော့မှ အုတ်ပုံအနား....

နှစ်ယောက်သား လက်ချင်းတွဲ ထိုင်နေမိတယ်...
လေတဖြူးဖြူးတိုက်နေပေမဲ့ ရင်ထဲကတော့ ပူလောင်နေဆဲပါ

ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖွင့်ဟ ပြောလိုက်ပါ jonginရယ်

"Kyung သိလား...ကိုယ်အလယ်တန်းတတိယနှစ်တုန်းကလေ
ကိုယ်က စာတော်တဲ့ သူတစ်ယောက်ဖြစ်ချင်တာမို့ အမြဲတန်းစာပဲလုပ်ခဲ့တာ
မေမေက သူနဲ့အတူတူ ထမင်းစားမယ်ပြောလည်း ကိုယ်အချိန်မပေးခဲ့ဘူး
ရှိတာမှ ကိုယ်နဲ့မေမေ နှစ်ယောက်ပဲရှိတာကို ကိုယ်က ပြစ်ထားသလို
မေမေကို့ ဂရုမစိုက်ခဲ့ဘူး ဟူး~~"

"Sam Yixingကကော.."

"အာ...Hyungက ကိုယ့်ဖေဖေနောက် လိုက်သွားခဲ့တာလေ
မေမေနဲ့ ဖေဖေ အိမ်ထောင်ကွဲတော့ ကိုယ်က မေမေနဲ့ကျန်ခဲ့ပြီး
Hyungက ဖေဖေနဲ့လိုက်သွားခဲ့တာ အဲ့ကတည်းက မေမေအထီးကျန်နေတာဖြစ်ခဲ့မှာပါ"

ဒီလို အဖြစ်ပျက်တွေ ရှိမှန်း သူတကယ်မသိခဲ့ရတာ......

"တစ်နေ့ ကိုယ်ကျောင်းက ပြန်လာတော့ မေမေဧည့်ခန်းထဲမှာ သတိလစ်နေခဲ့တာ ဟင့်!! ဆေးရုံရောက်တော့ ဆရာဝန်က
နှလုံးရောဂါနောက်ဆုံးအဆင့်တဲ့လေ.....ကိုယ်အဲ့တုန်းကဆို
ကမ္ဘာပျက်မတတ်ဖြစ်ခဲ့ရတာ နောက်နှစ်လလောက်နေတော့
မေမေ ကိုယ့်ဘဝတည်းက အပြီးအပိုင်ထွက်သွားခဲ့တာပဲ"

"Jongin..."

"ကိုယ့်မေမေ သေရတာ ကိုယ်အရေးမပါတဲ့ စာတွေ လုပ်လို့ဖြစ်ရတာဆိုပြီး
စာမလုပ်တော့ပဲ ခက်ထန်တဲ့ Kai အဖြစ်ပြောင်းလဲသွားခဲ့တာ
Jonginအဖြစ်ကိုတော့ Kyungရောက်လာတော့မှ ပြောင်းလဲခဲ့တာ
အဲ့တာကြောင့် Kyungပါ ကိုယ်ကို့စွန့်ခွာမသွားနဲ့နော်"

မျက်ရည်တွေ ပြည့်နှက်နေတဲ့ သူကိုမြင်တော့
ရင်ဘက်ထဲက တင်းကျပ်လာခဲ့တာ
2နှစ်ကျော်လောက် မျိုသိပ်ထားခဲ့တဲ့
ဲ့ သူဆို ဘယ်လောက်တောင်မှပင်ပန်းခဲ့မလဲ

"အင်းပါ...အင်းပါ...ကျွန်တော် jonginကိုဘယ်တော့မှ မထားခဲ့ဘူး
မောင်းထုတ်ရင်တောင်မှလေ နောက်တစ်ခါ မျိုသိပ်မထားပဲ ဖွင့်ဟပါနော်
ချစ်တယ် Jongin အရမ်းချစ်တယ်..."

"ကိုယ်လည်းKyungကို အရမ်းချစ်တယ် "

ခုတော့ Jonginစိတ်တွေ ပြန်လည်အဆင်ပြေလာပြီထင်ပါတယ်...

T~B~C~~~~~~~

ပြန်လာပါပြီ☺☺☺

Kaiဘဝက ဘယ်လိုရောက်လာခဲ့လဲဆိုတာ ပြောပြပါပြီနော်

မူလဇာတ်လမ်းတီထွင်သူအား အထူးပင်လေးစားလျှက်ပါ

Continue Reading

You'll Also Like

562K 19.1K 144
Read and find out...
117K 4K 26
စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌
74.6K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...