အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...
By Arr_Sheng
1.7M 185K 35.4K
This story book presented by Zawgyi & UNICODE. #Zawgyi သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ #UNICODE သမေိန့... More
Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng
EP-24
24.5K 2.8K 486
By Arr_Sheng
EXAM ARE COMING DO NOT FORGET
အလုပ်ကအပြန် အိတ်ချပြီး အင်္ကျီ မလဲနိုင်သေးပဲ သမီးဖြစ်သူနှင့် အရင် ကစားပေးနေခဲ့သည်။ ဘောင်းဘီအိပ်ကပ်ထဲရှိ ဖုန်းက Message alarm ၀င်လာသောကြောင့် သမီးကို ပွေ့ချီထားလျက် ပိုင်စီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။
""သားအဖနှစ်ယောက် ဘာတွေ ဖြစ်နေတာလဲ ... ဟောတော်.. မောင်ရေမချိုးရသေးဘူးလား""
""မောင်ရယ် တစ်နေကုန် အလုပ်မှာ ပင်ပန်းလာတာ၊ ရေအရင်ချိုးပေါ့၊ နားရာနဲ့ နောက်မှ ကစားလည်း ရပါတယ်""
""အင်း""
""မြောင် မြောင် မြောင်""
""ပေးထားလိုက်လေ မောင်၊ မောင်က ရေသွားချိုးတော့၊ ဖုန်းလာရင် မ ပြောပေးမှာပေါ့""
""ရတယ် မ၊ အရေးကြီးတဲ့ Data တွေ ပါလို့ ကလေးကို ဖုန်းပေးလို့မရဘူး၊ မောင်ရေချိုးလိုက်ဦးမယ်""
မောင်က ခြေထောက်ကို ဖက်ထားသော သမီးနားရာကို တွန်းဖယ်ပြီး ရေချိုးခန်းထဲ ၀င်သွားသည်။
ဖုန်းကိုပါ ရေချိုးခန်းထဲ ယူသွားတာလား ...
နားရာက ရေချိုးခန်းထဲ ၀င်သွားသော အဖေနောက်ကို တတောက်တောက်နဲ့ လျှောက်သွားပြီး ပိတ်ထားသော ရေချိုးခန်းတံခါးကို လက်ဖ၀ါးနုနုလေးနဲ့ ရိုက်ထုလျက် ပါးစပ်ကလည်း မြောင်မြောင်လို့ ပြောနေသေးသည်။
နုံအလို့ မဟုတ်ဘူး၊ ကျွန်မမိသားစုရဲ့  အိမ်ဦးနတ်ဘုရားဖြစ်နေလို့ သူမတူတဲ့ ယုံကြည်မှု့ မျိုးနဲ့ ကိုးကွယ်ထားတာ။
-----------------
The Next Day
""အားးးး""
လက်ဆစ်တွေကို အပြန်အလှန် တဖြောက်ဖြောက်ချိုးလျက် ပိုင်စီး စဉ်းစားနေသည်။ ပြီးမှ
ဒီကိစ္စ မသေးလှ ...
----------------
at Night
""ထောက်ပံ့သူက မ ဖြစ်တာကို ကိုပိုင်ဇေ မသိဘူးမလား ""
""ကောင်းတယ် ညီမလေး၊ အဓိကက ကိုပိုင်ဇေခြေထောက် အမြန်ပြန်ကောင်းပြီး သူတို့ညီအစ်ကိုနှစ်ယောက် ပြေလည်နိုင်ဖို့ပဲ၊ အမွေကိစ္စလည်း တရားမျှတစေရမယ်""
""အစ်ကို!""
""မင်းအခု မေမမနိုင်နဲ့ ဖုန်းပြောနေတာမလား၊ ငါ့ခြေထောက်ခွဲစိတ်ဖို့ မေမမနိုင်က ထောက်ပံ့ပေးတာမလား၊ မင်းရဲ့  သူဋ္ဌေးက မေမမနိုင်ဖြစ်နေတာလား""
----------------------
The Next Day
""ဒေါက်တာ ဒီ့ထက် အာနိသင်ပြင်းတဲ့ ဆေးရှိရင် ထည့်ပေးပါ၊ အခုသောက်နေတဲ့ ဆေးတွေက မထိရောက်သလိုပဲ၊ ခေါင်းကိုက်တဲ့နာကျင်မှု့ ကို နည်းနည်းလေးမှ မလျော့ဘူး၊ အကြိမ်ရေလည်းစိတ်လာတယ်၊ ပစ္စည်းတစ်ခုကို တစ်နေရာကနေ နှစ်နေရာ ရှာလိုက်ရင်ပဲ ခေါင်းတွေ တအားကိုက်လာတယ်၊ တစ်ခုခုကို ငုံ့ရှောင်လိုက်ရင် ဦးနှောက်ထဲက သွေးတွေ အတောင့်ခဲသွားသလို ကိုက်ခဲလာတယ်၊ တို့ အဆင်မပြေဘူး""
""ဒါပေမဲ့ မသေသေးဘူးလေ ဒေါက်တာ၊ ဆေးလွန်လို့ သေရင်လည်း သေပါစေတော့၊ ရှင်နေလျက်နဲ့ ဒီဆိုးရွားလှတဲ့ဝေဒနာကြီးကို မခံစားနိုင်တော့ဘူး၊ ဒါသက်သက် လူကို တမင်ညှင်းဆဲတာ၊ သေခွင့်လည်းမပေးဘူး၊ မသေဘူးလားဆိုတော့လည်း ဝေဒနာကို မချိမဆန့်ခံစားရပြီး နောက်ဆုံးမှာ သေကိုသေရမှာများ၊ မခန့်လိုက်တာ""
-----------------
""ပိုင်စီးအာဏာကို ထိုးကျွေးလိုက်ရအောင်""
မထင်မှတ်ထားသော ပိုင်စီးအာဏာ၏ လက်ရုံးစကားကို ကြားလိုက်ရသောအခါ Shock ရပြီး ချက်ချင်း ပြန်ခွာတော့မည့် ဦးအောင်သိန်းလက်မောင်းကို ဇွဲရန်က တင်းကြပ်စွာ ဆုပ်ကိုင်လျက် နားရွက်အနား တေ့ကာ
---------------------
မေ ... အ မှောင် ထဲ က ...
မေ ... စံ ပယ် ပွင့် ထက် ...
အ နီ ... အ နီ သွေး လား ...
အ ပြုံး ... မေ့ အ ပြုံး များ ...
... .... ... ... ... .... ...
မေ ရယ် ... အ လှ ဆုံး လေး မို့ ...
""ကိုပိုင်ဇေ""
သူမ ရောက်လာတယ် ...
""ရောက်လာပြီလား ... မေ""
အခြေအနေအရာအားလုံး ပြောင်းလဲသွားပေမဲ့ ကိုယ့်ရင်ထဲက အမြတ်တနိုး ပသ ထားရပါသော "မေ"ကိုတော့ ပြောင်းလဲ မခေါ်ပါရစေနဲ့။
အရင်က အခွေခွေအလိမ်လိမ် ဒီဇိုင်းမျိုးစုံနဲ့ ဆေးရောင်ပါသော ဆံနွယ်တို့က အခုမူ အမည်းရောင် ကတ္တီပါစလို နက်ဆွေးပြောင်နေသည်။ ဆံချည်မျှင် တစ်မျှင်ချင်းစီကို သေသပ်စွာ ဘီးနဲ့ဆွဲချဖြီးထားသောကြောင့် ဆံသားလမ်းကြောင်းတစ်ခုချင်းစီက ဦးရေပြားမှာ လမ်းကြောင်း ထွင်းဖောက်နေသည်။
အရင်က လက်မမြင့်သော ဒေါက်အမျိုးမျိုးကို စီးလေ့ရှိသည့် ခြေဖမိုးဖွေးဖွေးက အခုမူ ရိုးရိုးရှင်းရှင်း ဖိနပ်အဖြူပါးပါးလေး စီးထားသည်။  အလှမယ်တစ်ယောက်ဖြစ်ခဲ့သော မေ့ ရဲ့  ခန္ဓာကိုယ်အချိုးအစားနှင့် အရပ်အမောင်းမှာ ကလေးတစ်ယောက်အမေဖြစ်သွားသော်ငြား သာမန်မိန်းမတို့ထက် လွန်ကဲတင့်တယ်သည်။
အရင်က အမျိုးမျိုးပုံဖော် ဆေးခြယ်အလှဆင်သော လက်သည်းရှည်တို့က အခုမူ တုံးတိတိ တိဖြတ်ကာ ဆေးအရောင်မဆိုးသော်လည်း လက်သည်းခွံ ကြည်ကြည်လင်လင်နဲ့ လက်သည်းအတွင်းသားတို့က ပန်းရောင်ပြေးနေသည်။
အရင်က အနာအဆာမရှိ၊ ၀င်းမွတ်ခဲ့သော မေ့ ရဲ့ ကိုယ်မှာ အခုမူ သေးသေးမွှားမွှား အရောင်မှိန်မှိန် ကျန်ရှိနေသည့် မီးအပူကပ်သော အမာရွတ်ဟောင်းအချို့နှင့် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ထိခိုက်မိလို့ ရသော ဒဏ်ရာဟောင်းအချို့ ၊  အသားမာတစ်ချို့ ရှိလာတာကလွဲရင် မေ့မှာ မြင်ရသူအဖို့ မျက်စိအေးစေသော ယဉ်ကျေးသည့် အလှတရားတွေ ခိုင်မြဲတွယ်ငြိနေစမြဲ။
ပြည့်ပြည့်ဝင်းဝင်းကိုယ်နေဟန်ထားနဲ့ တော်ဝင်ဆန်သောမျက်နှာထားက သက်လက်ပိုင်း အမျိုးသမီးအရွယ်မှာ ရှိသင့်သော မာန်နဲ့ ၀င့်ထည်စွာ တည်တည်ငြိမ်ငြိမ် ခန့်ညားလျက် မြင်ရသူ ရှိန်စေသည်။
""သမီးလေး မပါဘူးလား မေ""
ပိုင်ဇေက ငေးကြည့်နေသော ပြတင်းပေါက်အပြင်မှ အကြည့်လွှဲပြီး မမနိုင်ကို ပြန်ကြည့်လာသည်။
""ကိုပိုင်ဇေက ခွင့်လွှတ်ရအောင် မောင်က မတောင်းပန်သေးပါဘူး၊ ကိုပိုင်ဇေကို လူကောင်းပကတိ ပြန်ဖြစ်စေချင်ပါတယ်၊ မောင်လည်း ကိုပိုင်ဇေကို အခုလို ပုံစံမျိုးနဲ့တွေ့ရင် စိတ်ကောင်းမှာ မဟုတ်ဘူး၊ မောင့်ရဲ့  တောင်းပန်မှု့ ကို လက်ခံယူသွားပါဦး၊ ဒါမှ မောင့်အပြစ်တွေကျေနိုင်မှာ၊ လောဘဇောတိုက်ပြီး အမှောင်ကျနေတဲ့ မောင့်ကို အစ်ကိုတစ်ယောက်အနေနဲ့ ဆုံးမပဲ့ပြင်ပေးပါဦး""
""ကျွန်မ ခင်ပွန်းအတွက်ပါ၊ ကျွန်မ ခင်ပွန်းအတွက် ကျွန်မ မကြည့်လို့ ဘယ်သူ့အတွက် ကြည့်ပေးရမှာလဲ၊ အခု ကျွန်မ ခင်ပွန်းလုပ်ရပ်တွေက လူတစ်ယောက်အနေနဲ့ရော ညီတစ်ယောက်အနေနဲ့ရော မလုပ်သင့်ဘူး၊ မောင်လျှောက်နေတဲ့ လမ်းက မှားယွင်းနေတယ်၊ ညီအစ်ကိုအချင်းချင်း ခေါင်းပုံဖြတ် ရလာတဲ့ အပူစည်းစိမ်ကို ကျွန်မ မစံစားနိုင်ဘူး၊ မောင့်ကိုလည်း အပြစ်မထိုက်စေချင်ဘူး၊ သားကောင်းမဖြစ်ခဲ့တဲ့ မောင့်ကို ညီကောင်းတော့ ဖြစ်စေချင်တယ်၊ မောင်ကောင်းဖို့အတွက် ကိုပိုင်ဇေ ရသင့်ရထိုက်တာ အားလုံး အကုန်ပြန်အပ်ချင်တယ်၊ မောင့်ကို ဖြစ်ချင်သလိုဖြစ် ပျက်စီးစေမှန်း သိသိရက်နဲ့ ပစ်ထားတာက စစ်မှန်တဲ့မေတ္တာမဟုတ်ဘူး၊ ကျွန်မက ဇနီးကောင်းပီသအောင် ကြိုးစားနေသလို ကိုပိုင်ဇေလည်း အစ်ကိုကောင်းတစ်ယောက် ပီသပေးရင် ကျွန်မခင်ပွန်းက အစ်ကိုကို ယုတ်မာတဲ့ ညီတစ်ယောက်မဖြစ်နိုင်တော့ဘူး""
""ကိုပိုင်ဇေရဲ့  ခွဲစိတ်မှု့ကို ကျွန်မရဲ့  တစ်ကိုယ်တည်း စေတနာနဲ့ ထောက်ပံ့တာ မဟုတ်ပါဘူး၊ ကိုပိုင်ဇေရသင့်ရထိုက်တာထဲက ကျွန်မခင်ပွန်းအတွက်စဉ်းစားပြီး လုပ်ပေးတာပါ၊ ကိုပိုင်ဇေသာ ကျွန်မခင်ပွန်းနဲ့ ဘာမှမပတ်သက်ရင် ကိုပိုင်ဇေဘာကြီးဖြစ်နေနေ ကျွန်မ ပြန်လှည့်မကြည့်ဘူး၊ မောင့်အတွက် ညစာ ပြင်ဖို့ ဈေးဝင်ရဦးမှာမိုလို့ ဒီလောက်နဲ့ သွားခွင့်ပြုပါ ... ကိုပိုင်ဇေ""
ဂါရ၀တရားအရ ခါးညွှတ်ဦးကျိုးနှုတ်ဆက်ပြီး ခေါင်းပြန်မော့လိုက်စဉ် ကိုပိုင်ဇေ၏ မျက်ရည်စကို တွေ့လိုက်ရသော်လည်း မမနိုင် မျက်တောင်တစ်ချက်မခတ်မိ။
----------
---------------
""၀န်ကြီးဦးအောင်သိန်းနဲ့ Panorama ဦးပိုင်စီးအာဏာရဲ့  တရားမ၀င် လာဘ်ထိုးမှု့  Video Fileလို့ ယူဆရတဲ့ သက်သေပေါ်လာလို့ပါ၊ ဟုတ်တာမဟုတ်တာကို စခန်းမှာ ဖြေရှင်းကြတာပေါ့၊ ကျွန်တော်တို့လည်း တာဝန်အရ လုပ်ဆောင်နေတာမိုလို့ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ အေးဆေး ပူးပေါင်းပေးပါ""
Video File? ... အဲ့ဒါ ငါ့ Video File ဖြစ်နေတာလား ... ပြသနာကြီးပြီ
""ဟုတ်ကဲ့ ကိုအာဏာ""
""ဒီနေ့ ကျွန်တော့်ရဲ့  အကျိုးဆောင်မှု့ ကို မမေ့ပါနဲ့၊ ကတိပေးထားတဲ့အတိုင်း Panorama ရဲ့  ရှယ်ယာအစုနဲ့ ကိုယ်စားလှယ်အုပ်ချူပ်ခွင့်ကို မျှော်လင့်နေပါ့မယ်""
___________
Arr_Shengကြောင့် စာကျက်ပျက်ရတာမျိုး မဖြစ်စေချင်ဘူး
ဖတ်ပေးတဲ့ တွဲလက်တွေအားလုံးကို ကေျးဇူးအများကြီးတင်ပါတယ် (စာမေးပွဲရှိသူများ မပါ)
3:07 PM
9/15/2018
EXAM ARE COMING DO NOT FORGET
""၀ူး .. လေယာဉ်ပျံကြီး ပျံလာပြီ၊ မင်းသမီးလေး ခိုနားရာ စီးနှင်းလာတဲ့ လေယာဉ်ပျံကြီး မကြာခင် မြေပြင်ကို ဆိုက်ကပ်ပါတော့မယ်၊ ၀ူး  ... ၀ရော""
ပိုင်စီးက နားရာကို ပွေ့ချီလျက် လေပေါ် မြှောက် ကစားနေသည်။ ပိုင်စီးလက်ထဲမှာ နားရာက ပျော်လွန်းလို့ တခိခိရယ်သံလေးများ ဆူေ၀နေသည်။
""ဗုန်း ... ခဏ နားဦး ဖေဖေ ညောင်းသွားပြီ""
နားရာကို အောက်ချပေးသော်လည်း နားရာက ပိုင်စီးကို ကုတ်ဖက်ထားသေးတာကြောင့် နားရာ မဆင်းချင်သေးမှန်း ပိုင်စီးသိလိုက်သည်။
သမီးကို ပခုံးပေါ် ပွေ့တင်ထားလျက် ဟိုလျှောက်ဒီလျှောက်ရင်း သမီးကျောကို လက်ချောင်းတွေနဲ့ ကုတ်ပွတ်ပေးနေသည်။
အလုပ်ကအပြန် အိတ်ချပြီး အကျႌ မလဲနိုင်သေးပဲ သမီးဖြစ်သူနှင့် အရင် ကစားပေးနေခဲ့သည်။ ဘောငး်ဘီအိပ်ကပ်ထဲရှိ ဖုန်းက Message alarm ၀င်လာသောကြောင့် သမီးကို ပွေ့ချီထားလျက် ပိုင်စီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။
Downက WeChat မှာ tiktok video ပို့ခြင်းဖြစ်သည်။
အခုခေတ်စားနေသော မြောင်မြောင်သီချင်းနဲ့ ကြောင်မြီး ကြောင်နှုတ်ခမ်းမွှေးပုံစံ Downရဲ ့ tiktok Videoက အသဲခိုက်စရာ။
ပိုင်စီး အသဲယားစွာ ရယ်လျက် သုံးခါထက်မနည်း အပြန်ပြန်အလှန်လှန်ကြည့်နေတုန်း လက်ပေါ်က သမီးနားရာကပါ ဖုန်းကို လှည့်ကြည့်လာသည်။
နားရာက ဖုန်းကို အတင်းဆွဲလုနေသောကြောင့်
""ဘာလို့လဲ ဘာလို့လဲ ဖေ့ ခိုနားရာလေးပါ ကြည့်ချင်လို့လား .. ဦးဦးကို""
သားအဖနှစ်ယောက် Downရဲ ့ မြောင်မြောင် tiktok Video ကို သဘောကျစွာ ကြည့်နေသည်။
နားရာကလည်း မြောင် မြောင် မြောင် အသံထွက်လို့ ...
""ဦးဦးက ချောတယ်မဟုတ်လား၊ တွေ့ချင်လား ဦးဦးကို၊ ဖေဖေက ကြုံရင် ဦးဦးနဲ့နားရာလေးကို တွေ့ပေးမယ်နော်""
သမီးငယ်မျက်နှာကို တမွမွနဲ့ မွှေးကြူလိုက်သည်။ နားရာက Downရဲ ့ Video ကို နှစ်ခြိုက်စွာ ကြည့်နေတုန်း
""မောင်ရေ ့ ... ထမင်းစားဖို့အသင့်ဖြစ်ပြီ""
မ အခန်းထဲ ၀င်လာတော့ နားရာလက်ထဲက ဖုန်းကို ဖျတ်ခနဲ ဆွဲယူပြီး ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။ ပိုင်စီးက ဖုန်းကို ဆွဲယူသွားသောကြောင့် နားရာက ပိုင်စီးဆီက ဖုန်းကို အတငး်လိုက်တောင်းနေသည်။
""သားအဖနှစ်ယောက် ဘာတွေ ဖြစ်နေတာလဲ ... ဟောတော်.. မောင်ရေမချိူးရသေးဘူးလား""
""အင်း သမီးနားရာနဲ့ ကစားပေးနေလို့""
""မောင်ရယ် တစ်နေကုန် အလုပ်မှာ ပင်ပန်းလာတာ၊ ရေအရင်ချိူးပေါ့၊ နားရာနဲ့ နောက်မှ ကစားလည်း ရပါတယ်""
""အင်း""
နားရာက ပိုင်စီးကိုယ်ပေါ်က လျှောဆင်းကာ ပိုင်စီး ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို လိုက်နှိုက်နေသည်။
""နားရာ ... ဖေဖေ့ဆီက ဘာတွေ လိုက်လုနေတာလဲ""
""မြောင် မြောင် မြောင်""
နားရာက မြောင်မြောင်မြောင် ဟု ပါးစပ်က ရေရွှတ်လျက် ပိုင်စီးအိတ်ထဲက ဖုန်းကို လှမ်းနှိုက်ထုတ်သည်။
ပိုင်စီးက နားရာလက်ထဲ ပါသွားသော ဖုန်းကို ဆက်ဆက်ထိမခံ ပြန်လုသည်။ ထိုသည်ကို နားရာက မကျေနပ်။ ပါးစပ်က မြောင်မြောင် ပြောလျက် ဖုန်းကို ပိုင်စီးထံမှ တောင်းနေသည်။
မ ကလည်း သားအဖနှစ်ယောက် ပထမဆုံးအကြိမ် သဘောထားမတိုက်ဆိုင်မှု့ကို ကြည့်နေသည်။ နားရာဂျီလျှင် မည်မျှ ခက်ခဲပါစေ မရ ရအောင် အလိုလိုက်အကြိုက်ဆောင်ပေးသော မောင်က အခုမူ ဖုန်းကို အပါမခံ။
""နားရာကို မြောင်မြောင် Video ပြတာ၊ အဲ့ဒါ ထပ်ကြည့်မလို့ တောင်းနေတာ မ""
""ပေးထားလိုက်လေ မောင်၊ မောင်က ရေသွားချိူးတော့၊ ဖုန်းလာရင် မ ပြောပေးမှာပေါ့""
""ရတယ် မ၊ အရေးကြီးတဲ့ Data တွေ ပါလို့ ကလေးကို ဖုန်းပေးလို့မရဘူး၊ မောင်ရေချိူးလိုက်ဦးမယ်""
မောင်က ခြေထောက်ကို ဖက်ထားသော သမီးနားရာကို တွန်းဖယ်ပြီး ရေချိူးခန်းထဲ ၀င်သွားသည်။
ဖုန်းကိုပါ ရေချိူးခန်းထဲ ယူသွားတာလား ...
မ မျက်ခုံးတို့ အလိုအလျောက် စုကြုတ်သွားသည်။
အရင်က မောင်ဆိုသည်မှာ သမီးဖြစ်သူ စိတ်ကျေနပ်စေဖို့ ဖုန်းပါမက သူအလုပ်လုပ်နေရင်းတန်းလန်း Laptopကိုပါ ပေးကိုင်တတ်သည့် အဖေ။ အခုဘယ်လို အရေးကြီးတဲ့ Dataတွေကြောင့် ဖုန်းကို ရေချိူးခန်းထဲ ယူသွားရသည်အထိ စိတ်မချ ဖြစ်နေသလဲ။
နားရာက ရေချိူးခန်းထဲ ၀င်သွားသော အဖေနောက်ကို တတောက်တောက်နဲ့ လျှောက်သွားပြီး ပိတ်ထားသော ရေချိူးခန်းတံခါးကို လက်ဖဝါးနုနုလေးနဲ့ ရိုက်ထုလျက် ပါးစပ်ကလည်း မြောင်မြောင်လို့ ပြောနေသေးသည်။
အဖေနောက်ကို လိုက်နေသော နားရာနှင့် တံခါးပိတ်ကာ နားရာကို လျစ်လျူရှုသွားသော မောင့် ကို ကြည့်လျက် မ ရင်ထဲ ဆို့နင့်ကြေကွဲလာသည်။
ယုံကြည်ရမယ်၊ ယုံကြည်ရမယ် မမနိုင် ...
နုံအလို့ မဟုတ်ဘူး၊ ကျွန်မမိသားစုရဲ ့ အိမ်ဦးနတ်ဘုရားဖြစ်နေလို့ သူမတူတဲ့ ယုံကြည်မှု ့မျိူးနဲ့ ကိုးကွယ်ထားတာ။
သမီးရဲ ့အဖေ ကျွန်မခင်ပွန်းက သမီးနဲ့ကျွန်မအပေါ် သစ္စာမမဲ့ဘူး။
သံသယတွေနဲ့ ရိပ်မိနေပေမဲ့ ယုံကြည်မှု ့တစ်ခုတည်းကြောင့် မထင်ရက်ခဲ့ဘူး
မောင်လုပ်ရက်မှာ မဟုတ်ဘူးလို့ပဲ ကျွန်မ အစွန်းရောက် ယုံကြည်တယ်။
-----------------
The Next Day
""ဘာပြောတယ်! ၀န်ကြီးဦးအောင်သိန်း အစစ်ဆေးခံရတယ်လား""
""ဟုတ်တယ် ကိုအာဏာ၊ အခုလေးတင် ခိုင်လုံတဲ့နေရာက သတင်းရတာ""
""အားးးး""
ပိုင်စီး ဒေါသတကြီး စားပွဲပေါ်က ပစ္စည်းတွေကို လက်နဲ့ တိုတ်ချပစ်သည်။
""၀န်ကြီးဦးအောင်သိန်းကို မရရအောင် ထုတ်ရမယ်၊ မဖြစ်ဖြစ်တဲ့ နည်းလမ်းအစုံ အကုန်သုံးပြီး ထုတ်ရမယ်၊ မဟုတ်ရင် Panoramaပါ ပါလာနိုင်တယ်၊ ဒီလူကြီးကို ပဲခူးမြေကိစ္စမှာ ခွံ့ထားရတာ မနည်းမနောပဲ""
လက်သီးဆုပ်နှစ်ခုကို စားပွဲပေါ် ဒုန်းခနဲထုပြီး ပိုင်စီးကြုံးဝါးနေသည်။
""လွယ်တော့ လွယ်မှာ မဟုတ်ဘူး၊ အခုလက်ရှိ နောက်ဆုံးရတဲ့ သတင်းအရ လုပ်ငန်းတစ်ခုနဲ့ လာဘ်ပေးလာဘ်ယူ အမှု ့ကို video file မိတာတဲ့""
လက်ဆစ်တွေကို အပြန်အလှန် တဖြောက်ဖြောက်ချိူးလျက် ပိုင်စီး စဉ်းစားနေသည််။ ပြီးမှ
""ဘယ်လုပ်ငန်းလဲ ... အမြန် စုံစမ်း၊ စစ်ဆေးမှု ့ ရလာဒ်ကို အချိန်နဲ့အမှီ ထောက်လှမ်းနေ၊ အတွင်းသတင်း အမြန်ဆုံးနဲ့အမှန်ဆုံး ပေးနိုင်မဲ့လူကို ကပ်ထား၊ ငါတို့ဖက်ကို ဦးတည်မလာအောင် ကာကွယ်သင့်တာ ကာကွယ်ထားဖို့အတွက် အချိန်နဲ့တပြေးညီ သတင်းရရှိမှု ့က အရေးပါတယ်၊ ဦးအောင်သိန်းကို ကြောက်ချီးပန်းပြီး မဖော်ဖို့ အခွင့်အရေးရှာပြီး ငါတို့သူ့ကို သွားတွေ့ရမယ်""
""ဟုတ်ကဲ့ ကိုအာဏာ၊ ဦးအောင်သိန်းကို သွားတွေ့ဖို့ ကျွန်တော့်တာ၀န်ထားပါ၊ ကိုအာဏာကိုယ်တိုင် သွားတွေ့ရင် အစိုးရဖက်က သံသယ၀င်စရာဖြစ်မယ်""
ဇွဲရန်စကားကို ပိုင်စီးက လက်ခံသည့်သဘောနဲ့ ခေါင်းတဆက်ဆက်ညိမ့်သည်။
ပိုင်စီး ခေါင်းနပန်းကြီးမိသည်။
ဒီကိစ္စ မသေးလှ ...
အခုအစိုးရသစ်လက်ထက်မှာ အာဏာပိုင်အစိုးရအမှု ့ထမ်းတို့နှင့် လုပ်ငန်းရှင်တွေ၏ လာဘ်ပေးလာဘ်ယူအမှု ့တွေကို တင်းကြပ်စွာ စစ်ဆေးဖော်ထုတ်နေသည်။
----------------
at Night
မနက်ဖြန် ခွဲခန်း၀င်ရမှာ ဖြစ်သောကြောင့် ကိုပိုင်ဇေ အစော အိပ်သွားသည်။ ဖုန်းကို အိတ်ထဲက အသာထုတ်ယူပြီး ကိုပိုင်ဇေမသိအောင် မမနိုင်နှင့် ဖုန်းပြောရန် ချယ်ရီထွေး ခြေဖွဖွနင်းလျက် တိတ်တဆိတ် အခန်းပြင် ထွက်လာခဲ့သည်။
""ဟယ်လို မမနိုင် ... ဖုန်းပြောလို့ အဆင်ပြေမလား""
""အဆင်ပြေတယ် ညီမလေး ပြော""
""မနက်ဖြန် ခွဲစိတ်မယ် မမနိုင်၊ အခု ကိုပိုင်ဇေ အိပ်သွားပြီ""
""လိုအပ်တာရှိရင် ပြောနော်၊ အခြားကျန်းမာရေး အခြေအနေ ထူးခြားတာ ရှိသေးလား""
""မရှိဘူး မမနိုင် အကုန်အဆင်ပြေပါတယ်""
""ထောက်ပ့ံသူက မ ဖြစ်တာကို ကိုပိုင်ဇေ မသိဘူးမလား ""
""မသိဘူး မမနိုင်၊ မမနိုင်က အခု ကိုပိုင်ဇေခြေထောက်အတွက် ထောက်ပံ့သူမှန်းသိရင် ကိုပိုင်ဇေ လက်ခံမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် ညီမ မပြောတာပါ""
""ကောငး်တယ် ညီမလေး၊ အဓိကက ကိုပိုင်ဇေခြေထောက် အမြန်ပြန်ကောငး်ပြီး သူတို့ညီအစ်ကိုနှစ်ယောက် ပြေလည်နိုင်ဖို့ပဲ၊ အမွေကိစ္စလည်း တရားမျှတစေရမယ်""
""ဟုတ်ကဲ့ မမနိုင်၊ ပြောစရာမရှိရင် ဒါပဲနော် အခန်းထဲ ကိုပိုင်ဇေ တစ်ယောက်တည်း ကျန်ခဲ့လို့ပါ""
ချယ်ရီထွေး ဖုန်းချပြီး နောက်ပြန်လှည့်လိုက်သောအခါ Wheelchairပေါ်ထိုင်လျက် သူ့ကို စိမ်းစိမ်းကြီး ကြည့်နေသော ...
""အစ်ကို!""
""မင်းအခု မေမမနိုင်နဲ့ ဖုန်းပြောနေတာမလား၊ ငါ့ခြေထောက်ခွဲစိတ်ဖို့ မေမမနိုင်က ထောက်ပံ့ပေးတာမလား၊ မင်းရဲ ့ သူေဋ္ဌးက မေမမနိုင်ဖြစ်နေတာလား""
""အစ်ကို .. ထွေးငယ် ရှင်းပြပါ့မယ်""
""ငါ ဒီခွဲစိတ်မှု ့ကို လုံး၀ လက်မခံဘူး၊ ငါ့ခြေထောက်တွေ အပိုင်းပိုင်းပြတ်ထွက်သွားပါစေ၊ မေမမနိုင်ရဲ့    အကူအညီကို လုံး၀မယူဘူး""
----------------------
The Next Day
""ဒေါက်တာ ဒီ့ထက် အာနိသင်ပြင်းတဲ့ ဆေးရှိရင် ထည့်ပေးပါ၊ အခုသောက်နေတဲ့ ဆေးတွေက မထိရောက်သလိုပဲ၊ ခေါင်းကိုက်တဲ့နာကျင်မှု ့ကို နည်းနည်းလေးမှ မလျော့ဘူး၊ အကြိမ်ရေလည်းစိတ်လာတယ်၊ ပစ္စည်းတစ်ခုကို တစ်နေရာကနေ နှစ်နေရာ ရှာလိုက်ရင်ပဲ ခေါငး်တွေ တအားကိုက်လာတယ်၊ တစ်ခုခုကို ငုံ့ရှောင်လိုက်ရင် ဦးနှောက်ထဲက သွေးတွေ အတောင့်ခဲသွားသလို ကိုက်ခဲလာတယ်၊ တို့ အဆင်မပြေဘူး""
နားထင်နှစ်ဖက်ကို ဖိကိုင်လျက် Downတရစပ်ပြောသမျှကို ဒေါက်တာက တည်ငြိမ်စွာ လက်ပိုက်နားထောင်နေသည်။
""ဘာလို့ ဒီအတိုင်း ကြည့်ရုံပဲ ကြည့်နေတာလဲ""
""တဖြည်းဖြည်းနဲ့ ဦးနှောက်မှာ အကြိတ်က ပိုကြီးလာပြီ၊ ဒီအတောအတွင်း မကြာခဏ ခေါင်းကိုက်မှာပဲ၊ အကြိမ်အကြိမ်တိုင်း နာတာလည်း ပိုပြင်းထန်မှာပဲ၊ ကျွန်တော်နားလည်ပါတယ်၊ ဒါပေမဲ့ ဒီ့ထက်ပြင်းတဲ့ဆေး ပေးလို့မရတော့ဘူး၊ အခုပေးထားတဲ့ဆေးတွေက တော်တော်ပြင်းနေပြီ၊ လူက ခံနိုင်ရည်မရှိမှာစိုးတယ်၊ လက်ရှိသုံးနေတဲ့ ဆေးဒဏ်ကြောင့် လူက ပိန်ကျပြီး သွေးခမ်းသလို အသားအရေ ဖြူဆုတ်လာတယ်""
""ဒါပေမဲ့ မသေသေးဘူးလေ ဒေါက်တာ၊ ဆေးလွန်လို့ သေရင်လည်း သေပါစေတော့၊ ရှင်နေလျက်နဲ့ ဒီဆိုးရွားလှတဲ့ေ၀ဒနာကြီးကို မခံစားနိုင်တော့ဘူး၊ ဒါသက်သက် လူကို တမင်ညှင်းဆဲတာ၊ သေခွင့်လည်းမပေးဘူး၊ မသေဘူးလားဆိုတော့လည်း ေ၀ဒနာကို မချိမဆန့်ခံစားရပြီး နောက်ဆုံးမှာ သေကိုသေရမှာများ၊ မခန့်လိုက်တာ""
-----------------
""မောင်ရင့်ရဲ ့ ဥက္ကဋ္ဌကို ပြောလိုက်၊ ငါ့ကို ဒီကနေ အမြန်ဆုံး ထုတ်ပေးလို့၊ မဟုတ်ရင် Video Fileထဲက လုပ်ငန်းက Panorama ပါလို့ ငါ ၀န်ခံလိုက်တော့မယ်၊ ငါတစ်ယောက်တည်းတော့ အသေမခံနိုင်ဘူး""
""နှစ်ယောက်လုံး အသေခံမှာလား? ဒါက OR ခံထားတဲ့ ရွေးချယ်မှု့ပါပဲ၊ နှစ်ယောက်လုံး အသေခံမလား OR ၀န်ကြီးတစ်ယောက်ပဲ အသေခံမလား ... ရွေးချယ်မှု ့နှစ်ခုလုံးမှာ ၀န်ကြီးကတော့ လွတ်မြောက်ဖို့ မရှိဘူး၊ ၀န်ကြီးကို သနားညှာတာသောအားဖြင့် ကျွန်တော်က နောက်ထပ် ရွေးချယ်မှု့တစ်ခု ပေးမယ် ... ကျွန်တော်ပေးတဲ့ ရွေးချယ်မှု ့က  ၀န်ကြီးကို လွတ်မြောက်စေနိုင်တယ်""
အကြောက်တရား မကင်းသော စိုးထိတ်မှု ့မျက်၀န်းတွေနဲ့ ၀န်ကြီးဦးအောင်သိန်းက ဇွဲရန်ကို ကြည့်လာသည်။
ဇွဲရန်က အပြုံးတစ်ခုနှင့် အနားကို တိုးကပ်လာရန် လက်ဟန်ပြ ခေါ်သည်။ နှစ်ယောက်တည်းရှိသော စစ်ဆေးရေးအခန်းမှာ ဦးအောင်သိန်းက ဟိုကြည့်ဒီကြည့်။
""စိတ်မပူပါနဲ့၊ ဧည့်တွေ့ချိန်မှာ ကင်မရာ ပိတ်ထားတယ်""
ဦးအောင်သိန်းက အလယ်မှာခံနေသော စားပွဲကို ခါးကိုင်းကျော်ကာ အနားကပ်လာသည်။ ဇွဲရန်က စားပွဲပေါ်လက်ထောက်ပြီး နားနားတိုးကပ်လျက်
""ပိုင်စီးအာဏာကို ထိုးကျေွးလိုက်ရအောင်""
မထင်မှတ်ထားသော ပိုင်စီးအာဏာ၏ လက်ရုံးစကားကို ကြားလိုက်ရသောအခါ Shock ရပြီး ချက်ချင်း ပြန်ခွာတော့မည့် ဦးအောင်သိန်းလက်မောင်းကို ဇွဲရန်က တငး်ကြပ်စွာ ဆုပ်ကိုင်လျက် နားရွက်အနား တေ့ကာ
""အစောကြီးတည်းက ဒီထောင်ချောက်က ၀န်ကြီးအတွက် မဟုတ်ဘူး၊ ပိုင်စီးအာဏာကို အမိဖမ်းနိုင်ဖို့အတွက် ၀န်ကြီးက ငါးစာဖြစ်ခဲ့ရုံ""
ပိုင်စီးအာဏာကို တိုက်ရိုက် ရည်ရွယ်ရင် မလွဲမသွေ ဇွဲရန်ကို သံသယ၀င်နိုင်သည်။ လွဲချော်မှု ့ကြောင့် ထင်သလို ဖြစ်မလာခဲ့ရင် သားကောင်ပြန်ဖြစ်ရမှာက ဇွဲရန်ပင်။ ထို့ကြောင့် တဆင့်ခံ အနေနဲ့ အစာချပြီး ပိုင်စီးကို အမိဖမ်းခြင်း။ ၀န်ကြီးဦးအောင်သိန်းအမှု ့ကို ခုတုံးလုပ်ပြီး ပိုင်စီးကို ဆွဲထည့်လိုက်လျှင် ဇွဲရန်ကို ချက်ချင်းသံသယမ၀င်နိုင်။
ကိုအာဏာ ထောင်လုံး၀ကျသွားမှ ကိုယ်တိုင် ၀န်ခံပါ့မယ်။
""ဒီအမဲလိုက်ပွဲ အောင်မြင်ရင် Panorama မှာ အပြောင်းအလဲကြီးတွေ ဖြစ်လာလိမ့်မယ်""
---------------------
မေ ... အ မှောင် ထဲ က ...
ငွေ ကြယ် များ ထက် မေ့ မျက် ၀န်း များ လင်း ပါ့ လား ...
မေ ... စံ ပယ် ပွင့် ထက် ...
ဖြူ  စင် လွန်း တဲ့ အ သား လေး ၀င်း နေ တယ်
အ နီ ... အ နီ သွေး လား ...
အ နီ ရောင် နှုတ် ခမ်း လေး သိပ် ကို လှ ပါ့ လား ...
အ ပြုံး ... မေ့ အ ပြုံး များ ...
အ ပြာ ရောင် စမ်း ချောင်း လေး ထက် အေး ချမ်း ပါ့ လား ... 
... .... ... ... ... .... ...
မေ ရယ် ... အ လှ ဆုံး လေး မို့ ...
ပိုင် ဆိုင် ဖို့ လှမ်း ဆွတ် ဖို့ မ တွေး ရက် ဘူး
Wheelchair ပေါ်မှာ ထိုင်လျက် ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည်။ ရေဒီယိုမှာ ပျံ့လွင့်နေသော FM သီချင်းသံ ခပ်အေးအေးက အတိတ်က ကျွမ်း၀င်ဖူးသော မိန်းကလေးတစ်ဦးကို မြင်ယောင်လာစေလျက် ရင်ထဲ အောင့်သက်သက် ခံစားမှု ့နဲ့အတူ မျက်၀န်းအိမ်မှာ မျက်ရည် အလိုလို ရစ်သိုင်းခြုံလာသည်။ 
""ကိုပိုင်ဇေ""
အနောက်ပါးမှ နူးညံ့သော ခေါ်သံက နားထဲ ငြိမ့်ငြိမ့်သာသာ ၀င်လာသည်။ ခေါ်သံကြောင့် ကျောရိုးတစ်လျှောက် စိမ့်တတ်သွားပြီး ကိုယ်က တောင့်တင်းစွာ ခါးမတ်သွားသည်။
သူမ ရောက်လာတယ် ...
သူမကို မျက်လုံးနဲ့ မတွေ့ရသေး၊ မယုံမရဲဖြစ်မိပေမဲ့ အသက်၀င်လာသော နှလုံးခုန်သံက လူမှားနိုင်စရာ အကြောင်းမရှိ။
အသံပိုင်ရှင်ကို လှည့်ကြည့် အတည်ပြုစရာ မလိုအောင် နှလုံးသားက ဆက်ခနဲ တုန်ခါသွားသည်။ အနားကို လျှောက်လာသော သူမ ခြေသံက ခြေတစ်လှမ်းချင်းစီမှာ ခြေအကြွ၊ ခြေအချ စည်းချက်ညီညီ သိမ်မွေ့နေတုန်း။
သူမက ကိုယ့်ဘေးနား ရပ်လာတော့ နှာခေါင်း၀မှာ တရင်းတနှီးရှိခဲ့သော ကိုယ်သင်းနံ့က သင်းခနဲ ပြယ်ပျံ့နေတုန်း။
သံရှည် သက်ပြင်းရှည်တစ်ခုကို သူမ ခပ်တိုးတိုး ရှိုက်ယူလိုက်တာကိုပါ ကိုယ် မကြည့်သော်လည်း သိနေသည်။ ITနည်းပညာတွေနဲ့ မှတ်သားထားသလို သူမရဲ ့ အမူအကျင့်၊ လှုပ်ရှားမှု ့တို့က အချိန်ဘယ်လောက်ကြာကြာ သူမအနားရောက်လာတာနဲ့ ကိုယ့်ကိုယ်မှာ အချက်ပြ ခံစားသိတတ်နေတုန်း။
""ရောက်လာပြီလား ... မေ""
နှလုံးသားက ပရမ်းပတာ ခုန်ရမ်းနေပေမဲ့ ရင့်ကျက်လာသော ကိုယ်မူအရ ပြင်ပ အိနြေ္ဒထိန်းကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ ထို့နောက် ရင်ထဲက "မေ" ကို အောက်မေ့သတိရခြင်းတွေနဲ့ လွမ်းမောစွာ ခပ်ဖြည်းဖြည်း မော့ကြည့်လိုက်သည်။
လက်လွတ်စပယ် ဖြစ်သလို ကြည့်လိုက်ရမှာကို နှမြောမိပါတယ် မေ ...
ပိုင်ဇေရဲ ့ "မေ" ဟူသော နာမ်စားကြောင့် မမနိုင် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
ကိုယ်သိနေပါတယ် ... အခု ကိုယ်သုံးလိုက်တဲ့ "မေ" နာမ်စားကို ကြိုက်နှစ်သက်မှာမဟုတ်မှန်း။ သို့ပေမဲ့လည်း ကိုယ် "မေ" ဟုသာ ခေါ်ခဲ့ခေါ်မြဲခေါ်ပါရစေ ... မေ။
အခြေအနေအရာအားလုံး ပြောငး်လဲသွားပေမဲ့ ကိုယ့်ရင်ထဲက အမြတ်တနိုး ပသ ထားရပါသော "မေ"ကိုတော့ ပြောငး်လဲ မခေါ်ပါရစေနဲ့။
ပြောင်းလဲခဲ့သမျှက ကိုယ့်ညံ့ဖျင်းမှု့ ကြောင့်ပဲ၊ ကိုယ့်မှားယွင်းမှု့ ကြောင့်မှ မဟုတ်တာ။ ကိုယ့်အတွက် ဒီ "မေ" နာမ်စားကို သုံးခွင့်မရှိလောက်အောင် ကိုယ် ဖောက်ပြန်မှားယွင်းခဲ့တာမဟုတ်ဘူး။
မေ က သောက်လေငတ်လေ ပင်လယ်ရေကဲ့လို ကြည့်လေ လှလေ ကြည့်လို့မ၀လေ။ မေက အလှကြီး လှနေစမြဲ။ ဒီဇိုင်းကာလာ၊ စတိုင်ပြောင်းလဲသွားပေမဲ့ မေ ရဲ ့ တင့်တယ်ခြငး် အလှအပက ယဉ်မြဲနေတုန်း။
အရင်က ကာလာစုံ ဆေးဆိုးပန်းရိုက်မျက်နှာကလေးက ဘိုမရုပ်ဆန်ဆန် လှခဲ့သော်လညး် အခုမူ မျက်နှာအသားအရေ ကြည်ကြည်လေးနဲ့ မျက်ခုံးမွှေးအရောင်ပင် မချယ်ထား။ သဘာ၀ဆန်သော ပန်းပုရုပ်ကလေးနှယ်။ နှုတ်ခမ်းထက် အနီသွေးရောင် ခပ်ပါးပါးလေးတစ်ခုသာ တင်ထားသည်။ မျက်နှာရှင်းရှငး် ဖူးဖူးလေးမှာ တင်နေသော မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်းအင်္ဂါရပ်တွေက မွေးရာပါအလှပြည့်စုံသည်။
အရင်က အခွေခွေအလိမ်လိမ် ဒီဇိုင်းမျိူးစုံနဲ့ ဆေးရောင်ပါသော ဆံနွယ်တို့က အခုမူ အမည်းရောင် ကတ္တီပါစလို နက်ဆွေးပြောင်နေသည်။ ဆံချည်မျှင် တစ်မျှင်ချင်းစီကို သေသပ်စွာ ဘီးနဲ့ဆွဲချဖြီးထားသောကြောင့် ဆံသားလမ်းကြောငး်တစ်ခုချင်းစီက ဦးရေပြားမှာ လမ်းကြောင်း ထွင်းဖောက်နေသည်။
နဖူးခပ်ပြေပြေကို ဆံစ ရှင်းလငး်အောင် အုန်းလုံးသိမ်းလျက် ဓာတုဆေးအကူမပါသော ဆံသားလုံးထူထူအား ဦးခေါငး်ထက် ခပ်မြင့်မြင့် စုစည်းနှောင်ထားသည်။ ဆံနွယ်အဖျားတို့က ခါးအလယ်ကျော့ကျော့မှာ တိတိကျကျ အနားသတ်သည်။
 ရိုးရှင်းလုံခြုံသော မိန်းမဆန်ဆန် အတွန့်တွေပါသည့် အဖြူရောင် ဇာလက်ရှည်အကျႌနှင့် ကိုယ်လုံးအလှကို ကျစ်လျစ် ပေါ်လွင်စေသည့် အသားရောင်စကဒ်ရှည်က ရွှေအဆင်းကဲ့သို့ နှစ်လိုဝါ၀င်းသော ခြေသလုံး၀က်မှာ ပြတ်၏။ လက်တံတောင်မှာ ဈေးကြီးကြီး အကောင်းစားသားရေ လက်ကိုင်အိတ် အဖြူရောင်ခန့်ခန့်ကြီးကို ၀င့်၀င့်ကြွားကြွား ချိတ်ကိုင်ထားသည်။
အရင်က လက်မမြင့်သော ဒေါက်အမျိူးမျိူးကို စီးလေ့ရှိသည့် ခြေဖမိုးဖွေးဖွေးက အခုမူ ရိုးရိုးရှင်းရှင်း ဖိနပ်အဖြူပါးပါးလေး စီးထားသည်။  အလှမယ်တစ်ယောက်ဖြစ်ခဲ့သော မေ့ ရဲ ့ ခန္ဓာကိုယ်အချိူးအစားနှင့် အရပ်အမောင်းမှာ ကလေးတစ်ယောက်အမေဖြစ်သွားသော်ငြား သာမန်မိန်းမတို့ထက် လွန်ကဲတင့်တယ်သည်။
အရင်က အမျိူးမျိူးပုံဖော် ဆေးခြယ်အလှဆင်သော လက်သည်းရှည်တို့က အခုမူ တုံးတိတိ တိဖြတ်ကာ ဆေးအရောင်မဆိုးသော်လည်း လက်သည်းခွံ ကြည်ကြည်လင်လင်နဲ့ လက်သည်းအတွင်းသားတို့က ပန်းရောင်ပြေးနေသည်။
အရင်က အနာအဆာမရှိ၊ ၀င်းမွတ်ခဲ့သော မေ့ ရဲ ့ကိုယ်မှာ အခုမူ သေးသေးမွှားမွှား အရောင်မှိန်မှိန် ကျန်ရှိနေသည့် မီးအပူကပ်သော အမာရွတ်ဟောင်းအချိူ့နှင့် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ထိခိုက်မိလို့ ရသော ဒဏ်ရာဟောင်းအချိူ့ ၊  အသားမာတစ်ချိူ့ ရှိလာတာကလွဲရင် မေ့မှာ မြင်ရသူအဖို့ မျက်စိအေးစေသော ယဉ်ကျေးသည့် အလှတရားတွေ ခိုင်မြဲတွယ်ငြိနေစမြဲ။
ပြည့်ပြည့်၀င်း၀င်းကိုယ်နေဟန်ထားနဲ့ တော်၀င်ဆန်သောမျက်နှာထားက သက်လက်ပိုင်း အမျိူးသမီးအရွယ်မှာ ရှိသင့်သော မာန်နဲ့ ၀င့်ထည်စွာ တည်တည်ငြိမ်ငြိမ် ခန့်ညားလျက် မြင်ရသူ ရှိန်စေသည်။
အလိုက်ကမ်းဆိုးမသိ အသံထွက်နေဆဲဖြစ်သော ရေဒီယိုကို မေ့ လက်ညှိုးက ခလုတ်ဖိပိတ်လိုက်သည်။
""သမီးလေး မပါဘူးလား မေ""
""အိမ်မှာ အမေနဲ့ ထားခဲ့တယ်""
""သြော် ... သမီးလေးနဲ့ တွေ့ဖို့ ကံမပါသေးပဲ ပြန်ရတော့မယ်၊ အခုဆို သမီးလေးက တစ်နှစ်ကျော်ရောပေါ့၊ ကိုယ်တို့ နောက်ဆုံးတွေ့ခဲ့တာလည်း နှစ်နှစ်လောက် ရှိခဲ့ပြီ""
မမနိုင်ရဲ ့ မျက်ခုံးတို့ တွန့်ချိူးသွားကာ ပိုင်ဇေ့ကို စူးခနဲ ကြည့်လာသည်။ ပိုင်ဇေက ငြိမ်နေသောကြောင့် စိတ်လျှော့လိုက်သည့်ဟန်
""ခွဲစိတ်မှု ့ကို အစီအစဉ်အတိုင်း လက်ခံပါ ကိုပိုင်ဇေ""
""ကိုယ် ဒီညကားနဲ့ မန္တလေးကို ပြန်မှာ""
""ဦးပိုင်အာဏာရဲ့ သားကြီးတစ်ယောက်အနေနဲ့ ကိုပိုင်ဇေမှာ လုပ်စရာတွေ အများကြီး ရှိနေပါတယ်""
""ဦးပိုင်အာဏာရဲ့ သားမဟုတ်တော့တာ ကြာခဲ့ပြီလေ ... မေ""
""အဖေက ကိုပိုင်ဇေ့ကို သားအဖြစ် ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး၊ ကိုပိုင်ဇေ့ကို ခွင့်လွှတ်ခဲ့တယ်၊ တမ်းတခဲ့တယ်""
ပိုင်ဇေက ငေးကြည့်နေသော ပြတင်းပေါက်အပြင်မှ အကြည့်လွဲှပြီး မမနိုင်ကို ပြန်ကြည့်လာသည်။
""ကျွန်မ ၀န်ခံပါတယ် ... ကျွန်မ ခင်ပွန်းရဲ ့ အမှားတွေကြောင့် အဖေနဲ့ကိုပိုင်ဇေ မဆုံနိုင်ခဲ့သလို ကိုပိုင်ဇေတို့မိသားစုလည်း ဒုက္ခများခဲ့ရတယ်""
""ကိုယ် ညီငယ့်ကို အားလုံး ခွင့်လွှတ်ပါတယ်၊ ညီငယ် သူစိတ်ရှိသလို စီမံပါစေ၊ ကိုယ်ကျေနပ်ပါတယ်၊ နောက်ကျနေပေမဲ့ အဖေက ကိုယ့်ကို ခွင့်လွှတ်ခဲ့တယ် အသိနဲ့တင် ကိုယ် အသက်ရှုဖြောင့်ပါပြီ""
ပြတင်းပေါက်အပြင်ကို အကြည့်ပြန်ရောက်သွားပြီး ပိုင်ဇေက ခပ်အေးအေးဆိုသည်။ ပိုင်ဇေကြည့်နေသော ပြတင်းပေါက်ရှေ ့ မ ကိုယ် ကွယ်ရပ်လိုက်ပြီး
""ကိုပိုင်ဇေက ခွင့်လွှတ်ရအောင် မောင်က မတောငး်ပန်သေးပါဘူး၊ ကိုပိုင်ဇေကို လူကောင်းပကတိ ပြန်ဖြစ်စေချင်ပါတယ်၊ မောင်လည်း ကိုပိုင်ဇေကို အခုလို ပုံစံမျိူးနဲ့တွေ့ရင် စိတ်ကောင်းမှာ မဟုတ်ဘူး၊ မောင့်ရဲ ့ တောင်းပန်မှု ့ကို လက်ခံယူသွားပါဦး၊ ဒါမှ မောင့်အပြစ်တွေကျေနိုင်မှာ၊ လောဘဇောတိုက်ပြီး အမှောင်ကျနေတဲ့ မောင့်ကို အစ်ကိုတစ်ယောက်အနေနဲ့ ဆုံးမပဲ့ပြင်ပေးပါဦး""
""တဆိတ်! မေ ... ကိုယ်မေးပါရစေဦး၊ မေ အခု ကိုယ့်ဆီလာတာ ကိုယ့်အတွက်လား၊ ညီငယ့်အတွက်လား""
မမနိုင်က ပိုင်ဇေကို စိုက် ကြည့်သည်။ ထို့နောက် အေးဆေးပြတ်သားစွာပင်
""ကျွန်မ ခင်ပွန်းအတွက်ပါ၊ ကျွန်မ ခင်ပွန်းအတွက် ကျွန်မ မကြည့်လို့ ဘယ်သူ့အတွက် ကြည့်ပေးရမှာလဲ၊ အခု ကျွန်မ ခင်ပွန်းလုပ်ရပ်တွေက လူတစ်ယောက်အနေနဲ့ရော ညီတစ်ယောက်အနေနဲ့ရော မလုပ်သင့်ဘူး၊ မောင်လျှောက်နေတဲ့ လမ်းက မှားယွင်းနေတယ်၊ ညီအစ်ကိုအချငး်ချငး် ခေါငး်ပုံဖြတ် ရလာတဲ့ အပူစည်းစိမ်ကို ကျွန်မ မစံစားနိုင်ဘူး၊ မောင့်ကိုလည်း အပြစ်မထိုက်စေချင်ဘူး၊ သားကောင်းမဖြစ်ခဲ့တဲ့ မောင့်ကို ညီကောင်းတော့ ဖြစ်စေချင်တယ်၊ မောင်ကောင်းဖို့အတွက် ကိုပိုင်ဇေ ရသင့်ရထိုက်တာ အားလုံး အကုန်ပြန်အပ်ချင်တယ်၊ မောင့်ကို ဖြစ်ချင်သလိုဖြစ် ပျက်စီးစေမှန်း သိသိရက်နဲ့ ပစ်ထားတာက စစ်မှန်တဲ့မေတ္တာမဟုတ်ဘူး၊ ကျွန်မက ဇနီးကောင်းပီသအောင် ကြိုးစားနေသလို ကိုပိုင်ဇေလည်း အစ်ကိုကောင်းတစ်ယောက် ပီသပေးရင် ကျွန်မခင်ပွန်းက အစ်ကိုကို ယုတ်မာတဲ့ ညီတစ်ယောက်မဖြစ်နိုင်တော့ဘူး""
ပိုင်ဇေက ရင်နာနာ ရယ်ပေးလိုက်သည်။
""ကိုပိုင်ဇေရဲ့  ခွဲစိတ်မှု့ကို ကျွန်မရဲ့  တစ်ကိုယ်တည်း စေတနာနဲ့ ထောက်ပံ့တာ မဟုတ်ပါဘူး၊ ကိုပိုင်ဇေရသင့်ရထိုက်တာထဲက ကျွန်မခင်ပွန်းအတွက်စဉ်းစားပြီး လုပ်ပေးတာပါ၊ ကိုပိုင်ဇေသာ ကျွန်မခင်ပွန်းနဲ့ ဘာမှမပတ်သက်ရင် ကိုပိုင်ဇေဘာကြီးဖြစ်နေနေ ကျွန်မ ပြန်လှည့်မကြည့်ဘူး၊ မောင့်အတွက် ညစာ ပြင်ဖို့ ဈေး၀င်ရဦးမှာမိုလို့ ဒီလောက်န့ဲ သွားခွင့်ပြုပါ ... ကိုပိုင်ဇေ""
ဂါရ၀တရားအရ ခါးညွှတ်ဦးကျိူးနှုတ်ဆက်ပြီး ခေါငး်ပြန်မော့လိုက်စဉ် ကိုပိုင်ဇေ၏ မျက်ရည်စကို တွေ့လိုက်ရသော်လည်း မမနိုင် မျက်တောင်တစ်ချက်မခတ်မိ။
အခန်းထဲက ပြန်ထွက်လာပြီး တံခါးကို စေ့အောင် ပိတ်ပေးလိုက်သည်။
မြင်နိုင်ပါရဲ ့လား ... မောင်
ကျွန်မက အဲ့ဒီလို သွေးအေးပြတ်သားတတ်တဲ့ မိန်းမပဲ။
မောင်ပေးထားတဲ့ ကိုပိုင်ဇေ့ရဲ ့ မကျက်သေးသော ဒဏ်ရာပေါ်ကို မောင့်အတွက် ကျွန်မ ဆားထပ်ပတ်ခဲ့တယ်။
ကိုပိုင်ဇေက ခံရသူမှန်းသိသိရက်နဲ့ ကျွန်မရွေးချယ်ထားတဲ့ မောင့်ဖက်က ကျွန်မ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာ။
----------
ဆရာ၀န်ဆီက ဆေးယူပြီး အပြန် ဆေးရုံကော်ရစ်ဒါ လမ်းမှာ ဆေးရုံအခန်းတစ်ခုထဲက ထွက်လာသော မမနိုင်ကို Downတွေ့လိုက်သည်။
တံခါးကို ခဏမှီရပ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အံကြိတ်ထွက်သွားသော မမနိုင်က တစ်ခုခုကို စိတ်လှုပ်ရှားခဲ့ဟန်။
မမနိုင်ထွက်လာသော ဆေးရုံ VIPလူနာအခန်းရှေ ့ Down ရောက်သွားပြီး တံခါးမှာ ကပ်ထားသော ကဒ်ပြားမှ လူနာနာမည်ကို ကြည့်လိုက်သည်။
""ပိုင် ဇေ အာ ဏာ ... မန္တလေးမှာလို့သိထားတဲ့ ပိုင့်အစ်ကိုက ဘာလို့ ရန်ကုန်မှာ ဆေးရုံတတ်နေတာလဲ""
တံခါးမှာ ကပ်ထားသော မှန်ကွက်မှ အခန်းထဲကို Downလှမ်းကြည့်လိုက်သည်။
ပြတင်းပေါက်အနားမှာ Wheelchair ပေါ် ထိုင်လျက် ခေါင်းငိုက်စိုက်ကျနေသော ယောက်ျားတစ်ယောက်၏ကျောပြင်။
""မေမမနိုင်နဲ့ပိုင်ဇေအာဏာက နှစ်ယောက်တည်း တွေ့နေတာလား၊ ဘာတွေ ဖြစ်ခဲ့လို့ မေမမနိုင်က မူပျက်ပြီး ဒီတစ်ယောက်က စိတ်ပျက်နေသလိုဖြစ်နေတာလဲ၊ Something Something""
---------------
""Panorama ဥက္ကဋ္ဌ ဦးပိုင်စီးအာဏာကို တရားမ၀င်လာဘ်ထိုးမှု ့ သံသယနဲ့ အရေးပေါ်ဖမ်းဆီးပါတယ်""
ရုံးခန်းထဲ အစိုးရ အမှု ့စစ်တွေနဲ့ ရဲတွေ ၀င်လာပြီး ပိုင်စီးကို ဖမ်းချူပ်လိုက်သည်။
""ဒါဘယ်လို ရမ်းကားမှု့လဲ၊ ဖမ်းဆီးတယ်တဲ့လား မဟုတ်မဟက်တွေ""
လက်မောင်းတစ်ဖက်တစ်ချက်ကို ဖမ်းကိုင်ထားသော ရဲ၀န်ထမ်းနှစ်ယောက်ကို ရုန်းဖယ်လျက် ပိုင်စီးမာန်သည်။
ခေါင်းဆောင်ဟု ထင်ရသော လူက အမိန့်စာရွက်ကို ပြကာ
""၀န်ကြီးဦးအောင်သိန်းနဲ့ Panorama ဦးပိုင်စီးအာဏာရဲ ့ တရားမ၀င် လာဘ်ထိုးမှု ့ Video Fileလို့ ယူဆရတဲ့ သက်သေပေါ်လာလို့ပါ၊ ဟုတ်တာမဟုတ်တာကို စခန်းမှာ ဖြေရှင်းကြတာပေါ့၊ ကျွန်တော်တို့လည်း တာ၀န်အရ လုပ်ဆောင်နေတာမိုလို့ တာ၀န်သိပြည်သူတစ်ယောက်အနေနဲ့ အေးဆေး ပူးပေါငး်ပေးပါ""
Video File? ... အ့ဲဒါ ငါ့ Video File ဖြစ်နေတာလား ... ပြသနာကြီးပြီ
""ဖယ်! ကျူပ်ကို ချူပ်နှောင်စရာမလိုဘူး၊ ကျူပ်တရားဥပဒေနဲ့ ငြိစွန်းတာ ဘာမှ မလုပ်ထားဘူး၊ အေးဆေးလိုက်ခဲ့မှာမိုလို့ ကျူပ်ဟိုတယ်မှာ ကျူပ်ကို ရုပ်ပျက်အောင် လာမလုပ်နဲ့၊ ခင်ဗျားတို့ကို အသရေဖျတ်မှု ့ နဲ့ တရားပြန်စွဲမှာမိုလို့""
ပိုင်စီးစကားကြောင့် အမှု ့စစ်ခေါင်းဆောင်က သူ့လူတွေကို နောက်ဆုတ်ပေးရန် အကြည့်တစ်ချက်နဲ့ အမိန့်ပေးလိုက်တော့ ပိုင်စီးကို ဖမ်းချုပ်ထားရာမှ လွှတ်ပေးလိုက်သည်။
ရဲတွေ အနောက်မှာ ရပ်နေသော ဇွဲရန်ကို ပိုင်စီးလှမ်း ကြည့်လျက်
""ငါ့ရှေ ့နေဟိန်းမင်းစံကို ဆက်သွယ်လိုက်""
""ဟုတ်ကဲ့ ကိုအာဏာ""
မည်သူ့၏ အချူပ်အနှောင်ကိုမှ မခံပဲ ပိုင်စီးက ရင်ကော့ခေါင်းမော့ မာန်မချ လိုက်ပါသွားသည်။
အရေးပေါ် alarm မြည်နေသော ရဲကားပေါ်မှာ ပါသွားသည့် ပိုင်စီးအာဏာကို ကြည့်ပြီး ချယ်ရီထွေး ကျေနပ်အားရစွာ ပြုံးလိုက်သည်။
နင့်ခေတ်ကုန်သွားပြီ ... ပိုင်စီး
နင့်ရဲ ့ လက်ရုံးတော်ကိုယ်တိုင် ထောင်ထားတဲ့ ထောင်ချောက်ဖြစ်နေလို့ နင့်လွတ်နိုင်မှာ မဟုတ်ဘူး။
""ဒီနေ့ ကျွန်တေ်ာ့ရဲ ့ အကျိူးဆောင်မှု ့ကို မမေ့ပါနဲ့၊ ကတိပေးထားတဲ့အတိုင်း Panorama ရဲ ့ ရှယ်ယာအစုနဲ့ ကိုယ်စားလှယ်အုပ်ချူပ်ခွင့်ကို မျှော်လင့်နေပါ့မယ်""
""ဖြစ်ရမှာပေါ့ ... ကျွန်မယောက်ျား Panoramaဥက္ကဋ္ဌအသစ် ပိုင်ဇေအာဏာရဲ ့ ကိုယ်စားအုပ်ချူပ်သူအဖြစ် ရှင့်ကို ပေးမယ်၊ အကြံပေးကတော့ ကျွန်မပေါ့နော်""
ကျွန်တော်တို့ ဘယ်အထိ ဆက်သွားကြမလဲ ကိုအာဏာ၊ ဒါက အမြည်းပဲရှိသေးတယ်။ တကယ့်အတည်က မကြာခင်မှာလုပ်တော့မဲ ့ရှယ်ယာရှင်အစည်းအေ၀းနဲ့ တိမ်မြှပ်နေတဲ့ ဦးပိုင်အာဏာရဲ ့ အမွေကိစ္စ။
___________
Arr_Shengကြောင့် စာကျက်ပျက်ရတာမျိူး မဖြစ်စေချင်ဘူး
ကိုယ့်အသိစိတ်လေးနဲ့ ကိုယ့်ဘာသာ ဆင်ခြင်ရမယ်
ကျွန်တော်က စာမေးပွဲပြီးရင် အပိုင်းတွေ အများကြီးကို ဆက်တိုက်ဖတ်လို့ရအောင် Update လုပ်တာပါ။
ဖတ်ပေးတဲ့ တွဲလက်တွေအားလုံးကို ကေးျဇူးအများကြီးတင်ပါတယ် (စာမေးပွဲရှိသူများ မပါ)
3:07 PM
9/15/2018
Continue Reading
You'll Also Like
2.8M 312K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...
200K 14.4K 28
ချစ်ရပါ​သောရှပ်ပြာ​လေးနဲ့တည်မြဲ​သောအချစ်ရဲ့S2​လေးပါရှင့် daddies​တွေပြီး​တော့သားသားတို့အလှည့်​ပေါ့💖 ဖတ်ရှု​ဝေဖန်​ပေးပါ ကြိုးစားလျက်..ရွှန်း..
574K 50.8K 41
214K 20.4K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .