ပူပြင်းလွန်းသော ငရဲပြည်၏အပူချိန်နှင့်အပြိုင်
ငရဲပြည်ကိုအုပ်ချုပ်သူ
ယမမင်း၏ စိတ်အစဉ်သည်လည်း
ပူပြင်းလျက်ရှိသည်....
ရုံးခန်းထဲထိုင်ရင်း
နံရံပတ်ပတ်လည်မှာရှိနေတဲ့
Monitor တစ်ခုချင်းစီမှာ ပေါ်နေသော
ငရဲပြည်၏ ပုံရိပ်အသွယ်သွယ်ကိုကြည့်ရင်း
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက်ရှိသည်...
အတတ်နိုင်ဆုံးကြိုးစားကာ
ခံစစ်အတွက် အကောင်းဆုံးပြင်ဆင်ထားခဲ့..
ပြင်ဆင်နေဆဲ ဖြစ်သော်လည်း
တကယ်တမ်း ရုတ်ချည်းဆိုသလို
တိုက်ခိုက်ခံရမည်ဆိုပါလျှင်
ရန်သူ့အင်အားကို ခုခံဖို့ရန်မှာ
ထင်သလောက် အင်အားမရှိ.....
တာဝတိံသာက စစ်ကူတွေယူထားပေမယ့်
လည်း... စစ်ကူသည် စစ်ကူသာဖြစ်သည်...
တပ်ရင်းကတောင် ခုခံဖို့
အင်အားမရှိမှတော့
စစ်ကူသည်လည်း
မှန်းသလောက် အလုပ်ဖြစ်မည်မထင်ပါပေ...
သက်ပြင်းအခါခါချကာ
စားပွဲပေါ်တင်ထားတဲ့ ရေခွက်ထဲက
ရေကို အကုန်မော့သောက်ပစ်လိုက်သည်...
''သူတို့ ရောက်လာပြီ ငရဲမင်း Byun.. ''
တံခါးတောင် မခေါက်နိုင်ဘဲ
အခန်းထဲတန်းဝင်လာတဲ့ Do D.O. ရဲ့
အနေအထားအရ
ရန်သူ့တပ်သည် အဝီဇိဧရိယာထဲ
ရောက်ရှိနှင့်နေပြီဖြစ်ကြောင်း
သူသိလိုက်သည်...
လက်ထဲက ဖန်ခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ
ရေခွက်ကို စားပွဲပေါ်ပြန်တင်လိုက်သည်....
''အချိန်ကျပြီပေါ့...
စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်သွားပါ.. ''
''ဟုတ်ကဲ့... ''
နောက်ဆုံးတော့....
နောက်ဆုံးတော့.... တကယ်ကြိးဖြစ်လာခဲ့ပြီပေါ့.....
အတတ်နိုင်ဆုံးကြိုးစားကာ
ပြင်ဆင်ထားခဲ့သည်ပဲ....
အစွမ်းကုန် လုံ့လစိုက်ထုတ်ထားခဲ့သည်ပဲ...
ရှေ့ဆက်ဘာတွေဖြစ်မလဲမသိနိုင်တာမို့
ဖြစ်သမျှ အကြောင်း
အကောင်းဟုသာ တွေးထားလိုက်တော့မည်..
CCTV တစ်ခုရဲ့ monitorကို ကြည့်မိလိုက်စဉ်
မြင်လိုက်ရပါသော
ရန်သူ့တပ်...
''ထင်ထားတာထက်တောင်
အင်အားကြီးနေပါ့လား... အဟက်... ''
နဖူးပေါ် ကျနေသော
ဆံပင်ကို လက်ချောင်းတွေဖြင့်
သပ်တင်လိုက်သည်....
တဖြည်းဖြည်း ပိုမို ပြည့်လျှံလာသော
ရန်သူ့တပ်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး
ခြောက်ကပ်ကပ် ရယ်နေသော Baekhyun...
''တွေ့ကြပြီပေါ့ ဒေဝယက္ခ.....
ငါမသေမချင်း ငါ့ပလ္လင်ကို မျက်စောင်းနဲ့တောင်
ထိုးလို့မရစေရဘူး... !!! ''
ဒေါသထွက်စွာဖြင့်
အော်လိုက်သော Baekhyun အသံသည်
ကေသရာဇာခြင်္သေ့တစ်ကောင်၏ ဟိန်းသံကဲ့သို့ ထွက်လာပြိး
ငရဲအထပ်ထပ်တွင် ပဲ့တင်ထပ်လေသည်.....
ထို့နောက် ခြေလှမ်းတို့ကို
ထိန်းချုပ်ခန်းဆီသို့ ဦးတည်လိုက်လေသည်....
ရဲတိုက်၏ ထိပ်ဆုံးနီးပါးမှာရှိနေသော
ထိန်းချုပ်ခန်းသည်
အဝီဇိတစ်ခုလုံးရှိ
လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းမှန်သမျှကို
ထိန်းချုပ်ထားရာ ဗဟိုဌာနဖြစ်သည်...
လမ်းတစ်လျှောက် မြင်မြင်သမျှ
ဝန်ထမ်း အရာရှိ ကြီးငယ်တို့သည်
ထုံးစံအတိုင်း ဦးညွှတ်အလေးပြုကြသည်.
ဝတ်ရုံအနီရဲရဲတို့ ဟိုဒီလှုပ်ယမ်းသွားတဲ့အထိ
အကြမ်းပတမ်းဖြင့် လှေကားထစ်တွေကို
နင်းတက်သွားတဲ့Baekhyun...
ခုနကကြားလိုက်ရသော
သြဇာသံကြီးနှင့်
တည်လွန်းနေသော baekhyunမျက်နှာကြောင့် ငရဲသားကြီးငယ်တို့သည်... အသံတစ်စက်မှ မထွက်ရဲဘဲ
ဖိန့်ဖိန့်တုန်အောင် လန့်နေကြသည်.....
ထိန်းချုပ်ခန်းအရောက်
တံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး
ပင်မ ထိန်းချုပ်စက်ကြီဆီ သွားလိုက်သည်.....
စက်ခလုတ်တွေကို
ထီမထင်သလို ကြည့်ပြီး
နှုတ်ခမ်းထောင့်စွန်းလေး တွန့်သည်ဆိုရုံမျှ ပြုံးလိုက်သော Baekhyun ၏အပြုံးသည်
သိပ်ကို ကြောက်စရာကောင်းလွန်းနေသည်...
ဖြစ်ချင်ရာဖြစ်
အဆုံးစွန်ထိ လုပ်ပစ်တော့မယ့်
အငွေ့အသက်မျိုးသည်
သူ့နှုတ်ခမ်းဖျားထက် ရစ်သိုင်းလျက်သား..
ပထမဆုံးအနေဖြင့်
ပထမတံတိုင်း နှင့် ဒုတိယတံတိုင်းကြားရှိ
နေရာ၏ ကြမ်းခင်းအား ဖယ်ရှားပစ်လိုက်သည်....
မိမိ၏ ငရဲသားစစ်သည်တို့ကို
တံတိုင်းထက်မှာနေရင်းသာ
အဝေး အနီး လက်နက်အမျိုးမျိုးဖြင့် ခုခံရန်
လမ်းညွှန်ထားသည်မို့
ငရဲသားတို့ဘာမှမဖြစ်သော်လည်း
ဗျူဟာကို မသိသော
ဘီလူးတို့မှာ
ရုတ်တရက်ပျောက်သွားသော ကြမ်းခင်းကြောင့်
အသင့်ရှိနေသော ချော်ရည်ပူတွေထဲ
မြင်မကောင်းရှုမကောင်းစွာ
ကျဆင်းကုန်တော့သည်....
ဤသည်ကို ကြည့်ရင်း
Baekhyun ဟက် ခနဲရယ်လိုက်သည်...
''စိတ်တောင်မကောင်းဘူး.. ကျွတ်ကျွတ်... ''
လက်ချောင်းသွယ်သွယ်တို့၏ တည်နေရာကို
အခြားခလုတ်များဆီ ပြောင်းလိုက်ပြီး
အသင့်ပြင်ထားသော အမြှောက်များဆီမှ
မီးခဲတွေကို နေရာအနှံ့ ပစ်စေလိုက်သည်....
တံတိုင်းပေါ်က လူတွေက
အထိအခိုက်နည်းပေမယ့်
မြေပြင်ထက်မှာ တိုက်ခိုက်နေကြသော
စစ်သည်တို့ကား မီးခဲတွေကြောင့်
အထိနာကြရသည်...
မိမိ၏စစ်သည်တော်တို့အတွက်
စိတ်မကောင်းဖြစ်မိပေမယ့်
သူဘာမှမတတ်နိုင်...
ဤသည်ကား စစ်ပွဲပစ်မဟုတ်လား..
သူ့ကိုမသတ်လျှင်
ကိုယ့်ကို သူသတ်သွားပေလိမ့်မည်...
''ဟင်.... ''
ကြည့်နေရင်းပင်
ဘယ်ကရောက်လာမှန်းမသိသော
အတောင်ပံကြီးများနှင့်
ဘီလူးများ...
ဒဏ္ဍာရီထဲမှာပင် ကြားခဲ့ဖူးသော
ထို နဂါးနွယ်ဝင် ဘီလူးတို့သည်
ခေါင်းဆောင်ဖြစ်သူ၏ ညာလက်ရုံးဘီလူးများပင်ဖြစ်သည်...
ရက်စက်သည့်နေရာတွင်
သူမတူအောင် ရက်စက်လွန်းတတ်ပြီး
အင်အားလည်း အလွန်ကြီးကြသည်...
ဒီအကောင်မျိုးကို
ဗဟုသုတအနေနှင့် သင်ခဲ့ရတုန်းက
သူ ခိုးရယ်ခဲ့မိသေးသည်...
Devil တို့၏ နှလုံးသားဖြင့်
ဖွဲ့စည်းထားသည် ဆိုသော အချက်ကို
သူမယုံကြည်နိုင်ခဲ့...
အပြင်မှာတကယ်မရှိဘဲ လျှောက်ပြောနေသည်ဟုသာ ထင်ခဲ့မိသေးသည်..
သူ့ငရဲသားများနှင့်ယှဉ်လျှင်
အဆမတန်ကြီးမားလွန်းနေသော ထိုအကောင်ကြီးများကြောင့်
Baekhyun ချွေးတွေပျံလာရသည်...
ဘယ်လိုနည်းနဲ့မှ သတ်လို့မသော
ဒီအကောင်တွေ...
အဲ.. တစ်နည်းတော့ရှိသည်...
သိကြားမင်း၏ Fire pearl...
Fire pearl ၏ စွမ်းအားတစ်ခုတည်းဖြင့်သာ
သတ်နိုင်မည်ဖြစ်သည့် ဒီအကောင်ကြီးတွေ....
''ငရဲမင်း... အခြေအနေမကောင်းတော့ပါဘူး..
Light pearlကို ကာကွယ်မှဖြစ်ပါတော့မယ်... ''
Telepathy ဖြင့် ဆက်သွယ်လာသော
Do D.O. ၏ အသိပေးချက်အဆုံး
အခန်းထဲမှ ကမူးရှူးထိုး ပြေးထွက်မိသည်...
Light pearl.....
လှေကားထစ်တွေကို အမြန်ဆုံးနင်းဖြတ်ရင်း...
အလွတ်ရနေသော လျှို့ဝှက်နံပါတ် အဆင့်ဆင့်ကို ဖြတ်ကျော်ရင်း...
တစ်ခုတည်းသော အားကိုးရာဖြစ်သည့်
Light pearl ရှိရာဆီ သူသွားမိသည်...
ပြတင်းပေါက် အလီလီကနေလှမ်းမြင်ရတဲ့
ငရဲပြည်ရဲ့မြင်ကွင်းက
သွေးပျက်ဖွယ်အတိ....
Devil နှလုံးသားနှင့် အကောင်ကြီးတွေက
သူ့တိုင်းပြည်အနှံ့ သောင်းကျန်းချင်တိုင်းသောင်းကျန်းနေကြသည်...
အစွမ်းကုန်ခုခံပေမယ့်
အင်အားမမျှသော အနေအထားကြောင့်
တောင့်မခံနိုင်တော့သော
ငရဲသားစစ်သည်များ...
ပြေးရင်းလွှားရင်း
မျက်ရည်တစ်စက်က ပါးပြင်ထက်လိမ့်ဆင်းလာသည်....
တောင်းပန်ပါတယ်...
ငါ့ကြောင့်ပါ....
ငါခေါင်းဆောင်ကောင်း မပီသခဲ့လို့.....
ငါ့အပြစ်တွေချည်းပါ.....
တစ်နေရာအရောက်
သူ့ခြေလှမ်းတို့ရပ်တန့်သွားသည်.....
လှမ်းမြင်နေရသော
ဧရာမတံခါးမကြီးကို
ဖွင့်ပြီး အထဲဝင်ဖို့ရန်
သူ ထိတ်လန့်နေမိသည်....
#ငါ... ကာကွယ်နိုင်ပါ့မလား
ငါလုပ်နိုင်ပါ့မလား #
တွေဝေနေသော်ငြား
ခြေလှမ်းတို့ကတော့ လေးပင်စွာဖြင့်
ရှေ့ဆက်တိုးနေဆဲ....
တဖြည်းဖြည်းနီးကပ်လာသော
တံခါးမကြီး.....
ခြေလှမ်း ၅လှမ်းလောက်အလိုမှာတော့
သူစိတ်ဒုန်းဒုန်းချပစ်လိုက်သည်...
#ဘာပဲဖြစ်ဖြစ် ငါရအောင်လုပ်မယ်... #
ကိုယ်တိုင်ဖန်တီးထားသော
ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်တော့
တကျွီကျွီမြည်ရင်း ပွင့်သွားသော
တံခါးမကြီး...
လေးပင်မနေတော့ဘဲ
ခြေလှမ်းတို့ကို ခပ်သွက်သွက်လှမ်းစေရင်း
အထဲကို သူဆက်ဝင်သွားလိုက်သည်..
ပတ်ဝန်းကျင် အနေအထားသည်
ရုတ်ချည်းပြောင်းလဲသွားပြီး
အပူချိန်သည်လည်း
ပူလောက်အိုက်စပ်နေရာမှ
ရှိန်းမြမြအနေအထားသို့ ရောက်သွားသည်...
မြင့်မားလှသော အပင်ရှည်ရှည်တွေသည်...
သည်မှာဘက်တွင်
အရပ်ရှစ်မျက်နှာ အပြည့်ဖြစ်နေသည်...
ထိုအပင်တွေကြားမှ ဖျာထွက်နေသော
အလင်းရောင်တစ်ခုသည်...
လင်းလွန်းသည်ထက် ပိုနေသည်...
ထိုအလင်းရောင်လေး ရှိရာဆီ
တစ်လှမ်းဆီတိုးသွားမိသည်...
အလင်းရောင်လေးဆီမှ ထွက်လာဟန်တူသော
နတ်သမီးတေးသွားအချို့သည်...
ငြင်သာနူးညံ့လွန်းစွာဖြင့်
နားစည်ကို ရိုက်ခတ်နေသည်..
အလင်းရောင်ဖြာထွက်နေသော နေရာဆီ
ရောက်သွားသည့်အခါ
မြင်တွေ့ရသော Light pearl လေး...
''ငါ... လုပ်နိုင်မှာပါ..... ''
Light pearl ကို လက်ဖြင့် အသာယူလိုက်ပြီး
သူကြည့်နေမိသည်....
အဆင်ပြေမှာပါ..
Light pearl က သူ့လက်ထဲရှိနေပြီပဲ..
သူ့လက်ထဲရှိနေရင်
ထိုဘီလူး ရဖို့မှ မလွယ်တော့တာပဲ....
အဆင်ပြေသွားပါ Baekhyun...
မင်းလုပ်နိုင်ပါတယ်...
အတင်းကာရော အားတင်းကာ ပြုံးလိုက်ပြီး
Light pearl ကို ဝတ်ရုံ၏ အတွင်းအိတ်ထဲသေချာထည့်လိုက်သည်....
''Byun Baekhyun..
ငါ့ကို Light pearl ပေးစမ်း..... ''
နောက်ကျောဘက်ဆီမှ ထွက်လာသော
ကြောက်မက်ဖွယ် အသံကြီးအဆုံး
သူ ဟက် ခနဲရယ်မိသည်...
နောက်ဆုံးတော့ရောက်လာပြိပဲ.....
ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်
သူနောက်ကျောဘက်ကို တဖြည်းဖြည်းလှည့်ကြည့်လိုက်သည်....
ခန္ဓာကိုယ် ကြီးမားလွန်းပြိး
အကျိအချွဲတွေအပြည့်နဲ့
ဘီလူးကြီးသည်
ရွံရှာဖွယ်အတိ....
''ကျွန်တော့်ကို နိုင်အောင်တိုက်နိုင်ရင်
Light pearlကိုရမယ်...
ဘယ်လိုလဲ.. စီးချင်းထိုးကြမလား ''
******************************
###ဒီပိုင်းကို တော်တော်လေးကြိုးစားလိုက်ရပါတယ်လို့ 😢
နောက်တစ်ပိုင်းဆို ပိုကြိုးစားရမယ်ထင်တယ် 😢 ####